Julian Htet Aung – Fact Hub Myanmar

စိတ်ကူးယဉ်ယုံကြည်မှု
စိတ်ကူးယဉ်တယ်ဆိုတာ တကယ်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ စကားပြောတတ်စအရွယ်ကနေ အခုအချိန်ထိ စိတ်ကူးယဉ်ခဲ့ကြ၊ စိတ်ကူးယဉ်နေကြတာပါပဲ။ ကျွန်တော့်အနေနဲ့ “ငါဟာ အနာဂါတ်မှာ ရူပဗေဒပညာရှင်တစ်ယောက် ဖြစ်လာမယ်” လို့ အမြဲတမ်း စိတ်ကူးယဉ်တယ်။ ကျွန်တော့်အမေက “ငါ့သားသမီးတွေရဲ့ ဘဝ‌တွေဟာ အနာဂါတ်မှာ ကောင်းစားပါလိမ့်မယ်” လို့ စိတ်ကူးယဥ်တယ်။ ကျွန်တော့်ရဲ့ ချစ်သူကလဲ “ကိုဂျူနဲ့ ငါနဲ့ဟာ သာယာပျော်ရွှင်တဲ့ မိသားစုတစ်ခုကို အတူတကွ တည်ဆောက်နိုင်လိမ့်မယ်” လို့ စိတ်ကူးယဉ်မယ် (မရှိသေးပေမဲ့ပေါ့)။

ပြောရမယ်ဆိုရင် လူတစ်ဦးချင်းစီအလိုက် စိတ်ကူးယဉ်မှုမှာ အကြောင်းအရာနဲ့ ပမာဏသာ ပြောင်းလဲသွားလိမ့်မယ်။ သေချာတာတော့ ပိုက်ဆံမကုန်တဲ့အပြင် လုပ်အားကြီးကြီးမားမား စိုက်ထုတ်စရာ မလိုအပ်တဲ့ ဒီအလုပ်ကို လူတိုင်းက လိုလိုလားလား လုပ်ဆောင်ကြတာပါပဲ။

အဲ့ဒီလိုမျိုး လူတစ်ဦးချင်းစီအလိုက် စိတ်ကူးယဉ်မှုပေါင်းများစွာ ရှိနေကြပေမဲ့ တစ်ချို့တွေမှာတော့ တူညီတဲ့  ဘုံစိတ်ကူးယဉ်မှု‌တွေ ရှိနေကြတယ်။ ဒီလိုဘုံစိတ်ကူးယဉ်မှုကတော့ အပေါ်က ပြောခဲ့တဲ့ တစ်ဦးချင်း စိတ်ကူးယဉ်မှုနဲ့  အရမ်းကွာခြားသလို သူ့ရဲ့ လွှမ်းမိုးမှုကလဲ လူ့အဖွဲ့အစည်း တစ်ခုလုံးအပေါ်ကို သက်ရောက်နေတယ်။

အခုလက်ရှိ တော်လှန်ရေးဆင်နွှဲ‌နေတဲ့ ပြည့်သူ‌ကာကွယ်ရေး တပ်သားတွေ (ပီဒီအက်ဖ်) ဟာ “ငါတို့အားလုံးက တိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အတူတကွ တည်ထောင်နိုင်လိမ့်မယ်” လို့ ဆိုကြတယ်။ အမေရိကန်နိုင်ငံသားတွေက “လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေဟာ ကမ္ဘာကြီးအတွက် အရေးကြီးတယ်” လို့ ယူဆကြတယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ “ငါတို့ဟာ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တိုင်းကို လိုက်နာခဲ့ကြတဲ့အတွက် ငါတို့ သေဆုံးရင် ကောင်းကင်နိုင်ငံတော်မှာ တည်ရှိနေလိမ့်မယ်” လို့ ယုံကြည်ကြတယ်။ မြန်မာကျောင်းသား/သူတွေဟာလဲ “ဒါတို့ပြည်၊ ဒါတို့မြေ” အစချီတဲ့ နိုင်ငံတော်သီချင်းကို သီဆိုကြတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံတော်ဆိုတာ ဘာကြီးလဲလို့ မေးလာမယ်ဆိုရင် စာဖတ်သူအနေနဲ့ ကောင်းကောင်းဖြေနိုင်မယ်လို့ ကျွန်တော် မထင်မိဘူး။ မြန်မာနိုင်ငံဆိုတာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့လူတွေ မဟုတ်ဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့သူတွေက စစ်ဘေးဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ်တွေ ခံစားရပြီး သေဆုံးပျောက်ကွယ်သွားမယ် ဆိုရင်လဲ မြန်မာနိုင်ငံက ပျောက်ကွယ်မသွားဘူး။ နိုင်ငံတော်အစိုးရဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုဘူး။ အကယ်၍ နိုင်ငံ့အစိုးရအဖွဲ့ဝင် တစ်ယောက်ယောက်က ရောဂါခံစားရလို့ လုပ်ကြံခံရလို့ သေဆုံးသွားမယ် ဆိုရင်လဲ အစိုးရအသစ် တင်မြှောက်ပြီး မြန်မာနိုင်ငံက ရှိနေအုံးမှာပဲ။

မြန်မာနိုင်ငံဟာ ကျောင်းတွေ၊ ဆေးရုံတွေ၊ အားကစားကွင်းတွေ၊ တရားရုံးတွေ စတဲ့ အခြေခံအဆောက်အအုံတွေမှာလဲ မတည်ရှိဘူး။ အဲ့ဒီအဆောက်အအုံတွေ အားလုံး မီးလောင်ပျက်စီးသွားမယ် ဆိုရင်တောင် အဆောက်အအုံတွေ အသစ်ပြန်ဆောက်ပြီး မြန်မာနိုင်ငံဟာ ဆက်လက်ရှင်သန်နေအုံးမှာပဲ။ ဒါဆို မြန်မာနိုင်ငံဆိုတာ ဘာကြီးလဲ။

တကယ်တော့ မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ လူတွေရဲ့ စိတ်ထဲမှာ အတူတကွပါဝင်နေတဲ့ စိတ်ကူးယဉ် အရှိတရားတစ်ခုသာ ဖြစ်တယ် ( မြန်မာသဒ္ဒါမှာ နိုင်ငံတော်ဆိုတာကို စိတ္တဇနာမ်လို့ ဖွင့်ဆိုထားတယ် ) ။ သူဟာ လက်ဆုပ်လက်ကိုင် ပြလို့မရ၊ ဒြပ်ထုမရှိ၊ တကယ့်လောကမှာလဲ မတည်ရှိပေမဲ့ တည်ရှိတယ်လို့ ယုံကြည်ခြင်းခံရတဲ့ အရှိတရားတစ်ခု၊ အမှန်တရားတစ်ခုသာ ဖြစ်တယ်။

အဲ့ဒါနဲ့ ဆင်တူတဲ့ စိတ်ကူးယဉ်အကြောင်းအရာတွေကို ဒီဆောင်းပါးထဲမှာပဲ ဆက်ပြီး မြင်နိုင်သေးတယ်။ ကောင်းကင်နိုင်ငံတော်တွေ၊ နိဗ္ဗာန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ စတာတွေဟာ အလွန်များပြားတဲ့ စိတ်ကူးယဉ်အကြောင်းအရာတွေ ဖြစ်ပြီး သူတို့တွေ ကြားမှာ ကျွန်တော်တို့ ရှင်သန်နေရတယ်။ စိတ်ကူးယဉ်ယုံကြည်မှုတွေဟာ ဘုံပိုင်ဆိုင်မှုတစ်ခု ဖြစ်သလို အခြားတစ်ယောက်ဆီ မျှဝေဖို့လဲ အဖွဲ့ဝင်တွေက ဆန္ဒရှိကြတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာ အတူတကွတည်ရှိနေတဲ့ ဘုံပိုင်ဆိုင်မှုတစ်ခု ဖြစ်သလို အဲ့ဒီပိုင်ဆိုင်မှုကို အခြားသူ‌တွေဆီကိုလဲ လိုလိုလားလား မျှဝေကြတယ်။

အကယ်၍ ဘာသာခြားလူသားတစ်ယောက်က ငါဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ချင်တယ်။ ဗုဒ္ဓဘာသာရဲ့ တည်ရှိမှုကို ခွဲဝေ ပိုင်ဆိုင်ချင်တယ်လို့ ပြောလာမယ်ဆိုရင်လဲ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုကြမှာပဲ။ ဒါ့အပြင် ဗုဒ္ဓဘာသာရဲ့ တည်ရှိမှုကို အခြားလူတွေဆီ မျှဝေဖို့ တကူးတကတောင် လုပ်ဆောင်ကြအုံးမယ် (သာသနာပြုကြတယ်ဆိုတာ ဒီသဘောပါပဲ)။ အဲ့ဒီလိုပဲ လူမျိုးခြားတစ်ယောက်ယောက်က ”ငါဟာ မြန်မာနိုင်ငံကို ချစ်တယ်၊ မြန်မာနိုင်ငံရဲ့ တည်ရှိမှုကို ခွဲဝေယူချင်တယ်” လို့ ပြောလာမယ် ဆိုရင်လဲ ကျွန်တော့်အနေနဲ့ လက်ကမ်း ကြိုဆိုမိမှာပဲ။ ဒီလိုမျှဝေပေးလိုတဲ့ ဖြစ်ရပ်နဲ့ ပက်သက်ပြီး သိသာထင်ရှားတဲ့ ဥပမာတစ်ခုကို ကျွန်တော်တင်ပြပါမယ်။

ပထမကမ္ဘာစစ်အတွင်းမှာ ဂျာမနီနိုင်ငံအတွက် ဝင်ရောက်အမှုထမ်းခဲ့တဲ့ လူငယ်တစ်ယောက်က ”ငါတို့ ဂျာမန်လူမျိုးတွေဟာ ရှေးကျတဲ့ အာရိယန်လူမျိုးတွေက နေဆင်းသက်လာတယ်၊ ငါတို့ဟာ အသားလတ်ပြီး ဉာဏ်ရည်ထက်မြက်ကြတယ်။ ‌ကျန်းမာရေး အထူးကောင်းမွန်ပြီး သန်မာဖျက်လတ်ကြတယ်။ ဒါကြောင့် ငါတို့ဟာ လောကကြီးမှာ အသန်စွမ်းဆုံးလူသား၊ အပြည့်စုံဆုံးလူသားတွေသာ ဖြစ်တယ်” လို့ စိတ်ကူးယဥ်ခဲ့တယ်။ သူ့ရဲ့စိတ်ကူးကို သူ့ရဲ့ နောက်လိုက်အနည်းငယ်ကို မျှဝေပေးခဲ့ပြီး ဂျာမန်လူမျိုးတွေဟာ မြင့်မြတ်တဲ့ လူမျိုးတွေ ဖြစ်ကြောင်း ယုံကြည်အောင် ပြုလုပ်နိုင်ခဲ့တယ်။

”အသန်စွမ်းဆုံးသူဟာ ရှင်သန်ဖို့ အခွင့်အလမ်းအကောင်းဆုံး ဖြစ်တယ်။ ကောင်းမွန်တဲ့ ဗီဇကို ရရှိဖို့ ကောင်းမွန်တဲ့ ဗီဇအချင်းချင်း ပေါင်းစပ်ရမယ်။ ရှေးဦးအာရိယန်လူမျိုးတွေဟာ အာရှဘက်ကို ခြေဆန့်ပြီး ဒေသခံလူမျိုးတွေနဲ့ ရောယှက်ခဲ့ကြတဲ့အတွက် သူတို့ရဲ့ မျိုးရိုးဗီဇတွေဟာ အားနည်းလာကြတယ်။ ဂျာမန်လူမျိုးတွေကတော့ အာရိယန်လူမျိုးစစ်စစ်တွေ ဖြစ်ကြတာကြောင့် ဒီဗီဇကို အားမနည်းသွားစေဖို့ ထိန်းသိမ်းကာကွယ်ရမဲ့ တာဝန်ဝတ္တရားရှိနေတယ်။” ဆိုတဲ့ ဘက်လိုက်တဲ့ ဇီဝဗေဒပညာရှင်တွေရဲ့ အယူအဆတွေဟာ ဒီလူငယ်လေးရဲ့ စိတ်ကူးကို မြေတောင်မြှောက်ပေးလိုက်တယ်။

ဒီလူငယ်လေးရဲ့ စိတ်ကူးယဉ်မှုကို သဘာဝတရားကြီးကပါ ထောက်ခံနေသယောင်ယောင် ပြောဆိုခဲ့ကြတယ်။ ရလဒ်ကတော့ တချို့က သိကြမှာပါ။

ဒီလူငယ်လေးက ”လောကကြီးဟာ ယှဉ်ပြိုင်မှုတွေနဲ့ ပြည့်နှက်နေပြီး အသန်စွမ်းဆုံးသူတွေသာ ရှင်သန်ခွင့် အုပ်စိုးခွင့် ရသင့်တယ်။ ဂျာမန်လူမျိုးတွေဟာ အသန်စွမ်းဆုံးလူသား အပြီးပြည့်စုံဆုံး လူသားတွေ ဖြစ်တာကြောင့် ကမ္ဘာကြီးကို အုပ်စိုးသင့်၊ သဘာဝတရားကြီးကို ထိန်းသိမ်းကာကွယ်သင့်တယ်။” လို့ ကြွေးကြော်ခဲ့တယ်။ ဒီကြွေးကြော်စကားကို နာဇီပါတီဝင်တွေကနေ တစ်ဆင့် ဂျာမန်ပြည်သူလူထုတစ်ရပ်လုံးကို မျှဝေပေးခဲ့တယ်။ ကမ္ဘာကြီးကို မျှဝေပေးဖို့ စီစဉ်ရာမှာတော့ ပြင်းထန်တဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံတွေ့ခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကြီးကို ဖြစ်ပွားစေခဲ့တယ်။

ဒီလူငယ်လေးကတော့ စိတ်ကူးယဉ်ကောင်းတဲ့၊ အပြောအဟောကောင်းတဲ့၊ ထူးချွန်ထက်မြက်တဲ့ ဟစ်တလာသာဖြစ်တယ် (သူ့ရဲ့ အစွန်းရောက်မှုတွေကို ဘေးဖယ် စဉ်စားလိုက်မယ်ဆိုရင်တော့ ဟစ်တလာက လူတော်တစ်ယောက်ဆိုတာ ငြင်းလို့ရမှာမဟုတ်ဘူး)။

လက်တွေ့ဘဝမှာတော့ ဒီလိုမျှဝေမှုတွေ အများကြီး တွေ့ရမှာပါ။ မဲဆွယ်စည်းရုံးမှုတွေ၊ သာသနာပြုမှုတွေ၊ ဟောပြောပွဲတွေဟာ ဒီလိုမျှဝေမှုတွေ သက်သက်ပဲလို့ ကျွန်တော်သေချာပြောနိုင်တယ်။

နောက်ပြီး ဒီလိုအကြောင်းအရာတွေ ဘုံစိတ်ကူးယဉ်မှုတွေဟာ လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်နေတဲ့အတွက် လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်တဲ့အတွက် ဒါကို စိတ်ကူးယဉ်မှုသက်သက်ပဲ လို့တောင် ကျွန်တော်တို့ သတိမပြုမိနိုင်ကြတော့ဘူး။

တကယ့် အရှိတရားလို့ပဲ ခံယူကြတော့တယ်။ ကျွန်တော့်အနေနဲ့ လူတစ်ယောက်ကို  ”မြန်မာနိုင်ငံဆိုတာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ လူသားတွေရဲ့ ပူးပေါင်းစိတ်ကူးယဉ်မှုသက်သက်ပဲ” လို့ သွားပြောလိုက်ရင် ကျွန်တော့်ကို နားမလည်တဲ့ အကြည့်နဲ့ ပြန်ကြည့်လိမ့်မယ်။ အဲ့လိုပဲ အစ္စလာမ်ဘာသာဝင်တွေကို ”အလ္လာ ဆိုတာ တကယ် မဟုတ်ဘူး၊ မင်းတို့ အစ္စလာမ်ဘာသာဝင်‌တွေရဲ့ စိတ်ထဲမှာပဲ တည်ရှိနေတာ” လို့ သွားပြောလိုက်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဒေါသတကြီးတိုက်ခိုက်မှုကို ကြုံတွေ့ရနိုင်တယ်။

ဒါကို ဥပမာပေးရရင် ကျွန်တော်အပါအဝင် ကျွန်တော်တို့ရဲ့ လက်ရှိလူ့အဖွဲ့အစည်းတွေ (အထူးသဖြင့် ဘာသာတရား) ဟာ အရုပ်မတစ်ရုပ်ကို သားသမီးအဖြစ် ပိုက်ထားတဲ့ အရူးမတစ်ယောက်နဲ့ ဆင်တူတယ်။

ကျွန်တော်တို့ကသာ ”အဲ့ဒီအရုပ်မက နင့်ရဲ့တကယ့်သားသမီးမဟုတ်ဘူး” လို့ အရူးမကို ပြောလိုက်မယ်ဆိုရင် အရူးမဟာ ကျွန်တော်တို့ကို ”ငါ့သားသမီးအကြောင်း လျှောက်မပြောကြနဲ့” လို့ ပြန်လည်တုံ့ပြန်လိမ့်မယ်။ အကယ်၍ အရူးမရဲ့ လက်ထဲက အရုပ်ကို လုယူလိုက်မယ် ဆိုရင်တော့ အရူးမဟာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိမ့်မယ်။

အရူးမနဲ့တူတဲ့ ကျွန်တော်တို့တွေဟာ အရုပ်နဲ့တူတဲ့ စိတ်ကူးယဉ် ယုံကြည်မှုတွေနဲ့ အသားကျလာခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်တဲ့အတွက် ဒီအရာတွေကို ဖက်တွယ်နေကြတယ်။ ဒီအရာတွေကို ဖက်တွယ်ထားသလို ဒီအရာတွေက တကယ်မတည်ရှိပါဘူးလို့ ဝေဖန်ထောက်ပြမယ် ဆိုရင်လဲ လုံးဝလက်ခံနိုင်ကြမှာ မဟုတ်ဘူး။

တကယ်လို့ အဲ့ဒီအရာတွေကိုသာ လုယူလိုက်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ ခုခံကာကွယ်မှုတွေကို ကြုံရမှာပဲ။ အာဏာရှင်တွေဟာ ”ငါတို့ဟာ ပြည်သူလူထုကို အုပ်ချုပ်သင့်တယ်” ဆိုတဲ့ စိတ်ကူးယဉ် အကြောင်းအရာကို ဖက်တွယ်ထားကြတယ်။ အဲ့ဒီစိတ်ကူးယဉ်မှုကို လုယူလိုက်မယ်၊ တစ်နည်း အာဏာရှင်တွေရဲ့ တည်ရှိမှုကို ခြိမ်းခြောက်မှု ပြုလိုက်မယ်ဆိုရင် သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် ကာကွယ်ကြမယ်။ လိုအပ်လာရင် တပ်သားတွေ သံချပ်ကာတပ်တွေ ဗုံးကြဲလေယာဉ်တွေပါ အသုံးပြုသွားမယ် ဆိုတဲ့အထိပေါ့။

နောက်ဆုံးအနေနဲ့ ဒီလို စိတ်ကူးယဉ်ယုံကြည်မှုတွေဟာ လူတွေအတွက် တကယ်လိုအပ်သလားလို့ မေးစရာရှိတယ်။ ကျွန်တော်အနေနဲ့ကတော့ ”စိတ်ကူးယဉ်ယုံကြည်မှုတွေဟာ တစ်ဦးချင်းဖြစ်တည်မှုမှာ လုံးဝမလိုအပ်ဘူး။ ဒါပေမဲ့ သူတို့ဟာ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားကြတဲ့အတွက် လူ့အဖွဲ့အစည်းအတွက် အရေးပါတယ် ” လို့ ဖြေချင်တယ်။

အကယ်၍ စာဖတ်သူက သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေခဲ့မယ် ဆိုပါစို့။

စာဖတ်သူ အနေနဲ့ ဘာမှစားစရာမရှိဘူး၊ နေထိုင်စရာ အဆောက်အအုံတွေလဲ မတွေ့ရဘူး။ ဒါပေမဲ့ အနားမှာ ဂဏန်းအကောင်လေးတွေ၊ ပုစွန်လေးတွေ၊ ငါးလေးတွေ တွေ့နေရမယ်။ ဒါဆိုရင် စာဖတ်သူအနေနဲ့ ဘာကို ရွေးချယ်မလဲ။

