Science Update – Fact Hub Myanmar

“၂၀၂၄ ခုနှစ်အတွက် ဓာတု​ဗေဒဆိုင်ရာ နိုဘယ်လ်ဆု ဘာလဲ၊ ဘယ်လဲ . . .။”
အောက်တိုဘာလထဲ ဝင်လာတာနဲ့အမျှ နှစ်တစ်နှစ်ရဲ့ နိုဘယ်ဆုရရှိသူစာရင်း ထုတ်ပြန်ကြေညာတဲ့ အချိန်ကိုလဲ ရောက်ရှိလာပြန်ပါပြီ။ ဒီနှစ်၊ ၂၀၂၄ ခုနှစ်ရဲ့ ဆုပေးပွဲကိုလဲ ခါတိုင်းနှစ်တွေမှာလို နိုဘယ်ဆုတို့ရဲ့ ဖခင် အဲဖရက်နိုဘယ် (Alfred Nobel) သေဆုံးမှု နှစ်ပတ်လည်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဆုရရှိသူစာရင်းကိုတော့ အောက်တိုဘာလ ၇ ရက်နေ့က စလို့ တစ်ရက်ကို ခေါင်းစဉ်တစ်မျိုးစီနဲ့ စတင်ကြေညာနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာပဲ ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုအတွက် ဆုရရှိသူတွေ အမည်စာရင်း ထွက်ရှိလာပါပြီ။

ဒီနှစ်ရဲ့ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကတော့ ထူးထူးခြားခြားပဲ ခေါင်းစဉ်ကွဲနှစ်ခုကနေ သုံးယောက်က ခွဲဝေရရှိသွားပါတယ်။ ဆုတစ်ဝက်ကို ပရိုတိန်းအမျိုးအစားသစ် ဖန်တီးနိုင်ခဲ့လို့ ဒေးဗစ်ဘေခါ (David Baker) ဆိုသူက ရရှိသွားပြီး ကျန်တစ်ဝက်ကိုတော့ ဉာဏ်ရည်တုအသုံးချ ပရိုတိန်းတွေရဲ့ သုံးဘက်မြင်ဒီဇို င်းတည်ဆောက်ပုံနဲ့ ပတ်သက်လို့ ဒမ်းမစ်ဟက်ဆာဘီ (Demis Hassabis) နဲ့  ဂျွန်ဂျမ်ပါ (John Jumper) တို့ နှစ်ဦးက ခွဲ​ဝေရရှိသွားတာပါ။ နိုဘယ်ဆုခေါင်းစဉ်က နှစ်ခုကွဲနေပေမဲ့ နှစ်ခုစလုံးက သက်ရှိဖြစ်တည်မှုအတွက် အခြေခံကျတဲ့ ပရိုတိန်းနဲ့ ဆက်နွယ်နေတာမို့ ဓာတုဗေဒနယ်ပယ်ထဲမှာပဲ ချိတ်ဆက်ပေးအပ်လိုက်တဲ့ သဘောဖြစ်ပါတယ်။

ပရိုတိန်း (Protein) တွေဟာ ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေနဲ့ တစ်သျှူးတွေထဲမှာ ပါဝင်ဖွဲ့စည်းနေတဲ့ ဇီဝမော်လီကျူး အစိတ်အပိုင်းလေးတွေပါ။ သဘာဝပရိုတိန်းတွေကို မတူညီတဲ့ အမီနိုအက်စစ် (Amino Acid) အမျိုး ၂၀ နဲ့ တည်ဆောက်လေ့ ရှိပြီး အမီနိုအက်စစ်အစဉ်ပေါ်လိုက်ပြီး ပရိုတိန်းအမျိုးအစားတွေ မရေမတွက်နိုင်အောင် ကွဲပြားသွားကြပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ အမျိုးအစားပေါ် လိုက်ပြီး အလုပ်လုပ်ပုံတွေကလဲ ကွဲသွားတာပေါ့။ ဒီနေရာမှာ ခန္ဓာကိုယ်တွင်းက ပရိုတိန်းတွေရဲ့ ကျယ်ပြန့်တဲ့လုပ်ဆောင်နိုင်စွမ်းတွေကို လေ့လာကြည့်ကြစို့။

သတ္တဝါတွေ မှီဝဲကြတဲ့ အာဟာရတွေကနေ ရောပါလာတဲ့ ပရိုတိန်းဓာတ်တွေက ခန္ဓာကိုယ်ထဲကို ရောက်လာပြီဆိုတာနဲ့ အမီနိုအက်ဆစ်တွေအဖြစ် ပြန်ကွဲသွားပါတယ်။ အဲဒီကနေ ဆဲလ်တွေရဲ့ DNA တွင်းက မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်ကို အခြေခံပြီး လိုတဲ့နေရာပေါ်လိုက်လို့ သီးသန့်ပရိုတိန်း ပုံစံသစ်တွေအဖြစ် ပြန်အသွင်ပြောင်းဖွဲ့စည်းသွားတာပါ။ ပရိုတိန်းတွေက သက်ရှိတွေ စက္ကန့်နဲ့မလပ် ရှင်သန်လည်ပတ်နိုင်ဖို့ လောင်စာသဖွယ် အသွင်ဆောင်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ရာ အင်မတန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲက ဟော်မုန်း (Hormone) တွေနဲ့ အန်ဇိုင်း (Enzyme) တွေရဲ့ ဖွဲ့စည်းမှုအတွက် အခြေခံလိုအပ်ချက်တစ်ရပ်လဲ ဖြစ်ပါတယ်။ ဥပမာ၊ စွမ်းအင်အရင်းအမြစ်တွေ လျော့နည်းလာချိန်မှာ သိုလှောင်ထားတဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေ၊ သတ္ထုဓာတ်တွေ ထုတ်ပေးတာ၊ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံ့ပေးတာ၊ တစ်သျှူးတွေ ပျက်စီးသွားတဲ့အခါ အသစ်ပြန်လည်ဖွံ့ဖြိုးစေတာ၊ သွေးထွက်ချိန်မှာ ပြန်လည်ကာကွယ်ကုစားပေးတာ . . . အစရှိတဲ့ ထောက်ပို့အလုပ်တွေကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ကြပါတယ်။ ဒါတင်မကသေး၊ အဆုတ်မှာရှိတဲ့ အောက်စီဂျင်ကို သွေးကြောတွေက တစ်ဆင့် တစ်သျှူးတွေဆီ ပို့တာ၊ ဆဲလ်အချင်းချင်းကြားက ကွန်ယက်ချိတ်ဆက်မှုကို ထောက်ကန်အားပြုပေးတာ . . . အစရှိသဖြင့် ကိုယ်ခန္ဓာဖွဲ့စည်းပုံရဲ့ အခြေခံကျတဲ့ လိုအပ်ချက်တွေကိုလဲ အလိုအလျောက် ဖြည့်ဆည်းထိန်းသိမ်းပေးလေရဲ့။

