Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ကမ္ဘာကြီးနှင့်အတူ သက်ရှိများ‌သေကြေပျက်သုဉ်းမည့် ဖြစ်စဉ်ကို သိပ္ပံရှုထောင့်မှ စဉ်းစားခြင်း
    Uncategorized

    ကမ္ဘာကြီးနှင့်အတူ သက်ရှိများ‌သေကြေပျက်သုဉ်းမည့် ဖြစ်စဉ်ကို သိပ္ပံရှုထောင့်မှ စဉ်းစားခြင်း

    Zay Bhone HlyanBy Zay Bhone HlyanAugust 16, 2023Updated:March 3, 2024No Comments3 Mins Read
    ကမ္ဘာကြီးနှင့်အတူ သက်ရှိများ‌သေကြေပျက်သုဉ်းမည့် ဖြစ်စဉ်ကို သိပ္ပံရှုထောင့်မှ စဉ်းစားခြင်း
    Share
    Facebook Email Telegram

    ကျွန်တော်တို့တွေဟာ တစ်ခါတလေ အားလပ်ချိန်လေးတွေမှာပဲဖြစ်ဖြစ်၊ ညဘက်အိပ်မပျော်တဲ့အချိန်လေးတွေမှာပဲဖြစ်ဖြစ် သိချင်တာစူးစမ်းချင်တာလေးတွေကို ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ပြီး အတွေးပေါင်းစုံနဲ့ ပြည့်နေတတ်ကြပါတယ်။

    ဒီထဲမှာမှ လူအများစုကတော့ ဒီမေးခွန်းလေးတွေကို သေချာပေါက်မေးခဲ့ကြဖူးမှာပါ။

    “ကမ္ဘာကြီးဘယ်တော့ပျက်မှာလဲ။” “ဘယ်လိုပျက်မှာလဲ။” “ဘာကြောင့်ပျက်မှာလဲ။”

    ကျွန်တော်တို့တွေငယ်စဉ်အခါက အခုလိုစူးစမ်းချင်စိတ်နဲ့ လူကြီးတွေကို မေးရင် အများစုကတော့ ဘာသာရေးရှုထောင့်နဲ့ ကြည့်ပြီး ပြန်လည်ဖြေကြားတတ်ကြပါတယ်။ ဒါပေမဲ့ သိပ္ပံရှုထောင့်ကနေ လက်တွေ့ကျကျ တစ်ဖန် ပြန်သုံးသပ်ကြည့်ရင်‌လဲ ဖြစ်နိုင်ခြေရှိတာလေးတွေတွေ့ရပါတယ်။

    “Climate Changes, Global Warming နှင့် ၎င်းတို့၏ နောက်ဆက်တွဲသက်ရောက်မှုများ။”

    ဒီဖြစ်စဉ်က ရာသီဥတုနဲ့ ကမ္ဘာမြေရဲ့ မြင့်တက်လာမဲ့ အပူချိန်ကြောင့် သက်ရှိဘဝတွေအတွက် အန္တရာယ်ရှိလာခြင်းပါ။ လက်ရှိကာလမှာ လူသားမျိုးနွယ်အပါအဝင် သက်ရှိတွေအတွက် အန္တရာယ်အရှိဆုံးဆိုရင်လဲ မမှားပါဘူး။ Climate Change နဲ့ Global Warming ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိ‌တွေလက်ရှိကာလမှာ ရင်ဆိုင်နေရတဲ့ အန္တရာယ်တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမူမမှန်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေကို ရင်ဆိုင်နေခဲ့ရတာ ရာစုနှစ်အနည်းငယ်ကြာခဲ့ပါပြီ။

    ဒီရာသီဥတုဖောက်ပြန်မှုတွေမှာ အဓိကတရားခံကတော့ တခြားမဟုတ်ဘဲ ကျွန်တော်တို့လူတွေကိုယ်တိုင်ပါပဲ။ ရာသီဥတုအပြောင်းအလဲတွေဟာ ဟိုအရင်ကတည်းက ကမ္ဘာပေါ်မှာရှိခဲ့ပေမဲ့ ရာသီဥတုဖောက်ပြန်မှုတွေအပေါ်မှာ လူတွေပါဝင်သက်ရောက်မှုရှိလာတာက 19 ရာစု အစောပိုင်းလောက်မှာ စတင်သိသာလာခဲ့ပါတယ်။ ကား၊ ဆိုင်ကယ်အပါအဝင် ကျွန်တော်တို့နေ့စဉ်အသုံးပြုတဲ့ စက်ပစ္စည်းအများစုဟာ Greenhouse Gas တစ်မျိုးဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အလွန်အကျွံထုတ်လွှတ်ပါတယ်။ စက်ရုံတွေက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့တွေမှာလဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ပါဝင်နေပြန်ပါတယ်။ ကျွန်တော်အပါအဝင် လူတွေအသုံးပြုတဲ့ အီလက်ထရောနစ်ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ ကွန်ပြူတာတွေဟာလဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အမြောက်အမြားကို ထုတ်လွှတ်ပါတယ်။ ဒီဓာတ်ငွေ့က လေထုမှာ ပါဝင်မှုများပြားလာတဲ့အခါမှာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေရုံသာမကဘဲ လူတွေရဲ့ ကျန်းမာရေးအပေါ်  ကြီးမားတဲ့သက်ရောက်မှုရှိနေပါတယ်။

    ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့လိုမျိုး Greenhouse gas တွေဟာ ကမ္ဘာမြေကြီးရဲ့ မရှိမဖြစ်ဓာတ်ငွေ့တစ်မျိုးဖြစ်ပေမဲ့ လေထုထဲမှာ အဲ့ဒီဓာတ်ငွေ့တွေ အလွန်အကျွံပါဝင်နေခြင်းက လေထုညစ်ညမ်းစေတဲ့အပြင် အဲ့ဒီဓာတ်ငွေ့တွေဟာ နေကနေ ထုတ်လွှတ်လိုက်တဲ့ အပူစွမ်းအင်ကို ကမ္ဘာ့လေထုထဲမှာ ထိန်းသိမ်းထားတာကြောင့် Greenhouse Gas တွေ များပြားလာရင် အပူစွမ်းအင်ထိန်းသိမ်းမှု ပိုရှိလာမှာဖြစ်တာကြောင့် ကမ္ဘာ့မြေရဲ့ အပူချိန်ကို တိုးမြင့်လာစေပါတယ်။ မြင့်တက်လာတဲ့ အပူချိန်ကြောင့် ကမ္ဘာ့မျက်နှာပြင်ပေါ်မှာရှိတဲ့ ရေတွေအငွေ့ပျံနှုန်းဟာ ပိုမိုများပြားလာပါတယ်။ အပူချိန်မြင့်တက်လာခြင်းကြောင့် လေထုဟာ အစိုဓာတ်ကိုလဲ ပိုမိုထိန်းသိမ်းထားနိုင်ကာ ရေခိုးရေငွေ့ကို ပိုမိုသိုလှောင်ထားနိုင်တာကြောင့် အကျိုးဆက်အနေနဲ့ အရင်ထက် မိုးပြင်းထန်စွာရွာသွန်းမှုတွေ ဖြစ်လာပါတယ်။

    လက်ရှိအချိန်မှာ သစ်ပင်တွေကို အလွန်အကျွံခုတ်လှဲတာတွေအပြင် သစ်တောပြုန်းတီးမှုတွေ များပြားလာခြင်းကြောင့် အထက်ပါ Greenhouse Gas ကို စုပ်ယူပြီး အောက်ဆီဂျင်ဓာတ်ငွေ့ကို ပြန်လည်ထုတ်ပေးမဲ့ အပင်တွေဟာလဲ နည်းသထက်ကို နည်းလာပါပြီ။

    ‌ဒါကြောင့် လာမယ့် 2100 ခုနှစ်မှာဆိုရင် Global Temperature ဟာ 2 Degree Celcius ကျော်အထိ မြင့်တက်လာနိုင်ခြေရှိနေပါတယ်။ စည်းစနစ်ကျကျထိန်းသိမ်းမှုတွေကို အချိန်မီမလုပ်ရင် ဒီလိုအခြေအနေတွေကြောင့် အချိန်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်းမြင့်တက်လာမဲ့ ကမ္ဘာ့အပူချိန်နဲ့ မူမမှန်တဲ့ရာသီဥတုတွေကြောင့် သက်ရှိတွေနေထိုင်ဖို့ မသင့်တော့တဲ့ ဂြိုဟ်တစ်ခုအဖြစ်သာ ကမ္ဘာဟာ ကျန်ရှိနေလိမ့်မယ်လို့ ဖော်ပြချက်တွေလဲရှိပါတယ်။

    “မိခင်ကြယ်ဖြစ်တဲ့ နေ Red Giant အဖြစ်သို့ ပြောင်းလဲခြင်း။”

