Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»မိုးလေ၀သဆိုတာ
    Uncategorized

    မိုးလေ၀သဆိုတာ

    Shin Mon ThantBy Shin Mon ThantDecember 13, 2023Updated:March 3, 2024No Comments4 Mins Read
    မိုးလေ၀သဆိုတာ
    Share
    Facebook Email Telegram

    ကျွန်တော်တို့တွေအတွက် မနက်ခင်း အိပ်ရာက ထတာနဲ့ ဒီနေ့ရဲ့ မိုးလေ၀သ ဘယ်လိုရှိမယ်ဆိုတာကို ခန့်မှန်းတွက်ဆတာက နေ့စဉ် လုပ်ရိုးတစ်ခုလို ဖြစ်နေပါပြီ။ မိုးလေ၀သ ခန့်မှန်းချက်ကို နားထောင်ပြီး ဒါမှမဟုတ် မိမိဘာသာ ခန့်မှန်းပြီး နေ့တစ်နေ့အတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ကြပါတယ်။ အပြင်သွားရသူတွေအနေနဲ့ မိုးလေ၀သ အခြေအနေကို တည်သွင်းတွက်ဆခြင်းမလုပ်ဘဲ ပူနွေးတဲ့နေ့မှာ အနွေးထည်ထူထူ ၀တ်သွားတာမျိုးက ‌အရှင်လတ်လတ် ငရဲကျ‌နေသလို ခံစားစေရမှာ ဖြစ်ပြီး ခိုက်ခိုက်တုန်အောင် ချမ်းတဲ့နေ့မှာ အ၀တ်ပါးပါး ၀တ်သွားတာ တစ်ခါတည်း နတ်ရွာလားသွားစေနိုင်ပါတယ်။ ရည်းစားရှိတဲ့ သူတွေကျလဲ မိုးရွာနိုင်တဲ့ နေ့တွေ ဒိတ်ရင် ထီးယူသွားဖို့၊ မရှိတဲ့ သူတွေကျလဲ အိမ်မှာနေပြီး တစ်ပါးသူရင်ခွင်မှာ ပျော်နေတဲ့ သူ(မ) ကို တမ်းတရင်း ဆွေးဖို့ စသဖြင့် မိုးလေ၀သ အခြေအနေကို လိုက်ပြီး နေ့တစ်နေ့အတွက် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ကို များစွာသက်ရောက်မှုရှိနေတဲ့ မိုးလေ၀သကို ဘာတွေနဲ့ ဖွဲ့စည်းထားလဲ ဆိုတာကို ရှင်းပြရင်း တစ်ဆက်တည်းမှာပဲ မိုးလေ၀သ (weather)၊ ရာသီဥတု (climate) နဲ့ ရာသီ (season) တို့ အ‌ကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

    ပထမဆုံးအနေနဲ့ မိုးလေ၀သ (weather)၊ ရာသီဥတု (climate) နဲ့ ရာသီ (season) အကြောင်းကို အရင်ပြောပြပေးပါ့မယ်။

    =======

    မိုးလေ၀သ (Weather)

    ―――――――

    မိုးလေ၀သ ဆိုတာကတော့ ကမ္ဘာကို လွှမ်းခြုံထားတဲ့ လေထုအလွှာတွေရဲ့  ခေတ္တယာယီ အခြေအနေတွေကို ခေါ်တာဖြစ်ပါတယ်။ ဒီလေထုအလွှာထဲမှာ ဖြစ်ပျက်နေတဲ့ မိုးလေ၀သ အခြေအနေတွေဟာ ကမ္ဘာတစ်ခုလုံးကို ဆင့်ကဲသက်ရောက်နေပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့နဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ ဒေသမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းတစ်ခုဟာ ကျွန်တော်တို့ နေထိုင်ရာ ဒေသထိပါ သက်ရောက် ရိုက်ခတ်နိုင်တဲ့ သဘောမျိုးပါ။ မိုးလေ၀သ ဆိုတာ တစ်နေရာမှာပဲ အတည်တကျ ဖြစ်‌တည်နေတာမျိုး မဟုတ်ဘဲ နာရီနဲ့အမျှ ရက်နဲ့အမျှ ပြောင်းလဲနေပြီး တစ်နေရာမှ တစ်နေရာကို အမြဲ ရွေ့လျားနေပါတယ်။ 

    =======

    ရာသီဥတု (Climate)

