Archives
Author: Julian Htet Aung
စိတ်ကူးယဉ်တယ်ဆိုတာ တကယ်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ စကားပြောတတ်စအရွယ်ကနေ အခုအချိန်ထိ စိတ်ကူးယဉ်ခဲ့ကြ၊ စိတ်ကူးယဉ်နေကြတာပါပဲ။ ကျွန်တော့်အနေနဲ့ “ငါဟာ အနာဂါတ်မှာ ရူပဗေဒပညာရှင်တစ်ယောက် ဖြစ်လာမယ်” လို့ အမြဲတမ်း စိတ်ကူးယဉ်တယ်။ ကျွန်တော့်အမေက “ငါ့သားသမီးတွေရဲ့ ဘဝတွေဟာ အနာဂါတ်မှာ ကောင်းစားပါလိမ့်မယ်” လို့ စိတ်ကူးယဥ်တယ်။ ကျွန်တော့်ရဲ့ ချစ်သူကလဲ “ကိုဂျူနဲ့ ငါနဲ့ဟာ သာယာပျော်ရွှင်တဲ့ မိသားစုတစ်ခုကို အတူတကွ တည်ဆောက်နိုင်လိမ့်မယ်” လို့ စိတ်ကူးယဉ်မယ် (မရှိသေးပေမဲ့ပေါ့)။ပြောရမယ်ဆိုရင် လူတစ်ဦးချင်းစီအလိုက် စိတ်ကူးယဉ်မှုမှာ အကြောင်းအရာနဲ့ ပမာဏသာ ပြောင်းလဲသွားလိမ့်မယ်။ သေချာတာတော့ ပိုက်ဆံမကုန်တဲ့အပြင် လုပ်အားကြီးကြီးမားမား စိုက်ထုတ်စရာ မလိုအပ်တဲ့ ဒီအလုပ်ကို လူတိုင်းက လိုလိုလားလား လုပ်ဆောင်ကြတာပါပဲ။အဲ့ဒီလိုမျိုး လူတစ်ဦးချင်းစီအလိုက် စိတ်ကူးယဉ်မှုပေါင်းများစွာ ရှိနေကြပေမဲ့ တစ်ချို့တွေမှာတော့ တူညီတဲ့ ဘုံစိတ်ကူးယဉ်မှုတွေ ရှိနေကြတယ်။ ဒီလိုဘုံစိတ်ကူးယဉ်မှုကတော့ အပေါ်က ပြောခဲ့တဲ့ တစ်ဦးချင်း စိတ်ကူးယဉ်မှုနဲ့ အရမ်းကွာခြားသလို သူ့ရဲ့ လွှမ်းမိုးမှုကလဲ လူ့အဖွဲ့အစည်း တစ်ခုလုံးအပေါ်ကို သက်ရောက်နေတယ်။အခုလက်ရှိ တော်လှန်ရေးဆင်နွှဲနေတဲ့ ပြည့်သူကာကွယ်ရေး တပ်သားတွေ (ပီဒီအက်ဖ်) ဟာ “ငါတို့အားလုံးက တိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အတူတကွ တည်ထောင်နိုင်လိမ့်မယ်” လို့ ဆိုကြတယ်။ အမေရိကန်နိုင်ငံသားတွေက “လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေဟာ ကမ္ဘာကြီးအတွက် အရေးကြီးတယ်” လို့ ယူဆကြတယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ “ငါတို့ဟာ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တိုင်းကို လိုက်နာခဲ့ကြတဲ့အတွက် ငါတို့ သေဆုံးရင် ကောင်းကင်နိုင်ငံတော်မှာ တည်ရှိနေလိမ့်မယ်” လို့ ယုံကြည်ကြတယ်။ မြန်မာကျောင်းသား/သူတွေဟာလဲ “ဒါတို့ပြည်၊…
ဘာသာရေးနှင့် သိပ္ပံ – အပိုင်း (၂) – အယ်ဒီတာ့အာဘော် ――――――― လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်က ဟိမဝန္တာတောင်ခြေက မထင်မရှားနိုင်ငံငယ်လေးတစ်ခုရဲ့ တော်ဝင်မင်းသားတစ်ပါးဟာ “ငါဟာ လောကကိုအကုန်အစင်သိမြင်နားလည်ခဲ့ပြီ၊ ဒါ့အပြင် လောကကနေ လွတ်မြောက်ရာလမ်းကိုလဲ ရှာဖွေတွေ့ရှိခဲ့ပြီ” လို့ ကမ္ဘာကြီးကို ကြွေးကြော်ခဲ့တယ်၊ အခုအချိန်မှာတော့ အဲ့ဒီမင်းသားကို သိဒ္ဓတ္ထဂေါတမ (သို့) ဗုဒ္ဓ လို့ ကျွန်တော်တို့ သိနေကြပြီ။ သိဒ္ဓတ္ထကြွေးကြော်ခဲ့တဲ့ လောကကို အကုန်အစင်သိမြင်နားလည်တယ်နဲ့ လောကကနေ လွတ်မြောက်ရာလမ်းကို ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ အချက် ၂ ချက်ဟာ ဗုဒ္ဓဘာသာရဲ့ ဦးတည်ရာလမ်းကြောင်းကို ထင်ထင်ရှားရှား ချမှတ်ပေးထားတယ်။ ပထမအချက်၊ ဗုဒ္ဓဟာ လောက (ရုပ်လောက) ကို အကုန်အစင် သိမြင်ပြီးပြီလို့ ဆိုတဲ့အတွက် လောကအကြောင်းကို ထပ်မံ စိတ်ဝင်စားမှုမရှိတော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေအတွက် လမ်းကြောင်းချမှတ်ရာမှာ လောကဆိုင်ရာကိစ္စ (လောကီ) ကို တတ်နိုင်သလောက် ဘေးဖယ်ထားခိုင်းတယ်။ ဒုတိယအချက်၊ သူကိုယ်တိုင် လောကကနေလွတ်မြောက်ရာကို ရှာဖွေတွေ့ရှိပြီးသားဖြစ်တဲ့အတွက် လွတ်မြောက်ရေးကိုပဲ ဦးစားပေးခိုင်းတာတွေ့ရတယ်၊ ဝင်္ကပါထဲကထွက်မယ့်လမ်းကြောင်းကို သိနေပြီဆိုရင် ဝင်္ကပါထဲမှာ ဘာလို့ အချိန်ကုန်ခံ၊ အပင်ပန်းခံ ထပ်ပိတ်မိနေဦးမှာလဲ ဆိုသလိုပေါ့။ ဒီအချက် ၂ ချက်ကြောင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေဟာ လောကအကြောင်းကို စိတ်ဝင်တစား လေ့လာစရာမလိုအပ်ဘူး၊ သူတို့အနေနဲ့ လွတ်မြောက်ရာလမ်း (နိဗ္ဗာန်) ကိုရှာဖွေတွေ့ရှိဖို့သာ အရေးကြီးတယ်။ ခရစ်ယာန်ဘာသာကို အသေအချာ မလေ့လာဖူးဘူးပေမဲ့ ခရစ်ယာန်ဘာသာဝင်တွေအတွက်လဲ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရရှိရေးဟာ အရေးကြီးဆုံးဖြစ်လိမ့်မယ်လို့…
Entropy Statement of Microscopic Interpretation (အင်ထရိုပီဖွင့်ဆိုချက် / ပရမ်းပတာဖြစ်မှုဖွင့်ဆိုချက်) အရာဝတ္ထုတိုင်း/စနစ်တိုင်းဟာ သဘာဝအရ အစီအစဉ်ကျနေတဲ့ အခြေအနေကနေ အစီအစဉ်မကျတဲ့ အခြေအနေကို ဦးတည်လာရတယ်။ ရိုးရှင်းသေသပ်နေရာကနေ ပရမ်းပတာပုံစံဖြစ်လာကြတယ်။ ကြက်ဥတစ်လုံးက တဖြည်းဖြည်းနဲ့ ပုပ်သိုးလာမယ်၊ အိမ်တစ်လုံးက အချိန်နဲ့အမျှ ယိုယွင်းပျက်စီးလာမယ်၊ ကြယ်တွေကလဲ သူတို့ရဲ့ လောင်စာတွေလျော့နည်းလာပြီး အေးခဲသေဆုံးလာကြမယ်၊ စကြဝဠာကြီးကလဲ သက်ဝင်လှုပ်ရှားနေရာကနေ ငြိမ်သက်သေဆုံးသွားမယ်။ ဒါတွေအားလုံးက ပရမ်းပတာဖြစ်လာဖို့ အားသန်တဲ့၊ အစီအစဉ်မကျမှုကိုလိုလားတဲ့ လောကကြီးရဲ့ သဘာဝကို ဖော်ပြတာပဲ။ ဥပမာအနေနဲ့ – မော်လီကျူး ၂ လုံးကို ဓါတ်ငွေ့ဘူးတစ်ခုထဲမှာ ထားလိုက်မယ်ဆိုပါစို့၊ သူတို့ဟာ အဲ့ဒီဘူးထဲမှာပဲ ရွေ့နေမှာဖြစ်တဲ့အတွက် အစီအစဉ်မကျမှုနည်းပါးတယ်၊ သူတို့ရဲ့ ရွေ့လျားရာ လမ်းကြောင်းတွေ အလျင်တွေက ခန့်မှန်းရ ခက်တယ်ဆိုရင်တောင် ဘူးထဲမှာပဲရှိနေသေးတဲ့အတွက် ပရမ်းပတာသိပ်မဖြစ်သေးဘူး။ အဲ့ဒီအချိန်မှာ ဘူးကိုအပူပေးလိုက်မယ်ဆိုပါစို့၊ ဝင်လာတဲ့အပူစွမ်းအင်ကြောင့် မော်လီကျူးတွေက အရွေ့စွမ်းအင်များလာကြပြီး အလျင်တိုးလာမယ်၊ အလျင်တိုးလာတဲ့အတွက် သူတို့ရဲ့လမ်းကြောင်းကလဲ ခန့်မှန်းရတာ ပိုပြီးခက်လာလိမ့်မယ်၊ မော်လီကျူး ၂ ခု စလုံးက ဘူးထဲမှာပဲ ရှိနေတုန်းဆိုပေမဲ့ တိုးလာတဲ့အလျင်ကြောင့် ပိုပြီး ပရမ်းပတာဖြစ်လာကြတယ်။ ဒါကြောင့် ဘူးကို အပူပေးလိုက်တဲ့ သာမိုဒိုင်းနမစ်ဖြစ်စဉ်က မော်လီကျူးတွေရဲ့ အစီအစဉ်မကျမှုကို တိုးလာစေတယ်၊ သူ့ရဲ့ အခြေအနေကို ပရမ်းပတာပိုဆန်လာစေတာပေါ့၊ ဒါကို ရူပဗေဒအသုံးအနှုန်းနဲ့ဆိုရင် အင်ထရိုပီတိုးလာတယ်လို့ ပြောနိုင်တယ်။ အင်ထရိုပီဆိုတာ အစီအစဉ်မကျမှုပမာဏကို ဖော်ပြတဲ့၊ စွမ်းအင်စီးဆင်းရာလမ်းကြောင်းကို ကိုယ်စားပြုတဲ့ ရူပဗေဒအတိုင်းအတာတစ်ခုပဲ။ မြန်မာလိုဆိုရင်တော့ ”…
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုး ဝတ်ပြုကြတဲ့အခါ အများဆုံး ရွတ်ဆိုလေ့ရှိတဲ့ စကားလုံးက ”ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ဆိုတာပဲ။ ဒီစကားက ”ဗုဒ္ဓဘုရားရှင်၊ ဗုဒ္ဓဟောကြားသော ဓမ္မတရားနဲ့ ဗုဒ္ဓ၏ သားတော် ရဟန်းသံဃာတော်များကို ယုံကြည်သက်ဝင် ကိုးကွယ်ပါ၏။” လို့ အဓိပ္ပာယ်ရတယ်။ ဒါဟာ ဘာသာတရားရဲ့အခြေခံကို ဖော်ပြတာပဲ။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ကြီးမြတ်မှု၊ ဗုဒ္ဓတရားတော်တွေရဲ့ မှန်ကန်မှု၊ ဗုဒ္ဓသားတော်တွေရဲ့ သီလစင်ကြယ်မှုတို့ကို ယုံကြည်ကြတယ်။ ဒီယုံကြည်မှုကြောင့်ပဲ ဗုဒ္ဓရဲ့ ကြီးမြတ်ခြင်းလက္ခဏာတွေအပေါ်မှာ ချီးမွမ်းဂုဏ်ပြုကြတယ်။ ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုပူဇော်ခြင်းဟာ ကြီးစွာသောကုသိုလ်ရတယ်လို့ သူတို့ ယုံကြည်ကြတယ်။ နောက်ပြီး ဥပုသ်နေ့တွေမှာ သီလဆောက်တည်ကြတယ်။ သီလဆောက်တည်ခြင်းဟာ နိဗ္ဗာန်အတွက်အထောက်အပံ့လို့ သူတို့ ယုံကြည်ကြတယ်။ အဲဒီလိုပဲ ဗုဒ္ဓရဲ့ သားတော်တွေဖြစ်တဲ့ သံဃာတော်တွေအပေါ်မှာလဲ ဆွမ်း၊ ကွမ်း စတာတွေကို ဆက်ကပ်လှူဒါန်းကြတယ်။ သီလရှိသူအပေါ် ဆည်းကပ်ခြင်းဟာ မှန်သော အကျင့်ဖြစ်တယ်၊ အဲ့ဒီပုဂ္ဂိုလ်တွေဟာ လမ်းမှန်ကို ရောက်အာင် လမ်းပြပေးနိုင်တယ်လို့ သူတို့ ယုံကြည်ကြတယ်။ သေဆုံးခါနီး လူသားတစ်ယောက်ကို သံဃာတော်တွေပင့်ပြီး သရဏဂုံသုံးပါး ဆောက်တည်ခိုင်းတယ်ဆိုတာလဲ ဒီယုံကြည်မှုကြောင့်ပဲ။ ဗုဒ္ဓတရားတော်တွေအပေါ် သက်ဝင်ယုံကြည်မှုဟာ လမ်းမှန်ကို ရောက်စေတယ်။ လမ်းမှန်ကို ရောက်စေတဲ့အတွက် အပါယ်ငရဲကို မလားနိုင်တော့ဘူးလို့ ယုံကြည်ကြတယ်လေ။ ဗုဒ္ဓဘာသာဝင်တွေအပါအဝင် ကမ္ဘာပေါ်က ဘာသာဝင်အားလုံးဟာ ဒီလိုယုံကြည်မှုအပေါ်မှာ ဘယ်တော့မှ မေးခွန်းထုတ်လေ့မရှိဘူး။ ဟိန္ဒူဘာသာဝင်တွေအနေနဲ့ ဇာတ်စနစ်ဟာ လောကရဲ့အခြေခံအမှန်တရားတွေထဲက တစ်ခုလို့ သူတို့ ခံယူကြတယ်။…
