Fact Hub Myanmar
ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .
ငလျင်ဟာ မိနစ်ပိုင်းလေးအတွင်းမှာတင် လူအများကြီးရဲ့ ဘဝတွေကို အကြီးအကျယ် ပြောင်းလဲစေနိုင်ခဲ့တာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပြီးပါပြီ။ အားကောင်းတဲ့ ငလျင်ဒဏ်ကို ခံခဲ့ရပြီးတဲ့နောက် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသူတွေ၊ အသက်ဘေးကနေ လွတ်မြောက်လာသူတွေကြားမှာ Survivor Guilt (ရှင်ကျန်ရစ်ရတဲ့အတွက် အပြစ်ရှိသလို ခံစားရတာ) တွေ ဖြစ်ကြမှာ အနည်းနဲ့အများပါပဲ။
ဒီငလျင်ဒဏ်ကနေ လွတ်မြောက်ပြီး ရှင်သန်ကျန်ရစ်ရတဲ့အခါ —
“ငါတို့အိမ်ကပဲ ပြိုမသွားခဲ့ဘူး . . . ဒါပေမဲ့ အနားက အိမ်တွေ ပြိုသွားတယ်”
“ငါတို့ ဘာမှ မကူညီနိုင်ခဲ့ဘူး . . . သူတို့အော်သံတွေ ကြားခဲ့ရတယ် . . .”
“ငါ ပြည်ပကို ရောက်နေတာ၊ ငွေအားလဲ ကူဖို့ ခက်၊ လူအားလဲ မကူနိုင်နဲ့”
“ငါ ဒီတိုင်းပဲ ရှင်သန်နေရစ်ရတာ စိတ်ပင်ပန်းချက်ပဲ၊ ငါ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလား”
“ငါက ဘာလို့ ဒီလို ကံမျက်နှာသာပေးခံရတာလဲ”
စတဲ့ အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေ အသက်ဆုံးရှုံးလိုက်ရချိန်၊ ဒုက္ခရောက်နေချိန်မှာ ကိုယ်က ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ခံစားချက်တွေ မြင့်လာတတ်ပြီး လောလောလတ်လတ်လဲ လူပမာဏတစ်ခုထိ ခံစားနေကြရပါတယ်။
Survivor Guilt ရဲ့ လက္ခဏာရပ်တွေကတော့
— ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်ပြီး အပြစ်တင်တွေးတောတတ်လာခြင်း
— ငလျင်ဘေးသင့်သူတွေရဲ့ နာကျင်မှုဝေဒနာအတွက် အလွန်အမင်း စိတ်ပင်ပန်းပူပန်ရခြင်း
— စိတ်ခံစားချက်တွေ ရောထွေးလာခြင်း (ဝမ်းနည်းမှု၊ စိုးရိမ်မှု၊ ပူပန်မှု၊ ဒေါသ၊ အပြစ်ရှိစိတ်)
— ပုံမှန် လုပ်နေတဲ့ အလုပ်တွေမှာ စိတ်ဝင်စားမှု လျော့နည်းပျောက်ဆုံးလာခြင်း
— အိပ်ပျော်ရခက်ခြင်း/ အိပ်မက်ဆိုးတွေ မကြာခဏ မက်ခြင်း
— အစားအသောက်ပျက်ခြင်း/ အလွန်အကျွံ စားမိလာခြင်း
— အလွယ်တကူ မောပန်းလာခြင်း
— အလွယ်တကူ နာကျင်ကိုက်ခဲလာတတ်ခြင်း
— သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ တွေ့ဖို့ စိတ်ထိုင်းမှိုင်းလာခြင်း၊ စိတ်မပါလာတော့ခြင်း
— မူးယစ်သေစာကို အလွန်အကျွံ သုံးလာခြင်း
တွေ ဖြစ်ပါတယ်။
ဒီစိတ်ခံစားချက်ကို ရင်ဆိုင်တဲ့အခါ —
(၁) “ဒါက မင်းရဲ့ အပြစ် မဟုတ်ဘူး” ဆိုတဲ့ အကြောင်း ကိုယ့်ကိုယ်ကိုယ် အသိသတိပေးနေဖို့ လိုပါတယ်။ ငလျင်က သဘာဝဘေးတစ်ခုပါ။ လူတစ်ဦးတစ်ယောက်က ထိန်းချုပ်လို့ ရတဲ့ အရာလဲ မဟုတ်သလို ဘယ်ဘုရားကမှ ဒဏ်ခတ်အပြစ်ပေးတဲ့ အရာလဲ မဟုတ်ပါဘူး။ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ အခြားပြည်သူတွေကို ကယ်တင်ဖို့ မစွမ်းနိုင်ရကောင်းလား လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဲ့အစား ရှင်သန်ကျန်ရစ်ခဲ့တာကိုပဲ ကျေးဇူးတင်စိတ်လေး ဖြစ်ပေးဖို့ ကြိုးစားတာက သက်သာစေပါလိမ့်မယ်။
(၂) အခြားသူတွေကို ကူညီပေးရင်းနဲ့ Survivor Guilt ခံစားချက်ကို ကုသနိုင်ပါတယ်။
— အကူအညီလိုအပ်နေသူတွေကို စားစရာ၊ သောက်ရေ၊ နေစရာ အမိုးအကာ၊ ကယ်ဆယ်ရေးအကူအညီ စတာတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့လို့ ရပါတယ်။
— ငွေအား၊ လူအား ကူညီထောက်ပံ့ဖို့ မလွယ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ နွမ်းလျနေတဲ့ ငလျင်ဘေးသင့်သူတွေ ရင်ဖွင့်တာကို နားထောင်ပေးတာ၊ မှန်ကန်တဲ့ အားပေးစကား ပြောတာမျိုးနဲ့ ဖေးမနိုင်ပါတယ်။
— ကယ်ဆယ်ရေးကာလအလွန်မှာ ပြန်လည်ထူထောင်ရေးကာလ လာပါလိမ့်မယ်၊ အဲဒီအခါမှာ ကိုယ် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဖို့ ပြင်ဆင်ထားတာကလဲ Survivor Guilt ခံစားချက်ကို သက်သာစေပါလိမ့်မယ်။
(၃) ကိုယ် ခံစားနေရတာတွေကို ကြိတ်မှိတ်ခံစားမနေဘဲ ရင်းနှီးရသူတွေနဲ့ မျှဝေတာကလဲ စိတ်ကို အတိုင်းအတာတစ်ခုထိ ပြေလျော့စေပါတယ်။ ပြီးရင် ငလျင်ဘေးဒဏ်ကနေ ရှင်သန်ကျန်ရစ်ခဲ့ရသူတွေမှာ ဖြစ်တတ်တဲ့ စိတ်ခံစားချက်ဖြစ်တာကြောင့် “ငါ တစ်ယောက်တည်း ဒီလိုစိတ်မျိုး ခံစားနေရတာ မဟုတ်ဘူး” ဆိုတဲ့ အချက်ကို ကိုယ့်စိတ်ထဲ သေချာသိထားနားလည်ထားဖို့လဲ လိုပြန်တာပေါ့။ ခံစားနေရတာတွေကို မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရင်းနှီးရသူတစ်ယောက်ယောက်နဲ့ စကားပြောကြည့်လိုက်တာ၊ စိတ်ကျန်းမာရေးအတိုင်ပင်ခံ ဒါမှမဟုတ် ကူညီပေးနိုင်တဲ့ တတ်သိနားလည်သူတွေနဲ့ ဆက်သွယ်ဆွေးနွေးလိုက်တာက စိတ်ရဲ့ ကြပ်တည်းမှုကို ပေါ့ပါးလာစေပြီး အားတစ်ခု ပြန်ရစေနိုင်ပါတယ်။
(၄) ကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖို့လဲ မေ့ထားလို့ မရပြန်ပါဘူး။
— အိပ်ရေးဝအောင် အိပ်ပါ။ စိတ်ဖိစီးမှုကြောင့် အိပ်ရေးပျက်တာတွေ ဆက်လာတဲ့အခါ နေ့စဉ်လုပ်ဆောင်စရာ ကိစ္စတွေမှာပါ ပိုပြီး ထိခိုက်လာနိုင်ပါတယ်။
— နားသင့်တဲ့ အချိန်မှာ နားပါ။
— အပြင်းအထန် မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါး လုပ်လို့ ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းအချို့ လုပ်ပါ။
— စိတ်ညစ်လို့၊ ပင်ပန်းလို့ အရက်သောက်တာ၊ ဆေးသုံးတာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ဒါတွေက Survivor Guilt ခံစားချက်ကို ပိုဆိုးစေနိုင်ပါတယ်။
၅။ သက်သောင့်သက်သာရှိတဲ့ အနေအထားနဲ့ meditate လုပ်တာ၊ ခဏတာ ယောဂလုပ်တာမျိုးကလဲ စိတ်ကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့် ငလျင်လို ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးတွေဟာ ကျန်ရစ်သူတို့ရဲ့ စိတ်ကို ထိခိုက်ဒဏ်ရာရစေနိုင်ပေမဲ့ ရှင်သန်နေသေးတာက ကိုယ့်ကို အခွင့်အရေးတစ်ခု ပေးလိုက်တာပါ၊ ခံစားနေရတာတွေကို မြိုသိပ်မထားဘဲ၊ ဖိနှိပ်မထားဘဲ၊ လျစ်လျူရှုမထားဘဲ ဖြည်းဖြည်းမှန်မှန် ကုသရင်း ကျော်လွှားသွားနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။
ရှင်သန်ကျန်ရစ်ရတာက
ရှင်သန်ကျန်ရစ်ခွင့်မရလိုက်သူတွေအတွက်ပါ မှန်ကန်တဲ့ သမိုင်းကို ဆက်ရေးပေးဖို့၊
ကိုယ့်အတွက်တင် မဟုတ်ဘဲ
မရှိတော့တဲ့ သူတွေအတွက်ပါ
အပြည့်အဝ ဆက်လက်ရှင်သန်သွားဖို့ပါ။ ။
Written by Htet Phone Shein
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_20
ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?