    ―――――――

    ရာသီဥတု ဆိုတာကတော့ ဒေသတစ်ခုရဲ့ ပျမ်းမျှ မိုးလေ၀သ အခြေအနေတွေကို ပြောတာဖြစ်ပါတယ်။ နှစ်ကြာလာတဲ့အမျှ ဒေသတစ်ခုမှာ မကြာခဏ ဖြစ်ပေါ်တတ်တဲ့ မိုးလေ၀သ အခြေအနေတွေဟာ အဲ့ဒီဒေသရဲ့ ရာသီဥတု ဖြစ်လာပါတယ်။ ရာသီဥတုဟာလဲ မိုးလေ၀သလိုပဲ အမြဲပြောင်းလဲနေပြီး ရာသီဥတုပြောင်းလဲဖို့တော့ နှစ်ပေါင်း ရာချီ ထောင်ချီ ကြာတတ်ပါတယ်။ အာဖရိကတိုက် မြောက်ပိုင်းမှာရှိတဲ့ ဆာဟာရာ သဲကန္တာရရဲ့ လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာက  မိုးလေ၀သဟာ မိုးမကြာခဏ ရွာတတ်ပြီး ယနေ့ခေတ်နဲ့ ရာသီဥတုအ‌ခြေအနေ မတူပါဘူး။

    =======

    ရာသီ (Season)

    ―――――――

    ရာသီ ဆိုတာကတော့ သိတဲ့အတိုင်း နွေ၊ မိုး‌၊ ဆောင်း အစရှိသဖြင့် နှစ်တစ်နှစ်အတွင်း ကွဲပြားတဲ့ ရာသီဥတု အခြေအနေတွေပဲ ဖြစ်ပါတယ်။ ရာသီတစ်ခုစီမှာ အပူချိန်နဲ့ နှစ်စဉ် ထပ်ကာဖြစ်ပေါ်နေတဲ့  မိုးလေ၀သပုံစံ အသီးသီးရှိပါတယ်။ ဆောင်းရာသီဟာ ပုံမှန်အားဖြင့် အေးတဲ့ မိုးလေ၀သ အခြေအနေရှိကာ နေအလင်းရောင် ရရှိမှု နည်းပြီး နွေရာသီကတော့ ပူနွေးတဲ့ မိုးလေ၀သ အခြေအနေရှိကာ တစ်နှစ်ပတ်လုံးမှာ နေအလင်းရောင် အရရှိဆုံး ဖြစ်ပါတယ်။ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း အစရှိတဲ့ ရာသီကွဲပြားမှုတွေမှာ အီကွေတာနဲ့ ဝေးလေ (သို့) ၀င်ရိုးစွန်းဒေသတွေနဲ့ နီးလေ ကွဲပြားမှု ပိုများလေဖြစ်ပြီး အီကွေတာ‌ရော ၀င်ရိုးစွန်းနဲ့ပါ မနီးမဝေးဖြစ်နေတဲ့  အလယ်ပိုင်းဒေသတွေမှာတော့ ပုံမှန်အားဖြင့် တစ်နှစ်မှာ (၄) ရာသီ ရှိတတ်ပါတယ်။ အီကွေတာနဲ့ နီးတဲ့ ဒေသတွေမှာ‌တော့ တစ်နှစ်ပတ်လုံး တူညီတဲ့ နေရောင်ပမာဏ ရရှိပြီး ဝင်ရိုးစွန်းအနီး ဒေသမှာတော့ နွေနဲ့ ဆောင်း နှစ်ခုရဲ့ နေရောင်ခြည်ရရှိမှု ပမာဏဟာ တော်တော်လေးခြားနားပါတယ်။

    =======

    ဒီလောက်ဆို မိုးလေ၀သ (weather)၊ ရာသီဥတု (climate) နဲ့ ရာသီ (season) အကြောင်းကို ရှင်းသွားမယ် ထင်ပါတယ်။ 

    ဆိုတော့ အဓိက အကြောင်းအရာဖြစ်တဲ့ မိုးလေ၀သကို ဘာတွေနဲ့ ဖွဲ့စည်းထားလဲ ဆိုတဲ့အကြောင်းကို ဆက်ပြောပြပေးပါ့မယ်။

    မိုးလေ၀သကို အစိတ်အပိုင်း ၆ ခုနဲ့ အဓိက ဖွဲ့စည်းထားပါတယ်။ သူတို့တွေကတော့ 

    ၁။ အပူချိန် (Temperature)

    ၂။ လေထုဖိအား (Atmospheric pressure)

