Myo Myat Maung – Fact Hub Myanmar

အသံတိတ်လူသတ်လက်နက်၊ သို့မဟုတ် အပူရှပ်ခြင်း (Heatstroke)
မြန်မာနိုင်ငံရဲ့ အပူအချိန် ဘယ်လို ဖြစ်နေတယ် ဆိုပြီး ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ အပူချိန်ဟာ အာရှတစ်ခွင်မှာတောင် အပူဆုံး နံပါတ်တစ်အဖြစ် ရပ်တည်နေတာပါ။ ဒါကြောင့် ဒီလိုနွေရာသီမှာ အတော်ပြင်းတဲ့ အပူအချိန်ကြောင့် ဖြစ်တတ်တဲ့ အပူရှပ်ခြင်း (Heatstroke) နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်နဲ့ ဘယ်လိုမျိုး ကြိုတင်ကာကွယ်လို့ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

အပူရှပ်တာကို သာမန်ပါပဲလို့ လူအများစုက ထင်တတ်ကြပါတယ်။ “နေမကောင်းရင် ပါရာစီတမော သောက်လိုက်လေ” လို့ ပေါ့ပေါ့လေး တွေးကြတာက တကယ်တော့ လုံးဝမှားနေပါတယ်။ လူတစ်‌ယောက်က အပူရှပ်ပြီဆိုရင် ဖျားတာ၊ သတိလစ်တာ၊ မူးလဲတာတွေကနေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အကြောသေတာ၊ အကြောဆိုင်းတာအပြင် ဦးနှောက်သွေးကြောပြတ်တာတွေအထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးငယ်မရွေး ဖြစ်တတ်တာမို့ အင်မတန် ဂရုစိုက်ဖို့ လိုပါတယ်။ လုံးဝ လျှော့တွက်လို့ ရတဲ့ ရောဂါမျိုးမဟုတ်လို့ မပေါ့ဆကြဖို့လဲ ထပ်ဆောင်း ပြောချင်ပါတယ်။

ဒါဆိုရင် အပူရှပ်တယ်ဆိုတာ ဘာလဲ . . . ။ ဘာကြောင့် ဖြစ်ရတာလဲ . . . ။

အပူရှပ်တယ်ဆိုတာ ခန္ဓာကိုယ်က ရုတ်တရက် မြင့်တက်လာတဲ့ အပူချိန်ကို မထိန်းချုပ်နိုင်တော့တာမျိုးပါ။  ပထမဆုံး တစ်ချက်ကတော့ ရာသီဥတုပြင်းထန်တာကြောင့်ပါ။ ပြင်ပအပူချိန် ပြင်းထန်လာတဲ့အခါ လူ့ခန္ဓာကိုယ်ဟာ မချိန်ညှိနိုင်တဲ့ အပူချိန်ကို ရောက်သွားတတ်ပါတယ်။ အဲဒီကနေ အပူရှပ်တယ်ဆိုတာ စလာတာပါ။ ဒုတိယတစ်ချက်ကတော့ အရမ်းပူနေတဲ့အချိန်မှာ လေ့ကျင့်ခန်းတွေ လုပ်တာ၊ ဆော့တာ၊ ကစား‌တာတွေနဲ့ ခန္ဓာကိုယ်ကို နေပူထဲမှာ အကြမ်းပတမ်း အလုပ်ပေးတာတွေကြောင့်ပါပဲ။‌ ဒါ့အပြင် ချွေးလုံးဝ ထွက်မလာတဲ့အခါမျိုးမှာလဲ ဖြစ်တတ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အယူအဆအရ ချွေးအောင်းရင် ဖျားတယ်ဆိုပေမဲ့ ဆေးပညာအရတော့ ဒါတာ အပူရှပ်ခြင်းတစ်မျိုးပါ။

အရက်သောက်တဲ့လူတွေနဲ့ ရေသောက်နည်းတဲ့ လူတွေက ပိုပြီး သတိထားသင့်ပါတယ်။ အရက်မှာ ပါတဲ့ အယ်လ်ကိုဟော (Alcohol) က ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး ရာသီဥတုပြင်းတာနဲ့ ပေါင်းသွားတဲ့အခါမှာ အပူရှပ်တာကို ဖြစ်စေပါတယ်။ ရေသောက်နည်းလို့ ရေဓာတ်ခန်းခြောက်ပြီး အပူရှပ်တာကနေ အရက်ပါ ဆင့်ပြီး သောက်လိုက်ရင် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း နွေရာသီမှာ အပူရှပ်ပြီး အသက်ဆုံးရှုံးရတာမှာ ယမကာလုလင်တွေက ပိုပြီး များနေရတာပါ။

တကယ်လို့များ အပူရှပ်တာ သေချာပြီဆိုရင် ခန္ဓာကိုယ်အပူချိန်ဟာ ၁၀၆ ဒီဂရီဖာရင်ဟိုက် (၄၁ ဒီဂရီဆဲလ်စီးယပ်စ်ခန့်) ထိ မိနစ်နှစ်ဆယ်လောက်အတွင်း ခုန်တက်သွားမှာပါ။ ဖြစ်လာမဲ့ လက္ခဏာတွေကတော့ –

၁။ စိတ်အတက်အကျမြန်ခြင်း၊ တောင်စဉ်ရေမရ ပြောခြင်း၊ အသိစိတ်လွတ်ခြင်း

၂။ သတိလစ်မေ့မြောခြင်း

၃။ ချွေး အလွန်အမင်း ထွက်လာ‌ခြင်း

၄။ ရုတ်တရက် တက်ခြင်း

၅။ ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း တို့ပါပဲ။

ဒီလက္ခဏာတွေ ဖြစ်လာခဲ့ရင် တစ်ချက်မှားတာနဲ့ အသက်အန္တရာယ် ရှိနိုင်သလို၊ အသေအချာ ကိုင်တွယ်နိုင်ရင် အသက်ကယ်လို့လဲ ရပါတယ်။ ဆေးရုံသွားဖို့က ပထမ ဦးစားပေးပါ။ ကိုယ်နေတဲ့နေရာနဲ့ အလှမ်းဝေးနေရင်တော့ လုပ်ဆောင်ရမှာတွေက လေအေးရတဲ့နေရာ (ပန်ကာ၊ အဲကွန်း) ကို လူနာအတွက် စီစဉ်ပေးရပါမယ်။ ပြီးရင်တော့ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးတာ၊ ရေလောင်းပေးတာတွေနဲ့ အဝတ်အစားတွေကို ရေစွတ်ပြီး ဝတ်ထားတာမျိုးတွေအပြင် လုံးဝ ဝတ်မပေးတော့ဘဲ ချွတ်ချလိုက်တာမျိုးလဲ လုပ်လို့ ရပါတယ်။ အဲဒီလိုဆိုရင်တော့ အသက်ဆုံးရှုံးဖို့ ရာခိုင်နှုန်းနည်းသွားပါတယ်။ ဒါပေမဲ့လဲ တကယ့်တကယ် ဖြစ်လာပြီးဆိုရင် စိတ်ကို အေးအေးထား၊ လူနာကို ရေအေးအေး၊ လေအေးအေးနဲ့ ထိတွေ့ပေးပြီး ဆေးရုံ ပို့ပေးဖို့တော့ လိုပါတယ်။

ဒီလို ဖြစ်တာကနေ ကာကွယ်လို့ရော ရလားဆိုရင် အဖြေကတော့ ရပါတယ်။ ရာသီဥတုပြင်းနေချိန်မှာ အပြင်ထွက်တာမျိုး ရှောင်တာ၊ အရိပ်ရ‌တဲ့ နေရာတွေမှာ နေပြီး ရေများများ သောက်တာမျိုး လုပ်လို့ရပါတယ်။ ချွေးထွက်နေရင်တော့ ဒါဟာ ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမဲ့ ‌ချွေးထွက်လွန်လာရင်တော့ ဓာတ်ဆားရည်သောက်ပြီး ရေဓာတ် ပြန်လည်ဖြည့်တင်းဖို့ လိုပါတယ်။

အနှစ်ချုပ်အနေနဲ့ အပူရှပ်တာ ဖြစ်လာပြီဆိုရင် လူနာကို လေအေးအေး၊ ရေအေးအေး ရမဲ့နေရာကို အမြန်ရွေ့ပြောင်းပေးရပါမယ်။ ဒုတိယတစ်ချက်အနေနဲ့ ဖြစ်လာရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားကြဖို့လဲ တိုက်တွန်းလိုက်ရပါတယ်။ ကိုယ့်ထက် တတ်သိနားလည်သူတွေက မြန်မြန်ဆန်ဆန် ကယ်တင်နိုင်ပါလိမ့်မယ်။ ရာသီဥတု ပူပြင်းတဲ့အတွက် ကျန်းမာရေးဂရုစိုက်ကြဖို့နဲ့ ကိုယ့်ပတ်၀န်းကျင်မှာ ဖြစ်ခဲ့တယ်ဆိုရင်လဲ အချိန်မီ ကယ်တင်နိုင်ဖို့ ရည်ရွယ်ပြီး Fact Hub ကနေ မျှဝေပေးလိုက်ရပါတယ်။     ။

<details class="wp-block-details is-layout-flow wp-block-details-is-layout-flow"><summary>References </summary>

– Mayo Clinic Staff. (2022). Heatstroke. Mayo Clinic.

– Cleaveland Clinic, (2021). Heatstroke. Cleveland Clinic.

– WHO. (2018, June 1). Heat and health. World Health Organization: WHO.

