Nobel Prize – Fact Hub Myanmar

၂၀၂၄ ခုနှစ်အတွက် စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?
၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆုရရှိသူစာရင်းကို ပြီးခဲ့တဲ့အပတ် တနင်္လာနေ့ကတည်းက စကြေညာနေတာ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဗစ်တာ အမ်းဘရိုစ် (Victor Ambros) နဲ့ ဂယ်ရီ ရာ့ဗ်ကမ်း (Gary Ruvkun)၊ ရူပဗေဒနိုဘယ်ဆုကို ဂျွန်ဟော့ဖီးဒ် (John J. Hopfield) နဲ့ ဂျယ်ဖယ်ရီဟင်တန် (Geoffrey E. Hinton)၊ ဓာတုဗေဒနိုဘယ်ဆုကို ဒေးဗစ်ဘက်ခါ (David Baker)၊ ဒမ်းမစ် ဟက်ဆာဘီ (Demis Hassabis) နဲ့ ဂျွန်ဂျမ်ပါ (John Jumper)၊ ငြိမ်းချမ်းရေး နိုဘယ်ဆုကို နိဟွန်ဟီဒန်ကျို (Nihon Hidankyo) ခေါ် ဂျပန်နျူးကလီးယားနဲ့ ဟိုက်ဒြိုဂျင်ဗုံးဘေး ရှင်သန်ဒုက္ခသည်များအသင်းချုပ် (The Japan Confederation of A- and H- bomb sufferers organisation)၊ စာပေနိုဘယ်ဆုကို ဟန်ကန်း (Hang Kang) တို့က အသီးအသီး ရရှိခဲ့ပါတယ်။ ဒီတစ်ပတ် တနင်္လာနေ့၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ နောက်ဆုံးကျန်နေတဲ့ စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုကို ကြေညာခဲ့ပါပြီ။

ဒီနှစ်ရဲ့ စီးပွားရေးသိပ္ပံ နိုဘယ်ဆုကို လူမှုအဆောက်အအုံတွေ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုအပေါ် လူမှုအဆောက်အအုံတွေရဲ့ သက်ရောက်ပုံကို လေ့လာခဲ့မှုနဲ့ ပတ်သက်လို့ ဒယ်ရွန် အာစီမိုဂလူ (Daron Acemoglu)၊ ဆိုင်မွန် ဂျွန်ဆန် (Simon Johnson) နဲ့ ဂျိမ်းစ် ရောဘစ်ဆန် (James A. Robison) တို့က ပူးတွဲရရှိခဲ့ပါတယ်။ သူတို့တွေဟာ ဥရောပ ကိုလိုနီလက်အောက်ခံ နိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့  စီးပွားရေးစနစ်နဲ့  နိုင်ငံရေးစနစ်တွေကို ဆန်းစစ်လေ့လာခဲ့ပြီး လူမှုအဆောက်အအုံနဲ့ ကြွယ်ဝချမ်းသာမှုတို့ရဲ့ ဆက်နွယ်ပတ်သက်နေမှုကို ရှင်းလင်းတင်ပြနိုင်ခဲ့တာပါ။  ဒါ့အပြင် လူမှုအဆောက်အအုံတွေရဲ့ ကွဲပြားခြားနားမှုတွေ ဆက်လက်တည်ရှိနေရခြင်း၊ လူမှုအဆောက်အအုံတွေ ပြောင်းလဲလာနိုင်ပုံနဲ့ ပတ်သက်လို့ ရှင်းလင်းချက်တွေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ကြွယ်ဝချမ်းသာမှု အဆမတန် ကွာခြားနေရတာရဲ့ အကြောင်းပြချက်တွေကိုပါ ဖော်ထုတ်တင်ပြခဲ့တာပါ။

‘လူမှုအဆောက်အအုံတွေဟာ ကြွယ်၀ချမ်းသာမှုအပေါ် သက်ရောက်မှုရှိတယ်’ ဆိုတဲ့ အချက်ကို သက်သေပြဖို့ အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနိုင်ငံ နယ်စပ်မှာရှိတဲ့ နဂါ့လေ့စ် (Nogales) မြို့ကို လေ့လာခဲ့ကြပါတယ်။ အဲဒီလို လေ့လာရာမှာ အမေရိကန်ပြည်ထောင်စုဘက်ခြမ်းမှာ ရှိနေတဲ့ နဂါ့လေ့စ်မြောက်ပိုင်းက မက္ကစီကိုနိုင်ငံမှာ ရှိနေတဲ့ နဂါလေ့စ်တောင်ပိုင်းထက် ပိုဖွံ့ဖြိုးကြွယ်ဝနေတာကို တွေ့ခဲ့ရတာပါ။ တောင်ပိုင်းရော မြောက်ပိုင်းပါ တူညီတဲ့ ရာသီဥတု၊ အစားအစာနဲ့ ရိုးရာယဉ်ကျေးမှုတွေ ကျင့်သုံးရရှိကြပေမဲ့ မတူညီတဲ့ လူမှုအဆောက်အအုံတွေကြောင့် အခုလို ကွဲပြားမှုတွေ ဖြစ်နေရတယ်လို့ နိုဘယ်ဆုရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ အရင်က မြေမျက်နှာသွင်ပြင်အနေအထားနဲ့ ရာသီဥတုဟာ ကြွယ်၀ချမ်းသာမှုအပေါ် အဓိက သက်ရောက်တယ်လို့ ယူဆလက်ခံခဲ့ကြတာဖြစ်ပြီး ဒီနှစ်နိုဘယ်ဆုရှင်တွေရဲ့ ရှင်းလင်းတင်ပြမှုကြောင့် လူမှုအဆောက်အအုံက ကြွယ်၀ချမ်းသာမှုအပေါ် သက်ရောက်မှုရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်ခဲ့တာပါ။ ဆက်လက်ပြီး ဒီလို လူမှုအဆောက်အအုံပုံစံ ကွဲပြားရခြင်းအကြောင်းက ကိုလိုနီလက်အောက်ခံ အချိန်ကာလတွေမှာ ကျင့်သုံးဖွဲ့စည်းခဲ့တဲ့ လူမှုအဆောက်အအုံပုံစံ ကွဲပြားမှုကြောင့်လို့လဲ သူတို့က သုံးသပ်ခဲ့ကြပါသေးတယ်။