ပရိုတိန်းတွေရဲ့ အရေးပါတဲ့ ကဏ္ဍကို ၁၉ ရာစုနှောင်းပိုင်းကတည်းက သိမြင်ခဲ့ကြပေမဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို နားလည်နိုင်ဖို့ ကြိုးစားရာမှာတော့ နည်းပညာဆိုင်ရာအတားအဆီးတွေ၊ ကန့်သတ်ချက်တွေ ရှိနေခဲ့ပါတယ်။ နောက်ပိုင်းမှာ ပရိုတိန်းတွေရဲ့ တည်ဆောက်ပုံကို သုံးဘက်မြင် နည်းစနစ် (3D) နဲ့ ကြည့်နိုင်ပြီး အထဲက အမီနိုအက်ဆစ်ရဲ့ ဖွဲ့စည်းပုံကို သိနိုင်ဖို့ လမ်းစတွေ ပေါ်ထွက်လာခဲ့ဖူးပါရဲ့။ ဒါပေမဲ့ အချိန် အင်မတန်ကြာမြင့်တဲ့အပြင် သာမန်လူ ဦးနှောက်နဲ့ ဆန်းစစ်နိုင်ဖို့ ပင်ပန်းခက်ခဲနေဆဲပါပဲ။ နမူနာ၊ အမီနိုအက်ဆစ် အခု ၁၀၀ နဲ့ ဖွဲ့စည်းထားတဲ့ ပရိုတိန်းတစ်ခုရဲ့ သုံးဘက်မြင်ပုံရိပ်ကို အတိအကျသိနိုင်ဖို့ သီအိုရီအရ တွက်ကြည့်ရင်တောင် စီတန်းပုံတွေက ဖြစ်နိုင်ခြေ သန်းချီနေတာမို့ တည်ဆောက်ပုံအတိအကျသိနိုင်ဖို့ဆိုရင် နှစ်ပေါင်းဘီလျံနဲ့ချီ ကြာမြင့်နိုင်ပါတယ်။ ဒါပေမဲ့ ဆဲလ်တွေခမျာတော့ ဒီပရိုတိန်းတွေကို ဖန်တီးသွားတာ စက္ကန့်ပိုင်းတောင် မကြာမြင့်လိုက်ပါဘူး။ ဒီအပေါ် အခြေခံလို့ ယူဆရတာက ပရိုတိန်းတစ်ခုကို ကျပန်းဖန်တီးဖွဲ့စည်းလို့ မရဘဲ လိုအပ်တဲ့ ပရိုတိန်းအမျိုးအစားပေါ် လိုက်လို့ ပုံသေနည်းစနစ်တွေ ရှိရပါမယ်။ ဒါပေမဲ့ ဘယ်လို၊ ဘယ်ပုံ ဖွဲ့စည်းသွားလဲဆိုတာကတော့ ပဉ္စလက်ဆန်နေဆဲပါပဲ။

၂၀၂၀ ခုနှစ်မှာတော့ ပညာရှင်တွေ လေ့လာသိရှိထားသမျှ ပရိုတိန်းအမျိုးအစား အားလုံးနီးပါးရဲ့ သုံးဘက်မြင်ပုံရိပ်ကို မိနစ်နည်းနည်းထဲမှာတင် ခန့်မှန်းတည်ဆောက်ပေးနိုင်တဲ့ နည်းလမ်းသစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ Google Deepmind ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ၊ တွဲဘက်တည်ထောင်သူ ဖြစ်တဲ့ ဒမ်းမစ်ဟက်ဆာဘီနဲ့ သိပ္ပံပညာရှင် ဂျွန်ဂျမ်ပါတို့ အယ်ဖာဖိုးလ်ဒ် ၂ (AlphaFold2) အမည်ရ ဉာဏ်ရည်တုပရိုဂရမ်တစ်ရပ် တီထွင်နိုင်ခဲ့တာပါ။ ဟက်ဆာဘီနဲ့အဖွဲ့ အကောင်အထည်ဖော် ဖန်တီးခဲ့တဲ့ ဒီဉာဏ်ရည်တုပရိုဂရမ်က ပရိုတိန်းတွေရဲ့ တည်ဆောက်ပုံကို ၆၀ ရာခိုင်နှုန်းထိပဲ အနီးစပ်ဆုံးတူအောင် ခန့်မှန်းနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ထိ အဲဒီပမာဏမှာတင် ရပ်တန့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အယ်လ်ဖာဖိုးလ်ဒ်ပရိုဂရမ်ဆီ မစ္စတာဂျမ်ပါ ဝင်ရောက်လာခဲ့တာပါ။ သူက ပရိုတိန်းတည်ဆောက်ပုံနဲ့ ဖွဲ့စည်းပုံကို ဉာဏ်ရည်တုသုံးပြီး ဖန်တီးရာမှာ သူ့ဆီ ရှိထားနှင့်တဲ့ ရူပဗေဒနယ်ပယ်ဘက်က ကျွမ်းကျင်မှုက အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်လာနိုင်တယ်ဆိုတာ သဘောပေါက်ထားပါတယ်။ ဒီလိုနဲ့ မစ္စတာဟက်ဆာဘီနဲ့ မစ္စတာဂျမ်ပါတို့ လက်တွဲအလုပ်လုပ်ရာကနေ နှစ်အနည်းငယ်ထဲမှာတင် ပရိုတိန်းတွေရဲ့ သုံးဘက်မြင်ပုံရိပ်ကို အနီးစပ်ဆုံးတူအောင် ခန့်မှန်းဖန်တီးပေးနိုင်မဲ့ အယ်ဖာဖိုးလ်ဒ် ၂ (AlphaFold2) ပေါ်ပေါက်လာခဲ့ပါတော့တယ်။

အယ်ဖာဖိုးလ်ဒ် ၂ အဖွဲ့က ပရိုဂရမ်ထဲမှာ အရင်ကထက် ပိုအဆင့်မြင့်တဲ့ ဉာဏ်ရည်တုကွန်ယက်တစ်မျိုး ဖြစ်တဲ့ ထရန်စဖော်မာ (Transformers) စနစ်ကို ထည့်သွင်းထားတာပါ။ ဒီကွန်ယက်က ပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ သန်းပေါင်းရာချီတဲ့ ပရိုတိန်းတည်ဆောက်ပုံတွေနဲ့ ဖွဲ့စည်းမှုအချက်အလက်တွေကို မိနစ်ပိုင်းထဲမှာတင် အတိအကျသိရှိနိုင်စွမ်းရှိလို့ အယ်ဖာဖိုးလ်ဒ် ၂ က ပရိုတိန်းသုတေသနနယ်ပယ်မှာ မင်းသားဖြစ်လာပါတယ်။ ဖွဲ့စည်းထားတဲ့ ပုံစံကို သိတာနဲ့ ဖြစ်နိုင်ခြေရှိသမျှ သုံးဘက်မြင်ပုံရိပ်တွေကို တည်ဆောက်နိုင်ဖို့ လမ်းဖြောင့်သွားတဲ့ သဘောပေါ့။ နောက်၊ ကိုယ်ရှာလိုတဲ့ အချက်အလက်အပြင်ကိုမှ အဲဒီအချက်အလက်နဲ့ ဆက်စပ်နေတဲ့၊ တစ်နည်း ဖွဲ့စည်းပုံ နီးစပ်ဆင်တူတဲ့ ပရိုတိန်းမျိုးကွဲတွေကိုပါ ရလဒ်ထုတ်ပေးတာကြောင့် ပရိုတိန်းအမျိုးအစားသစ်တွေ ဖန်တီးချိန်မှာ ထိထိရောက်ရောက်ကို အကူအညီပေးနိုင်ပါတယ်။ ပရိုတိန်းဖွဲ့စည်းပုံကို သိရဖို့နဲ့တင် ကုန်ရမဲ့ အချိန်ပမာဏကို သိသိသာသာချုံ့ချပစ်လိုက်နိုင်ပြီး အသုံးပြုရတာလဲ အတော်လေး ချောမွေ့လွယ်ကူတာကြောင့် လက်ရှိ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ အယ်ဖာဖိုးလ်ဒ် ၂ ကို ကမ္ဘာတစ်ဝှမ်းကအသုံးပြုသူ သုတေသီဦးရေ ၂ သန်းကျော် ရှိနေပါပြီ။ ၂၀၂၀ ခုနှစ်မှာ အယ်ဖာဖိုးလ်ဒ် ၂ ပရိုဂရမ်ကို အပြီးသတ်ထုတ်လုပ်နိုင်ခဲ့ပြီးတော့ ဓာတုဇီဝဗေဒနယ်ပယ်အတွက် ရေရှည်အကျိုးပြုနိုင်မှု ရှိ/မရှိ စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အဲဒီနောက် လေးနှစ်အကြာ၊ ၂၀၂၄ ခုနှစ်အရောက်မှာ ပညာရပ်ဆိုင်ရာ ဓာတုဗေဒအတွက် နိုဘယ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။

နောက်ထပ် နိုဘယ်ဆုတစ်ဝက်ရတဲ့ ခေါင်းစဉ်ကွဲကတော့ ဓာတုဇီဝဆိုင်ရာ ပါမောက္ခနဲ့ ပရိုတိန်းဒီဇိုင်းကျောင်း (Institute for Protein Design) ဒါရိုက်တာ ဖြစ်တဲ့ ဒေးဗစ်ဘေခါရဲ့ ပရိုတိန်းအမျိုးအစားသစ် ဖန်တီးမှု ဖြစ်ပါတယ်။ ဒေးဗစ်ဘေခါဟာလဲ သိပ္ပံနဲ့ ကွန်ပြူတာနည်းပညာကို ပေါင်းစပ်ရင်းပဲ ပရိုတိန်းအမျိုးအစားကို ဖန်တီးနိုင်ခဲ့တာပါ။ “လေယာဉ်တစ်စင်း တည်ဆောက်ချင်ရင် ငှက်တစ်ကောင်ရဲ့ ပုံစံကို ထပ်ဆင့်မွမ်းမံတာမျိုး မလုပ်ဘဲ လေခွင်းအားရဲ့ အခြေခံမူတွေကို နားလည်အောင် လုပ်ပြီးပဲ အဲဒီသဘောတရားကို အခြေခံရင်း ပျံသန်းနိုင်တဲ့ စက်တစ်ခု တည်ဆောက်သင့်တယ်” မစ္စတာ ဘေခါက ပြောခဲ့ဖူးပါတယ်။