    ၃။ လေတိုက်ခတ်မှု (Wind)

    ၄။ စိုထိုင်းဆ (Humidity)

    ၅။ တိမ်ဖြစ်ပေါ်ခြင်း (Cloud formation) 

    ၆။ မိုး (Rain) တို့ ဖြစ်ပါတယ်။

    ―――――――

    ၁။ အပူချိန်

    အပူချိန်ဆိုတာက လေထုရဲ့ ‌အပူ အအေး တိုင်းတာမှု လို့ပြောလို့ရပါတယ်။ စာဖတ်သူတွေရဲ့ ရည်းစားတွေလို နားလည်ရခက်တာမျိုး မဟုတ်ဘဲ သာမိုမီတာတစ်ခုနဲ့ လေထုအပူအချိန်ကို အလွယ်တကူ တိုင်းတာသိရှိနိုင်ပါတယ်။ အပူချိန်ကို Celsius (C) နဲ့ Fahrenheit (F) ဆိုတဲ့ စကေးနှစ်ခုနဲ့ သတ်မှတ်ဖော်ပြကြပါတယ်။ အမေရိကန်မှာတော့ Fahrenheit ကို အသုံးပြုပြီး တစ်ခြားသောနေရာတွေနဲ့  ပညာရှင်အားလုံးနီးပါးကတော့ Celsius ကို အသုံးပြုတိုင်းတာကြပါတယ်။ အပူချိန်ဟာ နှိုင်းရ တိုင်းတာမှုတစ်ခုပါပဲ။ ဆိုလိုတာကတော့ 95° F ရှိပြီး ရက်များစွာအကြာ 70°F ဟာ အေးတယ် ထင်ရပေမဲ့ 32°F ရှိပြီး ရက်များစွာအကြာ 70°F ကတော့ နွေးတယ် ထင်ရပါတယ်။ ၀င်ရိုးစွန်းနဲ့ နီးတဲ့ဒေသတွေမှာ ‌အအေးပိုတဲ့ ရာသီဥတုရှိပြီး ဆန့်ကျင်ဘက်အနေနဲ့ အီကွေတာနဲ့ နီးတဲ့ ဒေသတွေမှာတော့ ပိုပူတဲ့ ရာသီဥတုရှိပါတယ်။

    =======

    ၂။ လေထုဖိအား  

    လေထုဖိအားဆိုတာကတော့ အရှင်းဆုံးပြောရရင် ကျွန်တော်တို့ အပေါ်ကို သက်ရောက်နေတဲ့ လေအလေးချိန်ရဲ့ အား ဖြစ်ပါတယ်။  လေထုဖိအားကို atmosphere (atm) နဲ့ ဖော်ပြသတ်မှတ်ပြီး မီလီဘား၊ ဒါမှမဟုတ် မာကျူရီလက်မနဲ့ တိုင်းတာပါတယ်။ လေထုဖိအားများတဲ့ ဒေသတွေမှာ အေးမြပြီး ရှင်းလင်းတဲ့ ကောင်းကင်ရှိကာ လေထုဖိအားနည်းတဲ့ ဒေသတွေမှာတော့ ပူနွေးပြီး မိုးရွာသွန်းခြင်းနဲ့ မုန်တိုင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှာ ရှိတဲ့ လေထုဖိအားဟာ 1013 millibars (၂၉.၉ လက်မ) တစ်နည်း လေထုဖိအားတိုင်းတာတဲ့ ယူနစ်ရဲ့ တစ်ယူနစ် 1 atm ရှိပါတယ်။ ယေဘုယျအားဖြင့် ဖိအားနည်းတဲ့ အခြေအနေမှာ 995 millibars (29.4 လက်မ) ရှိပြီး ဖိအားများတဲ့ အခြေအနေမှာတော့ 1030 millibars (30.4 လက်မ) ရှိပါတယ်။ လေထုဖိအားဟာ ‌အထက်ပိုင်းကို ရောက်လေ ပိုနည်းလေ ဖြစ်ပါတယ်။ တန်ဇန်နီးယားနိုင်ငံရှ်ိ အမြင့်ပေ ၅၉၀၀ မီတာပျမ်းမျှရှိ ကီလီမန်ဂျာရို (Kilimanjaro) တောင်ထိပ်က လေထုဖိအားဟာ ပင်လယ်ရေမျက်နှာပြင်မှာ ရှိတဲ့ လေထုဖိအားရဲ့ ၄၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အအေးလဲ ပိုပါတယ်။

