Archives
Month: November 2023
မာကိုပိုလို (Marco Polo) ဆိုတဲ့ နာမည်ကို ငယ်ငယ်က သင်ရတဲ့ သမိုင်းမှာ မကြာခဏ မြင်ဖူးနေကျ ဖြစ်တာကြောင့် အားလုံးနဲ့ ရင်းနှီးဖြစ်သား ဖြစ်ပါလိမ့်မယ်။ သူဟာ ကုန်သည်အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူဖြစ်ပြီး တရုတ်နဲ့ စတင်ကုန်သွယ်တဲ့ ပထမဆုံး…
“နပိုလီယမ် တကယ်ပဲ အရပ်ပုသလား။”________________ကျွန်တော်တို့မှာ မတူညီတဲ့ ရှုထောင့်အမြင်တွေရှိတဲ့ အလျောက် သမိုင်းထဲက အထင်ကရ ပုဂ္ဂိုလ်တွေကိုလဲ အမျိုးမျိုးသော ပုံစံတွေနဲ့ မှတ်မိနေလေ့ရှိပါတယ်။ တချို့ပုဂ္ဂိုလ်တွေကတော့ ကောင်းမွန်တဲ့ ရှု့ထောင့်က မြင်ခံရတာ ရှိသလို (ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံရဲ့…
စိတ်ကူးယဉ်တယ်ဆိုတာ တကယ်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ စကားပြောတတ်စအရွယ်ကနေ အခုအချိန်ထိ စိတ်ကူးယဉ်ခဲ့ကြ၊ စိတ်ကူးယဉ်နေကြတာပါပဲ။ ကျွန်တော့်အနေနဲ့ “ငါဟာ အနာဂါတ်မှာ ရူပဗေဒပညာရှင်တစ်ယောက် ဖြစ်လာမယ်” လို့ အမြဲတမ်း စိတ်ကူးယဉ်တယ်။ ကျွန်တော့်အမေက “ငါ့သားသမီးတွေရဲ့ ဘဝတွေဟာ…
ငါးမန်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ မီလီယံဝန်းကျင်လောက်ကစပြီး ယနေ့ချိန်အထိ ကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားနေတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒိုင်နိုဆောမျိုးစိတ်ထက် နှစ်ပေါင်း ၂၀၀ မီလီယံခန့် သက်တမ်းပိုရင့်ပြီး လွန်ခဲ့တဲ့ နှစ် ၆၀ မီလီယံ ဝန်းကျင်က ဂြိုဟ်သိမ်ရဲ့…
နျူတန်ရဲ့ ဥပဒေသတွေ ဆိုတာ လောကထဲက ရွေ့လျားမှုတိုင်းနီးပါးကို ရှင်းပြနိုင်တယ်ဆိုပြီး နာမည်ကြီးကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ပြုလုပ်ထားတဲ့ လေ့လာမှုအသစ်တွေ အရတော့ ကြိုးပုံစံအမြီးနဲ့ စေးပျစ်တဲ့အရည်တွေထဲ ကူးခတ်နေကြတဲ့ “သုက်ကောင်”တွေဟာ နျူတန်ရဲ့ ရွေ့လျားမှုဆိုင်ရာ ဥပဒေသ သုံးရပ်ထဲက…
ကျွန်တော်တို့ တော်တော်များများဟာ မိုးရွာတဲ့အခါ မိုးခြိမ်းသံနဲ့ လျှပ်စီးလက်တာတွေကို မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ ငယ်ငယ်တုန်းကလဲ လျှပ်စီးလက်တာကို အရင်မြင်လိုက်ရပြီးတဲ့နောက် မိုးခြိမ်းသံကြားလိုက်တဲ့ အခါတွေမှာ ကြောက်လို့ နားပိတ်ထားတာတွေ၊ ပြေးပုန်းတာတွေမျိုးကိုလဲ လုပ်ဖူးကြမှာပါ။ ဆိုတော့ မိုးရွာတဲ့ အခါတွေမှာ မိုးခြိမ်းသံ…