</details>

Written by

Myo Myat Mg Mg

Academic Reviewed by

Dr.Soe Nwe

Edited by

Nyan WIn Htet

Final-Reviewed by

H of C

Attribution Table

အစား စားပြီးရေသောက်တာက ကောင်းတဲ့ အမူအကျင့်လား
ဒီမေးခွန်းဟာ အတော်လေးတော့ ဒွိဟဖြစ်စေပါတယ်။ ပထမဆုံး အနေနဲ့ ပြောရရင် ရေဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်ဆိုပေမဲ့ လိုအပ်တဲ့ ပမာဏလောက်ကို သောက်သုံးတာက အကောင်းဆုံးပါပဲ။ ဆိုတော့ အဓိက အကြောင်းအရာဖြစ်တဲ့ အစာစားပြီးမှ ရေသောက်တာ ကောင်းလားဆိုရင် ရေးသားဖော်ပြကြတဲ့ အရာတွေ၊ ရှာဖွေတွေ့ရှိချက်တွေအရဆိုရင်တော့ အချိုတစ်ဝက်က ကောင်းတယ်လို ပြောကြပြီး အချိုတစ်ဝက်က‌ မကောင်းဘူးလို ပြောကြပေမဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတာမျိုးတော့ မရှိပါဘူး။ အစာတစ်ခုခုစားပြီး ရေသောက်ချလိုက်တာဟာ အစာချေဖျက်ခြင်း လုပ်ငန်းစဉ်ကို ပုံမှန်ထက် ပိုပြီး မြန်စေပါတယ်။ အကြောင်းကတော့ အစာစားပြီး ရေသောက်ချလိုက်တာက ပုံမှန်နှုန်းနဲ့ အူလမ်းကြောင်းမှာ သွားနေတဲ့ အစာတွေကို ရေရဲ့ အရှိန်နဲ့ မြန်မြန်သွားစေပါတယ်။ ဒါကြောင့်ပဲ အစာချေဖျက်မဲ့ နေရာကို အမြန်ရောက်လာပြီး အစာကြေတာ မြန်စေပေမဲ့ ပြောစရာရှိနိုင်တာ တစ်ခုကတော့ အာဟာရစုပ်ယူမှုကို နည်းသွားစေတာလောက်ပါပဲ။

Written by – Myo Myat Maung

Edited by – FH Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Short_Fact #Medical_Science

Blue field entoptic Phenomenon
ကျွန်တော်တို့တွေ ကောင်းကင်ပြာပြာကြီးကို မော့ကြည့်ကြတဲ့အခါ ကောင်းကင်ကြီးမှာ အဖြူအစက်အပျောက်လေးတွေ၊  အချောင်းအချောင်းလေးတွေ ပြေးနေတာကို တွေ့ဖူးကြပါလိမ့်မယ်။ များသောအားဖြင့်တော့ ‌ဒီလိုဖြစ်တာကို လူတွေက အမြင်အာရုံ အားနည်းလို့ ဖြစ်တာ၊ ရောဂါတစ်ခုခုကြောင့် ဖြစ်တာ၊ သွေးအားနည်းလို့ ဖြစ်တာ စသဖြင့် အမျိုးမျိုးတွေ ပြောကြပေမဲ့ တကယ်တော့ အဲ့ဒီလို မဟုတ်ပါဘူး။

အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်တဲ့အချိန် အစက်လေးတွေ၊ အချောင်းလေးတွေ ကောင်းကင်မှာ ပတ်ပြေးနေတာကို Blue field entoptic Phenomenon လို့ ခေါ်ပါတယ်။ အမြင်အာရုံမှာ ပတ်ပြေးနေတတ်တဲ့ အစက်အပြောက်လေးတွေကတော့ သက်ရှိဆဲလ်လေးတွေဖြစ်တဲ့ သွေးဖြူဥလေးတွေပါ။ ဘာကြောင့် ပတ်ပြေးနေသလို မြင်ရတာလဲဆိုတာကို ပြောပြပေးပါမယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ဆဲလ်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ မျက်လုံးထဲမှာလဲ သွေးဖြူဥနဲ့‌ သွေးနီဥဆဲလ်တွေ အသီးသီးရှိကြပါတယ်။ သွေးနီဥတွေကတော့ blue light ကို စုပ်ယူကြပြီး သွေးကြောမျှင်လေးတွေဆီကို ပို့ပေးပါတယ်။ ပြီးရင် သွေးနီဥလေးတွေ စုပ်ယူထားတဲ့  blue light  ကို အဆင့်ဆင့်စစ်ထုတ်ပြီး ကြည့်လို့ရအောင် မျက်လုံးက ညှိလိုက်ပါတယ်။

ဒါပေမဲ့လဲ ဒီနေရာမှာ သွေးဖြူဥလေးတွေကတော့ ဒီလို မလုပ်နိုင်ပါဘူး။ သွေးဖြူဥတွေဟာ သွေးနီဥတွေထက် နည်းလဲနည်းသလို  blue light ကိုလဲ စုပ်မယူနိုင်ပါဘူး။ ဒါကြောင့် ဦးနှောက်နဲ့ အချိတ်အဆက်ရှိတဲ့ သွေးကြောမျှင်လေးတွေဆီကိုလဲ ပို့မပေးနိုင်တော့ပါဘူး။ သွေးဖြူဥလေးတွေက blue light  ကို စုပ်မယူနိုင်ပေမဲ့လဲ ရလိုရငြား ကြိုးစားကြည့်ပုံပါပဲ။ ဒီလိုမျိုး မရတာကို အတင်းကြိုးစားလိုက်တဲ့ အချိန်မှာ blue light  တွေကို စစ်မထုတ်တော့ဘဲနဲ့ မူလအလင်းရောင်အတိုင်း စုပ်ယူလိုက်ပြီး ဦးနှောက်ကတစ်ဆင့် ပြပေးပါတော့တယ်။ ဒီလိုနဲ့ စစ်မထုတ်ထားတဲ့ blue light ကို  စုပ်ယူလိုက်တာမို့ သာမန်မျက်စိနဲ့ မမြင်ရတဲ့ သွေးဖြူဆဲလ်လေးတွေက အဖြူရောင်တောက်တောက်လေး ဖြစ်လာပြီး ကျွန်တော်တို့ ကောင်းကင်ကို မော့ကြည့်ရင် မြင်နေရတဲ့ အရာ‌လေးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကောင်းကင်ပြာကြီးကို မော့ကြည့်ရင် မြင်နေရတဲ့ အစက်အ‌ပြောက်လေးတွေက သွေးဖြူ‌လေးတွေပဲ ဖြစ်ပါတယ်။ လူတွေအတွက် အန္တရာယ်လဲ မဖြစ်စေသလို မျက်လုံးကျန်းမာရေးကိုလဲ မထိခိုက်စေပါဘူး။

(blue light ဆိုတာကတော့ 380 ကနေ 500 nanometer အကွာအဝေးအတွင်း တုန်ခါနေတဲ့ အတိုဆုံး လှိုင်းအလျားနဲ့ အမြင့်ဆုံး စွမ်းအင်ရှိပြီး မျက်စိနဲ့ မြင်နိုင်တဲ့ အလင်းတန်း တစ်စိတ်တစ်ပိုင်းကို ခေါ်တာဖြစ်ပါတယ်။ ဥပမာပြောရရင် ဖုန်း၊ တီဗီ၊  Laptop၊ Computer Monitor ‌တွေကနေ လာတဲ့ အလင်းရောင်တွေပါ။)

ဒါကြောင့် ဖုန်းတွေ၊ တီဗီတွေ အကြည့်များတဲ့ သူတွေက ကောင်းကင်ကို မော့ကြည့်တဲ့အခါ လှုပ်စိလှုပ်စိဖြစ်နေတဲ့ သွေးဖြူဥလေးတွေကို ပိုပြီး ထင်ထင်ရှားရှား မြင်ရပါတယ်။

Written by – Myo Myat Maung

Edited by – Nyan Win Htet

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Science #Article #General_science #Blue_Field_Entopic_Phenomenon

စိတ်နဲ့ အရောင်တွေကြားက ထူးခြားတဲ့ ဆက်နွယ်မှု
ဒီတစ်ခေါက်တော့ စိတ်ရောဂါတွေအကြောင်းထက် ကျွန်တော်တို့ရဲ့ စိတ်ကို ကာလာအရောင်တွေက ဘာတွေ သက်ရောက်မှုရှိလဲဆိုတဲ့ အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။

ကျွန်တော်တို့ လူသားတွေရဲ့ တွေးခေါ်နိုင်စွမ်း၊ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သက်ရှိသတ္တဝါတွေအကုန်လုံးထက် သာလွန်ကောင်းမွန်ပါတယ်။ တစ်ဆက်တည်းမှာ ဒီလောက်စွမ်းအားကြီးမားတဲ့ အရာတစ်ခုကို လူတွေပိုင်ဆိုင်ထားရပေမယ့် ထိန်းချုပ်ဖို့ နည်းလမ်းတွေကိုလည်း အတိအကျမသိသေးသလို ဘယ်လိုအသုံးချရမလဲဆိုတာကိုလည်း လေ့လာရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီလို ရှာဖွေနေရင်းကပဲ စိတ်ပညာရှင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Angela Wright ဆိုသူက အရောင်တွေ၊ အသံတွေဟာ လူတွေရဲ့စိတ်ခံစားချက်အပေါ် အကျိုးသက်ရောက်မှုရှိတာကို သတိထားမိသွားခဲ့ပါတယ်။ ဒါ​နဲ့ပဲ သူမ သေချာလိုက်လံရှာဖွေတယ်။ စမ်းသပ်ချက်တွေအမျိုးမျိုးလုပ်တယ်။ နောက်ဆုံးမှာ အကောင်းဆုံးရလဒ်တွေထွက်ပေါ်လာပါတယ်။ ရလဒ်ကတော့ ဒီအရောင် (၄)ရောင်ဟာ ကျွန်တော်တို့ရဲ့ စိတ်ကိုသိသိသာသာ အကျိုးသက်ရောက်မှုဖြစ်စေတယ်ဆိုတာပါပဲ။

အနီ (Red)

အပြာ (Blue)

အဝါ (Yellow)

အစိမ်း (Green)

ဒီအရောင်တွေတစ်ခုချင်းစီမှာ လူတွေရဲ့စိတ်ကို တက်ကြွဝုန်းဒိုင်းကြဲစေတာ၊ တည်ငြိမ်ပြီး စိတ်အေးလက်အေးဖြစ်စေတာ၊ ဉာဏ်ပိုရွှင်၊ ဉာဏ်ပိုကောင်းလာစေတာ၊ ခံစားချက်တွေ အတွေးတွေကို အကောင်းဘက်ကနေ မြှင့်တင်ပေးတာ စတဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေပါတယ်။ ဒါဆိုရင် ဘယ်အရောင်တွေက လူတွေရဲ့စိတ်ကို ဘယ်လိုရှိစေလဲဆိုတာ ဆက်လက်ပြီး တိတိကျကျလေး ဖော်ပြပေးပါမယ်။