အဲ့ဒီတိရစ္ဆာန်တွေကို ဖမ်းယူသတ်ဖြတ်ပြီး ဝမ်းရေးအတွက် ဖြေရှင်းမလား၊ ဗုဒ္ဓဘာသာရဲ့ အဆုံးအမ ငါးပါးသီလထဲက ပါဏာတိပါတာကိုပဲ ဆောက်တည်မလား။

အကယ်၍ စာဖတ်သူက ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ထာဝရဘုရားသခင်အပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိမယ် ဆိုရင်လဲ ရွေးချယ်စရာ ၂ ခုရှိတယ်။ ဒီကျွန်းပေါ် သောင်တင်လာတာက ဘုရားသခင်ရဲ့ အလိုတော်တစ်ခု ဖြစ်တဲ့အတွက် ဒီအလိုတော်အတိုင်း ဒီလိုပဲ ပိတ်မိနေမှာလား။ ဒါမှမဟုတ် ဒီအတိုင်း သေဆုံးသွားတာထက် ကြိုးစားရင်း သေဆုံးတာက ပိုပြီး ခံသာတယ်ဆိုပြီး လွတ်မြောက်ဖို့ ကြိုးစားမလား (ဖြစ်ရပ်တိုင်းဟာ ဘုရားသခင်က စီစဉ်တယ်၊ ဘုရားသခင်ရဲ့ အလိုတော်ကြောင့်သာ ဖြစ်တယ်လို့ ခရစ်ယာန်ဘာသာတရားက ယုံကြည်တယ်)။

ဒီမေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် ဖြေကြည့်ခြင်း စဉ်းစားကြည့်ခြင်းကနေ ”တစ်ဦးချင်း ဖြစ်တည်မှုမှာ မလိုအပ်ဘူး” ဆိုတဲ့ ကျွန်တော့်ရဲ့ အဖြေကို နားလည်မှာပါ။ ဒါကြောင့် ထပ်ပြီးရှင်းမပြတော့ပါဘူး။

စိတ်ကူးယဉ်အရှိတရားတွေဟာ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားတယ်။ အခုလက်ရှိ နိုင်ငံတော်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ ဘာသာတရားတွေ စတာတွေဟာ စိတ်ကူးယဉ်မှုတစ်ခု ဖြစ်သလို အလွန်အင်အားကောင်းတဲ့ လူ့အဖွဲ့အစည်းတွေလဲ ဖြစ်ကြတယ်။ ဒီလူ့အဖွဲ့အစည်းတွေမှာ ရှိတဲ့ လူသားတစ်ဦးတစ်ယောက်ချင်းစီမှာ မတူညီတဲ့ စရိုက်တွေ၊ ခန္ဓာကိုယ် တည်ဆောက်ပုံတွေ၊ တစ်ကိုယ်ရည် နှစ်သက်မှုတွေ ရှိနေမယ်ဆိုရင်တောင် သူတို့အားလုံးဟာ ဒီအဖွဲ့အစည်းထဲမှာ အတူတကွ အလုပ်လုပ်နိုင်ကြတယ်။ တစ်ယောက်က ကော်ဖီကြိုက်ပြီး တစ်ယောက်က လက်ဖက်ရည် သောက်တတ်မယ်။ တစ်ယောက်က ဘောလုံးသမားဖြစ်ပြီး ‌အခြားတစ်ယောက်က ရေကူးချန်ပီယံ ဖြစ်မယ်။ တစ်ယောက်က အေးအေးဆေးဆေး နေတတ်ပြီး နောက်တစ်ယောက်က‌ ပျော်ပျော်နေတတ်မယ်။

တစ်ယောက်က ဝှေးစေ့ ၂ လုံးပါတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီး တစ်ယောက်က သားအိမ်ပါတဲ့ မိန်းမတစ်ယောက်ဖြစ်မယ်။ ဘယ်လိုပဲ မတူညီမှုတွေပဲ ရှိနေပါစေ၊ သူတို့ဟာ စိတ်ကူးယဉ်ယုံကြည်မှုတစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်တယ်။ စိတ်ကူးယဉ်မှုကို ခွဲဝေပိုင်ဆိုင်နိုင်တယ်။ တစ်နည်းအားဖြင့် စိတ်ကူးယဉ်ယုံကြည်မှုဟာ လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာနဲ့  ကြီးမားအောင် ပြုလုပ်ရာမှာ အောင်မြင်မှုရှိတယ်။ မယုံနိုင်စရာကောင်းလောက်အောင် စည်းရုံးနိုင်စွမ်း ကောင်းတယ်ပေါ့။ တကယ်လို့ စိတ်ကူးယဉ်ယုံကြည်မှုသာ မရှိရင် ကျွန်တော်တို့အနေနဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့၊ တိုးတက်ကြီးမားအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။

ဥပမာပေးရရင် အမေရိကန်နိုင်ငံဟာ လူဖြူတွေ၊ ပညာရှင်တွေချည်းပဲ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုမဟုတ်ဘူး။

သူဟာ ကမ္ဘာအရပ်ရပ်ကလာတဲ့ မတူညီတဲ့ လူသားတွေ စုပေါင်းတည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုသာဖြစ်တယ်။ ဒီလို မတူညီတဲ့ လူသားတွေ စုပေါင်းအလုပ်လုပ်လိုက်ကြတာ၊ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မဟာအင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတယ်။ အမေရိကန်နိုင်ငံရဲ့ အင်အားကို အမေရိကန်ဒေါ်လာတစ်ခုတည်းပဲ ကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။

နောက်ပြီးတော့ ကျွန်တော်တို့အားလုံးဟာ ဒီစိတ်ကူးယဥ်မှုနဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းထဲမှာပဲ မွေးဖွားကြီးပျင်း လာခဲ့ကြတဲ့အတွက် ဒါတွေကို တွန်းလှန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော့်အနေနဲ့ ”မြန်မာနိုင်ငံငွေကြေး ကျပ်ဟာ စိတ်ကူးယဉ်မှုသာ ဖြစ်တယ်” ဆိုပြီး ငွေကြေးအပေါ်ကို ယုံကြည်မှုမရှိတော့ဘူးဆိုရင် နောက်နေ့မှာ ကျွန်တော်ကြိုက်တဲ့ ကော်ဖီကို သောက်နိုင်မှာ မဟုတ်တော့ဘူး။

ဒီငွေကြေးတွေကို မယုံကြည်တော့၊ အသုံးမပြုတော့တဲ့အတွက် ကော်ဖီထုပ်ကိုလဲ ဝယ်ယူနိုင်မှာ မဟုတ်တော့ဘူး။ ဒါမှမဟုတ် ကျွန်တော့်အနေနဲ့ ”မြန်မာနိုင်ငံဆိုတာ တကယ်မရှိဘူး” လို့ သူငယ်ချင်းတွေကို ပြောလိုက်မယ်ဆိုပါစို့။

ကျွန်တော်ဟာ လူ့အဖွဲ့အစည်းကနေ ဖယ်ထုတ်ခံရမယ်၊ နေ့ရက်တိုင်းကိုလဲ အထီးကျန်ဆန်စွာ ဖြတ်သန်းရမယ်ဆိုတာ ‌ကျိန်းသေပါတယ်။ အဲ့ဒီလိုပဲ ”Organization တွေ Institute တွေဟာ ဘာမှမဟုတ်ဘူး၊ စိတ်ကူးယဉ်တာ သက်သက်ပဲ” လို့ ဆိုလိုက်ရင်တော့ တစ်ပတ်အတွင်း ကျွန်တော်အလုပ်ထုတ်ခံရမှာ အသေအချာပဲ။

နောက်ဆုံးအနေနဲ့ကတော့ စိတ်ကူးယဉ်မှုဆိုတာ စိတ်ထဲမှာပဲရှိနေပေမဲ့ လက်တွေ့လူ့အဖွဲ့အစည်းကို ပုံဖော် တည်ဆောက်နေတယ်။

နောင်အနာဂါတ်ကို ကျွန်တော်မသိနိုင်ပေမဲ့ အခုလက်ရှိ လူ့အဖွဲ့အစည်းတွေဟာ စိတ်ကူးယဉ်ယုံကြည်မှုသာ မရှိရင် ပြိုလဲပျက်စီးသွားလိမ့်မယ်လို့ ကျွန်တော်အသေအချာ ပြောနိုင်တယ်။

Written by – Julian Htet Aung
Edited by – Khant Wutyee Htet

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Editorial #Belief #Article #Religious #Analysis

ဦးတည်ရာအပေါ် ဆန်းစစ်ခြင်း
ဘာသာရေးနှင့် သိပ္ပံ – အပိုင်း (၂)

– အယ်ဒီတာ့အာဘော်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်က ဟိမဝန္တာတောင်ခြေက မထင်မရှားနိုင်ငံငယ်လေးတစ်ခုရဲ့ တော်ဝင်မင်းသားတစ်ပါးဟာ “ငါဟာ လောကကိုအကုန်အစင်သိမြင်နားလည်ခဲ့ပြီ၊ ဒါ့အပြင် လောကကနေ လွတ်မြောက်ရာလမ်းကိုလဲ ရှာဖွေတွေ့ရှိခဲ့ပြီ” လို့ ကမ္ဘာကြီးကို ကြွေးကြော်ခဲ့တယ်၊ အခုအချိန်မှာတော့ အဲ့ဒီမင်းသားကို သိဒ္ဓတ္ထဂေါတမ (သို့) ဗုဒ္ဓ လို့ ကျွန်တော်တို့ သိနေကြပြီ။

သိဒ္ဓတ္ထကြွေးကြော်ခဲ့တဲ့ လောကကို အကုန်အစင်သိမြင်နားလည်တယ်နဲ့ လောကကနေ လွတ်မြောက်ရာလမ်းကို ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ အချက် ၂ ချက်ဟာ ဗုဒ္ဓဘာသာရဲ့ ဦးတည်ရာလမ်း‌ကြောင်းကို ထင်ထင်ရှားရှား ချမှတ်ပေးထားတယ်။

ပထမအချက်၊ ဗုဒ္ဓဟာ လောက (ရုပ်လောက) ကို အကုန်အစင် သိမြင်ပြီးပြီလို့ ဆိုတဲ့အတွက် လောကအကြောင်းကို ထပ်မံ စိတ်ဝင်စားမှုမရှိတော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေအတွက် လမ်းကြောင်းချမှတ်ရာမှာ လောကဆိုင်ရာကိစ္စ (လောကီ) ကို တတ်နိုင်သလောက် ဘေးဖယ်ထားခိုင်းတယ်။ ဒုတိယအချက်၊ သူကိုယ်တိုင် လောကကနေလွတ်မြောက်ရာကို ရှာဖွေတွေ့ရှိပြီးသားဖြစ်တဲ့အတွက် လွတ်မြောက်ရေးကိုပဲ ဦးစားပေးခိုင်းတာတွေ့ရတယ်၊ ဝင်္ကပါထဲကထွက်မယ့်လမ်းကြောင်းကို သိနေပြီဆိုရင် ဝင်္ကပါထဲမှာ ဘာလို့ အချိန်ကုန်ခံ၊ အပင်ပန်းခံ ထပ်ပိတ်မိနေဦးမှာလဲ ဆိုသလိုပေါ့။

ဒီအချက် ၂ ချက်ကြောင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေဟာ လောကအကြောင်းကို စိတ်ဝင်တစား လေ့လာစရာမလိုအပ်ဘူး၊ သူတို့အနေနဲ့ လွတ်မြောက်ရာလမ်း (နိဗ္ဗာန်) ကိုရှာဖွေတွေ့ရှိဖို့သာ အရေးကြီးတယ်။ ခရစ်ယာန်ဘာသာကို အသေအချာ မလေ့လာဖူးဘူးပေမဲ့ ခရစ်ယာန်ဘာသာဝင်တွေအတွက်လဲ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရရှိရေးဟာ အရေးကြီးဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။

ဒါကြောင့် ဘာသာတရားအားလုံးဟာ ရုပ်လောကထက် ရုပ်နယ်လွန်လောကကို ပိုအလေးထားတယ်လို့ ကောက်ချက်ချလို့ရတယ် (နိဗ္ဗာန်၊ ကောင်းကင်နိုင်ငံတော်၊ ဂျန္နက် စတဲ့ အကြောင်းအရာတွေဟာ ဆောင်းပါးတစ်ခုတည်းနဲ့ ဖော်ပြလို့မရလို့ ရုပ်နယ်လွန်လောကလို့ပဲ ဒီနေရာမှာ သုံးနှုန်းပါ့မယ်)။

သူတို့ဟာ ရုပ်နယ်လွန်လောကကိုပဲ အလေးပေးလို့ ရုပ်လောကအကြောင်း ဘာမှမသိတာတော့မဟုတ်ဘူး၊ ရုပ်လောကအကြောင်း အကုန်အစင်သိနေကြပြီးသားလို့ သူတို့အားလုံးက ဝန်ခံထားကြတယ်။

ဒါနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အ‌တွေ့အကြုံတစ်ခုကို ကျွန်တော်တင်ပြပါ့မယ်။

ကျွန်တော့်ရဲ့ တပည့်ဟာ ကျွန်တော့်ကို သူတို့ရဲ့ ကျမ်းစာ (ခရစ်ယာန်သမ္မာကျမ်း) ကို လေ့လာဖို့ တစ်ခါက တိုက်တွန်းဖူးပါတယ်။ ဒီလိုတိုက်တွန်းတဲ့အခါ ကျွန်တော်က ”လောကကြီးအကြောင်းလောက် ဘယ်အရာမှ ငါ အဲ့လောက် စိတ်မဝင်စားဖြစ်ဘူး၊ အဲ့ဒါကြောင့် သိပ္ပံနဲ့ ရူပဗေဒ ၂ ခုတည်းကိုပဲ အလေးထားလေ့လာဖြစ်တယ်” လို့ ပြန် တုံ့ပြန်ဖြစ်ပါတယ်။

အဲ့ဒီအခါ သူက “ကျမ်းစာက အကုန်ပါပြီးသားလေ ဆရာ၊ လောကမှာရှိသမျှ အကြောင်းအရာတိုင်းကို ရှင်းပြထားတယ်၊ ကျမ်းစာက တအားနက်နဲတယ်” လို့ ဆက်ပြောပါတယ်။

ကျွန်တော့်ရဲ့ တပည့်အနေနဲ့ အဖဘုရားသခင်ဟာ လောကအပါအဝင် အရာရာတိုင်းကို ဖန်ဆင်းထားတယ်၊ ဒါကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ရေးသားထားတဲ့ သမ္မာကျမ်းစာ (ဓမ္မဟောင်း/ဓမ္မသစ်) ဟာ လောကကြီးတစ်ခုလုံးရဲ့ အကြောင်းအရာတွေကို ရှင်းပြနိုင်တယ်လို့ ယုံကြည်ထားတာကို တွေ့ရတယ်။

ဗုဒ္ဓဘာသာဝင်တွေမှာလဲ တူညီတဲ့ ဖြစ်ရပ်ကို ကျွန်တော်မြင်တွေ့ရတယ်။ ဗုဒ္ဓဟာ သဗ္ဗညုတရွှေဉာဏ်တော်ပိုင်ရှင် ဖြစ်တဲ့အတွက် အရာရာကို အစေ့အလပ်မရှိ သိနားလည်ထားတယ်၊ ဒါကြောင့် ဗုဒ္ဓဟောကြားတဲ့ ဓမ္မတရားတော်တွေဟာ (လောကအပါအဝင်) အရာရာတိုင်းကို ရှင်းပြနိုင်တယ်၊ အထူးသဖြင့် အဘိဓမ္မာကျမ်းဟာ လောကကြီးရဲ့ အလုပ်လုပ်ပုံကို ရှင်းပြတဲ့ကျမ်းလို့ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ကြတယ်။

ဘာသာတရားအားလုံးဟာ လောကအကြောင်း သူတို့သိထားပြီးသား နားလည်ထားပြီးသားလို့ ယုံကြည်ကြတဲ့အတွက်၊ သူတို့ရဲ့အသိပညာဟာ လုံလောက်တယ်လို့ ယုံကြည်ကြတဲ့အတွက် ဆက်လက်လေ့လာမှုတွေ သုတေသနတွေ မလုပ်ကြဘူး၊ ဒါကြောင့်လဲ ဘယ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကတော့ဖြင့် နိဗ္ဗာန်ကို အချိန်ခဏလေးနဲ့ ရောက်နိုင်မဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီ၊ ဘယ်ဆရာတော်ကတော့ဖြင့် သံသရာလည်ပတ်နေတဲ့ လမ်းကြောင်းတွေကို အသေးစိတ်တွက်ချက်နိုင်ခဲ့ပြီ၊ ဘယ်ကျမ်းပြုစုသူကတော့ဖြင့် အဘိဓမ္မာကျမ်းထဲက တွင်းနက်အကြောင်း လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီဆိုပြီး ကျွန်တော်တို့တစ်ခါမှ မကြားဖူးကြဘူး။

ခရစ်ယာန်ဘာသာမှာဆိုရင်လဲ ဘယ်လို ဘုန်းတော်ကြီးကမှ ကမ္ဘာဦးဥယျာဉ်ကို တူးဖော်မှုပြုလုပ်တာ၊ ကောင်းကင်နိုင်ငံတော်ရဲ့ တည်နေရာကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားတာ၊ ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ တည်ရှိမှုကို သုတေသနပြုတာ စတာတွေကို ပြုလုပ်ကြမှာမဟုတ်ဘူး၊ သူတို့အနေနဲ့ သမ္မာကျမ်းစာ (ဓမ္မဟောင်း/ဓမ္မသစ်) ဟာ အရာအားလုံးအတွက်ဖြစ်တယ်၊ အရာအားလုံးကိုရှင်းပြဖို့အတွက် လုံလောက်မှုရှိတယ်လို့ ယုံကြည်ထားကြတဲ့အတွက် ဒီလိုလုပ်ရပ်တွေဟာ အချိန်ဖြုန်းခြင်းသက်သက်လို့ ယူဆကြတယ်။

တစ်ဖက်က သိပ္ပံကတော့ တမူထူးခြားစွာနဲ့ လောကအကြောင်းကို မသိနားမလည်သေးပါဘူးလို့ ပွင့်ပွင့်လင်းလင်းဝန်ခံထားတယ်။ ရူပဗေဒပညာရပ်မှာ အက်တမ်ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို အသေးစိတ် နားလည်နေကြပြီဆိုပေမဲ့ ‌ကွမ်တမ်နဲ့ နှိုင်းရသီအိုရီကို ဘယ်လိုညှိယူရမလဲဆိုတာ ဘယ်ပညာရှင်မှမသိကြသေးဘူး။ ၂၀၁၉ မှာ တွင်းနက်ရဲ့ ဓါတ်ပုံကို ရိုက်ယူနိုင်ခဲ့ပေမဲ့ တွင်းနက်ထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ဘယ်လို နက္ခတ္တဗေဒပညာရှင်မှ မသိနိုင်ကြသေးဘူး။ ဇီဝဗေဒပညာရပ်ဟာ ဆင့်ကဲပြောင်းလဲမှု သီအိုရီနဲ့အတူ သက်ရှိမျိုးစိတ်တွေရဲ့ သမိုင်းကို ဖော်ထုတ်နိုင်ခဲ့ပြီဆိုပေမဲ့ အသက်ဇီဝ ဘယ်လိုဖြစ်တည်လာသလဲဆိုတာကို အခုထိ ရေရေရာရာ နားမလည်ကြသေးဘူး။

ဘောဂဗေဒပညာရပ်မှာ သီအိုရီပေါင်းများစွာ ထွက်ရှိနေပေမဲ့ စီးပွားရေးပျက်ကပ်ကြုံလာတိုင်း၊ စတော့ဈေးကွက် ပူဖောင်းပေါက်ကွဲတိုင်း လုပ်ထုံး‌လုပ်နည်းတွေဟာ အမြဲပြောင်းလဲနေဆဲပဲ။ ဘောဂဗေဒပညာရပ်နဲ့ ပက်သက်လို့ အားလုံးကို သိနားလည်ထားသူ စကားအကုန်ပြောနိုင်သူဆိုတာ အခုထိမရှိသေးဘူး။ (ဘောဂဗေဒပညာရပ်ဟာ သိပ္ပံနည်းကျစူးစမ်းလေ့လာမှုတွေကို အသုံးပြုထားတဲ့ လူမှုသိပ္ပံဘာသာရပ်ခွဲတစ်ခုဖြစ်ပါတယ်။) ဒီလိုမသိနားမလည်ဘူးလို့ ဝန်ခံထားတဲ့အတွက် သိနားလည်အောင် အပတ်တကုတ် ကြိုးစားလေ့လာကြတယ်။ သိပ္ပံပညာရဲ့ ဦးတည်ရာဟာ လောကကို အကောင်းဆုံးရှင်းပြနိုင်ဖို့သာဖြစ်တယ်၊ ဒီဦးတည်ချက်အရ အရာရာတိုင်းကို ရှင်းပြနိုင်တဲ့၊ အရာရာတိုင်းကို နားလည်နိုင်တဲ့အထိ သိပ္ပံဟာ ကြိုးစားအားထုတ်သွားလိမ့်မယ်။