လက်ရှိအင်တာနက်ပေါ်မှာ တွေ့နေရတဲ့ လာမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ စပြီး အောက်တိုဘာ ကာလအတွင်း နေမုန်တိုင်း တိုက်ခတ်မှုကြောင့် အင်တာနက်တွေ၊ လျှပ်စစ်မီးတွေ လချီ ပြတ်တောက်နိုင်တယ်ဆိုတဲ့ အကြောင်း စာဖတ်သူ အတော်များများလဲ တွေ့မိပါလိမ့်မယ်။ ဒီသတင်းအပေါ်…
ကျွန်တော်တို့ အားလုံး နေထိုင်ရာ ပတ်ဝန်းကျင်၊ ရှင်သန်ရာ ကမ္ဘာ၊ တည်ရှိရာ စကြာဝဠာကြီး တစ်ခုလုံးမှာ အသေးဆုံးဆိုတဲ့ အရာက ဘာလဲဆိုတာ စဉ်းစားမိကြဖူးလား။ အကယ်၍ တစ်ယောက်ယောက်ကရော ကိုယ့်ကို ဖြစ်နိုင်သမျှ အသေးတကာ့အသေးဆုံးအရာက…
လူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်ဖွံ့ဖြိုးနိုင်ကြဖို့အတွက် သိပ္ပံပညာကို အသုံးပြုပြီး လေ့လာရှာဖွေမှုတွေ၊ စမ်းသပ်မှုတွေ တစ်ခုပြီးတစ်ခု ယနေ့ထိတိုင် ပြုလုပ်လျက်ရှိကြပါတယ်။ သိပ္ပံလောကရဲ့ သမိုင်းမှာ ခမ်းနားကြီးကျယ်လှတဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ အောင်မြင်မှုတွေအများကြီး ရှိခဲ့တဲ့အပြင် အဲ့ဒါတွေထဲမှာ Apollo ၁၁…
ပြီးခဲ့တဲ့ ရက်ပိုင်းက ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်းရဲ့ အော့ပန်ဟိုင်းမား (Oppenheimer) ရုပ်ရှင် ဒစ်ဂျစ်တယ်အကြည်ထွက်လာလို့ ကြည့်လိုက်ရပါတယ်။ ခန့်မှန်းချေ အချိန် သုံးလေးလလောက် စောင့်ပြီးမှ ဒီလိုကားမျိုးကို ကွန်ပြူတာမော်နီတာ သေးသေးလေးနဲ့ ကြည့်လိုက်ရလို့ နည်းနည်း အောင့်သက်သက်…
ဘာသာရေးနှင့် သိပ္ပံ – အပိုင်း (၂) – အယ်ဒီတာ့အာဘော် ――――――― လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်က ဟိမဝန္တာတောင်ခြေက မထင်မရှားနိုင်ငံငယ်လေးတစ်ခုရဲ့ တော်ဝင်မင်းသားတစ်ပါးဟာ “ငါဟာ လောကကိုအကုန်အစင်သိမြင်နားလည်ခဲ့ပြီ၊ ဒါ့အပြင်…
လောကကြီးရဲ့ ဖွဲ့စည်းမှုတွေထဲမှာ စွမ်းအင်တွေဟာ အဓိကအနေနဲ့ ပါ၀င်နေပါတယ်။ ဒီစွမ်းအင်တွေဟာ စကြာ၀ဠာကြီး ဟန်ချက်ကျကျ လည်ပတ်နေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေလဲ ဖြစ်ပါတယ်။ စွမ်းအင်တွေကို အထူးပြုလေ့လာတဲ့ ဘာသာရပ်ကြီးတစ်ခုဖြစ်တဲ့ ရူပဗေဒမှာတော့ စွမ်းအင်ဆိုတာကို အလုပ်ပြီးမြောက်နိုင်စွမ်းလို့ ပြောထားပါတယ်။ အရပ်သုံးစကားအရဆိုရင်တော့…
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က အာကာသတွင်း တယ်လီစကုပ်တွေကနေ စွမ်းအင်ဖြင့် ဖိုတွန်တွေ သယ်ဆောင်လာတဲ့ အလင်းစီးကြောင်းတစ်ခု ကမ္ဘာကို လာရောက်ရိုက်ခတ်တာဖြစ်ပြီး အဲ့ဒီအလင်းရောင်စဉ်လှိုင်းတွေက ကမ္ဘာနဲ့ အလင်းနှစ် ၁.၉ ဘီလျံအကွာမှာ…
ဟိုးလွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ကမ္ဘာ့အရှေ့ဘက်ကျတဲ့ အခြမ်းနဲ့ အနောက်ဘက်ခြမ်း ဒေသတွေက အဆက်အစပ်မရှိကြဘူး။ ကုန်းမကြီး ဆက်နေသော်ငြား ဝေးလံခေါင်ဖျားလှတဲ့ ဒေသတွေကို ကျော်လွန်ပြီး ဘယ်ကုန်သည်ကမှ သီးခြား ထွက်ပြီး ကုန်သွယ်ရေးကို မလုပ်ကြ ..…
စိုက်ပျိုးရေးဆိုတာ ရှေးခေတ်ကတည်းကနေ ယနေ့ခေတ်အထိ လူနေမှုဘဝမှာ များစွာအကျိုးပြုနေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးနယ်ပယ်တွေဟာ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုနေကြပါတယ်။ စိုက်ပျိုးရေးနယ်ပယ်တွေထဲကမှ အော်ဂဲနစ်စိုက်ပျိုးရေးဟာ စိတ်ဝင်စားစရာကောင်းပြီးတော့ နေ့စဥ်လူနေမှုဘဝမှာ အထောက်အပံ့တစ်ခု ဖြစ်နေပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ ကမ္ဘာပေါ်မှာ လက်ရှိထင်ရှားနေဆဲဖြစ်တဲ့…
ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးဟာ ကားတွေ၊ စက်ရုံတွေ အစရှိတဲ့ နေရာတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ တခြား လေထုညစ်ညမ်းစေတဲ့ အကြောင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ တစ်နှစ်ထက် တစ်နှစ် ပိုပို ပျက်စီးယိုယွင်းလာပြီး အပူချိန်တွေလဲ မြင့်မားလာတဲ့ အကြောင်း…
_______________________________ မာကိုပိုလို (Marco Polo) ဆိုတဲ့ နာမည်ကို ငယ်ငယ်က သင်ရတဲ့ သမိုင်းမှာ မကြာခဏ မြင်ဖူးနေကျ ဖြစ်တာကြောင့် အားလုံးနဲ့ ရင်းနှီးဖြစ်သား ဖြစ်ပါလိမ့်မယ်။ သူဟာ ကုန်သည်အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူဖြစ်ပြီး တရုတ်နဲ့ စတင်ကုန်သွယ်တဲ့…
Entropy Statement of Microscopic Interpretation (အင်ထရိုပီဖွင့်ဆိုချက် / ပရမ်းပတာဖြစ်မှုဖွင့်ဆိုချက်) အရာဝတ္ထုတိုင်း/စနစ်တိုင်းဟာ သဘာဝအရ အစီအစဉ်ကျနေတဲ့ အခြေအနေကနေ အစီအစဉ်မကျတဲ့ အခြေအနေကို ဦးတည်လာရတယ်။ ရိုးရှင်းသေသပ်နေရာကနေ ပရမ်းပတာပုံစံဖြစ်လာကြတယ်။ ကြက်ဥတစ်လုံးက တဖြည်းဖြည်းနဲ့ ပုပ်သိုးလာမယ်၊…
ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ ရွှေတွေရဲ့ ဖြစ်ပေါ်မှုဟာ ကမ္ဘာ့ပြင်ပနေရာကနေ စတင်ခဲ့တယ်လို့ ပြောမယ်ဆိုရင် စာဖတ်သူတို့ အံ့သြကောင်း အံ့သြသွားနိုင်ပါတယ်။ ရွှေဆိုတာ သတ္တု (Metal) တစ်မျိုးဖြစ်ပြီးတော့ သူ့မှာ တခြားသတ္တုတွေနဲ့ မတူဘဲ တစ်မူထူးခြားနေတဲ့ ဂုဏ်ရည်ဂုဏ်သွေးနဲ့ တည်ရှိမှုတွေရှိပါတယ်။…