ယေဘုယျအားဖြင့် ကိုလိုနီလက်အောက်ခံဖြစ်ကြချိန်မှာ နိုင်ငံရေးနဲ့ စီးပွားရေး လွတ်လပ်ခွင့်ရခဲ့တဲ့ နိုင်ငံတွေဟာ ကြွယ်၀ချမ်းသာတဲ့ နိုင်ငံတွေ ဖြစ်လာပြီး လက်ရှိ အဆင်းရဲဆုံးနိုင်ငံ အတော်များများကတော့ အခွင့်အရေးကန့်သတ်ခြင်းခံခဲ့ရတဲ့ နိုင်ငံတွေ ဖြစ်ခဲ့တာပါ။ သယံဇာတကြွယ်၀ပြီး ရေခံမြေခံကောင်းတဲ့ နိုင်ငံတွေဟာ အကျိုးအမြတ်များ‌တာကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများပြီး ချမ်းသာကြွယ်၀ခဲ့ကြပါတယ်။ ဒါပေမဲ့ အထက်တန်းလွှာ အကျိုးအမြတ်ရရှိရေးကို အဓိကထားတာကြောင့် ရေရှည်မှာ လူတန်းစားအလွှာအားလုံးရဲ့ အခွင့်အလမ်းနဲ့ စီးပွားရေးဖွံဖြိုးမှုကို အထောက်အပံ့မပေးနိုင်ခဲ့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ လူဦးရေ သိပ်မထူထပ်၊ ဆင်းရဲမွဲတေဒဏ်ခံခဲ့ရတဲ့ နိုင်ငံတွေမှာတော့ အခြေချနေထိုင်သူတွေဟာ  လူတန်းစားလွှာမရွေး အခွင့်အလမ်းရရှိနိုင်တဲ့ လူမှုအဆောက်အအုံတွေ ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီလို လွတ်လပ်မျှတမှုရှိတဲ့ ဖွဲ့စည်းမှုကြောင့် လူအများစုအတွက် စီးပွားရေးဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းလာနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ ကြွယ်၀ချမ်းသာတဲ့ နိုင်ငံတွေ ဖြစ်လာခဲ့တာပါ။

နိုဘယ်ဆုရှင်တွေက လူမှုအဆောက်အုံ‌တစ်ခု တည်ဆောက်ဖွဲ့စည်းလိုက်တာနဲ့ ပြန်လည်ပြုပြင်ဖို့ ခက်ခဲရတဲ့ အကြောင်းအရင်းနဲ့ ပြင်ဆင်အသွင်ကူးပြောင်းနိုင်တဲ့ နည်းနာတွေကိုပါ ထပ်လောင်းရှင်းပြခဲ့ပါတယ်။ လူမှုအဆောက်အအုံတွေရဲ့ ပုံစံပြောင်းလဲတာဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အထက်တန်းလွှာလူနည်းစုအတွက် အကျိုးအမြတ်ရရှိစေတဲ့ လူမှုအဆောက်အအုံပုံစံမှာဆို လူအများစုဟာ စနစ်‌အပေါ် မယုံကြည်ဖြစ်လာပြီး သူတို့ အကျိုးအမြတ်ရစေမဲ့ စနစ်တစ်ခုဆီ ကူးပြောင်းဖို့ ကြိုးပမ်းကြပါတယ်။ တစ်ဖက်မှာလဲ လူနည်းစုက စနစ်သစ်ကြောင့် သူတို့အကျိုးစီးပွားထိခိုက်မှာကို တွေးဆပြီး ကန့်ကွက်ကြတဲ့အတွက် အတောသတ်ဖို့ခက်တဲ့ ပြိုင်ပွဲတစ်ခုလိုမျိုး ဖြစ်နေတာပေါ့။ ဒါပေမဲ့ လုံး၀မပြီးဆုံးနိုင်တာတော့ မဟုတ်ပါဘူး။ ခက်ခဲပေမဲ့ လူအများစုက လူနည်းစုကို ကျော်လွန်အနိုင်ယူရင်း လူတန်းစာအလွှာအားလုံးပါ၀င်နိုင်မဲ့ စနစ်တစ်ခုကို ကူးပြောင်းသွားနိုင်ခဲ့တာမျိုးလဲ ရှိပါတယ်။ နိုဘယ်ဆုရှင်တွေဟာ ၁၉ ရာစုနဲ့ ၂၀ ရာစု၀န်းကျင် အနောက်ဥရောပရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အသွင်ကူးပြောင်းမှုတွေအကြောင်း ရှင်းလင်းထောက်ပြခဲ့ပြီး ဒါတွေကို ငြိမ်းချမ်းတဲ့ အသွင်ကူပြောင်းမှု ဥပမာတွေအဖြစ် တင်ပြခဲ့ကြပါတယ်။

ဒီနှစ် စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုကြောင့် လူမှုအဆောက်အအုံတွေက ကြွယ်၀ချမ်းသာမှုအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ သိရှိနိုင်ခဲ့ရုံမျှမက အပြုသဘောဆောင်တဲ့ လူမှုအဆောက်အအုံ အသွင်ကူးပြောင်းမှုဟာ စီးပွားရေးကို ဖွံ့ဖြိုး လာစေနိုင်တဲ့ လမ်းစတစ်ရပ်ဖြစ်ကြောင်း သိရှိနားလည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ အသွင်ကူးပြောင်းမှုတွေမှာ မိမိကိုယ်တိုင် ပါ၀င်အားဖြည့်ရင်း မျှတလွတ်လပ်တဲ့ လူမှုအဆောက်အအုံတွေ တိုးပွားလာဖို့ ကြိုးပမ်းကြပါစို့လို့ ပြောကြားရင်း အဆုံးသတ်ပါရစေ။

<details class="wp-block-details is-layout-flow wp-block-details-is-layout-flow"><summary>Click to view references</summary>

The Sveriges Riksbank Prize in Economic Sciences in Memory of Alfred Nobel 2024. (n.d.). NobelPrize.org. https://www.nobelprize.org/prizes/economic-sciences/2024/press-release/

</details>

Written by

Shin Mon Thant

Released from

Fact Hub Go: Content Writer Desk

Edited by

Min Z

Attribution Table

၂၀၂၄ ခုနစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?
၂၀၂၄ ခုနှစ်ရဲ့ နိုဘယ်ဆုတွေကို နော်ဝေးနိုဘယ်ကော်မတီက အရင်အပတ် တနင်္လာနေ့၊ အောက်တိုဘာလ ၇ ရက်နေ့က စပြီး ကြေညာနေပါပြီ။ ဒီလို နှစ်စဉ် မပျက်မကွက် ပေးတဲ့ နိုဘယ်ဆုတွေထဲမှာ ဆေးဘက်ဆိုင်ရာ (သို့မဟုတ်) ဇီဝကမ္မဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနဲ့ ငြိမ်းချမ်းရေး . . . စတဲ့ နိုဘယ်ဆုအမျိုးအစားတွေကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက ထူးချွန်ပြောင်မြောက်သူတွေ၊ ဆန်းသစ်တီထွင်နိုင်သူတွေနဲ့ လူသားမျိုးနွယ်အတွက် သက်ရောက်မှုကြီးမားတာတွေကို ဆောင်ရွက်နိုင်ခဲ့သူဆီ ပေးအပ်နေခဲ့တာ အဲဖရက်နိုဘယ် ကွယ်လွန်တဲ့ ၁၉၀၁ ခုနှစ်ကနေ လက်ရှိအချိန် . . . ၂၀၂၄ ခုနှစ်ထိဆိုရင် နှစ်ပေါင်း ၁၂၃ နှစ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့၊ သောကြာနေ့မှာတော့ ၂၀၂၄ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကြေညာသွားခဲ့ပါတယ်။

ဒီနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၂၁ ရာစုမှာ အန္တရာယ်အကြီးဆုံးလို့ ပြောလို့ရတဲ့ နျူကလီးယားလက်နက်တွေ ကင်းစင်ရေးနဲ့ ပတ်သက်လို့ ပေးအပ်သွားခဲ့တာပါ။ ဒုတိယကမ္ဘာစစ် ဟီရိုရှီးမားနဲ့ နာဂါဆာကီ နျူကလီးယားကပ်ဘေးမှာ ရှင်ကျန်ခဲ့သူတွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ ဂျပန်အဖွဲ့အစည်း နစ်ဟွန်ဟီဒန်ကျို ခေါ် ဂျပန် အဏုမြူနဲ့ ဟိုက်ဒြိုဂျင်ဗုံးဘေး ရှင်သန်ကျန်ရစ်သူများ အသင်းချုပ် (The Japan Confederation of A- and H- Bomb Sufferers Organisation) ရဲ့ နျူလက်နက်ကင်းစင်တဲ့ ကမ္ဘာတစ်ခု ဖန်တီးဖို့ အားထုတ်ဆောင်ရွက်တာတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေပေါ် အခြေပြုပြီး ကမ္ဘာပေါ်မှာ နောက်ထပ် နျူကလီးယားလက်နက် အသုံးပြုတာမျိုး လုံးဝရှိမလာရေး ပညာပေး ကြိုးပမ်းအားထုတ်တာတွေကြောင့် နော်ဝေးနိုဘယ်ကော်မတီရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

“နျူးကလီးယားလက်နက်နဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လိုအကြောင်းတရားမျိုးနဲ့မှ ယှဉ်တွဲတည်ရှိမနေသင့်ပါ။”

Nihon Hidankyo

၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ ဂျပန်နိုင်ငံ၊ ဟီရိုးရှီးမားမြို့နဲ့ နာဂါဆာကီမြို့တို့ဟာ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လက်နက်ဖြစ်တဲ့ အမေရိကန်တို့ရဲ့ နျူကလီးယားဗုံးဒဏ်သင့်ခဲ့ရပါတယ်။ အမေရိကန် B-29 ဗုံးကြဲလေယာဉ်က ယူရေနီယမ်သုံး Little Boy အမည်ရ နျူကလီးယားဗုံးနဲ့ ပလူတိုနီယမ်သုံး Fat Man အမည်ရ အဏုမြူဗုံးတွေကို ဂျပန်နိုင်ငံရဲ့ မြို့နှစ်မြို့ပေါ် ကြဲချရင်း မျက်စိတစ်မှိတ်အတွင်းမှာတင် သိန်းနဲ့ချီတဲ့ ဂျပန်ပြည်သူတွေရဲ့ အသက်တွေ နုတ်ယူခဲ့တာပါ။ အမေရိကန်တွေ ဘာလို့ ဒီလို ဗုံးကြဲခဲ့ရလဲဆိုတာကို Facthub မှာ အသေးစိတ် တင်ခဲ့ဖူးပါတယ် ➡️ https://lnk.facthub-mm.org/hGjZjB။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် စစ်ပွဲထဲ နျူကလီးယားလက်နက်သုံးခဲ့တာဖြစ်ပြီး အင်မတန်ကြီးမားတဲ့ အဖျက်စွမ်းအားကို တစ်ကမ္ဘာလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာပါ။ ဒီအဖြစ်အပျက်ကြောင့် သိန်းနဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ရပြီး ဓာတ်ရောင်ခြည်တွေ၊ ပေါက်ကွဲလောင်ကျွမ်းမှုတွေနဲ့ ရေဒီယိုသတ္တိကြွမှုတွေကြောင့် နောက်ဆက်တွဲ သေဆုံးပျက်စီးခဲ့တာလဲ မနည်းလှပါဘူး။ နော်ဝေးနိုဘယ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ နျူကလီးယားဗုံးဒဏ်ကနေ ရှင်ကျန်သူ ခန့်မှန်းခြေ ၆ သိန်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။ သူတို့ကိုတော့ ဟီဘာကူရှာ (Hibakusha) တွေလို့ ခေါ်တာပါ။

ကမ္ဘာစစ်ကြီးပြီးချိန်မှာ အဏုမြူဗုံးဒဏ်က ရှင်ကျန်ရစ်ခဲ့တဲ့ ဟီဘာကူရှာတို့ရဲ့ ဘဝကံကြမ္မာဟာ နိုင်ငံပြန်လည်ထူထောင်ရေးနဲ့ ကမ္ဘာရဲ့ ဥပေက္ခာပြုခံရမှုတွေကြားမှာ မှေးမှိန်ရက် ရှိနေခဲ့ရပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ ဟီဘာကူရှာတို့ရဲ့ အခြေခံအခွင့်အရေးရဖို့နဲ့ နျူကလီးယားလက်နက်ရဲ့ ကြမ်းကြုတ်မှုကို ဖော်ထုတ်ဖို့ အပေါ်မှာ ပြောခဲ့တဲ့ နစ်ဟွန်ဟီဒန်ကျို (Nihon Hidankyo) အမည်ရ အဖွဲ့အစည်းပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအဖွဲ့အစည်းကို ဂျပန်နျူဗုံးဒဏ်မှာ ကျန်ခဲ့တဲ့ ဟီဘာကူရှာတွေနဲ့ တခြား အဏုမြူလက်နက်ရဲ့ သားကောင်ဖြစ်ခဲ့ကြသူတွေနဲ့ ဖွဲ့စည်းထားပြီး ပင်မရည်မှန်းချက်နှစ်ရပ် ရှိခဲ့တာပါ။ အဲဒီ ရည်မှန်းချက်တွေက ဂျပန်ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတဲ့ ဟီဘာကူရှာတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို လှုံ့ဆော်ဖို့နဲ့ ဂျပန်တွေ ကြုံခဲ့ရတဲ့ ဒီလိုကပ်ဆိုးကြီးကို ကမ္ဘာပေါ်က နောက်ထပ်ဘယ်သူမှ ထပ်မကြုံရစေဖို့ ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ ဆောင်ပုဒ်ကတော့ ‘ဟီဘာကူရှာတွေ ထပ်မရှိလာစေရ — No more Hibakusha’ ဆိုပြီးပါ။