သုတေသီအများစုက အန္တရာယ်ရှိ ဒြပ်တွေကို ဖြိုခွဲဖို့၊ ဒါမှမဟုတ်လဲ ဓာတုထုတ်ကုန်လုပ်ငန်းအတွက် အသုံးချဖို့ ရှိနှင့်ပြီးသား ပရိုတိန်းတွေကို ပြုပြင်ပြောင်းလဲတာမျိုး လုပ်လေ့ရှိကြပါတယ်။ အန္တရာယ်ဒြပ်တွေဆိုတာ မြင်သာအောင် ပြောရရင်တော့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ စွန့်ပစ်ပစ္စည်းတွေလိုပေါ့။ ထူးခြားတာက မစ္စတာဘေခါဟာတော့ ရှိနှင့်ပြီးသား ပရိုတင်းဖွဲ့စည်းပုံတွေဆီကနေ လုံးလုံးကွဲထွက်နေတဲ့ ပရိုတိန်းအမျိုးအစား အသစ်တစ်ရပ်ကို ဖန်တီးနိုင်ခဲ့တာပါ။ ဒီလို ပရိုတိန်းအမျိုးအစားသစ်တွေ ဖန်တီးတည်ဆောက်တဲ့ နည်းစနစ်ကို ဒီနိုဗိုဒီဇိုင်း (De Novo Design) လို့ ခေါ်ပါတယ်။ ဒီနည်းစနစ်ကို သုံးပြီး သုတေသနအဖွဲ့က သူတို့လိုချင်တဲ့ ပရိုတိန်းအသစ်တစ်မျိုးရဲ့ ဖွဲ့စည်းပုံကို ပြောပြ၊ ဘယ်လို အမီနိုအက်ဆစ်အမျိုးအစားတွေကို သုံးရင်တော့ ဒီလိုပရိုတိန်းမျိုး ရလာနိုင်တယ်ဆိုတာကိုတော့ မစ္စတာဘေခါရဲ့ ရိုဆက်တာ (Rosetta) အမည်ရ ကွန်ပြူတာဆော့ဖ်ဝဲက တွက်ချက်ပေးတာပါ။ အဲဒီလို တွက်ချက်ပေးနိုင်ဖို့ ရိုဆက်တာက လက်ရှိသိထားသမျှ ပရိုတိန်းဖွဲ့စည်းပုံတွေ အားလုံးကို ဒေတာဘေ့စ် (Database) ထဲက ရှာဖွေတွက်ချက်ပြီး အဲဒါတွေနဲ့ မတူကွဲပြားမဲ့ အမီနိုအက်ဆစ်အစဉ်နဲ့ အတွဲအစပ်ကို အကြံပြုပေးပါတယ်။

ဒီလိုနဲ့ ရိုဆက်တာကို သုံးပြီး မစ္စတာဘေခါရဲ့ ဓာတ်ခွဲခန်းကနေ တော့ပ်ဆဲဗင်း (Top 7) အမည်ရ အမီနိုအက်ဆစ် ၉၃ ခု ပါဝင်တဲ့၊ လုံးဝဥဿုံအသစ်ဖြစ်တဲ့  ပရိုတိန်းကို ဖန်တီးပြနိုင်ခဲ့တာပါ။ ဒီဖန်တီးမှုရလဒ်ကို ၂၀၀၃ ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့ပြီး ရိုဆက်တာကွန်ပြူတာစနစ်အတွက် ကုဒ် (Source code) ကိုလဲ မျှဝေခဲ့ပါတယ်။ သိပ္ပံနဲ့ သုတေသနနယ်ပယ်က ပညာရှင်တွေလဲ ဒီဆော့ဖ်ဝဲကို အခြေခံပြီး လိုအပ်သလို အဆင့်မြှင့်တင်တာမျိုးတွေ ဆောင်ရွက်နိုင်ခဲ့တာပါ။ ဒါတွေကနေ ပလတ်စတစ်ကို ထိထိရောက်ရောက် ဖြိုခွဲဖျက်ဆီးပေးနိုင်မဲ့ ပရိုတိန်းအသစ် ဖန်တီးတာ၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို  စုပ်ယူပြီး လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်မဲ့ ပရိုတိန်းအသစ်ဖန်တီးတာ . . . အစရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ပြဿနာအတွက် ဖြေရှင်းနည်းလမ်းစတွေနဲ့ မျှော်လင့်ချက်ရောင်ခြည်တွေလဲ ပေါ်ပေါက်ခဲ့ရတာပေါ့။ အခုဆိုရင် မစ္စတာဘေခါရဲ့ ပရိုတိန်းသစ်ဖန်တီးတဲ့ နည်းပညာကို သုံးပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်မဲ့ နည်းလမ်းသစ်တွေအပြင် ကင်ဆာနဲ့ ကပ်ရောဂါလိုမျိုး ထိခိုက်သေဆုံးမှု များလှတဲ့ ရောဂါတွေအတွက် ကုသနည်းတွေကိုလဲ ဖန်တီးနိုင်ဖို့ လမ်းစရှိနေပါပြီ။