1. အနီ (Physically and Mentally Motivated)

အနီကတော့ လူတွေကို Motivate ဖြစ်စေတယ်။ တက်ကြွပြီး ဝုန်းဒိုင်းကြဲချင်လာအောင် ခွန်အားတွေပြည့်လာသလို ခံစားရအောင် အဓိကဆောင်ရွက်ပေးတဲ့ အရောင်ဖြစ်ပါတယ်။ တကယ်လည်း ကျွန်တော်တို့ မျက်စိထဲမြင်ရရင်  စိတ်လှုပ်ရှားစေသလို အရေးကြီးတယ်ဆိုတဲ့ အတွေးမျိုးကို ဖြစ်စေပါတယ်။ မြန်မာအယူအဆမှာလည်း အနီရောင်ဟာ အားပြင်းတာတွေ၊ အားကြီးတာတွေဖြစ်စေဖို့ သုံးတတ်ကြတယ်။ လေနီကြမ်းကြီးတွေ၊ မုန်တိုင်းအနီရောင်အဆင့် သတ်မှတ်ချက်တွေအပြင် မီးသတ်ကားတွေ၊ အရေးပေါ်ဌာနတွေမှာလည်း အနီရောင်ကိုအသုံးပြုကြပါတယ်။ အနီကိုမြင်ရခြင်းက လူတွေကို တခြားအရာတွေထက် ပိုသတိထားမိစေနိုင်သလို တွန်းအားတွေ၊ ခွန်အားတွေတိုးပြီး တက်ကြွနိုးကြားစေပါတယ်။ သဘောကတော့ အရေးကြီးတယ်ဆိုတဲ့ ခံစားချက်မျိုး၊ ပူထူသွားတဲ့ခံစားမှုမျိုးကို ရစေပါတယ်။ အနီရောင်ရဲ့ စိတ်အပေါ်သက်ရောက်မှုက လက်တွေ့လောကမှာလည်း အများကြီးရှိသလို အတော်များများလည်း သိပြီးသားမို့ အသေးစိတ်ရှင်းမပြတော့ပါဘူးနော်။

2. အပြာရောင် (Intellectual)

ကျွန်တော်တို့ရဲ့စိတ်ကို အာရုံစူးစိုက်မှုအားကောင်းစေတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုထက်မြက်စေတဲ့အရောင်ကတော့ အပြာရောင်ပါပဲ။

များသောအားဖြင့် အရေးကြီးတဲ့ ရုံး၊ ဌာနတွေအပြင် အာရုံစူးစိုက်ပြီး အလုပ်လုပ်ရတဲ့သူတွေဟာ သူတို့ရဲ့ အခန်းတွေ၊ သက်ဆိုင်တဲ့ နေရာတွေမှာ အပြာရောင် အပြင်အဆင်ကို ထားလေ့ရှိပါတယ်။ (မြန်မာနိုင်ငံတော့မပါပါဘူး ဖြူ နီ ပြာ ဝါ ကာလစုံသုတ်ကြလို့ပါ) တည်တည်ငြိမ်နဲ့ အာရုံစူးစိုက်ပြီး အလုပ်လုပ်စရာရှိရင် မီးအပြာလေးတွေထွန်းကြတာမျိုးတွေ၊ မီးအိမ်အပြာကို ထွန်းထားတာတွေလုပ်ကြပါတယ်။

3. အဝါ ( Emotional)

စိတ်ကိုတည်ငြိမ်စေပြီး ယုံကြည်မှုတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ပေးတဲ့အပြင် စိတ်ကူးဉာဏ်ကို အဓိကအသုံးချရသူတွေ၊ ဉာဏလုပ်သားတွေဖြစ်တဲ့ Content Creator/ Writer တွေ၊ စာရေးဆရာတွေ၊ Design သမားတွေ အတွက် အနီးအနားမှာထားသင့်တဲ့ အလှဆင်သင့်တဲ့ အရောင်ကောင်းလေးကတော့ အ၀ါရောင်ပဲ ဖြစ်ပါတယ်။ အဝါရောင်ဟာ ယုံကြည်မှုကို မြှင့်တင်ပေးတဲ့အပြင် အတွေးအမြင်တွေကိုလည်း ဆန်းသစ်စေပါတယ်။

4. အစိမ်း (Balance)

အစိမ်းကတော့ အနီနဲ့လုံးဝ ဆန့်ကျင်ဘက်အရောင် ဝုန်းဒိုင်းကြဲတာတွေ၊ တက်ကြွတာတွေ အကုန်လုံးကို ငြိမ်သွားစေပါတယ်။ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး မျက်စိလည်းအေးစေပါတယ်။ စိတ်ကစဥ်ကလျားရောဂါ အပြင်းစား ခံစားရတဲ့သူတွေ လုံးဝမတည်ငြိမ်တဲ့ လူနာတွေကို အစိမ်းရောင်အခန်းထဲမှာကုထုံးပေးတာမျိုးတွေတောင် လုပ်လေ့ရှိပါတယ်။ အစိမ်းရောင် တောတောင်သဘာဝရှု့ခင်းတွေ မြင်လိုက်ရရင်ကို စိတ်ထဲကို ပေါ့ပါးပြီး အေးချမ်းခြင်းကို ရရှိစေတာကြောင့် တောတောင်ဒေသတွေဆီ ခရီးထွက်တဲ့သူတွေဆိုရင် ဒီ အချက်ကို ကောင်းကောင်းသိပါလိမ့်မယ်။

ဒါလေးတွေကတော့ အရောင်တွေဟာ စိတ်ခံစားမှုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ ဆိုတာကို Angela Wright ရှာတွေ့ထားတဲ့အချက်တွေပါ။ လက်တွေ့စမ်းကြည့်ချင်တဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့အနေအထားပေါ်မူတည်ပြီး မီးသီးအသေးလေးတွေနဲ့ စမ်းသပ်နိုင်ပါတယ်။ နောက်ဆုံးပြောချင်တာက ဒီအရောင်လေးရောင်မှမဟုတ်ဘဲ အရောင်တိုင်းလိုလိုမှာ အခုလို အကျိုးသက်ရောက်မှုလေးတွေ အနည်းနဲ့အများ ရှိနေတတ်ပါတယ်။ တစ်ခုရှိတာက လူတိုင်းအပေါ် အကျိုးသက်ရောက်မှုရှိမရှိကို အာမခံလို့တော့ မရသေးပါဘူး။ အထူးသဖြင့် Colour Blind သမားတွေအနေနဲ့ အရောင်တွေရဲ့ အကျိုးသက်ရောက်မှုကို မရနိုင်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

References – Biography Of Angela Wright – Colour Affects. (n.d.). Retrieved July 29, 2023, from Colour-affects.co.uk website: http://www.colour-affects.co.uk/biography

Nao (2023) The Impact of Color on Mental Health – Nao Medical, Naomedical.com. Nao Medical. Available at: https://naomedical.com/info/color-mental-health-connection-2.html (Accessed: July 29, 2023).

Written by – Myo Myat Maung

Edited by – Fact Hub Editor Team

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Psycology #Medical_Science #Article #The_unique_relationship_between_mind_and_color

Paranoid disorder or Delusional disorder
အယူစွဲလွန်ရောဂါ (သို့) ယုံမှားလွန်ရောဂါ

လူတစ်ယောက်ကို ထိန်းကြောင်းနေတာဘာလဲဆိုတဲ့ မေးခွန်းကို သိပ္ပံနည်းကျဖြေရရင် ကျွန်တော်တို့ရဲ့ ဦးနှောက်ကြီးလို့ဆိုလို့ရပါတယ်။ တစ်ဖက်က ယုတ္တိကျကျပြန်တွေးမယ်ဆိုရင်တော့ လူကို ထိန်းချုပ်နေတာ “စိတ်” လို့ ဆိုလို့ရပြန်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ အများကြီးကို သက်ဆိုင်နေတာ အားလုံးလည်းသိပြီးသားပါ။ ပြောချင်တာကတော့ စိတ်ဟာ လူကိုထိန်းချုပ်နေတယ်ဆိုတာပါပဲ။ အဲ့တာကြောင့်မလို့ အရေးကြီးတဲ့ စိတ်နဲ့ ပတ်သက်လို့ ဖြစ်တတ်တဲ့ စိတ်ရောဂါတွေထဲက တစ်ခုအကြောင်းကို ပြောပြသွားချင်ပါတယ်။ အဲ့တာကတော့ ယုံမှားလွန်ရောဂါ (Delusional Disorder) ဆိုတာပါ။

ပထမဦးဆုံး ယုံမှားလွန်ရောဂါကို အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော့ တစ်ခုခုကို အလွန်အမင်းယုံကြည်တာလို့‌ ပြောလို့ရပါတယ်။ အချက်အလက်ကျကျနဲ့ ဘယ်လိုပဲ ရှင်းပြရှင်းပြ .. တကယ်မရှိနေတာ၊ တကယ်မဟုတ်နေတာကို အမှန်လို့ပဲထင်နေတာ.. တစ်ဖက်သတ်ဆန်ဆန်ပြီး သူထင်တာ အမှန်လို့ ဖင်ပိတ်လက်ခံတဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ တကယ်တည်ရှိမနေတာကို အလွန်အမင်းယုံကြည်နေတယ်၊ သူ့စိတ်ထဲက ထင်တာတွေဟာ အမှန်တကယ်ဖြစ်နေပါတယ်၊ ငါက ရှေ့ဖြစ်ဟောနိုင်တယ်၊ အနာဂတ်ကို ကြိုသိတယ် စသဖြင့် အခြေအနေအများစုကို ဆိုလိုချင်ပါတယ်။ ပြောရရင်တော့ မြန်မာနိုင်ငံသား သန်းခြောက်ဆယ်မှာ သုံးပုံတစ်ပုံလောက် ဖြစ်နေတာဖြစ်ပြီး ယဉ်ယဉ်လေးနဲ့မပြင်းထန်တဲ့ စိတ်ရောဂါအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ယုံမှားလွန် ရောဂါကိုအခြေခံပြီး အယူအစွဲအမှားတွေ၊ ယုံကြည်မှုအမှားတွေ အများဆုံးဖြစ်တဲ့ အခြေအနေ (၅) ခုရှိပါတယ်။ အဲ့တာတွေကတော့ –

