China – Fact Hub Myanmar

“မာကိုပိုလိုဟာ တရုတ်ပြည်ကို ခြေချခဲ့တဲ့ ပထမဆုံး ဥရောပသားလား။”
မာကိုပိုလို (Marco Polo) ဆိုတဲ့ နာမည်ကို ငယ်ငယ်က သင်ရတဲ့ သမိုင်းမှာ မကြာခဏ မြင်ဖူးနေကျ ဖြစ်တာကြောင့် အားလုံးနဲ့ ရင်းနှီးဖြစ်သား ဖြစ်ပါလိမ့်မယ်။ သူဟာ ကုန်သည်အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူဖြစ်ပြီး တရုတ်နဲ့ စတင်ကုန်သွယ်တဲ့ ပထမဆုံး ဥရောပကုန်သည်အဖြစ် လူသိများပါတယ်။ မာကိုပိုလိုဟာ တရုတ်ထုံးတမ်းဓလေ့တွေ၊ နည်းပညာတွေ၊ ကုန်သွယ်မှုတွေကို ဥရောပသားတွေဆီ မိတ်ဆက် ‌သိရှိစေခဲ့ရုံသာမက ငွေစက္ကူ၊ မျက်မှန်နဲ့ စာပို့စနစ် စတာတွေကိုပါ မိတ်ဆက်ပေးရင်း အမြင်ကျယ်စေခဲ့ပါတယ်။ နောက်ပိုင်း ဥရောပ လူမှုအဖွဲ့အစည်းမှာ ဒီအရာတွေကို ကိုက်ညှိကျင့်သုံးခဲ့တဲ့အကြောင်း လေ့လာသိရှိနိုင်မှာပါ။ ဒါတင်မကသေးဘဲ မာကိုပိုလိုရဲ့ ခရီးသွားမှတ်တမ်း၊ စွန့်စားခန်းတွေဟာ ဂျူနီယာ နယ်မြေသစ် ရှာဖွေသူတွေအတွက် စိတ်အားထက်သန်စေခဲ့တဲ့အပြင် အားကျအတုယူဖွယ် နမူနာကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ‌ဒီလိုမျိုး မာကိုပိုလိုရဲ့ တရုတ်ပြည်သွား ခရီးစဉ်ဟာ နယ်မြေသစ်ရှာဖွေမှု သမိုင်းမှာ မှတ်ကျောက်တင်‌လောက်တဲ့အထိ လွှမ်းမိုးအရေးပါတဲ့ ခရီးစဉ်ဖြစ်တာ မှန်ပေမဲ့ အများစု ယူဆယုံကြည် နေကြသလို သူဟာ တရုတ်ပြည်ကို ခြေချခဲ့တဲ့ ပထမဆုံး ဥရောပသားတော့ မဟုတ်ပါဘူး။ မာကိုပိုလို တရုတ်ကို မရောက်ခင် ရာစုနှစ်ပေါင်း များစွာကတည်းက ဥရောပသား တော်တော်များများဟာ တရုတ်ပြည်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