    =======

    ၃။ လေတိုက်ခတ်မှု

    ‌လေတိုက်ခတ်မှုဆိုတာက လေရဲ့ အရွေ့ပါပဲ။ လေတိုက်ခတ်မှုဟာ အနီးအနားမှာရှိတဲ့ ဒေသတွေရဲ့ မတူညီတဲ့ အပူချိန်နဲ့ မတူညီတဲ့ လေထုဖိအားကြောင့် ဖြစ်ပေါ်လာပါတယ်။ လေဟာ ပိုအေးတဲ့ဒေသ (သို့) ဖိအားများတဲ့ ဒေသကနေ ပိုနွေးတဲ့ဒေသ (သို့) ဖိအားနည်းတဲ့ ဒေသတွေဆီ ရွေ့လျားတိုက်ခတ်ပါတယ်။ ကမ္ဘာမြေကနေ အထက် ၈ – ၁၅ ကီလိုမီတာ (၅ – ၉  မိုင်) ကွာဝေးတဲ့ အမြင့်ပိုင်းလေထုမှာတော့ အားကောင်းပြင်းထန်တဲ့ Jet streams လို့ ခေါ်တဲ့ ပင်မလေစီးကြောင်းကြီးတွေတိုက်ခတ်နေပြီး တစ်နာရီကို ၁၂၉ ကီလိုမီတာ ကနေ ၂၂၅ ကီလိုမီတာ (၈၀ မိုင်ကနေ ၁၄၀ မိုင်) အထိ တိုက်ခိုက်နေပါတယ်။ ဒီလေထုအလွှာရဲ့ အမြင့်ပိုင်းမှာ တိုက်ခိုက်နေတဲ့ လေထုတွေက ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်နေတဲ့ မိုးလေ၀သ စနစ်ကို ကူညီပေးနေတာဖြစ်ပါတယ်။

    =======

    ၄။ စိုထိုင်းဆ 

    စိုထိုင်းဆဆိုတာကတော့ လေထုအတွင်း ရေငွေ့ပါဝင်မှုနှုန်း ဖြစ်ပါတယ်။ ရေငွေ့ဆိုတာကတော့ တိမ်၊ မိုး နဲ့ နှင်း တို့ကို ဖြစ်စေတဲ့ လေထုထဲမှာ ပါ၀င်နေတဲ့ အငွေ့တစ်မျိုးပဲ ဖြစ်ပါတယ်။ စိုထိုင်းဆကို အပူချိန်တစ်ခုမှာ လေထုအတွင်း သယ်ဆောင်ထားတဲ့ အများဆုံး ရေ‌ပမာဏ ရာခိုင်နှုန်းနဲ့ ဖော်ပြလေ့ရှိပါတယ်။ စိုထိုင်းဆ ၁၀၀ ရာခိုင်နှုန်းထိ ရောက်သွားတဲ့ ‌လေထုကို နောက်ထပ်ပျော်၀င်ပစ္စည်း လက်ခံနိုင်ခြင်း မရှိတော့တဲ့ လေ (saturated air) လို့ ခေါ်ကြပါတယ်။ လေနွေးဟာ လေအေးထက် ရေပမာဏပိုများပြီး စိုထိုင်းဆ ပိုများပါတယ်။ အီကွေတာနဲ့ နီးတဲ့ ကျွန်းတွေဟာ စိုထိုင်းဆ အမြင့်ဆုံးဖြစ်ပါတယ်။

    =======

    ၅။ တိမ်ဖြစ်ပေါ်ခြင်း

    တိမ်ဆိုတာ‌က လေထုအတွင်း သိသာမြင်သာတဲ့ ဒြပ်ထုရှိ ရေငွေ့တွေ ဖြစ်ပါတယ်။ နံပါတ် (၄) အချက်မှာ ပြောခဲ့တဲ့ saturated air ဟာ ရေငွေ့ သယ်ဆောင်ထားနိုင်ခြင်း မရှိတော့ဘဲ ရေငွေ့တွေဟာ အနည်အဖြစ် ကျလာပြီး တိမ်ဖြစ်‌ပေါ်လာတာ ဖြစ်ပါတယ်။ ရေတွေဟာ အငွေ့ပျံပြီး ဒီရေငွေ့တွေဟာ လေထုအထက်ပိုင်းကို ရောက်တာနဲ့အမျှ ပိုအေးလာပြီး ရေစက်၊ ရေခဲမှုန်တွေ အဖြစ် ပြောင်းလဲ ငွေရည်ဖွဲ့လိုက်ကာ တိမ်ဖြစ်ပေါ်လာပါတယ်။ တိမ်တွေဟာ ကမ္ဘာ့‌မြေမျက်နှာပြင်ပေါ် နေရောင်ခြည်ရရှိမှုကို ကာကွယ်ထားပါတယ်။ တိမ်ထူတဲ့ နေ့တွေဟာ တိမ်ကင်းစင်တဲ့ နေ့တွေထက် ပိုအေးတတ်ပြီး ညဘက်မှာတော့ တိမ်တွေဟာ ကမ္ဘာကြီးကို စောင်သဖွယ် လွှမ်းခြုံထားကာ အနွေးဓာတ် ထိန်းပေးထားပါတယ်။ 