ဥပမာအားဖြင့် ကျွန်တော်ကိုင်တဲ့ ရူပဗေဒသင်ရိုးစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာ၊ နောက်ဆုံးစာကြောင်းမှာ အောက်ကအတိုင်း ရေးသားထားတယ်။

“အမှုန်ရူပဗေဒနဲ့ စကြဝဠာဗေဒတို့ ထိပ်တိုက်တွေ့ဆုံကြတဲ့ဖြစ်ရပ်တွေမှာ အခုထိမဖြေနိုင်သေးတဲ့ မေးခွန်းတွေ အများကြီး ရှိနေသေးတယ်၊ ဒီ‌မေးခွန်းတွေရဲ့ အဖြေတွေကို ရှာဖွေခြင်းက ကျွန်တော်တို့လူသားမျိုးစိတ်ရဲ့ အကြီးကျယ်ဆုံးစွန့်စားမှုတွေထဲက တစ်ခုအဖြစ် နောက်ပိုင်းမှာ ကြုံတွေ့လာရလိမ့်မယ်။”

စာအုပ်ကို ပြုစုသူ ပညာရှင်က သိပ္ပံအသိုင်းအဝိုင်းတစ်ခုလုံးအနေနဲ့ မသိနားမလည်တာတွေ ရှိနေသေးကြောင်း၊ သိအောင် ကြိုးစားအားထုတ်ရမှာဖြစ်ကြောင်း ရေးသားထားတယ်။

ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် ဥပမာဖြစ်ရပ်တစ်ခုကို တင်ပြပါ့မယ်၊ လွန်ခဲ့တဲ့ ၂၀ ရာစုလောက်မှာ ရူပဗေဒပညာရှင်တွေဟာ အရာရာတိုင်းကိုသိနေပြီ၊ နားလည်နေပြီလို့ ထင်ခဲ့ကြတယ်၊ အီလက်ထရွန်ရဲ့ ဆန့်ကျင်မှုန် ပိုစီထရွန်ကို ရှာဖွေတွေ့ရှိပြီးနောက် ရူပဗေဒပညာရပ်ဟာ ဆုံးခန်းတိုင်တော့မယ်၊ လေ့လာစရာ ထပ်မရှိတော့ဘူး၊ သုတေသနတွေ ထပ်မလိုအပ်တော့ဘူးလို့ ယုံကြည်လာကြတယ်။ နိုဘယ်ဆုရှင်မက်စ်ဘွန်းဆိုရင် “ကျွန်တော်တို့သိတဲ့ ရူပဗေဒဟာ ခြောက်လအတွင်းမှာ အပြီးသတ်တော့မယ်” လို့တောင် ၁၉၂၈ မှာ ပြောဆိုခဲ့ဖူးတယ်။

ဒါပေမဲ့လဲ မျူယွန်၊ ပိုင်ယွန်၊ နယူထရီနို၊ စတဲ့ အမှုန်အသစ်တွေကို ဆက်တိုက်ထောက်လှမ်းမိလာတာနဲ့အတူ သူတို့သိတဲ့ လောကရဲ့ အကြောင်းဟာ အဆုံးမဟုတ်ဘဲ အခုမှ အစသာဖြစ်နေတယ်ဆိုတာ နားလည်လာကြတယ်။

ဒီလိုနည်းနဲ့ လောကအကြောင်း ဆက်ပြီး အဖြေရှာခဲ့လိုက်တာ အခုချိန်ထိ ရူပဗေဒဟာ မပြီးဆုံးနိုင်သေးဘူး။ ကျွန်တော်ကတော့ ရူပဗေဒပညာရပ်ဟာ အရာရာတိုင်းရဲ့သီအိုရီ (TOE – Theory Of Everything) ကို ရှာဖွေတွေ့ရှိသွားရင်တောင် စူးစမ်းလေ့လာမှုတွေ ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ယူဆမိတယ်။ ရူပဗေဒလိုပဲ ဇီဝဗေဒ၊ အာရုံကြောသိပ္ပံ၊ စကြဝဠာဗေဒ၊ နက္ခတ္တဗေဒ၊ ဘူမိဗေဒ၊ စိတ်ပညာ၊ ဘောဂဗေဒ စတဲ့ သဘာဝသိပ္ပံ၊ လူမှုသိပ္ပံပညာရပ်တိုင်းဟာ လောကကို အကောင်းဆုံးရှင်းပြနိုင်တဲ့အထိ ‌ချီတက်သွားလိမ့်မယ်လို့ ကျွန်တော်သေချာပြောနိုင်တယ်။

အဆုံးသတ်ရရင်တော့ ဦးတည်ရာဆိုတာ အခြေခံခြင်းအပေါ်မှာ မူတည်တယ်၊

ကျွန်တော့်ရဲ့ Fact Hub Myanmar Organization ဟာ အချက်အလက်မှန်ကန်တိကျမှု၊ ခိုင်လုံမှု၊ ယုံကြည်စိတ်ချရမှုကို အခြေခံတဲ့အတွက် အချက်အလက်မှားတိုက်ဖျက်ရေးကို ဦးတည်ရာထားတယ်။ ဘာသာတရားဟာ လောကနဲ့ ပက်သက်ပြီး အားလုံးသိထားတယ်လို့ ခံယူထားတဲ့အတွက် ရုပ်နယ်လွန်လောကကိုသာ ဦးတည်ရာထားတယ်။ တစ်ဖက်က သိပ္ပံပညာရပ်ကတော့ မသိနားမလည်မှုအပေါ် ဝန်ခံခြင်းကို အခြေခံထားတဲ့အတွက် သိသွားအောင်ကြိုးစားဖို့ကိုပဲ ဦးတည်ရာထား အလေးထားတယ်။ (ဘာသာတရားရော သိပ္ပံပညာရောက လူ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်စေလိုကြခြင်းမှာ သဘောတူညီတဲ့အတွက် ဒီဆောင်းပါးမှာ ထည့်သွင်းမဖော်ပြတော့ပါဘူး။)

Written by – Julian Htet Aung

Edited by – Zwe Thukha Min

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Editorial #Part_2 #Science #Religious #Article #Science_Religous_Analysis #Analysis_on_Destinations

သာမိုဒိုင်းနမစ်ဒုတိယနိယာမ (Second Law of Thermodynamics) (အပိုင်း – ၂)
Entropy Statement of Microscopic Interpretation (အင်ထရိုပီဖွင့်ဆိုချက် / ပရမ်းပတာဖြစ်မှုဖွင့်ဆိုချက်)

အရာဝတ္ထုတိုင်း/စနစ်တိုင်းဟာ သဘာဝအရ အစီအစဉ်ကျနေတဲ့ အခြေအနေကနေ အစီအစဉ်မကျတဲ့ အခြေအနေကို ဦးတည်လာရတယ်။ ရိုးရှင်းသေသပ်နေရာကနေ ပရမ်းပတာပုံစံဖြစ်လာကြ‌တယ်။ ကြက်ဥတစ်လုံးက တဖြည်းဖြည်းနဲ့ ပုပ်သိုးလာမယ်၊ အိမ်တစ်လုံးက အချိန်နဲ့အမျှ ယိုယွင်းပျက်စီးလာမယ်၊ ကြယ်တွေကလဲ သူတို့ရဲ့ လောင်စာတွေလျော့နည်းလာပြီး အေးခဲသေဆုံးလာကြမယ်၊ စကြဝဠာကြီးကလဲ သက်ဝင်လှုပ်ရှားနေရာကနေ ငြိမ်သက်သေဆုံးသွားမယ်။ ဒါတွေအားလုံးက ပရမ်းပတာဖြစ်လာဖို့ အားသန်တဲ့၊ အစီအစဉ်မကျမှုကိုလိုလားတဲ့ လောကကြီးရဲ့ သဘာဝကို ဖော်ပြတာပဲ။

ဥပမာအနေနဲ့ – မော်လီကျူး ၂ လုံးကို ဓါတ်ငွေ့ဘူးတစ်ခုထဲမှာ ထားလိုက်မယ်ဆိုပါစို့၊ သူတို့ဟာ အဲ့ဒီဘူးထဲမှာပဲ ရွေ့နေမှာဖြစ်တဲ့အတွက် အစီအစဉ်မကျမှုနည်းပါးတယ်၊ သူတို့ရဲ့ ရွေ့လျားရာ လမ်းကြောင်းတွေ အလျင်တွေက ခန့်မှန်းရ ခက်တယ်ဆိုရင်တောင် ဘူးထဲမှာပဲရှိနေသေးတဲ့အတွက် ပရမ်းပတာသိပ်မဖြစ်သေးဘူး။

အဲ့ဒီအချိန်မှာ ဘူးကိုအပူပေးလိုက်မယ်ဆိုပါစို့၊ ဝင်လာတဲ့အပူစွမ်းအင်ကြောင့် မော်လီကျူးတွေက အရွေ့စွမ်းအင်များလာကြပြီး အလျင်တိုးလာမယ်၊ အလျင်တိုးလာတဲ့အတွက် သူတို့ရဲ့လမ်းကြောင်းကလဲ ခန့်မှန်းရတာ ပိုပြီးခက်လာလိမ့်မယ်၊ မော်လီကျူး ၂ ခု စလုံးက ‌ဘူးထဲမှာပဲ ရှိနေတုန်းဆိုပေမဲ့ တိုးလာတဲ့အလျင်ကြောင့် ပိုပြီး ပရမ်းပတာဖြစ်လာကြတယ်။ ဒါကြောင့် ဘူးကို အပူပေးလိုက်တဲ့ သာမိုဒိုင်းနမစ်ဖြစ်စဉ်က မော်လီကျူးတွေရဲ့ အစီအစဉ်မကျမှုကို တိုးလာစေတယ်၊ သူ့ရဲ့ အခြေအနေကို ပရမ်းပတာပိုဆန်လာစေတာပေါ့၊ ဒါကို ရူပဗေဒအသုံးအနှုန်းနဲ့ဆိုရင် အင်ထရိုပီတိုးလာတယ်လို့ ပြောနိုင်တယ်။

အင်ထရိုပီဆိုတာ အစီအစဉ်မကျမှုပမာဏကို ဖော်ပြတဲ့၊ စွမ်းအင်စီးဆင်းရာလမ်းကြောင်းကို ကိုယ်စားပြုတဲ့ ရူပဗေဒအတိုင်းအတာတစ်ခုပဲ။

မြန်မာလိုဆိုရင်တော့ ” စွမ်းအင်လားရာ / အစီအစဉ်မကျမှုပမာဏ / ပရမ်းပတာဖြစ်မှုပမာဏ ” လို့ ပြောလို့ရတယ်။

ဒီတစ်ခါတော့ ဘူးကို အပူမပေးတော့ဘဲ အဖုံးဖွင့်လိုက်မယ်၊ ဒါဆိုရင် မော်လီကျူးတွေအနေနဲ့ ဘူးရဲ့ အပြင်ကိုလွင့်ထွက်လာပြီး ရွေ့ချင်ရာ ရွေ့တော့မယ်၊ ဟင်းလင်းပြင်ထဲကို သူကြိုက်သလို ခရီးဆန့်ကြတော့မယ်၊ အပူမပေးတာကြောင့် မော်လီကျူးတွေရဲ့ အ‌လျင်က တိုးမလာဘူး၊ ဒါပေမဲ့ ဘူးရဲ့အပြင်ကို ထွက်လာကြတာကြောင့် သူ့ရဲ့လမ်းကြောင်းကို ခန့်မှန်းရတာက ခုနကဖြစ်စဉ်လို ပိုပြီးခက်လာပြန်တယ်။ အလျင်မတိုးပေမဲ့ ရွေ့နိုင်တဲ့နေရာ ကျယ်လာတာကြောင့် အစီအစဉ်မကျမှုကလဲ တိုးလာတယ်၊ ဆိုရရင် အင်ထရိုပီပမာဏ တိုးလာတာပေါ့။

တကယ်လို့ ဘူးကိုဖွင့်လိုက်တာတောင် သူတို့က ဘူးရဲ့အပြင်ကို ထွက်မလာဘဲ ဘူးထဲမှာပဲ ဆက်ပြီးရွေ့နေကြမယ်ဆိုပါစို့၊ ဒါဆိုရင် သူတို့ရဲ့အလျင်ပမာဏရော ရွေ့နိုင်တဲ့နေရာအကျယ်အဝန်းရော မပြောင်းလဲဘူး၊  သူတို့ရဲ့ပရမ်းပတာဆန်မှုအခြေအနေ အင်ထရိုပီကလဲ တိုးမလာတော့ဘူး၊ မူလတန်ဖိုးအတိုင်းပဲ ဖြစ်နေမှာ။

အပေါ်ကဖြစ်စဉ် ၃ ခု (ဘူးကိုအပူပေးလိုက်တဲ့ဖြစ်စဉ်၊ အဖုံးဖွင့်လိုက်တဲ့ဖြစ်စဉ်၊ ဘူးထဲမှာပဲ မော်လီကျူးဆက်ရှိနေတဲ့ဖြစ်စဉ်) ကို လေ့လာကြည့်မယ်ဆိုရင် ဖြစ်စဉ်တိုင်းမှာ အင်ထရိုပီပမာဏက တိုးလာတာ ဒါမှမဟုတ် ကိန်းသေအတိုင်းရှိတာကိုပဲ တွေ့ရတယ်၊

အင်ထရိုပီပမာဏ လျော့လာတာ၊ ပရမ်းပတာဖြစ်မှု နည်းလာတာမျိုးကို လုံးဝမတွေ့ရဘူး။

သာမိုဒိုင်းနမစ်ဒုတိယနိယာမရဲ့ ဖွင့်ဆိုချက်နောက်တစ်ခုက ”သာမိုဒိုင်းနမစ်ဖြစ်စဉ်တိုင်းမှာ ဖြစ်စဉ်နဲ့ဆက်စပ်နေတဲ့ စနစ်တွေရဲ့ အင်ထရိုပီစုစုပေါင်းပမာဏက ဘယ်တော့မှလျော့မသွားဘူး” ဆိုတာပဲ။

ဒီတော့ လက်တွေ့ဘဝထဲက ဖြစ်စဉ်တွေရဲ့ အင်ထရိုပီကို လေ့လာကြည့်မယ် ။

ကြက်ဥတစ်လုံးက ခုံပေါ်ကနေ ကျကွဲတယ်ဆိုပါစို့၊ ကြက်ဥထဲကအရည်တွေ‌က မူလကြက်ဥထဲမှာရှိနေရာကနေ အပြင်ကိုထွက်ကျလာမယ်၊ ဒါဆိုရင် ကြက်ဥအစိတ်အပိုင်းတွေ (ဒါမှမဟုတ်) အရည်တွေဟာ မူလအစီအစဉ်ကျနေရာကနေ အစီအစဉ်မကျတဲ့အခြေအနေကို ပြောင်းလဲသွားကြတယ်၊ ဒါကြောင့် ကြက်ဥကျကွဲတဲ့ ဖြစ်စဉ်က သူတို့ရဲ့အင်ထရိုပီကို တိုးလာစေတယ်။

နောက် အိမ်တစ်လုံးကို ဘာမှမပြုပြင်ဘဲ ဒီတိုင်းထားလိုက်မယ်ဆိုပါစို့၊ သဘာဝရဲ့ (ရေ/လေ/အပူ) တိုက်စားမှုကြောင့် အိမ်ဟာ ယိုယွင်းပျက်စီးလာလိမ့်မယ်၊ အိမ်ဟာ သေသပ်လှပနေတဲ့ မူလအခြေအနေကနေ ပျက်စီးယိုယွင်းလာတဲ့ အခြေအနေကို ကူးပြောင်းသွားတယ်၊ ဒါကြောင့် တိုက်စားခြင်းဆိုတဲ့ ဖြစ်စဉ်ကလဲ အိမ်ရဲ့ အင်ထရိုပီပမာဏကို သိသိသာသာ တိုးလာစေတယ်။

ဒါဆိုရင် အစာစားကြမယ်ဆိုရင်ရော..

အစာစားကြတဲ့အခါမှာ အစာထဲက အစိတ်အပိုင်းတွေ စွမ်းအင်တွေက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအဖြစ် ဖွဲ့စည်းသွားကြမယ်၊ အစပိုင်း ရောက်ချင်ရာ ရောက်နေတဲ့ ရှိချင်တဲ့ နေရာရှိနေတဲ့ အဲ့ဒီအစာအစိတ်အပိုင်းတွေက လူရဲ့ တစ်သျှူးတွေထဲမှာ ဆဲလ်ပုံစံ အစီအစဉ်တကျဖြစ်လာကြတယ်၊

ဒါက အပေါ်ယံကြည့်မယ်ဆိုရင် အင်ထရိုပီလျော့လာတယ် အစီအစဉ်ပိုကျလာတယ်လို့ ထင်ရတယ်။ တကယ့်အခြေအနေမှာတော့ အင်ထရိုပီက လုံးဝလျော့မသွားဘူး၊ အစာစားတဲ့ဖြစ်စဉ်မှာ အစာအားလုံးက ဆဲလ်အဖြစ်ဖွဲ့စည်းသွားကြတာမဟုတ်ဘူး၊ အချို့က ရှူထုတ်လိုက်တဲ့ လေကနေတစ်ဆင့် ခန္ဓာကိုယ်အပြင်ကို ရောက်သွားမယ်၊ အချို့က မစင်အဖြစ် သဘာဝပတ်ဝန်းကျင်ထဲ စီးဆင်းသွားမယ်၊ အချို့က အပူစွမ်းအင်အဖြစ် အရေပြားကနေတဆင့် ဆုံးရှုံးသွားမယ်။ အစာစားခြင်းဆိုတဲ့ သာမိုဒိုင်းနမစ်ဖြစ်စဉ်က လူရဲ့အစာချေစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုစနစ်၊ အသက်ရှူအင်္ဂါစနစ် စတဲ့စနစ်အားလုံးနဲ့ ဆက်စပ်နေတဲ့အတွက် သူတို့ရဲ့ အင်ထရိုပီတွေကိုပါ လိုက်ပြီးတွက်ချက်ကြည့်မယ်ဆိုရင် အင်ထရိုပီက သိသိသာသာတိုးလာတယ်ဆိုတာ တွေ့ရလိမ့်မယ်။

ဒါကြောင့် အစာစားခြင်းဆိုတာကလဲ အင်ထရိုပီတိုးလာတဲ့ သာမိုဒိုင်းနမစ်ဖြစ်စဉ်တစ်ခုပဲ။

လက်တွေ့လောကထဲက ဖြစ်ရပ်တွေအားလုံးက အင်ထရိုပီတိုးလာတာ၊ ပရမ်းပတာပိုဆန်လာတာချည်းပဲ။ ကျွန်တော်တို့အနေနဲ့ ကွဲသွားတဲ့ကြက်ဥ အကောင်းပကတိပြန်ဖြစ်သွားတာ၊ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အိမ်တစ်လုံးက အကောင်းပကတိဖြစ်သွားတာ၊ ပင်လယ်ရေတွေက သဘာဝအလျောက် တောင်ပေါ်ကိုရောက်သွားတာ၊ ရေခွက်ထဲကရေက ရေအေးတစ်ဝက် ရေနွေးတစ်ဝက်ဖြစ်သွားတာမျိုးကို ဘယ်တော့မှမြင်တွေ့နိုင်မှာမဟုတ်ဘူး။ ဟာသဆန်ဆန်ပြောရရင် ရည်းစားဟောင်းကိုယ့်ဆီ စိတ်ပြန်လည်တာကလဲ အင်ထရိုပီလျော့နည်းတဲ့ဖြစ်စဉ်မို့ သဘာဝမှာ မမြင်တွေ့နိုင်ဘူး။

Written by – Julian Htet Aung

Edited by – Zwe Thukha Min

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Article #Thermodynamic #Second_Law #Part_2 #Entropy_Statement #Physics #Science

ဘာသာရေးနှင့် သိပ္ပံ (အခြေခံမှုအပေါ် လေ့လာသုံးသပ်ခြင်း)
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုး ဝတ်ပြုကြတဲ့အခါ အများဆုံး ရွတ်ဆိုလေ့ရှိတဲ့ စကားလုံးက ”ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ဆိုတာပဲ။

