Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»Second Law of Thermodynamics (သာမိုဒိုင်းနမစ်ဒုတိယနိယာမ)
    Uncategorized

    Second Law of Thermodynamics (သာမိုဒိုင်းနမစ်ဒုတိယနိယာမ)

    Julian Htet AungBy Julian Htet AungOctober 19, 2023Updated:March 3, 2024No Comments2 Mins Read
    Second Law of Thermodynamics (သာမိုဒိုင်းနမစ်ဒုတိယနိယာမ)
    Share
    Facebook Email Telegram

    Second Law of Thermodynamics (သာမိုဒိုင်းနမစ်ဒုတိယနိယာမ)

    (သာမိုဒိုင်းနမစ်စနစ်ဖွင့်ဆိုချက်၊ အင်ဂျင်ဖွင့်ဆိုချက် – Engine Statement၊ ကယ်လ်ဗင်ပလန့်ခ်ဖွင့်ဆိုချက် – Kelvin-Planck Statement)

    အပူအင်ဂျင်တွေဆိုတာ သူတို့ဆီဝင်လာတဲ့ အပူစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ သာမိုဒိုင်းနမစ်စနစ်တွေပါ။ အလုပ်လုပ်ပုံအရ အပူချိန်များရင်းမြစ် ( Hot Reservoir ) တစ်ခုကနေ အင်ဂျင်ဆီကို အပူစွမ်းအင်တွေ ပို့လွှတ်ပေးမယ်၊ အဲ့ဒီအပူတွေရဲ့ တစိတ်တပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် အင်ဂျင်ကပြောင်းလဲပေးလိုက်မယ်၊ ကျန်တဲ့အပူစွမ်းအင်တွေ အားလုံးကတော့ အပူချိန်နည်းရင်းမြစ် (Cold Reservoir) ဆီကို စီးဆင်းသွားလိမ့်မယ်။ ဒီလိုလုပ်ဆောင်ပုံက ထပ်ခါတလဲလဲဖြစ်ပေါ်ပြီး အင်ဂျင်ကို လည်ပတ်လှုပ်ရှား‌စေတယ်။

    ရေနွေးငွေ့အင်ဂျင်တွေမှာဆိုရင် လောင်ကျွမ်းနေတဲ့ မီးတောက်တွေ၊ ရေနွေးငွေ့တွေက အပူချိန်များ ရင်းမြစ်အဖြစ် လုပ်ဆောင်ပေးကြတယ်။ အအေးခံတဲ့ရေနဲ့ ပြင်ပလေကတော့ အပူချိန်နည်းရင်းမြစ်ကို ကိုယ်စားပြုတယ်။ အဲ့တော့ အပူချိန်များ ရင်းမြစ် မီးတောက်တွေဆီက အပူစွမ်းအင်တွေဟာ ရေနွေးငွေ့အင်ဂျင်ဆီကို စီးဆင်းသွားမယ်၊ ရေနွေးငွေ့အင်ဂျင်က အဲ့ဒီအပူစွမ်းအင်ရဲ့ တစိတ်တပိုင်းကို အလုပ်ပြီးမြောက်မှု (ပစ်စတင်အတက်အကျ) အဖြစ် ပြောင်းလဲပေးမယ်၊ ကျန်တဲ့ အပူစွမ်းအင်အားလုံးကိုတော့ အပူချိန်နည်းရင်းမြစ်ဖြစ်တဲ့ အအေးခံရေတွေ၊ ပြင်ပလေတွေဆီ စီးဆင်းသွားစေမယ်၊ ဒီလိုဖြစ်ရပ်က စည်းချက်ကျကျထပ်ခါတလဲလဲဖြစ်နေပြီး အင်ဂျင်ကိုလည်ပတ်လှုပ်ရှားစေတယ်။

    လူသားတွေရဲ့ခန္ဓာကိုယ်မှာဆိုရင် ဆဲလ်တွေရဲ့ အတွင်းထဲက မိုက်တိုခွန်ဒရီးယား (Mitochondria) က ဂလူးကို့စ် (Glucose) ကို ဖြိုခွဲပြီး အပူစွမ်းအင်ကို ထုတ်ပေးတယ်၊ အဲ့တော့ မိုက်တိုခွန်ဒရီးယား (ဒါမှမဟုတ်) ဂလူးကို့စ်ဟာ အပူချိန်များရင်းမြစ်ဖြစ်တယ်လို့ ယူဆလို့ရတယ်၊ သူတို့ဆီကလာတဲ့ အပူစွမ်းအင်တွေက ကြွက်သား တစ်သျှူးတွေဆီကို စီးဆင်းသွားမယ်၊ ကြွက်သားတွေက ရွေ့လျားလှုပ်ရှားကြရင်း အဲ့ဒီ အပူစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲပေးမယ်၊ ကျန်တဲ့ အပူအားလုံးကတော့ အပူချိန်နည်းရင်းမြစ်ဖြစ်တဲ့ ‌ပြင်ပလေထုထဲကို စီးဆင်းသွားမယ်။ ဒီဖြစ်ရပ်ဟာ ထပ်ခါတလဲလဲဖြစ်ပေါ်နေပြီး လူသားတွေကိုရှင်သန်စေတယ်။