(သာမိုဒိုင်းနမစ်စနစ်ဖွင့်ဆိုချက်၊ အင်ဂျင်ဖွင့်ဆိုချက် – Engine Statement၊ ကယ်လ်ဗင်ပလန့်ခ်ဖွင့်ဆိုချက် – Kelvin-Planck Statement) အပူအင်ဂျင်တွေဆိုတာ သူတို့ဆီဝင်လာတဲ့ အပူစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ သာမိုဒိုင်းနမစ်စနစ်တွေပါ။ အလုပ်လုပ်ပုံအရ အပူချိန်များရင်းမြစ် ( Hot Reservoir ) တစ်ခုကနေ အင်ဂျင်ဆီကို အပူစွမ်းအင်တွေ ပို့လွှတ်ပေးမယ်၊ အဲ့ဒီအပူတွေရဲ့ တစိတ်တပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် အင်ဂျင်ကပြောင်းလဲပေးလိုက်မယ်၊ ကျန်တဲ့အပူစွမ်းအင်တွေ အားလုံးကတော့ အပူချိန်နည်းရင်းမြစ် (Cold Reservoir) ဆီကို စီးဆင်းသွားလိမ့်မယ်။ ဒီလိုလုပ်ဆောင်ပုံက ထပ်ခါတလဲလဲဖြစ်ပေါ်ပြီး အင်ဂျင်ကို လည်ပတ်လှုပ်ရှားစေတယ်။ ရေနွေးငွေ့အင်ဂျင်တွေမှာဆိုရင် လောင်ကျွမ်းနေတဲ့ မီးတောက်တွေ၊ ရေနွေးငွေ့တွေက အပူချိန်များ ရင်းမြစ်အဖြစ် လုပ်ဆောင်ပေးကြတယ်။ အအေးခံတဲ့ရေနဲ့ ပြင်ပလေကတော့ အပူချိန်နည်းရင်းမြစ်ကို ကိုယ်စားပြုတယ်။ အဲ့တော့ အပူချိန်များ ရင်းမြစ် မီးတောက်တွေဆီက အပူစွမ်းအင်တွေဟာ ရေနွေးငွေ့အင်ဂျင်ဆီကို စီးဆင်းသွားမယ်၊ ရေနွေးငွေ့အင်ဂျင်က အဲ့ဒီအပူစွမ်းအင်ရဲ့ တစိတ်တပိုင်းကို အလုပ်ပြီးမြောက်မှု (ပစ်စတင်အတက်အကျ) အဖြစ် ပြောင်းလဲပေးမယ်၊ ကျန်တဲ့ အပူစွမ်းအင်အားလုံးကိုတော့ အပူချိန်နည်းရင်းမြစ်ဖြစ်တဲ့ အအေးခံရေတွေ၊ ပြင်ပလေတွေဆီ စီးဆင်းသွားစေမယ်၊ ဒီလိုဖြစ်ရပ်က စည်းချက်ကျကျထပ်ခါတလဲလဲဖြစ်နေပြီး အင်ဂျင်ကိုလည်ပတ်လှုပ်ရှားစေတယ်။ လူသားတွေရဲ့ခန္ဓာကိုယ်မှာဆိုရင် ဆဲလ်တွေရဲ့ အတွင်းထဲက မိုက်တိုခွန်ဒရီးယား (Mitochondria) က ဂလူးကို့စ် (Glucose) ကို ဖြိုခွဲပြီး အပူစွမ်းအင်ကို ထုတ်ပေးတယ်၊ အဲ့တော့ မိုက်တိုခွန်ဒရီးယား (ဒါမှမဟုတ်) ဂလူးကို့စ်ဟာ အပူချိန်များရင်းမြစ်ဖြစ်တယ်လို့ ယူဆလို့ရတယ်၊ သူတို့ဆီကလာတဲ့ အပူစွမ်းအင်တွေက ကြွက်သား တစ်သျှူးတွေဆီကို စီးဆင်းသွားမယ်၊ ကြွက်သားတွေက ရွေ့လျားလှုပ်ရှားကြရင်း…
သဘာဝကြောင့် ဖြစ်တည်လာတာမဟုတ်ဘဲ လူတွေ တီထွင်ထားတဲ့ Artificial Element တွေကို Period Table တွေမှာ 1940 ခုနှစ်ကတည်းက ထည့်သွင်းပြီး အသုံးပြုနေခဲ့ကြတာပါ။ ဒါပေမဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတိုင်းကိုတော့ လက်ခံတာမဟုတ်ပါဘူး။ လိုက်နာရမဲ့ စံသတ်မှတ်ချက်တွေလဲ ရှိနေပါသေးတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ Periodic Table (ဒြပ်စဉ်အလှည့်ကျဇယား) ထဲ ဒြပ်စင်အသစ်တွေ ထပ်ထည့်လို့ ရနိုင်လား၊ ဒြပ်စင်အသစ်တွေ ထည့်ဖို့ ဘယ်လို အဆင့်တွေ သတ်မှတ်ချက်တွေနဲ့ ညီမှ ရတာလဲ။ ဒီအကြောင်းတွေကို ဆွေးနွေးကြည့်ကြပါ့မယ်။ Modern Period Table ဟာဆိုရင်တော့ ဓာတုဗေဒနယ်ပယ်ထဲမှာ အစပျိုးလုပ်ဆောင်နေဆဲ တီထွင်မှုတွေထဲက တစ်ခုလဲ ဖြစ်ပါတယ်။ သမားရိုးကျတီထွင်မှုမဟုတ်တဲ့အပြင် လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ခုခုကနေ တီထွင်လိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာပစ္စည်းလဲ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင်တော့ ဒီလိုထုတ်ဖို့အတွက် သိပ္ပံပညာရှင်ပေါင်းများစွာရဲ့ ပူးပေါင်းကူညီလုပ်ဆောင်ချက်တွေနဲ့ နှစ်ပေါင်း ၁၃၀ ကျော်ကြာတဲ့အထိ ရလဒ်တစ်ခုရအောင် ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစားမှုကြောင့် ၁၉၁၃ ခုနှစ်မှာ Henry Moseley ရဲ့ ခေတ်သစ် Period Table ဆိုပြီး လှပတဲ့ အဆုံးသတ်တစ်ခု ရလဒ်တစ်ခု ရရှိခဲ့ပါတယ်။ Period Table မှာရှိတဲ့ ဒြပ်စင်တွေဟာ သူတို့တွေရဲ့ ဒြပ်သဘောအပြုအမူတွေ အပေါ် မူတည်ပြီး သေသေချာချာ စနစ်တကျ စီစဉ်ထားတာကြောင့် Atomic sizes, Electronegativity, Ionisation enthalpy စတဲ့ ဂုဏ်သတ္တိတွေကို ဇယားကြည့်ရုံနဲ့ လွယ်လင့်တကူ သိရှိလေ့လာနိုင်ပါတယ်။ ―――――――…
ဒြပ် (Matter) ဟာ ရူပဗေဒ၊ ဓာတုဗေဒနဲ့ တခြားသိပ္ပံနယ်ပယ်တွေမှာ အခြေခံကျတဲ့အရာတစ်ခုဖြစ်ပါတယ်။ Matterတွေကို သေးငယ်တဲ့အမှုန် (tiny particle) တွေနဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒီ ပါတစ်ကယ်တွေဟာ အက်တမ် (atom)လည်းဖြစ်နိုင်သလို၊ မော်လီကျူး (molecule) တွေလည်း ဖြစ်နိုင်ပါတယ်။ အမျိုးအစားတူညီတဲ့ အက်တမ်တွေ စုပေါင်းထားတာကို ဒြပ်စင်(element) လို့ခေါ်ပြီး အမျိုးအစားမတူညီတဲ့ အက်တမ်တွေ စုပေါင်းထားတာကိုတော့ ဒြပ်ပေါင်း (compound) လို့ခေါ်ပါတယ်။ အဲ့ဒီ element နဲ့ compound တွေဟာလည်း matter တွေဖြစ်ပါတယ်။ Matterတွေရဲ့ ဖြစ်တည်မှုအစဟာ အက်တမ်တွေပါပဲ။ အက်တမ်အကြောင်းသီးသန့်ဆောင်းပါးကို ကောမန့်က ကြည့်ပါ။ Matter တွေဟာ အခြေခံကျတဲ့ အက်တမ်တွေနဲ့ စုပေါင်းထားတဲ့အတွက်ကြောင့် သူတို့မှာ ဒြပ်ထု (mass) ဆိုတာလဲ ရှိနေပါတယ်။ Mass ဆိုတာ အရာဝတ္ထု တစ်ခုအတွင်းမှာရှိတဲ့ .. အရာဝတ္ထုတစ်ခုကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ matterပမာဏလို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ ဒါကြောင့် mass ရှိနေတဲ့ဝတ္ထုတွေကို matter တွေလို့ သတ်မှတ်နိုင်ပါတယ်။ Matter တွေဟာ နေရာယူနိုင်တဲ့ ဂုဏ်သတ္တိလည်းရှိကြပါတယ်။ ဥပမာ – ရေသန့်ဘူးအလွတ်ထဲကို ရေတွေ ဖြည့်လိုက်မယ်ဆိုရင် ရေတွေက ရေသန့်ဘူးထဲမှာပဲ နေရာယူပစ်သွားမှာဖြစ်တာကြောင့် ရေဟာလည်း matter တစ်ခုပါပဲ။ ကိုယ့်ပတ်ဝန်းကျင် အနီးနားမှာရှိတဲ့ အရာဝတ္ထုတွေ၊ ရေသန့်ဗူး၊ ထမင်းစေ့၊ ရေနွေးငွေ့၊ ရေခဲရေ၊ သဲမှုန်လေးတွေ စတာတွေဟာ မတူညီတဲ့ ပုံစံအခြေအနေ အမျိုးမျိုးနဲ့ရှိနေကြပေမဲ့ သူတို့တွေဟာလည်း matter…