ဒေးဗစ်ဘေခါရဲ့ ပရိုတိန်းသစ်ဖန်တီးနည်းနဲ့ အယ်ဖာဖိုးလ်ဒ် ၂ ဉာဏ်ရည်တုနည်းပညာတွေဟာ ဓာတုဗေဒနယ်ပယ်မှာတင် မကဘဲ တခြားဆက်စပ်နွယ်ယှက်နေတဲ့ ဆေးဝါးလုပ်ငန်းတွေ၊ ရောဂါကာကွယ်ကုသမှုတွေနဲ့ စက်မှုလုပ်ငန်းတွေမှာပါ အသစ် အသစ်သော ဖြေရှင်းနည်းတွေဆီ ချဉ်းကပ်လာနိုင်ပါတယ်။ ပရိုတိန်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို အဆုံးစွန် နားလည်လာနိုင်ပြီး သက်ရှိတွေကို အကျိုးပြုနိုင်မဲ့ လူလုပ်ပရိုတိန်းတွေ ဖန်တီးလာနိုင်တာနဲ့အမျှ လူသားတွေရဲ့ ကျန်းမာရေးကဏ္ဍမှာလဲ အဖိုးမဖြတ်နိုင်တဲ့ အရွေ့ကြီးတွေ မလွဲဧကန်ရှိလာမှာပါပဲ။ ဒီလိုထူးခြားပြောင်မြောက်လှတဲ့ သုတေသနတွေနဲ့ တီထွင်ဖန်တီးမှုတွေကို နိုဘယ်ဆုပေးလိုက်ခြင်းကနေလဲ သိပ္ပံပညာအပေါ် လူတွေ ပိုပိုသတိပြုမိလာပါတယ်။ ဒါ့အပြင်ကို ဒီဖန်တီးမှုတွေက လူသားမျိုးနွယ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေတာမို့ ကောင်းမွန်ထိုက်တန်တဲ့ ဂုဏ်ဒြပ်ဆုလာဘ်တစ်ရပ်အဖြစ် မှတ်ကျောက်တင် ကျန်ရစ်နေတော့မှာပါ။

<details class="wp-block-details is-layout-flow wp-block-details-is-layout-flow"><summary>Click to see the references</summary>

Official homepage of the Nobel Prize – NobelPrize.org. (2024, October 11). NobelPrize[.]org.

Chemistry Prize. (n.d.). NobelPrize[.]org.

Advanced Information. The Nobel Prize in Chemistry 2024. (2024, October 9). NobelPrize[.]org.

Popular Information. The Nobel Prize in Chemistry 2024. (2024, October 9). NobelPrize[.]org.

Database, A. P. S. (n.d.). AlphaFold Protein Structure Database.

Software. (2024, September 16). Rosetta Commons.

Hall, T. (2023, September 13). The essential role of proteins in supporting body functions. ASFA.

Curtis, L. (n.d.). What Does Protein Do? A Guide to This Essential Nutrient. Verywell Health. Retrieved October 12, 2024, from Verywell Health Website.

</details>

Written by

Hnin Shwe Yee San

Released from

Fact Hub Go: Content Writer Desk

Edited by

Min Z

Attribution Table

၂၀၂၄ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?
လက်ရှိ ၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆုတွေကို တစ်နေ့က အောက်တိုဘာလ ၇ ရက်နေ့မှာပဲ ဆွီဒင်နိုင်ငံ၊ အော်စလိုမြို့မှာ စတင်ပေးအပ်နေပါပြီ။ ဒီနှစ်အတွက် အဖွင့်ကိုတော့ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုနဲ့ စလိုက်ပါတယ်။ နိုဘယ်ဆုကြေညာတာကို အောက်တိုဘာလ ၇ ရက်ကနေ ၁၄ ရက်နေ့ထိ တစ်ပတ်တိတိ ပြုလုပ်သွားမှာပါ။

ဒီနှစ်ရဲ့ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကိုတော့ ဗစ်တာ အမ်းဘရို့စ် (Victor Ambros) နဲ့ ဂယ်ရီ ရာ့ဗ်ကမ်း (Gary Ruvkun) တို့က မျှဝေရရှိသွားပါတယ်။ ရရှိတဲ့ အကြောင်းက ဗီဇပိုင်းတွေမှာ DNA ကနေ မျိုးဗီဇကူးယူမှု လုပ်ပြီးချိန် microRNA တွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံကို လေ့လာတွေ့ရှိခဲ့လို့ပါ။ နားလည်ရလွယ်အောင် ခွဲထုတ် ပြောပြပါ့မယ်။

လူသားတွေ အပါအဝင် သက်ရှိတိုင်းကို ဆဲလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ အဲဒီဆဲလ်တွေထဲမှာ ခရိုမိုဆုမ်းလို့ ခေါ်တဲ့ မိဘတွေဆီက လက်ဆင့်ကမ်းရရှိတဲ့ မျိုးရိုးဗီဇအချက်အလက်တွေ ပါဝင်ပါတယ်။ နမူနာ၊ လူသားမျိုးစိတ်မှာဆိုရင် ဖခင်ဘက်က ခရိုမိုဆုမ်း ၂၃ ခုနဲ့ မိခင်ဘက်က ၂၃ ခု၊ ပေါင်း ခရိုမိုဆုမ်း ၄၆ ခု ရှိပါတယ်။ ဖိုသုတ်ဆဲလ်နဲ့ မမျိုးဥဆဲလ်က လွဲလို့ ခန္ဓာကိုယ်မှာ ရှိသမျှ ဆဲလ်တိုင်းရဲ့ ခရိုမိုဆုမ်းအရေအတွက်က အတူတူပါပဲ။ ခရိုမိုဆုမ်းအရေအတွက် တူညီတာမို့ ဒီခရိုမိုဆုမ်းထဲမှာ ပါဝင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေဟာလဲ တစ်ထပ်တည်းပဲ ဖြစ်ကြပါတယ်။ မျက်လုံးမှာ ရှိတဲ့ ဆဲလ်ထဲက ဗီဇနဲ့ ကျောက်ကပ်ဆဲလ်က ဗီဇ၊ နှလုံးဆဲလ်ရဲ့ ဗီဇ . . . အကုန်လုံးက တူညီတဲ့ မျိုးဗီဇဆိုင်ရာ ညွှန်ကြားချက်တွေကိုပဲ ပိုင်ဆိုင်ထားကြတာပါ။ ဒါပေမဲ့ မျက်လုံးကလဲ မျက်လုံးအလုပ်ပဲ လုပ်သလို ကျောက်ကပ်ဟာလဲ ကျောက်ကပ်အလုပ်ပဲ လုပ်တယ်။ မျက်လုံးဆဲလ်တွေဟာ မျက်လုံးအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုပဲ ဖွင့်ထားတတ်ပြီး နှလုံးဆဲလ်တွေ၊ ကျောက်ကပ်ဆဲလ်တွေနဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တခြားဆဲလ်အမျိုးအစားတွေကလဲ အလားတူပါပဲ။ ဒါကို ဇီဝဗေဒမှာ မျိုးရိုးဗီဇ ထုတ်ဖော်ပုံ (Gene Regulation) လို့ ခေါ်လေရဲ့။ ဆဲလ်အမျိုးအစားပေါ် လိုက်ပြီး ဘယ်ဆဲလ်ကတော့ ဘယ်ဗီဇကို ဘယ်အချိန်မှာ ထုတ်ဖော်ရမယ်၊ ဘယ်ဗီဇကိုတော့ ဘယ်လိုအချိန်မှာ ပိတ်ပစ်ရမယ်၊ ဘယ်လိုအခြေအနေမှာ ထုတ်ဖော်သတ္တိကြွရမယ် ဆိုတာမျိုးပေါ့။