    အင်ဂျင်တစ်ခုစွမ်းဆောင်ရည်ကောင်းခြင်း၊ မကောင်းခြင်းဟာ သူ့ဆီဝင်လာတဲ့ အပူစွမ်းအင်ကို အလုပ်ပြီးမြောက်မှုအဖြစ် ဘယ်လောက်ပမာဏအထိ ပြောင်းလဲပေးနိုင်သလဲဆိုတဲ့ အချက်အပေါ် မူတည်တယ်။ အလုပ်ပြီးမြောက်မှုအဖြစ် များများပြောင်းလဲပေးနိုင်လေလေ စွမ်းဆောင်ရည်ကောင်းလေလေပဲ၊ နည်းနည်းပဲပြောင်းလဲပေးနိုင်တယ်ဆိုရင်တော့ စွမ်းဆောင်ရည်နည်းမှာပေါ့။ ဥပမာဆိုပါစို့၊ အင်ဂျင်တစ်လုံးဆီကို အပူစွမ်းအင် 100 J ပမာဏဝင်လာမယ်၊ အဲ့ဒီထဲက 60 J ကို အလုပ်ပြီးမြောက်မှုအဖြစ် အင်ဂျင်ကပြောင်းလဲပေးလိုက်မယ်၊ ဒါဆိုရင် အင်ဂျင်ဟာ စွမ်းဆောင်ရည် ၆၀% ရှိတယ်လို့ ပြောလို့ရတယ် (၁၀၀ ထဲက ၆၀ ကို အလုပ်အဖြစ်ပြောင်းပေးနိုင်လို့)။ နောက်အင်ဂျင်တစ်ခုကတော့ အဲ့ဒီအပူစွမ်းအင် 100 J ထဲက 40 J ပမာဏကိုပဲ ပြောင်းလဲပေးနိုင်မယ်ဆိုပါစို့၊ ဒါဆိုရင်တော့ သူဟာ စွမ်းဆောင်ရည် ၄၀% ပဲရှိတယ် (၁၀၀ ထဲက ၄၀ ကိုပဲ အလုပ်အဖြစ်ပြောင်းပေးနိုင်လို့)။ တကယ်တော့ စွမ်းဆောင်ရည်ဆိုတာ ဘယ်လောက်ပေးပြီး ဘယ်လောက်ပြန်ရသလဲဆိုတာနဲ့ ဆင်တူတယ်။ ကိုယ်က စွမ်းအင် ၁၀၀ ပေးလိုက်မယ် ဒါပေမဲ့ အလုပ်ပြီးမြောက်မှု ၅၀ လောက်ပဲ ပြန်ရလာမယ်၊

    ၅၀ လောက်ပဲရှိတဲ့  စွမ်းဆောင်ရည်ကောင်းဖို့ ဆိုရင်တော့ အဲ့ဒီ ၅၀ ထက်ပိုရအောင် ကြိုးစားရမယ်၊ ပြောရရင် ရနိုင်သလောက် ပြန်ယူနိုင်ရမယ်ပေါ့။

    အဲ့တော့ မေးစရာရှိတာက အင်ဂျင်တွေ၊ စနစ်တွေက စွမ်းအင်အားလုံးကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲမပေးနိုင်ဘူးလား။ 

    သာမိုဒိုင်းနမစ်ဒုတိယနိယာမရဲ့ အရိုးရှင်းဆုံးဖွင့်ဆိုချက်က

     ”ဘယ်လိုသာမိုဒိုင်းနမစ် စနစ်ကမှ စွမ်းအင်အားလုံးကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲမပေးနိုင်ဘူး ၊ စွမ်းဆောင်ရည် ၁၀၀% ရှိတဲ့အင်ဂျင်ဆိုတာလဲ ဘယ်တော့မှဖြစ်မလာနိုင်ဘူး” ။

    ဒီဖွင့်ဆိုချက်အရ ကျွန်တော်တို့အနေနဲ့ စွမ်းအင်ရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ အသုံးချလို့ရနိုင်တယ်၊ စွမ်းအင်အားလုံးကို အသုံးချဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သဘာဝတရားကြီးက ကျွန်တော်တို့ကို စွမ်းအင်အလျှံအပယ်ပေးထားတယ်ဆိုရင်တောင် အဲ့ဒီအလျှံအပယ်ရဲ့အကန့်အသတ်ကိုပဲ ထိန်းချုပ်ခွင့်ရှိတယ်၊ အားလုံးကိုထိန်းချုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

