Archives
Month: September 2023
အပိုင်း – ၁၊ ၂ မဖတ်ရသေးရင် ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကနေ ဖတ်နိုင်ပါတယ်။ ______ ဒီအပိုင်းက ကွမ်တမ်ရူပဗေဒနဲ့ ဆိုင်တဲ့ concept ပိုင်း သိပ်မပါတော့ဘဲ sci-fi တချို့ကနေ ဆက်စပ်တွေးမိတာလေးတွေ ရေးဖြစ်တာဖြစ်လို့ စိတ်မဝင်စားလို့…
မနေ့က ကွမ်တမ်ရူပဗေဒနဲ့ ပတ်သက်လို့ မိတ်ဆက်အပိုင်းလေး ရေးထားပါတယ်။ မဖတ်ရသေးရင် ဒီလင့်ခ်က နေ ဝင်ဖတ်နိုင်ပါတယ်။ ――――――― ကွမ်တမ်ရူပက သာမန်ရူပဗေဒနဲ့ ဘယ်လိုကွဲနေတာ .. Regular Physics လို့ ခေါ်ချင်ခေါ်လို့ရနိုင်တဲ့ သမရိုးကျ ရူပဗေဒကတော့…
အိန္ဒိယအာကာသ သုတေသန အဖွဲ့အစည်း (ISRO) ရဲ့ ချန်ဒရာယန် – ၃ ဟာ လရဲ့တောင်ဝင်ရိုးစွန်းပေါ်မှာ သုတေသနလုပ်နေတဲ့ မစ်ရှင်ဖြစ်ပြီး လဆင်းယာဉ် ဗစ်ခ်ရန်နဲ့ လသွားရိုဗာ ပရက်ဂ်ယန်တို့ ပါဝင်ပါတယ်။ ချန်ဒရာယန်တည်ရှိရာနေရာဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က…
ကျွန်တော်တို့အားလုံးနီးပါး ကွမ်တမ်ရူပဗေဒ .. ကွမ်တမ် .. ကွမ်တမ်ကမ္ဘာ စတာတွေကို သေချာပေါက် ကြားဖူးကြပါလိမ့်မယ်။ ဒီစကားလုံးက ဟော်လီးဝုဒ် ဒါရိုက်တာတွေရဲ့ အကြိုက်ပါ။ သူတို့ရိုက်သမျှ Sci-fi ရုပ်ရှင်တွေ၊ Superhero ရုပ်ရှင်တွေမှာ ဒီ ကွမ်တမ်အယူအဆတွေကို…
လူတော်တော်များများက “အစာစားနေချိန် စကားမပြောနဲ့” ဆိုတဲ့ စကားကို အကြိမ်ကြိမ်ကြားဖူးကြမှာပါ။ ဒါကို အများစုက ရှိသင့်ရှိထိုက်တဲ့ Manner (အမူအကျင့်) တစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ တကယ်လက်ကိုင်ကျင့်သုံးသင့်ရဲ့လား။ ဘာကြောင့်လဲ။ ကျွန်တော်တို့ အစာစား၊ ရေသောက်တဲ့ အချိန်တွေမှာဆိုရင်…
အခု စာဖတ်နေတဲ့သူကို တစ်ယောက်ယောက်က ဒြပ် (Matter) တွေကို အက်တမ် (Atom) တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောလာရင် ဒီအတိုင်း ပြီးစလွယ် လက်ခံလိုက်မှာလား။ ဒါမှမဟုတ် ဆက်လက် ရှာဖွေအုံးမှာလား။ သိပ္ပံနယ်ပယ်မှာ Atom နဲ့…
ငလျင် ဘာကြောင့်လှုပ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ရှိကြပါတယ်။ တချို့က ဘာမှမဖြစ်နိုင်ပေမဲ့ တချို့ကတော့ အိုးအိမ်ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ တချို့က ခန့်မှန်းလို့ရနိုင်သလို တချို့ကလဲ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ခန့်မှန်းဖို့ခက်ပြီး အိုးအိမ်ပျက်စီးမှုတွေထိ ဖြစ်စေနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာမှ…
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်နေရ၊ တွေ့နေရသမျှ အရာဝတ္ထုတွေက ဘာလို့ ဒြပ် (Mass) ရှိနေရတာလဲ ဆိုပြီး တွေးမိဖူးပါသလား။ အလင်းကို သယ်ဆောင်တဲ့ ဖိုတွန်တွေကရော ဘာလို့ ဒြပ်မဲ့ (Massless) ဖြစ်နေရတာလဲ။ အကယ်၍…