1. Erotomanic

ဒါလေးကတော့ ယုံမှားလွန်ရောဂါထဲက အခြေအနေတစ်ခုဖြစ်ပြီး crush က ကိုယ့်ကိုပြန်ချစ်ပြီး မေတ္တာမျှနေပါတယ်လို့ ယုံကြည်နေတဲ့ စိတ်အခြေအနေတစ်ခုပါ။ ဒီအခြေအနေကို ခံစားရတဲ့သူအနေနဲ့ သူ့ကိုယ်သူဘယ်လိုထင်မလဲဆိုရင် ကိုယ်အရမ်းချစ်ရတဲ့သူတစ်ယောက် ဒါမှမဟုတ် ကိုယ်အရမ်းသဘောကျမိနေတဲ့ နာမည်ကြီး မင်းသားမင်းသမီးစသဖြင့် သူတို့က ကိုယ့်ကိုအရမ်းချစ်နေပါတယ်။ ကိုယ်နဲ့ချစ်သူဖြစ်နေပါတယ်။ သူတို့ဆီက အချစ်ခံနေရတယ်လို့ ထင်ယောင်ထင်မှားယုံကြည်နေတာမျိုးဖြစ်ပါတယ်။

2. Grandiose

ဒီအခြေအနေကတော့ တော်တော်လေးအတွေ့များတဲ့အခြေအနေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် စွမ်းအားတွေရှိနေတာ၊ ရှေ့ဖြစ်မှာတွေ အနာဂတ်ကိုကြိုသိနေတာ ၊ သူတို့ကို သမိုင်းပေးတာဝန်တစ်ခုရှိလို့ ‌လူ‌တွေကိုကယ်တင်ပေးဖို့ လူဖြစ်လာတာစသဖြင့် သာမန်လူတွေမှာ မရှိတဲ့ စွမ်းရည်ထူးတွေရှိနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်ပြီး ယုံကြည်နေကြတာပါ။ သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက ဘာသာရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့အပိုင်းကဏ္ဍတွေနဲ့ လူမှုရေးပိုင်းတွေမှာ ဒီအခြေအနေကို အများဆုံးတွေ့ရတတ်ပါတယ်။

3. Persecutory

ကိုယ့်ကို ကိုယ့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တစ်တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ အန္တရယ်ပေးနိုင်တယ်လို့ ထင်နေတာမျိုးဖြစ်ပါတယ်။ ဒီအခြေအနေဖြစ်နေတဲ့သူက ကိုယ့်ရဲ့ အရင်းနှီးဆုံးလူတွေ‌က ကိုယ့်ကို လုပ်ကြံချင်နေတာလို့ ထင်တာမျိုးတွေ၊ အကွက်ကျကျစီစဉ်ပြီး ဒုက္ခပေးမယ်လို့ တစ်ဖက်သတ်ကြီးအတွေးလွန်နေတတ်တာဖြစ်ပါတယ်။ တော်တော်ဆိုးတဲ့အခြေအနေတစ်ခုဖြစ်ပြီး  သံသယစိတ်ကနေ တစ်ဆင့် လူတွေကို အန္တရာယ်ဖြစ်စေတဲ့အထိ ပြင်းထန်လာနိုင်ပါတယ်။

4. Jealous

အခုပြောမယ့် ယုံမှားလွန်အခြေအနေကတော့ မိန်းကလေးတွေမှာပဲ အဓိကအဖြစ်များတယ်လို့ ဆိုလို့ရပါတယ်။ သဝန်တိုလွန်းပြီး ကိုယ့်ရဲ့ချစ်သူ၊ ကိုယ့်ရဲ့အိမ်ထောင်ဖက်က ဖောက်ပြန်နေတယ်လို့ ထင်နေတဲ့ရောဂါတစ်မျိုးပါ။ တကယ်လည်း ဟုတ်နေတာမဟုတ်မှန်း သက်သေတွေ စုံနေအောင်ရထားပေမဲ့လည်း မယုံနိုင်ဘဲ သံသယတွေအပြည့်နဲ့ အမြဲစစ်ဆေးမေးမြန်းပြီး မသင်္ကာနေတတ်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးတွေက လက်တွဲဖော်တွေကြားထဲမှာ ကွဲကြကွာကြနဲ့ နောက်ဆုံး ရန်ပွဲတွေတောင်ချကြတဲ့အထိပါပဲ။ ဘယ်လိုပဲ တစ်ဖက်က သက်သေပြနေပါစေ၊ ရိုးသားနေပါစေ အလွန်အကျွံကြီး အထင်လွဲမှားတာမျိုးကို ဆိုလိုပါတယ်။

5. Somatic

နောက်ဆုံးတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ်‌သေမယ်လို့ ထင်နေကြတဲ့သူတွေပါ။ သူတို့မှာ ရောဂါဆန်းတွေရှိနေပြီး သေလောက်အောင်ပြင်းထန်တဲ့‌ရောဂါတစ်ခုခုဖြစ်နေပြီ၊ မကြာခင်သေရတော့မယ်လို့ ယုံမှားလွန်နေတာဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့သူတွေက အကြောက်လွန်တာထက် ကိုယ့်မှာဖြစ်နေပြီလို့ကို ထင်တတ်တာမလို့ ဘာရောဂါမှ မည်မည်ရရ မရှိဘဲ ဆေးရုံဆေးခန်းတွေရောက်ကြတယ်။ နောက်ဆုံး သေရင်တောင်ရောဂါကြောင့်မဟုတ်ဘဲနဲ့ စိတ်ကျပြီး ‌သေတာများကြပါတယ်။

ယခု‌ဖော်ပြခဲ့တဲ့ အခြေအနေငါးခုကတော့ ယုံမှားလွန်စိတ်ရောဂါရဲ့ အခွဲတွေပဲဖြစ်ပါတယ်။ အဲ့တာတွေ ဘယ်က ဘယ်လိုဖြစ်လာလဲဆိုတဲ့ အဓိက အကြောင်းအရင်းတွေထဲက တချို့လည်းရှိနေပါတယ်။ ငယ်စဉ်ကတည်းက ပညာရေးစနစ်၊ သိမှုအဆင့်အတန်းနိမ့်ပါးတဲ့ ပတ်ဝန်းကျင်မှာ အသိပညာအမှားတွေနဲ့ ကြီးပြင်းရတာမျိုးတို့၊ အမှားကြီးကို အမှန်ပါလို့ လုံးဝကို ထင်နေအောင် Brain Wash ခံထားရတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ အထီးကျန်ဆန်တဲ့သူတွေ၊ အပယ်ခံတွေနဲ့ စိတ်ဒဏ်ရာရှိနေတဲ့သူတွေမှာပါ။ သူတို့အတွက် ဘယ်သူမှ မရှိနိုင်တော့ဘူးထင်တဲ့အချိန်မှာ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေပေါင်းစပ်ပြီး ကိုယ်က ထူးခြားတဲ့သူ၊ သာမန်နဲ့မတူဘူးဆိုပြီး လွဲမှားတဲ့ အတုအယောင် အခြေအနေတွေဆီ ရောက်သွားတတ်ပါတယ်။ ဖြစ်တတ်တဲ့အခြေအနေထဲမှာ ခဏခဏ သစ္စာဖောက်ခံရတဲ့သူတွေ မဟုတ်မမှန်စွပ်စွဲခံရတဲ့သူတွေမှာလည်း တွေ့ရပါတယ်။ ပြီးတော့ အခုပြောတဲ့အခြေအနေထဲမှာ သုံးခုလောက်က ဆယ်ကျော်သက်တွေမှာ အဖြစ်များတယ်လို့ပြောလို့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်ထူးကဲပါတယ်ထင်တာမျိုး၊ ဟိုမင်းသား ဟိုမင်းသမီးနဲ့ ချစ်ကြိုက်နေတယ်ဆိုတာမျိုးတွေ တကယ်လည်းမဟုတ်ဘဲနဲ့ တန်းတန်းစွဲကြီးတွေဖြစ်နေတာမျိုးက စိတ်ရောဂါ အပျော့စားတစ်ခုစွဲကပ်နေတာလို့ မှတ်ယူနိုင်ပါတယ်။

ဒါတွေက ကုသလို့ ရလားလို့ မေးရင်တော့ အဖြေက နှစ်ခုရှိပါလိမ့်မယ်။ ရောဂါမရင့်ခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ ကုထုံးဆရာဝန်တွေနဲ့ ဆွေးနွေးမိပြီး ဆင်ခြင်ရင်တော့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ အဲ့တာမျိုးက လူတိုင်းနီးပါးမှာရှိတာဖြစ်ပြီး နုတာ၊ ရင့်တာပဲ ကွာပါတယ်။ အရမ်းကြီးပြင်းထန်လာရင် စိတ္တဇဆန်ဆန် Overthinking တွေနဲ့ မဖြစ်လာနိုင်‌တာတွေကို တွေးကြောက်တာ‌၊ လူတွေကို အန္တရာယ်ပေးနိုင်တာ၊ နောက်ဆုံး Sucide လုပ်တဲ့အထိဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအတွက် ကိုယ်တိုင်ဆင်ခြင်ချင်ရင် တကယ်မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးလို့လက်ခံပါ။ အခြေခံလိုအပ်ချက်ကတော့ အကျိုးသင့်အကြောင်းသင့်ကို တစ်ဖက်သတ်အမြင်နဲ့ ခေါင်းမာမနေဘဲ လက်ခံသင့်တာကိုလက်ခံဖို့လိုအပ်ပါတယ်။ ဒါဆိုရင်တော့ Delusional Disorder, Paranoid Disorder ကို ကောင်းကောင်းရင်ဆိုင်နိုင်ပါလိမ့်မယ်။

