
အလင်းပြန်စွမ်းအင်ပမာဏ (Albedo)
အယ်လ်ဘီဒို (Albedo) ဆိုတာက မျက်နှာပြင်တစ်ခုခု၊ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုကနေ အလင်းပြန်လာတဲ့ စွမ်းအင်ပမာဏ ဖြစ်ပါတယ်။ ဥပမာ သစ်တောတစ်ခုရဲ့ အယ်လ်ဘီဒိုက ၁၅ ရာခိုင်နှုန်း ရှိတယ်ဆိုရင် သစ်တောပေါ် ကျရောက်တဲ့ အလင်းရဲ့ ၁၅ ရာခိုင်နှုန်း က အာကာသထဲကို ပြန်ကန်ထွက်သွားတယ်လို့ ဆိုလိုချင်တာပါ။ ကမ္ဘာရဲ့ အယ်လ်ဘီဒိုဟာ ၃၀ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာမြေပေါ် ရောက်ရှိလာတဲ့ အလင်းစွမ်းအင်ရဲ့ သုံးပုံတစ်ပုံခန့်က အာကာသထဲ ပြန်ရောက်သွားပါတယ်။ ဒီ အယ်လ်ဘီဒိုက ရာသီဥတုအခြေအနေတွေကို လေ့လာရာမှာ အရေးကြီးတဲ့ နေရာကနေ ပါဝင်ပါတယ်။ ကမ္ဘာကြီးရဲ့ ရာသီဥတုက အေးခဲနေတယ်၊ နေရာတိုင်းမှာ နှင်းတွေ၊ ရေခဲတွေနဲ့ ပြည့်နေတယ်ဆိုရင် ကမ္ဘာရဲ့ အယ်လ်ဘီဒိုက မြင့်နေမှာ ဖြစ်ပြီး ရာသီဥတုကလဲ ဆက်လက်အေးနေမှာပါ။ ဒါပေမဲ့ ကမ္ဘာကြီးပူနွေးလာပြီး ရေခဲတွေ အရည်ပျော်လာမယ် ဆိုရင်တော့ အယ်လ်ဘီဒိုက ကျဆင်းလာပြီး ကမ္ဘာကြီးကလဲ ပူနွေးသထက် ပူနွေးလာမှာပါ။
Written by – More Myint Phyu
| Writer | Moe Pwint Phyu |
| Copy-editor | Aung Naing Thant |
Copy-edited by – Aung Naing Thant
Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