ဒီနေ့မှာတော့ နီဟွန်ဟစ်ဒန်ကျိုဟာ ဂျပန်နိုင်ငံအခြေစိုက် နျူကလီးယားလက်နက်ကင်းစင်ရေး လှုံ့ဆော်တဲ့ အကြီးမားဆုံး အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်လာပြီး ဟီဘာကူရှာတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာနဲ့အညီ သူတို့ကိုယ်သူတို့ ပြယုဂ်တစ်ရပ်အဖြစ် သက်သေထူရင်း ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပဓာနမထားဘဲ ကမ္ဘာတစ်ဝှမ်း နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ အလုံးစုံကင်းစင်ရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ နျူးကလီးယားလက်နက် ပပျောက်ရေး စံသတ်မှတ်ချက်ဖြစ်တဲ့ ‘nuclear taboo’ ကိုလဲ မသွေဖည်အောင် ပုံဖော်လျက်ရှိပြီး နျူကင်းစင်ရေးအတွက် လူထုကို ပညာပေးတာ၊ ငြိမ်းချမ်းရေးညီလာခံတွေ ဆောင်ရွက်တာအပြင် ကမ္ဘာ့ကုလသမဂ္ဂနဲ့ပါ နှစ်စဉ် ညှိနှိုင်းဆောင်ရွက်နေတာပါ။ နော်ဝေးနိုဘယ်ကော်တီကတော့ “ဒီနေ့ခေတ်မှာ နျူလက်နက်ကို တိုးချဲ့လာတဲ့ နိုင်ငံတွေ၊ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေ ရှိလာနေပြီ၊ ဒါကို တားဆီးဖို့ နျူကလီးယားပပျောက်ရေး စံ ‘Nuclear Taboo’ ကို မမှေးမှိန်စေဘဲ သမိုင်းထဲက ပြယုဂ် ဟီရိုရှီးမားနဲ့ နာဂါဆာကီက ပြည်သူတွေရဲ့ အဖြစ်ကို အမြဲသတိရ အမှတ်ရနေရမှာပါ။ နျူကလီယားလက်နက်တွေနဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လိုအကြောင်းနဲ့မှ ယှဉ်တွဲတည်ရှိမနေသင့်ဘူး” လို့ ဆိုထားပါတယ်။ နီဟွန်ဟစ်ဒန်ကျိုအဖွဲ့အစည်းရဲ့ ပူးတွဲသဘာပတိတစ်ဦးကလဲ နိုဘယ်ကော်မတီနဲ့ အင်တာဗျူးမှာ ရုရှား-ယူကရိန်း အရေးအပါအဝင် လက်ရှိကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ စစ်ဘက်ပဋိပက္ခနဲ့ နျူကလီးယားအန္တရာယ်တွေအကြောင်း သတိပေးပြောဆိုသွားပြီး နျူးကလီးယားလက်နက် ဖျက်သိမ်းရေးလုပ်ငန်းစဉ်တွေဟာ အကျဘက်ကိုပဲ ဦးတည်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ နျူကလီးယားနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေနဲ့ တာဝန်ကို ရှေ့ဆက်တိုး လုပ်ဆောင်ရမယ်လို့ ပြောထားပါသေးတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုကို အရင်ကလဲ နျူကလီးယားကင်းစင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို နော်ဝေးနိုဘယ်ကော်မတီက ပေးအပ်ချီးမြှင့်ခဲ့ဖူးပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာလဲ ဂျပန်အခြေစိုက် နီဟွန်ဟစ်ဒန်ကျိုနဲ့ လက်ချိုးရေလို့ ရတဲ့ နျူကလီးယားဘေးက ရှင်ကျန်သူ ဟီဘာကူရှာတွေကို ဂုဏ်ပြုရင်း သူတို့ရဲ့ ဆောင်ရွက်ချက်နဲ့ တည်ရှိမှုတွေကတစ်ဆင့် နျူလက်နက်တွေရဲ့ လူသားမျိုးနွယ်အပေါ် ခြိမ်းခြောက်မှုတွေကို အစဉ်အမြဲ သတိရနေဖို့ ၂၀၂၄ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ခဲ့တာပါ။ ။

<details class="wp-block-details is-layout-flow wp-block-details-is-layout-flow"><summary>Click to view references</summary>

Nobel Prize. (2024, October 11). First Reactions | Nihon Hidankyo, Nobel Peace Prize 2024 | Telephone interview [Video]. YouTube.

Nobel Prize. (2024b, October 11). “Nuclear weapons and humanity cannot coexist.” Interview about the 2024 Nobel Peace Prize [Video]. YouTube.

Nobel Prize Outreach AB. (2024, October 17). Press release. NobelPrize.org. https://www.nobelprize.org

</details>

Written by

Khant Nyar Thar

Released from

Fact Hub Go: Content Writer Desk

Edited by

Min Z

Attribution Table

၂၀၂၄ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?
အောက်တိုဘာလထဲ ဝင်လာတာနဲ့အမျှ နှစ်တစ်နှစ်ရဲ့ နိုဘယ်ဆုရရှိသူစာရင်း ထုတ်ပြန်ကြေညာတဲ့ အချိန်ကိုလဲ ရောက်ရှိလာပြန်ပါပြီ။ ဒီနှစ်၊ ၂၀၂၄ ခုနှစ်ရဲ့ ဆုပေးပွဲကိုလဲ ခါတိုင်းနှစ်တွေမှာလို နိုဘယ်ဆုတို့ရဲ့ ဖခင် အဲဖရက်နိုဘယ် (Alfred Nobel) သေဆုံးမှု နှစ်ပတ်လည်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဆုရရှိသူစာရင်းကိုတော့ အောက်တိုဘာလ ၇ ရက်နေ့က စလို့ တစ်ရက်ကို ခေါင်းစဉ်တစ်မျိုးစီနဲ့ စတင်ကြေညာနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာတော့ စာပေဆိုင်ရာနိုဘယ်ဆုအတွက် ဆုရရှိသူ အမည်စာရင်း ထွက်ရှိလာပါပြီ။

ဒီတစ်ခေါက် စာပေနိုဘယ်ဆုကို ဆွတ်ခူးရရှိသွားသူက တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်း (Hang Kang) ဖြစ်ပါတယ်။ စာပေနိုဘယ်ဆုရှင်ကို ရွေးချယ်ရာမှာ များသောအားဖြင့်က ဥရောပနဲ့ အမေရိကမြောက်ပိုင်းက စာရေးဆရာတွေရဲ့ ရေးဟန်တွေကိုပဲ အထူးအာရုံစိုက်ပြီး ရွေးချယ်လေ့ရှိတာပါ။ ဒါပေမဲ့ အခုရရှိသွားတဲ့ ဟန်ကန်းကတော့ စာပေနိုဘယ်ဆုကို ရတဲ့ ၁၈ ယောက်မြောက် အမျိုးသမီးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး စာပေနိုဘယ်ဆုရှင်လဲ ဖြစ်ပါတယ်။

