Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»လူတိုင်းလိုလို နေ့စဉ် စားမိနေတဲ့ အသံတိတ် အဆိပ်
    Uncategorized

    လူတိုင်းလိုလို နေ့စဉ် စားမိနေတဲ့ အသံတိတ် အဆိပ်

    Zay Bhone HlyanBy Zay Bhone HlyanNovember 6, 2023Updated:March 3, 2024No Comments3 Mins Read
    လူတိုင်းလိုလို နေ့စဉ် စားမိနေတဲ့ အသံတိတ် အဆိပ်
    Share
    Facebook Email Telegram
    လူတိုင်းလိုလို နေ့စဉ် စားမိနေတဲ့ အသံတိတ် အဆိပ်
    “ကျွန်တော်တို့ အားလုံး နေ့စဉ်စားမိနေတဲ့ အစားအစာတွေထဲက ဟင်းခတ်ပစ္စည်းတစ်ခု ပါဝင်မှုကို လျှော့ချလိုက်မယ်ဆိုရင် နှစ်စဉ်သေဆုံးနေတဲ့ လူသန်းချီရဲ့ အသက်တွေကို ကယ်တင်နိုင်မယ်။”
    လွန်ခဲ့တဲ့ ရက်ပိုင်းက ဖတ်လိုက်ရတဲ့ သတင်းခေါင်းစီးလေး တစ်ခုပါ။ သုတေသနအသစ်တစ်ခုအခု နေ့စဉ်စားနေတဲ့ အစားအစာတွေထဲက ဆားပါဝင်မှုကို လျှော့ချနိုင်မယ်ဆိုရင် ဆားနဲ့ ဆားကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ရောဂါတွေကို ကာကွယ်နိုင်မယ်၊ နှစ်စဉ် ဆားအစားများလို့ သေဆုံးနေတဲ့ လူသန်းချီရဲ့ အသက်ကို ကယ်တင်နိုင်မယ်ဆိုတဲ့ ဖော်ပြချက် တစ်ရပ်ဖြစ်ပါတယ်။
    ဆားဟာ ကျွန်တော်တို့ နေ့စဉ် စားသုံးနေတဲ့ အစားအစာအများစုမှာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးတဲ့ ဟင်းပွဲတွေကစလို့ ထမင်း၊ ဟင်းအပြင်ကိုမှ အခြားထပ်စားသုံးတဲ့ အစားအစာတွေမှာလဲ ဆားက မပါမဖြစ် ပါဝင်နေတာပါ။ မြန်မာနိုင်ငံလိုမျိုး ဟင်းအနှစ်ကို အဓိက ဦးစားပေးပြီး အရသာခပ်ပြင်းပြင်းရှိတဲ့ curry တွေ စားတတ်ကြတဲ့ နိုင်ငံတွေမှာဆိုရင် နေ့စဉ် ဟင်းလျာတွေမှာ ဆားပါဝင်မှု ပမာဏက အတော်လေး များတယ်လို့ ဆိုရမှာပါ။
    ဆားက အားလုံးသိကြသလိုပဲ ဆိုဒီယမ်နဲ့ ကလိုရင်းတို့ရဲ့ ဒြပ်ပေါင်းဖြစ်တယ်။ ဆားမှာ ပါဝင်တဲ့ ဆိုဒီယမ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အင်မတန်အရေးပါတာပါ။ အက်စစ် – ဘေ့စ်ဓာတ်တွေကို ထိန်းညှိပေးတယ်၊ အာရုံကြောစနစ်တွေကို အထောက်အကူပြုပေးမယ်၊ ပြီးရင် ကိုယ်တွင်းဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေ လည်ပတ်နိုင်ဖို့ အရေးပါတာပေါ့။ ဒါပေမဲ့ ခန္ဓာကိုယ်အတွက် ဘယ်လောက် အရေးပါပါ .. ဆားကို အလွန်အကျွံစားသုံးမိရင် သွေးတိုးရောဂါ။ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ နောက် လေဖြတ်တာတွေလိုမျိုး ရောဂါ ဘေးထွက် ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဒီအကြောင်းတွေက အမြဲလိုလို ကြားနေကြရတာတွေဖြစ်လို့ ဘာမှအထူးတဆန်း မဟုတ်ဘူးလို့ ထင်ရနိုင်ပါတယ်။
     
    “မြန်မာနိုင်ငံမှာ လူ ၄ ယောက် သေဆုံးတိုင်း အဲ့ဒီထဲက တစ်ယောက်က ဆားအစားများခြင်းကနေ ဖြစ်တဲ့ ရောဂါတွေကြောင့် သေဆုံးကြရတာ ဖြစ်တယ်။”
    ဒီဖော်ပြချက်က ပြီးခဲ့တဲ့ ၂၀၂၀ က WHO က လုပ်တဲ့ ဆားကြောင့်ဖြစ်တဲ့ ရောဂါနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ဦးတည်ထားပြီး ပြုလုပ်ထားတဲ့ သုတေသန ထုတ်ပြန်ချက်တစ်ခုက ဖော်ပြချက်ပါ။
    အိန္ဒိယက ကျွန်တော်တို့ မြန်မာနိုင်ငံလိုပဲ နေ့စဉ်စားတဲ့ ဟင်းတွေထဲ ဆားအတော်များများ ထည့်လေ့ရှိကြတယ်။ အိန္ဒိယနဲ့ မြန်မာအပါအဝင် အဲ့ဒီလို ဆားစားသုံးမှု များတဲ့ နိုင်ငံတွေမှာ အရွယ်ရောက်ပြီးသူ တစ်ဦးက တနေ့ကို ပျမ်းမျှ ဆားပမာဏ ၁၀ ဂရမ်နဲ့အထက် စားနေမိတယ်၊ နေ့စဉ် ဆားပါဝင်မှု အဲ့လောက်ပါတဲ့ အစားအစာတွေကို အဆက်မပြတ်စားနေရင် အသက် ၆၀ – ၇၀ မတိုင်ခင်မှာပဲ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ သွေးတိုးရောဂါတွေ ဖြစ်ကြရလေ့ရှိတယ်။ သွေးတိုးနဲ့ အဓိက ဆက်စပ်နေတဲ့ လေဖြတ်တာတွေကလဲ နောက်က တစ်ခါတည်း ဆက်လိုက်လာလေ့ရှိတယ်။
    WHO ကနေကီု’ အရွယ်ရောက်ပြီး လူတစ်ဦးအနေနဲ့ တနေ့စာ စားသင့်တဲ့ ဆားပမာဏက ၅ ဂရမ်နဲ့ ၅ ဂရမ်အောက်မှာပဲ ရှိသင့်တယ်လို့ အကြံပြု သတ်မှတ်ထားပါတယ်။ အဲ့ဒီစားသုံးတဲ့ ဆားဟာလဲ အိုင်အိုဒင်းပါဝင်သင့်တယ်လို့ ပြောထားတယ်။ ဒါမှသာလျှင် သိုင်းရွိုက်နဲ့ ဆက်စပ်တဲ့ လုပ်ဆောင်ချက်တွေ၊ ရောဂါတွေကို ကာကွယ်နိုင်မယ်ပေါ့။
    အိုင်အိုဒင်းဆားက သာမန်ဆားနဲ့ ဆိုဒီယမ်ပါဝင်မှုခြင်း မကွာပေမဲ့ အိုင်အိုဒင်းကတော့ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေနဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့ရာအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမဲ့ စားပွဲတင်ဇွန်း တစ်ဇွန်းစာ (ပျမ်းမျှ ၅ ဂရမ်) ထက် ပိုမစားသင့်ဘူးလို့ သတ်မှတ်ထားတယ်။
    အဲ့ဒီသုတေသနထဲမှာပဲ ထပ်တွေ့ရတာက လူငယ်တွေမှာလဲ ဆားကြောင့် ဖြစ်တဲ့ ရောဂါတွေ တနေ့ထက်တနေ့ အဖြစ်များလာပါပြီ။ လူငယ်တွေဟာလဲ ဆားကို လိုအပ်တဲ့ ပမာဏ .. အကြံပေးထားတဲ့ ပမာဏထက် နှစ်ဆခန့် ကျော်လွန် စားသုံးမိနေသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အမျိုးသားတွေထက် အမျိုးသမီးတွေက ဆား ပိုစားမိနေတယ်လို့ ဖော်ပြထားတာပါ။
    တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆို တစ်နှစ်ကို ပျမ်းမျှ လူ ၂ သန်းခန့်က အစားအသောက်နဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ ရောဂါကြောင့် သေဆုံးကြရတယ်။ အဲ့ဒီထဲက အဓိကက ဆားကြောင့် ဖြစ်တာပါ။ နှစ်စဉ် လူ ၄ သန်းလောက်က ဆားအစားများလို့ သွေးတွင်းဖိအားမြင့်တာကနေ ဖြစ်တဲ့ ရောဂါတွေကြောင့် သွယ်ဝိုက်သောနည်းအားဖြင့် သေဆုံးနေကြရတယ်လို့ တွေ့ရပါတယ်။
    အဲ့ဒီတော့ လူမသိ၊ သူမသိနဲ့ ဆားအစားများလို့ ဖြစ်နေရတဲ့ ရောဂါတွေ၊ သေဆုံးမှုတွေက မနည်းပါဘူး။