– မာကိုပိုလိုထက် ဦးဆုံးကျတဲ့ တရုတ်ကို ခြေချခဲ့သူများ

သမိုင်းအထောက်အထားတွေအရ အေဒီ ၁၆၆ မှာ ရောမအင်ပါယာရဲ့ အရှင်သခင်  မားကတ်စ် အူရီးလီးယပ်စ် (Marcus Aurelius) စေလွှတ်လိုက်ဟန်တူတဲ့ ရောမသား ကိုယ်စားလှယ်တစ်ဦးဟာ တရုတ်ပြည်ကို ရောက်ရှိခဲ့ပါတယ်။ ရှေးဟောင်းသုတေသန အချက်အလက်တွေအရ ဘီစီ ၃ ရာစု အစောပိုင်းကာလတွေကတည်းက တရုတ်မှာ ဂရိအနုပညာရှင်တွေ နေထိုင်ခဲ့တယ်လို့ တွေ့ရှိထားပြီး ဒီပညာရှင်တွေဟာ တရုတ်လက်သမားတွေနဲ့ ဗိသုကာပညာရှင်တွေကို သူတို့ရဲ့ ပညာတွေ လက်ဆင့်ကမ်း သင်ကြားပေးခဲ့ပြီး တရုတ်အနုပညာနဲ့ ထုံးတမ်းဓလေ့တွေအပေါ်မှာ လွှမ်းမိုးခဲ့ပါတယ်။ မာကိုပိုလို တရုတ်ပြည်ကို ခြေမချခင် ဆယ်စုနှစ်တွေအလို ၁၃ ရာစု နှောင်းပိုင်းမှာ John of Montecorvino လို့ အမည်ရတဲ့ အီတလီလူမျိုး ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီးတစ်ပါးဟာ တရုတ်ပြည်ကို ရောက်ရှိခဲ့ပြီး သာသနာပြန့်ပွားရေး ဆောင်ရွက်လုပ်ဆောင်ခဲ့ပါသေးတယ်။ သူဟာ တရုတ်ပြည်မှာ ခရစ်ယာန်သာသနာ စည်ပင်ပြန့်ပွားဖို့အတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး မြို့တော်တော်များများမှာ ခရစ်ယာန်ဘုရားကျောင်းတွေ ပေါ်ပေါက်ဖြစ်တည်လာအောင် ဆောင်ရွက်ခဲ့တဲ့အပြင် တရုတ်ပြည်မှာ ခရစ်ယာန်သာသနာ ထွန်းကားလာစေတဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုလဲ မမှားပါဘူး။ အလားတူ ၁၃  ရာစု အလယ်ပိုင်းမှာလဲ ဖလန်ဒါဒေသ (လက်ရှိ ဘယ်လ်ဂျီယမ် ရှိ) က ဖရန်စစ်ကန် သာသနာပြုအဖွဲ့ကိုယ်စား William of Rubruck ဟာ တရုတ်ပြည်ရဲ့ ဒေသအချို့အပါအဝင် မွန်ဂိုအင်ပါယာကို သွားရောက်ခြေဆန့် သာသနာပြုခဲ့တဲ့အပြင် သူ့ရဲ့ ခရီးသွားမှတ်တမ်းတွေမှာ မွန်ဂိုနဲ့ တရုတ်အကြောင်း ဖော်ပြ မှတ်တမ်းတင်ထားပါသေးတယ်။

ဒါတွေကတော့ မာကိုပိုလိုထက် စောပြီး တရုတ်ကို အခြေချရောက်ရှိခဲ့တဲ့ သူတွေထဲက အချို့ကို ဖော်ပြပေးခဲ့တာပါ။ ဆိုတော့ မာကိုပိုလို အကြောင်းကို ဆက်ပြောပြပါမယ်။

မာကိုပိုလိုကို ၁၉၂၅ ခုနှစ်မှာ ဗန်းနစ်မှာရှိတဲ့ ကုန်သည်မိသားစုတစ်ခုကနေ မွေးဖွားခဲ့ပြီး ငယ်ရွယ်စဥ်ကတည်းက ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး အကျွမ်းတဝင်ရှိခဲ့ပါတယ်။ မာကိုရဲ့ အဖေ Niccolò Polo နဲ့ မာကိုဦးလေး Maffeo Polo တို့ဟာ မြေထဲပင်လယ်နဲ့ ပင်လယ်နက် ဒေသတွေမှာ အောင်မြင်တဲ့ စီးပွားကုန်သွယ်ရေးကို အခြေတည် တည်ဆောက်နိုင်ခဲ့ပါတယ်။

– မာကိုပိုလို၏ တရုတ်ပြည်ခရီးစဉ်

၁၂၇၁ ခုနှစ်မှာတော့ အသက် ၁၇ နှစ်အရွယ် မာကိုဟာ သူ့ရဲ့ ပထမဆုံး ခရီးစဥ်အဖြစ် သူ့အဖေ၊ သူ့ဦးလေးတို့နဲ့အတူ ကမ္ဘာ့အရှေ့ခြမ်းဆီ ခရီးနှင်ခဲ့ပါတယ်။ ပန်းတိုင်ကတော့ တရုတ်ပြည်မှာ ယွမ် (Yuan) မင်းဆက်တည်ထောင်သူ ကူဗလိုင်ခန်ရဲ့ မွန်ဂိုရုံးတော်ပဲ ဖြစ်ပါတယ်။ ပိုလိုမိသားစုဟာ မွန်ဂိုခရီးစဥ်တစ်လျှောက်မှာ အရှေ့တူရကီနဲ့ တာဘရစ်ဒေသ (ယခုအီရန်ဒေသ) တွေအပြင် အာဖကန်နစ္စတန်ဒေသ တော်တော်များများကိုလဲ ခြေဆန့်သွားရောက်ခဲ့ပြီး ၁၂၇၅ ခုနှစ်မှာတော့ ခရီးစဥ်ရဲ့ ပန်းတိုင်ဖြစ်တဲ့ မွန်ဂိုဒေသကို ရောက်ရှိခဲ့ပါတယ်။