သင်္ချာနည်းအရ ညီမျှခြင်းအရဆိုရင်တော့ အဟုန်ဟာ ဒြပ်ထုနဲ့ အလျင်ရဲ့ မြှောက်လဒ် (p=mv) ဖြစ်မယ်။ အရွေ့စွမ်းအင်ကတော့ ဒြပ်ထုနဲ့အလျင် ၂ ထပ်ကိန်းမြှောက်လဒ်ရဲ့တစ်ဝက် (K.E=1/2 mv²) ဖြစ်မယ်။ ဒါဟာ သူတို့ရဲ့ခြားနားချက်တွေပေါ့။ ဒါပေမဲ့ ရူပဗေဒဟာ သင်္ချာလုံးလုံးမဟုတ်တဲ့အတွက် သင်္ချာဆန်တဲ့အဖြေကို မလိုချင်ဘူး၊ ရူပဗေဒသဘောတရားစစ်စစ်ပါဝင်တဲ့အဖြေကိုပဲ လိုချင်တယ်၊ ဘာလုပ်မလဲ။ အဖြေကတော့ Impulse-Momentum Theorem နဲ့ Work-Energy Theorem ပါပဲ။ ဆိုပါစို့။ ဘော်လီဘောတစ်လုံးက ကျွန်တော်တို့ဆီ အတည့်အတိုင်း လာနေမယ်။ အဲ့ဒီဘော်လီဘောကို လက်နဲ့ဖမ်းယူမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ နောက်တစ်ခါ ခုနက ဘော်လီဘောထက် ၂ ဆလောက်ဒြပ်ထုကြီးပြီး အလျင်တစ်ဝက်ပဲရှိတဲ့ ဘော်လီဘောတစ်လုံးကို ခုနကလိုပဲ လက်နဲ့ဖမ်းယူမယ်ဆိုရင်ရော ဘယ်လိုခံစားရဦးမလဲ။ ဖြစ်ရပ်၂ ခုက ဘာတွေကွာခြားနေမလဲ။ ဖမ်းယူတဲ့အခါမှာရော လက်က ဘယ်လိုခံစားရမလဲ။ ဖြစ်ရပ်၂ ခုစလုံးမှာ ဘောလီဘောတွေရဲ့ အဟုန်ပမာဏက ထပ်တူညီနေပါတယ်။ အလျင်တစ်ဝက်နဲ့ ဒြပ်ထု၂ ဆဆိုတော့ အဟုန်ကိုတွက်ကြည့်ရင် ညီနေကြမှာပါ။ ဒါပေမဲ့ သူတို့မှာပါဝင်တဲ့ အရွေ့စွမ်းအင်ပမာဏကတော့ မတူညီကြပါဘူး။ 1/2 mv² ညီမျှခြင်းအရ အလျင်များတဲ့ကောင်က အရွေ့စွမ်းအင်သိသိသာသာ ပိုကြီးနေပါတယ်။ ဒီတော့ ရူပဗေဒနည်းအရ စဉ်းစားကြရပါမယ်။ Impulse-Momentum Theoremအရ ကျွန်တော်တို့အနေနဲ့ ဘော်လီဘောကို ဖမ်းယူတဲ့အခါ တူညီတဲ့ အားပမာဏ၊ တူညီတဲ့ Impulse ကို ခံစားရပါလိမ့်မယ်။ (J=p2-p1=Ft မဟုတ်လား။) ဒါပေမဲ့ သူတို့မှာ ပါဝင်လာတဲ့ အရွေ့စွမ်းအင်တွေအရ သူတို့အပေါ်ပြီးမြောက်တဲ့အလုပ်ပမာဏဟာ မတူညီနိုင်ပါဘူး။ အရွေ့စွမ်းအင်များတဲ့ဘော်လီဘောက ကျွန်တော်တို့အပေါ်ကို…
နယူတန်ရဲ့နာမည်ကျော် တတိယနိယာမအရ သက်ရောက်မှုတိုင်းမှာ ပမာဏတူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်၊ ဘောလုံးတစ်လုံးကို ခြေထောက်နဲ့ကန်လိုက်တဲ့အခါမှာ ဘောလုံးကလည်း ခြေထောက်ကို တူညီတဲ့အားနဲ့ ပြန်ကန်တယ်၊။ တစ်နည်း ဘောလုံးအပေါ်ကို အားသက်ရောက်တဲ့အခါမှာ ဘောလုံးကလည်း တူညီတဲ့အားကို ပြန်သက်ရောက်စေတယ်ပေါ့။ ဘောလုံးအပေါ်ကိုသက်ရောက်တဲ့အားက ဘောလုံးကိုရွေ့သွားစေသလို ဘောလုံးကပြန်သက်ရောက်တဲ့အားကလည်း ခြေထောက်ကို အနည်းငယ်ထိခိုက်နာကျင်စေတယ်၊ ခြေထောက်ကို အနည်းငယ်ထိခိုက်နာကျင်စေတယ်၊ ဒါက နယူတန်တတိယနိယာမရဲ့ အရိုးရှင်းဆုံး နားလည်ပုံပဲ။ ကမ္ဘာနဲ့ လမင်းကြီးရဲ့ ဖြစ်ရပ်မှာဆိုရင် ကမ္ဘာဟာ လမင်းကြီးအပေါ်ကို ဒြပ်ဆွဲအားသက်ရောက်တယ်၊ နယူတန်တတိယနိယာမအရ လမင်းကြီးကလည်း ကမ္ဘာအပေါ်ကို တူညီတဲ့ တန်ပြန်ဒြပ်ဆွဲအားပြန်သက်ရောက်တယ်၊ ကမ္ဘာရဲ့ဒြပ်ဆွဲအားက လမင်းကြီးကိုစက်ဝိုင်းပုံလည်ပတ်စေသလို လမင်းကြီးရဲ့တန်ပြန်ဒြပ်ဆွဲအားက ကမ္ဘာကိုဒီရေအတက်အကျဖြစ်လာစေတယ်၊ ဒါသဘာဝပဲ။ ချိန်သီးကို ကြိုးနဲ့လွှဲယမ်းတဲ့ဖြစ်စဉ်မှာလည်း ဒီသဘာဝကို တွေ့နိုင်သေးတယ်၊ ဒါက နယူတန်တတိယနိယာမရဲ့ အရိုးရှင်းဆုံး နားလည်ပုံပဲ။ ကမ္ဘာနဲ့ လမင်းကြီးရဲ့ ဖြစ်ရပ်မှာဆိုရင် ကမ္ဘာဟာ လမင်းကြီးအပေါ်ကို ဒြပ်ဆွဲအားသက်ရောက်တယ်၊ နယူတန်တတိယနိယာမအရ လမင်းကြီးကလည်း ကမ္ဘာအပေါ်ကို တူညီတဲ့ တန်ပြန်ဒြပ်ဆွဲအား ပြန်သက်ရောက်တယ်၊ ကမ္ဘာရဲ့ဒြပ်ဆွဲအားက လမင်းကြီးကို စက်ဝိုင်းပုံလည်ပတ်စေသလို လမင်းကြီးရဲ့ တန်ပြန်ဒြပ်ဆွဲအားက ကမ္ဘာကို ဒီရေအတက်အကျ ဖြစ်လာစေတယ်၊ ဒါသဘာဝပဲ။ ချိန်သီးကို ကြိုးနဲ့လွှဲယမ်းတဲ့ဖြစ်စဉ်မှာလည်း ဒီသဘာဝကို တွေ့နိုင်သေးတယ်။ ကြိုးဟာ ချိန်သီးအပေါ်ကိုအားသက်ရောက်နေသလို ချိန်သီးကလည်း ကြိုးအပေါ်ကို တန်ပြန်အားသက်ရောက်နေတယ်၊ ကြိုးရဲ့သက်ရောက်အားက ချိန်သီးကို စက်ဝိုင်းပုံရွေ့စေသလို ချိန်သီးရဲ့တန်ပြန်သက်ရောက်အားကလဲ ကြိုးကိုတင်းလာစေတယ်။ ဒီဖြစ်ရပ် ၂ ခုစလုံးမှာ ဗဟိုခွာအားဆိုတာကို မမြင်ခဲ့ရဘူး။ ဒါဆိုရင် ဗဟိုခွာအားဆိုတာ ဘာဖြစ်မလဲ။ သီအိုရီနည်းအရ ဗဟိုခွာအားဆိုတာ တကယ်မရှိဘူး၊ သူဟာ အင်နားရှားသပ်သပ်ပဲ။…
လေအိတ်တွေ၊ ပျော့ပျော့အိအိတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ။ သေနိုင်လောက်တဲ့ကားအက်ဆီးဒင့်တွေမှာ လေအိတ်ကြောင့် ဘာကြောင့်ထိခိုက်မှုလျော့ကျသွားတာလဲ၊ ကလေးတွေအနေနဲ့ ပျော့ပျော့အိအိပေါ်ကို အမြင့်တစ်နေရာရာကနေ ခုန်ချဆော့ကစားတာတောင် ဘာကြောင့်ထိခိုက်ဒဏ်ရာမရတာလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ Impulse-Momentum Theorem မှာရှိပါလိမ့်မယ်။ ပထမပိုင်းကို ဒီက ဖတ်ပါ –> [Impulse_Mometum_1_01] ပုံကတော့ Impulse-Momentum Theorem ရဲ့ သရုပ်ဖော်ပုံတစ်ခုပဲ။ Collisionတွေ Interaction တွေမှာ ဖြစ်ပေါ်တဲ့ အားပမာဏက အရမ်းများတယ်၊ ဒါပေမဲ့ သက်ရောက်တဲ့အချိန်ပမာဏက တကယ်နည်းနည်းလေးပဲရှိတယ်။ ဥပမာ – ဘီလီယက်ဘောလုံး (၂) လုံး ဝင်တိုက်ပြီဆိုပါစို့၊ သူတို့ (၂) ခု ထိတွေ့တဲ့အချိန် ဒါမှမဟုတ် တစ်ခုက တစ်ခုအပေါ် အားသက်ရောက်တဲ့ အချိန်ဟာ မီလီစက္ကန့်လောက်ပဲ ကြာမြင့်တယ်။ ဒါပေမဲ့ အဲ့ဒီမီလီစက္ကန့်အတွင်း ဖြစ်ပေါ်တဲ့အားပမာဏကတော့ ကြီးမားတယ်။ တိတိကျကျဆိုရရင်တော့ အားပမာဏက ထိတွေ့မှုအချိန်ကာလရဲ့အလယ်မှာ အမြင့်ဆုံးကိုရောက်ပြီး ထိတွေ့မှုစတင်ချိန် ထိတွေ့မှုပြီးဆုံးချိန် စတာတွေမှာ နည်းသွားလေ့ရှိတယ်။ ပုံမှာဆိုရင် အစ t1 နဲ့ အဆုံး t2 မှာ အားပမာဏနည်းနည်းလေးပဲရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ကြားအလယ်မှာ အားပမာဏအများကြီးကိုတွေ့နိုင်တယ်။ အရင်ပို့စ်မှာ ပြောခဲ့ဖူးသလိုပဲ Collision တစ်ခုမှာ ဖြစ်ပေါ်တဲ့ အားပမာဏကို F = ma နည်းနဲ့ တိုက်ရိုက်တွက်ထုတ်လို့မရဘူးဆိုပေမဲ့ ဒီလို Impulse သဘောတရားကိုသုံးပြီး သွယ်ဝိုက်တွက်ထုတ်လို့ရတယ် (နားလည်လွယ်အောင်သာပြောတာ၊ နယူတန်ရဲ့ မူရင်းဒုတိယနိယာမက အရှိန်နဲ့ဆက်စပ်တဲ့ F = ma မဟုတ်ဘူး၊ အဟုန်ပြောင်းလဲခြင်းနဲ့ ဆက်စပ်တဲ့…
Impulse-Momentum Theorem ဟာ လူသိနည်းတဲ့ ရူပဗေဒတိုင်းတာမှုတစ်မျိုးပဲ၊ အားနဲ့အဟုန်အယူအဆလိုမျိုး အခြေခံမကျပေမဲ့ လက်တွေ့လောကမှာတော့ အတိုင်းအတာတစ်ခုအထိ အသုံးဝင်တယ်။ နောက်ပြီး သူ့ရဲ့ညီမျှခြင်းက အဟုန်နဲ့အား တိုင်းတာမှု (၂) ခုကို ဆက်သွယ်ပေးထားတာမို့ ဆက်စပ်နားလည်မှုမှာ အဆင်ပြေနိုင်တယ်။ နားလည်လွယ်အောင်လို့ အရိုးရှင်းဆုံးနည်းနဲ့ ရှင်းပြပါမယ်။ အမှုန်တစ်ခုဟာ ကိန်းသေအလျင်နဲ့ရွေ့နေမယ်ဆိုပါတော့၊ ညီမျှခြင်းအရ v=constant, a=0 ဖြစ်နေတဲ့အတွက် F=0 ဖြစ်နေမယ်၊ သူ့မှာ ဘာအားပမာဏမှ မရှိခဲ့ဘူးပေါ့။ ဒါပေမဲ့ အဲ့အမှုန်က ရပ်နေတဲ့ တစ်ခြားအမှုန်တစ်ခုကို တိုက်မိတဲ့အခါမှာ ဘယ်လိုဖြစ်သွားမလဲ။ ဒီအခါမှာတော့ အတိုက်ခံရတဲ့အမှုန်က လုံးဝကို ရွေ့လျားသွားမှာပဲ။ ရပ်နေရာကနေ ရွေ့လျားသွားတယ်ဆိုတော့ သူ့မှာအရှိန်တစ်ခုရှိလာတာသေချာတယ်။ ဒုတိယနိယာမအရ အရှိန်က အားကြောင့်ဖြစ်ပေါ်လာရတယ်၊ ဒါကြောင့် အားပမာဏတစ်ခုလည်း ဖြစ်ပေါ်မှာပဲ။ အတိုက်ခံရတဲ့အမှုန်က ရပ်နေတဲ့အတွက် အားပမာဏလုံးဝမရှိခဲ့သလို ဝင်တိုက်တဲ့အမှုန်ကလဲ ကိန်းသေအလျင်ဖြစ်တာကြောင့် အားပမာဏမရှိခဲ့ပြန်ဘူး။ ဒါဆိုရင် အဲ့ဒီအားက ဘယ်ကနေပေါ်လာတာလဲ။ ဒီလို Collision ဖြစ်ရပ်တွေထဲက ရွေ့လျားမှုတွေ အကြောင်းကို ရှင်းပြရာမှာ ကျွန်တော်တို့အနေနဲ့ အားဆိုတဲ့ ရူပဗေဒသဘောတရားကို တိုက်ရိုက်အသုံးချလို့မရဘူး။ အဲ့အစား အဟုန်ဆိုတဲ့ ရွေ့လျားမှုကိုတိုင်းတာတဲ့ သဘောတရားနဲ့ပဲ ရှင်းပြလို့ရတယ်။ p₂ + p₁ = p₂’ + p₁’ ဆိုတာပေါ့(p=mv) ၊ အားသက်ရောက်တာလို့ မသုံးနှုန်းတော့ပဲ အဟုန်ကို မျှဝေပေးတယ်လို့ သုံးနှုန်းတော့မယ်။ ရပ်နေတဲ့အမှုန်မှာ အလျင်မရှိလို့ အဟုန်မရှိပေမဲ့ ကိန်းသေအလျင်နဲ့ရွေ့နေတဲ့အမှုန်မှာတော့ အဟုန်ရှိနေတယ်။ သူတို့ (၂) ခုတိုက်မိတဲ့အခါမှာ အဟုန်ရှိနေတဲ့ကောင်က မရှိတဲ့…