ဒီစကားက ”ဗုဒ္ဓဘုရားရှင်၊ ဗုဒ္ဓဟောကြားသော ဓမ္မတရားနဲ့ ဗုဒ္ဓ၏ သားတော် ရဟန်းသံဃာတော်များကို ယုံကြည်သက်ဝင် ကိုးကွယ်ပါ၏။” လို့ အဓိပ္ပာယ်ရတယ်။

ဒါဟာ ဘာသာတရားရဲ့အခြေခံကို ဖော်ပြတာပဲ။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ကြီးမြတ်မှု၊ ဗုဒ္ဓတရားတော်တွေရဲ့ မှန်ကန်မှု၊ ဗုဒ္ဓသားတော်တွေရဲ့ သီလစင်ကြယ်မှုတို့ကို ယုံကြည်ကြတယ်။ ဒီယုံကြည်မှုကြောင့်ပဲ ဗုဒ္ဓရဲ့ ကြီးမြတ်ခြင်းလက္ခဏာတွေအပေါ်မှာ ချီးမွမ်းဂုဏ်ပြုကြတယ်။ ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုပူဇော်ခြင်းဟာ ကြီးစွာသောကုသိုလ်ရတယ်လို့ သူတို့ ယုံကြည်ကြတယ်။ နောက်ပြီး ဥပုသ်နေ့‌တွေမှာ သီလဆောက်တည်ကြတယ်။ သီလဆောက်တည်ခြင်းဟာ နိဗ္ဗာန်အတွက်အထောက်အပံ့လို့ သူတို့ ယုံကြည်ကြတယ်။

အဲဒီလိုပဲ ဗုဒ္ဓရဲ့ သားတော်တွေဖြစ်တဲ့ သံဃာတော်တွေအပေါ်မှာလဲ ဆွမ်း၊ ကွမ်း စတာတွေကို ဆက်ကပ်လှူဒါန်းကြတယ်။ သီလရှိသူအပေါ် ဆည်းကပ်ခြင်းဟာ မှန်သော အကျင့်ဖြစ်တယ်၊ အဲ့ဒီပုဂ္ဂိုလ်တွေဟာ လမ်းမှန်ကို ရောက်အာင် လမ်းပြပေးနိုင်တယ်လို့ သူတို့ ယုံကြည်ကြတယ်။

သေဆုံးခါနီး လူသားတစ်ယောက်ကို သံဃာတော်တွေပင့်ပြီး သရဏဂုံသုံးပါး ဆောက်တည်ခိုင်းတယ်ဆိုတာလဲ ဒီယုံကြည်မှုကြောင့်ပဲ။ ‌ဗုဒ္ဓတရားတော်တွေအပေါ် သက်ဝင်ယုံကြည်မှုဟာ လမ်းမှန်ကို ရောက်စေတယ်။ လမ်းမှန်ကို ရောက်စေတဲ့အတွက် အပါယ်ငရဲကို မလားနိုင်တော့ဘူးလို့ ယုံကြည်ကြတယ်လေ။

ဗုဒ္ဓဘာသာဝင်တွေအပါအဝင် ကမ္ဘာပေါ်က ဘာသာဝင်အားလုံးဟာ ဒီလိုယုံကြည်မှုအပေါ်မှာ ဘယ်တော့မှ မေးခွန်းထုတ်လေ့မရှိဘူး။ ဟိန္ဒူဘာသာဝင်တွေအနေနဲ့ ဇာတ်စနစ်ဟာ လောကရဲ့အခြေခံအမှန်တရားတွေထဲက တစ်ခုလို့ သူတို့ ခံယူကြတယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ ဖန်ဆင်းရှင် အဖဘုရားသခင်ရဲ့ တည်ရှိမှုအပေါ် ဘယ်တော့မှ သံသယမဝင်ကြဘူး။ အစ္စလာမ်ဘာသာဝင်တွေဟာ အလ္လာဟ်ရဲ့ ကြီးမြတ်မှုအပေါ် အမြဲတမ်းယုံကြည်ကြတယ်။ အဲ့လိုပဲ ဗုဒ္ဓဘာသာဝင်တွေဟာ သစ္စာလေးပါးရဲ့ မှန်ကန်ခြင်းကို (အမြဲတမ်း) ယုံကြည်ကြတယ်။

ဒါနဲ့ ပတ်သက်ပြီး မြင်သာတဲ့ ဥပမာတစ်ခုကို ကျွန်တော်တင်ပြပါ့မယ်။ ကျွန်တော်ဆရာအဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ ကျောင်းသားတစ်ယောက်က စာမေးပွဲမှာ ရလဒ်ကောင်းရအောင် ဆုတောင်းပေးဖို့ ကျွန်တော့်ကို တောင်းဆိုတယ်။ ကျွန်တော်လဲ ဘာသာတရားအပေါ် သက်ဝင်ယုံကြည်မှုမရှိပေမဲ့ အဲ့ဒီကျောင်းသား စာမေးပွဲကိုစိတ်ချလက်ချဖြေနိုင်အောင် ဆုတောင်းပေးမယ်လို့ ပြန်ပြောလိုက်တယ်။ အဲ့ဒီစာမေးပွဲဖြေတဲ့နေ့က ကျွန်တော်မေ့ပြီး ဆုမတောင်းမိခဲ့ဘူး။ အဲ့ဒီကျောင်းသား စာမေးပွဲဖြေပြီးလို့ ပြန်လာတဲ့အခါ အဆင်ပြေခဲ့လားလို့ ကျွန်တော်မေးကြည့်ခဲ့တယ်။ ”ဆရာ ဆုမတောင်းလိုက်ဘူးမလား။ ကျွန်တော်သိပ်မဖြေနိုင်ခဲ့ဘူး။” လို့ ညှိုးငယ်တဲ့ ပုံစံနဲ့ သူက ပြန်မေးခွန်းထုတ်တယ်။

ကျွန်တော်လဲ ”ငါ ဆုတောင်းပေးလိုက်ပါတယ်။ မင်းဘာသာ စာမေးပွဲမှာ နည်းနည်းခြေချော်လက်ချော် ဖြစ်သွားတာ ဖြစ်မှာပါ။” လို့ မုသားနဲ့ ပြန်ချေပလိုက်တယ်။ သူ့ပြန်ဖြေလိုက်တဲ့ စကားကတော့ ”ဟုတ်လား။ ဒါဆို ဆရာဆုတောင်းတာ နည်းနည်းလိုသွားတယ်ထင်တယ်။ ကျွန်တော်နည်းနည်းပဲ ဖြေနိုင်ခဲ့တာ။ နောက်ဆိုရင် များများဆုတောင်းပေးနော်။” တဲ့။

ဝန်ခံရရင် သူ့ဆီက ဒီစကားကို ကျွန်တော် မမျှော်လင့်ခဲ့ဘူး။ တကယ်ဆုတောင်းခြင်း၊ မဆုတောင်းခြင်းအပေါ်မှာ ကျွန်တော်နဲ့ သူနဲ့ ငြင်းခုန်ရလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တာ။ အဲ့ဒီအစား ဘုရားသခင်ရဲ့ တည်ရှိမှုအပေါ် အကြွင်းမဲ့ယုံကြည်တဲ့ သူ့ရဲ့ စကားသာ ကြားလိုက်ရတယ်။ အဖေတစ်ယောက်က သားသမီးရဲ့ ပူဆာတောင့်တမှုကို ဘယ်တော့မှ မျက်ကွယ်မပြုသလိုမျိုး ဘုရားသခင်ကလဲ ကျွန်တော့်ရဲ့ ဆုတောင်းကို အရေးတယူပြုခဲ့လိမ့်မယ်။ အဲ့ဒီအရေးတယူပြုမှုဟာ အနည်းအများသာ ကွာဟခဲ့လိမ့်မယ်လို့ သူက ယုံကြည်ခဲ့တယ်။ ကျွန်တော့်ဘက်က တကယ်ဆုတောင်းခဲ့နေနေ၊ မဆုတောင်းခဲ့နေနေပေါ့။ (ဒီလိုယုံကြည်မှုအပေါ် လေးစားမှု‌ပေးတဲ့အနေနဲ့ နောက်နေ့တွေမှာတော့ ကျွန်တော်မပျက်မကွက် ဆုတောင်းပါတယ်။)

ဘာသာတရားဟာ ယုံကြည်မှုအပေါ် အခြေခံရတဲ့အတွက် ယုံကြည်မှုဆိုတဲ့ အရာမရှိတော့ရင် ဘာဖြစ်သွားမလဲ။ အကယ်၍ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓတရားတော်တွေအပေါ် သက်ဝင်ယုံကြည်မှုမရှိတော့ဘူးဆိုရင် ပုဂံက စေတီပုထိုးတွေဟာ သာမန်လည်ပတ်စရာနေရာတစ်ခု ဒါမှမဟုတ် ရှေးဟောင်းပြတိုက်တစ်ခုသာ ဖြစ်လာလိမ့်မယ်။ အဲ့ဒီလိုပဲ သာသနာ့ဝန်ထမ်းတွေဟာလဲ သာမန်အလှူခံပုဂ္ဂိုလ် (သူဖုန်းစား) ဖြစ်သွားလိမ့်မယ်။ (ဗုဒ္ဓဘာသာ အားနည်းတဲ့ တောင်တန်းဒေသတွေမှာ ဆွမ်းခံကြွတဲ့အခါ သူဖုန်းစားတစ်ယောက်လို ဆက်ဆံတာ ခံရလေ့ရှိတယ်လို့ သာသနာပြုရဟန်းတော်တချို့က ခရီးသွားဆောင်းပါးတွေမှာ ရေးသားဖော်ပြဖူးကြတယ်။)

ခရစ်ယာန်ဘာသာဝင်တွေသာ ဘုရားသခင်အပေါ် ယုံကြည်မှုမရှိတော့ရင် သမ္မာကျမ်းစာအုပ်ဟာ စိတ်ဝင်စားစရာ ဒဿနိကဗေဒကျမ်းတစ်ခု ဖြစ်သွားလိမ့်မယ်။ အစ္စလာမ်ဘာသာဝင်‌တွေသာ အလ္လာရှင်မြတ်အပေါ်  ယုံကြည်မှုမရှိတော့ရင် မက္ကာမြို့ဟာ လည်ပတ်သူ ခရီးသွားလျော့ကျသွားလိမ့်မယ်။

တခြားတစ်ဖက်မှာတော့ သိပ္ပံပညာဟာ မသိခြင်းနဲ့ ဝန်ခံခြင်းအပေါ်မှာ အခြေခံရတယ်။ မသိမှုကို ဝန်ခံရင်း မသိမှုကို လက်ခံလိုက်ရင်းနဲ့ သိပ္ပံပညာဟာ တိုးတက်လာရတယ်။ ဒီနေရာမှာ မသိခြင်းနဲ့ ဝန်ခံခြင်းဟာ ဆက်စပ်နေတယ်။ မသိတဲ့ လူတိုင်းဟာ မသိဘူး ဝန်ခံကြမယ်လို့ စာဖတ်သူအနေနဲ့ ထင်နိုင်တယ်။ တကယ်မသိဘဲနဲ့ သိတယ်လို့ လိမ်ညာတဲ့လူ ဒါမှမဟုတ် သိတယ်လို့ (ရိုးရိုးသားသား) မှားယွင်းထင်မြင်ယူဆတဲ့ လူတွေကို မြင်မိရင် မသိခြင်းနဲ့ ဝန်ခံခြင်းဟာ ဆက်စပ်မနေဘူးဆိုတာ နားလည်သွားပါလိမ့်မယ်။ မသိခြင်းအပေါ် ‌ဝန်ခံလိုက်ခြင်းဟာ သိလိုစိတ်ပြင်းပြမှုကို အားပေးသလို ဖြစ်သွားပြီး စမ်းသပ်မှုတွေ၊ လေ့လာမှုတွေ ဆက်လက်ဖြစ်ပေါ်သွားစေတယ်။ ဒီလိုနည်းနဲ့ပဲ သိပ္ပံပညာက ရပ်တည်နေတယ်။

ဒီနေရာမှာ ကျွန်တော့်ရဲ့ ပုဂ္ဂလအမြင် (Objective) တစ်ခုကို တင်ပြချင်ပါတယ်။ ကျွန်တော့်အနေနဲ့ စကြဝဠာရဲ့ အလုပ်လုပ်ပုံသဘောတရားတွေ၊ ကွမ်တမ်တွေ၊ နှိုင်းရသီအိုရီတွေ၊ လျှပ်စစ်သံလိုက်အသိပညာတွေကို လုံးဝနားမလည်သေးပါဘူး။ အဲ့လို လုံးဝနားမလည်သေးဘူးလို့လဲ ကိုယ့်ကိုယ်ကိုယ် အမြဲဝန်ခံမိတယ်။ ဒီလိုမသိခြင်းဟာ ကျွန်တော့်ရဲ့ သိလိုစိတ်ကို ဆွပေးသလိုဖြစ်ပြီး သိပ္ပံပညာအပေါ် ဆက်လက်လေ့လာစေတယ်။ မသိခြင်းမေးခွန်းတွေကို အဖြေရှာစေပါတယ်။ အကယ်၍ လောကရဲ့အလုပ်လုပ်ပုံတွေကို သိနေပြီးသားဖြစ်မယ် ဒါမှမဟုတ် သိနေပြီးသားလို့ ထင်မြင်ယူဆမယ်ဆိုရင် ဆက်လက်လေ့လာဖို့ဆိုတာ လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး။

ဒီလိုပုံစံတူဖြစ်ရပ်ကို ကျောင်းသား၊ ကျောင်းသူတွေမှာလဲ ကျွန်တော်မြင်တွေ့ရတယ်။ သင်ခန်းစာတစ်ပုဒ်ကို တကယ်နားလည်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ ကျောင်းသားတွေဟာ အဲ့ဒီသင်ခန်းစာကို ဆက်လက်လေ့လာလိုစိတ် နည်းပါးသွားလေ့ရှိတယ်။ ဒီလိုကျောင်းသားတွေထဲမှာ အသေအချာနားလည်သူရော၊ မှားယွင်းယုံကြည်သူရော ပါဝင်ပြီး သူတို့အနေနဲ့ ဆက်လက်လေ့လာဖို့ ပျင်းရိသွားတာ တွေ့ရတယ်။ တကယ်နားမလည်သေးဘူးလို့ ခံယူတဲ့ ကျောင်းသားတချို့တလေ‌ကတော့ သင်ခန်းစာရဲ့ အနှစ်သာရ၊ သဘောတရားကို ဆက်လက်ရှာဖွေလေ့လာကြတယ်။ ဒါက ပုဂ္ဂလအမြင်ဆန်လွန်းတယ်ဆိုပေမဲ့ အတိုင်းအတာတစ်ခုအထိ မှန်ကန်မယ်လို့တော့ ကျွန်တော်ယူဆပါတယ်။

သိပ္ပံပညာဟာ လောကကြီးအပေါ် မသိနားမလည်ခြင်း၊ ဒီလိုမသိနားမလည်ခြင်းကို အမှန်တကယ်ဝန်ခံခြင်းနဲ့ ရပ်တည် လည်ပတ်နေတယ်။ ရူပဗေဒပညာရှင်တွေဟာ ဟစ်ဂ်ဘိုဆွန်အမှုန်ကို ရှာဖွေတွေ့ရှိခဲ့ပြီးပြီ။ ဒါပေမဲ့ ကွမ်တမ်လောကမှာ ဒြပ်ဆွဲငင်မှု ဘယ်လိုအလုပ်လုပ်သလဲဆိုတာ နားမလည်သေးဘူး။ ဒီလိုနားမလည်မှုကို ဝန်ခံရင်းနဲ့ပဲ အရာရာတိုင်းရဲ့သီအိုရီ (TOE – Theory of everything) ကို ရှာဖွေနေကြတယ်။

အာရုံကြောသိပ္ပံမှာဆိုရင် ကျွန်တော်တို့ဟာ စိတ်ခံစားမှုတွေကို လွှမ်းမိုးတဲ့ ဦးနှောက်တွင်း ဓာတုပစ္စည်းတွေအကြောင်းကို တွေ့ရှိခဲ့ပြီးပြီ။ အာရုံခံစားမှုတွေ၊ အတွေးတွေဟာ နျူရွန်တွေကြားက လျှပ်စစ်အချက်ပြတွေကြောင့် ဖြစ်တယ်ဆိုတာလဲ နားလည်ခဲ့ပြီးပြီ။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေဟာ သိစိတ်ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ မေးခွန်းကို မဖြေနိုင်သေးဘူး။ ပိုဆိုးတာက သိစိတ်ဆိုတာ ဘာကြီးလဲဆိုတဲ့ အရိုးရှင်းဆုံးမေးခွန်းကိုတောင် အဖြေမသိသေးဘူး။ ဒီလိုမသိမှုကို ဝန်ခံရင်းနဲ့ သိစိတ်ရဲ့ပဟေဠိကို ကြိုးစားရှာဖွေနေကြ၊ သုတေသနပြုနေကြတယ်။

စကြဝဠာဗေဒမှာဆိုရင် ပညာရှင်တွေဟာ စကြဝဠာအစောပိုင်းကာလ စက္ကန့်ပိုင်းအထိ နားလည်နေပြီ။ ဒါပေမဲ့ မဟာပေါက်ကွဲမှု ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ကြသေးဘူး။ ဒီလို မဖြေနိုင်တာကို ဝန်ခံရင်းနဲ့ပဲ ပိုကောင်းတဲ့ သီအိုရီတွေကို ရှာဖွေလေ့လာနေကြတယ်။

တကယ်တော့ မသိခြင်းနဲ့ လူသားဟာ အတူယှဉ်တွဲလေ့ရှိတာမို့ မထူးဆန်းပါဘူး။ ဒါပေမဲ့ မသိခြင်းကိုဝန်ခံမှုကတော့ သိပ္ပံပညာအပေါ်  ကြီးမားတဲ့ တိုးတက်မှုဖြစ်ပေါ်စေတယ်လို့ ကျွန်တော်ယူဆတယ်။

အဆုံးသတ်ရရင်တော့ ဘာသာရေးဟာ ယုံကြည်မှုကို အခြေခံတယ်။ ဘာသာတရားရဲ့ အယူအဆတွေဟာ တကယ်တရားလား၊ တကယ်မှန်ကန်လား၊ တကယ်ပဲ လမ်းမှန်ကို ပြသနိုင်လား စတဲ့ မေးခွန်းတွေကို မေးစရာမလိုအပ်ဘူး။ ဘာသာဝင်တွေအတွက် ဘာသာရေးအပေါ် ယုံကြည်နေဖို့သာလိုအပ်တယ်။ သိပ္ပံပညာကတော့ မသိခြင်းကို ဝန်ခံရမယ်။ အဲ့လိုဝန်ခံပြီး မေးခွန်းထုတ် ကျိုးကြောင်းသင့် တွေးခေါ်၊ လေ့လာ၊ အဖြေရှာ ဆန်းစစ်ရတယ်။ သိပ္ပံပညာကို လက်ခံသူတွေအနေနဲ့ ကိုယ့်ရဲ့မသိမှုကို ဝန်ခံဖို့သာ လိုအပ်ပါတယ်။

Written by – Julian Htet Aung

Edited by – Ingyin Khin

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Editorial #Science #Religious #Article #Science_&_Religous_Analysis

Second Law of Thermodynamics (သာမိုဒိုင်းနမစ်ဒုတိယနိယာမ)
(သာမိုဒိုင်းနမစ်စနစ်ဖွင့်ဆိုချက်၊ အင်ဂျင်ဖွင့်ဆိုချက် – Engine Statement၊ ကယ်လ်ဗင်ပလန့်ခ်ဖွင့်ဆိုချက် – Kelvin-Planck Statement)

အပူအင်ဂျင်တွေဆိုတာ သူတို့ဆီဝင်လာတဲ့ အပူစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ သာမိုဒိုင်းနမစ်စနစ်တွေပါ။ အလုပ်လုပ်ပုံအရ အပူချိန်များရင်းမြစ် ( Hot Reservoir ) တစ်ခုကနေ အင်ဂျင်ဆီကို အပူစွမ်းအင်တွေ ပို့လွှတ်ပေးမယ်၊ အဲ့ဒီအပူတွေရဲ့ တစိတ်တပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် အင်ဂျင်ကပြောင်းလဲပေးလိုက်မယ်၊ ကျန်တဲ့အပူစွမ်းအင်တွေ အားလုံးကတော့ အပူချိန်နည်းရင်းမြစ် (Cold Reservoir) ဆီကို စီးဆင်းသွားလိမ့်မယ်။ ဒီလိုလုပ်ဆောင်ပုံက ထပ်ခါတလဲလဲဖြစ်ပေါ်ပြီး အင်ဂျင်ကို လည်ပတ်လှုပ်ရှား‌စေတယ်။