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာစွာ လည်ပတ်နေဖို့အတွက် တည်ငြိမ်ပြီး သင့်တော်တဲ့ ကိုယ်တွင်းအပူချိန်ရှိဖို့ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အတွက် ခန္ဓာကိုယ်အပူချိန်ဟာ 36.5 ဒီဂရီဆဲလဲစီးယပ်စ်မှ 37.2 ဒီဂရီဆဲလ်စီးယပ်စ်ကြားရှိဖို့ လိုအပ်ပါတယ်။ဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်အပူချိန်ကြောင့် ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် ပိုတက်လာခဲ့ရင် (သို့)…
နှင်းနဲ့ ပတ်သက်ရင် လူတွေမှာ အတွေးတစ်ခု ရှိတတ်ကြတယ်။ နှင်းကျတဲ့ အရပ်မှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းသိပ်မကျတဲ့ ဒေသမှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းလုံးဝမကျတဲ့ နေရာမှာ နေရင်ပဲဖြစ်ဖြစ် ပထမဆုံးနှင်းကျတာကို မြင်ရကြည့်ရရင် ကြည်နူးစရာကောင်းပြီး မျှော်လင့်ချက်တစ်ခု ဖြည့်ဆည်းပေးခံလိုက်ရသလိုပဲ ဆိုတဲ့…
လတ်တလော ဒေသတွင်းမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ ရောဂါတစ်မျိုး ရှိပါတယ်၊ မျက်စိနာခြင်းပါ။ မျက်စိနာခြင်းနဲ့ ပတ်သက်လို့ ဟိုးအရင်ကတည်းက နာမည်ကြီးတဲ့ အယူအဆတစ်ခုရှိပါတယ်၊ မျက်စိနာတဲ့ ရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးအကြည့်ခြင်းကနေ ကူးစက်နိုင်တယ်ဆိုတာပါ။ ဒီအယူအဆက မှန်ကန်ရဲ့လား၊…
သင်္ချာဆိုတာ ကျွန်တော်တို့ နေ့စဉ်သုံးနေကျ လူသားတိုင်းနားလည်တဲ့ ဘာသာစကားတစ်ရပ်ပဲဖြစ်ပါတယ်။ လူသားတိုင်းအနေနဲ့ သင်္ချာကို မကျွမ်းကျင်ကြရင်တောင် သင်္ချာရဲ့ အခြေခံသဘောဖြစ်တဲ့ ရေတွက်ခြင်းတွေကို သိကြမှာပါ။ ရေတွက်ခြင်းရဲ့ အခြေခံကတော့ ကိန်းစနစ်တွေပဲ ဖြစ်ပါတယ်။ ကိန်းစနစ်တွေလို့ ဆိုရာမှာ သုညကနေ ကိုးအထိ…
အက်စစ် (Acid) နဲ့ ဘေ့စ် (Base) ဆိုတာတွေဟာ ဓာတုဗေဒပညာရပ်မှာ အရေးပါတဲ့အပိုင်းတွေဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဓာတုဗေဒနဲ့ထိတွေ့နေရတာကြောင့် အနီးနားပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင်တော့ အဲ့ဒီ အက်စစ်နဲ့ဘေ့စ်တွေကို သတိထားမိပါလိမ့်မယ်။ ကျွန်တော်တို့အမြဲကြားနေကျ အက်စစ်ဆိုတိုင်း အန္တရာယ်ရှိတာမဟုတ်ဘဲ သူနဲ့ပတ်သက်ပြီး တခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေလဲ…
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းက သွေးတွေက အနီရောင်ရှိပါတယ်၊ ဒါပေမဲ့ သွေးကြောတွေကတော့ အစိမ်းရောင်၊ တချို့ဆို စိမ်းပြာရောင်နဲ့ အပြာရောင် အသီးသီး ရှိကြပါတယ်၊ အဲ့တာက ဘာကြောင့်ပါလဲ။ တချို့က ခန္ဓာကိုယ်ထဲက သွေးတွေက သွေးပြန်ကြောထဲမှာတော့ အစိမ်း/အပြာ ရောင်ဖြစ်ပြီး…
