Archives
Author: Zay Bhone Hlyan
‘ကပ်ဘေး’ ဆိုတာ ကိုယ်တိုင်ကြုံတဲ့ လူတွေအတွက်တော့ ကြားရုံနဲ့တင် ကျောချမ်းစရာ၊ စိတ်မချမ်းသာစရာပါ။ ဒါပေမဲ့လဲ အကြောင်းအဖုံဖုံကြောင့် ကပ်အမျိုးမျိုး ကမ္ဘာပေါ် ဆိုက်ရောက်နေတာလဲ မျက်မြင်ပါပဲ။ မကြာသေးခင်က ကြုံခဲ့ရတဲ့ ကပ်တစ်ခုကတော့ Covid-19 ကမ္ဘာ့ကပ်ရောဂါကြီးပေါ့။ ကပ်တွေဟာ သဘာဝတရားနဲ့ သက်ရှိတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိပြီး ‘ကပ်ဘေး’ မှာ သဘာဝကပ်ဘေး၊ ရောဂါကပ်ဘေး၊ သက်ရှိပျက်ကပ်တွေ ပါဝင်ပါတယ်။ ဒီထဲမှာမှ သမိုင်းတစ်လျှောက် သက်ရှိမျိုးစိတ်တွေကို ကမ္ဘာပေါ်ကနေ အပြီးတိုင် မျိုးသုဉ်းဖျောက်ဖျက်ခဲ့တာကတော့ သက်ရှိပျက်ကပ်တွေပါ။ ‘သက်ရှိပျက်ကပ်’ ဆိုတာ ဂြိုဟ်သိမ်တစ်ခုက ကမ္ဘာကို ဝင်တိုက်လိုက်တာကြောင့်၊ ဒါမှမဟုတ် မီးတောင်ပေါက်ကွဲတာကြောင့် အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာပေါ်က သက်ရှိမျိုးစိတ် ၇၅% နဲ့အထက် မျိုးသုဉ်းသွားရတဲ့ ဖြစ်စဉ်ကို ခေါ်ပါတယ်။ ဒါကို အင်္ဂလိပ်လို ‘Mass Extinction (အစုအပြုံလိုက် မျိုးသုဉ်းခြင်း)’ လို့ အဓိပ္ပာယ်ရပေမဲ့ ဒီနေရာတော့ “သက်ရှိပျက်ကပ်” လို့ပဲ သုံးပါမယ်။ ဒီသက်ရှိပျက်ကပ်တွေက မျိုးစိတ်ဟောင်းတွေကို ရှင်းထုတ်ပြီး မျိုးစိတ်သစ်တွေ မွေးဖွားလာဖို့ အခွင့်အလမ်း ပေးတာကြောင့် သက်ရှိတွေရဲ့ ဆင့်ကဲဖြစ်စဉ်အတွက် အရေးပါ,ပါတယ်။ လေ့လာချက်တွေအရ ကမ္ဘာမှာ Ordovician-Silurian Extinction, Late Devonian Extinction, Permian Extinction, Triassic-Jurassic Extinction နဲ့ ဂြိုဟ်သိမ်က ကမ္ဘာကို ဝင်တိုက်တာကြောင့် ဖြစ်လာတဲ့ Cretaceous-Paleogene Extinction ဆိုပြီး သက်ရှိပျက်ကပ် ၅ မျိုး ဖြစ်ပြီးပါပြီ။ ဒီသက်ရှိပျက်ကပ်ငါးမျိုးလုံးက သက်ရှိမျိုးစိတ်…
ငါးမန်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ မီလီယံဝန်းကျင်လောက်ကစပြီး ယနေ့ချိန်အထိ ကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားနေတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒိုင်နိုဆောမျိုးစိတ်ထက် နှစ်ပေါင်း ၂၀၀ မီလီယံခန့် သက်တမ်းပိုရင့်ပြီး လွန်ခဲ့တဲ့ နှစ် ၆၀ မီလီယံ ဝန်းကျင်က ဂြိုဟ်သိမ်ရဲ့ ရိုက်ခတ်မှုကြောင့် ဒိုင်နိုဆောတွေမျိုးသုဉ်းပြီးနောက်မှာတောင် ဆက်လက်ရှင်သန်နေတဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။ တိုးတက်လာတဲ့ ယနေ့ခေတ်မှာ ပညာရှင်တွေဟာ ရှေးဟောင်းရုပ်ကြွင်းတွေကို အသုံးပြုပြီး သက်တမ်းတွေကို တွက်ချက်နိုင်ပါတယ်။ ဒီတွက်ချက်မှုတွေအရ သက်တမ်းရင့် ငါးမန်းရုပ်ကြွင်းတစ်ခုက ယခင်နှစ်ပေါင်း ၄၄၃ မီလီယံခန့်မှာ ရှင်သန်ခဲ့တဲ့ Doliodus Problematicus ဆိုတဲ့မျိုးစိတ်ရဲ့ ရုပ်ကြွင်းဖြစ်ပါတယ်။ ဒါ့အပြင်နောက်ပိုင်းထပ်မံတွေ့ရှိထားတဲ့ ငါးမန်းကြေးခွံတွေဟာ လွန်ခဲ့တဲ့ နှစ် ၄၅၀ မီလီယံဝန်းကျင်လောက်ကဖြစ်နိုင်တဲ့အတွက် ငါးမန်းမျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ သစ်ပင်တွေ မပေါ်ပေါက်လာခင်ကတည်းက ရှိနေခဲ့တယ်လို့ ယူဆလို့ရပါတယ်။ ဒီလောက်နှစ်ရှည်ကြာ ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ပြီး