ရေနွေးငွေ့အင်ဂျင်တွေမှာဆိုရင် လောင်ကျွမ်းနေတဲ့ မီးတောက်တွေ၊ ရေနွေးငွေ့တွေက အပူချိန်များ ရင်းမြစ်အဖြစ် လုပ်ဆောင်ပေးကြတယ်။ အအေးခံတဲ့ရေနဲ့ ပြင်ပလေကတော့ အပူချိန်နည်းရင်းမြစ်ကို ကိုယ်စားပြုတယ်။ အဲ့တော့ အပူချိန်များ ရင်းမြစ် မီးတောက်တွေဆီက အပူစွမ်းအင်တွေဟာ ရေနွေးငွေ့အင်ဂျင်ဆီကို စီးဆင်းသွားမယ်၊ ရေနွေးငွေ့အင်ဂျင်က အဲ့ဒီအပူစွမ်းအင်ရဲ့ တစိတ်တပိုင်းကို အလုပ်ပြီးမြောက်မှု (ပစ်စတင်အတက်အကျ) အဖြစ် ပြောင်းလဲပေးမယ်၊ ကျန်တဲ့ အပူစွမ်းအင်အားလုံးကိုတော့ အပူချိန်နည်းရင်းမြစ်ဖြစ်တဲ့ အအေးခံရေတွေ၊ ပြင်ပလေတွေဆီ စီးဆင်းသွားစေမယ်၊ ဒီလိုဖြစ်ရပ်က စည်းချက်ကျကျထပ်ခါတလဲလဲဖြစ်နေပြီး အင်ဂျင်ကိုလည်ပတ်လှုပ်ရှားစေတယ်။

လူသားတွေရဲ့ခန္ဓာကိုယ်မှာဆိုရင် ဆဲလ်တွေရဲ့ အတွင်းထဲက မိုက်တိုခွန်ဒရီးယား (Mitochondria) က ဂလူးကို့စ် (Glucose) ကို ဖြိုခွဲပြီး အပူစွမ်းအင်ကို ထုတ်ပေးတယ်၊ အဲ့တော့ မိုက်တိုခွန်ဒရီးယား (ဒါမှမဟုတ်) ဂလူးကို့စ်ဟာ အပူချိန်များရင်းမြစ်ဖြစ်တယ်လို့ ယူဆလို့ရတယ်၊ သူတို့ဆီကလာတဲ့ အပူစွမ်းအင်တွေက ကြွက်သား တစ်သျှူးတွေဆီကို စီးဆင်းသွားမယ်၊ ကြွက်သားတွေက ရွေ့လျားလှုပ်ရှားကြရင်း အဲ့ဒီ အပူစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲပေးမယ်၊ ကျန်တဲ့ အပူအားလုံးကတော့ အပူချိန်နည်းရင်းမြစ်ဖြစ်တဲ့ ‌ပြင်ပလေထုထဲကို စီးဆင်းသွားမယ်။ ဒီဖြစ်ရပ်ဟာ ထပ်ခါတလဲလဲဖြစ်ပေါ်နေပြီး လူသားတွေကိုရှင်သန်စေတယ်။

အင်ဂျင်တစ်ခုစွမ်းဆောင်ရည်ကောင်းခြင်း၊ မကောင်းခြင်းဟာ သူ့ဆီဝင်လာတဲ့ အပူစွမ်းအင်ကို အလုပ်ပြီးမြောက်မှုအဖြစ် ဘယ်လောက်ပမာဏအထိ ပြောင်းလဲပေးနိုင်သလဲဆိုတဲ့ အချက်အပေါ် မူတည်တယ်။ အလုပ်ပြီးမြောက်မှုအဖြစ် များများပြောင်းလဲပေးနိုင်လေလေ စွမ်းဆောင်ရည်ကောင်းလေလေပဲ၊ နည်းနည်းပဲပြောင်းလဲပေးနိုင်တယ်ဆိုရင်တော့ စွမ်းဆောင်ရည်နည်းမှာပေါ့။ ဥပမာဆိုပါစို့၊ အင်ဂျင်တစ်လုံးဆီကို အပူစွမ်းအင် 100 J ပမာဏဝင်လာမယ်၊ အဲ့ဒီထဲက 60 J ကို အလုပ်ပြီးမြောက်မှုအဖြစ် အင်ဂျင်ကပြောင်းလဲပေးလိုက်မယ်၊ ဒါဆိုရင် အင်ဂျင်ဟာ စွမ်းဆောင်ရည် ၆၀% ရှိတယ်လို့ ပြောလို့ရတယ် (၁၀၀ ထဲက ၆၀ ကို အလုပ်အဖြစ်ပြောင်းပေးနိုင်လို့)။ နောက်အင်ဂျင်တစ်ခုကတော့ အဲ့ဒီအပူစွမ်းအင် 100 J ထဲက 40 J ပမာဏကိုပဲ ပြောင်းလဲပေးနိုင်မယ်ဆိုပါစို့၊ ဒါဆိုရင်တော့ သူဟာ စွမ်းဆောင်ရည် ၄၀% ပဲရှိတယ် (၁၀၀ ထဲက ၄၀ ကိုပဲ အလုပ်အဖြစ်ပြောင်းပေးနိုင်လို့)။ တကယ်တော့ စွမ်းဆောင်ရည်ဆိုတာ ဘယ်လောက်ပေးပြီး ဘယ်လောက်ပြန်ရသလဲဆိုတာနဲ့ ဆင်တူတယ်။ ကိုယ်က စွမ်းအင် ၁၀၀ ပေးလိုက်မယ် ဒါပေမဲ့ အလုပ်ပြီးမြောက်မှု ၅၀ လောက်ပဲ ပြန်ရလာမယ်၊

၅၀ လောက်ပဲရှိတဲ့  စွမ်းဆောင်ရည်ကောင်းဖို့ ဆိုရင်တော့ အဲ့ဒီ ၅၀ ထက်ပိုရအောင် ကြိုးစားရမယ်၊ ပြောရရင် ရနိုင်သလောက် ပြန်ယူနိုင်ရမယ်ပေါ့။

အဲ့တော့ မေးစရာရှိတာက အင်ဂျင်တွေ၊ စနစ်တွေက စွမ်းအင်အားလုံးကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲမပေးနိုင်ဘူးလား။

သာမိုဒိုင်းနမစ်ဒုတိယနိယာမရဲ့ အရိုးရှင်းဆုံးဖွင့်ဆိုချက်က

”ဘယ်လိုသာမိုဒိုင်းနမစ် စနစ်ကမှ စွမ်းအင်အားလုံးကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲမပေးနိုင်ဘူး ၊ စွမ်းဆောင်ရည် ၁၀၀% ရှိတဲ့အင်ဂျင်ဆိုတာလဲ ဘယ်တော့မှဖြစ်မလာနိုင်ဘူး” ။

ဒီဖွင့်ဆိုချက်အရ ကျွန်တော်တို့အနေနဲ့ စွမ်းအင်ရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ အသုံးချလို့ရနိုင်တယ်၊ စွမ်းအင်အားလုံးကို အသုံးချဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သဘာဝတရားကြီးက ကျွန်တော်တို့ကို စွမ်းအင်အလျှံအပယ်ပေးထားတယ်ဆိုရင်တောင် အဲ့ဒီအလျှံအပယ်ရဲ့အကန့်အသတ်ကိုပဲ ထိန်းချုပ်ခွင့်ရှိတယ်၊ အားလုံးကိုထိန်းချုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

ရေအားလျှပ်စစ်ထုတ်စက်ရုံတွေဟာ ဆည်ထဲက‌ ရေရဲ့ အတည်စွမ်းအင်အားလုံးကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲမပေးနိုင်ဘူး။ လေအားလျှပ်စစ်ထုတ် တာဘိုင်တွေကလဲ လေရဲ့အရွေ့စွမ်းအင်အားလုံးကို လျှပ်စစ်စွမ်းအင်ဖြစ်လာအောင် စွမ်းဆောင်မပေးနိုင်ဘူး။ ဆိုလာပြားတွေအတွက်လဲ အလင်းအားလုံးကို လျှပ်စစ်ဓါတ်အားအဖြစ်ပြောင်းပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရဲ့ သက်ရှိခန္ဓာကိုယ် ကိုယ်တိုင်ကတောင် စွမ်းအင်အားလုံးကို လိုသလို မထိန်းချုပ်နိုင်ဘူး (ဇီဝရုပ်ဖြစ်ပျက်မှုကထွက်လာတဲ့ စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ ဆဲလ်ကွဲပွားဝာာတွေ၊ သွေးပို့လွှတ်တာတွေ၊ တခြားလုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုနိုင်တယ်၊ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက အရေပြားကနေတစ်ဆင့် ပြင်ပလေထုထဲကို အပူအဖြစ် အဆီးအတားမရှိ စီးဆင်းသွားတယ်)။

ယုတ္တိကျကျတွေးကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ဒီ အသုံးချမှုပုံစံကို လက်ပိုက်ကြည့်နေကြမှာတော့ မဟုတ်ဘူး၊ အရာရာ လောဘကြီးတဲ့ လူသားထုအနေနဲ့ စွမ်းအင်အားလုံးကို အသုံးချနိုင်ဖို့ကြိုးစားကြမှာပဲ။

အင်ဂျင်ရဲ့ လည်ပတ်တဲ့ အစိတ်အပိုင်းတွေအကြားမှာ ပွတ်အားတစ်ခုခုရှိနေရင် ပွတ်အားကြောင့် စွမ်းအင်လေလွင့်ရတယ်၊ ဒါကြောင့် ပွတ်အားမရှိအောင် ချောဆီတွေထည့်ပြီး ပြုပြင်ကြမယ်။ ရေအားလျှပ်စစ်စက်ရုံတွေမှာ တာဘိုင်ရဲ့ ဒီဇိုင်းက စွမ်းဆောင်ရည်ကို အများကြီး လွှမ်းမိုးတယ်၊ ဒါကြောင့် တာဘိုင်ရဲ့ဒီဇိုင်းကို စွမ်းဆောင်ရည်မြင့်အောင် တည်ဆောက်မယ်။ လေအားလျှပ်စစ်ထုတ်စက်တွေမှာလဲ လေအားရယူတဲ့ လေယက်တွေရဲ့ ဒီဇိုင်းကို စွမ်းဆောင်ရည်ပိုကောင်းလာအောင် ပြုပြင်ပြောင်းလဲမယ်။ ဆိုလာပြားတွေကိုလဲ ဒီထက်ပိုကောင်းလာအောင် လုပ်ဆောင်ကြမယ်။ နောက်ဆုံး ကျွန်တော်တို့ ခန္ဓာကိုယ်ကိုတောင် အပူကာပစ္စည်းတွေ တပ်ဆင်ပြီး စွမ်းအင်ကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးစားကြမယ် (ရူးကြောင်ကြောင်နိုင်ပေမဲ့)။

ဘယ်လိုနည်းလမ်းတွေပဲ အသုံးပြုပါစေ၊ ကျွန်တော်တို့ အနေနဲ့ စွမ်းအင်ကို အပြည့်အဝရယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ နည်းပညာလိုအပ်ချက်ကြောင့် မဟုတ်ဘဲ သဘာဝတရားရဲ့ ကန့်သတ်ထားမှု၊ ဝာားမြစ်ထားမှုကြောင့်သာဖြစ်တယ်။သာမိုဒိုင်းနမစ်ပထမနိယာမက စွမ်းအင်တည်မြဲမှုကို ဖွင့်ဆိုတယ်၊ စွမ်းအင်ကို ဖန်တီးလို့မရသလို ဖျက်စီးလို့လဲမရဘူး၊ ၁၀၀ပေးရင် ၁၀၀ အတိုင်းပဲ အပိုအလို မရှိ ပြန်ထွက်လာရတယ်။ သာမိုဒိုင်းနမစ် ဒုတိယနိယာမကတော့ စွမ်းအင်ရရှိနိုင်မှု အတိုင်းအတာကို ဖွင့်ဆိုတယ်၊ ၁၀၀ ပေးလိုက်လို့ ၁၀၀ အတိုင်း ပြန်ထွက်လာတာ မှန်ပေမဲ့ အဲ့ဒီ ၁၀၀ လုံးကို ကျွန်တော်တို့အကျိုးအတွက် အသုံးမချနိုင်ဘူး၊ အဲ့ဒီ ၁၀၀ ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ အသုံးချနိုင်၊ ထိန်းချုပ်နိုင်တယ်။

Written by – Julian Htet Aung

Edited by – Mori

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Physics #Thermodynamics #Second_law #Engine_Statement #Kelvin_Planck_Statement #Article

Periodic Table မှာ ဒြပ်စင်အသစ်တွေ ထပ်ထည့်လို့ ရနိုင်လား။
သဘာဝကြောင့် ဖြစ်တည်လာတာမဟုတ်ဘဲ လူတွေ တီထွင်ထားတဲ့ Artificial Element တွေကို Period Table တွေမှာ 1940 ခုနှစ်ကတည်းက ထည့်သွင်းပြီး အသုံးပြုနေခဲ့ကြတာပါ။ ဒါပေမဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတိုင်းကိုတော့ လက်ခံတာမဟုတ်ပါဘူး။ လိုက်နာရမဲ့ စံသတ်မှတ်ချက်တွေလဲ ရှိနေပါသေးတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ Periodic Table (ဒြပ်စဉ်အလှည့်ကျဇယား) ထဲ ဒြပ်စင်အသစ်တွေ ထပ်ထည့်လို့ ရနိုင်လား၊ ဒြပ်စင်အသစ်တွေ ထည့်ဖို့ ဘယ်လို အဆင့်တွေ သတ်မှတ်ချက်တွေနဲ့ ညီမှ ရတာလဲ။ ဒီအကြောင်းတွေကို ဆွေးနွေးကြည့်ကြပါ့မယ်။

Modern Period Table ဟာဆိုရင်တော့ ဓာတုဗေဒနယ်ပယ်ထဲမှာ အစပျိုးလုပ်ဆောင်နေဆဲ တီထွင်မှုတွေထဲက တစ်ခုလဲ ဖြစ်ပါတယ်။

သမားရိုးကျတီထွင်မှုမဟုတ်တဲ့အပြင် လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ခုခုကနေ တီထွင်လိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာပစ္စည်းလဲ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင်တော့ ဒီလိုထုတ်ဖို့အတွက် သိပ္ပံပညာရှင်ပေါင်းများစွာရဲ့ ပူးပေါင်းကူညီလုပ်ဆောင်ချက်တွေနဲ့ နှစ်ပေါင်း ၁၃၀ ကျော်ကြာတဲ့အထိ ရလဒ်တစ်ခုရအောင် ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစားမှုကြောင့် ၁၉၁၃ ခုနှစ်မှာ Henry Moseley ရဲ့ ခေတ်သစ် Period Table ဆိုပြီး လှပတဲ့ အဆုံးသတ်တစ်ခု ရလဒ်တစ်ခု ရရှိခဲ့ပါတယ်။

Period Table မှာရှိတဲ့ ဒြပ်စင်တွေဟာ သူတို့တွေရဲ့ ဒြပ်သဘောအပြုအမူတွေ အပေါ် မူတည်ပြီး သေ‌သေချာချာ စနစ်တကျ စီစဉ်ထားတာကြောင့် Atomic sizes, Electronegativity, Ionisation enthalpy စတဲ့ ဂုဏ်သတ္တိတွေကို ဇယားကြည့်ရုံနဲ့ လွယ်လင့်တကူ သိရှိလေ့လာနိုင်ပါတယ်။

စာဖတ်သူတွေ အတွက် အပိုင်း ၄ ပိုင်းခွဲပြီး ဆွေးနွေးကြည့်ချင်ပါတယ်။

ပထမဆုံးအနေနဲ့ ..

“Period Table” မှာ နောက်ဆုံးမြောက် ဒြပ်စင်ထပ်ထည့်တာကို ဘယ်အချိန်က ပြုလုပ်ခဲ့တာလဲ။

Period Table မှာ ဒြပ်စင် ၁၁၈ ခု ရှိပြီး အဲ့ထဲက ၉၂ ခုကတော့ သဘာဝအတိုင်း ဖြစ်တည်လာတာဖြစ်ပြီး ကျန်တဲ့ ဒြပ်စင်တွေကတော့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတာပါ။

ပထမဆုံးအနေနဲ့ သဘာဝအတိုင်းရှိတဲ့ ဒြပ်စင် ၉၂ ခုမှာ Technetium (Z=43) နဲ့ Promethium (Z=61) တို့ဟာ synthetic နည်းအရ ဖန်တီးထားတာ ဖြစ်ပေမဲ့ ကမ္ဘာမြေပေါ်မှာ သူတို့နဲ့ ပုံစံတူ ပမာဏအနည်းငယ်ကို တွေ့ရှိခဲ့ဖူးပါတယ်။ ပြီးတော့ ဒီဒြပ်စင်တွေကို ကမ္ဘာနဲ့ အဝေးကြီးမှာရှိတဲ့ ကြယ်တွေပေါ်မှာလဲ တွေ့ရနိုင်ပါသေးတယ်။ ဒီအချက်တွေကြောင့် Technetium နဲ့ Promethium တို့ကို သဘာဝအတိုင်း ဖြစ်တည်လာတာဆိုပြီး သတ်မှတ်လိုက်ကြပါတယ်။

Uranium (Z=92) နောက်မှာရှိတဲ့ ဒြပ်စင်တွေအားလုံးကတော့ လူတွေ တီထွင်ထားတဲ့ artificial element တွေဖြစ်ကြပြီးတော့ Trans-Uranium လို့လဲ တစ်မျိုးပြောင်းခေါ်ကြပါသေးတယ်။

၁၉၁၃ ခုနှစ်နောက်ပိုင်းမှာဆိုရင်လဲ ဓာတုဗေဒပညာရှင်တွေဟာ ဒြပ်စစ်အသစ်တွေကို ဓာတ်ခွဲခန်းထဲမှာ ဆက်လက်လေ့လာခဲ့ပြီး IUPAC စည်းမျဥ်း‌တွေအတိုင်းလိုက်နာကာ Table မှာ ဆက်လက်ထည့်သွင်းခဲ့ပါတယ်။ ပထမဆုံး Transuranic element ကတော့ Neptunium (Z=93) ဖြစ်ပြီး ၁၉၄၀ ခုနှစ်မှာတွေ့ရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ဒြပ်စင်အသစ်တစ်ခုစီကို ပျမ်းမျှအနေနဲ့ ၂ နှစ်ခွဲကို တစ်ကြိမ် ထည့်သွင်းခဲ့ပါတယ်။ နောက်ဆုံးအကြိမ် ထည့်ခဲ့တဲ့ ၁၁၈ ခုမြောက် ဒြပ်စင် Oganesson (Z=118) ကတော့ ရုရှားသိပ္ပံပညာရှင် Yuri Tsolakovich Oganessian ကို အစွဲပြုပေးထားတဲ့ နာမည်တစ်ခုဖြစ်ပြီး 2018 ခုနှစ်မှာ ထည့်သွင်းခဲ့တာပါ။

ဒီဒြပ်စင်ဟာ Period 7 ကို ပြည့်စုံစေခဲ့တဲ့အပြင် Period 8 ရဲ့ လေ့လာမှု အသစ်တွေကိုပါ လမ်းစဖွင့်စပေးနိုင်ခဲ့ပါတယ်။

ဒါဆိုရင် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုကို ဆက်ကြည့်ကြရအောင်။

“ဒြပ်စင်တွေကို သဘာဝအတိုင်း ဘယ်သူလုပ်ခဲ့တာလဲ။”

နာမည်ကျော် နက္ခတ္တပညာရှင်ကြီး ကားလ်စေဂန် က ပြောခဲ့ပါတယ်။ “ကျွန်တော်တို့အားလုံးဟာ ကြယ်တွေရဲ့ ဒြပ်အကြွင်းအကျန်တွေကနေ ဖြစ်တည်လာတာပါ”တဲ့။