ငလျင်ကို ခန့်မှန်းနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေက နည်းလမ်းမျိုးစုံ၊ သုတေသနမျိုးစုံနဲ့ ခန့်မှန်းမော်ဒယ်မျိုးစုံကို ပြုစုလေ့လာခဲ့ကြပါတယ်။ ၁၉၇၀ ခုနှစ် ကာလတွေဟာ မြေငလျင်ခန့်မှန်းမှုအပေါ် ပညာရပ်ပိုင်းဆိုင်ရာ အပြုသဘောဆောင်တဲ့အမြင်တွေ လွှမ်းမိုးခဲ့တဲ့ အချိန်ပါ။ ငလျင်ဟာ ကျောက်လွှာရွေ့လျားမှုကြောင့် ဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပြီး ဒီကျောက်လွှာတွေရဲ့ ဘူမိအခြေအနေတွေကို လေ့လာပြီး ငလျင်ကို ကြိုတင်ခန့်မှန်းလို့ ရမယ်ဆိုပြီး ယူဆခဲ့ကြတယ်။ ဒါပေမဲ့ ပညာရှင်တွေ ထုတ်ပြန်ခဲ့သမျှ သုတေသနစာတမ်းတွေ၊ သီအိုရီမော်ဒယ်တွေအားလုံး ငလျင်ခန့်မှန်းမှုမှာ ကျရှုံးခဲ့ကြပြီး အဲဒီအချိန်ကာလက ခန့်မှန်းမှုမှန်သမျှ တစ်ခုမှ အလုပ်မဖြစ်ခဲ့ကြပါဘူး။ ၁၉၉၀ ခုနှစ်ပတ်လည်ကို ရောက်တော့မှသာ ပညာရှင်တချို့က မဝန်ခံချင်ဘဲ ဝန်ခံလာရတာပါ — “ငလျင်ဟာ ကြိုတင်ခန့်မှန်းလို့ မရဘူး” ဆိုတာကိုပေါ့။
ငလျင်ခန့်မှန်းဖို့အတွက် အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတွေကို အောက်မှာ တစ်ခုချင်းစီ ရှင်းပြပေးသွားပါမယ်။
၁) ငလျင်လှုပ်ရှားပုံ ပြောင်းလဲခြင်း
ဒီနည်းလမ်းဟာ ငလျင်အကြောင်း ဗဟုသုတအနည်းငယ် ရှိပြီးသား လူတွေအတွက် အထူးအဆန်း မဟုတ်ပါဘူး။ တည်နေရာတစ်ခုရဲ့ ငလျင်လှုပ်ခတ်ပုံစက်ဝန်းကို ကြည့်ရှုပြီး ခန့်မှန်းမော်ဒယ်တစ်ခု တည်ဆောက်လိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အများဆုံး အသုံးပြုတဲ့ နည်းလမ်းကတော့ ရှေ့ပြေးငလျင်တွေကို လေ့လာပြီး အဲဒီငလျင်တွေရဲ့ ဗဟိုချက်အနီးမှာ ငလျင်ကြီးတစ်ခု ထပ်မံလှုပ်ခတ်လာနိုင်တယ်လို့ ခန့်မှန်းကြတဲ့ ပုံစံပါ။ ဒီနည်းလမ်းရဲ့ အားနည်းချက်က ငလျင်တစ်ခုဟာ ရှေ့ပြေးငလျင် ဖြစ်တယ်လို့ ပုံသေပြောနိုင်တဲ့ နိယာမ မရှိ‌သေးတာပါ။ ငလျင်တွေဟာ ရှေ့ပြေးငလျင် ဖြစ်နိုင်သလို ပုံမှန်ဘူမိလှုပ်ရှားမှုတစ်ခုလဲ ဖြစ်နိုင်ပါတယ် (ငလျင်ကြီးမလှုပ်ခင် ဖြစ်ပေါ်တဲ့ ငလျင်တိုင်းကို ရှေ့ပြေးငလျင်လို့ အဓိပ္ပာယ်သတ်မှတ်ထားတာပါ)။
ဥပမာ မဂ္ဂနီကျု ၉.၁ ရှိတဲ့ ၂၀၁၁ ဂျပန်ငလျင် မလှုပ်ခတ်မီ တစ်လလောက်အလိုတည်းက မဂ္ဂနီကျု ၅ အထက်ရှိတဲ့ ငလျင်တွေအများကြီး လှုပ်ခတ်ခဲ့ပါတယ်။ မတ်လ ၉ ရက်နေ့မှာတော့ မဂ္ဂနီကျု ၇.၃ ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ပညာရှင်တွေအနေနဲ့ ဒီငလျင်ကို အဓိက ငလျင်ကြီးလို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခန့်မှန်းထားသလို မဟုတ်ဘဲ နောက်ထပ် ၂ ရက်အကြာ၊ မတ်လ ၁၁ ရက်နေ့မှာတော့ မဂ္ဂနီကျု ၉.၁ ရှိတဲ့ အကြီးစားငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ပြန်တယ်။ အဲဒီအခါမှာတော့ ပညာရှင်တွေက ရှေ့ပြေးငလျင်သတ်မှတ်ပုံကို ပြောင်းလဲလိုက်ရတော့တယ်။ ဒီဖြစ်ရပ်ရဲ့ သင်ခန်းစာက ဘယ်ငလျင်ဟာ ရှေ့ပြေးငလျင်၊ ဘယ်ငလျင်ဟာ အဓိကငလျင်၊ ဘယ်ငလျင်ဟာ နောက်ဆက်တွဲငလျင် စသဖြင့် ပုံသေပုံချ ‌ယူဆလို့ မရဘူးဆိုတာပါ။ ဒါပေမဲ့ လက်ရှိအချိန်အထိ ဒီနည်းလမ်းကို သုတေသနပြုနေကြဆဲ ဖြစ်ပါတယ်။
၂) ငလျင်လှိုင်းတွေရဲ့ အလျင်ပြောင်းလဲမှုအချိုး
ငလျင်တစ်ခု လှုပ်ခတ်တဲ့အခါ P-wave လို့ ခေါ်တဲ့ လှိုင်းက ကျောက်လွှာတစ်လျှောက် ရေပြင်ညီရွေ့လျားပြီး ကျောက်လွှာထဲက မြေသားတွေကို ရှေ့နောက်တုန်ခါစေပါတယ်။ S-wave လို့ ခေါ်တဲ့ လှိုင်းကတော့ ရေပြင်ညီရွေ့လျားတာပေမဲ့ မြေသားတွေကို အထက်အောက် တုန်ခါမှုဖြစ်စေတယ်။ ဒီလိုမျိုး တုန်ခါပုံ မတူညီကြတာကြောင့် P-wave ဟာ S-wave ထက် အမြဲတမ်း ပိုပြီး လျင်မြန်ပေမဲ့ ထိခိုက်ပျက်စီးမှု အများစုကိုတော့ S-wave က ဖန်တီးပါတယ်။ ငလျင် ကြိုတင်သတိပေးစနစ်တွေဆိုတာ ရှေ့ပြေးရောက်ရှိလာတဲ့ P-wave ကို ခြေရာခံပြီး သတိပေးချက်တွေ ထုတ်ပြန်တာမျိုးပါ၊ အဲဒီနောက်မှာတော့ ပြည်သူလူထုကို နေရာရွှေ့ပြောင်းဖို့ မိနစ်ပိုင်းလောက် ကြိုတင်ပြင်ဆင်ချိန် ရရှိစေပါတယ်။
၁၉၇၀ ပြည့်နှစ်တွေတုန်းက ရုရှားပညာရှင်တွေက ဒီငလျင်လှိုင်းနှစ်ခုရဲ့ အလျင်အချိုးဟာ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခါနီးမှာ ပြောင်းလဲတတ်တာကို သတိပြုမိခဲ့ကြတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး ပညာရှင်တွေက ရေးဗားဆိုက် (Riverside) မြို့တော်နဲ့ အနီးတစ်ဝိုက်မှာ မဂ္ဂနီကျု ၅.၅ အထက်ရှိတဲ့ ငလျင်တစ်ခု သုံးလအတွင်း လှုပ်ခတ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ သူတို့ခန့်မှန်းတဲ့အတိုင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၄ ရှိတယ်လို့ တိုင်းတာရမိခဲ့တယ်။
ဒီအောင်မြင်မှုကြောင့်ပဲ ပညာရှင်တွေဟာ ဒီနည်းလမ်းကို အသုံးပြုပြီး ခန့်မှန်းမော်ဒယ်တွေ ဆက်လက်ထုတ်ပြန်ခဲ့ပေမဲ့ ထပ်ပြီး မှန်ကန်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ၁၉၇၄ ငလျင်ခန့်မှန်းခြင်း အောင်မြင်မှုကိုလဲ သိပ္ပံနည်းကျ သုတေသနတစ်ခုဆိုတာထက် ကံကောင်းမှုတစ်ခုလို့ ယူဆလာခဲ့ကြပါတယ်။
၃) လျှပ်စစ်နဲ့ သံလိုက်စက်ကွင်း ပြောင်းလဲမှု