ကပ်ဘေးတွေကို ကျော်လွှားခဲ့တဲ့ ငါးမန်းတွေဟာ သာမန်စွမ်းရည်တွေနဲ့ ငါးမျိုးစိတ်သက်သက်ပဲလို့ ထင်ရင် မှားပါလိမ့်မယ်။ ဒီသတ္တဝါတွေဟာ ပတ်ဝန်းကျင် ဖိအားမြင့် ရပ်ဝန်းတွေ၊ အောက်ဆီဂျင်နည်းပါးတဲ့ ဒေသတွေ၊ ပတ်ဝန်းကျင်အပူချိန် အပြောင်းအလဲတွေမှာ အလိုက်သင့် နေထိုင်နိုင်ပါတယ်။ ခြုံပြောရရင် သမုဒ္ဒရာကြမ်းပြင်လို ရေအနက်ပိုင်း ဒေသတွေကအစ မြစ်၊ ချောင်းတွေလိုမျိုး ရေတိမ်ပိုင်းတွေအထိ ပြောင်းလဲနေထိုင်နိုင်ပါတယ်။ အချို့တူခေါင်းငါးမန်းတွေနဲ့ သန္တာကျောက်တန်းနေ ငါးမန်းတွေဆိုရင် သက်ရှိရေအောက်မီးတောင်တွေအတွင်း နေထိုင်နေကြပါတယ်လို့ သိရပါတယ်။ ဒါ့အပြင် ငါးမန်းတွေဟာ Plankton၊ ငါး၊ ဂဏန်း၊ ပင်လယ်ဖျံ၊ ဝေလငါး စသဖြင့် မျိုးစုံစားကြတဲ့အတွက် ကပ်ဆိုက်ရင်တောင် သူတို့အတွက် အစာမရှားပါဘူး။…
လူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်ဖွံ့ဖြိုးနိုင်ကြဖို့အတွက် သိပ္ပံပညာကို အသုံးပြုပြီး လေ့လာရှာဖွေမှုတွေ၊ စမ်းသပ်မှုတွေ တစ်ခုပြီးတစ်ခု ယနေ့ထိတိုင် ပြုလုပ်လျက်ရှိကြပါတယ်။ သိပ္ပံလောကရဲ့ သမိုင်းမှာ ခမ်းနားကြီးကျယ်လှတဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ အောင်မြင်မှုတွေအများကြီး ရှိခဲ့တဲ့အပြင် အဲ့ဒါတွေထဲမှာ Apollo ၁၁ ဆိုတဲ့ လကမ္ဘာခရီးစဉ်လဲ အပါအဝင်ပါ။ ဒုတိယကမ္ဘာစစ်အပြီး ၂၀ ရာစုအလယ်မှာ ဒီမိုကရေစီနိုင်ငံတော် အမေရိကန်နဲ့ ကွန်မြူနစ်ဝါဒ ကျင့်သုံးတဲ့ ဆိုဗီယက်တို့ကြားမှာ ဘယ်သူက ပိုအားသာကြောင်း ပြိုင်ဆိုင်မှုတွေ ရှိခဲ့ကြပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုတွေလဲရှိခဲ့ကြတဲ့အတွက် အာကာသလေ့လာရေးခရီးစဉ်တွေနဲ့ဆက်နွှယ်လာပါတော့တယ်။ နှစ်နိုင်ငံလုံးဟာ လူသားတွေကို အာကာသဆီ အပြိုင်အဆိုင်စေလွှတ်ခဲ့ကြပြီး ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ သမ္မတရစ်ချက်နစ်ဆန် လက်ထက်မှာပဲ Apollo ၁၁ မစ်ရှင်အောင်မြင်ပြီးတဲ့နောက် အမေရိကန်ဟာ လပေါ်မှာ ပထမဦးဆုံး အခြေချဖူးတဲ့ နိုင်ငံအဖြစ် စံချိန်တင်ခဲ့ပါတော့တယ်။ မစ်ရှင်အတွက် Columbia ဆိုတဲ့ အာကာသယာဥ် တည်ဆောက်တဲ့အချိန်မှာ လူပေါင်းလေးသိန်းကျော် ပါဝင်အားထုတ်ခဲ့ကြတဲ့အပြင် အဲ့ဒီယာဉ်မှာ Command Module (ပင်မယာဉ်)၊ Service Module (ထောက်ပံ့ရေးအပိုင်း) နဲ့ Eagle ဆိုတဲ့ Lunar Module (လဆင်းယာဉ်ပျံ) ဆိုပြီး သုံးပိုင်းပါဝင်ခဲ့တာပါ။ လိုက်ပါစီးနင်းခဲ့သူ ယာဉ်မှူးတွေကတော့ အမ်းစ်စထရောင်း၊ ဘတ်ဇ်အယ်ဒရင် နဲ့ မိုက်ကယ်ကိုလင်စ်တို့ ဖြစ်ကြပါတယ်။ ၁၉၆၉ ခုနှစ်၊ ဇူလိုင် ၁၆၊ ဖလော်ရီဒါ အာကာသစခန်းမှာ Columbia ယာဉ် ပါဝင်တဲ့ Saturn 5 ဒုံးပျံကို ကမ္ဘာ့ဒြပ်ဆွဲအာကနေ…
ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးဟာ ကားတွေ၊ စက်ရုံတွေ အစရှိတဲ့ နေရာတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ တခြား လေထုညစ်ညမ်းစေတဲ့ အကြောင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ တစ်နှစ်ထက် တစ်နှစ် ပိုပို ပျက်စီးယိုယွင်းလာပြီး အပူချိန်တွေလဲ မြင့်မားလာတဲ့ အကြောင်း အားလုံးသိနှင့်ပြီးသားဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ကြည့်မယ်ဆိုရင်တောင် တစ်နှစ်နဲ့ တစ်နှစ် နွေရာသီရောက်လာတိုင်းမှာ သိသိသာသာ ပိုပြီး ပူပြင်းခြောက်သွေ့လာတာကိုလဲ ကျွန်တော်တို့ ကောင်းကောင်းသတိထားမိကြမှာပါ။ ထူးဆန်းတဲ့အချက်က တစ်နှစ်ပြီး တစ်နှစ် အပူချိန်တွေ တစ်ရှိန် ထိုးတက်လာတဲ့တိုင်အောင် ဆောင်းတွင်းရောက်လို့ရှိရင် ရာသီဥတုက ပိုပိုအေးလာတာပါပဲ။ အမြဲခြောက်သွေ့တတ်တဲ့ နေရာတွေမှာတောင် ဆောင်းတွင်းမှာ နှင်းတွေကျလာတတ်တဲ့အထိကို ပိုအေးလာတာပါ။ မြန်မာနိုင်ငံမှာလဲ အလားတူပါပဲ။ နွေအခါကျရင် အပူပြင်းတတ်တဲ့ အလယ်ပိုင်းက ဒေသတချို့ဆိုရင် ဆောင်းအခါ ခိုက်ခိုက်တုန်အောင် အေးတတ်တဲ့ ရာသီဥတုမျိုး ရှိကြပါတယ်။ ဒီနှစ်ပိုင်းတွေဆိုရင် ပိုလို့တောင် အေးကြပါတယ်။ ရန်ကုန်လို နေရာမှာတော့ သိပ်မသိသာပါဘူး။ ဒါဆို ဘာကြောင့် နွေနဲ့ ဆောင်းရဲ့ အပူချိန်တွေက မျှခြေမဖြစ်နေရတာလဲ။ နွေအခါ အပူချိန်မြင့်ရင် ဆောင်းကျရင်လဲ အပူချိန်လျော့လာသင့်တယ် မဟုတ်လား။ ဘာကြောင့် အဲ့လိုမဟုတ်ဘဲ ဆန့်ကျင်ဘက်တွေဖြစ်နေရတာလဲ။ ဒီအဖြေကိုလေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ အဓိကအကြောင်းအရင်းတွေက Polar Vortex ခေါ် ကမ္ဘာ့ဝင်ရိုးစွန်းမှာရှိတဲ့လေဝဲတွေမတည်ငြိမ်တာနဲ့ လေထုထဲမှာ ရေခိုးရေငွေ့ပါဝင်မှုတွေ များလာတာကြောင့်ပါ။ ဒါဆို ဒီလေဝဲတွေအကြောင်းကို အရင်ကြည့်ကြပါမယ်။ ကျွန်တော်တို့ ကမ္ဘာရဲ့ ဝင်ရိုးစွန်းဒေသတွေမှာ လေဝဲတွေ အသီးသီးရှိကြပါတယ်။ လေထုရဲ့ အထက်အမြင့် Stratosphere အလွှာမှာ တည်ရှိကြပြီးတော့…
“ကျွန်တော်တို့ အားလုံး နေ့စဉ်စားမိနေတဲ့ အစားအစာတွေထဲက ဟင်းခတ်ပစ္စည်းတစ်ခု ပါဝင်မှုကို လျှော့ချလိုက်မယ်ဆိုရင် နှစ်စဉ်သေဆုံးနေတဲ့ လူသန်းချီရဲ့ အသက်တွေကို ကယ်တင်နိုင်မယ်။” လွန်ခဲ့တဲ့ ရက်ပိုင်းက ဖတ်လိုက်ရတဲ့ သတင်းခေါင်းစီးလေး တစ်ခုပါ။ သုတေသနအသစ်တစ်ခုအခု နေ့စဉ်စားနေတဲ့ အစားအစာတွေထဲက ဆားပါဝင်မှုကို လျှော့ချနိုင်မယ်ဆိုရင် ဆားနဲ့ ဆားကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ရောဂါတွေကို ကာကွယ်နိုင်မယ်၊ နှစ်စဉ် ဆားအစားများလို့ သေဆုံးနေတဲ့ လူသန်းချီရဲ့ အသက်ကို ကယ်တင်နိုင်မယ်ဆိုတဲ့ ဖော်ပြချက် တစ်ရပ်ဖြစ်ပါတယ်။ ဆားဟာ ကျွန်တော်တို့ နေ့စဉ် စားသုံးနေတဲ့ အစားအစာအများစုမှာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးတဲ့ ဟင်းပွဲတွေကစလို့ ထမင်း၊ ဟင်းအပြင်ကိုမှ အခြားထပ်စားသုံးတဲ့ အစားအစာတွေမှာလဲ ဆားက မပါမဖြစ် ပါဝင်နေတာပါ။ မြန်မာနိုင်ငံလိုမျိုး ဟင်းအနှစ်ကို အဓိက ဦးစားပေးပြီး အရသာခပ်ပြင်းပြင်းရှိတဲ့ curry တွေ စားတတ်ကြတဲ့ နိုင်ငံတွေမှာဆိုရင် နေ့စဉ် ဟင်းလျာတွေမှာ ဆားပါဝင်မှု ပမာဏက အတော်လေး များတယ်လို့ ဆိုရမှာပါ။ ဆားက အားလုံးသိကြသလိုပဲ ဆိုဒီယမ်နဲ့ ကလိုရင်းတို့ရဲ့ ဒြပ်ပေါင်းဖြစ်တယ်။ ဆားမှာ ပါဝင်တဲ့ ဆိုဒီယမ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အင်မတန်အရေးပါတာပါ။ အက်စစ် – ဘေ့စ်ဓာတ်တွေကို ထိန်းညှိပေးတယ်၊ အာရုံကြောစနစ်တွေကို အထောက်အကူပြုပေးမယ်၊ ပြီးရင် ကိုယ်တွင်းဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေ လည်ပတ်နိုင်ဖို့ အရေးပါတာပေါ့။ ဒါပေမဲ့ ခန္ဓာကိုယ်အတွက် ဘယ်လောက် အရေးပါပါ .. ဆားကို အလွန်အကျွံစားသုံးမိရင် သွေးတိုးရောဂါ။ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ နောက် လေဖြတ်တာတွေလိုမျိုး…