သူ့အကြောင်း နည်းနည်းလောက် ပြောပြရရင် ဟန်ကန်းကို ၁၉၇၀ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး နိုဘယ်ဆုကို ရချိန်မှာ အသက် ၅၃ နှစ် ရှိနေပါပြီ။ ဟန်ကန်က သူ(မ)ရဲ့ စာရေးဆရာလမ်းကြောင်းကို “문학과사회 (Literature and Society)” အမည်ရ မဂ္ဂဇင်းမှာ ကဗျာတွေ စရေးရင်းနဲ့ အစပျိုးခဲ့ပါတယ်။ နောက်ပိုင်း၊ ၁၉၉၅ ခုနှစ်ရောက်တော့ “여수의 사랑 (Love of Yeosu)” ဝတ္ထုတိုပေါင်းချုပ်နဲ့ ၂၀၀၂ ခုနှစ်မှာတော့ “Your Cold Hands” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေဖြန့်ချိခဲ့ရင်း တောင်ကိုရီးယားစာပေလောကမှာ နေရာရလာခဲ့တာပါ။

တစ်ကမ္ဘာလုံးကို ထိုးဖောက်ကျော်ကြားသွားတဲ့ ဟန်ကန်းရဲ့ ဝတ္ထုကတော့ ၂၀၀၇ ခုနှစ်မှာ ရေးသားထွက်ရှိခဲ့တဲ့ “The Vegetarian” ဖြစ်ပါတယ်။ ဒီစာအုပ်ကို ၂၀၁၅ ခုနှစ်မှာ အင်္ဂလိပ်ဘာသာ ပြန်ဆိုဖြစ်ခဲ့ပြီး နောက်နှစ် ၂၀၁၆ အရောက်မှာပဲ “The Man Booker International Prize” ကို ဆွတ်ခူးရရှိခဲ့လေရဲ့။ “The Vegetarian” စာအုပ်ဆိုရင် အသားတွေ ဆက်မစားတော့ဖို့ စိတ်ပြောင်းလိုက်တဲ့ ကောင်မလေးတစ်ယောက် ကြုံတွေ့ရတာတွေ၊ စိတ်ဒဏ်ရာတွေ၊ မိသားစုရဲ့ ပစ်ပယ်မှုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေ . . . ဒါတွေကို သူ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်လဲဆိုတာတွေကို လက်ရာမြောက်မြောက်၊ ပေါ်ပေါ်လွင်လွင် ရေးသားထားတာပါ။ ဟန်ကန်းရဲ့ ပြောင်မြောင်တဲ့ အရေးအသားတွေကို နောက်ထပ် နာမည်ကြီးဝတ္ထုတွေဖြစ်တဲ့ “Human Acts”, “The White Flower”, “Greek Lessons” . . . စတဲ့ စာအုပ်တွေမှာလဲ တွေ့နိုင်ပါတယ်။

ဟန်ကန်းရဲ့ အရေးအသားတွေဟာ သမိုင်းအခြေခံတဲ့ စိတ်ဒဏ်ရာတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး လူသားတို့ရဲ့ အထိအခိုက်မခံတဲ့၊ ကျိုးပဲ့လွယ်တဲ့ ဘဝဇာတ်ခုံအဖုံဖုံကို ကဗျာဆန်ဆန် စကားပြေဟန်နဲ့ စမ်းသပ်ရေးသားနိုင်ခဲ့လို့ ၂၀၂၄ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုကို ရရှိတာဖြစ်ကြောင်း နိုဘယ်ဆုကော်မတီရဲ့ စာပေဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ “Human Acts” နဲ့ “We do not part” စာအုပ်တွေမှာဆိုရင် သမိုင်းနောက်ခံတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေကို ထင်ထင်ရှားရှား ဖော်ပြထားတာ တွေ့ရပါမယ်။ ဒါ့အပြင် ဟန်ကန်းရဲ့ အရေးအသားတွေက ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်ကြား၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ အစွန်းနှစ်ဖက် ဆက်နွယ်ပတ်သက်မှုတွေကို သေချာချဉ်းကပ်ပြီး ပြောင်မြောက်အောင် ရေးသားနိုင်တယ် ဆိုပါတယ်။ တောင်ကိုရီးယားသမ္မတက ဟန်ကန်းဟာ သူတို့ရဲ့ သွေးစွန်းခဲ့တဲ့ သမိုင်းနဲ့ မကျက်သေးတဲ့အနာတွေကို လက်ရာမြောက်တဲ့ စာပေအပိုင်းအစအဖြစ် ပြောင်းလဲပုံဖော်နိုင်ခဲ့တယ်လို့ ချီးကျူးထားတာပါ။

ဟန်ကန်းရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေ အားလုံးကလဲ လူသားတွေရဲ့ နာကျင်မှု၊ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေကို သိသာအောင် မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ စာဖတ်သူတို့လဲ ဟန်ကန်းရဲ့ စာပေတွေကို မြည်းစမ်းဖတ်ရှုကြည့်ရင်း သူ့ရဲ့ အရေးအသားတွေက လူသားတို့ရဲ့ ဘဝလည်ပတ်ပုံကို ဘယ်လိုလှစ်ဟထုတ်ပြထားလဲ၊ ကန့်သတ်နယ်မျဉ်းတို့ရဲ့ အလွန်၊ မမြင်ရတဲ့ တစ်ဖက်ခြမ်းတွေကို ဘယ်လိုဆက်ဖက်ယှက်နွယ်ထားလဲ လေ့လာကြည့်ဖို့ တိုက်တွန်းပါရစေ။         ။

<details class="wp-block-details is-layout-flow wp-block-details-is-layout-flow"><summary>Click to view the references</summary>

The Nobel Prize in Literature 2024. (n.d.-b). NobelPrize[.]org.

Pawlak, J., & Johnson, S. (2024, October 11). Han Kang of South Korea wins Nobel literature prize 2024. Reuters.