လျှပ်စစ်စက်ကွင်းနဲ့ သံလိုက်စက်ကွင်းပြင်းအားဟာ ငလျင်လှုပ်ခတ်မှု ဗဟိုချက်အနီးနားမှာ ပြောင်းလဲတတ်တယ်ဆိုတာကို ပညာရှင်တွေ သတိပြုမိခဲ့တာ ကြာပါပြီ။ ၁၉၈၉ လိုမာပရီတာ (1989 Loma Prieta Earthquake of Magnitude 6.9) ငလျင်မှာ မလှုပ်ခတ်မီ အချိန်အတွင်းမှာပဲ စတန်းဖို့ဒ်တက္ကသိုလ်က သုတေသီအဖွဲ့တစ်ဖွဲ့ဟာ သူတို့ရဲ့ လျှပ်စစ်စက်ကွင်းပြင်းအားတိုင်းတာစက်ကနေ မူမမှန်မှုတစ်ခု (Massive Noise Level Increase) ကို ထောက်လှမ်းရမိခဲ့တယ်။ တိုင်းတာစက်ဟာ ဆန်တာခရုဇ်တောင်ပေါ်မှာ တည်ရှိပြီး ငလျင်ဖြစ်ပွားရာ ဆန်အန်ဒရေ့စ် ပြတ်‌ရွေ့ကြောနဲ့ ကီလိုမီတာ အနည်းငယ်ပဲ ကွာဝေးပါတယ်။ ဒီဖြစ်ရပ်ကြောင့် ပညာရှင်တွေ စိတ်လှုပ်ရှားလာပြီး သုတေသနတွေ ဆက်လုပ်ခဲ့ကြပေမဲ့ ခန့်မှန်းမော်ဒယ်ကတော့ အခုချိန်အထိ ထွက်ပေါ်လာခြင်း မရှိပါဘူး။
၄) ရေစီးဆင်းမှု အပြောင်းအလဲနဲ့ ရေဒွန်ဓာတ်ငွေ့
မြေပေါ်ရေမျက်နှာပြင်အပြောင်းအလဲဟာ သတိပြုမိလွယ်တဲ့ ငလျင်ရှေ့ပြေး လက္ခဏာတစ်ခု ဖြစ်နိုင်တယ်လို့ တချို့သော ပညာရှင်တွေက ယူဆကြတယ်။ ဒီလက္ခဏာထဲမှာ ရေခမ်းနေတဲ့ ရေတွင်းက ရုတ်တရက်ကြီး ရေတွေပြည့်လာတာ၊ သို့မဟုတ် ရေပြည့်နေတဲ့ ရေတွင်းက ရေခမ်းသွားတာ၊ ရေရဲ့အနံ့အရသာ ပြောင်းလဲသွားတာ၊ ဓာတုဖွဲ့စည်းပုံ ပြောင်းလဲသွားတာ စတဲ့ အချက်တွေပါဝင်ကြတယ်။ ဒါပေမဲ့ ဒါတွေကို ငလျင်ရဲ့ ကြိုတင်သတိပေးမှုလို့ ယူဆလို့ရတဲ့ အထောက်အထားတွေအဖြစ် အခုချိန်အထိ လက်မခံကြသေးဘူး။
နောက်ထပ်လက္ခဏာတစ်ခုကတော့ ကျောက်တွေထဲမှာ ပါဝင်နေတဲ့ ရေဒွန်ဓာတ်ငွေ့ပါ။ ကျောက်တွေမှာ ယူရေနီယမ်သတ္ထု အနည်းနဲ့အများ ပါဝင်ကြပြီး ယူရေနီယမ် ရေဒီယိုသတ္တိကြွတဲ့အခါ ရေဒွန်ဓာတ်ငွေ့ကို ထုတ်ပေးပါတယ်။ လေ့လာမှုတွေအရ ငလျင်ကြီးတစ်ခု မလှုပ်ခတ်မီ ကျောက်သားတွေရဲ့ ရေဒွန်ပမာဏဟာ မြင့်တက်လာလေ့ရှိတယ်ဆိုတာ သိရပါတယ်။
၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတစ်ခုမှာ ငလျင်လှုပ်ခတ်မှု ၈၆ ကြိမ်မတိုင်ခင် ရေဒွန်ဓာတ်ငွေ့ပမာဏ ပြောင်းလဲမှု ၁၂၅ ကြိမ် ရှိခဲ့တယ်ဆိုတာကို ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ငလျင်ကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ နိုင်ငံတကာကော်မရှင် (ICEF) ဘက်ကနေပြီးတော့ ရေဒွန်ဓာတ်ငွေ့ မြင့်တက်တဲ့ နေရာဟာ ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာထောင်ချီ ကွာဝေးတတ်တာ၊ ဓာတ်ငွေ့ အပြောင်းအလဲဖြစ်ချိန်ဟာ ငလျင်ဖြစ်ပွားချိန်နဲ့ လပေါင်းများစွာ ကွာခြားနေတယ်ဆိုပြီး ပြန်ထောက်ပြခဲ့တယ်။ ဒါကြောင့် ဒီဓာတ်ငွေ့ အပြောင်းအလဲနဲ့ ငလျင်လှုပ်ခတ်မှုကလဲ သိသာထင်ရှားတဲ့ ဆက်နွယ်မှုမရှိဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။
ဒီတော့ ငလျင်ခန့်မှန်းမှုနဲ့ ပက်သတ်ပြီး သိပ္ပံအသိုင်းအဝိုင်း တစ်ခုလုံး လက်ခံထားတဲ့ နိယာမတစ်ခုမှ ရှိမနေတာကို သတိပြုမိလောက်ပါပြီ။
သမိုင်းကို လေ့လာကြည့်ရင် (ကံကောင်းတိုက်ဆိုင်မှု မဟုတ်ဘဲ) ချက်ကျလက်ကျ ‌အောင်မြင်ခဲ့တဲ့ ငလျင်ကြိုတင်ခန့်မှန်းမှုဟာ တစ်ခုတည်းပဲ ရှိခဲ့ပါတယ်။ ၁၉၇၅၊ ဖေဖော်ဝါရီလ၊ တရုတ်ငလျင်ပညာရှင်တွေက ဟိုင်ချန်ဒေသ (Haicheng) မှာ ၇၂ နာရီအတွင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်မယ်လို့ ကြိုတင်သတိပေးခဲ့ကြတယ်။ သူတို့ရဲ့ ခန့်မှန်းချက်ကတော့ ကာလရှည်ကြာ ငလျင်လှုပ်ရှားမှု ခြေရာခံမှု၊ ရေစီးဆင်းမှု အပြောင်းအလဲ၊ တိရစ္ဆာန်တွေရဲ့ မူမမှန်တဲ့ အပြုအမူတွေအပေါ်မှာ အခြေခံပါတယ်။ ဒီခန့်မှန်းချက်ကြောင့် အာဏာပိုင်တွေဟာ သွေးခဲမတတ် အေးနေတဲ့ ဖေဖော်ဝါရီလ ဖြစ်နေ‌တာတောင် မြို့နေလူထုကို ရွေ့ပြောင်းဖို့ ဖိအားပေးခိုင်းစေခဲ့တယ်။
သတိပေးမှုအပြီး ၆၅ နာရီအကြာမှာတော့ မဂ္ဂနီကျု ၇.၅ ပမာဏရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး လူအသေအပျောက်ပမာဏကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပြီး ထုတ်ပြန်မှု‌တွေအရ အကြီးစားရွှေ့ပြောင်းမှုတွေကြောင့် သေဆုံးသူပမာဏဟာ ၃၀၀ ခန့်သာ ရှိခဲ့တဲ့အပြင် ကြိုတင်သတိပေးမှုသာ မရှိခဲ့ရင် လူသိန်းနဲ့ချီ ထိခိုက်သေဆုံးနိုင်တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။
၁၉၇၅ ငလျင်ခန့်မှန်းမှုက အောင်မြင်ခဲ့ပေမဲ့လဲ နောက်တစ်နှစ်မှာပဲ ဖြစ်ပွားခဲ့တဲ့ ၁၉၇၆ တန်ရှန်းငလျင် (1976 Tangshang Earthquake) ကိုတော့ ပညာရှင်တွေ ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ တရုတ်အစိုးရ ထုတ်ပြန်ချက်အရ လူပေါင်း ၂၄၀,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဒီငလျင်ဟာ ရာစုနှစ်အတွင်း လူအသေအပျောက်အများဆုံး ငလျင်ဖြစ်ခဲ့တယ်။
ဒီတော့ ခြုံငုံသုံးသပ်ရရင် ငလျင်ခန့်မှန်းမှုတွေဟာ တစ်ကြိမ်အောင်မြင်ပြီးရင် အဲဒီနောက်ပိုင်း ‌ဆက်တိုက်ကျရှုံးတယ် ဆိုတာပါပဲ။
ဆက်စပ်ပြီး ဝေဖန်ထောက်ပြရမယ်ဆိုရင် အင်တာနက်ပေါ်ကနေ ဘယ်မြို့မှာ ဘယ်အချိန်ကာလအတွင်း ငလျင်ကြီး လှုပ်ခတ်မယ်ဆိုပြီး ကြိုတင်ခန့်မှန်းပြတာအများစုဟာ လုံးဝမှန်ကန်မှု မရှိပါဘူး။ တွေ့ရှိရသလောက် ဒီခန့်မှန်းမှုတွေဟာ သိပ္ပံနည်းကျ အထောက်အထား ကင်းမဲ့နေကြပြီး ပညာရပ်ပိုင်းဆိုင်ရာ ဝေဖန်ဆန်းစစ်မှုမျိုးလဲ မရှိပြန်ပါ။ အဆိုပါ ပို့စ်တင်ရေးသားသူတွေရဲ့ ခန့်မှန်းချက်တွေဟာ ဘယ်အချိန်မှာ ဘယ်လိုလာမယ်ဆိုတဲ့ ကျပန်းဆန်ဆန် ရေးသားဖော်ပြချက်တွေသာ ဖြစ်ပြီး ကံကောင်းထောက်မလို့ တစ်ချို့တလေ မှန်သွားတာလောက်ပါပဲ။ တစ်နည်းပြောရရင် စကားအခွန်းတစ်ရာမှာ တစ်ခွန်းက တိုက်တိုက်ဆိုင်ဆိုင် မှန်ကန်သွားတာမျိုးပါ။
ဒါဆိုရင် ပညာဆန်တဲ့ စနစ်တကျ ခန့်မှန်းမှုမျိုးဆိုတာ ဘယ်လိုလဲ . . . ?