အိုဇုန်းလွှာဟာ ကမ္ဘာ့လေထုရဲ့ စထရက်တို စဖီးယားအလွှာ (Stratosphere) မှာရှိပြီး နေကလာတဲ့ စွမ်းအင်မြင့် ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးထားတာကြောင့် ကမ္ဘာ့လေထုရဲ့ အရေးကြီး အလွှာတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက စလို့ အိုဇုန်းလွှာ ထိခိုက် ပျက်စီးမှုတွေ အလွန်များလာပြီး အိုဇုန်းလွှာက တဖြည်းဖြည်း ပါးလွှာလာပါတယ်။ အဲ့ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့အခါ Ozone Hole (အိုဇုန်းလွှာအပေါက်) တွေ ပေါ်ပေါက်လာတာပါ။ အန္တာတိကတိုက်ရဲ့ အပေါ် တည့်တည့်က စထရက်တို စဖီးယားအလွှာ မှာဆိုရင် ozone depletion (အိုဇုန်းပျက်စီးမှု) တွေ အရှိန်အဟုန်နဲ့ လွန်လွန်ကဲကဲ ဖြစ်ပေါ်နေတာကြောင့် အဲ့ဒီဒေသတွေမှာ အန္တာတိက အိုဇုန်း အပေါက်တွေ ရှိနေပြီး ဂြိုဟ်တုဓာတ်ပုံတွေအရ အရွယ်အစားကလဲ အတော်လေး ကြီးနေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ မကြာသေးခင်အချိန် စက်တင်ဘာလကုန်က တိုင်းတာမှုအရ ဆိုရင် အဲ့ဒီ အိုဇုန်းလွှာပေါက်ရဲ့ အရွယ်အစားက အရင်နှစ်တွေထက် ပိုပို တိုးလာတယ်လို့ သိရပါတယ်။ အန္တာတိက အိုဇုန်းအပေါက်တွေက စက်တင်ဘာလလယ်လောက်က စပြီး အောက်တိုဘာလလယ်ကြား အချိန်တွေအတွင်းမှာ အရွယ်အစား အပြောင်းအလဲရှိတတ်တာ ပုံမှန် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ သြဂုတ်လအလယ်လောက်က စပြီး အရင်ထက် သိသိသာသာ ပိုကြီးထွားလာပြီး ခန့်မှန်းခြေ ၁၀ မီလီယမ်စတုရန်းမိုင် (၂၆ မီလီယမ် စတုရန်းကီလိုမီတာ ဝန်းကျင်) အကျယ်အဝန်း ရှိပါတယ်။ ဒါဟာ ၂၀၁၅ မှ ယခု ၂၀၂၃…
ကမ္ဘာ့တိုက်ကြီးခုနစ်တိုက်မှာ အန္တာတိကတိုက်ဟာ အလွန်အေးတဲ့ တိုက်ဖြစ်ပြီး သူ့ရဲ့ အေးခဲပြီးကြမ်းတမ်းတဲ့ ရာသီဥတုကြောင့် အဲ့ဒီဒေသမှာ အပင်တွေ ပေါက်ဖို့၊ ပန်းတွေ ပွင့်ဖို့ အတော်ခက်ခဲကြပါတယ်။ အန္တာတိကမှာ အခြားအပင်မျိုးစိတ် များများစားစား ရှင်သန်ပေါက်ရောက်နိုင်ခြင်း မရှိဘဲ Antarctic Hair Grass နဲ့ Antarctic Pearlwort ဆိုတဲ့ ဒေသမျိုးရင်း ပန်းမျိုးစိတ်နှစ်မျိုးတည်းကသာ အရေအတွက်အနည်းငယ်နဲ့ ရှိနေတာပါ။ ဒါပေမဲ့ မကြာသေးခင်အချိန်ကပဲ အန္တာတိကမှာ ပန်းပွင့်တွေ ပိုမိုပေါများစွာ လျင်လျင်မြန်မြန်နဲ့ ပေါက်ရောက်လာကြတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ ဖော်ပြထားပါတယ်။ ဒီလက္ခဏာဟာ ကမ္ဘာကြီးပိုမိုသာယာဝပြောလာပြီး စိမ်းလန်းစိုပြေလာတယ်လို့ ယူဆရတဲ့ သတင်းကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စလို့ ကမ္ဘာကြီးပူနွေးမှု မြင့်လာတာကြောင့် ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပြီး ဝင်ရိုးစွန်းဒေသက ရေခဲပြင်တွေဟာလဲ အရည်ပျော်တာတွေ များပြားလာခဲ့ပါတယ်။ သုတေသနစစ်တမ်းရလဒ်တွေအရဆိုရင် ဒီအပင်မျိုးစိတ်နှစ်ခုရဲ့ ၂၀၀၉ – ၂၀၁၉ ခုနှစ်အတွင်းက