    တိမ်တွေ ဖြစ်ပေါ်တာနဲ့ ပတ်သက်လို့ အသေးစိတ်ကို ဒီလင့်ခ် ဖတ်ပါ။

    – https://www.facebook.com/facthubofficialmyanmar/posts/pfbid02oXCKsx582WJU7GKQrjbNwcVt1TvtMbJotZQyr32JcFY7cM4fUNxueyS9Ad6aQzXnl

    =======

    ၆။ မိုး

    မိုးကတော့ သိတဲ့အတိုင်း တိမ်ကနေ ကမ္ဘာမြေပေါ် ကျလာတာတဲ့ ရေစက်တွေပါပဲ။ တိမ်တွေမှာ သေးငယ်တဲ့ ရေစက် များစွာပါဝင်ပြီး အစိုဓာတ်ပိုရလေ၊ ရေစက်လေးတွေ ပိုလေးလေ ဖြစ်လာကာ ‌ကောင်းကင်မှာ နေနိုင်တဲ့ ပေါ့ပါးမှုကို ကျော်လွန်လာတဲ့ နောက်ဆုံးမှာတော့ မိုးအဖြစ် ရွာကျလာတာ ဖြစ်ပါတယ်။

    =======

    စာဖတ်သူတွေ အားလုံး ရင်းနှီးကြပြီးသားပါ။ ကမ္ဘာက ကိုယ့်ဝင်ရိုးပေါ် ကိုယ်လည်နေရင်းနဲ့ပဲ နေကိုလဲ လှည့်ပတ်တယ်။ နေကို ဒီအတိုင်း လှည့်ပတ်နေတာ မဟုတ်ဘဲ ဝင်ရိုးတိမ်းစောင်းမှု ၂၃.၅ ဒီဂရီနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကမ္ဘာရဲ့ လည်ပတ်မှုအပါအဝင် နေရောင် ကမ္ဘာပေါ် ကျရောက်မှု အခြေအနေတွေပေါ် မူတည်လို့ နွေရာသီ၊ ဆောင်းရာသီ၊ မိုးရာသီ .. စသဖြင့်  ရာသီစက်ဝန်းတွေ တည်ရှိဖြစ်တည်နေရတာပါ။

    ယနေ့အချိန်မှာတော့ အားလုံး သိတဲ့အတိုင်း တစ်ကမ္ဘာလုံး အတိုင်းအတာ ရာသီဥတုပြောင်းလဲမှုတွေကို ရင်ဆိုင်နေရပြီး လူသားတွေကြောင့် ဖြစ်တဲ့ ပြောင်းလဲမှုတွေက များလာတာဖြစ်တဲ့အတွက် သဘာ၀ပတ်၀န်းကျင်ကို အကျိုးမပြုရင်တောင် အကျိုးမယုတ်စေဖို့ ကြိုးစားကြပါစို့ လို့ ဒီဆောင်းပါးကနေတစ်ဆင့် လမ်းကြုံ ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျာ။

    References – Weather. (n.d.). National Geographic Education.

    – Season. (n.d.). National Geographic Education.

    – What causes weather? – NCAS. (n.d.). NCAS.

    Written by – Shin Mon Thant

    Edited by – Nyan Win Htet

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Article #Weather #Season #Climate #What_causes_Weather #Science #General_Science

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Article“နိမိတ်ပုံ၏ အနက်နှင့် သဘောသဘာဝ”
    Next Article ကျောက်ဖြစ်ရုပ်ကြင်းတွေဟာ ကမ္ဘာကြီးနဲ့ပတ်သက်ပြီး ဘာတွေကိုပြောပြနေသလဲ
    Shin Mon Thant

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.