ဂိမ်းဆော့တာကို Career တစ်ခုအနေနဲ့ သတ်မှတ်လို့ရလားဆိုရင်တော့ ဖြစ်နိုင်ချေအရမ်းနည်းလို့ နိုးပါလို့သာဖြေချင်တယ်။ တကယ်တမ်းတွေးကြည့်ရင် ဂိမ်းဆော့တာက ကောင်းပါတယ်။ အထူးသဖြင့် အဖွဲ့နဲ့ ယှဉ်ပြိုင်ကစားရတဲ့ဂိမ်းတွေဟာ Teamwork ကို ပိုပြီး အားကောင်းစေနိုင်တယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်က အနိုင်ရဖို့ မလုံလောက်တဲ့အတွက် အဖွဲ့လိုက်လုပ်ဆောင်မှု၊ အဖွဲ့ဝင်တွေကြား သတင်းအချက်အလက်မျှဝေမှုကို တိုးတက်စေနိုင်တယ်။ ဂိမ်းထဲမှာ အတွဲညီတဲ့ကစားဖော်က အပြင်လောကမှာလည်း ကိုယ်နဲ့အတွဲညီနိုင်သေးတယ်။ နောက်ပြီး ဗျူဟာတွေကို အတိုင်းအတာတစ်ခုအထိ အသုံးချရတဲ့ဂိမ်းတွေ (ဥပမာ-ဒိုတာ) လိုဂိမ်းတွေက ရှုထောင့်စုံ စဉ်းစားတွေးခေါ်မှုကို တိုးတက်စေတယ်။ အသစ်ထွက်လာတဲ့ Patch တွေအပေါ်မှာ ဘယ်လိုကစားကွက်ကိုဖော်ရမလဲ၊ Draft Game မှာ ပြိုင်ဘက်ကို ဘယ်လိုအနိုင်ယူရမလဲ၊ အချိန်နဲ့ အလိုက်ရှိရမဲ့ Hero Development တွေအတွက် ဘယ်လို Farming လုပ်ရမလဲ.. စသည်ဖြင့် ရှုထောင့်စုံ အမြင်စုံကနေ တွက်ချက်ကစား ရတာကြောင့် Analysis လုပ်တတ်လာမယ်။ အကောင်းဆုံးအချက်ကတော့ ဝင်ငွေတစ်ခု ဖော်ဆောင်လို့ရတာပဲ။ ထိုက်သင့်တဲ့ ကျွမ်းကျင်မှုတစ်ခု၊ လူထုကို ဆွဲဆောင်နိုင်တဲ့အရည်အချင်း၊ ဆန်းသစ်တီထွင်မှု ဒါတွေရှိမယ်ဆိုရင် ဂိမ်းဆော့တာကနေ ဝင်ငွေအများကြီးရနိုင်တယ်။ ဒိုတာဂန္တဝင် ဒန်နီးလ် အစ်ရှုတင် (Player Name – ” Dendi ” of Dota2) ဟာ ပြိုင်ပွဲပေါင်း ၁၀၀ ကျော်ကနေ ဒေါ်လာ ၈ သိန်းကျော် ဝင်ငွေရခဲ့တယ်။ ဒါက ပြိုင်ပွဲဆုကြေးသက်သက်ပဲဖြစ်ပြီး ကစားသမားရဲ့လစာ၊ စပွန်ဆာဝင်ငွေ၊ ရုပ်သံလွှင့်ကြေး၊ သရုပ်ပြပွဲတွေအတွက် ဆုကြေး စတာတွေမပါဝင်သေးဘူး။ နောက်ပြီး သူ့ရဲ့ကစားသမားဘဝက…
အချိန်ခရီးသွားတဲ့အပေါ် ရူပဗေဒရဲ့ သတ်မှတ်ပုံနဲ့ သာမန်လူတွေရဲ့ သတ်မှတ်ပုံနဲ့ မတူညီကြပါဘူး။ သာမန်လူတွေရဲ့သတ်မှတ်ပုံဟာ အတိတ်နဲ့ အနာဂတ်ဆီ ရောက်ရှိတာမျိုးကို အချိန်ခရီးသွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲက သာမန်လူတွေရဲ့သတ်မှတ်ပုံကို အကျယ်တဝင့်ရှင်းပြလိုပါတယ်။ ယခုဆောင်းပါးထဲမှာတော့ စိတ်ကူးယဉ်ဖြစ်ရပ်တွေလုံးဝမပါဘဲ ရူပဗေဒရှုထောင့်သက်သက်ကနေသာ ရှင်းပြပေးသွားမှာပါ။ အနာဂတ် ————— အနာဂတ်ကို အချိန်ခရီးသွားတာဟာ နှိုင်းရသီအိုရီနည်းအရ ဖြစ်နိုင်ချေရှိပြီး စမ်းသပ်ချက်ပေါင်းများစွာနဲ့ အတည်ပြုထားပါတယ်။ သီအိုရီနည်းအရ အရာဝတ္ထုတစ်ခုက အလင်းအလျင်နီးပါးနဲ့ခရီးနှင်တဲ့အခါ သူ့ရဲ့အချိန်စီးကြောင်းက အခြားအရာဝတ္ထုတွေထက်နှေးနေမယ်။ အဲ့ဒီအချိန်မှာ ရပ်နေတဲ့တစ်ခြားအရာဝတ္ထုနဲ့ နှိုင်းယှဉ်လိုက်ရင် အဲ့ဒီအချိန်ခြားနားမှုကို ထင်ထင်ရှားရှားသိနိုင်ပါပြီ။ သီအိုရီနည်းအရ အသက် ၂၅ နှစ်အရွယ်လူတစ်ယောက်ဟာ အလင်းအလျင်နီးပါးနဲ့ ခရီးနှင်တဲ့ ဒုံးပျံတစ်စင်းအပေါ်မှာ လိုက်ပါစီးနင်းမယ်။ ကမ္ဘာပေါ်မှာလည်း သူနဲ့အသက်အရွယ်တူလူတစ်ယောက်က ကျန်ရစ်နေခဲ့မယ်ဆိုပါစို့။ နောက်ထပ် ၅ နှစ်ကြာတဲ့အခါ ဒုံးပျံပေါ်ကလူဟာ ကမ္ဘာဆီကိုပြန်ရောက်မယ်။ တွက်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်ကလူဟာ အသက် ၃၀ ဖြစ်နေပါမယ်။ ဒါပေမဲ့ ဒုံးပျံပေါ်ကလူကတော့ အသက် ၃၀ မပြည့်နိုင်သေးပါဘူး။ ဒါဟာ နှိုင်းရသီအိုရီရဲ့အချိန်သွေဖယ်ခြင်းပဲဖြစ်ပါတယ်။ ဒုံးပျံပေါ်ကလူဟာ ၅ နှစ်ကြာအချိန်ကို နှေးနှေးကွေးကွေး ဖြတ်သန်းနေတဲ့အတွက် သူ့အတွက် ၅နှစ်မကြာတော့ဘဲ လျော့ပြီးကြာသွားပါတယ်။ (၂ နှစ်တို့၊ ၃ နှစ်တို့ ဘာညာဖြစ်နိုင်ပေမဲ့ မတွက်ပြတော့ပါဘူး။) ကမ္ဘာပေါ်မှာရှိတဲ့လူကတော့ အချိန်စီးကြောင်းပုံမှန်ဖြစ်နေတဲ့အတွက် ၅ နှစ်ကြာအချိန်ကို ပုံမှန်အတိုင်း ၅ နှစ်ကြာဖြတ်သန်းနေပါတယ်။ အဲ့ဒီတော့ တွေးကြည့်မယ်ဆိုရင် ဒုံးပျံပေါ်ကလူသာ အလင်းအလျင်နီးပါးနဲ့ခရီးသွားတယ်ဆိုရင် သူ့ရဲ့အသက် ၃၀ မှရောက်မယ့် အချိန်ကာလကို အဲ့ထက်ငယ်ငယ်နဲ့ ရောက်ရှိသွားပါလိမ့်မယ်။ ဒါဟာ အနာဂါတ်ကိုအချိန်ခရီးသွားခြင်းတစ်မျိုးပဲမဟုတ်လား။ ဒီလိုဖြစ်ရပ်ကိုတော့ အာကာသရောင်ခြည်ထဲက…
လူတော်တော်များများက ဓူဝံကြယ်ဆိုတာ မြောက်အရပ်ကို အမြဲဦးတည်ပြတဲ့ကြယ်လို့ သိကြတယ်၊ မြောက်ဝင်ရိုးစွန်းတည့်တည့်မှာ တည်ရှိနေတာပေါ့၊ ဒါကြောင့် မြောက်ကမ္ဘာခြမ်းရဲ့ ဘယ်နေရာကနေမဆို ဓူဝံကြယ်ကို မြင်နိုင်တယ်လို့ဆိုကြတယ်၊ ဒါဆိုရင် တောင်ကမ္ဘာခြမ်းကနေရော ဓူဝံကြယ်ကို မြင်နိုင်မလား? မယုတ်မလွန်ဖြေရမယ်ဆိုရင် အီကွေတာ အောက်ဘက် တောင်ကမ္ဘာခြမ်းရဲ့ တချို့နေရာတွေကနေတော့ ဓူဝံကြယ်ကိုမြင်နိုင်တယ်၊ ကျွန်တော်တို့ သိခဲ့သလို ဓူဝံကြယ်ကမြောက်ဝင်ရိုးစွန်းထိပ်မှာ ရှိနေတာမှန်ပေမဲ့ ၉၀ ဒီဂရီတည့်တည်ကြီးမှာ မရှိဘူး၊ အဲ့အစား ၉၀ ဒီဂရီနဲ့ အရမ်းနီးတဲ့ ၈၉.၃၄ ဒီဂရီမှာ တည်ရှိနေတာ၊ အလွန်နည်းတဲ့ပမာဏနဲ့ ဝင်ရိုးကနေ တိမ်းစောင်းနေတာပေါ့၊ ဒီလိုမျိုး အနည်းငယ်တိမ်းစောင်းနေတာဖြစ်တဲ့အတွက် ဓူဝံကြယ်ကို တောင်ကမ္ဘာခြမ်းရဲ့ တချို့နေရာတွေကနေ မြင်နိုင်တယ်၊ တည်နေရာ တိတိကျကျ ပြောရရင်တော့ တောင်လတ္တီတွဒ် ၀.၆၆ ဒီဂရီအထက်ပိုင်းကနေ ဓူဝံကြယ်ကို မြင်နိုင်မယ်၊ ဒါပေမဲ့ မြင်ထောင့်က အရမ်းစောင်းနေမှာ ဖြစ်တဲ့အတွက် အဲ့နေရာတွေကနေကြည့်ရင် မိုးကုတ်စက်ဝိုင်းရဲ့အပေါ်မှာ အလွန်နီးကပ်ပြီးတည်ရှိနေမယ်၊ လတ္တီတွဒ် ၀.၆၆ ဒီဂရီထက်များတဲ့ နေရာတွေမှာတော့ ကြယ်က မိုးကုတ်စက်ဝိုင်းအောက်ကို ရောက်သွားပြီဖြစ်တဲ့အတွက် မြင်နိုင်မှာမဟုတ်တော့ဘူး။ ဒီနေရာမှာ နောက်တစ်ခုသိထားရမှာက ကမ္ဘာ့လေထုရဲ့ အလင်းယိုင်ခြင်းပဲ၊ ကျွန်တော်တို့ ဆယ်တန်းမှာ သင်ခဲ့သလို လေရဲ့ အလင်းယိုင်ညွှန်းကိန်းက ၁ ဆိုပြီး တိတိကျကျရှိနေတာမဟုတ်ပဲ ၁.၀၀၃ ပမာဏရှိတာပါ၊ ဒါကြောင့်ကြယ်တွေဆီက အလင်းက လေထုကိုဖြတ်ပြီး မျက်စိမြင်လွှာကို ရောက်တဲ့အခါ အလွန်းနည်းပါးတဲ့ ပမာဏနဲ့ တိမ်းစောင်းနေမှာပါ၊ တွက်ချက်မှုတွေအရ ဓူဝံကြယ်ဆီကအလင်းဟာ လေထုကြောင့် ၀.၅၇ ဒီဂရီတိမ်းစောင်းပါတယ်၊ ဒါကြောင့် နဂို ၀.၆၆ ဒီဂရီနဲ့ ယိုင်ထောင့်…