ဒီတွေ့ရှိမှုရဲ့ အစက ၁၉၈၀ ခုနှစ်ဝန်းကျင်မှာပါ။ အဲဒီအချိန်တုန်းက ဗစ်တာနဲ့ ဂယ်ရီတို့က စီ အယ်လီဂန်စ် (C. elegans) အမည်ရ တီကောင်ငယ်လေးကို လေ့လာနေကြတယ်။ စီ အယ်လီဂန်စ်က တီကောင်မျိုးစိတ်ပေမဲ့ တခြားရှုပ်ထွေးတဲ့ သက်ရှိတွေလို အာရုံကြောဆဲလ်တွေနဲ့ ကြွက်သားဆဲလ်တွေကို ပိုင်ဆိုင်ထားတာမို့ ပညာရှင်နှစ်ယောက်အဖို့ အာရုံစိုက်စရာ ဖြစ်နေတာပေါ့။ ဒီလိုနဲ့ တီကောင်ဆဲလ်ထဲမှာ မျိုးရိုးဗီဇပိုင်းအရ ကွာခြားနေတဲ့ နေရာ နှစ်နေရာရဲ့ အသားစလေးတွေကို ဆွဲထုတ်၊ လင် ၄ နဲ့ လင် ၁၄ (lin-4 and lin-14) လို့ နာမည်ပေးပြီး လေ့လာကြပါတယ်။ လင် ၄ ရော လင် ၁၄ ရောက ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးအောင် လုပ်တယ်လို့ နှစ်ယောက်စလုံးက နားလည်တွေ့ရှိထားကြတာပါ။

အဲဒီလို လေ့လာချိန်မှာ ဗစ်တာက သူ့ဆီက လင် ၄ က လင် ၁၄ ကို ထိန်းချုပ်တာမျိုး၊ နှောင့်ယှက်တာမျိုး ရှိနေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ဘယ်လိုလဲဆိုတာတော့ အဲတုန်းက နားမလည်ခဲ့ကြဘူးပေါ့။ နှစ်တွေကြာပြီးတဲ့နောက် ဒါကိုပဲ သုတေသနဆက်လုပ်ချိန်မှာ လင် ၄ ဗီဇပိုင်းကနေ အတော်လေးကို တိုတဲ့ RNA အမျိုးအစားတစ်ခု ထုတ်လုပ်တာကို တွေ့ရပါတယ်။ ဒီ RNA လေးမှာ တခြား RNA တွေလို DNA က ပွားပြီး ပေးလိုက်ရမဲ့ ပရိုတိန်းထုတ်လုပ်ဖို့ လမ်းညွှန်ချက် – မျိုးရိုးဗီဇအချက်အလက်တွေလဲ မပါလာသလို လင် ၁၄ ဗီဇပိုင်းက အလုပ်လုပ်နေတာကိုလဲ အတင်းလိုက်တားနေလေရဲ့။ ဒါပေမဲ့ အဲဒီအချိန်ထိလဲ ဘာကြောင့်ဆိုတာ ဂဃနဏ မသိရသေးပါဘူး။

အသက်ဇီဝိန် ဆက်လက်ဖြစ်တည်ဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ လည်ပတ်လှုပ်ရှားနိုင်ဖို့ ပရိုတိန်း လိုအပ်ပါတယ်။ ဘယ်လိုအချိန်မှာ ဘယ်ပရိုတိန်းကို ထုတ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်က ဆဲလ်တွေရဲ့ ဗဟိုချက် DNA ထဲမှာ ရှိလေရဲ့။ ဒါပေမဲ့ ဆဲလ်တွေအနေနဲ့ ပရိုတိန်း တစ်ခါထုတ်မယ်ပြင်တိုင်း တစ်ခေါက် DNA ကို သွားယူနေလို့  ဘယ်အဆင်ပြေပါ့မလဲ။ မျိုးရိုးဗီဇအချက်အလက်တွေ အကုန်လုံး တစ်စုတစည်းတည်းရှိတဲ့ DNA ကို မူရင်းအတိုင်းထားပြီး ကိုယ်လုပ်ရမဲ့ အပိုင်းနဲ့ ဆိုင်တာကိုပဲ မိတ္တူဆွဲချရမှာပေါ့။ RNA အမျိုးအစားတွေထဲကမှ mRNA လို့ ခေါ်တဲ့ messenger RNA လေးတွေက DNA ဆီက မျိုးဗီဇဆိုင်ရာ အချက်အလက်လေးတွေကို လိုသလို မိတ္တူဆွဲပြီး ပရိုတိန်းထုတ်လုပ်တဲ့ဆီ သယ်ဆောင်ပေးပါတယ်။ သယ်ပေးလို့ ရောက်တော့ လာပါရဲ့၊ ပရိုတိန်းထုတ်လုပ်မဲ့ ရိုင်ဘိုဆုမ်းအနေနဲ့ ရလာတဲ့ အချက်အလက်တွေကို ပေါင်းစပ်ပြီး မှန်မှန်ကန်ကန်ထုတ်လုပ်ပေးနိုင်ဖို့ transfer RNA ခေါ် tRNA လေးတွေရဲ့ အကူအညီကို လိုပါတယ်။ RNA ဖွဲ့စည်းပုံကို အလွယ်ပြောရရင်တော့ DNA လို ကြောင်လိမ်လှေကားသဏ္ဍာန်နဲ့ နှစ်ချောင်းတွဲ (Double Strand) မဟုတ်ဘဲ တစ်ချောင်းတည်း (Single Strand) ရှိတာပါ။