ကြီးထွားပေါက်ပွားမှုနှုန်းနဲ့ ပျံ့နှံ့မှုနှုန်းဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ က နှုန်းထက် ပိုမိုလျင်မြန်စွာ မြင့်တက်လာပြီး တစ်နှစ်ထက်တစ်နှစ် ဆထက်တိုး များပြားလာရင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကထက် ငါးဆကနေ ဆယ်ဆလောက်ထိကို ပိုလာကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီပန်းမျိုးစိတ်တွေတင် မကသေးဘဲ ရေညှိနဲ့ Algae တို့ဟာလဲ ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ကြည့်ရင် အဲ့ဒီ့ဒေသမှာ ပေါက်ရောက်မှုတွေ များပြားလာခဲ့ပါသေးတယ်။ ကမ္ဘာကြီးပူနွေးလာတာကြောင့် ရေခဲပြင်တွေ အရည်ပျော်လာတာနဲ့အမျှ တစ်ဆက်တည်းမှာပဲ အစာကွင်းဆက်ယိုယွင်းပြီး အမဲလိုက်ဖို့ ခက်ခဲလာကြတာကြောင့် ဒေသတိရစ္ဆာန်တွေအနေနဲ့ အစာငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံနေရပြီး…
Ozone (အိုဇုန်း) ဟာ အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်တဲ့ မော်လီကျူးဖြစ်ပြီး မတည်ငြိမ်ပါဘူး။ Ozone Layer (အိုဇုန်းလွှာ) ဆိုတာလဲ အဲ့ဒီအိုဇုန်းအစုအဝေးပါပဲ။ အိုဇုန်းလွှာဟာ ကမ္ဘာမြေကြီးရဲ့ Atmosphere (လေထု) ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်မှ ခန့်မှန်းခြေ 10 km မှ 50 km အကြားမှာ တည်ရှိပါတယ်။ ဒီအိုဇုန်းလွှာက ကျွန်တော်တို့ကို အဘက်ဘက်က အကျိုးပြုနေလျက်ရှိပြီး ကျွန်တော်တို့အတွက် မရှိမဖြစ်ဆိုရင်လဲ အမှန်ပါပဲ။ ကဲ ဒါဆိုရင် အဲ့တာက ကမ္ဘာမြေကို ဘယ်လိုအကျိုးပြုသလဲ။ ဘာကြောင့် အရေးပါတာလဲ။ ခရမ်းလွန်ရောင်ခြည် ( Ultraviolet radiation) တွေကို စုပ်ယူတားဆီးပေးခြင်း Ultraviolet radiation (ခေါ်) UV radiation တွေဟာ အများအားဖြင့် နေကနေ လာပါတယ်။ UV radiation မှ Vitamin D ကို ရရှိနိုင်ပေမဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ထိတွေ့မိရင် အဲ့ဒီရောင်ခြည်တွေက အရေပြားကို ထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလဲ ထိခိုက်စေနိုင်ပါတယ်။ UV radiation တွေကို UV-A, UV-B, UV-C ဆိုပြီး သုံးမျိုးခွဲခြားထားပါသေးတယ်။ အဲ့ဒီ အန္တရာယ်ဖြစ်စေတဲ့ ရောင်ခြည်တွေကို စုပ်ယူတားဆီးပေးပြီး သက်ရှိတွေအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတာကတော့ Ozone လွှာပါပဲ။ UV-C ကတော့ အန္တရာယ်အပေးနိုင်ဆုံးဖြစ်ပြီး UV-C အများစုဟာ Ozone လွှာရဲ့ စုပ်ယူခြင်းကို ခံရပြီး ကမ္ဘာမြေပေါ် ကျရောက်မှု အနည်းဆုံးလဲ…
လူတော်တော်များများက “အစာစားနေချိန် စကားမပြောနဲ့” ဆိုတဲ့ စကားကို အကြိမ်ကြိမ်ကြားဖူးကြမှာပါ။ ဒါကို အများစုက ရှိသင့်ရှိထိုက်တဲ့ Manner (အမူအကျင့်) တစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ တကယ်လက်ကိုင်ကျင့်သုံးသင့်ရဲ့လား။ ဘာကြောင့်လဲ။ ကျွန်တော်တို့ အစာစား၊ ရေသောက်တဲ့ အချိန်တွေမှာဆိုရင် Epiglottis (အသံအိုးဖုံး) က Trachea/ Windpipe (လေပြွန်) ထဲကို အစာနဲ့ ရေမဝင်သွားဖို့ရန် ပိတ်ထားလေ့ရှိပါတယ်။ သို့ပေမဲ့လဲ စကားပြောတဲ့ အချိန်တွေမှာတော့ အဆုတ်က တစ်ဆင့် Windpipe ကို ဖြတ်ပြီး လေတွေထွက်လာမှာ ဖြစ်တာကြောင့် Epiglottis ဟာပွင့်နေမှာ ဖြစ်ပါတယ်။ အဲ့တာကြောင့် အစာစားနေချိန် စကားပြောတဲ့အခါမှာ အစာနဲ့ ရေဟာ Windpipe (လေပြွန်) ထဲကို ဝင်ရောက်သွားကာ လေလမ်းကြောင်းပိတ်ဆို့ပြီး Choking/ဆို့နင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာစားနေချိန် စကားပြောတာကို အတတ်နိုင်ဆုံးရှောင်ကြဉ်တာဟာ ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးပေးနိုင်တဲ့အပြင် အမူအကျင့်ကောင်းတစ်ခုအနေနဲ့ပါ သတ်မှတ်ခြင်းခံထားရတာဖြစ်တဲ့အတွက် ကျင့်သုံးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာ။ References – BYJU’s – Why We Are Advised Not To Talk While Eating Food – Why One Should Not Talk While Eating? Written by – Zay Bhone Hlyan Edited by – Fact Hub Editor Team ©️…
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာစွာ လည်ပတ်နေဖို့အတွက် တည်ငြိမ်ပြီး သင့်တော်တဲ့ ကိုယ်တွင်းအပူချိန်ရှိဖို့ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အတွက် ခန္ဓာကိုယ်အပူချိန်ဟာ 36.5 ဒီဂရီဆဲလဲစီးယပ်စ်မှ 37.2 ဒီဂရီဆဲလ်စီးယပ်စ်ကြားရှိဖို့ လိုအပ်ပါတယ်။ဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်အပူချိန်ကြောင့် ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် ပိုတက်လာခဲ့ရင် (သို့) ရုတ်ချည်းကျသွားခဲ့ရင် အခန့်မသင့်ပါက အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။ အဲ့တာကြောင့်ပဲ လူတွေဟာ အပူဒဏ် ဒါမှမဟုတ် အအေးဒဏ် ရင်ဆိုင်ရမယ်ဆို ဘယ်တစ်ခုကဘယ်လိုအခြေအနေမှာ ပိုအန္တရာယ်များနိုင်မလဲဆိုတာကို မေးလေ့ရှိကြပါတယ်။ ဆိုတော့ ဘယ်အခြေအနေမှာ ရှင်သန်နိုင်ခြေ ပိုများမလဲပေါ့။ Heat (အပူဒဏ်) နဲ့ Cold (အအေးဒဏ်) ဟာ အန္တရာယ်ကိုယ်စီ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်အပူချိန်က အတိုင်းအတာတစ်ခုထက် လျော့ကျနေတဲ့အခါမှာ Hypothermia လို့ ခေါ်တဲ့ “ကိုယ်အပူချိန်ကျဆင်းခြင်း” ဟာ အန္တရာယ်ပိုပေးနိုင်တာကြောင့် Cold (အအေးဒဏ်) ဟာ ပိုပြီး အန္တရာယ်ရှိပါတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ Hypothermia (ဟိုက်ပိုသားမီးယား) ဆိုတာဟာ ပတ်ဝန်းကျင် အပူချိန် လျော့နည်းမှုကြောင့် ကိုယ်အပူချိန် ကျလာခြင်းဖြစ်ပြီး ဆန့်ကျင်ဘက်အနေနဲ့ Hyperthermia (ဟိုက်ပါသားမီးယား) ကတော့ ကိုယ်အပူချိန် မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုလုံးက လူတွေကို အန္တရာယ်ပေးနိုင်ပြီး အချိန်မီသေချာမကုသလိုက်ရင် အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။ ဒါပေမဲ့ Hypothermia ဟာ အပူချိန် -30 ° Celcius အောက်ကျလာတာနဲ့ 10 မိနစ် အတွင်းမှာ ဖြစ်လာနိုင်ပြီး တစ်နာရီအတွင်းမှာပဲ လူတစ်ယောက်ကို သေစေနိုင်ပါတယ်။ တစ်ဖက်မှာတော့ Hyperthermia ကြောင့်…