</details>

Written by

Moe Myint Phyu

Released from

Fact Hub Go: Content Writer Desk

Edited by

Min Z

Attribution Table

၂၀၂၄ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?
လက်ရှိ ၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆုတွေကို တစ်နေ့က အောက်တိုဘာလ ၇ ရက်နေ့မှာပဲ ဆွီဒင်နိုင်ငံ၊ အော်စလိုမြို့မှာ စတင်ပေးအပ်နေပါပြီ။ ဒီနှစ်အတွက် အဖွင့်ကိုတော့ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုနဲ့ စလိုက်ပါတယ်။ နိုဘယ်ဆုကြေညာတာကို အောက်တိုဘာလ ၇ ရက်ကနေ ၁၄ ရက်နေ့ထိ တစ်ပတ်တိတိ ပြုလုပ်သွားမှာပါ။

ဒီနှစ်ရဲ့ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကိုတော့ ဗစ်တာ အမ်းဘရို့စ် (Victor Ambros) နဲ့ ဂယ်ရီ ရာ့ဗ်ကမ်း (Gary Ruvkun) တို့က မျှဝေရရှိသွားပါတယ်။ ရရှိတဲ့ အကြောင်းက ဗီဇပိုင်းတွေမှာ DNA ကနေ မျိုးဗီဇကူးယူမှု လုပ်ပြီးချိန် microRNA တွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံကို လေ့လာတွေ့ရှိခဲ့လို့ပါ။ နားလည်ရလွယ်အောင် ခွဲထုတ် ပြောပြပါ့မယ်။

လူသားတွေ အပါအဝင် သက်ရှိတိုင်းကို ဆဲလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ အဲဒီဆဲလ်တွေထဲမှာ ခရိုမိုဆုမ်းလို့ ခေါ်တဲ့ မိဘတွေဆီက လက်ဆင့်ကမ်းရရှိတဲ့ မျိုးရိုးဗီဇအချက်အလက်တွေ ပါဝင်ပါတယ်။ နမူနာ၊ လူသားမျိုးစိတ်မှာဆိုရင် ဖခင်ဘက်က ခရိုမိုဆုမ်း ၂၃ ခုနဲ့ မိခင်ဘက်က ၂၃ ခု၊ ပေါင်း ခရိုမိုဆုမ်း ၄၆ ခု ရှိပါတယ်။ ဖိုသုတ်ဆဲလ်နဲ့ မမျိုးဥဆဲလ်က လွဲလို့ ခန္ဓာကိုယ်မှာ ရှိသမျှ ဆဲလ်တိုင်းရဲ့ ခရိုမိုဆုမ်းအရေအတွက်က အတူတူပါပဲ။ ခရိုမိုဆုမ်းအရေအတွက် တူညီတာမို့ ဒီခရိုမိုဆုမ်းထဲမှာ ပါဝင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေဟာလဲ တစ်ထပ်တည်းပဲ ဖြစ်ကြပါတယ်။ မျက်လုံးမှာ ရှိတဲ့ ဆဲလ်ထဲက ဗီဇနဲ့ ကျောက်ကပ်ဆဲလ်က ဗီဇ၊ နှလုံးဆဲလ်ရဲ့ ဗီဇ . . . အကုန်လုံးက တူညီတဲ့ မျိုးဗီဇဆိုင်ရာ ညွှန်ကြားချက်တွေကိုပဲ ပိုင်ဆိုင်ထားကြတာပါ။ ဒါပေမဲ့ မျက်လုံးကလဲ မျက်လုံးအလုပ်ပဲ လုပ်သလို ကျောက်ကပ်ဟာလဲ ကျောက်ကပ်အလုပ်ပဲ လုပ်တယ်။ မျက်လုံးဆဲလ်တွေဟာ မျက်လုံးအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုပဲ ဖွင့်ထားတတ်ပြီး နှလုံးဆဲလ်တွေ၊ ကျောက်ကပ်ဆဲလ်တွေနဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တခြားဆဲလ်အမျိုးအစားတွေကလဲ အလားတူပါပဲ။ ဒါကို ဇီဝဗေဒမှာ မျိုးရိုးဗီဇ ထုတ်ဖော်ပုံ (Gene Regulation) လို့ ခေါ်လေရဲ့။ ဆဲလ်အမျိုးအစားပေါ် လိုက်ပြီး ဘယ်ဆဲလ်ကတော့ ဘယ်ဗီဇကို ဘယ်အချိန်မှာ ထုတ်ဖော်ရမယ်၊ ဘယ်ဗီဇကိုတော့ ဘယ်လိုအချိန်မှာ ပိတ်ပစ်ရမယ်၊ ဘယ်လိုအခြေအနေမှာ ထုတ်ဖော်သတ္တိကြွရမယ် ဆိုတာမျိုးပေါ့။

ဒီတွေ့ရှိမှုရဲ့ အစက ၁၉၈၀ ခုနှစ်ဝန်းကျင်မှာပါ။ အဲဒီအချိန်တုန်းက ဗစ်တာနဲ့ ဂယ်ရီတို့က စီ အယ်လီဂန်စ် (C. elegans) အမည်ရ တီကောင်ငယ်လေးကို လေ့လာနေကြတယ်။ စီ အယ်လီဂန်စ်က တီကောင်မျိုးစိတ်ပေမဲ့ တခြားရှုပ်ထွေးတဲ့ သက်ရှိတွေလို အာရုံကြောဆဲလ်တွေနဲ့ ကြွက်သားဆဲလ်တွေကို ပိုင်ဆိုင်ထားတာမို့ ပညာရှင်နှစ်ယောက်အဖို့ အာရုံစိုက်စရာ ဖြစ်နေတာပေါ့။ ဒီလိုနဲ့ တီကောင်ဆဲလ်ထဲမှာ မျိုးရိုးဗီဇပိုင်းအရ ကွာခြားနေတဲ့ နေရာ နှစ်နေရာရဲ့ အသားစလေးတွေကို ဆွဲထုတ်၊ လင် ၄ နဲ့ လင် ၁၄ (lin-4 and lin-14) လို့ နာမည်ပေးပြီး လေ့လာကြပါတယ်။ လင် ၄ ရော လင် ၁၄ ရောက ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးအောင် လုပ်တယ်လို့ နှစ်ယောက်စလုံးက နားလည်တွေ့ရှိထားကြတာပါ။

အဲဒီလို လေ့လာချိန်မှာ ဗစ်တာက သူ့ဆီက လင် ၄ က လင် ၁၄ ကို ထိန်းချုပ်တာမျိုး၊ နှောင့်ယှက်တာမျိုး ရှိနေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ဘယ်လိုလဲဆိုတာတော့ အဲတုန်းက နားမလည်ခဲ့ကြဘူးပေါ့။ နှစ်တွေကြာပြီးတဲ့နောက် ဒါကိုပဲ သုတေသနဆက်လုပ်ချိန်မှာ လင် ၄ ဗီဇပိုင်းကနေ အတော်လေးကို တိုတဲ့ RNA အမျိုးအစားတစ်ခု ထုတ်လုပ်တာကို တွေ့ရပါတယ်။ ဒီ RNA လေးမှာ တခြား RNA တွေလို DNA က ပွားပြီး ပေးလိုက်ရမဲ့ ပရိုတိန်းထုတ်လုပ်ဖို့ လမ်းညွှန်ချက် – မျိုးရိုးဗီဇအချက်အလက်တွေလဲ မပါလာသလို လင် ၁၄ ဗီဇပိုင်းက အလုပ်လုပ်နေတာကိုလဲ အတင်းလိုက်တားနေလေရဲ့။ ဒါပေမဲ့ အဲဒီအချိန်ထိလဲ ဘာကြောင့်ဆိုတာ ဂဃနဏ မသိရသေးပါဘူး။