— ခန့်မှန်းတယ်ဆိုတာကို ငလျင်မလှုပ်ခတ်မီ လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်ပေးတယ်။ လက်ရှိ ခန့်မှန်းတဲ့ လူတော်တော်များများက ငလျင်ပြီးတော့မှသာ “ငါ မပြောဘူးလား” ဆိုတဲ့ ပုံစံနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြတာပဲရှိပြီး တကယ်ခန့်မှန်းခဲ့ပါတယ် ဆိုတာက အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။ ဒါကြောင့် ခန့်မှန်းသူဟာ သူ့ရဲ့ခန့်မှန်းချက်ကို လူသိရှင်ကြား ကြေညာပေးဖို့ လိုအပ်တယ်။
— တိကျသေချာတဲ့ တည်နေရာ‌ ပါဝင်တယ်။ ခန့်မှန်းမှုမှာ ဘယ်မြို့အနီးတစ်ဝိုက်၊ ဘယ်ဒေသပတ်လည် စသဖြင့် ပြည့်စုံစွာ ဖော်ပြပေးထားတယ်။
— တိကျတဲ့ အချိန်အပိုင်းအခြား ပါဝင်တယ်။ ဘယ်ရက်အတွင်း၊ ဘယ်လအတွင်း၊ ဘယ်နှစ်အတွင်း စသဖြင့် အချိန်တိကျတယ်။
— တိကျတဲ့ ပြင်းအားပမာဏကို ဖော်ပြပေးတယ်။ ငလျင်ခန့်မှန်းသူအများစုရဲ့ တူညီတဲ့ အချက်ကတော့ “အကြီးစားငလျင်လာမယ်” ၊ “အားပြင်းငလျင်လာနိုင်ခြေရှိ” စတဲ့ မတိကျ၊ မသေချာတဲ့ အချက်အလက်ကိုပဲ ဖော်ပြကြပြီး မဂ္ဂနီကျု ဘယ်လောက်ပမာဏနဲ့ လှုပ်ခတ်လိမ့်မယ်ဆိုတာကိုတော့ ဖော်ပြနိုင်ခြင်းမရှိတာ တွေ့ရတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငလျင်ပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုရင် သူ့ရဲ့ ခန့်မှန်းမှုမှာ ပြင်းအားပမာဏကို ထည့်သွင်းဖော်ပြတယ်ဆိုတာ သတိပြုမိသင့်ပါတယ်။
— ဖြစ်တန်စွမ်း (Probability) သင်္ချာအရလဲ ဖော်ပြထားတယ်။
ငလျင်ကြီးလှုပ်ခတ်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်ဟာ အာဏာပိုင်တွေအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အထောက်အကူပြုပါတယ်။ ဥပမာ ငလျင်လှုပ်ခတ်နိုင်ခြေ ၅ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုရင်တော့ အများကြီး စိတ်ပူစရာမလိုအပ်ဘဲ ၉၀ ရာခိုင်နှုန်းအထက်ဆိုရင်တော့ ပြည်သူတွေကို ပြောင်းရွှေ့ဖို့ အစီအစဉ်တွေ စတင်ရတော့မှာပါ။
ဒါကြောင့် အင်တာနက်ပေါ်က ခန့်မှန်းချက်တွေကို တွေ့ရှိတဲ့အခါ မျက်စိမှိတ်ယုံမဲ့အစား ပညာရပ်ပိုင်းဆိုင်ရာ ဖော်ပြချက် ပါမပါ ဝေဖန်ဆန်းစစ်တာ၊ ဒါမှမဟုတ် ယုံကြည်စိတ်ချရသူက ကြေညာထားတာကို ရှာဖွေဖတ်ရှုတာ၊ ဒါမှမဟုတ် တတ်သိနားလည်သူ တစ်ယောက်ယောက်ကို ကူညီမေးမြန်းတာ စတာတွေကို ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။
Written by Julian Htet Aung
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_17
မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ
လတ်တလော မန္တလေးကျုံးမှာ ပေါလာပေါ်နေတဲ့ ဖော့ဘူးခွံတွေဟာ လာရောက်လှူဒါန်းသူတွေအတွက် စိတ်မချမ်းမြေ့စရာဖြစ်သလို ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံစားထားရတဲ့ မန္တလေးအတွက်လဲ ရတက်မအေးစရာ ဖြစ်လာပါတယ်။
သဘာ၀ဘေးအန္တရာယ်တွေရဲ့ နောက်မှာ ၀မ်းပျက်၀မ်းလျှောလိုမျိုး ကူးစက်ရောဂါတွေ ကပ်ပါလေ့ရှိတာမို့ အခုလိုအချိန်မှာ ရေရင်းမြစ်၊ မိလ္လာစနစ်နဲ့၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်သင့်ပါတယ်။ အမှိုက်တွေကို စနစ်တကျမစွန့်ပစ်တာ၊ ရှိတဲ့ ရေရင်းမြစ်တွေကို ညစ်ညမ်းအောင်ပြုလုပ်နေတာက ကိုယ့်ကိုယ်ကိုယ်တင်မဟုတ်ဘဲ အများကိုပါ ဒုက္ခပေးရာ ရောက်ပါတယ်။
ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးတွေကနေ ထွက်လာတဲ့ ဓာတုအမှုန်အမွှားတွေ၊ အနည်ထိုင်ပြီးသားကနေ ပြန်တိုးလာမဲ့ ရေအောက်ခြေက အနည်တွေဟာ ရှိနေပြီးသား သောက်သုံးရေရင်းမြစ်တွေကို ညစ်ညမ်းစေတာပါ။ ဒီလိုအခြေနေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်လို့ ရောဂါသယ်ဆောင်တဲ့ ကြွက်တွေကနေ ပိုဆိုးလာမဲ့ အရေပြားရောဂါ၊ ၀မ်းရောဂါတွေပါ ဖြစ်လာနိုင်တာပေါ့။ ကြွက်တွေ ပေါများလာတာနဲ့အတူ ဒီလို မဆင်မခြင် လုပ်လိုက်တာက မြွေတွေကိုပါ ဖိတ်ခေါ်ရာရောက်ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ ၀င်ထွက်နေချိန်မှာ စည်းကမ်းမဲ့ လုပ်ရပ်တွေက အတော်ကို ရုပ်ဆိုးအကျည်းတန်စေပါတယ်။
ဒါကြောင့် အစားမစားမီနဲ့ စားပြီးချိန်မှာ လက်ကို လက်သန့်ဆေးရည်၊ ဒါမှမဟုတ် ဆပ်ပြာနဲ့ သေချာဆေးကြော၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပြီး ပြည်သူလူ‌ထုရဲ့ ကျန်းမာရေးကို ကိုယ်စီ တာ၀န်ယူစောင့်ရှောက်ကြတာက အကောင်းဆုံးအဖြေတစ်ခုပါပဲ။ ။
Written by NoonYuki
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_16
မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?
အင်တာနက်ပေါ် ပျံ့နှံ့နေတဲ့ မြစ်ရေခမ်းတယ်၊ မြေကျွံကျတယ် ဆိုတဲ့ ပုံတွေကို စစ်ဆေးကြည့်တဲ့အခါ ဒီဖြစ်ရပ်ဟာ မြေကျွံကျလို့ဆိုတဲ့ အကြောင်းရင်းထက် မြေအရည်ပျော်လို့ ဆိုတဲ့ အကြောင်းရင်းက ပိုပြီး ဖြစ်နိုင်ခြေရှိတာ တွေ့ရပါတယ်။
ဒီလို ယူဆရတဲ့ အကြောင်းရင်းတွေကတော့ —
၁။ မြေကျွံကျင်း (Sinkhole) ဆိုတာ နေရာတစ်ခုရဲ့ အောက်ဘက်မှာ မြေအောက်ရေပြင် နိမ့်ကျသွားလို့ ဖြစ်လာတာပါ။ မြေအောက်ရေ နိမ့်လာတဲ့အခါ သူနဲ့အတူ ‌သတ္ထုဓါတ်တွေကိုပါ ပျော်ဝင်သွားစေပြီး မြေအောက်ထဲမှာ အခေါင်းပွတစ်ခု ဖြစ်လာစေပါတယ်။ ဒီလို အခေါင်းပွနေရာဟာ အပေါ်ဘက်မြေသားရဲ့ အလေးချိန်ကို မခံနိုင်တဲ့အတွက် အောက်ကို ကျွံကျသွားပြီး မြေကျွံကျင်းတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပုံထဲက ဖြစ်ရပ်မှာတော့ မြေကျွံကျင်းတွေရဲ့ လက္ခဏာကို မတွေ့ရပါဘူး။ မြေကျွံကျင်းဖြစ်မယ်ဆိုရင် ကျွံကျတဲ့နေရာတစ်နေရာကပဲ မြေသားပျော့ပြောင်းရမှာဖြစ်ပြီး အခုပုံမှာတော့ ဧရိယာတစ်ခုလုံးမှာ မြေသားပျော့ပြောင်းနေတာကို မြင်တွေ့ရမှာပါ။
၂။ ပုံထဲက ကျင်းဘေးနား မြေဆီလွှာတွေဟာ မြေအရည်ပျော်ခြင်းရဲ့ လက္ခဏာတွေနဲ့ ဆင်တူနေပါတယ်။ ဧရိယာတစ်ခုလုံးနီးပါးဟာ ရေပြည့်ဝတဲ့ မြေဆီလွှာ ဖြစ်နေပြီး မြေအရည်ပျော်ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် ယူဆလို့ရပါတယ်။
၃။ မြေအရည်ပျော်တဲ့အခါ မြေအောက်က ရေတွေက ငလျင်ဒဏ်ဖိအားကြောင့် အပေါ်ကို တိုးထွက်လာပြီး မြေလွှာထဲက သဲတွေကိုပါ အပေါ်ကို တွန်းတင်ပေးထားပါတယ်။ ဒါကြောင့် မြေအရည်ပျော်ခြင်း ဖြစ်ပေါ်တဲ့နေရာမှာ သဲပွင့်တောင် (Sand Volcano) လေးတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဒီပုံဟာ သဲပွင့်တောင်တစ်ခုသာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အဝါရောင်ကတော့ သဲတွေ အပေါ်ကို တွန်းတင်ခံရရင်း ဆားအချို့နဲ့ သတ္ထုဓါတ်တွေပါ ဆွဲခေါ်ခံရတာကြောင့်လို့ ယူဆထားပါတယ်။
၄။ အဖွဲ့သားတွေအနေနဲ့ ပုံထဲက ဧရိယာကို ကိုယ်တိုင်ကွင်းဆင်းလေ့လာတာမျိုး မလုပ်နိုင်ပေမဲ့ မြေအရည်ပျော်ခြင်းလို့ ယုံကြည်ရတဲ့ နောက်ထပ်တစ်ချက်ကတော့ အိန္ဒိယ အာကာသသုတေသနအဖွဲ့အစည်း (ISRO) ရဲ့ မြေကမ္ဘာလေ့လာရေးဂြိုဟ်တုပုံရိပ်တွေကြောင့်ပါ။ မတ်လ ၂၉ ရက်နေ့က ISRO ပိုင် CATPRO-3 ဂြိုဟ်တုဟာ ငလျင် မဖြစ်ပွားမီနဲ့ ငလျင် ဖြစ်ပွားပြီး အခြေအနေတွေအတွက် အနီအောက်ရောင်ခြည်သုံး ဂြိုဟ်တုဓါတ်ပုံ ၅ ပုံထုတ်ပြန်ခဲ့ပြီး စစ်ကိုင်းနဲ့ မန္တလေးကြား ဧရာဝတီမြစ်အနီးအနားမှာ မြေအရည်ပျော်ခြင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုပါ ဖော်ပြခဲ့ပါတယ်။ ဒါဟာလဲ ဒီကျင်းဖြစ်ပေါ်ပုံနဲ့ ပက်သက်ပြီး ယူဆထားတဲ့ အချက်တစ်ခုပါ။
ဒါကြောင့် ဒါဟာ မြေငလျင်လှုပ်ခတ်အပြီး ကြုံတွေ့ရတဲ့ ပုံမှန်ဘူမိအခြေအနေတွေ ဖြစ်ပြီး ဆူနာမီရဲ့ အကြိုလက္ခဏာ မဟုတ်သလို ငလျင်ကြီး လာမဲ့ ရှေ့ပြေးသင်္ကေတဆိုတာလဲ မဟုတ်ကြောင်း အချက်အလက် စစ်ဆေးသုံးသပ်ပါတယ်။ ။
(မှတ်ချက်။ ။ ပုံထဲက နေရာကို ဂြိုဟ်တုဒေတာတွေကတစ်ဆင့် အဆင့်ဆင့် စစ်ဆေးခြေရာကောက်ကြည့်တဲ့အခါ မန္တလေးရဲ့ အနောက်ဘက် ၂ မိုင်ဝန်းကျင်၊ ငလျင်ဗဟိုချက်ကနေ အရှေ့ဘက် ၉ မိုင်အကွာ၊ သမင်ခြံအနောက်ရွာ ဖြစ်မယ်လို့ အနီးစပ်ဆုံး ယူဆထားပါတယ်။)
Written by Julian Htet Aung
Visual located and cross-checked by NoonYuki
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_15
ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား
ငှက်တွေ အုပ်စုဖွဲ့ပျံသန်းတယ်ဆိုတာ ဆင့်ကဲပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ပုံမှန်အပြုအမူတွေပါ။ ဒီကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရလဲဆိုရင် . . .
