Archives
Month: July 2023
နေ့အချိန် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ယံတစ်ခွင်လုံး အပြာရောင်လွှမ်းနေတာကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အဲ့ဒီကောင်းကင်ကြီး ဘာလို့ပြာနေရတာလဲဆိုတာကိုတော့ သိကြတဲ့သူ ခပ်နည်းနည်းပါ။ ကောင်းကင်ကြီး ပြာနေရတဲ့ အကြောင်းပြချက်ကို တချို့က ကမ္ဘာဂြိုဟ်ရဲ့ မျက်နှာပြင်အများစုက ရေတွေနဲ့ ဖုံးလွှမ်းထားလို့ အဲ့ဒီရေပြာတွေက…
ဒီတစ်ခေါက်တော့ စိတ်ရောဂါတွေအကြောင်းထက် ကျွန်တော်တို့ရဲ့ စိတ်ကို ကာလာအရောင်တွေက ဘာတွေ သက်ရောက်မှုရှိလဲဆိုတဲ့ အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ ကျွန်တော်တို့ လူသားတွေရဲ့ တွေးခေါ်နိုင်စွမ်း၊ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သက်ရှိသတ္တဝါတွေအကုန်လုံးထက် သာလွန်ကောင်းမွန်ပါတယ်။ တစ်ဆက်တည်းမှာ ဒီလောက်စွမ်းအားကြီးမားတဲ့ အရာတစ်ခုကို လူတွေပိုင်ဆိုင်ထားရပေမယ့်…
Water Memory လို့ခေါ်တဲ့ ရေမှာ မှတ်ဉာဏ်ရှိတယ်ဆိုတဲ့ ယုံတမ်းသိပ္ပံတုသီအိုရီတစ်ခုကို တော်တော်များများ သိကြပါတယ်။ အဲ့ဒီသီအိုရီရဲ့ အဆိုပြုချက်က ရေရဲ့မော်လီကျူးတွေဟာ ဖြတ်သန်းလာရတဲ့ ပုံရိပ်တွေကို မှတ်မိနိုင်စွမ်းရှိတယ်ဆိုတာပါ။ မြန်မာနိုင်ငံထဲမှာလည်း ဒီရက်ပိုင်းအတွင်း အဲ့ဒီရေမှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ တစ်ကျော့ပြန်ခေတ်စားလာလို့…
အချက်အလက်မှား သတိပြုရန် မကြာသေးခင်အချိန်က လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ အမေရိကန်ဥပဒေပြုလွှတ်တော် ကွန်ဂရက်ညီလာခံမှာ အမျိုးအမည်မသိ ပျံသန်းယာဉ် ; UFO တွေနဲ့ ကမ္ဘာဂြိုဟ်ပြင်ပသက်ရှိ ; ဂြိုဟ်သားတွေ တည်ရှိကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ပိုစ့်တစ်ခု အမည်မဖော်လိုတဲ့…
နယူတန်ရဲ့နာမည်ကျော် တတိယနိယာမအရ သက်ရောက်မှုတိုင်းမှာ ပမာဏတူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်၊ ဘောလုံးတစ်လုံးကို ခြေထောက်နဲ့ကန်လိုက်တဲ့အခါမှာ ဘောလုံးကလည်း ခြေထောက်ကို တူညီတဲ့အားနဲ့ ပြန်ကန်တယ်၊။ တစ်နည်း ဘောလုံးအပေါ်ကို အားသက်ရောက်တဲ့အခါမှာ ဘောလုံးကလည်း တူညီတဲ့အားကို ပြန်သက်ရောက်စေတယ်ပေါ့။ ဘောလုံးအပေါ်ကိုသက်ရောက်တဲ့အားက ဘောလုံးကိုရွေ့သွားစေသလို ဘောလုံးကပြန်သက်ရောက်တဲ့အားကလည်း…
နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၂၃ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းက သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ၊ သဘာ၀တရားကြီးကိုချစ်မြတ်နိုးကြတဲ့သူတွေ စုပေါင်းပြီးတော့ ကမ္ဘာ့ဝေလငါးနဲ့ လင်းပိုင်နေ့ကို ကျင်းပလေ့ရှိကြပါတယ်။ ဒီနေ့မှာဆိုရင် ရေနေသတ္တဝါတွေ အကြောင်းအသိပညာပေးခြင်းတွေနဲ့အတူ သမုဒ္ဒရာကြီးကျန်းမာစေဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ရာအတွက် အသိပညာပေးတဲ့လုပ်ငန်းတွေလည်း လုပ်ဆောင်ကြပါတယ်။ ဒါတွေအပြင်ကိုမှ…
ဗာတီကန်နိုင်ငံမှာ ဘယ်သူမှ မွေးကတည်းက နိုင်ငံသားဖြစ်ခွင့်မရှိပါဘူး။ ကိုယ့်ရဲ့ စွမ်းရည်တစ်ခုခုနဲ့ အလုပ်ခန့်အပ်ခြင်းခံရမှပဲ နိုင်ငံသားဖြစ်တာပါ။