စိတ်က ဘယ်လောက်တောင် လူကိုသက်ရောက်မှုရှိလည်းဆိုရင် ကင်ဆာရောဂါဖြစ်နေတဲ့ သူတစ်ယောက်ကို အသက်ရှည်ရှည်နေနိုင်အောင် လုပ်ပေးနိုင်သလို လူကောင်းတစ်ယောက်ကိုလည်း တစ်ပတ်လောက်အတွင်း အသက်ကိုနုတ်ယူနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ရင်း သာယာပျော်ရွှင်တဲ့ဘဝတွေကိုရယူပိုင်ဆိုင်ပါလို့ တိုက်တွန်းရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ရပါတယ်။

Written by – Myo Myat Maung

Edited by – Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

စိတ်ပညာနဲ့ပတ်သက်တဲ့ တခြားပိုစ့်တွေကို ဖတ်ချင်ရင် 🔽

ဆိုရှယ်မီဒီယာသုံးတာက စိုးရိမ်လွန်စိတ်ရောဂါနဲ့ စိတ်ကျနှုန်း ဖြစ်ပွားမှု မြင့်တက်တာနဲ့ ဆက်စပ်လျက်ရှိ

စိုးရိမ်လွန်စိတ်ရောဂါ (Anxiety Disorder)

အိပ်မပျော်ခြင်း (Insomnia)

Attention အရမ်းလိုချင်တဲ့ ရောဂါ ဒါမှမဟုတ် ဘောင်ဝင်ချင်တဲ့ရောဂါ (Narcissistic Personal Disorder)

ခွဲခြမ်းစိတ်ဖြာတွေးခေါ်နိုင်မှု (Analytical Thinking)

Analytical thinking ဆိုတာဘာလဲ
လူတိုင်းလူတိုင်းမှာ ပြဿနာတွေကို အဖြေရှာနိုင်စွမ်းရှိကြစမြဲပါ။ အဲ့တာဘာလို့လဲဆိုရင် စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်ဆိုတာကြီးပါနေလို့ပဲဖြစ်ပါတယ်။ ပြဿနာတွေကို အဖြေရှာတဲ့နေရာမှာကျတော့ ကျွန်တော်တို့ရဲ့ စဉ်းစားနိုင်စွမ်းက ယေဘုယျအားဖြင့် သုံးမျိုးရှိပါတယ်။ Critical Thinking (ဖြတ်ထိုးဉာဏ်) ၊ Analytical thinking (ခွဲခြမ်းစိတ်ဖြာ တွေးတောနိုင်တဲ့ဉာဏ်) နဲ့ Synthetical Thinking (ဆက်စပ်တွေးခေါ်နိုင်တဲ့ဉာဏ်) လို့ ခေါ်ပါတယ်။ (မြန်မာမှုပြုရတာ မလွယ်ကူတဲ့အတွက် အဲ့ဒီအဓိပ္ပာယ်ထက်လေးနက်တဲ့ ဘာသာပြန်အဓိပ္ပာယ်မျိုးရှိရင်ပြောခဲ့လို့ရပါတယ်။)

အခု‌ဖော်ပြပေးသွားမှာကတော့ အဲ့ဒီဦးနှောက်ကြီးပါတိုင်း မရတတ်တဲ့အပြင် personal skill တစ်ခုဖြစ်တဲ့ Analytical thinking အကြောင်းပဲဖြစ်ပါတယ်။ Analysis ဆိုတာကို သေချာပေါက်ကြားဖူးမှာမယ်ထင်ပါတယ်။ လူငယ်တွေနဲ့ စိမ်းတဲ့စကားလုံးတစ်ခုမဟုတ်သလို၊ အထူးသဖြင့် Game analysis ဆိုတာမျိုးတွေ၊ Business analysis ဆိုတာမျိုးတွေ ရင်းနှီးကြပါလိမ့်မယ်။ Analysis ဆိုတာ ခွဲခြမ်းစိတ်ဖြာတယ်လို့ အဓိပ္ပာယ်‌ရပါတယ်။ အကြောင်းအရာတစ်ခုခုကို အတွင်းကျကျသိပြီး အချက်အလက်တကျ ပိုင်းခြားထားတယ်လို့လည်း ပြောလို့ရတယ်။ Analysis လုပ်တယ်ဆိုတာဟာ အကြည့်လေးနဲ့တင် မရနိုင်ပါဘူး။ အသေအချာ အချက်အလက်တွေစုရတဲ့အပြင် သူ့အပိုင်းနဲ့သူအကန့်တွေခွဲပြီး စနစ်တကျလုပ်ရတဲ့ Process တစ်ခုပါပဲ။ ဒီလောက်ဆိုရင် Analysis ကို မိတ်ဆက်သဘောမျိုးသိ‌‌လောက်ပြီဆို‌တော့ Analytical thinking က ဘာလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားပါမာ်။

Analytical thinking ဆိုတာဘာလဲ။

သူကတော့ ပြဿနာတွေကို အဖြေရှာတဲ့နေရာမှာ မှန်ကန်တိကျတဲ့အပြင် တော်တော်လေးလည်း ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။ အင်မတန်ရှုပ်ထွေးတဲ့ပြဿနာတွေကို အပိုင်းပိုင်းခွဲပစ်ပြီးတော့ အဆင့်ဆင့်ဖြေရှင်းသွားတာမျိုးကို ဆိုလိုပါတာပါပဲ။ စနစ်တကျပြောရမယ်ဆိုရင်တော့ အတွေးထဲမှာတင် ပထမတစ်ဆင့် ပြဿနာက ဘာလဲဆိုတာ မှတ်တယ်၊ ပြီးရင် ဘာကြောင့်ဖြစ်ရတယ်တို့၊ ဘာလိုအပ်တယ်တို့၊ အကောင်းဆုံးဖြေရှင်းဖို့က နည်းလမ်းဘယ်နှစ်ခု၊ အမှန်အကန်ဆုံးက ဘယ်အရာဖြစ်မလဲဆိုတာကို တစ်ခါတည်းတွက်ဆတာမျိုးပါပဲ။

– ဥပမာပေးရရင် မီးလောင်တယ်ဆိုပါစို့။

အဲ့ဒီအချိန်မှာ ကျွန်တော်တို့ စိတ်ပူပြီး ပျာယာခတ်နေမယ့်အပြင် အတွေးထဲမှာ မီးငြိမ်းဖို့နဲ့အသက်ဘေးက လွတ်ဖို့ ဒီနှစ်ခုပဲရှိမယ်။ ဘယ်မှာလောင်နေတာလဲတို့၊ ဘာကြောင့်လောင်နေတာလဲဆိုတာကို မတွေးမိဘူး။ ပြေးဖို့လောက်ပဲ စဉ်းစားမိနေမှာ။ Analytical thinking ရှိတဲ့သူတစ်ယောက်ဆိုရင်တော့ ဒီမီးဘယ်ကစလောင်လဲတို့၊ လျှပ်စစ်ရှော့လား၊ ဂက်စ်အိုးလား၊ မီးဘယ်လောက်များလဲတို့၊ ဘယ်နေရာမှာလောင်နေတာလဲတို့ကို အရင်‌လေ့လာမယ်။ ဘာဖြစ်လဲသိပြီဆိုရင် အဖြေထပ်ရှာတယ်။ ဂက်စ်အိုးက ထတောက်နေတယ်ဆိုရင် ရေစိုအဝတ်နဲ့ ပြေးအုပ်လို့ရတယ်၊ လျှပ်စစ်ရှော့ဆိုရင် သူမိန်းခလုတ်ကိုပြေးချလိမ့်မယ်။ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာမှ လိုအပ်တာယူပြီး အသက်ဘေးအတွက်ပြေးတာမျိုးပေါ့။ ဒါက ဥပမာသဘောမျိုး။ ကိုယ့်မှာဖြစ်နေတဲ့ အကြောင်းအရာကို အတွင်းကျကျသိအောင်လုပ်တယ်။ ပြီးရင် ဖြေရှင်းနိုင်မယ့်အချက်တွေကို စဉ်းစားတယ်။ ပြီးရင်တော့ ဖြေရှင်းလိုက်တယ်။ အဲ့တာဟာ Analytical thinking ပါပဲ။ အကျဉ်းအကျပ်ထဲရောက်နေတာမျိုးဆိုရင်တောင် ရအောင်လွတ်မြောက်နိုင်တဲ့ Skill တစ်ခုဖြစ်ပါတယ်။

ဒီထက်ပိုနားလည်အောင် Analytical thinking ရဲ့‌ တစ်ဆင့်ပြီး တစ်ဆင့်အကြောင်းကို ဖော်ပြပေးပါဦးမယ်။

ပြဿနာတစ်ခုဖြစ်လာပြီ။ အဲ့ဒီ ပြဿနာက ဗိုက်ဆာတယ်ပဲ ဆိုကြပါစို့။

1. အချက်အလက် ရနိုင်သမျှစုပါ။

ဗိုက်ဆာတဲ့ ပြဿနာနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အရင်စုမယ်။ ဘာလို့ဆာတာလဲ၊ ဘာမှမစားရသေးလို့လား၊ စားပြီးတာကိုထပ်ဆာနေတာလား၊ ဒါမှမဟုတ် အစာအိမ်ရောဂါကြောင့်လား ဆိုတာမျိုးပေါ့။ အဲ့ဒီလိုအပေါ်မူတည်ပြီး ရောဂါကြောင့်ဆာတာဆိုရင် အမြန်ဗိုက်ဖြည့်ရမယ်။ ထပ်စားချင်နေတာဆိုရင် အေးဆေးလုပ်ပြီးမှ စားလည်းရတယ်ဆိုတာမျိုး။ ဒီလို ခွဲခြမ်းသိအောင်လို့ အချက်အလက်စုရတာပဲဖြစ်ပါတယ်။