    ရေအားလျှပ်စစ်ထုတ်စက်ရုံတွေဟာ ဆည်ထဲက‌ ရေရဲ့ အတည်စွမ်းအင်အားလုံးကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲမပေးနိုင်ဘူး။ လေအားလျှပ်စစ်ထုတ် တာဘိုင်တွေကလဲ လေရဲ့အရွေ့စွမ်းအင်အားလုံးကို လျှပ်စစ်စွမ်းအင်ဖြစ်လာအောင် စွမ်းဆောင်မပေးနိုင်ဘူး။ ဆိုလာပြားတွေအတွက်လဲ အလင်းအားလုံးကို လျှပ်စစ်ဓါတ်အားအဖြစ်ပြောင်းပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရဲ့ သက်ရှိခန္ဓာကိုယ် ကိုယ်တိုင်ကတောင် စွမ်းအင်အားလုံးကို လိုသလို မထိန်းချုပ်နိုင်ဘူး (ဇီဝရုပ်ဖြစ်ပျက်မှုကထွက်လာတဲ့ စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ ဆဲလ်ကွဲပွားဝာာတွေ၊ သွေးပို့လွှတ်တာတွေ၊ တခြားလုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုနိုင်တယ်၊ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက အရေပြားကနေတစ်ဆင့် ပြင်ပလေထုထဲကို အပူအဖြစ် အဆီးအတားမရှိ စီးဆင်းသွားတယ်)။

    ယုတ္တိကျကျတွေးကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ဒီ အသုံးချမှုပုံစံကို လက်ပိုက်ကြည့်နေကြမှာတော့ မဟုတ်ဘူး၊ အရာရာ လောဘကြီးတဲ့ လူသားထုအနေနဲ့ စွမ်းအင်အားလုံးကို အသုံးချနိုင်ဖို့ကြိုးစားကြမှာပဲ။

    အင်ဂျင်ရဲ့ လည်ပတ်တဲ့ အစိတ်အပိုင်းတွေအကြားမှာ ပွတ်အားတစ်ခုခုရှိနေရင် ပွတ်အားကြောင့် စွမ်းအင်လေလွင့်ရတယ်၊ ဒါကြောင့် ပွတ်အားမရှိအောင် ချောဆီတွေထည့်ပြီး ပြုပြင်ကြမယ်။ ရေအားလျှပ်စစ်စက်ရုံတွေမှာ တာဘိုင်ရဲ့ ဒီဇိုင်းက စွမ်းဆောင်ရည်ကို အများကြီး လွှမ်းမိုးတယ်၊ ဒါကြောင့် တာဘိုင်ရဲ့ဒီဇိုင်းကို စွမ်းဆောင်ရည်မြင့်အောင် တည်ဆောက်မယ်။ လေအားလျှပ်စစ်ထုတ်စက်တွေမှာလဲ လေအားရယူတဲ့ လေယက်တွေရဲ့ ဒီဇိုင်းကို စွမ်းဆောင်ရည်ပိုကောင်းလာအောင် ပြုပြင်ပြောင်းလဲမယ်။ ဆိုလာပြားတွေကိုလဲ ဒီထက်ပိုကောင်းလာအောင် လုပ်ဆောင်ကြမယ်။ နောက်ဆုံး ကျွန်တော်တို့ ခန္ဓာကိုယ်ကိုတောင် အပူကာပစ္စည်းတွေ တပ်ဆင်ပြီး စွမ်းအင်ကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးစားကြမယ် (ရူးကြောင်ကြောင်နိုင်ပေမဲ့)။

    ဘယ်လိုနည်းလမ်းတွေပဲ အသုံးပြုပါစေ၊ ကျွန်တော်တို့ အနေနဲ့ စွမ်းအင်ကို အပြည့်အဝရယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ နည်းပညာလိုအပ်ချက်ကြောင့် မဟုတ်ဘဲ သဘာဝတရားရဲ့ ကန့်သတ်ထားမှု၊ ဝာားမြစ်ထားမှုကြောင့်သာဖြစ်တယ်။သာမိုဒိုင်းနမစ်ပထမနိယာမက စွမ်းအင်တည်မြဲမှုကို ဖွင့်ဆိုတယ်၊ စွမ်းအင်ကို ဖန်တီးလို့မရသလို ဖျက်စီးလို့လဲမရဘူး၊ ၁၀၀ပေးရင် ၁၀၀ အတိုင်းပဲ အပိုအလို မရှိ ပြန်ထွက်လာရတယ်။ သာမိုဒိုင်းနမစ် ဒုတိယနိယာမကတော့ စွမ်းအင်ရရှိနိုင်မှု အတိုင်းအတာကို ဖွင့်ဆိုတယ်၊ ၁၀၀ ပေးလိုက်လို့ ၁၀၀ အတိုင်း ပြန်ထွက်လာတာ မှန်ပေမဲ့ အဲ့ဒီ ၁၀၀ လုံးကို ကျွန်တော်တို့အကျိုးအတွက် အသုံးမချနိုင်ဘူး၊ အဲ့ဒီ ၁၀၀ ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ အသုံးချနိုင်၊ ထိန်းချုပ်နိုင်တယ်။

    Written by – Julian Htet Aung

    Edited by – Mori

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Physics #Thermodynamics #Second_law #Engine_Statement #Kelvin_Planck_Statement #Article

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous ArticlePeriodic Table မှာ ဒြပ်စင်အသစ်တွေ ထပ်ထည့်လို့ ရနိုင်လား။
    Next Article Psyche Mission (သို့) ရှေးဟောင်းဂြိုဟ်သိမ်သို့ခရီး
    Julian Htet Aung

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.