— အမဲလိုက် သားရဲတိရစ္ဆာန်တွေကို ဝေခွဲမရ ဖြစ်စေတယ် (အုပ်စုဖွဲ့ပြီး ပျံသန်းနေကြတာ ဖြစ်လို့ ဘယ်ငှက်ကို ပစ်မှတ်ထားရမလဲ ဆိုတာက သားရဲတစ်ကောင်ရဲ့ စိတ်ကို ဝေဝါးစေပါတယ်)။
— အစာရင်းမြစ်တည်ရှိရာကို အချင်းချင်း လမ်းညွှန်ကြတယ်။
— ခရီးဝေးပြန်သန်းတဲ့ နေရာမှာ စွမ်းအင်ကုန်ဆုံးမှုကို သက်သာစေတယ် (အင်္ဂလိပ်အက္ခရာ ဗွီ – V ပုံသဏ္ဌာန်နဲ့ ပျံသန်းတဲ့အခါ ရှေ့ဆုံးငှက် တောင်ပံခတ်ရာကနေ ဖြစ်ပေါ်လာတဲ့ လေဝဲအသေးစားတွေက နောက်မှာ ပါလာတဲ့ ငှက်တွေကို ပင့်ပေးလိုက်သလို ဖြစ်စေတယ်။ ‌ဒါကြောင့်ပဲ ဥပမာပြရရင် ကြိုးကြာငှက်တွေ ဆောင်းခိုချိန် ရက်ရှည်ခရီးနှင်တဲ့အခါ စွမ်းအင်သုံးစွဲမှုကို သက်သာစေတာပါ)။
— မိတ်လိုက်ဖက် ရှာဖွေမှုနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ထိရောက်စေတယ်။
ငှက်တွေဟာ သားရဲနဲ့ ကြုံတွေ့ရတဲ့အခါ၊ အစာရှာတဲ့အခါနဲ့ အိပ်တန်းတက်ဖို့ ပြင်တဲ့အခါ အလားတူ အုပ်စုဖွဲ့ပျံသန်းလေ့ရှိကြပြီး ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာပါ။ ဒါကြောင့် ပုံထဲမှာ မြင်တွေ့နေရတဲ့ အုပ်စုဖွဲ့ပျံသန်းမှုက မုန်တိုင်း၀င်လာနိုင်ခြေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အထောက်အထားတစ်ခု မဟုတ်ပါဘူး။
ထပ်ပြီး အသိပေးလိုတာက အခုလို ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ စိတ်နှလုံး မအေးချမ်းနေချိန်ဖြစ်တဲ့အတွက် အလန့်တကြားဖြစ်စေမဲ့ သတင်းအကြောင်းအရာတွေကို မစိစစ်ပါဘဲ လူမှုကွန်ယက်မှာ မဖြန့်ဝေဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို သတင်းမှားတွေဟာ ပြည်သူတွေရဲ့ အကျိုးကို တိုက်ရိုက် ထိခိုက်သက်ရောက်တာမျိုး မရှိခဲ့ရင်တောင် စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှု ကြီးမားသွားနိုင်ပါတယ်။
Fact Hub Myanmar ကလဲ ငလျင်ဒဏ်သင့် ပြည်သူတွေနဲ့ အတူရှိနေမှာဖြစ်ပြီး သတင်းအချက်အလက် လွဲမှားမှုတွေကို ဆက်လက်တိုက်ဖျက်နေမှာ ဖြစ်တယ်လို့ အသိပေးအပ်ပါတယ်။ ။
Written by Julian Htet Aung
Released from Fact Hub Go: Content Writer Desk, Earthquake Response 13
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_response_13
မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ
မုန်တိုင်းကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူကြားမှာ လတ်တလော ပြန့်နှံ့နေတဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒီအင်တာဗျူးကို ပြီးခဲ့တဲ့ရက်က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး လက်ရှိ ဦးဝင်းနိုင်ဘက် ထပ်တိုးပြောကြားချက်အရ ဧပြီ ၆ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျော့ကျသွားပါပြီ။ ဒါ့အပြင် လာမဲ့ ဧပြီပထမအပတ်ထဲမှာလဲ ငလျင်လှုပ်ခတ်ထားတဲ့ အထက်ဒေသတွေမှာ မိုးရွာနိုင်ခြေ အင်မတန်နည်းနိုင်တယ်လို့ သူက ပြောပါတယ်။ လေဖိအားနည်းရပ်ဝန်းတောင် ဖြစ်ပေါ်လာဖို့ မသေချာတဲ့ အခြေအနေမို့ အစိုးရိမ်လွန်တာထက် ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက မိုးလေဝသခန့်မှန်းချက်တွေကိုပဲ နားစွင့်ထားသင့်တာပါ။
Released from Fact Hub Go: Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_12
ငလျင်၊ မိုးနဲ့ မြေပြိုခြင်း
မြေငလျင်တစ်ခု လှုပ်ခတ်ပြီးသွားရင် မြေသားအတွင်းပိုင်းမှာ ရှိတဲ့ အမှုန်လေးတွေက တုန်ခါမှုကြောင့် မြေသားရဲ့ တည်ဆောက်ပုံကို ပြောင်းလဲသွားစေပါတယ်။ ဒါက မြေသားရဲ့ ကြံ့ခိုင်မှုလို့ ခေါ်တဲ့ Shear-Strength ကို အတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေပါတယ် (Shear-Strength ဆိုတာက မြေသားကို ဘေးတိုက် ရွေ့လျားစေတဲ့ အားတွေကို ပြန်ခုခံခြင်းလို့ အကြမ်းဖျင်း မှတ်လို့ရပြီး ဒီ S-S မြင့်ရင် မြင့်သလောက် မြေသားကြံ့ခိုင်မှု ကောင်းတဲ့အတွက် မြေပြိုနိုင်မှုလဲ နည်းစေပါတယ်)။ တစ်နည်းပြောရရင် ပုံစံတကျရှိပြီးသား မြေမှုန်တွေက ငလျင်ကြောင့် ပရမ်းပတာဖြစ်ကုန်တာမျိုးပေါ့။
ရေပါ၀င်မှုများတဲ့ မြေသားမှာဆိုရင် ဒီဖြစ်စဉ်ကြောင့် မြေသားဖွဲ့စည်းမှု လုံး၀ ပျက်ယွင်းသွားပြီး မြေအရည်ပျော်ခြင်း (Liquefaction) ကို ဖြစ်ပေါ်စေပါတယ်။ လက်ရှိ Fact Hub Myanmar က စာရင်းပြုစုထားရသလောက် ငလျင်လှုပ်ခတ်မှုကြောင့် မြေအရည်ပျော်ခြင်း ဖြစ်ပွားတဲ့ နေရာတွေက
— အင်း၀တံတား (ငလျင်ပြီးနောက် မြစ်အောက်ကြမ်းပြင် မြေအရည်ပျော်မှု‌ကြောင့် အောက်ခြေတိုင် ဖောင်ဒေးရှင်းတွေ ပြိုလဲသွားတယ်လို့ ယူဆရတယ်)
— မန္တလေးနဲ့ စစ်ကိုင်းအနီးတစ်ဝိုက် (ဒီနေရာတွေရဲ့ မြေအရည်ပျော်တာကို အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း (ISRO) ရဲ့ CARTOSAT-3 ဂြိုဟ်တု ပုံရိပ်တွေကနေ အတည်ပြုထားပါတယ်)
— မြစ်သားမြို့နယ် (Facebook မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ သိရပါတယ်) တွေပဲ ဖြစ်ပါတယ်။
လက်ရှိ မိုးလေ၀သခန့်မှန်းမော်ဒယ်တွေအရ ဧပြီလ လဆန်းပိုင်း ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ မိုးထစ်ချုန်းရွာမယ်လို့ သိရပါတယ်။ ငလျင်ဒဏ်ခံရတဲ့ မြေသားဟာ ကြံ့ခိုင်မှု နည်းနေပြီးဖြစ်တဲ့အတွက် မိုးရွာလာတဲ့အခါ မြေပြိုမှုတွေ ပိုပြီး ဖြစ်ပွားနိုင်ချေများတယ်လို့ ယူဆရပါတယ်။
၂၀၂၄ ခုနှစ် ရမည်းသင်းမြို့ ရေကြီးခဲ့စဉ်က မြေပြိုမှုကြောင့် လူပေါင်း ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒီနှစ် ၂၀၂၅ ငလျင်မှာလဲ ရမည်းသင်းဟာ အသက်များစွာကို ဆုံးရှုံးထားရပြီး နောက်ထပ်ရက်ပိုင်းအတွင်းမှာ မိုးရွာလာခဲ့မယ်ဆိုရင် မြေသားအတွင်း ရေစိမ့်၀င်မှုတွေကြောင့် မြေကြံ့ခိုင်မှုလျော့ကျလာပြီး ငလျင်အသေးစားတွေ လှုပ်ခတ်တာနဲ့ မြေပြိုကျမှုတွေ ဖြစ်လာနိုင်ပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း မန္တလေးမြို့နဲ့ ၁၅ ကီလိုမီတာအကွာ၊ မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၅ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီလို ငလျင်မျိုးက ဇောက်တိမ်ငလျင် ဖြစ်တဲ့အတွက် အင်အားသိသာပြီး မိုးရွာသွန်းမှုကြောင့် ရေပြည့်၀နေတဲ့ မြေသားတွေမှာ မြေပြိုမှု ‌ဖြစ်ပေါ်လာစေဖို့ ရာခိုင်နှုန်း များစေပါတယ်။
ဆက်ပြီး မိုးလေ၀သကျွမ်းကျင်သူ ဦး၀င်းနိုင်က ဧပြီလ ၃ ရက်နေ့မှာ မုန်တိုင်း စတင်ဖြစ်ပေါ်ဖို့ ၄၀ ရာခိုင်နှုန်းရှိပြီး ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ မုန်တိုင်းဖြစ်ပေါ်ဖို့ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ မိုးလေဝသမော်ဒယ်တွေကို လေ့လာပြီး ခန့်မှန်းပေးထားပါတယ်။ ဒီတော့ မုန်တိုင်းသာ အမှန်တကယ် ၀င်လာခဲ့မယ်ဆိုရင် မိုးကြောင့် ငလျင်ဒဏ်သင့်မြေသားတွေမှာ မြေပြိုမှုနှုန်း ပိုပြီး များလာနိုင်ပါတယ်။
ဒါကြောင့် ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေအနေနဲ့ မိုးလေ၀သသတင်းအပြင် မုန်တိုင်းသတင်းကိုပါ စဉ်ဆက်မပြတ် နားစွင့်ထားရမှာဖြစ်သလို မြေပြိုနိုင်တယ်ဆိုတဲ့ အခြေအနေကိုလဲ သတိပြုမိဖို့ လိုအပ်လှပါတယ်။
Written by Julian Htet Aung
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_response_11
Dead body တွေကို ဘယ်လို ကိုင်တွယ်မလဲ၊ ဘာတွေ ဂရုပြုရမလဲ . . . ?