ဘစ်ဂ်ဘန်းပေါက်ကွဲမှု ပြီးပြီးချင်း နှစ်သန်း ၄၇၀ မှာ ဖြစ်ပေါ်လာတဲ့ ဂလက်စီတစ်ခုအတွင်းက ဧရာမတွင်းနက်ကြီးတစ်ခုကို ဂျိန်းဝဘ်တယ်လီစကုပ်ကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအသစ်တွေ့ရှိတဲ့ တွင်းနက်က သမိုင်းတစ်လျှောက် တွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအကုန်ကို ချိုးဖျက် ကျော်လွန်ပြီး သက်တမ်းအရင့်ဆုံးနဲ့ အဲ့ဒီသက်တမ်းကာလအတွင်းမှာ…
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုး ဝတ်ပြုကြတဲ့အခါ အများဆုံး ရွတ်ဆိုလေ့ရှိတဲ့ စကားလုံးက ”ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ဆိုတာပဲ။ ဒီစကားက ”ဗုဒ္ဓဘုရားရှင်၊ ဗုဒ္ဓဟောကြားသော…
ကျွန်တော်တို့ လူအများစုဟာ သမိုင်းကို တိကျခိုင်မာတဲ့ အချက်အလက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အတိတ်အကြောင်း အချက်အလက်စုစည်းမှု၊ အစုအဝေးတစ်ခုအဖြစ် မြင်တတ်ကြပါတယ်။ တကယ်တော့ သမိုင်းဆိုတာ ပဟေဠိတစ်ခု ဖြေရှင်းနေသလို ရှာဖွေတွေ့ရှိလာတဲ့ သဲလွန်စအသစ်၊ အချက်အလက်အသစ်တွေကို ဖြည်းဖြည်းချင်း ပေါင်းစုပုံဖော်ရတဲ့…
“ကျွန်တော်တို့ အားလုံး နေ့စဉ်စားမိနေတဲ့ အစားအစာတွေထဲက ဟင်းခတ်ပစ္စည်းတစ်ခု ပါဝင်မှုကို လျှော့ချလိုက်မယ်ဆိုရင် နှစ်စဉ်သေဆုံးနေတဲ့ လူသန်းချီရဲ့ အသက်တွေကို ကယ်တင်နိုင်မယ်။” လွန်ခဲ့တဲ့ ရက်ပိုင်းက ဖတ်လိုက်ရတဲ့ သတင်းခေါင်းစီးလေး တစ်ခုပါ။ သုတေသနအသစ်တစ်ခုအခု နေ့စဉ်စားနေတဲ့ အစားအစာတွေထဲက ဆားပါဝင်မှုကို…
ကျွန်တော်တို့ လူ့ခန္ဓာဟာ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဆဲလ်တွေဟာလဲ ထိလွယ်ရှလွယ်ကြပါတယ်။ တစ်ခုခုဖြစ်လို့ ဒဏ်ရာတွေ၊ ပွန်းပဲ့ရာတွေ ရလာတဲ့အခါ အချို့သော ဒဏ်ရာတွေက ပိုမြန်မြန်ပျောက်လွယ်တာကို သတိထားမိကြမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လေ့လာကြည့်ကြရအောင်ပါ။ အရင်ဆုံး အရေပြားနဲ့…
ကျွန်တော်တို့ အားလုံးလိုလို အင်တာနက်မှာ မြင်ဖူး၊ ကြားဖူးကြတဲ့ အကြောင်းအရာ တစ်ခု ရှိပါတယ်။ အဲ့ဒါက ညအခါ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေ အားလုံးက သေဆုံးပြီးသား ဖြစ်ပြီး ကျွန်တော်တို့က သူတို့ရဲ့ အတိတ်က ပုံရိပ်ကို…
သဘာဝတရားကြီးက အင်မတန်ကို လှပပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အလှဆင်ပေးနေတဲ့ တိမ်စိုင်တွေ၊ မိုးတွေ၊ သက်တံ့တွေ၊ သစ်ပင်တွေနဲ့ ဆီးနှင်းတွေရဲ့ ဖြစ်တည်မှုတွေဟာ ဆန်းကြယ်သလို စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်။ ဆောင်းရာသီမှာ တွေ့ရတတ်တဲ့ ဆီးနှင်းဆိုတာ ဆောင်းရာသီကို အလှဆင်ပေးနေတဲ့ အရာတစ်ခုပါပဲ။…