Author: Shin Mon Thant

လူသားတွေက အသက်ရှင်သန်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်ရဖို့ အခြားသက်ရှိတွေကို စားနေရပေမဲ့ အပင်တွေကတော့ လူသားတွေလို မဟုတ်ဘဲ ကိုယ်တိုင်အစာချက်လုပ်နိုင်ကြောင်းကို သိကြပြီးဖြစ်မှာပါ။ တကယ်လို့သာ လူသားတွေက အပင်တွေလို လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့ရင်ရော . . .? လူတွေက အပင်တွေလို အစာချက်လုပ်နိုင်ဖို့ဆိုရင် အပင်တွေ အစာချက်ဖို့ လိုအပ်တဲ့ အရာမှန်သမျှ လူတွေမှာ ရှိနေရပါမယ်။ အပင်တွေက အမြစ်မှာ စုဆောင်းထားတဲ့ ရေ၊ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နေရောင်ခြည်နဲ့ အရွက်မှာ ရှိနေတဲ့ ကလိုရိုဖီးလ်တို့ ပေါင်းစပ် ဓာတ်ပြုပြီး အစာချက်လုပ်ကြပါတယ်။ လူတွေအနေနဲ့ ပြင်ပအထောက်အပံ့တွေ ဖြစ်တဲ့ ရေ၊ ကာ‌ဗွန်ဒိုင်အောက်ဆိုဒ်နဲ့ နေရောင်ခြည်တွေကို ရနိုင်ပေမဲ့ လိုနေတာကတော့ အပင်မှာ ရှိနေတဲ့ ကလိုရိုဖီးလ်ပါပဲ။ ကလိုရိုဖီးလ်က အရွက်အတွင်းမှာ ရှိပြီး အရွက်တွေရဲ့ အစိမ်းရောင်ဖြစ်တည်မှုကို ဖန်တီးပေးနေသူ ဖြစ်နေတာကြောင့် သူ့ကို ‘အစိမ်းရောင်ခြယ် ပစ္စည်း’ လို့လဲ ခေါ်ကြပါသေးတယ်။ ဒီအစိမ်းရောင်ခြယ်ပစ္စည်းလေးက နေရောင်ခြည်ကို လက်ခံထားပြီး အခြားကာဗွန်ဒိုင်အောက်ဆိုဒ်တို့၊ ရေတို့နဲ့ ပေါင်းစပ်ပြီး အစာချက်လုပ်တာပါ။ ဒါကြောင့်ပဲ အရွက်တွေဟာ နေရောင်ခြည်များများရဖို့ ပြန့်ကားတဲ့ ပုံသဏ္ဌာန် ရှိနေကြတာပဲပေါ့။  ဒါဆို လူ့ခန္ဓာကိုယ်မှာ ကလိုရိုဖီးလ် ဆိုတဲ့ ရောင်ခြယ်ပစ္စည်းတစ်ခု ပါလာမဲ့ အခြေအနေကို တွေးကြည့်ကြရအောင် . . . ။ ကလိုရိုဖီးလ်က အစိမ်းရောင်ခြယ်ပစ္စည်းဖြစ်တာမို့ လူ့ခန္ဓာကိုယ်က စိမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံး စိမ်းနေမှာမဟုတ်ဘဲ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့ အရေပြားတွေလောက်ပဲ စိမ်းနေမှာပါ။…