မားစ်ဂြိုဟ်ဟာ ကမ္ဘာထက်အများကြီးသေးငယ်ပါတယ်။ဒါကြောင့်လည်း ဂြိုဟ်အူတိုင် (ဝတ်ဆံ) ရဲ့ အေးခဲနှုန်းက သိသိသာသာ မြန်ဆန်နေရတာပါ။ ကမ္ဘာရဲ့အူတိုင်ကတော့ အခုထိလှုပ်ရှားမှုရှိနေပြီး အပြင်အူတိုင်အလွှာက သံရည်ပူတွေ အထက်အောက်ရွေ့လျားလို့ အားကောင်း သံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်နေတာပါ။ အဲ့ဒီသံလိုက်စက်ကွင်းကြောင့်ပဲ နေဆီကလာတဲ့ ဆိုလာဝင်း (Solar Wind) ခေါ် စွမ်းအင်မြင့် အမှုန်တွေကို ကမ္ဘာဆီမရောက်အောင် တားဆီးပေးတာပေါ့။ (ဝင်ရိုးစွန်းတွေက ဥတ္တရအလင်းတန်းတွေဟာ ဒီလိုမျိုး သံလိုက်စက်ကွင်း အကျိုးသက်ရောက်မှုကြောင့် ဖြစ်နေတာ) မားစ်ဂြိုဟ်အူတိုင် ဝတ်ဆံအေးခဲလာတဲ့အခါ အတွင်းပိုင်းဘူမိ လှုပ်ရှားမှုမရှိတဲ့အတွက် သံလိုက်စက်ကွင်းပျောက်ဆုံးသွားတယ်။ဒါကြောင့်လေထုဟာ ဆိုလာဝင်းဒဏ်ကို သိသိသာသာခံစားလာရပြီး လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၀၀ လောက်မှာ လေထုစတင်ပါးလွှာ စုတ်ပြဲလာတယ်။ လေထုဖိအားက လေဟာနယ်နီးပါးလောက် ကျလာပြီး သမုဒ္ဒရာတွေအရည်ပျော်ကာ ဂြိုလ်သေတစ်ခု စတင်ဖြစ်ပေါ်လာတယ်။ မားစ်အနေနဲ့ အခုလိုဖြစ်သွားတာ အံ့ဩစရာကောင်းသလို ကမ္ဘာလိုမျိုး သက်ရှိတွေအတွက်နေပျော်မဲ့ ရပ်ဝန်းတစ်ခု အရင်တုန်းကပိုင်ဆိုင်ခဲ့တယ်ဆိုတာ အထောက်အထားတွေလည်းရှိနေခဲ့ပါတယ်။ အဲ့တော့ မားစ်ကို အရင်လိုအခြေအနေမျိုး ပြန်ဖြစ်အောင်လုပ်နိုင်မဲ့နည်းလမ်းများရှိလား? ထူးခြားစွာပဲ လူသားတွေဟာ ဂြိုဟ်တွေရဲ့ အပူချိန် မြင့်မားအောင် လုပ်ဆောင်ရာမှာ အတွေ့အကြုံကောင်းတွေ ရှိနေပြီးသားဖြစ်နေတယ်၊ လွန်ခဲ့တဲ့ ရာစုနှစ် ၂ခု အတွင်းမှာ ကျွန်တော်တို့ဟာ ကာဘွန်အခြေပြု ဓါတ်ငွေ့တွေကို လေထုထဲထုတ်လွှတ်ခဲ့ကြပြီး ကမ္ဘာ့မျက်နှာပြင်အပူချိန်ကို နဂိုထက်သိသိသာသာ မြင့်လာစေခဲ့တယ် အထူးသဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို အများစုထုတ်လွှတ်ခဲ့ကြတယ်။ဒီဓါတ်ငွေ့ဟာ နေရောင်အများစုကို စုပ်ယူထားပြီး ပြန်မထွက်အောင်လုပ်တဲ့ ဖန်လုံအိမ်အာနိသင်ကို ဖန်တီးလိုက်တယ် ဒါဟာကမ္ဘာပူနွေးစေတဲ့ အဓိကလက်သည်ပေါ့ အဲ့လိုမျိုးပူနွေးလာတဲ့ ကမ္ဘာ့အပူချိန်က သမုဒ္ဒရာတွေရဲ့ ရေငွေ့ပြန်နှုန်းကို သိသိသာသာတိုးလာစေတယ်။ အထူးသဖြင့် မုန်တိုင်းဖြစ်ပေါ်တဲ့ အရေအတွက်က တစ်နှစ်စီကို…
ပတ်လမ်းအနေအထားနဲ့ ပတ်လမ်းအလျင်အရ ISS ဟာ ကမ္ဘာကို တစ်ရက် ၁၆ ကြိမ် လှည့်ပတ်နေရင်း ကမ္ဘာနဲ့ နေရဲ့အကြားကို ၀.၇ စက္ကန့်ကနေ ၃ စက္ကန့်အကြား ဖြတ်သန်းသွားလေ့ရှိပါတယ်။ ဒီလိုအရမ်းတိုတောင်းတဲ့ အချိန်ပမာဏအတွင်း နေနဲ့ကမ္ဘာကြားရောက်သွားတဲ့ ISS ကို ဓါတ်ပုံရိုက်ယူရမယ်ဆိုတာ အပျော်တမ်းနက္ခတ်လေ့လာသူတွေအတွက် အတော်ကိုစိန်ခေါ်မှုကြီးပါတယ်။ ဓါတ်ပုံဆရာ အင်ဒရူးမက္ကာသီ (Andrew McCarthy) အနေနဲ့ တယ်လီစကုပ် ၃ ခု၊ အချိန် ၁၂ နာရီကြာ အားထုတ်မှုနဲ့ သူ့ရဲ့ ကျွမ်းကျင်မှုကိုပေါင်းစပ်ပြီး ဒီပုံ တွေကိုရိုက်ကူးနိုင်ခဲ့တာပါ။ နေကိုပတ်နေတဲ့ အာကာသယာဉ်တစ်စင်း (ဥပမာ – ပါကားအာကာသယာဉ်) လို့ မထင်ကြပါနဲ့။ ဘယ်လောက်ပဲကြီးမားတဲ့ အာကာသယာဉ်ဖြစ်နေပါစေ၊ နေလိုအရွယ်အစားကြီးတဲ့အရာဝတ္ထုရဲ့အနားမှာ ပုစိညောက်တောက်အဖြစ်ပဲမြင်ရပြီး ဓါတ်ပုံရိုက်ကူးလို့မရနိုင်ပါဘူး။ ဒါကြောင့် ယုတ္တိကျကျတွေးကြည့်ရင် ဒီပုံရိပ်က နိုင်ငံတကာအာကာသစခန်းပဲ ဖြစ်နိုင်မှာပါ။ Reference : ScienceAlert European Space Agency
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အချက်အလက်တွေကို တင်ပြပါ့မယ်။ – ဘင်္ဂလားပင်လယ်အော်ဟာ အိန္ဒိယသမုဒ္ဒရာထဲကတခြားနေရာတွေထက် ပိုပြီးပူနွေးပါတယ်။ ဒါကတော့ ဘင်္ဂလားပင်လယ်အော်ရဲ့တည်နေရာက လတ္တီတွဒ်အနိမ့်မှာ တည်ရှိနေတဲ့အတွက် နေရောင်ခြည်ကိုအများဆုံးရရှိလို့ပါ။ နောက်ပြီး သူ့ရဲ့ဘူမိတည်ဆောက်ပုံက ကုန်းတွင်းနိုင်ငံ (၃) နိုင်ငံ (မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ)နဲ့ တစ်ဘက်ပိတ်ပုံစံ ဖြစ်နေတဲ့အတွက် ပူနွေးမှုကို တစ်ခြားရေထုတွေဆီ အလွယ်တကူမစီးဆင်းနိုင်ပါဘူး။ အထက်ပါနိုင်ငံ ၃ ခုရဲ့ကုန်းမြေတွေကနေ အပူစီးဆင်းမှုကိုရရှိတာကလည်း ဒီပင်လယ်အော် ပူနွေးစေတဲ့ အကြောင်းရင်းတစ်ခုပါ (ရေဟာ အပူသိပ်သည်းဆများတဲ့အတွက် အပူချိန်တော်ရုံ မမြင့်တက်ပါဘူး၊ ကုန်းမြေကတော့ အပူသိပ်သည်းဆနည်းလို့ ရေထက်စာရင် အပူချိန်မြင့်တက်တာမြန်ပြီး ဒီအပူတွေကို ရေထုဆီကို စီးဆင်းစေပါတယ်)။ – ဘင်္ဂလားပင်လယ်အော်ထဲကို ဂင်္ဂါ၊ ဗြဟ္မပုတြ၊ ဧရာဝတီအပါအဝင် မြစ်ပေါင်းများစွာ စီးဝင်နေကြတဲ့အတွက် ရေချိုအရင်းအမြစ်ကို များစွာရရှိပါတယ်။ ဒါကြောင့် ဒီရေထုရဲ့ ဆားငန်ပါဝင်မှုနှုန်းဟာ တစ်ခြားရေထုတွေ (ဥပမာ – အာရေးဘီးယန်းပင်လယ်) ထက် နည်းပါတယ်။ ယေဘုယျအားဖြင့် ဆားငန်ပါဝင်နှုန်းနည်းတဲ့ရေဟာ အပူချိန်နိမ့်ကျဖို့ခက်တယ်လို့ နိုအာ (NOAA) ရဲ့ သုတေသနတွေအရ သိရပါတယ်။ ဒါကြောင့် ဆားငန်ပါဝင်နှုန်းနည်းပါးတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသဟာ အပူချိန်ကိုအချိန်အကြာကြီး ထိန်းသိမ်းထားနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်မှုအတွက် အခြေအနေတစ်ခု ဖန်တီးထားတာပါ။ ဒီဖြစ်ရပ်နဲ့ ပုံစံတူကို အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ကာရစ်ဘီယန်ပင်လယ် အနောက်ဘက်ပိုင်းတွေမှာ တွေ့နိုင်တယ်လို့ နိုအာ (NOAA)က ဆိုပါတယ်။ အထက်ပါဒေသတွေမှာ အမေဇုန်မြစ်၊ မစ္စစ္စပီမြစ်လို ကြီးမားတဲ့ ရေချိုအရင်းအမြစ်တွေ ရှိနေတဲ့အတွက် အပူချိန်ကို အချိန်ကြာကြာထိန်းထားနိုင်ပြီး အားကောင်းတဲ့မုန်တိုင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ – အချိန်အပိုင်းအခြားတစ်ခုအလိုက်…
ဒီမစ်ရှင်နဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က တိကျသေချာတဲ့ အချက်အလက်ကို မထုတ်ပြန်နိုင်ဘဲ ဖြစ်နိုင်ဖွယ်ရှိတာတွေကိုပဲ အတည်ပြုထားတာ တွေ့ရပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်အရ လဆင်းယာဉ်ကို SpaceX ရဲ့ ဖယ်လ်ကွန်-၉ ဒုံးပျံနဲ့ လွှတ်တင်ခဲ့ပြီး ယာဉ်ပေါ်မှာ ဂျပန်အာကာသအေဂျင်စီကတည်ဆောက်ပေးတဲ့ Rover တစ်ခုအပါအဝင် သိပ္ပံလေ့လာရေးကိရိယာ ၇ ခုပါဝင်ခဲ့ပါတယ်တဲ့။ အဲ့ဒီယာဥ်ဟာ လပတ်လမ်းထဲ မြေပြင်အထက်ကီလိုမီတာ ၁၀၀ ကျော်ကနေ ဆင်းသက်မှုကိုစတင်ခဲ့ပါတယ်။ ဆင်းသက်မှုပြုလုပ်နေချိန်အတွင်းမှာ လဆင်းယာဉ်နဲ့ မြေပြင်အခြေစိုက်စခန်းတို့ကြား ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တာကြောင့် အဲ့ဒီလဆင်းယာဉ်ဟာ အကာအကွယ်မဲ့ ဆင်းသက်ဖို့ ဖြစ်နိုင်ချေများပြီး လမျက်နှာပြင်နဲ့ ဝင်ဆောင့်ပျက်စီးသွားနိုင်တယ်လို့ သူတို့ဘက်ကဆိုထားပါတယ်။ နောက်ဆုံးရရှိတဲ့ဆက်သွယ်မှုတွေအရတော့ ယာဉ်ထဲမှာ လောင်စာဆီကုန်ခမ်းသလောက်ရှိနေပြီလို့ဆိုပါတယ်။ အမြင့်တွက်ချက်ပေးတဲ့ အဓိကဆင်ဆာက ကောင်းကောင်း အလုပ်မလုပ်ခဲ့တာကြောင့် အင်ဂျင်ကို အချိန်အကြာကြီးဖွင့်ထားစေပြီး လောင်စာဆီမလိုအပ်ဘဲ ကုန်ခမ်းစေတယ်လို့ သူတို့ဘက်က ဝန်ခံထားပြန်ပါတယ်။ ဒါကတော့ ဂျပန်အခြေစိုက် ဂုဏ်သိက္ခာကြီးသတင်းစာ ၂ စောင်ဖြစ်တဲ့ အဆာဟိသတင်းစာနဲ့ ကျိုဒိုသတင်းစာကနေ ကိုးကားဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ လောင်စာမလောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အာကာသယာဉ်တွေ လွှတ်တင်ရာမှာ လောင်စာဆီကို ပြုလုပ်မယ့်မစ်ရှင်၊ ယာဉ်ရဲ့ ဒီဇိုင်းအပေါ်မူတည်ပြီး အကန့်အသတ်နဲ့ သယ်ဆောင်ရပါတယ်။ အများကြီးသယ်ဆောင်တဲ့အခါမှာ အာကာသယာဉ်ရဲ့ ဒြပ်ထုက ပိုများသွားပါမယ်။ ဒြပ်ထုပိုများရင် သူ့ကိုအရှိန်မြှင့်ပေးဖို့ လောင်စာပိုလိုလာမယ်။ ဒီလိုသံသရာလည်နေမှာစိုးလို့ အတိအကျတွက်ချက် သယ်ဆောင်ရတာပဲဖြစ်ပါတယ်။ နောက်ပြီးအာကာသယာဉ်ရဲ့ ဒီဇိုင်းအရလည်း လောင်စာဆီကို အများကြီးသယ်လို့ မရပြန်ပါဘူး။ ယာဉ်ထဲမှာ လောင်စာဆီကို နေရာအများကြီးပေးရင် မစ်ရှင်အတွက် လိုအပ်မယ့် ကိရိယာတွေအတွက် နေရာနည်းသွားမှာဖြစ်လို့ ဒီလိုတွေမဖြစ်ရအောင် အတိအကျ…