2. ရလာပြီး ပြန့်ကျဲ‌နေတဲ့ အချက်အလက်တွေကို စနစ်တကျ ပထမဦးစားပေး ဒုတိယဦးစားပေးခွဲမယ်။

ကျန်းမာရေးအတွက်မဖြစ်နေစားရမှာလား၊ ဒီလိုပဲ အဆာပြေလေးစားချင်တာမျိုးလား၊ ဒါမှမဟုတ် သူများစားတာကို မြင်ပြီး ဗိုက်တကယ်မဆာဘဲနဲ့ သက်သက်ကြီးစားချင်တာမျိုးပဲလား။

3. ပြီးရင် ကိုယ်စုထားတဲ့ အချက်အလက်နဲ့ ပြဿနာနဲ့ ကိုက်ရဲ့လားဆိုတာ ပြန်စစ်ရပါမယ်။

ပြောချင်တာက ဗိုက်ဆာတာလားဘာလဲဆိုတာကို သေချာမသိဘူးဆိုရင် ဘယ်လို ဖြေရှင်းမလဲ။ အဲ့တာကြောင့် ကိုယ်စုထားတဲ့အချက်အလက်နဲ့ ကိုယ်ဖြစ်ချင်တာကို တစ်ခါပြန်စစ်ရပါလိမ့်မယ်။

4. ဘာဖြစ်တာလဲဆိုတာ သေချာပြီဆိုရင် ဗိုက်ပြည့်ဖို့ အနီးအစပ်ဆုံးရွေးစရာဘာရှိမလဲ ကြည့်ရပါမယ်။

ဥပမာ – အိမ်မှာရှိတာစားမလား၊ ဆိုင်ထွက်ဝယ်မလား၊ မှာစားမလား၊ ကိုယ်ကြိုက်တာချက်စားမလားဆိုတာမျိုး။

5. ပြီးရင်တော့ ဘယ်ဟာက ဗိုက်ပြည့်ဖို့အလွယ်ဆုံးနဲ့ အမြန်ဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။

ဘာကျန်းမာရေးအခြေအနေကြောင့်မှမဟုတ်ဘဲနဲ့ ဗိုက်ပြည့်ဖို့ပဲဆိုရင်တော့ သေချာပါတယ်…အပြင်မှာ ထွက်စားတာတွေ၊ ကိုယ်ကြိုက်တာ ထချက်စားတာတွေ၊ မှာစားတာတွေက အချိန်ကြာမယ်။ အဲ့ဒီတော့ အလွယ်အကူဆုံး အိမ်မှာရှိတာ ထစားလိုက်ရင် ဗိုက်ပြည့်သွားတာမျိုး။ ဒီမှာ ပြဿနာဖြေရှင်းပြီးလျက်သားဖြစ်သွားပါပြီ။

ကိုယ်ဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ရွေးစရာတွေထဲက အကောင်းဆုံးအခြေအနေတစ်ရပ်ကို ဆွဲထုတ်ပြီး အသုံးချတာဟာ Analytical thinking ရဲ့ ability ပါပဲ။ တော်တော်လေးကို မိုက်တယ်လို့‌ပြောလို့ရပါတယ်။ အဲ့ဒီလိုရဖို့အတွက်တော့ ငါးဆင့်လောက်ကို မြန်မြန်နဲ့ မှန်မှန်တွေးခေါ်တတ်ရပါမယ်။ ဒါက‌တော့ ဥပမာအနေနဲ့ ပြောပြထားတာမလို့ ဒီထက်ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် အချက်အလက်စုဖို့အတွက်ဗဟုသုတပြည့်စုံရတယ်။ ဖြေရှင်းစရာနည်းလမ်းကောင်းတွေကိုလည်း တွေးနိုင်ရပါမယ်။ စိတ်လည်း ရှည်ရမှာဖြစ်သလို၊ အဲ့ဒီလိုမျိုး တွေးခေါ်နိုင်ဖို့ စိတ်ရဲ့ Calmest state အတည်ငြိမ်ဆုံးအခြေအနေမှာ ရှိနေဖို့လိုပါတယ်။ အရမ်းကြီးစိတ်လှုပ်ရှားတတ်တဲ့သူတွေမှာ ဒီ Thinking ကိုမရနိုင်ပါဘူး။ Management ပိုင်းမှာ အားကောင်းတဲ့သူတွေ၊ အများအားဖြင့်တော့ အထက်လူကြီးတွေနဲ့ ဦးဆောင်နိုင်စွမ်းရှိတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ လူငယ်တွေမှာလည်း ရှိကြ‌ပေမဲ့ များများစားစားတော့မရှိဘဲ အတော်ရှားတယ်‌ပြောလို့ရတယ်။ နိုင်ငံတိုင်းမှာ အဲ့ဒီလို Thinking ရှိတဲ့သူ‌တွေဟာ အလုပ်မှာဆိုရင် နေရာပိုရကြတဲ့အပြင် အလုပ်ရှင်ကလည်း ကြိုက်တယ်။ အဲ့တာကြောင့် လူတိုင်းမှာမရှိနိုင်ဘူးလို့ ကျွန်တော်အပေါ်မှာရေးခဲ့တာပေါ့။ ဒါပေမဲ့လေ့ကျင့်ယူလို့တော့ ရတယ်။

တစ်ခုခုကို စိတ်အေးအေးနဲ့ဖြေရှင်းတတ်ဖို့၊ ပြဿနာရဲ့ အတိမ်အနက်ကို သိဖို့အတွက် ဗဟုသုတအားကောင်းရပါတယ်။ အကြောင်းအရာတော်တော်များများကို တီးမိခေါက်မိလောက်ရှိဖို့လိုသလို မသိတဲ့အရာတစ်ခု၊မရင်းနှီးတဲ့‌အကြောင်းအရာတစ်ခုကို ဖြေရှင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်သလောက်ရာခိုင်နှုန်နည်းတာမလို့ အခုလိုပြောရခြင်းဖြစ်ပါတယ်။ စာများများဖတ်ခြင်းအားဖြင့်၊ သေးငယ်တဲ့ကိစ္စလေးတွေတချို့မှာ ကျွန်တော်ပြောခဲ့သလို အဆင့်ဆင့်စီစစ်ပိုင်းခြားပြီး ဖြေရှင်းကြည့်ခြင်းအားဖြင့် Analytical thinking ကို ရလာပါလိမ့်မယ်။

Analytical thinking ဟာ ပုံမှန်လူတွေအတွက် အရမ်းသုံးရင် သံသယစိတ်အလွန်ကြီးမားပြီး ပေါင်းသင်းဆက်ဆံရေးမှာ အတော်ညံ့သွားတတ်ပါတယ်။ Smart ဖြစ်တဲ့သူ‌တွေ၊ ဉာဏ်ကောင်းတဲ့သူတွေအတွက်တော့ ပြ‌ဿနာမဟုတ်ပေမဲ့ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်တော့ဘေးဖြစ်တဲ့အထဲ ဒီကောင်လည်းပါတယ်။ စနစ်တကျ လိုအပ်တဲ့နေရာမှာမတွေးဘဲနဲ့ နေရာတကာမှာ သုံးနေမယ်ဆိုရင်တော့ လူက Overthinking ဖြစ်ပြီးအရာရာတိုင်းမှာ နှောင့်နှေးတာတွေ၊ stress တွေဖြစ်ကုန်ပါမယ်။ ပါးနပ်ရင်ပါးနပ်သလို အသုံးချတတ်ဖို့နဲ့ အခြေအနေအချိန်အခါပေါ်ကြည့်ပြီးစဉ်းစားကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ နောက်မှာ ဆက်ပြီး  Critical thinking နဲ့ synthetical thinking အကြောင်းလေးဖော်ပြပေးသွားဖို့ ရှိပါဦးမယ်။

Written by – Myo Myat Maung

Edited by – Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

လောကနိယာမ ဇရာဆိုတဲ့ အိုမင်းခြင်းကို ဆေးပညာနဲ့ ပြောင်းပြန်လှန်ပစ်ဖို့ကြိုးစားနေတဲ့ လူသား
ထာဝရ အသက်ရှင်ခြင်းဆိုတဲ့အရာကို ပုံပြင်တွေ ဝတ္ထုတွေ နဲ့ ဒဏ္ဍာရီတွေထဲမှာသာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ အဆင်းလှခြင်း ဆိုတဲ့ အရာသုံးခုကို ထာဝရရှိဖို့ကြိုးစားနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဘရိုင်ရန် ဂျွန်ဆန် (Bryan Johnson) ပဲဖြစ်ပါတယ်။ ဘရိုင်ရန်က အဆင့်မြင့် ကျွမ်းကျင်နည်းပညာသမား Software entrepreneurs တစ်ယောက်ဖြစ်ပါတယ်။ အထူးခြားဆုံးအချက်ကတော့ သူကိုယ်တိုင်ကလည်း Biotechnology ဇီဝနည်းပညာကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ကမ္ဘာမှာ ကျိကျိတက် ချမ်းသာနေတဲ့ ဘီလီယံနာ လူပုဂ္ဂိုလ်တစ်ဉီးဖြစ်ပြီး နှစ်စဉ်နဲ့ အမျှ ဒေါ်လာသန်းချီသုံးရင်း ထာဝရအသက်ကို ပိုင်ဆိုင်ရဖို့ကြိုးစားနေပါတယ်။ အဲ့လိုပိုင်ဆိုင်ရဖို့ကြိုးစားနေတဲ့ လုပ်ငန်းစဉ်ကို Age Reversal Protocol လို့နာမည်ပေးထားပြီး ‌တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်နေပါတယ်။ ဆေးသိပ္ပံပညာ၊ ခေတ်မီနည်းပညာတွေ နဲ့ကျွမ်းကျင်ဆရာဝန် အယောက် ၃၀ တိတိကို အသုံးပြုပြီး Age Reversal Protocol ကိုအသက်သွင်းထားတာဖြစ်ပါတယ်။ ဘရိုင်ရန် ကအသက် ၄၅ နှစ်ရှိနေပါပြီ။ ဒါပေမယ့် သူရဲ့ Age Reversal Protocol ကိုအသုံးပြုပြီး ထာဝရ လူငယ်တစ်ယောက်လို ရှင်သန်ဖို့ကြိုးစားနေမှုအတွက် လုံးဝ မထင်ရအောင် နုပျိုပြီး လန်းဆန်းနေပါတယ်။