Read More

ကျွန်တော်တို့တွေအတွက် မနက်ခင်း အိပ်ရာက ထတာနဲ့ ဒီနေ့ရဲ့ မိုးလေ၀သ ဘယ်လိုရှိမယ်ဆိုတာကို ခန့်မှန်းတွက်ဆတာက နေ့စဉ် လုပ်ရိုးတစ်ခုလို ဖြစ်နေပါပြီ။ မိုးလေ၀သ ခန့်မှန်းချက်ကို နားထောင်ပြီး ဒါမှမဟုတ် မိမိဘာသာ ခန့်မှန်းပြီး နေ့တစ်နေ့အတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ကြပါတယ်။ အပြင်သွားရသူတွေအနေနဲ့ မိုးလေ၀သ အခြေအနေကို တည်သွင်းတွက်ဆခြင်းမလုပ်ဘဲ ပူနွေးတဲ့နေ့မှာ အနွေးထည်ထူထူ ၀တ်သွားတာမျိုးက ‌အရှင်လတ်လတ် ငရဲကျ‌နေသလို ခံစားစေရမှာ ဖြစ်ပြီး ခိုက်ခိုက်တုန်အောင် ချမ်းတဲ့နေ့မှာ အ၀တ်ပါးပါး ၀တ်သွားတာ တစ်ခါတည်း နတ်ရွာလားသွားစေနိုင်ပါတယ်။ ရည်းစားရှိတဲ့ သူတွေကျလဲ မိုးရွာနိုင်တဲ့ နေ့တွေ ဒိတ်ရင် ထီးယူသွားဖို့၊ မရှိတဲ့ သူတွေကျလဲ အိမ်မှာနေပြီး တစ်ပါးသူရင်ခွင်မှာ ပျော်နေတဲ့ သူ(မ) ကို တမ်းတရင်း ဆွေးဖို့ စသဖြင့် မိုးလေ၀သ အခြေအနေကို လိုက်ပြီး နေ့တစ်နေ့အတွက် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ကို များစွာသက်ရောက်မှုရှိနေတဲ့ မိုးလေ၀သကို ဘာတွေနဲ့ ဖွဲ့စည်းထားလဲ ဆိုတာကို ရှင်းပြရင်း တစ်ဆက်တည်းမှာပဲ မိုးလေ၀သ (weather)၊ ရာသီဥတု (climate) နဲ့ ရာသီ (season) တို့ အ‌ကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ မိုးလေ၀သ (weather)၊ ရာသီဥတု (climate) နဲ့ ရာသီ (season) အကြောင်းကို အရင်ပြောပြပေးပါ့မယ်။=======မိုးလေ၀သ (Weather)―――――――မိုးလေ၀သ ဆိုတာကတော့ ကမ္ဘာကို လွှမ်းခြုံထားတဲ့ လေထုအလွှာတွေရဲ့ ခေတ္တယာယီ အခြေအနေတွေကို ခေါ်တာဖြစ်ပါတယ်။ ဒီလေထုအလွှာထဲမှာ ဖြစ်ပျက်နေတဲ့ မိုးလေ၀သ အခြေအနေတွေဟာ…

Read More

မာကိုပိုလို (Marco Polo) ဆိုတဲ့ နာမည်ကို ငယ်ငယ်က သင်ရတဲ့ သမိုင်းမှာ မကြာခဏ မြင်ဖူးနေကျ ဖြစ်တာကြောင့် အားလုံးနဲ့ ရင်းနှီးဖြစ်သား ဖြစ်ပါလိမ့်မယ်။ သူဟာ ကုန်သည်အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူဖြစ်ပြီး တရုတ်နဲ့ စတင်ကုန်သွယ်တဲ့ ပထမဆုံး ဥရောပကုန်သည်အဖြစ် လူသိများပါတယ်။ မာကိုပိုလိုဟာ တရုတ်ထုံးတမ်းဓလေ့တွေ၊ နည်းပညာတွေ၊ ကုန်သွယ်မှုတွေကို ဥရောပသားတွေဆီ မိတ်ဆက် ‌သိရှိစေခဲ့ရုံသာမက ငွေစက္ကူ၊ မျက်မှန်နဲ့ စာပို့စနစ် စတာတွေကိုပါ မိတ်ဆက်ပေးရင်း အမြင်ကျယ်စေခဲ့ပါတယ်။ နောက်ပိုင်း ဥရောပ လူမှုအဖွဲ့အစည်းမှာ ဒီအရာတွေကို ကိုက်ညှိကျင့်သုံးခဲ့တဲ့အကြောင်း လေ့လာသိရှိနိုင်မှာပါ။ ဒါတင်မကသေးဘဲ မာကိုပိုလိုရဲ့ ခရီးသွားမှတ်တမ်း၊ စွန့်စားခန်းတွေဟာ ဂျူနီယာ နယ်မြေသစ် ရှာဖွေသူတွေအတွက် စိတ်အားထက်သန်စေခဲ့တဲ့အပြင် အားကျအတုယူဖွယ် နမူနာကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ‌ဒီလိုမျိုး မာကိုပိုလိုရဲ့ တရုတ်ပြည်သွား ခရီးစဉ်ဟာ နယ်မြေသစ်ရှာဖွေမှု သမိုင်းမှာ မှတ်ကျောက်တင်‌လောက်တဲ့အထိ လွှမ်းမိုးအရေးပါတဲ့ ခရီးစဉ်ဖြစ်တာ မှန်ပေမဲ့ အများစု ယူဆယုံကြည် နေကြသလို သူဟာ တရုတ်ပြည်ကို ခြေချခဲ့တဲ့ ပထမဆုံး ဥရောပသားတော့ မဟုတ်ပါဘူး။ မာကိုပိုလို တရုတ်ကို မရောက်ခင် ရာစုနှစ်ပေါင်း များစွာကတည်းက ဥရောပသား တော်တော်များများဟာ တရုတ်ပြည်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။  – မာကိုပိုလိုထက် ဦးဆုံးကျတဲ့ တရုတ်ကို ခြေချခဲ့သူများ သမိုင်းအထောက်အထားတွေအရ အေဒီ ၁၆၆ မှာ ရောမအင်ပါယာရဲ့ အရှင်သခင်  မားကတ်စ် အူရီးလီးယပ်စ် (Marcus Aurelius) စေလွှတ်လိုက်ဟန်တူတဲ့ ရောမသား ကိုယ်စားလှယ်တစ်ဦးဟာ တရုတ်ပြည်ကို…