လျှပ်စစ်ရဲ့ ဖခင်ကြီးနှစ်ပါးလို့ တင်စားခံရတဲ့ သောမတ်စ်အယ်ဗာအက်ဒီဆင်နဲ့ နီကိုလာတက်စ်လာတို့ နှစ်ယောက်ရဲ့ ကြားထဲက ပြဿနာက လူသိများထင်ရှားပါတယ်။ တော်တော်များများဖော်ပြကြတာအရ အယ်ဒီဆင်က တယ်စလာရဲ့ တီထွင်ဖန်တီးမှုတွေကို ခိုးယူတယ်၊ အလွဲသုံးစားလုပ်တယ် စသဖြင့် အထင်လွဲစေနိုင်တဲ့ ပုံမှားရိုက်တဲ့ ကိစ္စတွေ တစ်ဖက်စောင်းနင်းရေးသားတာမျိုး ရှိပါတယ်။ တချို့ဆောင်းပါးတွေမှာ တက်စ်လာဘက်ကို မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ အလေးသာထားတာမို့ သူတို့နှစ်ယောက်နဲ့ ပတ်သက်လို့ အထင်လွဲမှုတွေကို ဒီနေရာမှာ တတ်နိုင်သလောက်ဘက်လိုက်မှုမရှိအောင် ဖော်ပြပါ့မယ်။ ဖြစ်ရပ်မှား – (၁) တက်စ်လာဟာ စိတ်ကူးယဉ်သမားဖြစ်ပြီး အက်ဒီဆင်ဟာလက်တွေ့သမားဖြစ်ပါတယ်။ တက်စ်လာဟာ နည်းပညာသစ်တွေကိုရှာဖွေဖို့ ပိုမိုအားသာသူဖြစ်ပြီး အက်ဒီဆင်ကတော့ ရှိရင်းစွဲနည်းပညာတွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံလိုသူပါ။ ဒီလိုအတွေးအမြင်အယူအဆတွေမတူကြတဲ့အတွက် သူတို့ကြားမှာ အချက်အလက်ခိုးယူမှုတွေ မရှိနိုင်ပါဘူး။ အထူးသဖြင့် အက်ဒီဆင်ဟာ တက်စ်လာရဲ့ ပြန်လှန်လျှပ်စီးနည်းပညာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တာပါ။ ဒီအချက်ကိုထောက်ဆ ကြည့်မယ်ဆိုရင် အက်ဒီဆင်လို ဂုဏ်သိက္ခာရှိ တီထွင်သူတစ်ယောက်အနေနဲ့ ခိုးယူတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဖြစ်ရပ်မှား – (၂) တက်စ်လာနဲ့ အက်ဒီဆင်အကြား အကွဲအပြဲကို ဖြစ်စေခဲ့တဲ့ ဒေါ်လာ ၅ သောင်းတန် ဟာသဇာတ်လမ်းဟာ ပုံပြင်သပ်သပ်သာဖြစ်ပြီး အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ တချို့ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဂုဏ်သိက္ခာကြီး သတင်းစာတွေအနေနဲ့ တက်စ်လာအကြောင်းရေးသားဖော်ပြရာမှာ ဒီဇာတ်လမ်းကို ထည့်သွင်းထားတာမျိုးမရှိတဲ့အတွက် တကယ်မဖြစ်ပျက်ခဲ့ဖူးဘူးလို့ မှတ်ယူရပါတယ်။ ကိုယ်ပိုင်အမြင်အရ တချို့ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အားကောင်းသူတွေဟာ တက်စ်လာကို ဟီးရိုးအဖြစ်ပုံဖော်ရာမှာ အက်ဒီဆင်ကို ဗီလိန်အဖြစ်ဖော်ပြခြင်း သပ်သပ်ပဲလို့ ယူဆပါတယ်၊ တစ်နည်း တမင်ဇာတ်နာအောင်လုပ်ယူခြင်းပါ။ ဖြစ်ရပ်မှား – (၃) တက်စ်လာဟာ ပြန်လှန်လျှပ်စီး နည်းပညာ…
အော်ရီယွန်တာရာက ကမ္ဘာ့လည်ပတ်ဝင်ရိုးအီကွေတာမျဉ်းအနီးအနား Right Ascentation +5° မှာ တည်ရှိတဲ့အတွက် ကမ္ဘာ့နေရာအနှံ့အပြားကနေ မြင်တွေ့နိုင်တယ် (Right Ascentation ဆိုတာ တည်နေရာကို အီကွေတာကနေ ဝင်ရိုးစွန်းအကြား ဒီဂရီနဲ့ တိုင်းတာလေ့ရှိပြီး အပေါင်းလက္ခဏာဆိုရင် မြောက်ကမ္ဘာခြမ်းပေါ်၊ အနုတ်လက္ခဏာဆိုရင် တောင်ကမ္ဘာခြမ်းပေါ်မှာတည်ရှိတယ်၊ ဓူဝံကြယ်က Right Ascentation +89°မှာရှိနေတဲ့အတွက် မြောက်ဝင်ရိုးစွန်းထိပ်နားလေးမှာရှိနေတယ်၊ နက္ခတ္တကိုသြဒီနိတ်သတ်မှတ်ပုံကို ဆောင်းပါးသပ်သပ်နဲ့ဖော်ပြပါ့မယ်)။ဒီနက္ခတ်ကြယ်စုရဲ့ နာမည်က ဂရိဒဏ္ဍာရီလာ မုဆိုးတစ်ယောက်ဖြစ်တဲ့ ‘အော်ရီယွန်’ ကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး ကောင်းကင်ပေါ်မှာ အတော်ကိုသိသာထင်ရှားတဲ့နက္ခတ်တစ်ခုလည်းဖြစ်တယ်။ဒဏ္ဍာရီမူကွဲတွေ အများကြီးရှိပေမဲ့ ရှေးအကျဆုံးမူကွဲကတော့ အော်ရီယွန်ဟာ ရေနတ်ဘုရားပိုဆိုက်ဒွန်ရဲ့ သားတော်လို့ ဖော်ပြထားတယ်။ ဖော်ပြချက်တွေအရ အော်ရီယွန်က မိမိကိုယ်ကိုယုံကြည်မှုမြင့်မားပြီး သူဟာကမ္ဘာပေါ်က ဘယ်လိုသက်ရှိကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ကြွေးကြော်တယ်၊ ဒီကြွေးကြော်သံကိုကြားတဲ့အခါ ကမ္ဘာနတ်ဘုရား Gaea ကအရမ်းစိတ်ဆိုးပြီး သူ့ကိုသတ်ဖို့အတွက် ကင်းမြီးကောက်တစ်ကောင်ကို စေလွှတ်ခဲ့တယ်။ ကင်းမြီးကောက်ဟာ အရွယ်အစားကြီးမားသလို ထူထဲတဲ့အရေခွံနဲ့ကာကွယ်ထားတာမို့ အကောင်းဆုံးစစ်သည်တော်တွေတောင်အနိုင်ယူဖို့ခက်ခဲတယ်၊ အော်ရီယွန်ဟာ ကင်းမြီးကောက်နဲ့တိုက်ပွဲမှာ နာရီပေါင်းများစွာတိုက်ခိုက်နိုင်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကင်းမြီးကောက်က အသာစီးရလာတယ်၊ နောက်ဆုံးမှာ ကင်းမြီးကောက်က သူ့ရဲ့အမြီးနဲ့အော်ရီယွန်ရဲ့ ရင်ဘတ်ကိုထိုးဖောက်ပြီး အနိုင်ယူခဲ့တယ်။ သေဆုံးသွားတဲ့အော်ရီယွန်ကို တစ်ခါပြန်ရှင်သန်စေတဲ့အနေနဲ့ Zeus ဟာ ကောင်းကင်မှာ Orion ဆိုတဲ့ နက္ခတ်တစ်ခုကိုဖန်တီးခဲ့တယ်၊ သူ့ရဲ့သစ္စာရှိ အမဲလိုက်ခွေးနှစ်ကောင်ဖြစ်တဲ့ Laelaps နဲ့ Procyon ကိုလည်း ကောင်းကင်ပေါ်ကြယ်တွေအဖြစ် ဖန်တီးခဲ့တယ်၊ ဒါကိုတော့ Carnis Major Constellation (ဗမာလို ဝက်ဝံကြီးတာရာ) နဲ့ Carnis Minor Constellation (ဗမာလို ဝက်ဝံသေးတာရာ) အဖြစ်…
Q: လွတ်မြောက်အလျင်ဆိုတာ ဘာကိုပြောတာလဲဗျ? A: လွတ်မြောက်အလျင်ဆိုတာက ဂြိုလ်တစ်စင်းရဲ့ ဒြပ်ဆွဲအားကိုအန်တုပြီး အနန္တထိခရီးနှင်နိုင်တဲ့ အရွေ့စွမ်းအင်လုံလောက်မှုပဲ၊ ဒြပ်ဆွဲအားဆိုတာ သိတဲ့အတိုင်း အနန္တအကွာအဝေးအထိသက်ရောက်တယ်၊ ဒါပေမယ့် အဲ့လိုတာဝေးအားတစ်ခုဖြစ်နေတာတောင် ဝတ္ထုကိုသူ့ဆီပြန်လာအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဒီလိုဒြပ်ဆွဲအားကို လွတ်မြောက်လို့ လွတ်မြောက်အလျင်လို့ခေါ်ကြတာ.. Q: နာမည်ကျ အလျင်လို့ခေါ်ပြီး ဘာလို့ စွမ်းအင်လုံလောက်မှုလို့ ပြောထားတာလဲဗျ? A: ဒါကကျတော့ နားလည်လွယ်အောင်ရှင်းပြလိုက်တာ၊ မြင်ယောင်ကြည့်မယ်ကွာ၊ ဒြပ်ဆွဲအားက ဝတ္ထုကိုဆွဲပြီး သူ့ဆီကိုရွေ့စေမယ်၊ ဒါကို ကိုးတန်းသိပ္ပံအရ အလုပ်ပြီးမြောက်မှုလို့ ငါတို့သတ်မှတ်လို့ရတယ်၊ ဒါပေမယ့် အဲ့ဒီအလုပ်ပြီးမြောက်တယ်ဆိုတာက အနုတ်လက္ခဏာပဲ ထွက်နေလိမ့်မယ်၊ ဘာလို့ဆိုရင် ဒြပ်ဆွဲအားကဘယ်လိုဆွဲဆွဲ သူကဝေးရာကိုပဲသွားတာကိုး၊ ဘယ်လိုပဲအလုပ်ပြီးမြောက်ပါစေ အရွေ့စွမ်းအင်ကိုမယှဥ်နိုင်တော့ အဲ့အလုပ်ကအနုတ်ဖြစ်သွားတာ၊ ပြီးတော့ ဒီသဘောတရားက ဝတ္ထုရွေ့နေတဲ့အမှတ်တိုင်းမှာ ဖြစ်နေတယ်။ စွမ်းအင်လုံလောက်မှုလို့ သုံးနှုန်းရတာ နောက်တစ်ချက်ရှိသေးတယ်၊ ဘာလဲဆိုရင် ဒုံးပျံတွေလွှတ်တင်တဲ့နေရာမှာ နားလည်လွယ်သွားအောင်လို့၊ ကမ္ဘာရဲ့လွတ်မြောက်အလျင်က မြေပြင်ကနေတွက်ချက်ကြည့်ရင် တစ်စက္ကန့်ကို မီတာ ၁ သောင်းကျော်နှုန်းရှိတယ်၊ အဲ့ဒါက တစ်နာရီကို မိုင်၂၅၀၀၀ ရှိပြီး အီကွေတာကို တစ်နာရီခွဲကျော်လောက်နဲ့ တစ်ပတ်ပတ်ပြလို့ရတယ်၊ အဲ့တော့ အသံထက် ၃၃ ဆမြန်တဲ့ အလျင်ကြီးနဲ့ ဘယ် ဒုံးပျံမှ အဲ့လောက်အပေါ်မတက်နိုင်ဘူး၊ ဒါကြောင့်မို့ ဒုံးပျံ ပျံနေစဥ်အတွင်းမှာ ဓါတ်ငွေ့တွေ လောင်ကျွမ်းထုတ်လွှတ်ပြီး အရွေ့စွမ်းအင်တိုးလာအောင်လုပ်ရတယ်၊ ဒုံးပျံလွှတ်တင်တဲ့အချိန်မှာ အလျင်က လွတ်မြောက်ဖို့ မလုံလောက်ပေမဲ့ ပေါင်းထည့်လိုက်တဲ့ အရွေ့စွမ်းအင်ကြောင့်မို့ ကမ္ဘာပတ်လမ်းကိုကျော်ပြီး တစ်ခြားဂြိုလ်တွေထိ ငါတို့လေ့လာနိုင်နေကြတာ၊ အဲ့တော့ အရွေ့စွမ်းအင်လုံလောက်မှုလို့ ဘာလို့သုံးရတာလဲ နားလည်ပြီမလား။ Q: ဟုတ်ပြီဗျ၊ လွတ်မြောက်အလျင်က ဦးတည်ရာမလိုဘူးလို့…