အသက်ဇီဝိန် ဆက်လက်ဖြစ်တည်ဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ လည်ပတ်လှုပ်ရှားနိုင်ဖို့ ပရိုတိန်း လိုအပ်ပါတယ်။ ဘယ်လိုအချိန်မှာ ဘယ်ပရိုတိန်းကို ထုတ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်က ဆဲလ်တွေရဲ့ ဗဟိုချက် DNA ထဲမှာ ရှိလေရဲ့။ ဒါပေမဲ့ ဆဲလ်တွေအနေနဲ့ ပရိုတိန်း တစ်ခါထုတ်မယ်ပြင်တိုင်း တစ်ခေါက် DNA ကို သွားယူနေလို့  ဘယ်အဆင်ပြေပါ့မလဲ။ မျိုးရိုးဗီဇအချက်အလက်တွေ အကုန်လုံး တစ်စုတစည်းတည်းရှိတဲ့ DNA ကို မူရင်းအတိုင်းထားပြီး ကိုယ်လုပ်ရမဲ့ အပိုင်းနဲ့ ဆိုင်တာကိုပဲ မိတ္တူဆွဲချရမှာပေါ့။ RNA အမျိုးအစားတွေထဲကမှ mRNA လို့ ခေါ်တဲ့ messenger RNA လေးတွေက DNA ဆီက မျိုးဗီဇဆိုင်ရာ အချက်အလက်လေးတွေကို လိုသလို မိတ္တူဆွဲပြီး ပရိုတိန်းထုတ်လုပ်တဲ့ဆီ သယ်ဆောင်ပေးပါတယ်။ သယ်ပေးလို့ ရောက်တော့ လာပါရဲ့၊ ပရိုတိန်းထုတ်လုပ်မဲ့ ရိုင်ဘိုဆုမ်းအနေနဲ့ ရလာတဲ့ အချက်အလက်တွေကို ပေါင်းစပ်ပြီး မှန်မှန်ကန်ကန်ထုတ်လုပ်ပေးနိုင်ဖို့ transfer RNA ခေါ် tRNA လေးတွေရဲ့ အကူအညီကို လိုပါတယ်။ RNA ဖွဲ့စည်းပုံကို အလွယ်ပြောရရင်တော့ DNA လို ကြောင်လိမ်လှေကားသဏ္ဍာန်နဲ့ နှစ်ချောင်းတွဲ (Double Strand) မဟုတ်ဘဲ တစ်ချောင်းတည်း (Single Strand) ရှိတာပါ။

ခုနက သုတေသနကိစ္စနဲ့ ဆက်ရရင်တော့ ဗစ်တာက သူလေ့လာတုန်းမှာ လင် ၁၄ ကို လင် ၄ က ထိန်းချုပ်တာ တွေ့ရတယ်လို့ အပေါ်မှာ ပြောခဲ့ပါတယ်။  တပြိုင်တည်းမှာပဲ ဂယ်ရီကလဲ ဒီ ဗီဇပိုင်းနှစ်ခုကို  သုတေသနလုပ်နေတာပါ။ ဒါပေမဲ့ ဂယ်ရီ လေ့လာချိန်မှာ တွေ့ရတဲ့ ထူးခြားမှုတစ်ခုက လင် ၄ ဗီဇက လင် ၁၄ ကို ထိန်းချုပ်နေတာ၊ mRNA ထုတ်လုပ်မှုကို ကန့်သတ်နေတာမျိုး မရှိပါဘူး။ အဲဒီအစား နောက်ပိုင်းမှာ ဖြစ်တဲ့ ပရိုတိန်းထုတ်လုပ်မှုကိုပဲ ထိန်းချုပ်ပိတ်ပင်နေတာပါ။ ဗီဇတစ်ခုက နောက်ဗီဇတစ်ခုရဲ့ ပရိုတိန်းထုတ်လုပ်မှုတွေ၊ အလုပ်လုပ်ပုံတွေကို ထိန်းချုပ်ဖို့ mRNA ထုတ်လုပ်တာကို ကန့်သတ်တာက မျိုးရိုးဗီဇ ထုတ်ဖော်ပုံ (Gene Expression) မှာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမဲ့ mRNA ကို ခွင့်ပြုပြီး ပရိုတိန်းထုတ်တာကိုမှ လာပိတ်ပင်တာကတော့ အတော်လေးကို ဆန်းပါတယ်။ ဂယ်ရီက ဒီဖြစ်စဉ်ကို သတိထားမိခဲ့ပြီး လင် ၁၄ ဗီဇပိုင်းထဲက mRNA လေး တစ်ခုက အဲဒီလို ပိတ်တဲ့ နေရာမှာ အဓိက တရားခံဖြစ်နေတာကိုလဲ တွေ့ခဲ့ရတာပါ။ ပိုပြီး ထူးဆန်းတာက အဲဒီ လင် ၁၄ ဗီဇပိုင်းထဲက mRNA နဲ့ ဟိုးအပေါ်မှာ ပြောခဲ့တဲ့ လင် ၄ ဆီက RNA အပိုင်းတိုလေးနဲ့ ဆက်စပ်ကိုက်ညီနေပါတယ်။ ဒီအပိုင်းအစလေးက အရင်တုန်းက တွေ့ခဲ့ရတဲ့ RNA အမျိုးအစားတွေနဲ့ မတူဘဲ အမျိုးအစားသစ်ဖြစ်နေတာမို့ သူ့ကို microRNA လို့ ခေါ်ခဲ့ကြတာပါ။ လင် ၄ ဆီက microRNA က ပရိုတိန်းထုတ်ဖို့ သွားနေတဲ့ လင် ၁၄ ရဲ့ mRNA ကို မသွားဖို့ တားလိုက်တဲ့ သဘောပေါ့။ သုတေသနရလဒ်ကိုတော့ ၁၉၉၃ ခုနှစ်မှာ တင်ခဲ့ပါတယ်။ microRNA ကို ဗီဇထကြွမှုတွေမှာ ပါဝင်ထိန်းချုပ်ပေးနေတဲ့ ဆဲလ်တွင်း စနစ်တစ်ရပ်အဖြစ်လဲ ထည့်သွင်းသတ်မှတ်ခဲ့ကြတာပါ။