Holy See ဆိုပြီးတော့ လူသိများကြတဲ့ ဗာတီကန်နိုင်ငံဟာ က အီတလီနိုင်ငံတွင်း ရောမမြို့မှာ တည်ရှိနေတဲ့ လွတ်လပ်တဲ့ မြို့ပြနိုင်ငံတစ်ခုဖြစ်ပါတယ်။ အီတလီဘာသာစကားကို ပြောဆိုကြပြီး ငွေကြေးအနေနဲ့ ယူရို € ကိုသုံးစွဲကြပါတယ်။ ကမ္ဘာပေါ်မှာ ဧရိယာအသေးဆုံးနိုင်ငံ ဖြစ်တဲ့အပြင်…
– လကမ္ဘာပေါ်သို့ ခြေချခြင်း (၅၄) နှစ်ပြည့် လူသားတွေဟာ ဘာဆိုဘာမှ မဟုတ်တဲ့ ဆဲလ်တစ်လုံးသက်ရှိလေးအဖြစ်ကနေ ကမ္ဘာပေါ်က ဉာဏ်ရည်အမြင့်ဆုံး သက်ရှိအဖြစ်ကို ဆင့်ကဲပြောင်းလဲလာခဲ့ကြတယ်။ ကျွန်တော်တို့လူသားတွေက ဘက်တီးရီးယားတွေ၊ ငါးတွေ၊ မျောက်တွေနဲ့ အမျိုးတော်ခဲ့ကြဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်သန်းလောက်တုန်းကစပြီး…
ပါလ်ဆာဖျူရှင်အမည်ရ ယူကေအခြေစိုက် အာကာသကုမ္ပဏီဟာ နျူကလီးယား ဖျူရှင် (fusion) စနစ်ကိုအသုံးပြုထားတဲ့ ဒုံးပျံအင်ဂျင်တစ်ခု တည်ဆောက်နေပြီး အဲ့ဒီအင်ဂျင်ဟာ နေရဲ့အပူချိန်ထက် ကျော်လွန်ခံနိုင်ရည်ရှိမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး ဖျူရှင်စွမ်းအင်သုံး ဒုံးပျံအင်ဂျင်ဖြစ်လာနိုင်ပြီး အဲ့ဒီအင်ဂျင်သုံး ဒုံးပျံဟာ တစ်နာရီကို မိုင်ငါးသိန်းကျော်တဲ့…
အမေရိကန်နိုင်ငံ အိုဟိုင်းရိုးတက္ကသိုလ်က မြန်မာလူမျိုး ရူပဗေဒပညာရှင် ပါမောက္ခ ဒေါက်တာစောဝေလှဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ ကမ္ဘာ့ပထမဆုံးအနေနဲ့ အက်တမ်တစ်လုံးချင်းစီကို X Ray ရိုက်ကူးနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်အဖွဲ့မှာ အိုဟိုင်းရိုးတက္ကသိုလ်၊ အီလီနွိုင်း-ချီကာဂို တက္ကသိုလ်နဲ့ အာဂွန်းန်အမျိုးသားဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေပါဝင်ပြီး ဒေါက်တာစောလှဝေနဲ့ Post-doc…
လေအိတ်တွေ၊ ပျော့ပျော့အိအိတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ။ သေနိုင်လောက်တဲ့ကားအက်ဆီးဒင့်တွေမှာ လေအိတ်ကြောင့် ဘာကြောင့်ထိခိုက်မှုလျော့ကျသွားတာလဲ၊ ကလေးတွေအနေနဲ့ ပျော့ပျော့အိအိပေါ်ကို အမြင့်တစ်နေရာရာကနေ ခုန်ချဆော့ကစားတာတောင် ဘာကြောင့်ထိခိုက်ဒဏ်ရာမရတာလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ Impulse-Momentum Theorem မှာရှိပါလိမ့်မယ်။ ပထမပိုင်းကို ဒီက ဖတ်ပါ –>…
သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်းမိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလိုဘဲ ကိုယ်တိုင် မျိုးပွားနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်း မိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလို၊ အထီးရဲ့ သုက်ပိုးမလိုဘဲ တစ်ကောင်တည်း မျိုးပွားနိုင်တယ်လို့ National Geographic ရဲ့…
မြန်မာ့မျိုးရင်း မျောက်မျိုးစိတ်ဖြစ်တဲ့ ပုပ္ပါးမျောက်မြီးရှည် ခေါ် လန်ဂါမျက်ကွင်းဖြူမျောက်တွေ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေ
မြန်မာ့မျိုးရင်း မျောက်မျိုးစိတ်ဖြစ်တဲ့ ပုပ္ပါးမျောက်မြီးရှည် ခေါ် လန်ဂါမျက်ကွင်းဖြူမျောက်တွေ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရ ဓာတ်ပုံ – တိုးနိုင်ထွန်း ပုပ္ပါးလန်ဂါ (ခေါ်) ပုပ္ပါးမျောက်မြီးရှည်မျိုးစိတ်တွေဟာ မြန်မာနိုင်ငံမှာပဲရှိတဲ့ မြန်မာ့မျိုးရင်းမျောက်မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီမျောက်မျိုးစိတ်ကို ၂၀၂၀…