သူ့ရဲ့ အစီအစဉ်မှာ ဘာတွေပါလဲဆိုရင် နေ့စဉ်အစားကို စနစ်တကျစားတာက စပါတယ်။ နေ့စဉ် ကယ်လိုရီ ၁၉၇၇ ကိုအတိအကျချိန်ဆစားပြီး တစ်လကို အသီးအရွက် ပေါင် ၇၀ စားတယ်လို့သိရပါတယ်။ နောက်ထပ်တစ်ခုကတော့ ခန္ဓာကိုယ်အတွက် ကြွက်သားလေ့ကျင့်ခန်း ကို ပုံမှန်အတိအကျ လုပ်လေ့ရှိပါသေးတယ်။ တစ်ရက်ကို လက်မောင်းအတွက် ဘယ်လောက် မိနစ် ‌ရင်ဘတ်အတွက် ဘယ်လောက် ဗိုက်အတွက် ဘယ်လောက်အစရှိသဖြင့် အတိအကျ မနက်တိုင်း ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီနဲ့လုပ်ပါတယ်။ ပြီးရင်တော့ ကိုယ်တွင်းကလီစာတွေနဲ့ အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နည်းပညာအကူအညီယူပြီး ဆယ်ကျော်သက်တစ်ယောက်ရဲ့ နှလုံးကတစ်နေ့ကို ဘယ်‌နှစ်ချက်ခုန်လဲ လူငယ်တစ်ယောက်ရဲ့ ကျောက်ကပ် အသည်း တွေအလုပ်လုပ်ပုံ ကိုယ်တွင်းကထွက်ရမဲ့ချွေးပမာဏာအထိ အတိအကျ လိုက်ညှိတတ်ပါတယ်။ ဒါတွေအကုန်လုံးကို Digital technology, Biological Nanotechnology တွေအပါအဝင် တခြားအဆင့်မြင့်နည်းပညာအကုန်လုံးကိုအသုံးချနေပါတယ်။

ဘယ်လောက်ထိတောင်လုပ်သလဲဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ နေရောင်ခြည်ဓာတ် ဗီတာမင်-D ကိုလိုချင်တဲ့အခါ သဘာဝရဲ့ ဘက်မညီ မမျှတတဲ့ ခရမ်းလွန်ရောင်ခြည်သင့်မှာကိုဆိုးလို့ ကိုယ်တိုင်လိုအပ်သလို ခရမ်းလွန်ရောင်ခြည်မျှတပြီး ထိန်းချုပ်လို့ရမဲ့ ရောင်ခြည်ကြားခံစက်တစ်မျိုးကိုလည်း အသုံးပြုပါတယ်။ အသားရေ တင်းရင်းဖို့ အရေးအကြောင်းတွေ မထင်ဖို့အတွက်ကိုလည်း ခေတ်မီဆေးဝါးတွေနဲ့ အဆင့်မြင့်စက်တွေကိုအသုံးပြုပါသေးတယ်။ နောက်ဆုံး အိပ်ချိန်အတွက်တောင် ‌နာရီမပြည့်မှာဆိုးလို့ ညအချိန် ဆီးမသွားချင်အောင် ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ချိန်မပြည့်ရင် လူရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိခိုက်တတ်လို့ဖြစ်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် ဘရိုင်ရန်က သူ့ရဲ့နေ့စဉ်ဘဝကို ဆရာဝန်အယောက် ၃၀ နဲ့ မိုးလင်းကမိုးချုပ် တစ်ကိုယ်လုံးကိုစစ်ဆေးပြီး စက်ရုပ်တစ်ရုပ်လိုနေထိုင်နေပါတယ်။ အထူးအခြားဆုံးကတော့ သူဟာ ၉၆ ပါးရောဂါကင်းစင်တယ်လို့လည်းသိရပါတယ်။ သူ့ရဲ့အဲ့လို နည်းစနစ်ကြီးနဲ့ နေထိုင်နေတာကလည်း အလုပ်ဖြစ်တယ်လို့ဆိုလို့ရပြီး ၁၈ နှစ်အရွယ် သူ့သားထက်တောင်အရွယ်တင်တယ်လို့သိရပါတယ်။ ဘရိုင်ရန် ပြောတာကတော့ သူရဲ့ Age Reversal Protocol အရသူဟာ အသက်ငါးနှစ်စာလောက် နောက်ပြန်ဆုတ်နိုင်ပြီ လို့ဆိုပါတယ်။

အခု ပြောပြခဲ့တဲ့ဖြစ်စဉ်က သဘာဝကိုဆန့်ကျင်နေတယ်ဆိုပေမဲ့ အောင်မြင်သွားခဲ့ရင်လည်း လူတွေရဲ့အနာဂတ်ကို တစ်မျိုးတစ်မည်ဖြစ်သွားနိုင်ပါတယ်။ ဒါက တကယ်ပဲ လူသားတွေကို အကျိုးပြုစေမှာလား ဒါမှမဟုတ် သဘာဝကို ဆန့်ကျင့်နေလို့ တစ်ချိန်မှာ ဆိုးကျိုးတွေရှိလာမှာလား ဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါ။

စာဖတ်ပရိသတ်ကြီးတို့ရော အိမ်မက်ထဲမှာပဲရှိတဲ့ ထာဝရအသက်ကို ရမယ်ဆိုရင် လိုချင်လား မလိုချင်ဘူးလား အကြောင်းပြချက်လေးနဲ့ Comment မှာဆွေးနွေးခဲ့လို့ရပါတယ်။

Source – Next Nature Network

Written by – Myo Myat Maung

Edited by – Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

အသံတိတ် လူသတ်လက်နက် Heat Stroke အပူရှပ်ရောဂါ
“အသံတိတ် လူသတ်လက်နက် Heat Stroke အပူရှပ်ရောဂါ”

ယနေ့ခေတ်မြန်မာနိုင်ငံရဲ့ အပူအချိန်ကို ဘာကတော့ဘယ်လိုပါလို့ ရှည်ရှည်ဝေးဝေး ရှင်းပြစရာလိုမယ်မထင်ပါဘူး။ မြန်မာ့နိုင်ငံရဲ့အပူချိန်က အာရှတစ်ခွင်မှာတောင် အပူဆုံးနံပတ်တစ်နေရာကရပ်တည်နေခဲ့ပါပြီ။ ဒီအတွက် နွေရာသီမှာ အရမ်းပြင်းတဲ့အပူအချိန်ကြောင့်ဖြစ်တတ်တဲ့ Heat Stroke အကြောင်းကို ဆောင်ရန်ရှောင်ရန်တွေနှင့်အတူ ဘာတွေကြိုတင်ကာကွယ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အပူရှပ်တယ်ဆိုရင် လူတွေက သာမန်ပဲလို့ထင်တတ်ကြပါတယ်။ ဆေးမြီးတိုလေးတွေလုပ်လိုက် နေမကောင်းဖြစ်ရင် ပါရာစီတမောသောက်လိုက် ဒီလိုပေါ့ပေါ့လေးတွေးကြတာပါ။ တကယ်တော့ အဲတာက လုံးဝမှားနေပါတယ်။ Heat Stroke ဖြစ်လာပြီဆိုရင် ဖျားတာ သတိလစ်တာ မူးလဲတာကနေ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေအကြောသေတာ၊ အကြောဆိုင်းတာကမေ အသက်အန္တရယ်ကိုထိခိုက်စေတဲ့ ဦးနှောက်သွေးကြောပြတ်တာထိ ဖြစ်တတ်ပါတယ်။ လူကြီး လူငယ် သက်ကြီးရွယ်အို မရွေးဖြစ်တတ်တာမိုး ဂရုစိုက်ဖို့လိုပါတယ်။ လုံးဝလျှော့တွက်လို့ရတဲ့ ရောဂါမျိုးမဟုတ်လို့ မပေါ့ဆကြဖို့လည်း ပြောချင်ပါတယ်။

အပူရှပ်တာ ဘာကြောင့်ဖြစ်ရလဲ ?

Heat Stroke အပူရှပ်တယ်ဆိုတာ ခန္ဓာကိုယ်က ရုတ်တရက်ကြီး အပူချိန်တွေမြင့်တက်လာပြီး အပူချိန်ကို မထိန်းချုပ်နိုင်တော့တာမျိုးပါ။

ဘာကြောင့် Heat Stroke အပူရှပ်ရလဲဆိုရင် ~~~

ပထမဆုံး တစ်ချက်ကတော့ ရာသီဥတုပြင်းထန်တာပါ။ ပြင်ပအပူချိန်အရမ်းပြင်းထန်လာတဲ့အခါ လူရဲ့ ခန္ဓာကိုယ်က မချိန်ညှိနိုင်တော့ဘဲ Heat Stroke ကိုဖြစ်စေတဲ့ အပူချိန်ကိုရောက်သွားတတ်ပါတယ်။

ဒုတိယတစ်ချက်က အရမ်းပူနေတဲ့အချိန် လေ့ကျင့်ခန်းတွေလုပ်တာ ဆော့တာ ကစား‌တာတွေနဲ့ ခန္ဓာကိုယ်ကို နေပူထဲမှာ အကြမ်းပတမ်း အလုပ်လုပ်ခိုင်းတာတွေကြောင့်ပါ။

တတိယအချက် ချွေးလုံးဝမထွက်လာတဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ မြန်မာတွေအယူအဆအရ ချွေးအောင်းရင် ဖျားတယ်ဆိုပေမယ့် ဆေးပညာအရတော့ အဲ့တာ အပူရှပ်ခြင်းတစ်မျိုးပါပဲ။