လက်တင်အမေရိက နိုင်ငံတွေကြား UFO တွေနဲ့ ပတ်သက်လို့ ပထမဆုံး ပြုလုပ်တဲ့ ကွန်ဂရက် ကြားနာပွဲမှာ လူသားမဟုတ်တဲ့ အခြား မျိုးစိတ် .. တစ်နည်း ဂြိုဟ်သားလို့ အဆိုပြုထားတဲ့ ရုပ်အလောင်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီကြားနာပွဲမှာ မက္ကစီကန်လူမျိုး သတင်းထောက်နဲ့ UFO လေ့လာသူ ဟိုင်မင် မောက်ဆန် (Jaime Maussan) တို့ကနေပြီး သေတ္တာနဲ့ ထည့်ထားတဲ့ .. (သူတို့အဆိုပြုချက်အရ) ဂြိုဟ်သားအသွင်ရှိိတဲ့ ရုပ်အလောင်းနှစ်ခုကို ဥပဒေပြုရေးလူကြီးတွေဆီ ပြသခဲ့တာပါ။ မောက်ဆန်ကနေပြီး အဲ့ဒီရုပ်အလောင်းတွေဟာ ကမ္ဘာပေါ်က သက်ရှိတွေနဲ့ လုံးလုံးလျားလျားမှ သက်ဆိုင်ခြင်း မရှိဘူးလို့လဲ ဆိုပါတယ်။ သေတ္တာငယ်နှစ်ခုထဲ ထည့်ထားတဲ့ အဲ့ဒီရုပ်အလောင်းတွေမှာ တစ်ဖက်ကို လက်သုံးချောင်းစီနဲ့ လက်နှစ်ဖက် ပါကြပြီး ခပ်ရှည်ရှည်ဦးခေါင်းတွေ ပါရှိပါတယ်။ ဒီရုပ်ကြွင်းတွေကို ပီရူးက ရှေးဟောင်းသုတေသနဆိုက်တစ်ခုဖြစ်တဲ့ Nazca Lines မှာ ၂၀၁၇ ခုနှစ်က တူးဖော်ရရှိခဲ့တာပါ၊ နောက် မက္ကစီကိုက National Autonomous University ဆီကို ပေးပို့ပြီး ဒီရုပ်ကြွင်းတွေရဲ့ သက်တမ်းကို ကာဗွန်ဒိတ်လုပ်ကြည့်တဲ့အခါ နှစ် ၁၀၀၀ နီးပါး ကြာမြင့်နေတဲ့ ရုပ်ကြွင်းဖြစ်တယ်လို့လဲ သူက ဆိုပါတယ်။ အလားတူ ဖြစ်ရပ်မျိုး ၂၀၁၇ တုန်းကလဲ အဲ့ဒီ ပီရူး ရှေးဟောင်းဒေသမှာ ဖြစ်ပွားဖူးပါတယ်၊ အဲ့ဒီတုန်းက ဖြစ်စဉ်ကတော့ လူသားကလေးကို ပတ်တီးတွေနဲ့ ကျပ်စည်းထားတဲ့ ရုပ်အလောင်းဖြစ်လို့ မှားယွင်းသက်သေအနေနဲ့ သတ်မှတ်ခံရဖူးပါတယ်၊ ဒီတစ်ခေါက် ကြားနာပွဲကလဲ အဲ့ဒီ ၂၀၁၇ တုန်းက…
ကျွန်တော်တို့တွေဟာ တစ်ခါတလေ အားလပ်ချိန်လေးတွေမှာပဲဖြစ်ဖြစ်၊ ညဘက်အိပ်မပျော်တဲ့အချိန်လေးတွေမှာပဲဖြစ်ဖြစ် သိချင်တာစူးစမ်းချင်တာလေးတွေကို ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ပြီး အတွေးပေါင်းစုံနဲ့ ပြည့်နေတတ်ကြပါတယ်။ ဒီထဲမှာမှ လူအများစုကတော့ ဒီမေးခွန်းလေးတွေကို သေချာပေါက်မေးခဲ့ကြဖူးမှာပါ။ “ကမ္ဘာကြီးဘယ်တော့ပျက်မှာလဲ။” “ဘယ်လိုပျက်မှာလဲ။” “ဘာကြောင့်ပျက်မှာလဲ။” ကျွန်တော်တို့တွေငယ်စဉ်အခါက အခုလိုစူးစမ်းချင်စိတ်နဲ့ လူကြီးတွေကို မေးရင် အများစုကတော့ ဘာသာရေးရှုထောင့်နဲ့ ကြည့်ပြီး ပြန်လည်ဖြေကြားတတ်ကြပါတယ်။ ဒါပေမဲ့ သိပ္ပံရှုထောင့်ကနေ လက်တွေ့ကျကျ တစ်ဖန် ပြန်သုံးသပ်ကြည့်ရင်လဲ ဖြစ်နိုင်ခြေရှိတာလေးတွေတွေ့ရပါတယ်။ “Climate Changes, Global Warming နှင့် ၎င်းတို့၏ နောက်ဆက်တွဲသက်ရောက်မှုများ။” ဒီဖြစ်စဉ်က ရာသီဥတုနဲ့ ကမ္ဘာမြေရဲ့ မြင့်တက်လာမဲ့ အပူချိန်ကြောင့် သက်ရှိဘဝတွေအတွက် အန္တရာယ်ရှိလာခြင်းပါ။ လက်ရှိကာလမှာ လူသားမျိုးနွယ်အပါအဝင် သက်ရှိတွေအတွက် အန္တရာယ်အရှိဆုံးဆိုရင်လဲ မမှားပါဘူး။ Climate Change နဲ့ Global Warming ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိတွေလက်ရှိကာလမှာ ရင်ဆိုင်နေရတဲ့ အန္တရာယ်တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမူမမှန်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေကို ရင်ဆိုင်နေခဲ့ရတာ ရာစုနှစ်အနည်းငယ်ကြာခဲ့ပါပြီ။ ဒီရာသီဥတုဖောက်ပြန်မှုတွေမှာ အဓိကတရားခံကတော့ တခြားမဟုတ်ဘဲ ကျွန်တော်တို့လူတွေကိုယ်တိုင်ပါပဲ။ ရာသီဥတုအပြောင်းအလဲတွေဟာ ဟိုအရင်ကတည်းက ကမ္ဘာပေါ်မှာရှိခဲ့ပေမဲ့ ရာသီဥတုဖောက်ပြန်မှုတွေအပေါ်မှာ လူတွေပါဝင်သက်ရောက်မှုရှိလာတာက 