၁၈ရာစုတုန်းက အပျော်တမ်းနက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျွန်မစ်ချယ်က နေရဲ့သိပ်သည်းဆနဲ့ အချင်းဝက်အဆ၅၀၀သာရှိတဲ့ အရာဝတ္ထုဟာ သူ့ဆီကအလင်းတွေကို ပြင်ပကိုထွက်ခွာခွင့်မပေးနိုင်ဘူးလို့ အဆိုပြုခဲ့တယ်။ တစ်ခုသတိပြုရမှာက နေရဲ့ဒြပ်ထုမဟုတ်ပဲ နေရဲ့သိပ်သည်းဆကိုပြောတာ၊ နေရဲ့သိပ်သည်းဆက တစ်ကုဗမီတာမှာ ၁၄၁၀ ကီလိုဂရမ်ရှိတယ် (ရေထက် ၄၁ ရာခိုင်နှုန်းပိုများတယ်)၊ အဲ့ဒီသိပ်သည်းဆပမာဏရှိတာကိုမှ မူလအချင်းဝက်ထက် အဆ ၅၀၀ ရှိမယ်ဆိုရင် အလင်းတောင်ရုန်းမထွက်နိုင်ဘူး မလွတ်မြောက်နိုင်တော့လို့ သူကအဆိုပြုတာပေါ့။ ဒီနေရာမှာ ရုန်းထွက်တယ်၊ လွတ်မြောက်တယ်ဆိုတာကို အရင်ရှင်းပြဖို့လိုသေးတယ်၊ ဂြိုဟ်တစ်စင်းရဲ့ဒြပ်ဆွဲစက်ကွင်းကနေ လွတ်မြောက်ချင်တယ်ဆိုရင် လုံလောက်တဲ့အလျင်ရှိရမယ်၊ ဂြိုဟ်တစ်စင်းချင်းစီမှာ သူတို့ရဲ့ကိုယ်ပိုင်ဒြပ်ထုအလိုက် မျက်နှာပြင်ကနေ လွတ်မြောက်အလျင်တစ်ခုစီရှိကြတယ်၊ ကမ္ဘာရဲ့လွတ်မြောက်အလျင်က တစ်နာရီမိုင် ၂၅၀၀၀ လောက်ရှိတယ်၊ နေရဲ့လွတ်မြောက်အလျင်က တစ်နာရီကို မိုင် ၁၄ သိန်းလောက်ရှိတယ်။ အဲ့ဒီလို ဒြပ်ဆွဲစက်ကွင်းအားပြင်းတဲ့ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ကနေ ထွက်ခွာဖို့ တစ်နည်း ဒြပ်ဆွဲစက်ကွင်းကနေ အပြီးတိုင်လွတ်မြောက်ဖို့ဆိုရင် အဲ့ဒီလိုများပြားတဲ့ အလျင်ပမာဏရှိရမယ်၊ ကမ္ဘာ့ဆွဲအားကနေလွတ်မြောက်ချင်တဲ့ ဒုံးပျံတစ်စင်းဟာ အဲ့ဒီတစ်နာရီမိုင် ၂၅၀၀၀ အလျင်ရှိမှသာ ကမ္ဘာပတ်လမ်းကြောင်းကိုကျော်လွန်ပြီး အနန္တအထိ ခရီးနှင်နိုင်မှာ၊ အဲ့ဒီအလျင်သာမရှိဘူးဆိုရင် ကမ္ဘာရဲ့ဒြပ်ဆွဲစက်ကွင်းထဲမှာ ထာဝရပိတ်မိနေမှာပဲ (လွတ်မြောက်အလျင်အကြောင်းကို ပို့စ်တစ်ခုသက်သက်နဲ့ တင်ပေးပါမယ်)။ အဲ့ဒီလွတ်မြောက်အလျင်ကို v = √ ( 2GM / R ) ပုံသေနည်းနဲ့ တွက်ချက်ရတာ.. G က ဒြပ်ဆွဲကိန်းသေဖြစ်လို့ ဒီတိုင်းထားမယ်။ ဒြပ်ထု Mနေရာမှာ သိပ်သည်းဆပုံသေနည်း M = ρV = 4ρπR^3 / 3 ပုံသေနည်းကို အစားသွင်းတွက်ချက်မယ်၊ အဲ့ဒါဆိုရင်တော့ ဂျွန်မစ်ချယ်ရဲ့…
နေဆီကအလင်းရောင် တစ်နည်း ဖိုတွန်အမှုန်တွေဟာ နေရဲ့မျက်နှာပြင်ကနေ ကမ္ဘာကိုရောက်ရှိဖို့အတွက် အချိန် ၈ မိနစ်ခန့် ယူရတယ်။ ကျွန်တော်တို့မြင်တွေ့နေရတဲ့နေက အခုတည်ရှိနေတဲ့နေမဟုတ်၊ လွန်ခဲ့တဲ့ (၈) မိနစ်က နေသာဖြစ်တယ်။ ဒါကအလင်းအလျင်ဖြစ်တဲ့ တစ်စက္ကန့်ကို ကီလိုမီတာ၃သိန်းနှုန်းနဲ့ တွက်ချက်ထားတာ။ ဒါပေမယ့် အံ့ဩစရာတစ်ခုကောင်းတာကတော့ ဖိုတွန်တစ်လုံးဟာ နေရဲ့မျက်နှာပြင်ကနေ ကမ္ဘာဆီရောက်ဖို့ ၈မိနစ်ပဲ အချိန်ယူရပေမယ့် နေရဲ့ဝတ်ဆံကနေ မျက်နှာပြင်ဆီကိုရောက်ရှိဖို့တော့ နှစ်သိန်းချီကြာမြင့်တယ်။ ဘာကြောင့်လဲ။? တော်တော်များများ သိသလိုပါပဲ၊ ဖိုတွန်တွေကို နေရဲ့ဝတ်ဆံထဲမှာ စတင်ထုတ်လုပ်တယ်။ ၁၅ သန်းဒီဂရီဆဲလ်စီးယပ်စ်ရှိတဲ့အပူချိန်နဲ့ ကမ္ဘာ့လေဖိအားထက် အဆဘီလီယံချီများတဲ့ဓါတ်ငွေ့ဖိအားက နေမှာရှိတဲ့ဟိုက်ဒြိုဂျင်တွေ ဟီလီယမ်တွေကို နယူကလိယပေါင်းစပ်တာပြုလုပ်ဖို့ အထောက်အကူပြုတယ်။ ဟိုက်ဒြိုဂျင်အက်တမ်တစ်လုံးဟာ တစ်ခြားဟိုက်ဒြိုဂျင်အက်တမ်တစ်လုံးနဲ့ ဝင်တိုက်ပေါင်းစပ်ပြီး ဒယူတာရီယမ် (ဟိုက်ဒြိုဂျင်အိုင်ဆိုတုပ်တစ်မျိုး) အက်တမ်တစ်လုံး၊ နယူထရီနိုတစ်လုံးနဲ့ ပိုစီထရွန်တစ်လုံးကို ဖြစ်စေတယ်။ အဲ့ဒီဒယူတာရီယမ်အက်တမ်က တစ်ခြားဟိုက်ဒြိုဂျင်အက်တမ်နဲ့ ထပ်တိုက်တဲ့အခါ ဟီလီယမ်-၃ နယူကလီးယပ်စ် (ဟီလီယမ်အိုင်ဆိုတုပ်တစ်မျိုး) နဲ့ ဂမ်မာရောင်ခြည်ကို ထုတ်ပေးတယ်။ ဟီလီယမ်-၃ နယူကလီးယပ်စ် (၂) ခု ဝင်တိုက်တဲ့အခါကျတော့ ဟီလီယမ်ဒြပ်စင်နဲ့ ပရိုတွန် (၂) လုံးကို ထုတ်ပေးတယ်။ ထွက်လာတဲ့ပရိုတွန်တွေက ခုနကပေါင်းစပ်ဓါတ်ပြုတာကို ဆင့်ကဲဖြစ်ပေါ်စေတယ်။ ပရိုတွန်-ပရိုတွန်ဆင့်ကဲပေါင်းစပ်ခြင်း (Proton-Proton Chain) ဆိုတဲ့ ဒီ နယူကလိယဖြစ်စဉ်က နေရဲ့ စွမ်းအင်ထုတ်လုပ်မှုရဲ့ အဓိကအကြောင်းရင်းပါပဲ။ တစ်ခြား လေးလံတဲ့ အက်တမ်တွေရဲ့ နယူကလိယပေါင်းစပ်ခြင်းလဲ နေမှာဖြစ်နိုင်ပေမယ့် ပရိုတွန်ပေါင်းစပ်ဓါတ်ပြုတာလောက်တော့ အဓိကမဟုတ်ဘူး(နက္ခတ္တဗေဒမှာ ဟီလီယမ်ထက်ကြီးတဲ့ ဒြပ်စင်တိုင်းကို လေးလံတဲ့ဒြပ်စင်လို့ အဓိပ္ပာယ်သတ်မှတ်တယ်)။ ပရိုတွန်ဆင့်ကဲပေါင်းစပ်ခြင်းထဲက ထုတ်ပေးတဲ့ ဂမ်မာရောင်ခြည်ဆိုတာ စွမ်းအင်မြင့်ဖိုတွန်ကိုဆိုလိုတယ်။ ပိုစီထရွန်ကတော့ ကြာကြာမတည်မြဲဘဲ…
Click To Read Part 1 မားစ်ဂြိုလ်နဲ့ သူ့ရဲ့အလားအလာ ၂၄.၆ နာရီကြာမြင့်တဲ့နေ့တာ၊ ၂၅ ဒီဂရီတိမ်းစောင်းနေတဲ့ လည်ပတ်ဝင်ရိုး၊ သံနဲ့ နီကယ်အများစုဖွဲ့စည်းထားတဲ့ ဂြိုဟ်ဝတ်ဆံ၊ ရာသီဥတုပြောင်းလဲနိုင်ခြင်း စတဲ့အချက်တွေကြောင့် မားစ်ဂြိုလ်ဟာ ကျွန်တော်တို့ကမ္ဘာနဲ့အတော်ကို ဆင်တူနေတယ်။ ကမ္ဘာနဲ့နီးကပ်နေတဲ့ ကျောက်သားဂြိုဟ်တစ်စင်းဖြစ်နေတာကြောင့်လည်း လေ့လာရပိုလွယ်ကူစေပါတယ်။ ဒီလိုအချက်တွေကြောင့် ဂြိုဟ်နီကြီးဟာ ပြင်ပသက်ရှိဖြစ်တည်မှုအကြောင်းစူးစမ်းလေ့လာရာမှာ ဦးစားပေးအနေနဲ့ တည်ရှိနေတာပါ။ ဒီဂြိုဟ်ဟာ ပါးလွှာတဲ့လေထုကြောင့် နေကလာတဲ့အပူစွမ်းအင်ကို အကြာကြီးမထိန်းသိမ်းနိုင်ဘဲ ဂြိုဟ်အပြင်ကို အလွယ်တကူလွတ်မြောက်သွားစေတယ်။ လေထုက ဖန်လုံအိမ်အာနိသင်ကို ထောက်ပံ့မပေးနိုင်တဲ့အတွက် ဂြိုဟ်ရဲ့အပူချိန်က အတက်အကျကြီးမားပါတယ်။ တိုင်းတာမှုတွေအရ အမြင့်ဆုံး၂၀ ဒီဂရီဆဲလ်စီးယပ်စ်ကနေ အနိမ့်ဆုံး အနုတ်အောက် ၁၅၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ အပူချိန်ကွာခြားတယ်။ လေထုဖိအားလည်း အရမ်းနည်းပြီး ရေကအရည်အခြေအနေအဖြစ် မတည်ရှိနိုင်ဘူး။ (ရေဆိုတာ ဓါတုဒြပ်ပေါင်းတွေပျော်ဝင်တဲ့ ပျော်ရည်တစ်ခုအဖြစ် လုပ်ဆောင်ပြီး ဓာတ်ပစ္စည်းတွေကို သက်ရှိခန္ဓာကိုယ်ထဲ ရောက်ရှိစေတယ်။ ဓာတုဓာတ်ပြုမှုတွေကလည်း ရေထဲမှာ အလွယ်တကူ ဖြစ်နိုင်တယ်။ ရေခဲမှာကျတော့ မော်လီကျူးတည်ဆောက်ပုံအရ ဓာတ်ပစ္စည်းတွေ မပျော်ဝင်နိုင်တဲ့အပြင် ဓာတုပေါင်းစပ်ဓာတ်ပြုခြင်းတွေလည်း လွယ်လွယ်ကူကူမဖြစ်နိုင်တော့ဘူး။) နောက်ပြီး အားကောင်းတဲ့ သံလိုက်စက်ကွင်းမရှိတဲ့အတွက် ဆိုလာဝင်း (Solar Wind) တွေကနေ ဂြိုဟ်ကိုအကာအကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် နေကလာတဲ့ ရောင်ခြည်တွေက ဂြိုဟ်ပေါ်က သက်ရှိတိုင်းကို ဖျက်စီးပစ်မှာပါပဲ။ ခြုံငုံသုံးသပ်ရရင်တော့ လက်ရှိအချိန်မှာ မားစ်ဟာ သက်ရှိတွေအတွက် သင့်တော်တဲ့နေရာတစ်ခုတော့မဟုတ်ပါဘူး။ (ရရှိထားတဲ့အချက်အလက်ကိုပဲ အခြေခံထားတာဖြစ်လို့ ရာခိုင်နှုန်းပြည့်တော့ မပြောနိုင်ဘူးပေါ့) ဒါပေမယ့် ဟိုးအတိတ်ကာလတစ်ချိန်မှာ သက်ရှိဖြစ်တည်နိုင်ခဲ့လားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းပဲ။ ဒီလိုမျိုး မားစ်ရဲ့အတိတ်ကာလသက်ရှိဖြစ်တည်မှုနဲ့ပက်သက်ပြီး ကျွန်တော်စသတိထားမိခဲ့တာကတော့ Ice Age…