အခုအချိန်မှာ ကယ်ဆယ်ရေးပိုင်း မလုံလောက်တာကနေ စလို့ လူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်မဲ့ အခြေအအနေကနေ အသက်မပါပဲ DB ကို ဆွဲထုတ်ရတဲ့ အနေအထားတွေ ဖြစ်နေသလို ဆွဲမထုတ်နိုင်တဲ့ DB တွေလဲ များစွာ ရရှိနေပါတယ်။ ဒီ DB တွေက အချိန်ကြာလာတာနဲ့ ယိုယွင်းပျက်စီးလာပြီး အနံ့ဆိုးအပါအဝင် အခြားသော အန္တရာယ်ရှိ ဓာတ်ငွေ့တချို့နဲ့ ဘက်တီးရီးယားတွေ ထွက်လာပါတယ်။ ဒါကြောင့်မို့ မဖယ်ရှားနိုင်သေးတဲ့ အခြေအနေမှာ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေအနေနဲ့ ဘယ်လိုမျိုး အန္တရာယ်ကင်းအောင် ဘယ်လိုနေရမလဲ ဆိုတာကို ပြောပြသွားပါမယ်။
၁။ Mask တပ်ပါ / Mask မရှိပါက အဝတ်သန့်သန့်ဖြင့် နှာခေါင်းကို အုပ်စည်းပါ — အသက်ရှင်ဖို့၊ အသက်ရှူဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ထုတ်မရတဲ့ DB တွေကြောင့် အနံ့ဆိုးတွေကို ရှူနေရပြီဆိုရင် Mask တပ်ဖို့ လိုအပ်ပါတယ်။ ပမာဏ အတော်များများကို ရှူမိလိုက်တာမျိုးက လူကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရှူမိလိုက်တဲ့ လူက ဘာရောဂါအခံမှ ရှိမနေရင်တော့ လူကို ပျို့အန်စေတာလောက်က လွဲပြီး အန္တရာယ်မပေးနိုင်သလို ရောဂါအခံရှိရင်လဲ မူးဝေတာ၊ အန်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အနံ့ဆိုးတွေ ရနေတယ်ဆိုရင် Mask ရတာ (ရှိတာ) နဲ့ Mask တပ်ပါ။ အဲဒီလိုမှ မလွယ်ကူရင်တော့ အဝတ်သန့်သန့်တစ်ခုကို အုပ်စည်းလိုက်ပါ။ စည်းတဲ့နေရာမှာ နှာခေါင်းရော ပါးစပ်ကိုရော ပါအောင်စည်းဖို့လဲ အကြံပြုချင်ပါတယ်။
၂။ လေအောက်မှာ မနေပါနဲ့ — ဆိုလိုတာက မက်စ်တပ်ဖို့လဲ အဆင်မပြေ၊ နှာခေါင်းကို စည်းစရာအဝတ်လဲ မရှိဘူးဆိုရင် အနံ့ဆိုးတွေ ထွက်တဲ့ နေရာကနေ ရွှေ့ပြီး နေတာမျိုး၊ အပေါ်ကနေ အနံ့ထွက်နေတယ်ဆိုရင် ဆန့်ကျင်ဘက်အရပ် (DB ရဲ့ နောက်ကျောဘက်) ကို သွားတာမျိုးတွေ လုပ်သင့်ပါတယ်။ တိုက်ရိုက်မရှူမိဖို့လဲ လိုတာမို့ ဆင်ခြင်နိုင်ရင် အကောင်းဆုံးပါ။
၃။ ရက်ကြာနေတဲ့ DB နားကို သွားပြီး အလွယ်တကူ မကိုင်လိုက်ပါနဲ့ — ယိုယွင်းပြီး Decompose ဖြစ်နေတဲ့ DB တွေက ဆွဲထုတ်လို့ ရပြီဆိုပြီး ဆွဲထုတ်လိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်တတ်ပါတယ်။ ကိုယ်က ကျွမ်းကျင်သူလဲ မဟုတ်၊ လက်အိတ်၊ ခြေစွပ်နဲ့ တခြားသော အကာအကွယ်ပစ္စည်းတွေလဲ မပါဘဲ သွားကိုင်တာမျိုး လုံးဝ သွားမလုပ်ပါနဲ့။ ကလေးတွေရော၊ လူကြီးတွေရော ဘာအကာအကွယ်မှ မပါဘဲ DB ကို ထိတာ၊ ကိုင်တာတွေက ရောဂါပိုးပေါင်းစုံ ကူးစက်စေနိုင်ပါတယ်။
၄။ ရေနဲ့နီးတဲ့ DB တွေကို တတ်နိုင်သလောက် မြန်မြန်လေး ရွေ့ပြောင်းပေးပါ — DB က ထွက်တဲ့ Lechate လို့ ခေါ်တဲ့ ခန္ဓာကိုယ်ပျက်စီးရာကနေ ထွက်လာတဲ့ အရည်မှာ သွေး၊ တစ်ရှူးနဲ့ အခြားသော ခန္ဓာကိုယ်တွင်းအရည်တွေ ပါဝင်ပြီး အနံ့ဆိုးရှိတဲ့အပြင် ရောဂါပိုးများစွာလဲ ပါဝင်ပါတယ်။ Cadaverine နဲ့ Putrescine တွေကတော့ အလောင်းပျက်စီးတဲ့အခါ ထွက်လာတဲ့ ဒြပ်ပေါင်းတွေ ဖြစ်ပြီး အလွန်အနံ့ဆိုးစေပါတယ်။ အကယ်၍ အဲဒီအရည်တွေကသာ ရေထဲကို စိမ့်ဝင်သွားတာမျိုး မြောင်းထဲကို စိမ့်ဆင်းသွားတာမျိုးဆိုရင် ပတ်ဝန်းကျင်အတွက်တင်မက အပင်တွေ၊ လူတွေနဲ့ တိရစ္ဆာန်တွေအတွက်ပါ မကောင်းလှပါဘူး။ သောက်သုံံးရေ၊ စိုက်ပျိုးရေအရင်းအမြစ်နဲ့ နီးတဲ့ DB တွေကို ဦးစားပေးပြီး ဖယ်ဖို့ လိုပါတယ်။
၅။ လက်ဆေးပါ — DB တွေကို ကိုင်ရသည်ဖြစ်စေ၊ မကိုင်ရသည်ဖြစ်စေ အနီးကပ်ရှိနေရတာမျိုးနဲ့ အဲဒီအနီးအနားက အရာဝတ္ထုပစ္စည်းတွေကို ထိမိကိုင်မိတာမျိုးဆိုရင် မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို မပွတ်မိခင်မှာ လက်ကို ဆေးပါ။ ဝမ်းရောဂါအတွက်လဲ ကြိုတင်ကာကွယ်ပြီး ဖြစ်သလို တခြားသော ဘက်တီးရီးယားတွေ ရန်ကနေလဲ ကာကွယ်ပေးနိုင်ပါတယ်။
အရေးတကြီး ပြောချင်တာတစ်ခုက မကျွမ်းကျင်ဘဲ DB တွေကို ဖယ်ရှားတာမျိုး လုံးဝ လုံး၀ မလုပ်ဖို့ပါ။ အကိုင်အတွယ် မတတ်လို့ ပေါက်ပြဲပျက်စီးသွားတာမျိုး၊ ပဲ့သွားတာမျိုးဆိုရင် အန္တရာယ်ရှိတဲ့ ဓာတုဓာတ်တွေ ပိုပြီး ထွက်လာနိုင်ပါတယ်။ မဖယ်မဖြစ် ဖယ်ရရင်လဲ သေသေချာချာ ထိန်းထိန်းသိမ်းသိမ်းနဲ့ အညင်သာဆုံး လုပ်ဖို့ လိုလှပါတယ်။ ကိုင်တွယ်ပြီးတိုင်းမှာလဲ လက်ကို ဆပ်ပြာနဲ့ဆေးသင့်ပြီး အစားမစားခင်မှာလဲ လက်ဆေးဖို့ လိုပါတယ်။ ဒါဟာ အရမ်းကိုအရေးကြီးပါတယ်။
နောက်တစ်ချက်အနေနဲ့ DB Bag မပါဘဲ DB ကို အဆင်ပြေသလို ထုပ်ပိုးထားရင်လဲ အချိန်အရမ်းအကြာကြီး ထားမဲ့အစား ပိုပြီး ပျက်မစီးသွားခင်မှာ မြုပ်နှံသင့်ပါတယ်။ အနံ့ဆိုးတွေ ထွက်နေလို့ ဆိုပြီး DB ကို ထုံးနဲ့ သွားဖြူးတာ၊ မုန့်ဖုတ်ဆော်ဒါတွေနဲ့ သွားဖြူးတာမျိုးလဲ မလုပ်သင့်ပါဘူး။ ထုံးဖြူတာက အနံ့ဆိုးတွေကို ရှင်းနိုင်ပေမဲ့ ဒီနေရာမှာတော့ ခေတ္တခဏလောက်ပဲ အသုံးဝင်မှာ ဖြစ်ပြီး တိုက်ရိုက်ဖြူးတာမျိုးလဲ လုံးဝကို မလုပ်သင့်ပါဘူး။ အရပ်ထဲမှာ အသုံးပြုတဲ့ ကြားဖူးနားဝ နည်းလမ်းတွေကို အသုံးမပြုဖို့အတွက်လဲ အထူးမေတ္တာရပ်ခံချင်ပါတယ်။ ။
Written by Myo Myat Maung
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_10
မြန်မာနိုင်ငံကို မုန်တိုင်း ဝင်တော့မှာလား . . . ?