    တချို့က ဆားအစား ပန်းရောင်ဆားက ကျန်းမာရေးအတွက် ပိုအဆင်ပြေတယ်ဆိုပြီး ပန်းရောင်ဆားကို ပြောင်းလဲစားသုံးကြတယ်။ ဒါပေမဲ့ ပန်းရောင်ဆားက ရိုးရိုးဆားထက် အငန်ဓာတ်နည်းလို့ ကျန်းမာရေးအတွက် သင့်လျော်တယ်လို့ ဆိုပေမဲ့ တကယ့်တကယ်တမ်းတော့ ဆိုဒီယမ် ပါဝင်မှုက နှစ်မျိုးစလုံးမှာ ၉၈ ရာခိုင်နှုန်း ရှိနေတာ .. မတိမ်းမယိမ်းပါပဲ။ သဘောကတော့ ဘယ်ဆား စားစား အငန်ဓာတ်ကတော့ မပြောင်းမလဲပါပဲ။ အရသာပိုင်းမှာ ပေါ့သွားပေမဲ့ ပါဝင်မှုကတော့ သိပ်မကွာလို့ အကျိုးဆက်တွေကလဲ သိပ်မထူးနိုင်ဘူးလို့ သိရပါတယ်။ နောက် ပန်းရောင်ဆားမှာ အိုင်အိုဒင်းပါဝင်မှုကနည်းလို့ အိုင်အိုဒင်းလိုအပ်သူတွေအတွက်တော့ အဆင်မပြေနိုင်ပါဘူး။
    ပန်းရောင်ဆားက ရိုးရိုးဆားလောက် မပေါတာရယ်၊ သဘာဝပိုဆန်၊ ပိုသန့်တယ်ဆိုတဲ့ အကျိုးကျေးဇူးလောက်ပဲ ရှိထားတာမျိုးဖြစ်လို့ ပန်းရောင်ဆား စားခြင်းကလဲ သိပ်မထူးနိုင်ပါ။
    ဆားစားကြောင့် ဖြစ်တဲ့ ရောဂါတွေက သွေးတိုးတာ၊ နှလုံးသွေးကြောကျဉ်းတာ အပါအဝင်၊ အစာအိမ်နဲ့ ပတ်သက်တာ၊ အဝလွန်တာ၊ အရိုးပွရောဂါတွေ၊ နောက် ကျောက်ကပ်နဲ့ ပတ်သက်တာတွေကိုလဲ ဖြစ်စေနိုင်တာပေါ့။ အဲ့ဒီတော့ ဆားပါဝင်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ်ချက်လုပ် စားသောက်နေတဲ့ အစားအစာတွေထဲ ဆားကို တတ်နိုင်သလောက် လျှော့ဖို့၊ ဆားအစားထိုး ဟင်းခတ်အမွှေးအကြိုင်တွေ သုံးဖို့နဲ့ ဆားပမာဏများတဲ့ မုန့်တွေ၊ အစားအစာတွေကို လျှော့စားဖို့ လိုပါတယ်။
    ကမ္ဘာနဲ့အဝှမ်းက အစားအသောက်ကုန်စည်ထုတ်လုပ်ရေး လုပ်ငန်းတွေကိုလဲ နောက်နှစ်ပိုင်းကစလို့ ဆား ပါဝင်မှု ပမာဏတွေ တိုးချဲ့ကန့်သတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၃၀ အရောက်မှာ ကမ္ဘာတစ်ဝှမ်း ဆားသုံးစွဲမှုကို ၃၀ ရာခိုင်နှုန်း တိတိ လျှော့ချပြီး လူသေဆုံးမှု ပမာဏကို လျှော့ချကာကွယ်နိုင်ဖို့ နိုင်ငံအတော်များများက ဆောင်ရွက်နေပါတယ်။ လုပ်နေတယ်လို့ သိရတဲ့ နိုင်ငံတွေစာရင်းထဲ မြန်မာနိုင်ငံကိုတော့ မတွေ့မိလို့ စာဖတ်သူတွေအနေနဲ့ မိမိဘာသာပဲ လျှော့ချစားသုံးဖို့ အကြံပြုချင်ပါတယ်။
    References – Noncommunicable Diseases Data Portal. Geneva: World Health Organization; 2022
    – Institute for Health Metrics and Evaluation (IHME) diet high in sodium. Global Burden of Disease; 2019
    – World Health Organization: WHO. (2023, September 14). Sodium reduction.
    – Salt intake. (n.d.). PAHO/WHO | Pan American Health Organization.
    – Conversation. (2023, November 3). Slashing one ingredient would save countless lives, scientists say : ScienceAlert. ScienceAlert.
    – WHO Myanmar Newsletter – Issue 63, Vol. 17. (n.d.). Myanmar.
    Written by – Zay Bhone Hlyan
    Edited by – Zwe Thukha Min
    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
    #Fact_Hub #Short_Article #Health #Salt_Reduction #Sodium_Intake_reduction #High_Salt #Medical_Science

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleခန္ဓာကိုယ်ရဲ့ အချို့အစိတ်အပိုင်းက ဒဏ်ရာတွေဟာ ဘာလို့ ပိုပျောက်လွယ်တာလဲ။
    Next Article သမိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်ခြင်းနှင့် သတိပြုဖွယ်
    Zay Bhone Hlyan

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.