    ကျွန်တော်တို့ရဲ့ Solar System မှာ အရေးပါအရာရောက်ဆုံးက ဒီ Solar System ရဲ့ ဗဟိုချက်ဖြစ်တဲ့ နေပါပဲ။ နေက‌နေ ထုတ်လွတ်တဲ့ အပူနဲ့အလင်းကြောင့် ကမ္ဘာမြေပေါ်က သက်ရှိတွေ ရှင်သန်နိုင်တဲ့အပြင် ဂြိုဟ်တွေဟာ ဦးတည်ချက်ကိုယ်စီနဲ့ လှည်ပတ်နေနိုင်တာဟာလဲ နေရဲ့ဆွဲအားကြောင့် ဖြစ်ပါတယ်။

    ကျွန်တော်တို့ကို အကျိုးပြုနေတဲ့ ဒီနေဟာ ကမ္ဘာကို ဘယ်လိုကြောင့် ပျက်သုဉ်းစေနိုင်တာလဲ။

    သက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေအရ နောက်လာမဲ့ နှစ်ပေါင်းလေးကနေ ငါးဘီလီယံဝန်းကျင်မှာ နေရဲ့ အူတိုင် မှာ လက်ရှိအဓိကလောင်စာဖြစ်တဲ့ Hydrogen ဟာ ကုန်ဆုံးသွားမှာပါ။ ဒါကြောင့် နေဟာ‌ Hydrogen အစား သူ့ထက် ပိုပြီး လေးတဲ့ ဒြပ်စင်တစ်ခုဖြစ်တဲ့ Helium ကိုလောင်စာအဖြစ်နဲ့ အသုံးပြုပါတော့တယ်။ နေရဲ့ Core ထဲမှာ Helium fusion တွေ ဖြစ်တဲ့အခါထွက်ပေါ်လာတဲ့ Radiation Pressure ကြောင့် နေရဲ့ အပြင်ဘက်အလွှာဟာ ပုံမှန်ထက်ပိုပြီး အဝေးကို တွန်းထုတ်ခြင်းကို ခံရပါတယ်။ ပုံမှန်အခြေအနေက ပေါ့ပါးတဲ့ ဟိုက်ဒြိုဂျင်ကနေ နည်းနည်းပိုလေးတဲ့ ဒြပ်စင်ဖြစ်တဲ့ ဟီလီယမ်ကို fusion ဖြစ်တာပါ။ ဒါပေမဲ့ မူလလောင်စာရင်းမြစ်ဖြစ်တဲ့ ဟိုက်ဒြိုဂျင်လည်းမကျန်၊ အပူချိန်ကလည်း မြင့်သထက်မြင့်လာတဲ့အခြေအနေမှာ ဟီလီယမ်တွေဟာ ကာဘွန်တွေ၊ အောက်စီဂျင်တွေနဲ့ တခြား ပိုမိုလေးလံတဲ့ ဒြပ်စင်တွေအဖြစ်ကို ဆက်လက် fuse ဖြစ်လာပါတယ်။ ဟီလီယမ်ဒြပ်စင်တွေကို fuse ဖြစ်ပြီး လောင်ကျွမ်းရတဲ့အခြေအနေကို ရောက်လာတဲ့အချိန်မှာ ပိုမိုများပြားတဲ့ စွမ်းအင်ပမာဏထွက်လာပြီး ကြယ်တွေရဲ့ အပြင်လွှာတွေကလည်း အပြင်ဘက်ကို အရှိန်အဟုန်နဲ့ ပြန့်ကားထွက်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဖြစ်တဲ့အခါမှာ နေဟာ ပုံမှန်လက်ရှိအရွယ်အစားထက် အရွယ်အစားပိုကြီးမားလာပြီး ဧရာမကြယ်နီကြီး (Red Giant) အဆင့်ကို ရောက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကျရင် နေရဲ့အရွယ်အစားဟာ အခုလက်ရှိထက် အဆအများကြီး ဖောင်းပွထွက်လာပြီးတော့ အနီးနားက ဂြိုဟ်တွေဖြစ်တဲ့ မာကျူရီ၊ ဗီးနပ်စ်နဲ့ မားစ်အပြင် ကမ္ဘာဂြိုဟ်ကိုပါ ဝါးမြိုသွားမှာပါ။