မြန်မာကုန်းတွင်းပိုင်းထဲကို လာမဲ့ ဧပြီ ပထမပတ်ဝန်းကျင်မှာ မုန်တိုင်းဝင်မယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါင်းစုံကနေ မျှဝေနေကြပါတယ်။ ဒီမျှဝေချက်က အပြည့်အဝ မမှန်ကန်တဲ့အပြင် မိုးလေဝသခန့်မှန်းချက်တွေကို မှားယွင်းကောက်ချက်ချရင်း အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်နေတာပါ။ လက်ရှိအချိန်ထိ လေဖိအားနည်းရပ်ဝန်းတောင် ပေါ်ပေါက်နိုင်ခြေ မြင့်တယ်လို့ပဲ ခန့်မှန်းနေကြဆဲ ဖြစ်ပြီး မုန်တိုင်းတစ်ရပ်အသွင်ပြောင်းသွားဖို့၊ မုန်တိုင်းဖြစ်ပေါ်ရင်တောင် အင်အားပြင်းဖို့၊ မြန်မာကုန်းတွင်းပိုင်းထဲကို ဝင်ဖို့ ဆိုတာက တပ်အပ်ပြောမရသေးတဲ့ အခြေအနေပါ။ ဒါပေမဲ့ မိုးရွာနိုင်ခြေတော့ ရှိတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ Fact Hub က ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ရင်း အချက်အလက် စစ်ဆေးနိုင်ဖို့ မိုးလေဝသသတင်းတွေ အချိန်နဲ့တပြေးညီ အစီရင်ခံတင်ပြနေတဲ့ MMWeather ရဲ့ မိုးဇလပညာရှင် ဦးဝင်းနိုင်ကို FH Fact-check ရဲ့ ကိုမင်းဇက်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဆက်သွယ်မေးမြန်းချက်ကို အောက်မှာ တင်ပြထားပါတယ်။ ပိုစ့်ရဲ့ အဆုံးမှာတော့ ဖတ်ရှုသူတွေ လက်ရှိအချိန်မှာ အမှန်ယူနိုင်မဲ့ ကောက်ချက်တစ်ရပ်ကို ဖော်ပြပေးထားမှာပါ။
မင်း။ ။ ဆရာ၊ လက်ရှိအခြေအနေလေး ရှင်းပြပေးပါ။
ဝင်း။ ။ ဆရာတို့ဆီမှာ ၂ ပတ်ကနေ ၄ ပတ်ထိ ကြိုပြီး မိုးလေဝသခန့်မှန်းချက်တွေ ကြည့်လို့ရတဲ့ မော်ဒယ်တွေ ရှိတယ်။ တကယ်တမ်း ဖြစ်လာနိုင်တဲ့ အနေအထားကတော့ ဧပြီ ၂ ရက်လောက်ကျမှ ထိုင်းပင်လယ်ကွေ့ ဖူးခက်အောက်ဘက်ကနေ ကပ္ပလီပင်လယ်တောင်ပိုင်းကို လေဖိအားနည်းရပ်ဝန်း စ,ဝင်လာနိုင်ဖို့ ရှိတယ်။ ဒီဘက် ကပ္ပလီပင်လယ်ပြင်ဘက်ကို ရောက်လာပြီးတော့မှ မလက္ကာရေလက်ကြားကြီးရဲ့ လေဝဲတွေနဲ့ ဆုံပြီးတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်မှာ။ အဲဒါပြီးမှ ဘယ်ကို ဆက်ရွေ့မလဲဆိုတာက ကြိုတင်ခန့်မှန်းလို့ ရတဲ့ အနေအထား။
မိုးလေဝသ ခန့်မှန်းတဲ့ ECMWF မော်ဒယ်အစုအဖွဲ့ကြီးကတော့ အိန္ဒိယဘက်ကို သွားတာလဲ ပြတယ်၊ မြန်မာမြောက်ဘက်ကို ထောင်တက်လာမှာမျိုးလဲ ပြတယ်။ နောက်တစ်ခု၊ GFS လို့ ခေါ်တဲ့ NOAA (အမေရိကန်သုတေသနအဖွဲ့အစည်း) ရဲ့ မိုးလေဝသမော်ဒယ်ကတော့ ပထမက ရခိုင် ကျောက်ဖြူဘက်ကို ပြတယ်၊ ဒီနေ့ နောက်ဆုံးရတဲ့ ခန့်မှန်းချက်မှာတော့ ဧရာဝတီ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုတန်း၊ ဒေါ်ငြိမ်းရွာလောက်ကို သွားမယ်လို့ ခန့်မှန်းတယ်။
မင်း။ ။ မုန်တိုင်းဖြစ်လာနိုင်ခြေရော ဘယ်လိုရှိလဲ ဆရာ၊ ပြောနေကြသလို မုန်တိုင်းဖြစ်တော့မှာလား။
ဝင်း။ ။ မုန်တိုင်းဖြစ်ပေါ်လာနိုင်ခြေကို မော်ဒယ်တွေအကုန်လုံးနဲ့ တိုက်ကြည့်လိုက်တော့ ဖြစ်လာနိုင်ခြေက ၅၀ ရာခိုင်နှုန်း ရှိတယ်။ ဒါ ဘင်္ဂလားပင်လယ်အော်ထဲမှာပေါ့။ ဒါကလဲ နီးလာတဲ့အချိန်၊ ဆိုပါတော့ ဧပြီ ၃ ရက်၊ ၄ ရက်လောက်ဆိုရင် ဘယ်လိုပြောင်းမလဲ မသိသေးဘူး။ ဒါက ECMWF က ခန့်မှန်းချက်။ ဥရောပနိုင်ငံတွေဘက်က ပေါင်းလုပ်တဲ့ မိုးလေဝသမော်ဒယ်ပေါ့။ အခု၊ သူတို့က Windy နဲ့ Meteoblue (မိုးဇလခန့်မှန်းဆော့ဝဲများ) နှစ်ခုကို ပေါင်းပြီး ပိုတိကျတာတွေ ထုတ်နိုင်ပြီ။ ဒါပေမဲ့ လောလောဆယ်အခြေအနေကတော့ ခန့်မှန်းချက်တွေပဲ ရှိသေးတယ်။ ကျွန်တော်တင်ပေးထားတဲ့ စာတွေ သေချာဖတ်ရင်လဲ တွေ့ပါလိမ့်မယ်။ ခက်တာက ဒီမှာက ဆရာကြီးတွေကလဲ များတော့ သူတို့လိုရာကိုပဲ ဆွဲရေးသွားကြတာမျိုးပါ။
မင်း။ ။ ကျေးဇူးပါ ဆရာဝင်းနိုင်။ လောလောဆယ်က ပြည်သူတွေကလဲ ငလျင်ပြီး မုန်တိုင်းဆိုတော့ စိုးရိမ်တာတွေ ရှိနေကြတယ်။ ဒီကြားထဲ မုန်တိုင်းဝင်နေပြီတွေ၊ ဘယ်ရက်ဘယ်ရက်တွေ မြန်မာပြည်မှာ မုန်တိုင်းတိုက်မယ်တွေ ပြောတော့ ပြည်သူတွေက အပူအပန်လွန်ပြီး Panic ဖြစ်တာတွေလဲ ရှိနေပါတယ်။ အဲဒီကနေ သတင်းတု/သတင်းမှားတွေလဲ ထွက်နေတာပေါ့။
ဝင်း။ ။ ဟုတ်တယ်။ တစ်ခုထပ်ပြီးတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ မိုးလေဝသအခြေအနေနဲ့ မုန်တိုင်းအခြေအနေတွေ ခန့်မှန်းရာမှာ ‘တောက်တဲ့’ နဲ့ ‘ဖား’ ဆိုတာ ရှိတယ်။ တောက်တဲ့ဆိုတာက ကြိုတင်ခန့်မှန်းချက်ထုတ်တဲ့ Weather App တွေပေါ့။ ဖားဆိုတာကတော့ တကယ်ဝင်လာပြီဆိုတော့မှ အချိန်နဲ့တပြေးညီ (Real-time) သိရတဲ့ Weather Station (မိုးဇလအခြေအနေ တပြိုင်နက်တိုင်းတာနိုင်တဲ့ စက်) တွေ။ ကျွန်တော်က အခုဒီမှာလဲ Weather Station တွေ ၁၅ ခုလောက် ထိုင်ထားပြီးပြီ။ ဖျာပုံမှာလဲ ရှိတယ်၊ ဧရာဝတီတိုင်းမြောက်ဘက်၊ ပဲခူးတိုင်း လက်ပံတန်းမှာလဲ ဆင်ထားတာ ရှိတယ်။ ဒီအနေအထားတွေကလဲ ဖြစ်လာရင် စောသိနိုင်သလို ထိုင်းနိုင်ငံမှာ ထိုင်ထားတဲ့ Station တွေက Real-time ဒေတာတွေကိုလဲ ကျွန်တော်တို့ ကြည့်တယ်။ ကြည့်ပြီးတော့မှ ဘယ်လောက်တိမ်ထုတော့ ဝင်လာတယ်၊ ဘယ်လိုတော့ အခြေအနေရှိတယ်ဆိုတာ စက္ကန့်မလပ်ပြောနိုင်အောင် လုပ်တယ်။ အဓိကရည်ရွယ်ချက်က သဘာဝဘေးတွေ ဖြစ်လာပြီးတော့ ထိခိုက်ဆုံးရှုံးတာတွေ ထပ်မဖြစ်စေချင်တာ၊ ကြိုတင်ပြင်ဆင်စေချင်တာ . . . ဒါပါပဲ။
မင်း။ ။ ဖြေကြားပေးလို့ ကျေးဇူးပါ ဆရာ။ ကျွန်တော်တို့လဲ သဘာဝဘေးတစ်ခုခု ဖြစ်လာရင် ဆရာတို့ဆီပဲ လာပြေးကြည့်၊ ပြန်ကိုးကားဖော်ပြရတဲ့အပြင် ပြည်သူတွေကလဲ ဒီလိုတွေကိုပဲ အားကိုးနေကြရတာပါ။ ဒါပေမဲ့ တစ်ဖက်မှာ ဆိုလိုချင်တာက တစ်မျိုးပေမဲ့ ခန့်မှန်းချက်တွေကို သေချာမဖတ်ဘဲ ပြန်မျှဝေကြချိန် မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်ကုန်တယ်။ ဒီကနေမှ အစိုးရိမ်မလွန်သင့်သေးတဲ့ ကိစ္စကို ပူပန်နေရပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းချမိတာမျိုးပါ။ သတင်းတွေကို ပုံမှန်ဖတ်ပြီး အခြေအနေပေါ်လိုက်လို့ ကြိုတင်ပြင်ဆင်ဖို့၊ သတိရှိဖို့တော့ လိုတာပေါ့ဗျာ။
ဒီတော့ စာဖတ်သူတွေ ဘယ်လိုကောက်ချက်ချနိုင်မလဲ . . .?