“သက်ရှိ”ဆိုတာကို သိပ္ပံဘာသာရပ်မှာ အချက် (၄) ချက်နဲ့ အဓိကထားပြီး သတ်မှတ်ပါတယ်(ထပ်မံဖြည့်စွက်ထားတာတွေလည်း ရှိချင်ရှိမှာပါ)။ – သက်ရှိတိုင်းဟာ ရွေ့လျားလှုပ်ရှားနိုင်ရမယ်။ – သက်ရောက်မှုတွေကို တုံ့ပြန်နိုင်ရမယ်။ – မျိုးပွားနိုင်ရမယ်။ – မိမိတို့ရှင်သန်ရာပတ်ဝန်းကျင်နဲ့ အပြန်အလှန် အမှီသဟဲပြုမှုရှိရမယ်။ အထက်ပါအချက် (၄) ချက်အရ အဆင့်အမြင့်ဆုံး၊ ဒီအင်န်အေ(DNA) တည်ဆောက်ပုံအရှုပ်ထွေးဆုံး လူသားမျိုးစိတ်ကနေစပြီး စိမ်းပြာရေညှိလို့ခေါ်တဲ့ ရိုးရှင်းတဲ့ ဆဲလ်တစ်လုံးရှိသတ္တဝါ (Cyanobacteria) ဆိုင်ယာနိုဘက်တီးရီးယားတွေအထိ သက်ရှိဖြစ်ပါတယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်နိုင်ပါတယ်။ ကျယ်ပြောတဲ့စကြဝဠာကြီးထဲမှာ သက်ရှိဖြစ်တည်မှုရှာဖွေတယ်ဆိုတာဟာ အပေါ်မှာရှင်းပြခဲ့တဲ့ အချက် (၄) ချက်နဲ့ကိုက်ညီမယ့်အရာကို ဦးတည်ရှာဖွေရတာပါပဲ။ အဲ့ဒီအခါမှာ ဂြိုဟ်သားဆိုတာရှိနိုင်လား၊မရှိနိုင်ဘူးလားဆိုတာထက် သက်ရှိတွေ ရှိနိုင်သေးလားမရှိတော့ဘူးလား ဆိုတာကသာ သိပ္ပံနည်းလမ်းပိုကျပါတယ်။ နေအဖွဲ့အစည်းအတွင်း လေ့လာမှုတွေ ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိဖြစ်တည်မှုကို လေ့လာမယ်ဆိုရင်တော့ နေအဖွဲ့အစည်းဟာ လက်ရှိနည်းပညာအရ ကျွန်တော်တို့အတွက် အနီးစပ်ဆုံးနဲ့ ဖြစ်နိုင်ချေအရှိဆုံးပါပဲ။ တယ်လီစကုပ်တွေရဲ့ အကန့်အသတ်ရှိ ထောက်လှမ်းနိုင်တဲ့စွမ်းအားတွေ ၊ နေအဖွဲ့အစည်းအပေါ် ကျွန်တော်တို့ရဲ့ ကျယ်ကျယ်ပြန့်ပြန့်နားလည်မှုတွေ ၊ သက်ရှိတွေသာ ဖြစ်တည်နေမယ်ဆိုရင် လူသားမျိုးစိတ်နဲ့ လွယ်ကူစွာဆက်သွယ်နိုင်တာ.. အစရှိတဲ့ အားသာချက်တွေရှိနေတဲ့အတွက် နေအဖွဲ့အစည်းအတွင်းက အာကာသဒြပ်ထည်တွေဟာ ကျွန်တော်တို့အတွက် လေ့လာချင်စရာ ရတနာသိုက်တစ်ခုလို ဖြစ်နေပါတယ်။ ဒီလိုမျိုး သက်ရှိဖြစ်ထွန်းနိုင်ချေရှိတဲ့ အရာတွေထဲမှာ မားစ်လို ကျောက်သားဂြိုဟ်တွေ၊ တိုက်တန်လို ဓါတ်ငွေ့ဘီလူးကြီးတွေရဲ့ ဂြိုဟ်ရံလတွေ၊ ဂြိုဟ်ပဲ့ခါးပတ်ကွင်းထဲက ဂြိုဟ်သိမ်တွေ ဥက္ကာခဲတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေကြပါတယ်။ မာကျူရီဂြိုဟ်နဲ့ ဗီးနပ်စ်ဂြိုဟ်တို့ဟာ နေနဲ့အနီးဆုံးဖြစ်နေတဲ့အတွက် အရမ်းမြင့်တဲ့ အပူချိန်ကိုခံစားရပါတယ်။ အားနည်းတဲ့သံလိုက်စက်ကွင်းကိုပဲ ပိုင်ဆိုင်ထားတဲ့အတွက် နေကလာတဲ့ရေဒီယိုသတ္တိကြွရောင်ခြည်တွေကို ကာကွယ်မပေးနိုင်ပါဘူး…
အင်္ဂလန်နိုင်ငံ Sussex တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ခုဟာ သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသားများလိင်မှုအထွတ်အထိပ်ရောက်စေနိုင်မယ့် ညီမျှခြင်းတစ်ခုကို ထုတ်ဖော်တွေ့ရှိခဲ့ပါတယ်။ ”ဇီဝကမ္မဗေဒနဲ့ စိတ်ပညာသုတေသနအချက်အလက်တွေအပေါ်အခြေခံပြီး အမျိုးသားတွေစိတ်ကျေနပ်မှုရစေမယ့် နည်းလမ်းတစ်ခု ဒါမှမဟုတ် အောင်မြင်တဲ့လိင်ဆက်ဆံမှုရဲ့ စံမော်ဒယ်တစ်ခုကို ကျွန်တော်တို့ရှာတွေ့ခဲ့တယ်။ လိင်မှုကိစ္စအတွက် သင်္ချာညီမျှခြင်းတစ်ခုထုတ်ဖော်တယ်ဆိုတာ သမိုင်းမှာ ဒါကပထမဆုံးအကြိမ်ပါပဲ။” လို့ ဦးဆောင်သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ Konstantin Blyuss ကဆိုပါတယ်။ အမျိုးသားများ လိင်ဆက်ဆံမှုအကြိမ်အရေအတွက်ရဲ့ ၅ ရာခိုင်နှုန်းဟာ ပျမ်းမျှအားဖြင့် သုတ်လွှတ်နိုင်လေ့မရှိကြပါဘူး။ အကြိမ် ၂၀ မှာ တစ်ကြိမ်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလိုကျရှုံးမှုမျိုးဟာ ဆက်ဆံဖော်အမျိုးသမီးကို စိတ်ပျက်စေနိုင်သလို ကိုယ်ဝန်ရယူဖို့ ကြိုးစားနေတဲ့အချိန်မှာလည်း ကသိကအောက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့တွေ့ရှိချက်ဟာ လိင်ဆက်ဆံရာမှာ မူမမှန်တဲ့ပြဿနာတွေအတွက် ကုထုံးတစ်ခုဖော်ထုတ်တဲ့အခါ အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုရှိလာမယ်လို့ မျှော်လင့်မိကြောင်း သူကဆိုပါတယ်။ သုတေသနစာတမ်းမှာ ဖော်ပြထားချက်အရ သူတို့ဟာ အမျိုးသားရဲ့ရုပ်ပိုင်းဆိုင်ရာလိင်ခံစားမှုကို အရင်တိုင်းတာကြည့်ပါတယ်။ (ဥပမာ – တစ်ကနေ တစ်ရာအထိ ရာခိုင်နှုန်းသတ်မှတ်တာမျိုး။) ဒီတိုင်းတာချက်ပမာဏကို လိင်မှုကိစ္စရဲ့ လှုံ့ဆော်နိုင်တဲ့ပမာဏနဲ့ မြှောက်ပါတယ်။ အဲ့ဒီမြှောက်လဒ်ထဲကမှ စိတ်ပိုင်းဆိုင်ရာလိင်ခံစားမှုပမာဏကို ပြန်နှုတ်တာမျိုးပါ။ အဲ့ကရလာတဲ့ နောက်ဆုံးရလဒ်ဟာ အမျိုးသားရဲ့ လိင်မှုကိစ္စအောင်မြင်နိုင်ချေကို ဖော်ပြခြင်းပဲဖြစ်ပါတယ်။ ဒီဖော်မြူလာအရ အမျိုးသားများသုတ်မလွှတ်နိုင်တဲ့ပြဿနာ(လိင်ကိစ္စမပြီးမြောက်ရခြင်း)ဟာ စိတ်ပိုင်းဆိုင်ရာလိင်ခံစားမှု လုံလောက်မှုမရှိလို့ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလိင်ခံစားမှု (တစ်နည်း) လိင်မှုကိစ္စအပေါ် ခန္ဓာကိုယ်ရဲ့လိုလားမှု ဘယ်လောက်ပဲများနေပါစေ၊ စိတ်ပိုင်းဆိုင်ရာလိင်ခံစားမှု(ထန်တာ) မရှိဘူးဆိုရင် သုတ်လွှတ်နိုင်မှာမဟုတ်တော့ပါဘူး။ (ရုပ်ပိုင်းဆိုင်ရာခံစားမှုဆိုတာကတော့ ဆက်ဆံချိန်အတွင်း ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုဆိုလိုတာပါ။ ဒီထဲမှာ ကျားအင်္ဂါကို သွေးလွှတ်မှုအားကောင်းခြင်း၊ လိင်တံထောင်မတ်ခြင်းစတဲ့ လက္ခဏာတွေပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာလိင်ခံစားမှုဆိုတာကတော့ လိင်ကိစ္စအပေါ် စိတ်ပါဝင်စားမှုများခြင်း (တစ်နည်း) ထန်ခြင်းကို ဆိုလိုပါတယ်။)…
အသက် (၆၅) နှစ်အရွယ် အမည်မဖော်လိုတဲ့ ဂျပန်အမျိုးသမီးတစ်ယောက်ဟာ မိမိကိုယ်ကိုယ် အာကာသယာဉ်မှူးလို့ သုံးနှုန်းထားသူ ရုရှားအမျိုးသားတစ်ယောက်ရဲ့ လိမ်လည်ခြင်းကိုခံခဲ့ရပါတယ်။ ရုရှားအာကာသယာဉ်မှူး အမည်ခံအမျိုးသားဟာ အာကာသစခန်းကနေ ကမ္ဘာမြေကိုပြန်လာဖို့အတွက် ငွေကြေးလိုအပ်တယ်ဆိုပြီး ယန်း ၄.၄ သန်းကို လိမ်လည်ခဲ့တာပါ။ အဆိုပါအမျိုးသားနဲ့ ဂျပန်အမျိုးသမီးတို့ဟာ အင်စတာဂရမ်မှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၂၂ ဇွန်လမှာ စတင်စကားပြောဆိုခဲ့ကြပါတယ်။ လိမ်လည်သူအမျိုးသားရဲ့ အကောင့်ဟာ အာကာသစခန်းပုံရိပ်တွေနဲ့ပြည့်နှက်နေခဲ့တာဖြစ်ပြီး မိမိကိုယ်ကိုယ် အာကာသယာဉ်မှူးလို့ ဂျပန်အမျိုးသမီးကို အယုံသွင်းနိုင်ခဲ့တယ်လို့ ဂျပန်သတင်းစာ အဆာဟိ (Asahi) ကနေ ဖော်ပြခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ အင်စတာဂရမ်မှာ ရင်းနီးပြီးသွားတဲ့နောက် Line Messaging App ကနေတဆင့် ထပ်မံဆက်သွယ်နေခဲ့ကြတာပါ။ မကြာမီမှာပဲ အမျိုးသားဟာ လိမ်လည်ခံအမျိုးသမီးကို ချစ်မိသွားကြောင်း၊ ဂျပန်မှာ နှစ်ကိုယ်တူဘဝတစ်ခု တည်ဆောက်ဖို့အတွက် ကမ္ဘာမြေကို ပြန်လာချင်ကြောင်း ထိုကဲ့သို့ပြန်လာဖို့အတွက် ဒုံးပျံဝယ်ယူစရိတ်နဲ့ ဆင်းသက်ခငွေကြေးလိုအပ်ကြောင်း စတင်လိမ်လည်ပါတော့တယ်။ (Asahi သတင်းစာရဲ့ ဖော်ပြချက်အရ လိမ်လည်သူဟာ အမျိုးသမီးကို ”ဒီစကားကို အကြိမ် ၁၀၀၀ မကပြောရမယ်ဆိုရင်တောင် ငါ့အနေနဲ့ ထပ်ပြောမိနေဦးမယ်။ ငါမင်းကိုချစ်မိနေပြီ” ဆိုပြီး စတင်အယုံသွင်းခဲ့တာပါ။) အယုံလွယ်မိတဲ့ ဂျပန်အမျိုးသမီးကလည်း ဩဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာ ၅ ရက်အတွင်း ယန်း ၄.၄ သန်းကို သူမရဲ့ခင်ပွန်းလောင်းဆီ ငါးကြိမ်ခွဲပြီး ပေးပို့ခဲ့ပါတယ်။ သူမရဲ့စိတ်ထဲမှာ ရုရှားအာကာသယာဉ်မှူး အမျိုးသားဟာ သူမကို တကယ်လက်ထပ်လာလိမ့်မယ်လို့ ထင်ယောင်နေခဲ့မိပါတယ်။ အဲ့တာကြောင့် သူမတို့ ၂ ယောက်ရဲ့ ချစ်ခရီးလမ်းကြောင်းစတင်နိုင်ဖို့အတွက်…