Carl Sagan ပြောချင်တဲ့ အဓိပ္ပာယ်က ကျွန်မတို့ လူသားတွေဆိုတာ မဖြစ်ခင်က Big Bang လို့ ခေါ်တဲ့ မဟာပေါက်ကွဲမှုကြီးရှိခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြီးက တဆင့် ကြယ်တွေ မွေးဖွားလာကြပြီး အဲ့ဒီကြယ်ကြီးတွေ ပေါက်ကွဲသေဆုံးတဲ့အခါ သူတို့ရဲ့ ဗဟိုဝတ်ဆံကို ဖွဲ့စည်းထားတဲ့ လောင်စာဒြပ်စင်တွေ ပေါက်ကွဲလွင့်စင်ကုန်ပါတယ်။ အဲ့ဒီလိုနဲ့ တဖန် အဲ့ဒီဒြပ်တွေ ပေါင်းစုစည်းဝေးမိလို့ ကြယ်တာရာတွေ၊ ဂြိုဟ်တွေ အသစ်ပြန်မွေးဖွားလာကြရင်း ကျွန်တော်တို့လို သက်ရှိတွေကိုလဲ အဲ့ဒီဒြပ်စင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားကြတာပါ။ နမူနာအနေနဲ့ ကျွန်မတို့ ကိုယ်ထဲမှာရှိတဲ့ အရိုးအဆစ်တွေထဲမှာ Calcium ရှိတဲ့အပြင် ကျွန်မတို့သွေးထဲမှာ သံဓာတ်လို့ ခေါ်တဲ့ Iron လဲ ရှိပါတယ်။ ဒါကြောင့် စကြာဝဠာထဲကဒြပ်စင်တွေ၊ ကမ္ဘာကြီးမှာ ပါဝင်နေတဲ့ ဒြပ်စင်တွေ၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ဒြပ်စင်တွေဟာ ကြယ်သေဆုံးမှုတွေက လွင့်လာတဲ့ အကြွင်းအကျန်အမှုန်အမွှားတွေဖြစ်ကြပါတယ်။ ကျွန်မတို့လူသားတွေဟာလည်း စကြာဝဠာထဲက ဓာတ်ငွေ့အမှုန်အမွှားသာသာပါပဲလို့ ဆိုလိုချင်တာပါ။

ဒြပ်စင်တွေကို တီထွင်တယ်ဆိုတာဟာ ဘုရားသခင်တွေမှာရှိတဲ့ စွမ်းအားတွေကို ရရှိတာနဲ့ အတူတူပဲလို့ ပြောချင်တယ်။ သဘောကတော့ ဒြပ်စင်တစ်ခုကို အသစ်တီထွင်နိုင်တယ်ဆိုတာမျိုးက အတော်ကြီးကို ကျပ်တဲ့ ကိစ္စပေါ့လေ။ ရှိသမျှ အသိပညာ၊ ခွန်အား၊ ငွေကြေးတွေ အားစိုက်ထုတ် သုံးပြီးမှ ရလာမဲ့ အကျိုးအမြတ်တစ်ခု ဖြစ်တာပေါ့ .. ဒါကြောင့်လဲ ပညာရှင်တွေက ဒြပ်စင်တွေကို ဘုရားသခင်ရဲ့ စွမ်းအားလို့ တင်စားကြတာပါ။ (ဘုရားသခင်ဆိုတာလဲ သဘာဝတရားကို တင်စားခေါ်ဝေါ်လိုတာမျိုး ဖြစ်ပါလိမ့်မယ်။)

ဒြပ်စင်အသစ်ကို ဖန်တီးဖို့ဆိုရင် အရင်မူလက ဒီတိုင်းရှိနေတဲ့ ဒြပ်စင်အဟောင်းတွေကို အသုံးပြုပြီး ဖန်တီးမှသာ ရနိုင်ပါမယ်။ ဒါကြောင့်ပဲ ရှိသမျှ ဒြပ်စင်တွေက တစ်ခုကို တစ်ခုမှီခိုပြီး ဆက်လက်ရပ်တည်နေကြတာမျိုးပါ။ မဟာပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပြီးတဲ့နောက် အစောပိုင်းမှာ Hydrogen (Z=1) နဲ့ Helium (Z=2) ဆိုတဲ့ ဒြပ်စင်နှစ်ခုပဲ အများဆုံး ရှိပါသေးတယ်။ နှစ်‌သန်းအများကြီး ကြာပြီးတဲ့ နောက်တော့ ဒီဒြပ်စင်နှစ်ခုရဲ့ nuclei တွေဟာ အချင်းချင်းပေါင်းစပ်သွားခဲ့ပြီး ကျွန်မတို့သိတဲ့ တခြားအမျိုးမျိုးသော ဒြပ်စင်တွေ ဖြစ်လာပါတော့တယ်။ အဓိကက ကြယ်တွေရဲ့ ဗဟိုဝတ်ဆံက စွမ်းအင်ထုတ်လုပ်တဲ့ နေရာမှာ ဒြပ်စင်တွေ အချင်းချင်း အဆင့်ဆင့် ပေါင်းစပ်ဖွဲ့စည်းတဲ့ ဖျူရှင်သဘောနဲ့ အသစ်ဖြစ်တည်လာတာပေါ့လေ။

စာဖတ်သူတွေ မေးလာနိုင်ပါတယ်။ “ဒါဆိုရင် အဲ့ဒီ artificial နည်းအရ ရှိနေတဲ့ ဒြပ်စင်တွေကိုရော ဘယ်လိုဖန်တီးလိုက်တာလဲ။”

ဒြပ်စင်အသစ်တွေကို အခြေခံအားဖြင့် အဏုမြူတွေ ပေါင်းစပ်ခြင်း၊ ပြိုကွဲခြင်း (fission – fusion) ဆိုတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြုလုပ်ကြတာဖြစ်ပါတယ်။

Atomic number ကြီးတာတွေနဲ့ ဒြပ်စင်တွေကို ဖန်တီးတဲ့ အခါတွေမှာဆိုရင်တော့ အဏုမြူ ပြိုကွဲခြင်းဖြစ်စဉ်ကို အသုံးပြုတာ နည်းပါတယ်။ ဘာလို့လဲဆိုရင်တော့ ဒီလို ဒြပ်စင်တွေကို ဖန်တီးတဲ့အခါမှာ လိုအပ်တဲ့ Atomic Number ကြီးတဲ့ ဒြပ်စင်တွေဟာ စကြ၀ဠာမှာ လုံ‌လုံလောက်လောက် မရှိတဲ့အပြင် ရှာဖွေဖို့ ခက်ခဲတာကြောင့် ကျွန်မတို့လဲ ဒါတွေကို အခြေခံ ဆောင်ရွက်ဖို့ရာက ခက်ခဲလှပါတယ်။

အဏုမြူပြိုကွဲခြင်းဖြစ်စဉ်ဟာ ကြယ်တွေရဲ့ ဗဟိုချက် စွမ်းအင်ထုတ်လုပ်တဲ့ နေရာမှာ အဓိက ဖြစ်ပေါ်တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ပြန်လည် ဖန်တီးဖို့က အတော်ကို မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ကြယ်တွေရဲ့ ဗဟိုကလိုမျိုး အပူချိန်နဲ့ ဖိအားမျိုး ကမ္ဘာပေါ် ပြန်ဖန်တီးနိုင်ဖို့က လက်ရှိအချိန်တော့ မဖြစ်နိုင်သေးပါဘူး။

အဲ့ဒီလိုလုပ်မဲ့အစား သိပ္ပံပညာရှင်တွေဟာ အလင်းအမြန်နှုန်း တစ်စိတ်တစ်ပိုင်းလောက်ရှိတဲ့အထိ အရှိန်တစ်ခုကို တင်လိုက်ပြီး ဒြပ်စင်တွေကို တစ်ခုနဲ့တစ်ခု ပစ်တိုက်ကြည့်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါမှာတော့ ဒြပ်အချင်းချင်း ပွတ်တိုက်မှုတွေကနေ အခြေခံဆန်ဆန်နဲ့ စည်းချက်ညီညီ တွန်းကန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ Cyclotron နဲ့ Particle Accelerator (Atom smasher လို့လဲ တစ်နည်းခေါ်ပါသေးတယ်။ အမှုန်အရှိန်မြှင့်စက်ပါ။) စတဲ့ ကိရိယာတွေက ဒီလို ဖြစ်စဉ်တွေမှာ အသုံးပြုဖို့အတွက် တီထွင်ထားတာပဲ ဖြစ်ကြပါတယ်။

အဲ့ဒီလုပ်ငန်းစဉ်တွေ အောင်မြင်ခဲ့ရင်တောင်မှ ဒြပ်စင်အသစ်တစ်ခုကို ထပ်ပြီးဖန်တီးနိုင်မယ်ဆိုတဲ့ အာမခံချက်က မသေချာမရေရာသေးပါ။

Magic number‌ တွေဖြစ်တဲ့ (Proton အရေအတွက် 2,8,20,28,58,82 ခု၊ Neutron အရေအတွက် 2, 8,20,28,58,82,126 ခု) ကို မှန်ကန်အောင် အပြည့်ဖြည့်နိုင်မယ်ဆိုရင်တော့ Nucleus တစ်ခုဟာ stable ဖြစ်နေမှာပါ။ အဲ့လိုမဟုတ်ဘဲ unstable ဖြစ်သွားခဲ့ရင်တော့ ဒါဟာ Alpha decay ဖြစ်တာ၊ ဒါမဟုတ် Beta decay ဖြစ်တာ၊ ဒါမှမဟုတ် အဏုမြူပြိုကွဲတဲ့ ဖြစ်စဉ်တွေ .. ဒါတွေဆက် ဖြစ်နိုင်ပါတယ်။

Beta ပျက်စီးတဲ့ ဖြစ်စဉ်ကသာလျှင် ဒြပ်စင်အသစ်တစ်ခုကို ဖြစ်ပေါ်စေတာပါ။ ဒီလိုပျက်စီးအောင်လုပ်တဲ့ ဖြစ်စဉ်ဟာဆိုရင် စက္ကန့်အနည်းငယ်သာ ကြာမြင့်နိုင်သလို နှစ်ပေါင်းသန်းနဲ့ ချီပြီးတော့လဲ ကြာနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒြပ်စင်အသစ်တွေ အမှန်တကယ် ဖြစ်ပေါ်လာခြင်းရှိ၊ မရှိ သိရှိနိုင်အောင် ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာပေါင်းမြောက်များစွာတွေနဲ့ စိစစ်စမ်းသပ်ခဲ့ကြပါတယ်။

Unstable ဖြစ်နေတဲ့ Carbon-14 ရဲ့ Nucleus ထဲမှာ Beta ပျက်စီးပြီး၊ stable ဖြစ်သွားတဲ့ Nitrogen-14 တစ်ခုဆီ ‌ပြောင်းလဲသွားတဲ့ ဖြစ်စဉ်ပါ။ (Photo credit- Bass stock/ Shutterstock)

နောက်ထပ်မေးခွန်းတစ်ခုကို ဖြေပေးချင်ပါတယ်။ ဒါကလဲ တချို့စာဖတ်သူတွေ တွေးနိုင်လောက်မဲ့ စိတ်ဝင်စားစရာ အချက်တစ်ခု ဖြစ်နေလို့ပါ။

“ဘယ်လိုမျိုးအချက်အလက်တွေနဲ့ ပြည့်မီနေမှ ဒြပ်စင်အသစ်ကို ထည့်သွင်းဖို့ ဆုံးဖြတ်ရတာလဲ။”

ဒါကတော့ ရိုးရှင်းပါတယ်။ ဒြပ်စင်အသစ်ကို လေ့လာတာနဲ့တင်ကို အလုပ်တစ်ဝက်က ပြီးမြောက်နေပါပြီ။ အဲ့ဒီနောက် သိပ္ပံပညာရှင်တွေက ဒြပ်စင်အသစ်ကို ရှာဖွေတွေ့ရှိတယ်လို့ အခိုင်အမာပြောပြီးတာနဲ့ IUPAC နဲ့ IUPAP တို့ရဲ့ ပူးတွဲအလုပ်အဖွဲ့ (Job Working Party) တွေ ပူးပေါင်းပြီးတော့ အောက်မှာပါရှိတဲ့ လမ်းညွှန်ချက်တွေအတိုင်း တစ်သဝေမတိမ်း စိစစ်ပြီးမှသာ လေ့လာတွေ့ရှိချက်တွေကို အတည်ပြုကြပါတယ်။

ရှင်းလင်းချက် – IUPAC ဆိုတာက International Union of Pure and Applied Chemistry ပါ။

IUPAP ဆိုတာကတော့ International Union of Pure and Applied Physics ဖြစ်ပါတယ်။

အသင်းနှစ်ခုလုံးက အစိုးရအောက်က မဟုတ်တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။

ဒါဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ လမ်းညွှန်ချက်တွေက ဘာတွေဖြစ်မလဲဆိုတာကို ဆက်ကြည့်ရအောင်ပါ။

(၁) တွေ့ရှိထားတဲ့ ဒြပ်စင်ကို ဓာတ်ခွဲခန်းထဲမှာ လက်တွေ့ထုတ်ဖော်ပြသနိုင်မှသာ ရှာဖွေတွေ့ရှိမှုကို အသိအမှတ်ပြုပြီးတော့ အဲ့ဒီဒြပ်စင်ဟာ Period Table မှာ လုံးဝမပါဝင်ထားတဲ့ အသစ်စက်စက်ဒြပ်စင်ဖြစ်မှ ရပါမယ်။

(၂) ဒြပ်စင်ဟာ အနည်းဆုံး 10^-14 စက္ကန့်ကြာအောင် တည်ရှိနေနိုင်ရပါမယ်။

(၃) ဒြပ်စင်ထုတ်လုပ်တဲ့ နည်းစနစ်ဟာ ဒြပ်စင်တစ်ခုနဲ့ တစ်ခုကို ပြန်လည်ခွဲထုတ်ပေးနိုင်စွမ်းရှိရမှာ ဖြစ်ပြီး ဘယ်နေရာမှာမဆို ထုတ်ယူဖို့ ဖြစ်နိုင်ရပါမယ်။ ‌တခြားနည်းစနစ်တစ်ခုလဲ ရှိပါတယ်။ ဒြပ်စင်အသစ်ကို ဘယ်ဓာတ်ခွဲခန်းမှာမဆို ထုတ်လုပ်နိုင်ရမှာမျိုးပါ။

ဒီသတ်မှတ်ချက်ကတော့ အခြေအနေအပေါ် မူတည်ပြီး ခြွင်းချက်တွေ ရှိပါတယ်။

(၄) ဒြပ်စင်အသစ်ထုတ်လုပ်တဲ့ စမ်းသပ်ချက်ကို ပြုလုပ်တဲ့အခါ ကဏ္ဍနှစ်ရပ် ရှိရပါမယ်။

အသစ်ဖြစ်လာနိုင်ခြေရှိတဲ့ ဒြပ်စင်နမူနာပုံစံရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဓာတုဗေဒဆိုင်ရာ ဂုဏ်သတ္တိ‌တွေကို အရင်သတ်မှတ်ပါတယ်။ ဒီလိုသတ်မှတ်တဲ့ လုပ်ငန်းစဥ်ကိုတော့ သွင်ပြင်ထူးခြားချက်ကို ဖော်ထုတ်ခြင်းဂုဏ်သတ္တိ (Characterization Properties) လို့ ခေါ်ပါတယ်။ ဒါကတော့ ပထမကဏ္ဍပါ။

(၅) ဒုတိယ‌ကဏ္ဍမှာ ဆိုရင်တော့ သွင်ပြင်လက္ခဏာထူးခြားချက်‌ကို‌ ဖော်ပြထားတဲ့ ဂုဏ်သတ္တိ‌ကိုအသုံးပြုပြီးတော့ ဒီဒြပ်စင်ဟာ အမှန်တကယ်မထုတ်လုပ်ရသေးတဲ့ ဒြပ်စင်တစ်ခု ဖြစ်ကြောင်းကို လက်တွေ့ပြရပါသေးတယ်။ ဒါကိုတော့ သတ်မှတ်‌နေရာသို့ လွှဲပြောင်းခြင်းဂုဏ်သတ္တိ (Assignment Properties) လို့ ခေါ်ပါတယ်။

(၆) Mass Number (A) တိုင်းဟာ Atomic number (Z) ထက် ပိုကြီးနေရမှာ ဖြစ်ပါတယ်။ အကယ်၍ ပိုကြီးမနေဘဲ ညီမျှနေမယ်ဆိုရင်လဲ လက်ခံလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။

Trans-Uranium ဒြပ်စင် ၉ ခုရဲ့ သက်တမ်းတစ်ဝက်စာ ဇယားကို ကြည့်ကြည့်ပါ။ ဒြပ်စင်အားလုံးဟာ တစ်နာရီကြာတဲ့အထိတောင် မတည်ရှိနိုင်တာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီထဲက ဒြပ်စင် ၃ ခုဟာဆိုရင်ဖြင့် ကျွန်မတို့ရဲ့ မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာတင် အလုံးစုံပျောက်ကွယ်သွားမှာပါ။ (Photo credit- Science ABC)

ဒြပ်စင်အသစ်ကို ထုတ်လုပ်နိုင်ခြင်းဟာ အတော်ခမ်းနားတဲ့ ရှာဖွေတွေ့ရှိမှုကြီးတစ်ခု ဖြစ်တဲ့အတွက် အထက်ပါစည်းမျဉ်းတွေ၊ စံနမူနာတွေ၊ သတ်မှတ်ချက်တွေ အားလုံးကို ပိုမိုပြီး အသေးစိတ်ကျအောင်၊ မှန်ကန်အောင် ထပ်တလဲလဲ စိစစ်ပေးရပါတယ်။ ဒါတင်မကသေးပါဘူး။ အကယ်၍ ဒြပ်စင်အသစ်ကို ထုတ်လုပ်နိုင်ပြီဆိုတာနဲ့ အဲ့ဒီ ဒြပ်စင်ကို နာမည်ပေးဖို့အတွက် စီစဉ်ရတာကလဲ ရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။

မြင်သာသွားအောင် ရှုထောင့်တစ်ခုကို ဥပ‌မာပေးပြီး ရှင်းပြပါမယ်။ “Oganesson” ဒြပ်စင်ကို ၂၀၀၂ ခုနှစ်မှာ ‌ရှာဖွေတွေ့ရှ်ိခဲ့ပေမဲ့ တရားဝင်အသိအမှတ်ပြုမှုတွေ မရှိခဲ့တာကြောင့် ၂၀၁၆ ခုနှစ်အထိကို နာမည်‌ပေးခြင်းမရှိခဲ့တဲ့အပြင် Period Table ထဲမှာ ထည့်သွင်းခံရခြင်းလဲ မရှ်ိဘဲ ချန်လှပ်ခံရခဲ့ပါတယ်။

စာဖတ်သူတွေ စိတ်ဝင်စားစေမဲ့ နောက်ထပ် ခေါင်းစဉ်ကွဲတစ်ခု လာပါပြီ။

“ဒြပ်စင်အသစ်တွေကို ဖန်တီးလိုက်တာက ကျွန်မတို့တွေအတွက် တန်ဖိုးရှိတဲ့ အရာတစ်ခု ဖြစ်နိုင်ပါ့မလား။ ဒါမှမဟုတ် အဲ့လိုဖန်တီးဖို့က တကယ်ရောလိုအပ်လို့လား။”

“ဒြပ်ပစ္စည်းအသစ်တွေ ဆက်လက်လေ့လာပြီး ဖန်တီးသင့်လား၊ ထုတ်လုပ်သင့်ရဲ့လား” ဆိုတဲ့ မေးခွန်းတွေကတော့ ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်၊ ဓာတုဗေဒပညာရှင်တွေ စိုးရိမ်နေကြတဲ့ ခေါင်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ပညာရှင်တွေဟာ ကုန်ကျစရိတ်တွေနဲ့ ဒြပ်ပစ္စည်းက ဖြစ်တည်လာမဲ့ စွမ်းအင်တွေအကြောင်းကို လုံ‌လုံလောက်လောက် နားလည်ကြပါတယ်။ စိန်ခေါ်မှုအကြီးမားဆုံး မေးခွန်းကတော့ “ဒီဒြပ်စင်တွေဟာ လောကကြီးကိုအကျိုးပြုနိုင်ရဲ့လား၊ လူသားတွေအတွက် တကယ်ရော အသုံးဝင်ပါ့မလား”ဆိုတာပါပဲ။

ကျွန်မတို့အားလုံးမှာ “ရတာ မလို၊ လိုတာ မရ” ဆိုတဲ့ အချိန်တွေ ရှ်ိခဲ့ဖူးကြမှာပါ။ ဒီလိုပဲ လူသားတွေကို အကျိုးဖြစ်ထွန်းစေတဲ့ ဒြပ်စင်တွေရှိပြီး၊ လူတွေရဲ့ အာဏာတွေ၊ အတ္တတွေကြားမှာ ဒြပ်စင်တွေကိုလက်နက်သဖွယ် ခုတုံးလုပ်ပြီး လွဲမှားစွာ အသုံးပြု‌ နေခဲ့တာတွေကြောင့် ကျွန်မတို့လူသားမျိုးနွယ်စု‌တွေရဲ့အသက်ပေါင်းများစွာ စတေးခံခဲ့ရတဲ့ သမိုင်း‌တွေလဲ ရှ်ိပါတယ်။ ဒါတင်မကဘဲ ယခုအချိန်ထိကို လူသားမျိုးနွယ်တွေ ခြိမ်းခြောက်ခံနေရဆဲ အခြေအနေကနေ မလွတ်မြောက်နိုင်သေးပါဘူး။