အစကတော့ သိပ္ပံပညာရှင်တွေကလဲ ဒါကို သိပ်ပြီး အရေးတယူမလုပ်ခဲ့ကြပါဘူး။ တီကောင်တွေမှာပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထူးခြားချက်အဖြစ် ယူဆခဲ့ကြပေမဲ့ ၂၀၀၀ ခုနှစ်မှာ ဂယ်ရီရဲ့ သုတေသနအဖွဲ့က microRNA ဗီဇပိုင်းဖြစ်တဲ့ လက် ၇ (let-7) ကို လူတွေအပါအဝင် တခြားတိရစ္ဆာန်မျိုးစိတ်တွေမှာပါ တွေ့ရှိခဲ့ရပါတယ်။ နောက်ပိုင်း လေ့လာတွေ့ရှိချက်တွေအရ လူတွေမှာဆိုရင် ထောင်နဲ့ချီတဲ့ microRNA မျိုးကွဲတွေ ဗီဇပိုင်းတွေထဲ ပါဝင်တာပါ။

ဒီ microRNA တွေက ပရိုတိန်းထုတ်လုပ်မှုကို ရပ်တန့်ပစ်လိုက်နိုင်သလို ပရိုတိန်းထုတ်လုပ်ဖို့ရာ လမ်းညွှန်ချက်တွေ သယ်လာတဲ့ mRNA တွေကိုလဲ ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေရဲ့။ ဒါ့အပြင်ကို microRNA မော်လီကျူးတစ်ခုက ဗီဇပိုင်း (gene) ပေါင်း မြောက်များစွာကို ထိန်းချုပ်နိုင်သလို ဗီဇပိုင်းတစ်ခုတည်းကလဲ microRNA အများကြီးရဲ့ ထိန်းချုပ်မှုကို ခံရနိုင်တယ်။ ဒါတင်မကသေး၊ မကျေနပ်လို့ မျိုးရိုးဗီဇပိုင်းတစ်ခုလုံးကို ပိတ်ချလိုက်ချင်တယ်ဆိုရင်လဲ အဲဒီကောင်လေးတွေက စွမ်းပါသတဲ့ . . .။ microRNA တွေက ဆဲလ်တွေ၊ တစ်ရှူးတွေ စနစ်တကျ ဖွံ့ဖြိုးနေရဲ့လား၊ မပွင့်သင့်သေးတဲ့ ဗီဇ ပွင့်နေလား၊ ပိတ်ရတော့မဲ့ ဗီဇက ပွင့်နေဆဲလား၊ ဆဲလ်တွေက ထုတ်သင့်တဲ့ ပရိုတိန်းတွေကို ထုတ်နေရဲ့လား၊ လုပ်ရမဲ့ အလုပ်ကို လုပ်နေရဲ့လားဆိုတာ လိုက်ကြီးကြပ်ပေးနိုင်စွမ်း ရှိပါတယ်။ တကယ်လို့သာ microRNA တွေ အလုပ်သေချာမလုပ်နိုင်ဘူးဆိုရင် ကင်ဆာလို၊ အကြားအာရုံချို့ယွင်းတာလို ရောဂါမျိုး ဖြစ်နိုင်တယ်လို့ သိရတာပါ။

အခု နိုဘယ်ဆု ရသွားတဲ့ ဗစ်တာအမ်းဘရို့စ်နဲ့ ဂယ်ရီ ရာ့ဗ်ကမ်းတို့က မတူညီတဲ့ ဆဲလ်အမျိုးအစားတွေ ဘယ်လိုဖွံ့ဖြိုးလဲဆိုတာကို အင်မတန်စိတ်ဝင်စားကြသူတွေပါ။ အဲဒီကနေ လေ့လာမှုတွေ ပြုလုပ်ရင်း microRNA လို့ ခေါ်တဲ့ RNA မော်လီကျူး အမျိုးအစားအသစ် တစ်ရပ်ကို တွေ့ရှိခဲ့ကြရုံမက microRNA တွေဟာ သက်ရှိတွေရဲ့ မျိုးရိုးဗီဇထကြွမှုမှာ ဘယ်လို ထိန်းချုပ်ပါဝင်နေလဲဆိုတာပါ နားလည်နိုင်အောင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၂၄ ခုနှစ်အတွက် ဇီဝကမ္မဗေဒ (သို့) ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ထိုက်ထိုက်တန်တန် ရခဲ့တာပါ။ ဗစ်တာနဲ့ ဂယ်ရီတို့ရဲ့ တွေ့ရှိမှုက လက်ရှိအချိန်ထိ ဇီဝဗေဒက နားလည်ထားသမျှ ဗီဇထုတ်ဖော်ပုံကို အတော်လေး တိုးတက်ပြောင်းလဲသွားစေပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ microRNA တွေဟာ ဗီဇပြောင်းလဲမှုတွေ၊ ဗီဇထုတ်ဖော်ပုံ/သတ္တိကြွပုံတွေကို ဘယ်လိုထိန်းချုပ်လဲဆိုတာ နားလည်စ ပြုလာပါပြီ။ နောက်ပိုင်း ခေတ်စားလာနေတဲ့ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှု – Genetic Engineering လို နယ်ပယ်တွေအတွက်လဲ အတော်လေးကို အကျိုးရှိတဲ့ တွေ့ရှိချက်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။

<details class="wp-block-details is-layout-flow wp-block-details-is-layout-flow"><summary>Click to view the references </summary>

For the discovery of microRNA and its role in post-transcriptional gene regulation. The Nobel Prize in Physiology or Medicine 2024. (Oct 7). NobelPrize. org.

Lee RC, Feinbaum RL, Ambros V. The C. elegans heterochronic gene lin-4 encodes small RNAs with antisense complementarity to lin-14. Cell. 1993;75(5):843-854. doi:10.1016/0092-8674(93)90529-y

Wightman B, Ha I, Ruvkun G. Posttranscriptional regulation of the heterochronic gene lin-14 by lin-4 mediates temporal pattern formation in C. elegans. Cell. 1993;75(5):855-862. doi:10.1016/0092-8674(93)90530-4

Pasquinelli AE, Reinhart BJ, Slack F, Martindale MQ, Kurodak MI, Maller B, Hayward DC, Ball EE, Degnan B, Müller P, Spring J, Srinvasan A, Fishman M, Finnerty J, Corbo J, Levine M, Leahy P, Davidson E, Ruvkun G. Conservation of the sequence and temporal expression of let-7 heterochronic regulatory RNA. Nature. 2000;408(6808):86-89. doi:10.1038/35040556

</details>

Released from

Fact Hub Go: Content Writer Desk, Followup Writers

Edited by

Fact Hub Go: Editor Desk, Copy-editors

Attribution Table