စတုထ္တအချက်ကတော့ ရေသောက်နည်းပြီး အရက်သောက်တဲ့သူတွေပါ။ အရက်ထဲမှာ ပါတဲ့ Alcohol က ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေပြီး ရာသီဥတုပြင်းတာနဲ့ပေါင်းသွားတဲ့အခါ Heat Stroke ကိုဖြစ်သွားစေပါတယ်။ ရေသောက်နည်းတဲ့ အတွက် ရေဓာတ်လည်း ခန်းခြောက်နေတဲ့အချိန် အပူရှပ်တာကနေ အရက်သောက်လိုက်ရင် အသက် ဆုံးရှုံးရတဲ့ထိ ဖြစ်တတ်ပါတယ်။ အဲတာကြောင့် နှစ်စဉ်နွေရာသီမှာ အပူရှပ်ပြီး အသက်ဆုံးရှုံးရတာ ယမကာလုလင်တွေ များနေရတာဖြစ်ပါတယ်။

အပူရှပ်တယ်လို့ သေချာပြီဆိုရင် ခန္ဓာကိုယ်ရဲ့ အပူချိန်က 106°F Celsius ဆိုရင် 41°C လောက်ကို မိနစ်နှစ်ဆယ်လောက်အတွင်း မြင့်တက်သွားတယ်။ ဒါဆိုရင် Heat Stroke ဖြစ်သွားပါပြီ။ လက္ခဏာတွေလည်းပြပါတယ်။

1. စိတ်အတက်အကျမြန်ခြင်း , စကားတွေတောင်စဉ်ရေမရပြောခြင်း, အသိစိတ်လွှတ်ခြင်း

2. သတိလစ်မေ့မြောခြင်း

3. အသားတွေပူလာပြီး ချွေးတွေအလွန်အမင်းထွက်လာ‌ခြင်း

4. ရုတ်တရက်တက်ခြင်း

5. ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း တွေဖြစ်နိုင်ပါတယ်။

အဲတာမျိုးဖြစ်လာခဲ့ရင် တစ်ချက်မှားတာနဲ့ အသက်အန္တရာယ်လည်းများသလို လုပ်တတ်ရင် အသက်ကယ်လို့လည်းရပါတယ်။ ပထမဆုံးတော့ ဆေးရုံကိုသွားဖို့ ဦးစားပေးတစ်ပါ။ အရမ်းအလှမ်းဝေးနေရင်တော့ ဒီလိုလေးကယ်လို့ရပါတယ်။ လုပ်ဆောင်ရမှာတွေက Heat Stroke ဖြစ်တယ်လို့ထင်ရတဲ့သူကို ပထဆုံး လေအေးရတဲ့နေရာ (ပန်ကာကပဲရရ/  Aircon ကပဲရရ) ဘယ်ကလေအေးအေးလေးရနိုင်မလဲဆိုတာ လူနာအတွက်စီစဉ်ပေးရပါမယ်။ ပြီးရင်တော့ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးတာ ရေလောင်းပေးတာတွေ အဝတ်အစားတွေကို ရေစွတ်ပြီး ဝတ်ထားတာမျိုးတွေ လုံးဝဝတ်မပေးတာမျိုးလည်း လုပ်လို့ရပါတယ်။ အဲလိုဆိုရင်တော့ အသက်ဆုံးရှုံးရဖို့ ရာခိုင်နှုန်းနည်းသွားပါတယ်။ Heat stroke ဖြစ်ပြီဆိုရင် ရေအေးအေး၊ လေအေးအေးနဲ့ ထိတွေ့ပေးပြီး ဆေးရုံကို သွားဖို့တော့လိုပါလိမ့်မယ်။ အဓိက သိရမှာက ပြာယာခတ်နေရင်တော့ ဘာဆိုဘာမှကယ်လို့ရမှာမဟုတ်တာမို့ စိတ်အေးအေးနဲ့ကယ်ဖို့လိုပါလိမ့်တယ်။

ကာကွယ်လို့ရော ရလားဆိုရင် ရပါတယ်။ နေအပူပြင်းပြင်းနေရာတွေ ရှောင်ပါ။ အရမ်းရာသီဥတုပြင်းနေရင် အပြင်ထွက်တာမျိုးရှောင်ကြဉ်ပါ။ အရိပ်ရ‌တဲ့နေရာတွေမှာနေပြီး ရေများများသောက်ပါ။ ချွေးထွက်နေရင် ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ ‌ချွေးထွက်လွန်ရင်တော့ ရေဓာတ်ကို ဓာတ်ဆားသောက်ရင်း ဖြည့်တင်းပါ။ အနည်းနဲ့အများတော့ကာကွယ်နိုင်ပါလိမ့်မယ်။

အနှစ်ချုပ်အနေနဲ့ Heat Stroke အပူရှပ်တာဖြစ်လာပြီဆိုရင် လေအေးအေး ရေးအေးအေး ရမယ့်နေရာကို အမြန်ရွေ့ပါ ပြောင်းပါ။ ဒုတိယတစ်ချက်အနေနဲ့ ဖြစ်လာရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားကြပါလို့ တိုက်တွန်းပါတယ်။ ကိုယ်တိုင်ထက် စာရင်တတ်သိနားလည်တဲ့သူတွေက ပိုမိုမြန်မြန်ဆန်ဆန်ကယ်နိုင်ပါလိမ့်မယ်။

ရာသီဥတုပူပြင်းတဲ့အတွက်ကြောင့် ကျန်းမာရေးဂရုစိုက်ကြဖို့နဲ့ မိမိပတ်၀န်းကျင်မှာ ဖြစ်ခဲ့တယ်ဆိုရင်လည်း ကယ်တင်နိုင်ဖို့ ရည်ရွယ်ပြီး Fact Hub ကနေ မျှ​ေ၀ပေးလိုက်ပါတယ်။

Thanks for your help to check this article

Dr. Nwe Soe

Written by – Myo Myat Maung

Edited by – Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက်ပိုများတယ်ဆိုတာ တကယ်လား
ကမ္ဘာပေါ်မှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် သုံးဆတောင် ပိုများတယ်လို့ အချို့သောလူတွေက ပြောကြပါတယ်။ လူအများစုလည်း ဒီစကားကို သေချာပေါက်ကြားဖူးနေမှာပါ။ တကယ်တော့ အဲ့တာဟာ အချက်အလက်အမှားတစ်ခုသာ ဖြစ်ပါတယ်။ အဲ့ဒီစကားဟာ ဘယ်ကနေစတင်ခဲ့လဲဆိုရင် 2019 ခုနှစ်မှာ UN ကစာရင်းကောက်ယူထားတာပါဆိုပြီး Whatapps အကောင့်တစ်ခုကနေ သတင်းအမှားကိုဖော်ပြခဲ့ရာကဖြစ်ပါတယ်။

2019 ခုနှစ်တုန်းက ကမ္ဘာပေါ်မှာ လူဦးရေ 7.8 Billion ရှိတဲ့အနက် အမျိုးသမီးဦးရေ 5.6 Billion နဲ့ အမျိုးသားဦးရေ 2.2 Billion ဆိုပြီး သတင်းအမှားဖော်ပြခဲ့ပါတယ်။ နှစ်အနည်းအငယ်ကြာရင် အမျိုးသမီးတွေချည်းရှိတဲ့ ကမ္ဘာကြီးဖြစ်သွားပါမယ်လို့တောင် ကြောင်တောင်တောင်တွေထင်ကြေးပေးခဲ့သေးတာပါ။ အဲ့တာကို အချို့သော သတင်းဌာနအသေးစားတွေ၊စာမဖတ်ဘဲ ပြောသမျှယုံစားတဲ့ မြန်မာနိုင်ငံရဲ့ လူကြီးအချို့ဟာ နေရင်းထိုင်ရင်း ယောက်ျားတွေ ဈေးတက်/ မိန်းမတွေဈေးကျတယ်ဆိုပြီးပေါက်ကရတွေ ပြောလာခဲ့ပါတယ်။ အဲ့စကားကြီးဟာ ယခု 2023 ကိုရောက်တဲ့အထိ မပျောက်နိုင်သေးဘဲ အမျိုးသမီးဦးရေပိုများနေတယ်ဆိုတာကို တစ်နိုင်ငံလုံးက မျက်စိမှိတ်ပြီးယုံနေကြဆဲပါ။

2019 တုန်းကလည်း အချက်အလက်အမှားဖြစ်ခဲ့သလို ယခုချိန်ထိလည်း အမှတ်မှားနေကြဆဲပါပဲ။ တကယ်တော့ United Nations ကဖော်ပြခဲ့တဲ့ ကမ္ဘာ့လူဦးရေကတော့ ညီတူမျှတူပဲဖြစ်ပါတယ်။ ပြောရရင်တော့ အမျိုးသမီး 50%၊ အမျိုးသား 50% ပါ။ အချို့သောနိုင်ငံတွေမှာတော့ အမျိုးသမီးဦးရေကပိုများတယ်လို့ ပြောကြပေမဲ့ တစ်ကမ္ဘာလုံးအနေအထားနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင်တော့ 1:1 ပဲဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေမှာ မိန်းကလေးဦးရေက ပိုခဲ့တဲ့ဆိုတဲ့ အထောက်အထားက အနည်းအငယ်သာရှိပါတယ်။

ယခု 2023 ရဲ့ ကမ္ဘာ့လူဦးရေက 8 Billion ဖြစ်ပြီး Gender Ratio ကတော့အမျိုးသား 4071924141အမျိုးသမီး 3999372550 ရှိနေပါတယ်။ 2023 ရဲ့ Gender Ratio မှာယောက်ျားလေးဦးရေကတောင်ပိုနေပါပြီ။ ဒါကြောင့် သူများတွေ အမျိုးသမီးဦးရေ ပိုများတယ်ပြောတိုင်းမယောင်မိစေဖို့ရယ်၊ အရင်တုန်းက မသိဘဲလျှောက်ပြောခဲ့တဲ့ အမျိုးသမီးဦးရေဟာ ကမ္ဘာမှာပိုများနေတယ်ဆိုတဲ့ ယုံတမ်းစကားအမှားကို Fact Hub က Fact Check ပြီး တင်ဆက်ပေးလိုက်ရပါတယ်။

Image – Freepik

Source – Fact Check Hub

Written by – Myo Myat Maung

Edited by – Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