ခုနက သုတေသနကိစ္စနဲ့ ဆက်ရရင်တော့ ဗစ်တာက သူလေ့လာတုန်းမှာ လင် ၁၄ ကို လင် ၄ က ထိန်းချုပ်တာ တွေ့ရတယ်လို့ အပေါ်မှာ ပြောခဲ့ပါတယ်။  တပြိုင်တည်းမှာပဲ ဂယ်ရီကလဲ ဒီ ဗီဇပိုင်းနှစ်ခုကို  သုတေသနလုပ်နေတာပါ။ ဒါပေမဲ့ ဂယ်ရီ လေ့လာချိန်မှာ တွေ့ရတဲ့ ထူးခြားမှုတစ်ခုက လင် ၄ ဗီဇက လင် ၁၄ ကို ထိန်းချုပ်နေတာ၊ mRNA ထုတ်လုပ်မှုကို ကန့်သတ်နေတာမျိုး မရှိပါဘူး။ အဲဒီအစား နောက်ပိုင်းမှာ ဖြစ်တဲ့ ပရိုတိန်းထုတ်လုပ်မှုကိုပဲ ထိန်းချုပ်ပိတ်ပင်နေတာပါ။ ဗီဇတစ်ခုက နောက်ဗီဇတစ်ခုရဲ့ ပရိုတိန်းထုတ်လုပ်မှုတွေ၊ အလုပ်လုပ်ပုံတွေကို ထိန်းချုပ်ဖို့ mRNA ထုတ်လုပ်တာကို ကန့်သတ်တာက မျိုးရိုးဗီဇ ထုတ်ဖော်ပုံ (Gene Expression) မှာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမဲ့ mRNA ကို ခွင့်ပြုပြီး ပရိုတိန်းထုတ်တာကိုမှ လာပိတ်ပင်တာကတော့ အတော်လေးကို ဆန်းပါတယ်။ ဂယ်ရီက ဒီဖြစ်စဉ်ကို သတိထားမိခဲ့ပြီး လင် ၁၄ ဗီဇပိုင်းထဲက mRNA လေး တစ်ခုက အဲဒီလို ပိတ်တဲ့ နေရာမှာ အဓိက တရားခံဖြစ်နေတာကိုလဲ တွေ့ခဲ့ရတာပါ။ ပိုပြီး ထူးဆန်းတာက အဲဒီ လင် ၁၄ ဗီဇပိုင်းထဲက mRNA နဲ့ ဟိုးအပေါ်မှာ ပြောခဲ့တဲ့ လင် ၄ ဆီက RNA အပိုင်းတိုလေးနဲ့ ဆက်စပ်ကိုက်ညီနေပါတယ်။ ဒီအပိုင်းအစလေးက အရင်တုန်းက တွေ့ခဲ့ရတဲ့ RNA အမျိုးအစားတွေနဲ့ မတူဘဲ အမျိုးအစားသစ်ဖြစ်နေတာမို့ သူ့ကို microRNA လို့ ခေါ်ခဲ့ကြတာပါ။ လင် ၄ ဆီက microRNA က ပရိုတိန်းထုတ်ဖို့ သွားနေတဲ့ လင် ၁၄ ရဲ့ mRNA ကို မသွားဖို့ တားလိုက်တဲ့ သဘောပေါ့။ သုတေသနရလဒ်ကိုတော့ ၁၉၉၃ ခုနှစ်မှာ တင်ခဲ့ပါတယ်။ microRNA ကို ဗီဇထကြွမှုတွေမှာ ပါဝင်ထိန်းချုပ်ပေးနေတဲ့ ဆဲလ်တွင်း စနစ်တစ်ရပ်အဖြစ်လဲ ထည့်သွင်းသတ်မှတ်ခဲ့ကြတာပါ။

အစကတော့ သိပ္ပံပညာရှင်တွေကလဲ ဒါကို သိပ်ပြီး အရေးတယူမလုပ်ခဲ့ကြပါဘူး။ တီကောင်တွေမှာပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထူးခြားချက်အဖြစ် ယူဆခဲ့ကြပေမဲ့ ၂၀၀၀ ခုနှစ်မှာ ဂယ်ရီရဲ့ သုတေသနအဖွဲ့က microRNA ဗီဇပိုင်းဖြစ်တဲ့ လက် ၇ (let-7) ကို လူတွေအပါအဝင် တခြားတိရစ္ဆာန်မျိုးစိတ်တွေမှာပါ တွေ့ရှိခဲ့ရပါတယ်။ နောက်ပိုင်း လေ့လာတွေ့ရှိချက်တွေအရ လူတွေမှာဆိုရင် ထောင်နဲ့ချီတဲ့ microRNA မျိုးကွဲတွေ ဗီဇပိုင်းတွေထဲ ပါဝင်တာပါ။