နေလုံးကြီးဟာ သက်ရှိတွေအတွက် လိုအပ်တဲ့ အပူနဲ့ အလင်းစွမ်းအင်တွေကို ပေးနေတယ်ဆိုတာကို သိထားကြပါတယ်။ “နေအလင်း” လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့ အတော်အများဟာ နေ့စဥ် မြင်နေရတဲ့ အဖြူရောင်အလင်းတန်းတွေကိုပဲ အရင် ပြေးမြင်မိကြပါတယ်။ ဒါပေမဲ့ နေလုံးကြီးဟာ အဲ့သလို…
လက်တင်အမေရိက နိုင်ငံတွေကြား UFO တွေနဲ့ ပတ်သက်လို့ ပထမဆုံး ပြုလုပ်တဲ့ ကွန်ဂရက် ကြားနာပွဲမှာ လူသားမဟုတ်တဲ့ အခြား မျိုးစိတ် .. တစ်နည်း ဂြိုဟ်သားလို့ အဆိုပြုထားတဲ့ ရုပ်အလောင်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီကြားနာပွဲမှာ မက္ကစီကန်လူမျိုး…
U.S. Geological Survey (USGS) အရ ရေလိပ်တွေ၊ ဆယ်လ်မွန်တွေလို ရေနေသတ္တဝါတွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းကို အာရုံခံနိုင်စွမ်းရှိပြီး သူတို့သွားမဲ့ လမ်းကြောင်းကို ရှာဖွေဖို့အတွက် အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ရေနေသတ္တဝါတွေအပြင် မိုလက်စ်မျိုးပေါင်းစုထဲက သတ္တဝါတွေ၊ အာသရိုပေါ့ထ်တွေ၊ ကျောရိုးရှိသတ္တဝါတချို့၊…
လွန်ခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က လရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်နိုင်ခဲ့တဲ့ အိန္ဒိယရဲ့ ချန်ဒရာယန် ၃ အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်မှာရှိတဲ့ ငလျင်ကို အာရုံခံတွေ့ရှိခဲ့ပြီး မစ်ရှင်အတွင်းမှာ ပထမဆုံး မှတ်တမ်းတစ်ခုကို တင်ခဲ့ပါတယ်။ လဆင်းယာဉ်ရဲ့ ရိုဗာ…
ကလေးတွေ စကားပြောတတ်အောင် သင်ယူနေချိန်မှာ သူတို့အနီးဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေဆီက အသံတွေကို ဖမ်းယူပြီး ကြားရဖန်များလာတဲ့အခါ အဲဒီအသံတွေအတိုင်း လိုက်တုပပြီး အသံထွက်တတ်ကြပါတယ်။ အထိအတွေ့အများဆုံးက မိခင်ဖြစ်ရင် မိခင်ဆီက စကားပြောသံ၊ စကားပြောဟန်တွေကို စောင့်ကြည့်လေ့လာပြီး မိခင်ပြောတဲ့ စကားလုံးတွေထဲက သူတို့ ဖမ်းမိသလောက် စကားလုံးတွေ၊ အကြားရအများဆုံးစကားလုံးတွေကို အသံ၊ သို့မဟုတ် စကားသံအဖြစ် ပြန်ထုတ်တတ်ကြတာပေါ့။ ဥပမာ မိခင်ဖြစ်သူက သူ့ကိုယ်သူ “မေမေ” လို့ ရည်ညွှန်းပြီး ကလေးရှေ့မှာ ပြောဖန်များလာတဲ့အခါ ကလေးက မိခင်ကို မြင်တဲ့အခါ “မေမေ” လို့ အသံထွက်ညွှန်ပြတတ်လာတာမျိုး ဖြစ်ပါတယ်။ စကားလုံးတွေ၊စကားတွေကို သင်ယူနေချိန်မှာ ကလေးတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ တပြေးတညီတည်း သင်ယူနိုင်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ လုပ်တတ်တဲ့ အမှားလေးတွေလဲ ရှိနေပါတယ်။ မွေးဖွားပြီးအချိန်ကနေ ပထမဆုံး ထိတွေ့ရတဲ့ ပထမဘာသာစကားကို စူးစမ်းသင်ယူနေချိန်မှာ ကလေးတွေ လုပ်တတ်တဲ့အမှားတွေကို အောက်ပါအတိုင်း အဓိကအုပ်စု ၃ စု ခွဲထုတ်လိုက်လို့ ရပါတယ်။ အဲဒီအုပ်စု ၃ စုကတော့ – ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း) တို့ပဲ ဖြစ်ပါတယ်။ ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) အရွယ်ရောက်သူသုံးဘာသာစကားမှာ တိရစ္ဆာန်တွေ၊ ပစ္စည်းတွေ၊ အရာဝတ္ထုတွေ၊ အပင်တွေ စတဲ့ အရာရာကို အမျိုးအစားခွဲခြားပြီး ဘယ်အရာက ဘာရယ်လို့ သတ်သတ်မှတ်မှတ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ဥပမာ အမှောင်မှာ မြင်နိုင်စွမ်းရှိပြီး ကြွက်ခုပ်တတ်တဲ့ သားစားအိမ်မွေးတိရစ္ဆာန်ကို “ကြောင်”၊ အဝါရောင်မှာ အနက်စင်းတွေ ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျား”၊ ညိုဝါရောင်အခံမှာ အနက်ပြောက်ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျားသစ်” လို့ အရွယ်ရောက်ပြီးသူတွေက သတ်မှတ်ခေါ်ဆိုကြတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ “ကျား” ကိုလဲ “ကြောင်”၊ “ကျားသစ်” ကိုလဲ “ကြောင်” ဆိုပြီး သူတို့စိတ်ထဲ ကောက်ချက်ချထားတဲ့အတိုင်း ခေါ်တတ်ကြပါတယ်။သူတို့လေးတွေရဲ့ သင်ယူထားတာတွေထဲမှာ “ကျား” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့ မခေါ်ဘဲ “ကျား” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့၊ “ကျားသစ်” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့မခေါ်ဘဲ “ကျားသစ်” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့ မပါရှိနေသေးတာကြောင့် သိရင်းစွဲ ဝေါဟာရဖြစ်တဲ့ “ကြောင်” နဲ့ပဲ အခြားတိရစ္ဆာန်တွေကိုပါ ရည်ညွှန်းခေါ်ဆိုတတ်ကြတဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကို စူးစမ်းသင်ယူနေတဲ့ ကလေးတွေမှာ ဖြစ်တတ်တာ နောက်တစ်ခုက အများကိန်းနဲ့အတိတ်ကာလပြကြိယာတွေကို အသုံးပြုပုံမှားယွင်းနေကြတာတွေပါ။ ဥပမာပေးရရင် “mice” အစား “mouses” လို့ပြောတာတွေ၊ “teeth” အစား “tooths” လို့ ပြောတာတွေလိုမျိုး အနည်းကိန်းကနေ အများကိန်းပြောင်းတဲ့အခါမှာ “s” ထည့်လိုက်တာနဲ့ အများကိန်းဖြစ်သွားမယ် ဆိုပြီး ကောက်ချက်ချထားတာမျိုး၊ “brought” အစား “bringed” လို့ ပြောတာတွေ၊ “said” အစား “sayed” လို့ ပြောတာတွေလိုမျိုး ပစ္စုပ္ပန်ကာလပြကြိယာကနေ အတိတ်ကာလပြကြိယာအဖြစ်ပြောင်းတဲ့အခါ မူရင်းကြိယာမှာ “-ed” ထည့်လိုက်ရင် ရပြီ ဆိုပြီး ကောင်ချက်ချထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) လို့ ခေါ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်ကတော့ Undergeneralisation ပဲ ဖြစ်ပါတယ်။ ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) မိဘတွေက ကလေးကို ပွေ့ပြီး