– ဘုရင်ကူဗလိုင်ခန် လက်အောက်မှာ မာကို ထမ်းရွက်ရတဲ့ တာ၀န်

ပိုလိုမိသားစုဟာ တရုတ်ပြည် ဒတ်ဒူ (ယခု ပေကျင်း) မှာ ရှိနေစဉ်အတောအတွင်း ဘုရင် ကူဗလိုင်ခန်ရဲ့ ကိုယ်စား နိုင်ငံအများနဲ့ ဆက်ဆံကူးသန်း ကုန်သွယ်ပြီး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ တရုတ်စကားမတတ်တဲ့ မာကိုဟာ ကျယ်ပြန့်လှတဲ့ အင်ပါယာအတွင်းက နေရာဒေသအမျိုးမျိုးကို ခြေဆန့်ဆက်သွယ်ဖို့ ယူဂါ၊ တူရကီနဲ့ မွန်ဂို ဘာသာစကားတွေကို လေ့လာသင်ယူခဲ့ပါတယ်။ ကူဗလိုင်ခန်ရဲ့ ရုံးတော်မှာ မာကို ထမ်းရွက်ရတဲ့ တာဝန်ကတော့ မွန်ဂိုအင်ပါယာအတွင်းမှာ ရှိတဲ့ ဝေးလံတဲ့ ဒေသတွေကို စီမံခန့်ခွဲရတဲ့ သံတမန်ရာထူး ဖြစ်ပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်နေတဲ့တစ်လျှောက် သွားရောက်ရတဲ့ ခရီးစဥ်တွေမှာ ယူနန်အပါအဝင် ဝေးလံတဲ့ ဒေသတွေဖြစ်တဲ့ အိန္ဒိယ၊ မြန်မာနဲ့ ဆူမားတြားဒေသတွေအကြောင်းကို အသေးစိတ် မှတ်တမ်းတင် ရေးသားပြုစုခဲ့ပါတယ်။

၁၉၂၉ ဝန်းကျင်မှာတော့ မွန််ဂို အင်ပါယာ အင်အားယုတ်လျော့လာတာနဲ့အမျှ ပိုလိုမိသားစုဟာလဲ ဘုရင်ကူဗလိုင်ခန်ရဲ့ လက်အောက်မှာ အမှုတော် ဆက်မထမ်းတော့ဘဲ ၁၂၉၅ ခုနှစ်မှာတော့ ဇာတိဖြစ်တဲ့ ဗန်းနစ်ကို ပြန်လာခဲ့ကြပါတယ်။

– မာကိုရဲ့ တရုတ်ပြည်ခရီးက ဥရောပ လူမှုအသိုင်းအဝိုင်းအပေါ် ဘယ်လို လွှမ်းမိုးသက်‌ရောက်မှု ရှိခဲ့တာလဲ။