ဒီ microRNA တွေက ပရိုတိန်းထုတ်လုပ်မှုကို ရပ်တန့်ပစ်လိုက်နိုင်သလို ပရိုတိန်းထုတ်လုပ်ဖို့ရာ လမ်းညွှန်ချက်တွေ သယ်လာတဲ့ mRNA တွေကိုလဲ ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေရဲ့။ ဒါ့အပြင်ကို microRNA မော်လီကျူးတစ်ခုက ဗီဇပိုင်း (gene) ပေါင်း မြောက်များစွာကို ထိန်းချုပ်နိုင်သလို ဗီဇပိုင်းတစ်ခုတည်းကလဲ microRNA အများကြီးရဲ့ ထိန်းချုပ်မှုကို ခံရနိုင်တယ်။ ဒါတင်မကသေး၊ မကျေနပ်လို့ မျိုးရိုးဗီဇပိုင်းတစ်ခုလုံးကို ပိတ်ချလိုက်ချင်တယ်ဆိုရင်လဲ အဲဒီကောင်လေးတွေက စွမ်းပါသတဲ့ . . .။ microRNA တွေက ဆဲလ်တွေ၊ တစ်ရှူးတွေ စနစ်တကျ ဖွံ့ဖြိုးနေရဲ့လား၊ မပွင့်သင့်သေးတဲ့ ဗီဇ ပွင့်နေလား၊ ပိတ်ရတော့မဲ့ ဗီဇက ပွင့်နေဆဲလား၊ ဆဲလ်တွေက ထုတ်သင့်တဲ့ ပရိုတိန်းတွေကို ထုတ်နေရဲ့လား၊ လုပ်ရမဲ့ အလုပ်ကို လုပ်နေရဲ့လားဆိုတာ လိုက်ကြီးကြပ်ပေးနိုင်စွမ်း ရှိပါတယ်။ တကယ်လို့သာ microRNA တွေ အလုပ်သေချာမလုပ်နိုင်ဘူးဆိုရင် ကင်ဆာလို၊ အကြားအာရုံချို့ယွင်းတာလို ရောဂါမျိုး ဖြစ်နိုင်တယ်လို့ သိရတာပါ။

အခု နိုဘယ်ဆု ရသွားတဲ့ ဗစ်တာအမ်းဘရို့စ်နဲ့ ဂယ်ရီ ရာ့ဗ်ကမ်းတို့က မတူညီတဲ့ ဆဲလ်အမျိုးအစားတွေ ဘယ်လိုဖွံ့ဖြိုးလဲဆိုတာကို အင်မတန်စိတ်ဝင်စားကြသူတွေပါ။ အဲဒီကနေ လေ့လာမှုတွေ ပြုလုပ်ရင်း microRNA လို့ ခေါ်တဲ့ RNA မော်လီကျူး အမျိုးအစားအသစ် တစ်ရပ်ကို တွေ့ရှိခဲ့ကြရုံမက microRNA တွေဟာ သက်ရှိတွေရဲ့ မျိုးရိုးဗီဇထကြွမှုမှာ ဘယ်လို ထိန်းချုပ်ပါဝင်နေလဲဆိုတာပါ နားလည်နိုင်အောင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၂၄ ခုနှစ်အတွက် ဇီဝကမ္မဗေဒ (သို့) ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ထိုက်ထိုက်တန်တန် ရခဲ့တာပါ။ ဗစ်တာနဲ့ ဂယ်ရီတို့ရဲ့ တွေ့ရှိမှုက လက်ရှိအချိန်ထိ ဇီဝဗေဒက နားလည်ထားသမျှ ဗီဇထုတ်ဖော်ပုံကို အတော်လေး တိုးတက်ပြောင်းလဲသွားစေပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ microRNA တွေဟာ ဗီဇပြောင်းလဲမှုတွေ၊ ဗီဇထုတ်ဖော်ပုံ/သတ္တိကြွပုံတွေကို ဘယ်လိုထိန်းချုပ်လဲဆိုတာ နားလည်စ ပြုလာပါပြီ။ နောက်ပိုင်း ခေတ်စားလာနေတဲ့ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှု – Genetic Engineering လို နယ်ပယ်တွေအတွက်လဲ အတော်လေးကို အကျိုးရှိတဲ့ တွေ့ရှိချက်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။

<details class="wp-block-details is-layout-flow wp-block-details-is-layout-flow"><summary>Click to view the references </summary>

For the discovery of microRNA and its role in post-transcriptional gene regulation. The Nobel Prize in Physiology or Medicine 2024. (Oct 7). NobelPrize. org.

Lee RC, Feinbaum RL, Ambros V. The C. elegans heterochronic gene lin-4 encodes small RNAs with antisense complementarity to lin-14. Cell. 1993;75(5):843-854. doi:10.1016/0092-8674(93)90529-y

Wightman B, Ha I, Ruvkun G. Posttranscriptional regulation of the heterochronic gene lin-14 by lin-4 mediates temporal pattern formation in C. elegans. Cell. 1993;75(5):855-862. doi:10.1016/0092-8674(93)90530-4

Pasquinelli AE, Reinhart BJ, Slack F, Martindale MQ, Kurodak MI, Maller B, Hayward DC, Ball EE, Degnan B, Müller P, Spring J, Srinvasan A, Fishman M, Finnerty J, Corbo J, Levine M, Leahy P, Davidson E, Ruvkun G. Conservation of the sequence and temporal expression of let-7 heterochronic regulatory RNA. Nature. 2000;408(6808):86-89. doi:10.1038/35040556

</details>

Released from

Fact Hub Go: Content Writer Desk, Followup Writers

Edited by

Fact Hub Go: Editor Desk, Copy-editors

Attribution Table