နိဂုံးချုပ်အနေနဲ့ ဒြပ်စင်အသစ်တစ်ခုကို ခေတ်သစ် Period Table မှာ ထည့်သွင်းခြင်းဟာ စိန်ခေါ်မှုပေါင်း မြောက်များစွာကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒီလိုလုပ်ရတာဟာ ခိုင်လုံတဲ့အကြောင်းပြချက်တွေ၊ ကျိုးကြောင်းဆီလျော်မှုတွေ ရှိရဲ့လားဆိုတာကိုတောင် မေးခွန်းထုတ်စရာပါ။

ဒီမေးခွန်းဟာ သိပ္ပံပညာရှင်ကြီး Memdeleev နဲ့ သူ့ရဲ့ အယူအဆတွေကို လက်ခံလေးစားကြတဲ့ သိပ္ပံပညာရှင်အများစု စိုးရိမ်ပူပန်နေတဲ့ စိတ်ဝင်စားစရာ ကိစ္စရပ်တစ်ခုပါ။

အခုလို အခြေအနေမျိုးတွေ မဖြစ်လာအောင်လို့ ဒြပ်စင် ၆၀ အထိ တွေ့ရှ်ိတုန်းကတည်းက ရပ်တန့်ခဲ့သင့်တာပါ။

ဒါပေမယ့်လဲ အဲ့လိုသာ ရပ်တန့်ခဲ့ရင် စိတ်ဝင်စားစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ အတွေးသစ် အမြင်သစ်တွေနဲ့ သဘာဝတရားကြီးရဲ့ လှပမှုတွေကို ဘယ်မြင်တွေ့နိုင်ပါတော့မလဲ။

တကယ်တော့ သဘာဝတရားရဲ့ ကန့်သတ်ချက်တွေ၊ ကျွန်မတို့ရဲ့ နားလည်နိုင်စွမ်းတွေကို အသုံးချပြီး စမ်းသပ်ကြည့်ခြင်းတွေကသာလျှင် လှပတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာအောင် တွန်းအားပေးခဲ့တာပါ။ ဘယ်အရာကိုမဆို အကျိုးရှိရှိ အသုံးချတတ်ရင် ကောင်းမွန်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာစမြဲပါ။ ကျွန်မတို့ရဲ့ ကိုယ်ကျိုးအတ္တတွေ၊ အကျိုးစီးပွားတွေမပါဘဲ ရှင်သန်ရာ ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုတွေ၊ ထိန်းသိမ်းခြင်းတွေ၊ လှပတဲ့ ဒြပ်စင်တွေကို တန်ဖိုးထားကာ အသုံးချမယ်ဆိုရင်တော့ သဘာဝတရားကြီးဟာ အလှပဆုံးသော ရပ်ဝန်းတစ်ခုဖြစ်နေမှာ အသေအချာပါပဲ။

References – scienceabc.com | Can We Add New Elements To The Periodic Table?

Written by – Kyi Cin

Edited by – Ingyin Khin

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Science #Article #General_science #Periodic_Table #Chemistry

ဒြပ်တို့၏ အခြေခံသဘော
ဒြပ် (Matter) ဟာ ရူပဗေဒ၊ ဓာတုဗေဒနဲ့ တခြားသိပ္ပံနယ်ပယ်တွေမှာ အခြေခံကျတဲ့အရာတစ်ခုဖြစ်ပါတယ်။ Matterတွေကို သေးငယ်တဲ့အမှုန် (tiny particle) တွေနဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒီ ပါတစ်ကယ်တွေဟာ အက်တမ် (atom)လည်းဖြစ်နိုင်သလို၊ မော်လီကျူး (molecule) တွေလည်း ဖြစ်နိုင်ပါတယ်။ အမျိုးအစားတူညီတဲ့ အက်တမ်တွေ စုပေါင်းထားတာကို ဒြပ်စင်(element) လို့ခေါ်ပြီး အမျိုးအစားမတူညီတဲ့ အက်တမ်တွေ စုပေါင်းထားတာကိုတော့ ဒြပ်ပေါင်း (compound) လို့ခေါ်ပါတယ်။ အဲ့ဒီ element နဲ့ compound တွေဟာလည်း matter တွေဖြစ်ပါတယ်။ Matterတွေရဲ့ ဖြစ်တည်မှုအစဟာ အက်တမ်တွေပါပဲ။ အက်တမ်အကြောင်းသီးသန့်ဆောင်းပါးကို ကောမန့်က ကြည့်ပါ။

Matter တွေဟာ အခြေခံကျတဲ့ အက်တမ်တွေနဲ့ စုပေါင်းထားတဲ့အတွက်ကြောင့် သူတို့မှာ ဒြပ်ထု (mass) ဆိုတာလဲ ရှိနေပါတယ်။ Mass ဆိုတာ အရာဝတ္ထု တစ်ခုအတွင်းမှာရှိတဲ့ .. အရာဝတ္ထုတစ်ခုကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ matterပမာဏလို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ ဒါကြောင့် mass ရှိနေတဲ့ဝတ္ထုတွေကို matter တွေလို့ သတ်မှတ်နိုင်ပါတယ်။ Matter တွေဟာ နေရာယူနိုင်တဲ့ ဂုဏ်သတ္တိလည်းရှိကြပါတယ်။ ဥပမာ – ရေသန့်ဘူးအလွတ်ထဲကို ရေတွေ ဖြည့်လိုက်မယ်ဆိုရင် ရေတွေက ရေသန့်ဘူးထဲမှာပဲ နေရာယူပစ်သွားမှာဖြစ်တာကြောင့် ရေဟာလည်း matter တစ်ခုပါပဲ။ ကိုယ့်ပတ်ဝန်းကျင် အနီးနားမှာရှိတဲ့ အရာဝတ္ထုတွေ၊ ရေသန့်ဗူး၊ ထမင်းစေ့၊ ရေနွေးငွေ့၊ ရေခဲရေ၊ သဲမှုန်လေးတွေ စတာတွေဟာ မတူညီတဲ့ ပုံစံအခြေအနေ အမျိုးမျိုးနဲ့ရှိနေကြပေမဲ့ သူတို့တွေဟာလည်း matter တွေပါပဲ။

Matter တွေဟာ အပူချိန်နဲ့ ဖိအားကို လိုက်ပြီးတော့ အခြေအနေ (State) အမျိုးမျိုးကွဲပြားကြပါတယ်။ အခြေခံအားဖြင့် matter မှာ state သုံးခုရှိပါတယ်။ အဲ့ဒါတွေကတော့ အစိုင်အခဲ (Solid)၊ အရည် (Liquid) နဲ့ အငွေ့ (Gas) တို့ပဲဖြစ်ပါတယ်။ အဲ့ဒီ State တွေကို ရုပ်အခြေအနေ (Physical State) တွေလို့လည်း ခေါ်ပါတယ်။ State တစ်ခုချင်းစီမှာ မတူညီတဲ့ အက်တမ်ဖွဲ့စည်းပုံ၊ ပုံသဏ္ဍာန်တွေနဲ့ ကွဲပြားတဲ့ mass တွေရှိကြပါတယ်။

အစိုင်အခဲတစ်ခုထဲမှာပါတဲ့ ပါတစ်ကယ်တွေဟာ တစ်ခုနဲ့ တစ်ခုကို နီးနီးကပ်ကပ်ဖြစ်အောင် ဆွဲငင်နေကြပြီးတော့ အက်တမ်တွေရဲ့ လှုပ်ရှားမှုလည်း နည်းပါးကြပါတယ်။ ဒါကြောင့် အစိုင်အခဲတွေဟာ အရည်တွေလိုမစီးဆင်းနိုင်ကြပါဘူး။ အစိုင်အခဲတွေမှာ တိကျတဲ့ ပုံသဏ္ဍာန်နဲ့ ထုထည် (Volume) ရှိပါတယ်။ တိကျတဲ့ ထုထည်ရှိတဲ့အတွက်ကြောင့် တည်ငြိမ်စွာနဲ့ နေရာယူနိုင်ကြပါတယ်။ အစိုင်အခဲတွေဟာ အပူပေးလိုက်တဲ့ အခါမျိုးမှာဆိုရင်တော့ သူ့ထဲမှာပါဝင်နေတဲ့ ပါတစ်ကယ်တွေဟာ အပူကြောင့် တုန်ခါမှုတွေ ဖြစ်ပေါ်ပြီးတော့ ထုထည် ပြန့်ထွက်လာတတ်ပါတယ်။ အဲ့လိုဖြစ်စဥ်မျိုးတွေကိုတော့ ထုထည်ပွလာခြင်းလို့ ခေါ်ဆိုလေ့ရှိပါတယ်။ အစိုင်အခဲတစ်ခုကို အခုလိုအပူချိန်မြင့်မြင့်လေး ပေးလိုက်တာကြောင့် အစိုင်အခဲအခြေကနေ အရည်အခြေအနေကို ပြောင်းလဲသွားတာမျိုးကို အရည်ပျော်ခြင်း (Melting) လို့ခေါ်ပါတယ်။ ဥပမာ-အပူချိန်မြင့်ပေးလိုက်ခြင်းကြောင့် ရေခဲ (Solid State) ကနေ ရေ (Liquid State)အဖြစ်သို့ပြောင်းလဲသွားတာမျိုးပါ။

အရည်တွေမှာပါဝင်တဲ့ ပါတစ်ကယ်တွေဟာ အစိုင်အခဲလို တင်းတင်းကျပ်ကျပ် ဖွဲ့စည်းထားတာမျိုး မဟုတ်ဘဲ ပါတစ်ကယ် တစ်ခုနဲ့တစ်ခုကြားမှာ နေရာလွတ်လေးတွေရှိနေတာကြောင့် ဒီပါတစ်ကယ်တွေဟာ ကောင်းကောင်းရွေ့လျားနိုင်ပြီးတော့ စီးဆင်းနိုင်ကြပါတယ်။ အတွင်းထဲ ရွေ့လျားနေတဲ့ ပါတစ်ကယ်တွေကြောင့် အရည်တွေမှာ ပုံသဏ္ဍာန်အတိအကျမရှိပါဘူး။ ဒါပေမဲ့ အရည်တွေမှာ ထုထည်တိကျမှုတော့ရှိပါတယ်။ လေးထောင့်ဖန်ခွက်ထဲက အရည်ကို ရေသန့်ဘူးထဲ ထည့်တဲ့အခါမှာ ဒီအရည်တွေဟာ ရေသန့်ဘူးရဲ့ ပုံသဏ္ဍာန်အတိုင်း နေရာယူနိုင်ပြီး ထုထည်ပြောင်းလဲခြင်းလည်း မရှိပါဘူး။ အရည်တွေကို အပူချိန်မြှင့်တင်ပေးရင်တော့ အတွင်းပါတစ်ကယ် တုန်ခါမှုတွေ ဖြစ်ပေါ်ပြီး အရည်အခြေအနေကနေ အငွေ့အခြေအနေကို တစ်ခါကူးပြောင်းသွားမှာဖြစ်ပါတယ်။ အဲ့သလို ကူးပြောင်းတာကိုတော့ အငွေ့ပျံခြင်း (Vaporisation) လို့ခေါ်ပါတယ်။ ရေနွေးအိုးတည်တဲ့အခါမှာ အထဲကရေတွေဟာ အပူချိန် မြင့်တက်လာတာကြောင့် အငွေ့အခြေအနေကို ရောက်သွားပြီး အိုးထဲကနေ ရေငွေ့တွေထွက်လာတာမျိုးပါ။

အငွေ့တွေ ဆိုတာကတော့ သူ့ကိုဖွဲ့စည်းထားတဲ့ ပါတစ်ကယ်တွေဟာ တစ်နေရာတည်းမှာ အတည်တကျမရှိနေဘဲ ရွေ့လျားမှု အားကောင်းတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ state တစ်ခုဖြစ်ပါတယ်။ အငွေ့တွေမှာပါရှိတဲ့ ပါတစ်ကယ်တွေဟာ တစ်ခုကိုတစ်ခု ဆွဲငင်အားနည်းကြပြီးတော့ ကြားမှာလည်း နေရာလွတ်တွေ အများကြီးရှိနေတာကြောင့် ပါတစ်ကယ်တွေက လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားသွားလာနိုင်ကြပါတယ်။ အငွေ့တွေကိုမြင်နေရတယ်ဆိုတာဟာလည်း ပါတစ်ကယ်တွေ ခြေဦးတည့်ရာ ကြုံရာကျပမ်းရွေ့လျားနေတာကို မြင်နေရတာပါပဲ။ အငွေ့တွေမှာတော့ တိကျတဲ့ပုံသဏ္ဍာန်ရော ထုထည်ရော နှစ်ခုစလုံးမရှိပါဘူး။ အငွေ့တွေကို အပူချိန်နဲ့ ဖိအားထပ်တိုးပေးရင်တော့ အိုင်းယွန်း (Ion) အခြေအနေကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အိုင်းယွန်းတွေဆိုတာ လျှပ်စစ်ဆောင်အမှုန်တွေဖြစ်ပြီး အပူစွမ်းအင်အမြင့်ဆုံးကို ပိုင်ဆိုင်ထားတဲ့ state တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ state ကိုတော့ ပလာစမာ (Plasma) လို့ခေါ်ပါတယ်။ အငွေ့ကို အပူချိန်ထပ်တိုးပေးလိုက်တာကြောင့် Plasma အခြေအနေကို ရောက်ရှိသွားတာကို Ionisation လို့ခေါ်ပါတယ်။

အဲ့ဒီ အစိုင်အခဲ၊ အရည်နဲ့ အငွေ့တွေအားလုံးကို စုပေါင်းပြီးတော့ ဒြပ် (Matter) လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။

References – The Editors of Encyclopaedia Britannica. (2023, October 2). Matter | Definition, Characteristics, States, Examples, & Facts. Encyclopedia Britannica.

– Helmenstine, A. (2021, August 23). What is matter? Definition and examples. Science Notes and Projects.

Written by – Aye Chan Oo

Edited by – Fact Hub Editor Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Article #Chemistry #Matter #Basics_Chemistry #General_Science

အဟုန်နဲ့ အရွေ့စွမ်းအင် ဘာတွေကွာခြားသလဲ။ (Impulse-Momentum Theorem/တတိယပိုင်း)
သင်္ချာနည်းအရ ညီမျှခြင်းအရဆိုရင်တော့ အဟုန်ဟာ ဒြပ်ထုနဲ့ အလျင်ရဲ့ မြှောက်လဒ် (p=mv) ဖြစ်မယ်။ အရွေ့စွမ်းအင်ကတော့ ဒြပ်ထုနဲ့အလျင် ၂ ထပ်ကိန်းမြှောက်လဒ်ရဲ့တစ်ဝက် (K.E=1/2 mv²) ဖြစ်မယ်။ ဒါဟာ သူတို့ရဲ့ခြားနားချက်တွေပေါ့။

ဒါပေမဲ့ ရူပဗေဒဟာ သင်္ချာလုံးလုံးမဟုတ်တဲ့အတွက် သင်္ချာဆန်တဲ့အဖြေကို မလိုချင်ဘူး၊ ရူပဗေဒသဘောတရားစစ်စစ်ပါဝင်တဲ့အဖြေကိုပဲ လိုချင်တယ်၊ ဘာလုပ်မလဲ။ အဖြေကတော့ Impulse-Momentum Theorem နဲ့ Work-Energy Theorem ပါပဲ။

ဆိုပါစို့။ ဘော်လီဘောတစ်လုံးက ကျွန်တော်တို့ဆီ အတည့်အတိုင်း လာနေမယ်။ အဲ့ဒီဘော်လီဘောကို လက်နဲ့ဖမ်းယူမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ နောက်တစ်ခါ ခုနက ဘော်လီဘောထက် ၂ ဆလောက်ဒြပ်ထုကြီးပြီး အလျင်တစ်ဝက်ပဲရှိတဲ့ ဘော်လီဘောတစ်လုံးကို ခုနကလိုပဲ လက်နဲ့ဖမ်းယူမယ်ဆိုရင်‌ရော ဘယ်လိုခံစားရဦးမလဲ။ ဖြစ်ရပ်၂ ခုက ဘာတွေကွာခြားနေမလဲ။ ဖမ်းယူတဲ့အခါမှာရော လက်က ဘယ်လိုခံစားရမလဲ။

ဖြစ်ရပ်၂ ခုစလုံးမှာ ဘောလီဘောတွေရဲ့ အဟုန်ပမာဏက ထပ်တူညီနေပါတယ်။ အလျင်တစ်ဝက်နဲ့ ဒြပ်ထု၂ ဆဆိုတော့ အဟုန်ကိုတွက်ကြည့်ရင် ညီနေကြမှာပါ။ ဒါပေမဲ့ သူတို့မှာပါဝင်တဲ့ အရွေ့စွမ်းအင်ပမာဏကတော့ မတူညီကြပါဘူး။ 1/2 mv² ညီမျှခြင်းအရ အလျင်များတဲ့ကောင်က အရွေ့စွမ်းအင်သိသိသာသာ ပိုကြီးနေပါတယ်။ ဒီတော့ ရူပဗေဒနည်းအရ စဉ်းစားကြရပါမယ်။

Impulse-Momentum Theoremအရ ကျွန်တော်တို့အနေနဲ့ ဘော်လီဘောကို ဖမ်းယူတဲ့အခါ တူညီတဲ့ အားပမာဏ၊ တူညီတဲ့ Impulse ကို ခံစားရပါလိမ့်မယ်။ (J=p2-p1=Ft မဟုတ်လား။) ဒါပေမဲ့ သူတို့မှာ ပါဝင်လာတဲ့ အရွေ့စွမ်းအင်တွေအရ သူတို့အပေါ်ပြီးမြောက်တဲ့အလုပ်ပမာဏဟာ မတူညီနိုင်ပါဘူး။ အရွေ့စွမ်းအင်များတဲ့ဘော်လီဘောက ကျွန်တော်တို့အပေါ်ကို ပိုပြီးအလုပ်ပြီးမြောက်စေလိမ့်၊ ဖမ်းယူတဲ့အခါ အနောက်ဘက်ကို ပိုပြီးရွေ့သွားစေပါလိမ့်မယ်။ အရွေ့စွမ်းအင်နည်းတဲ့ဘော်လီဘောကတော့ များတဲ့ဘော်လီဘောလို တူညီတဲ့အားကိုသက်ရောက်တာဖြစ်ပေမဲ့ အလုပ်ပြီးမြောက်မှုကတော့ နည်းနေမှာဖြစ်ပြီး လူကို အနောက်ဘက်ဆီ နည်းနည်းလေးပဲ ရွေ့စေမှာပါ။ သူ့မှာအရွေ့စွမ်းအင်နည်းနည်းပဲရှိလို့ လူကို အလုပ်နည်းနည်းပဲပြီးမြောက်စေတာ သဘာဝပါပဲ။ ဆိုတော့ သီအိုရမ်အရ အဟုန်ဟာ Impulse သာဖြစ်ပြီး အရွေ့စွမ်းအင်ကတော့ အလုပ်ပြီးမြောက်မှုသာ ဖြစ်နေမယ်။ ဘောလီဘော၂ လုံးက အဟုန်တူလို့ Impulse တူ‌နေရင်တောင် ပါဝင်တဲ့အရွေ့စွမ်းအင်ပမာဏမတူညီတဲ့အတွက် အလုပ်ပြီးမြောက်မှုနှုန်း ကွဲပြားနေပါလိမ့်မယ်။

စာဖတ်သူအနေနဲ့ ဘော်လီဘော၂ လုံးထဲက တစ်လုံးကိုဖမ်းယူရမယ်ဆိုရင် ဒြပ်ထုကြီးပြီး နှေးတဲ့ကောင်ကို ဖမ်းယူမလား၊ ဒြပ်ထုသေးပြီး မြန်တဲ့ကောင်ကိုဖမ်းယူမလား စဉ်းစားကြည့်လို့ရပါတယ်။ ကျွန်တော်ကတော့ စွမ်းအင်နည်းရင်ထိခိုက်တာနည်းတာမလို့ ရူပဗေဒသမားပီပီ အလျင်နှေးနှေးဘော်လီဘောလုံးအကြီးကိုပဲ ရွေးချယ်ဖမ်းယူဖို့ စိတ်ကူးပါတယ်။

ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

Telegram – t.me/facthub_mm မှာလည်းဝင်ဖတ်နိုင်ပါတယ်။

Written by – Julian Htet Aung

Edited by – Fact Hub Editor Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Physics #Impulse_Mometum_Theorem #Part_3 #Impulse_Mometum_3_01

ဗဟိုခွာအား၏ နောက်ကွယ်သို့ အလည်သွားခြင်း
နယူတန်ရဲ့နာမည်ကျော် တတိယနိယာမအရ သက်ရောက်မှုတိုင်းမှာ ပမာဏတူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်၊ ဘောလုံးတစ်လုံးကို ခြေထောက်နဲ့ကန်လိုက်တဲ့အခါမှာ ဘောလုံးကလည်း ခြေထောက်ကို တူညီတဲ့အားနဲ့ ပြန်ကန်တယ်၊။ တစ်နည်း ဘောလုံးအပေါ်ကို အားသက်ရောက်တဲ့အခါမှာ ဘောလုံးကလည်း တူညီတဲ့အားကို ပြန်သက်ရောက်စေတယ်ပေါ့။ ဘောလုံးအပေါ်ကိုသက်ရောက်တဲ့အားက ဘောလုံးကိုရွေ့သွားစေသလို ဘောလုံးကပြန်သက်ရောက်တဲ့အားကလည်း ‌ခြေထောက်ကို အနည်းငယ်ထိခိုက်နာကျင်စေတယ်၊

ခြေထောက်ကို အနည်းငယ်ထိခိုက်နာကျင်စေတယ်၊ ဒါက နယူတန်တတိယနိယာမရဲ့ အရိုးရှင်းဆုံး နားလည်ပုံပဲ။ ကမ္ဘာနဲ့ လမင်းကြီးရဲ့ ဖြစ်ရပ်မှာဆိုရင် ကမ္ဘာဟာ လမင်းကြီးအပေါ်ကို ဒြပ်ဆွဲအားသက်ရောက်တယ်၊ နယူတန်တတိယနိယာမအရ လမင်းကြီးကလည်း ကမ္ဘာအပေါ်ကို တူညီတဲ့ တန်ပြန်ဒြပ်ဆွဲအားပြန်သက်ရောက်တယ်၊ ကမ္ဘာရဲ့ဒြပ်ဆွဲအားက လမင်းကြီးကိုစက်ဝိုင်းပုံလည်ပတ်စေသလို လမင်းကြီးရဲ့တန်ပြန်ဒြပ်ဆွဲအားက ကမ္ဘာကိုဒီရေအတက်အကျဖြစ်လာစေတယ်၊ ဒါသဘာဝပဲ။ ချိန်သီးကို ကြိုးနဲ့လွှဲယမ်းတဲ့ဖြစ်စဉ်မှာလည်း ဒီသဘာဝကို တွေ့နိုင်သေးတယ်၊

ဒါက နယူတန်တတိယနိယာမရဲ့ အရိုးရှင်းဆုံး နားလည်ပုံပဲ။

ကမ္ဘာနဲ့ လမင်းကြီးရဲ့ ဖြစ်ရပ်မှာဆိုရင် ကမ္ဘာဟာ လမင်းကြီးအပေါ်ကို ဒြပ်ဆွဲအားသက်ရောက်တယ်၊ နယူတန်တတိယနိယာမအရ လမင်းကြီးကလည်း ကမ္ဘာအပေါ်ကို တူညီတဲ့ တန်ပြန်ဒြပ်ဆွဲအား ပြန်သက်ရောက်တယ်၊ ကမ္ဘာရဲ့ဒြပ်ဆွဲအားက လမင်းကြီးကို စက်ဝိုင်းပုံလည်ပတ်စေသလို လမင်းကြီးရဲ့ တန်ပြန်ဒြပ်ဆွဲအားက ကမ္ဘာကို ဒီရေအတက်အကျ ဖြစ်လာစေတယ်၊ ဒါသဘာဝပဲ။ ချိန်သီးကို ကြိုးနဲ့လွှဲယမ်းတဲ့ဖြစ်စဉ်မှာလည်း ဒီသဘာဝကို တွေ့နိုင်သေးတယ်။

ကြိုးဟာ ချိန်သီးအပေါ်ကိုအားသက်ရောက်နေသလို ချိန်သီးကလည်း ကြိုးအပေါ်ကို တန်ပြန်အားသက်ရောက်နေတယ်၊ ကြိုးရဲ့သက်ရောက်အားက ချိန်သီးကို စက်ဝိုင်းပုံရွေ့စေသလို ချိန်သီးရဲ့တန်ပြန်သက်ရောက်အားကလဲ ကြိုးကိုတင်းလာစေတယ်။

ဒီဖြစ်ရပ် ၂ ခုစလုံးမှာ ဗဟိုခွာအားဆိုတာကို မမြင်ခဲ့ရဘူး။ ဒါဆိုရင် ဗဟိုခွာအားဆိုတာ ဘာဖြစ်မလဲ။ သီအိုရီနည်းအရ ဗဟိုခွာအားဆိုတာ တကယ်မရှိဘူး၊ သူဟာ အင်နားရှားသပ်သပ်ပဲ။ အရာဝတ္ထုတိုင်းဟာ နေမြဲအခြေအနေကို ဖက်တွယ်တတ်တဲ့သဘာဝရှိတယ်။

ရပ်နေတဲ့အရာဝတ္ထုဟာ ဆက်ပြီးရပ်လိုတယ်၊ ရွေ့နေတဲ့အရာဝတ္ထုဟာ ဆက်ပြီးရွေ့လိုတယ်။ အဲ့ဒီအရာဝတ္ထုတွေအပေါ်ကို ရုတ်တရတ် အားသက်ရောက်လိုက်တဲ့အခါမှာ အရာဝတ္ထုဟာ အဲ့ဒီအားကို ခုခံတော့တယ်၊ ဒါဟာအင်နားရှားကို ခံစားရခြင်းပဲ။ ရပ်ထားတဲ့ကားတစ်စီးဟာ ရုတ်တရတ်ထွက်သွားတဲ့အခါ ကားပေါ်ကလူတွေအနေနဲ့ နောက်ကိုယိုင်သွားလေ့ရှိတယ်၊ အဲ့ဒီရွေ့နေတဲ့ကားဟာ ရုတ်တရတ်ရပ်လိုက်တဲ့အခါ ကားပေါ်ကလူတွေအနေနဲ့ ခုနကဖြစ်ရပ်လို ယိုင်သွားကြပြန်တယ်၊ ဒီတစ်ခါတော့ အရှေ့ကိုဖြစ်မှာပေါ့။

အင်နားရှားအရ ရပ်နေတဲ့ကားပေါ်ကလူတွေဟာ ဆက်ပြီးရပ်လိုတဲ့အတွက် ကားကိုထွက်သွား‌စေတဲ့ အင်ဂျင်ရဲ့သက်ရောက်အားကို ခုခံတယ်၊ ဒါကြောင့် နောက်ကိုယိုင်သွားတယ်၊ ရွေ့နေတဲ့ကားပေါ်ကဖြစ်ရပ်ဟာလည်း ထိုနည်းလည်းကောင်းပဲ၊ လူတွေဟာဆက်ပြီးရွေ့လိုတဲ့အတွက် ကားကိုရပ်သွားစေတဲ့ ဘရိတ်ရဲ့ သက်ရောက်အားကို ခုခံတယ်၊ ဒါကြောင့် အရှေ့ကိုယိုင်သွားတာ၊ ဒီဖြစ်ရပ်တွေက ဗဟိုခွာအား အိုင်ဒီယာရဲ့ကျောျရိုးတွေပဲ။

စက်ဝိုင်းပုံအရွေ့တွေမှာ အရာဝတ္ထုတိုင်းဟာ ဗဟိုတည်အားရဲ့သက်ရောက်မှုကို ခံစားရတယ်၊

အင်နားရှားအရ အဲ့ဒီအားသက်ရောက်မှုမှာ ခုခံမှုတစ်ခုဖြစ်လာပြီး ဝတ္ထုကိုဗဟိုနဲ့ဝေးရာဆီ ရွေ့သွားတယ်လို့ ထင်ရစေတယ်၊ ကားရှေ့တိုးတဲ့အခါ လူတွေနောက်ကိုယိုင်သွားသလိုမျိုးပေါ့။ ဗဟိုတည်အားဟာ အမြဲတမ်းသက်ရောက်နေတဲ့အတွက် ခုခံမှုအင်နားရှားဟာလဲ အမြဲတမ်းဖြစ်နေရတယ်။ ဒါဟာ ဗဟိုခွာအားရဲ့အိုင်ဒီယာပဲ။ သူဟာ သက်ရောက်အား လုံးဝမဟုတ်ဘူး။ အင်နားရှားကြောင့်ဖြစ်ပေါ်တဲ့ အားလို့ထင်ရတဲ့အရာသာဖြစ်တယ်၊

ဒါပေမဲ့ သူ့ရဲ့သဘောတရားဟာ လက်တွေ့‌လောကရဲ့ ဖြစ်ရပ်တွေမှာ အတော်ကိုအသုံးဝင်တယ်၊ အားမဟုတ်ပေမဲ့ အားအဖြစ်ယူဆလိုက်တာက တွက်ချက်မှုတွေကို အရမ်းအဆင်ပြေသွားစေတယ်။ ဥပမာ – ကမ္ဘာရဲ့ လေစီးကြောင်းတိုက်ခတ်ပုံလမ်း‌ကြောင်းတွေဟာ ကမ္ဘာရဲ့ လည်ပတ်မှုကြောင့် ကွေးသွားတယ်၊ ဒီဖြစ်ရပ်ကို ကိုရိုးလစ်အားလို့ခေါ်တဲ့ ဗဟိုခွာအားသ‌‌ဘောတရားနဲ့ ရှင်းပြရာမှာ အတော်ကိုအဆင်ပြေတယ်။ ဒါကြောင့်လည်း အားမဟုတ်တဲ့ ဗဟိုခွာအားကို အားအဖြစ်ယူဆလိုက်ကြတာ။

ကောက်ချက်ချရမယ်ဆိုရင်တော့ ဗဟိုခွာအားဟာ ဗဟိုတည်အားကြောင့်ဖြစ်လာတဲ့ အင်နားရှားသက်သက်သာဖြစ်ပြီး သက်ရောက်အား လုံးဝမဟုတ်ဘူး။

ဗဟိုတည်အားသက်ရောက်မှုကြောင့်ဖြစ်တဲ့ တန်ပြန်သက်ရောက်မှုလဲမဟုတ်ပြန်ဘူး (Rotational Dynamics ကိုသင်ယူရတဲ့ ကျောင်းသားတော်တော်များများဟာ ဒီအားကို ဗဟိုတည်အားရဲ့တန်ပြန်အားလို့ မှားယွင်းယူဆကြတာများတယ်)။

Written by – Julian Htet Aung

Edited by – Fact Hub Editor Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Physics #Article #Behind_of_Centrifugal_forces

Impulse-Momentum Theorem – ဒုတိယပိုင်း
လေအိတ်တွေ၊ ပျော့ပျော့အိအိတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ။ သေနိုင်လောက်တဲ့ကားအက်ဆီးဒင့်တွေမှာ လေအိတ်ကြောင့် ဘာကြောင့်ထိခိုက်မှုလျော့ကျသွားတာလဲ၊ ကလေးတွေအနေနဲ့ ပျော့ပျော့အိအိပေါ်ကို အမြင့်တစ်နေရာရာကနေ ခုန်ချဆော့ကစားတာတောင် ဘာကြောင့်ထိခိုက်ဒဏ်ရာမရတာလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ Impulse-Momentum Theorem မှာရှိပါလိမ့်မယ်။ ပထမပိုင်းကို ဒီက ဖတ်ပါ –> [Impulse_Mometum_1_01]

ပုံကတော့ Impulse-Momentum Theorem ရဲ့  သရုပ်ဖော်ပုံတစ်ခုပဲ။ Collisionတွေ Interaction တွေမှာ ဖြစ်ပေါ်တဲ့ အားပမာဏက အရမ်းများတယ်၊ ဒါပေမဲ့ သက်ရောက်တဲ့အချိန်ပမာဏက တကယ်နည်းနည်းလေးပဲရှိတယ်။

ဥပမာ – ဘီလီယက်ဘောလုံး (၂) လုံး ဝင်တိုက်ပြီဆိုပါစို့၊ သူတို့ (၂) ခု ထိ‌တွေ့တဲ့အချိန် ဒါမှမဟုတ် တစ်ခုက တစ်ခုအပေါ် အားသက်ရောက်တဲ့ အချိန်ဟာ မီလီစက္ကန့်လောက်ပဲ ကြာမြင့်တယ်။ ဒါပေမဲ့ အဲ့ဒီမီလီစက္ကန့်အတွင်း ဖြစ်ပေါ်တဲ့အားပမာဏကတော့ ကြီးမားတယ်။ တိတိကျကျဆိုရရင်တော့ အားပမာဏက ထိတွေ့မှုအချိန်ကာလရဲ့အလယ်မှာ အမြင့်ဆုံးကိုရောက်ပြီး ထိတွေ့မှုစတင်ချိန် ထိတွေ့မှုပြီးဆုံးချိန် စတာတွေမှာ နည်းသွားလေ့ရှိတယ်။ ပုံမှာဆိုရင် အစ t1 နဲ့ အဆုံး t2 မှာ အားပမာဏနည်းနည်းလေးပဲရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ကြားအလယ်မှာ အားပမာဏအများကြီးကိုတွေ့နိုင်တယ်။

အရင်ပို့စ်မှာ ပြောခဲ့ဖူးသလိုပဲ Collision တစ်ခုမှာ‌ ဖြစ်‌ပေါ်တဲ့ အားပမာဏကို F = ma နည်းနဲ့ တိုက်ရိုက်တွက်ထုတ်လို့မရဘူးဆိုပေမဲ့ ဒီလို Impulse သ‌ဘောတရားကိုသုံးပြီး သွယ်ဝိုက်တွက်ထုတ်လို့ရတယ် (နားလည်လွယ်အောင်သာပြောတာ၊ နယူတန်ရဲ့ မူရင်းဒုတိယနိယာမက အရှိန်နဲ့ဆက်စပ်တဲ့ F = ma မဟုတ်ဘူး၊ အဟုန်ပြောင်းလဲခြင်းနဲ့ ဆက်စပ်တဲ့ F = dp/dt ဖြစ်နေတာ၊ အဲ့ဒီမူရင်းညီမျှခြင်းနဲ့ Motion အားလုံးကို တွက်ထုတ် ရှင်းပြလို့ရတယ်၊ ဒါပေမဲ့ မြန်မာအခြေခံ ရူပဗေဒသင်ရိုးမှာတော့ အဲ့ဒီ ညီမျှခြင်းကို ဖော်ပြမထားလို့ အဆင်ပြေသလို ရှင်းပြတာ)။ ဝတ္ထုတွေရဲ့ မူရင်းအဟုန်ပမာဏကိုသိမယ်။ ထိ‌တွေ့အချိန်၊ သက်ရောက်အချိန်ပမာဏကိုလဲ တိုင်းတာနိုင်မယ်ဆိုရင် အဲ့ဒီ Collision or Interaction မှာဖြစ်ပေါ်တဲ့ အားပမာဏကို သိနိုင်ပြီ (တိတိကျကျတွက်ပြဖို့ကတော့ အင်တီဂရယ်ကဲကုလပ်စ်ကို သုံးရမှာ)။

Physics Library

နောက်တစ်ခု၊ ဂရပ်ဖ်ကိုသေချာကြည့်မယ်ဆိုရင် ခရမ်းရောင်ဧရိယာ (ထောင့်မှန်စတုဂံ) နဲ့ အစိမ်းရောင်ဧရိယာ (ခေါင်းလောင်းပုံ) တို့ ထပ်တူညီနေတာကို မြင်တွေ့ရမယ်။ အစိမ်းရောင်ဧရိယာမှာ အားပမာဏက တသမတ်တည်းမရှိပဲ t1 နဲ့ t2 ကြား အလယ်တည့်တည့်မှာ အမြင့်ဆုံးပမာဏရှိနေတယ် (ဒါကြောင့်အလယ်မှာမြင့်နေတဲ့ ခေါင်းလောင်းပုံအဖြစ်မြင်ရတာ)။ ခရမ်းရောင်ဧရိယာမှာတော့ အားပမာဏက တသမတ်တည်းရှိနေပြီး t1 ကနေ t2 အထိ လုံးဝကိန်းသေဖြစ်နေတယ်။ (ထောင့်မှန်စတုဂံရဲ့အပေါ်ဆုံးအနားဟာ ဒါကိုကိုယ်စားပြုတယ်)။ (၂) ခုလုံးရဲ့ ဧရိယာက ညီမျှနေတဲ့အတွက် ပါဝင်တဲ့ Impulse ပမာဏက တူညီတယ်။ အားသက်ရောက်ပုံသက်ရောက်နည်းပဲ ကွဲပြားနေကြတာ။

ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့မောင်းလာပြီဆိုပါစို့၊ ကားမောင်းသူမှာ အရမ်းမြင့်တဲ့အဟုန်တစ်ခုရှိနေမှာပဲ။ ဓာတ်တိုင် တစ်ခုခုကို ဝင်တိုက်တာ၊ နံရံတစ်ခုခုကိုဝင်ဆောင့်တဲ့အခါမှာ အင်နားရှားအရ ကားမောင်းသူက ကားစတီယာရင် ဒါမှမဟုတ် ကားရှေ့မှန်နဲ့ မိတ်ဆက်မိလိမ့်မယ်။ သူ့ရဲ့မူရင်းအဟုန်က အရမ်းမြင့်နေတဲ့အတွက် စတီယာရင်နဲ့ ထိ‌‌တွေ့တဲ့အခါ ကြီးမားတဲ့ အားကို ခံစားရလိမ့်မယ်၊ ဒါပေမယ့် ထိတွေ့အချိန်ပမာဏကတော့ နည်းနည်းလေးပဲ (ဝင်ဆောင့်ပြီး မီလီစက္ကန့်အတွင်းမှာပဲ စတီယာရင်ကနေ ပြန်ခွာမှာပေါ့)။ အဲ့တော့ အားပမာဏ အရမ်းများလို့ ကားမောင်းသူအတွက် သေစေလောက်မယ့် ဒဏ်ရာတွေရနိုင်တယ်။

အကယ်၍ ဒီဖြစ်ရပ်မှာ ကားလေအိတ်က ကောင်းကောင်းအလုပ်လုပ်ခဲ့မယ်ဆိုရင် ကားမောင်းသူက စတီယာရင်အစား လေအိတ်ကို ထိတွေ့မှာပဲ။ လေအိတ်ဟာ အားပမာဏအများကြီးကို အချိန်ခနလေးအတွင်း ခံစားရစေမယ့်အစား တသမတ်အားပမာဏကို ထိတွေ့အချိန်ပမာဏတစ်ခုလုံးမှာ ကိန်းသေအဖြစ် ခံစားရစေတယ်။ ဒါကြောင့်မို့ ကားမောင်းသူဟာ ထိခိုက်ဒဏ်ရာရနိုင်ချေ နည်းသွားတယ်။ ဒါက Impulse သ‌ဘောတရားကိုအသုံးချထားတဲ့ လေအိတ်ရဲ့ အလုပ်လုပ်ပုံပဲ။

အစိမ်းရောင်ဂရပ်ဖ်ဟာ လေအိတ်မပါတဲ့အခြေအနေမှာ ကားမောင်းသူခံစားရမဲ့အားပမာဏကို ကိုယ်စားပြုပြီး ခရမ်းရောင်ဂရပ်ဖ်ဟာ လေအိတ်အလုပ်လုပ်တဲ့အခြေအနေမှာ ခံစားရမဲ့ အားပမာဏကို ကိုယ်စားပြုတယ်။ အစိမ်းရောင်ဂရပ်ဖ်ဟာ ကလေးတစ်ယောက် အမြင့်ကနေခုန်ချပြီး မြေပြင်ကိုဝင်ဆောင့်တဲ့အခါ ခံစားရတဲ့အားကို ကိုယ်စားပြုတယ်။ ခရမ်းရောင်ဂရပ်ဖ်ကတော့ အဲ့ဒီကလေး ပျော့ပျော့အိအိပေါ်ကိုရောက်တဲ့အခါ ခံစားရတဲ့အားကို ကိုယ်စားပြုတယ်။

(အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ အခုပေ့ချ်ကို ရီဗျူးလေးဝင်ရေးပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ၊ ပေ့ချ်နီနေလို့ပါ။)

Telegram – t.me/facthub_mm

Written by – Julian Htet Aung

Edited by – Fact Hub Editor Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Physics #Impulse_Mometum_Theorem #Part_2