    နေရဲ့ အရွယ်အစားကြီးမားလာပြီး ကမ္ဘာဟာ နေနဲ့ တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ နေက‌နေ ထုတ်လွှတ်တဲ့ မြင့်မားတဲ့ အပူစွမ်းအင်ကြောင့် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာတွေ အငွေ့ပျံပြီး ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံး အပူချိန်အလွန်မြင့်တက်လာမှာ ဖြစ်တာကြောင့် သက်ရှိတွေ ဆက်လက်ရှင်သန်နိုင်ကြတော့မှာ မဟုတ်ပါဘူး။ အဲ့တာကြောင့် ကမ္ဘာဟာ နေရဲ့ ဝါးမြိုမှုကို မခံရသေးတဲ့ အချိန်မှာပဲ နေကနေ ထုတ်လွှတ်တဲ့ ပြင်းထန်တဲ့ အပူစွမ်းအင်ကြောင့် သက်ရှိတွေ အကုန်ပျောက်ကွယ်သေဆုံးပြီး အလွန်ပူပြင်းတဲ့ ဂြိုဟ်တစ်လုံးအဖြစ်သာ ကျန်ရှိနေတော့မှာပါ။ ကျွန်တော်တို့ လူသားမျိုးနွယ်တွေအနေနဲ့  အဲ့ဒီအချိန်မတိုင်ခင်ကာလမှာ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ကို စွန့်ခွာပြိီး အခြားနေအဖွဲ့အစည်းတစ်ခုခုမှာ အခြေချနေထိုင်တာမျိုး၊ လူသားမျိုးနွယ် ဆက်လက်တည်ရှိဖို့အတွက် တခြား habitable zone တစ်ခုခုမှာ အခြေချနေထိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

    “ဘလက်ခ်ဟိုးတွေကြောင့်ရော ကမ္ဘာကြီး ပျက်စီးနိုင်ခြေရှိလား။”

    Gaia BH1 လို့ အမည်ရတဲ့ ဘလက်ခ်ဟိုးဟာ ကမ္ဘာနဲ့ အကွာအ‌ဝေးအနီးစပ်ဆုံး ဘလက်ခ်ဟိုးတစ်ခုဖြစ်ပါတယ်။ Stellar Blackhole ဖြစ်ပြ နေထက် ဆယ်ဆဝန်းကျင်ကြီးမားပါတယ်။ ဘလက်ခ်ဟိုးတစ်ခုဖြစ်တဲ့အလျောက် ဆွဲအားအလွန်ပြင်းပြီး အလင်းတောင်မကျန် အနီးက အရာတွေကို ဆွဲယူတာကြောင့် အကယ်၍ အဲ့ဒီဘလက်ခ်ဟိုးရဲ့ သက်ရောက်မှုကသာ ကျွန်တော်တို့ကမ္ဘာရဲ့ အနီးကို ရောက်လာရင် Solar System တစ်ခုလုံး ကမောက်ကမဖြစ်နိုင်ပါတယ်။ သို့သော်လဲ ကံကောင်းစွာနဲ့ ဒီအနီးဆုံးဖြစ်တဲ့ ဘလက်ခ်ဟိုးဟာ ကမ္ဘာမြေက‌နေ အလင်းနှစ် 1600 ခန့်ဝေးကွာတာကြောင့် လက်ရှိအချိန်အထိ အဲ့ဒီဘလက်ခ်ဟိုးအန္တရာယ်ကို စိုးရိမ်ဖို့မလိုသေးပါဘူး။

    အာကာသထဲက ဂြိုလ်သိမ်၊ ဂြိုလ်မွှား‌တွေဟာလဲ ယခုအချိန်အထိ ကမ္ဘာကို တိုက်နိုင်ခြေမရှိသေးတာကြောင့် ကမ္ဘာကြီးနဲ့ သက်ရှိတွေကို အန္တရာယ်ပေးနိုင်တာဟာ Climate Change နဲ့ Global Warming ဖြစ်နေပြီး အခုပစ္စုပ္ပန်မှာတော့ ဒါတွေကို အပင်စိုက်ခြင်း၊ Greenhouse Gas တွေ အလွန်အကျွံထုတ်လွှတ်မှုရှိတဲ့ စက်ပစ္စည်းတွေ လျှော့သုံခြင်းတို့နဲ့ အခြေအနေတွေ ပိုပြီးမဆိုးအောင် တားဆီးနိုင်ပါသေးတယ်။

    References – Global temperature, and consequences

    – A warming earth is also a wetter earth

    – Red giant stars: Facts, definitions & the future of the sun

    – Astronomers discover closet known black hole to Earth, Gala BH1

    ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတစ်ဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

    Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

    Telegram – t.me/facthub_mm

    www.facthub-mm.org မှာလဲ ဝင်ဖတ်နိုင်ပါတယ်။

    Written by – Zay Bhone Hlyan

    Edited by – Fact Hub Editor Team

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Science #Article #General_Science #Climate_Changes #Global_Warming #The_End_of_Humanity_and_the_End_of_the_Earth

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleလူသားတွေက မိမိဦးနှောက်ရဲ့ ၁၀% ကိုပဲ အသုံးပြုနိုင်တယ်ဆိုတဲ့ အကြောင်းအရာဟာ အချက်အလက်မှားတစ်ခုဖြစ်ပါတယ်
    Next Article ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။
    Zay Bhone Hlyan

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.