မာကိုဟာ တရုတ်ပြည်ကို ခြေချရောက်ရှိခဲ့တဲ့ ပထမဆုံး ဥရောပသား မဟုတ်ပေမဲ့ သူကြုံတွေ့ခဲ့ရတာတွေနဲ့ သူရေးသားခဲ့တဲ့ မှတ်တမ်းတွေဟာ ဥရောပသား‌တွေကို တရုတ်နဲ့ ဆိုင်တဲ့ အကြောင်းအရာ၊ အသိပညာတွေ ပိုမို သိရှိစေခဲ့ပါတယ်။ မာကိုဟာ ဗန်းနစ်-ဂျီနိုအာ စစ်ပွဲအတွင်းမှာ ဖမ်းဆီးခံခဲ့ရပြီး ဂျီနိုအာမှာ အကျဥ်းကျနေစဥ် သူရေးသားခဲ့တဲ့ “The Travels of Marco Polo” မာကိုပိုလို၏ ခရီးသွားမှတ်တမ်း  အမည်ရ စာအုပ်မှာ တရုတ်ရဲ့ စီးပွားရေးအင်အား အခြေအနေ၊ နယ်မြေတွေ၊ မြို့ပြတွေနဲ့ ပြည်သူတွေကြောင်းကို အသေးစိတ် ဖော်ပြထားပါတယ်။ သူရဲ့ ရေးသားဖော်ပြချက်တွေထဲမှာ တရုတ် ထုံးတမ်းဓလေ့တွေရဲ့ စိတ်၀င်စားဖွယ် အခြင်းအရာ ကဏ္ဍတွေကို ဖော်ပြထားပြီး ဥရောပသားတွေ မကြားဖူးတဲ့ စက္ကူငွေကြေး အသုံပြုတဲ့အကြောင်း၊ စာပို့စနစ်အကြောင်းနဲ့ မျက်မှန်အသုံးပြုတဲ့ အကြောင်းလိုမျိုး အဆင့်မြင့် နည်းပညာတွေအကြောင်း မိတ်ဆက်ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ်ကနေတစ်ဆင့် ဥရောပကို တရုတ်ပြည်နဲ့ မိတ်ဆက်ပေးခဲ့ရာမှာ စက္ကူကို ငွေကြေးအဖြစ် အသုံးပြုတဲ့ အကြောင်းအရာကတော့ မာကို စွမ်းဆောင်နိုင်ခဲ့တဲ့ အကြီးကျယ်‌ဆုံး အရာတစ်ခု ဖြစ်ပါတယ်။ မာကိုဟာ တရုတ်တွေရဲ့ စက္ကူကို ငွေကြေးအဖြစ် အသုံးပြုပုံ အသေးစိတ်ကို ရေးသားဖော်ပြခဲ့ပြီး‌ နောက်ပိုင်း ဥရောပမှာ ငွေကြေးအဖြစ်  စက္ကူပိုက်ဆံကို ပြောင်းလဲသုံးစွဲလာအောင် လမ်းကြောင်းပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒါတင်မကသေးဘဲ မာကိုရေးသားခဲ့တဲ့ စွန့်စားခန်း အတွေ့အကြုံတွေဟာ ဂျူနီယာဖြစ်တဲ့ ခရစ်စတိုဘာ ကိုလမ်ဘတ်တို့လို  နယ်မြေသစ် ရှာဖွေသူတွေကို  များစွာ သက်ရောက်လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ ၁၄၉၂ ခုနှစ်မှာ ကိုလမ်ဘတ်ရဲ့ တရုတ်ပြည်ကို ပန်းတိုင်ထားပြီး ပင်လယ်ရေကြောင်းနဲ့ ရွက်လွှင့်ခရီးနှင်တဲ့ အချိန်ကာလတွေမှာ မာကိုရဲ့ စာအုပ်ကို သူနဲ့အတူ ယူဆောင်လာပြီး စာအုပ်မှာ အမှတ်အသား၊ မှတ်ချက်များစွာ ရေးခြစ်ခဲ့တဲ့အပြင် မာကိုရဲ့စာအုပ်ဟာ ကိုလမ်ဘတ်ကို အထောက်အပံ့ အကူအညီများစွာ ပေးခဲ့တယ်လို့ ဆိုကြပါတယ်။

မာကိုပိုလိုရဲ့ တရုတ်ပြည်သွား ခရီးစဉ်က ကမ္ဘာရဲ့ မတူကွဲပြားတဲ့ ဒေသမှာရှိတဲ့ လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အတွေးအကြုံ၊ အသိဉာဏ်တွေ မျှဝေလက်ခံပြီး ဆက်ဆံနေထိုင်ခဲ့ကြတယ် ဆိုတာကို မြင်သာပေါ်လွင်စေတဲ့အပြင် ကမ္ဘာ့အရှေ့ခြမ်း တရုတ်နဲ့ အနောက်ပိုင်း ဥရောပတို့ရဲ့ အပြန်အလှန် ဆက်နွယ်ပတ်သက် ကူးယှက်မှုဟာ ရာစုနှစ်ပေါင်း များစွာတည်းက ဖြစ်တည်နေခဲ့တာ ဖြစ်ပြီး နယ်မြေသစ်ရှာဖွေခြင်းနဲ့ ထုံးဓလေ့ မျှယှက်မှုတွေဟာ လူ့သမိုင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့၊ ဖြစ်နေဆဲ ဆိုတာကို သတိပြု သိရှိနိုင်ပါတယ်။ အချုပ်ဆိုရရင်တော့ မာကိုဟာ ဥရောပကို ရောက်ရှိခြေချခဲ့တဲ့ ပထမဆုံး ဥရောပသား မဟုတ်ခဲ့ပေမဲ့ သူရဲ့ စွန့်စားခန်း အတွေ့အကြုံတွေဟာ နယ်မြေသစ် ရှာဖွေသူတွေအတွက် စံထားအတုယူဖွယ် ဖြစ်ခဲ့ပြီး သူ့ရဲ့ မှတ်တမ်းဖော်ပြချက်တွေဟာ ဥရောပသားတွေ မသိသေးတဲ့ တရုတ်ပြည်ရဲ့ ကဏ္ဍအစိတ်အပိုင်း တော်တော်များများကို သိရှိနားလည်စေခဲ့တာတော့ သံသယဖြစ်ဖွယ် မရှိပါဘူး။

<details class="wp-block-details is-layout-flow wp-block-details-is-layout-flow"><summary>Click to view the references
</summary>

Why Is Marco Polo Considered The First European Merchant To Explore China When He Wasn’t? scienceabc.com

</details>

Written by

Shin Mon Thant

Fact Checked by

Fact Check team

Edited by

Aww Myat Khin Khin

attribution  table