19 ရာစု အစောပိုင်းလောက်မှာ စတင်သိသာလာခဲ့ပါတယ်။ ကား၊ ဆိုင်ကယ်အပါအဝင် ကျွန်တော်တို့နေ့စဉ်အသုံးပြုတဲ့ စက်ပစ္စည်းအများစုဟာ Greenhouse Gas တစ်မျိုးဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အလွန်အကျွံထုတ်လွှတ်ပါတယ်။ စက်ရုံတွေက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့တွေမှာလဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ပါဝင်နေပြန်ပါတယ်။ ကျွန်တော်အပါအဝင် လူတွေအသုံးပြုတဲ့ အီလက်ထရောနစ်ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ ကွန်ပြူတာတွေဟာလဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အမြောက်အမြားကို ထုတ်လွှတ်ပါတယ်။ ဒီဓာတ်ငွေ့က လေထုမှာ ပါဝင်မှုများပြားလာတဲ့အခါမှာ…
လက်ရှိပစ္စုပ္ပန်အချိန်မှာ မျိုးသုဉ်းနိုင်ခြေအများဆုံးတိရစ္ဆာန်တစ်ကောင်ကို ဖော်ပြပါလို့ဆိုရင် ကျွန်တော်ကတော့ Javan Rhinos အကြောင်းကိုသာ ပြောပြပါလိမ့်မယ်။ Javan Rhinos ဆိုတာ ဘာလဲ။ Javan Rhinos တွေဟာ ကြံ့မျိုးစိတ်တွေထဲမှာ အရှားပါးဆုံးမျိုးစိတ်ဝင်တွေဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် အကောင်ရေအနည်းဆုံးနဲ့ မျိုးသုဉ်းနိုင်ခြေအများဆုံးစာရင်းဝင်တိရစ္ဆာန်မျိုးစိတ်လဲ ဖြစ်ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာ ဒီကြံ့တွေကျက်စားခဲ့ပေမဲ့ ယခုအချိန်မှာတော့ အဲ့ဒီနိုင်ငံတွေမှာရှိတဲ့ Javan Rhinos တွေ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပါပြီ။ အာဖရိကမှာ နေထိုင်ကျက်စားတဲ့ ကြံမျိုးစိတ်တွေနဲ့မတူဘဲ မိုးသစ်တောတွေနဲ့ စိုစွတ်ဒေသတွေမှာသာ နေထိုင်ကြပါတယ်။ တစ်ချိန်က အရှေ့မြောက်အိန္ဒိယနဲ့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတစ်ဝှမ်းမှာ ကျက်စားခဲ့ကြပေမဲ့လဲ ယခုအချိန်မှာတော့ အင်ဒိုနီးရှားမှာသာ တွေ့ရှိနိုင်ပါတော့တယ်။ ဒီသတ္တဝါတွေဟာ ဘယ်လိုအကြောင်းတွေကြောင့်နဲ့အခုလိုမျိုးသုဉ်းမဲ့ ဘေးအန္တရာယ်ကို ရင်ဆိုင်နေကြရတာလဲ။ သစ်တောပြုန်းတီးခြင်းကြောင့် သဘာဝကျက်စားရာဒေသတွေနည်းပါးလာခြင်းနဲ့ Hemorrhagic Septicemia လို့ အမည်ရတဲ့ရောဂါတစ်မျိုးဟာ အဲ့ဒီမျိုးသုဉ်းမဲ့ ဖြစ်စဉ်ကိုအားပေးလှုံ့ဆော်ခဲ့တဲ့ အဓိကအကြောင်းတွေဖြစ်ပါတယ်။ နောက်ထပ်သက်ရောက်မှုအရှိဆုံးအရာတစ်ခုကတော့ တိရစ္ဆာန်တွေရဲ့ မျိုးသုဉ်းမှုဖြစ်စဉ်အများစုမှာ အဓိကတရားခံဖြစ်တဲ့ တရားမဝင်အမဲလိုက်ခြင်းပါပဲ။ ကြံ့တွေရဲ့ဦးချိုဟာ တိုင်းရင်းဆေးတွေဖော်စပ်ဖို့အတွက်တို့၊ မုဆိုးတွေက အဲ့ဒီချိုတွေကို ဆုတံဆိပ်တစ်ခုအဖြစ်နဲ့ သိမ်းထားချင်တဲ့ အတွက်ကြောင့်တို့၊ အဲ့ဒီလိုကိစ္စတွေအတွက်ကြောင့် တရားမဝင်အမဲလိုက်ခြင်းတွေများပြားလာပြီး 20 ရာစုကာလအတွင်းမှာဆိုရင် Javan Rhinos အကောင်အရေအတွက်ဟာ ငါးဆယ်အောက်ထိကို အတော်ကျဆင်းသွားခဲ့ရပါတယ်။ ဒါပေမဲ့ 21 ရာစုအစောပိုင်းနှစ်တွေအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကြောင့် ယခု 2023 ခုနှစ်မှာဆိုရင် အင်ဒိုနီးရှားနိုင်ငံမှာ အကောင်ရေ 70 ကျော်အထိ မြင့်တက်လာခဲ့ပါပြီ။ References – Population distribution of the…