၁။ မုန်တိုင်းက မြန်မာနိုင်ငံကို ဝင်မယ်လို့ ကျိန်းသေပေါက် ပြောလို့မရပါ။ လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်းတောင် မဖြစ်ပေါ်သေးပါ။
၂။ လက်ရှိ MMWeather လို နေရာတွေက ခန့်မှန်းချက်တွေက ဖြစ်နိုင်ခြေတွေကို တင်ပြနေတာ ဖြစ်ပြီး ‘ဖြစ်နိုင်ခြေ’ တိုင်းက ‘တကယ်ဖြစ်ချင်မှ ဖြစ်မှာ’ ပါ။ မိုးရွာနိုင်ခြေ ရှိနေပါတယ်။
၃။ ဆုံးဖြတ်ချက် စောမချသင့်သေးဘဲ အခြေအနေကို စောင့်ကြည့်လေ့လာသင့်ပါသေးတယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်လွန်နေဖို့ မဟုတ်ဘဲ သတိထားနိုင်ဖို့ပါ။
အချက်အလက်စစ်ဆေးမှု ရလဒ်က အဲဒီလို ပုံစံနဲ့ ဆင်တူယိုးမှားဖြန့်ဝေမှုတွေဟာ ဖတ်ရှုသူတွေကို လှည့်ဖျားမှားယွင်းတဲ့ အထင်အမြင်တွေ ပေးနိုင်တဲ့ — Misleading Content တွေ ဖြစ်ပါတယ်။ ဖတ်ရှုသူတွေက ဒီလိုသတင်းတွေကို ဖတ်ချိန်မှာ မူလရင်းမြစ် (MMWeather) က ဖော်ပြချက်တွေကို ပြန်ရှာဖွေသင့်ပြီး တကယ့်ဆိုလိုရင်းက ဘာလဲဆိုတာ လေ့လာသင့်ပါတယ်။ ။
Interviewed and Written by – Min Z
Fact-checked by – Min Z
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_9 #Fact_Check #Misleading #Misinformation #Storm #Myanquake
အချက်အလက်တွေ အမြန်စုစည်းဖို့ Hashtag ဘယ်လို သုံးကြမလဲ
မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားမှာ အလွန်ဆိုးရွားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မိမိဆွေမျိုးမိတ်ဆွေနဲ့ မိသားစုဝင် ပျောက်ဆုံးနေသူတွေ ရှာတဲ့ပို့စ်တွေ၊ အဆောက်အဦးပြိုကျလို့ အထဲမှာ ပိတ်မိနေသူတွေကို ရှာတဲ့ပိုစ့်တွေ၊ တစ်ဖက်မှာ ကူညီကယ်ဆယ်နေသူတွေ ဖုန်းအားသွင်းတာနဲ့ ဘေလ်က စလို့ သောက်ရေ၊ အစားအစာ၊ ဆေးဝါး ကူညီတဲ့ ပို့စ်တွေ လူမှုကွန်ယက်စာမျက်နှာ (Social Media) မှာ များစွာရှိလာပေမဲ့ အကူအညီပေးသူတွေနဲ့ အကူအညီလိုအပ်နေသူကြားမှာ အချက်အလက်စီးဆင်းမှု နှေးကွေးနေပါသေးတယ်။ ဒါကြောင့် Social Media တွေရဲ့ အလွန်အသုံးဝင်တဲ့ Hashtag Feature ကို မျှဝေပေးချင်ပါတယ်။
Hashtag ဆိုတာ . . .
လွယ်လွယ်ပြောရရင် အဘိဓာန်တွေ၊ လမ်းညွှန်စာအုပ်တွေမှာ ကိုယ်အလိုရှိရာ စကားလုံးကို မြန်မြန်ရှာနိုင်အောင် စီစဉ်ထားတဲ့ ထိပ်ဆုံးအက္ခရာတွေလိုပါပဲ။ Social Media လိုမျိုး တစ်စက္ကန့်မှာ တစ်သောင်းနီးနီးတက်နေတဲ့ ပို့စ်တွေကြားမှာ အကြောင်းအရာတူတွေကို ဒီ # လေးတစ်ခုက စုစည်းပေးမှာ ဖြစ်ပါတယ်။
# နဲ့တွဲပြီး သက်ဆိုင်ရာ Keyword ကို ထည့်ပေးလိုက်ရုံနဲ့
မိမိရဲ့ ပိုစ်ကို အချက်အလက် စုစည်းပေးနေသူတွေ၊ အကူအညီပေးနိုင်သူတွေက အလွယ်တကူ တွေ့ရှိနိုင်ပါတယ်
ကြုံတွေ့နေရတဲ့ အခက်အခဲအတွက် တင်ထားသမျှ ပို့စ်တွေကို လွယ်လင့်တကူ ရှာဖွေနိုင်ပါတယ်
လူအများ မြင်သာစေပါတယ် (Social Awareness And Engagement)
အချက်အလက်စီးဆင်းမှု လျင်မြန်စေတယ်
မြေပြင်က နောက်ဆုံးရ အခြေအနေတွေကို လိုအပ်သူတွေနဲ့ အများပြည်သူတွေ အချိန်ခဏနဲ့ သိနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။
# သုံးတဲ့ နေရာမှာ သတိပြုဖို့တွေ ရှိပါတယ်။ Facebook မှာ အထိရောက်ဆုံး # အရေအတွက်က ပို့စ်တစ်ခုမှာ ၃ ခု ကနေ ၄ ခု အထိ ဖြစ်ပါတယ်။ # ရဲ့နောက်က စာလုံးတွေမှာ Space မခြားမိဖို့လဲ လိုပါတယ်။ စကားလုံးနှစ်ခုဖြစ်နေရင် တွဲရိုက်တာ ဒါမှမဟုတ် Underscore “_” ခြားပြီး ရေးရပါတယ်။ # တစ်ခုနဲ့ တစ်ခုကြားမှာတော့ Space ခြားဖို့ လိုပါတယ်။
ဒါဆိုရင် # ကို ဘယ်မှာ ထည့်ကြမလဲ . . . ?
ပို့စ်ရဲ့ အဆုံးမှာ ထည့်တတ်ကြပါတယ်။ စနစ်တကျ အသုံးပြုနိုင်အောင် သုံးနည်းအချို့ကို အကြံပြုလိုက်ပါတယ်။
လတ်တလော ဖြစ်ခဲ့တဲ့ ငလျင်နဲ့ဆိုင်တဲ့ ပို့စ်တိုင်းအတွက် #Myanmarquake ကို သုံးနိုင်ပါတယ်။ ဒါက UN လိုမျိုးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ သတင်းမီဒီယာတွေပါ သုံးနေလို့ ငလျင်နဲ့ ဆိုင်တဲ့ ပို့စ်တိုင်းမှာ ထည့်သင့်ပြီး International Awareness ရယူနိုင်ပါတယ်။
ငလျင်နဲ့ ဆိုင်တဲ့ ပညာပေးပို့စ်တွေအတွက် #myanmarquake #knowledge_share # ဥပမာ – #waste_management
#ကို စနစ်တကျ ထည့်ပေးပြီး သတင်းအချက်အလက် မြန်မြန်စီးဆင်းနိုင်အောင် ပါဝင်ကူညီပေးကြဖို့ Facthub က တိုက်တွန်းလိုက်ရပါတယ်။ ဒီပို့စ်လေးကိုလဲ လူအများသိအောင် ထပ်မံ ဝေမျှပေးကြပါ။
Ref:
Hashtag Standards For Emergencies by UN Office for the Coordination of Humanitarian Affairs
Written by NooNYuki
Released from Fact Hub Go: Fact-check Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_8
hashtag_for_emergency_response #Myanmarquake
knowledge_share