ညနေခင်းမှာ လမ်းလျှောက်ထွက်တယ် ဆိုပါစို့။ အဲဒီညနေခင်းမှာ ရာသီဥတုသာယာတဲ့အတွက် လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေနဲ့ ငှက်အမျိုးအစားအချို့ကို ကလေးက မြင်မိမယ်။ အဲဒီအခါမှာ ကလေးကလိပ်ပြာကို မြင်တော့လဲ “စာကလေး”၊ “ပုစဉ်းကို မြင်တော့လဲ “စာကလေး”၊ ဗျိုင်းတွေ လေးကောင်အတန်းလိုက် ပျံသွားတာကို ခပ်ဝေးဝေးဆီက မြင်တော့လဲ “စာကလေး”၊ စာကလေးကို မြင်တော့လဲ “စာကလေး” ဆိုပြီး အသံထွက်ရည်ညွှန်းပြမယ်။ ဒါ့အပြင် လေထဲမှာ မြင်ရသမျှ တွေ့ရသမျှ အကောင်လေးတွေကို “စာကလေး” လို့ပဲ ကလေးက ခေါ်နေမယ်။ကလေးဟာ “လေထဲမှာ ရှိနေခြင်း” ဆိုတဲ့ ဘုံတူညီချက်တစ်ခုတည်းကိုပဲ စွဲမှတ်ထားပြီး ရည်ညွှန်းပြနေတာဖြစ်ပါတယ်။ ဒီအခြေအနေဟာ တိကျသေချာတဲ့ သတ်မှတ်ချက် ရှိပြီးသား စကားလုံးကိုပဲ အသုံးပြုပြီး တိကျသေချာစွာ သတ်မှတ်ထားခြင်း မရှိဘဲ ယေဘုယျအချက်တစ်ချက်ကို မြင်တွေ့တာနဲ့ ရည်ညွှန်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကိုOverextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒီအခြေအနေမှာကလေးရဲ့ သတ်မှတ်နိုင်စွမ်းကနေ သိနိုင်တဲ့ အချက်တစ်ချက်ကတော့ ကလေးဟာ သူ့အနီးနားဝန်းကျင်မှာ ရှိနေတဲ့ အရာတွေထဲက တူညီတဲ့ ဘုံအချက်ကို သတိပြုနေမိတယ် ဆိုတာပါပဲ။…
ရုတ်တရက်ဖတ်ကြည့်ရင်တော့ နည်းနည်းထူးဆန်းနိုင်ပေမဲ့ ငှက်ပျောသီးတွေက ရေဒီယိုသတ္တိကြွနိုင်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်ဓာတ် တော်တော်များများ ပါဝင်ပါတယ်။ အဲ့ဒီထဲမှာ ပိုတက်စီယမ်ထဲက ရေဒီသတ္တိကြွ အိုင်ဆိုတုပ် ပိုတက်စီယမ်-၄၀ က ပမာဏနည်းနည်းပါဝင်ပါတယ်။ ပိုတက်စီယမ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်…
ကြယ်တာရာကြီးတွေ၊ နေအဖွဲ့အစည်းတွေအားလုံးဟာ တူညီတဲ့ပုံစံတစ်ခုတည်းကနေ မွေးဖွားလာခဲ့ကြပေမယ့် အန္တိမအဆုံးသတ်တွေကတော့ ကွဲပြားလှပါတယ်။ ဒြပ်ထုသေးသေး၊ ထွန်းလင်းတောက်ပမှုနည်းနည်းနဲ့ ဖုသျှနက္ခတ် (Canis Major) က Sirius B လို ကြယ်တွေကနေ အင်မတန်ပြင်းထန်တဲ့ မျက်နှာပြင်အပူချိန်၊ အလင်းထုတ်လွှတ်မှုနဲ့ ဧရာမဒြပ်ထုနဲ့…
❝ နှင်းဆီပွင့် ❞ ❝ လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ❞ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး…
အချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို မှန်၊ မမှန် ဘယ်လိုစစ်ဆေးနိုင်မလဲ။ How to fact check? ________________ ၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်စီးဆင်းမှုနှုန်းတွေက အင်မတန် မြန်ဆန်လာပါတယ်၊ ကျွန်တော်တို့အနေနဲ့ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာတစ်ဖက်ခြမ်းက သတင်းတစ်ခုကိုတောင်…