Read More

_______________________________ မာကိုပိုလို (Marco Polo) ဆိုတဲ့ နာမည်ကို ငယ်ငယ်က သင်ရတဲ့ သမိုင်းမှာ မကြာခဏ မြင်ဖူးနေကျ ဖြစ်တာကြောင့် အားလုံးနဲ့ ရင်းနှီးဖြစ်သား ဖြစ်ပါလိမ့်မယ်။ သူဟာ ကုန်သည်အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူဖြစ်ပြီး တရုတ်နဲ့ စတင်ကုန်သွယ်တဲ့ ပထမဆုံး ဥရောပကုန်သည်အဖြစ် လူသိများပါတယ်။ မာကိုပိုလိုဟာ တရုတ်ထုံးတမ်းဓလေ့တွေ၊ နည်းပညာတွေ၊ ကုန်သွယ်မှုတွေကို ဥရောပသားတွေဆီ မိတ်ဆက် ‌သိရှိစေခဲ့ရုံသာမက ငွေစက္ကူ၊ မျက်မှန်နဲ့ စာပို့စနစ် စတာတွေကိုပါ မိတ်ဆက်ပေးရင်း အမြင်ကျယ်စေခဲ့ပါတယ်။ နောက်ပိုင်း ဥရောပ လူမှုအဖွဲ့အစည်းမှာ ဒီအရာတွေကို ကိုက်ညှိကျင့်သုံးခဲ့တဲ့အကြောင်း လေ့လာသိရှိနိုင်မှာပါ။ ဒါတင်မကသေးဘဲ မာကိုပိုလိုရဲ့ ခရီးသွားမှတ်တမ်း၊ စွန့်စားခန်းတွေဟာ ဂျူနီယာ နယ်မြေသစ် ရှာဖွေသူတွေအတွက် စိတ်အားထက်သန်စေခဲ့တဲ့အပြင် အားကျအတုယူဖွယ် နမူနာကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ‌ဒီလိုမျိုး မာကိုပိုလိုရဲ့ တရုတ်ပြည်သွား ခရီးစဉ်ဟာ နယ်မြေသစ်ရှာဖွေမှု သမိုင်းမှာ မှတ်ကျောက်တင်‌လောက်တဲ့အထိ လွှမ်းမိုးအရေးပါတဲ့ ခရီးစဉ်ဖြစ်တာ မှန်ပေမဲ့ အများစု ယူဆယုံကြည် နေကြသလို သူဟာ တရုတ်ပြည်ကို ခြေချခဲ့တဲ့ ပထမဆုံး ဥရောပသားတော့ မဟုတ်ပါဘူး။ မာကိုပိုလို တရုတ်ကို မရောက်ခင် ရာစုနှစ်ပေါင်း များစွာကတည်းက ဥရောပသား တော်တော်များများဟာ တရုတ်ပြည်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ – မာကိုပိုလိုထက် ဦးဆုံးကျတဲ့ တရုတ်ကို ခြေချခဲ့သူများ သမိုင်းအထောက်အထားတွေအရ အေဒီ ၁၆၆ မှာ ရောမအင်ပါယာရဲ့ အရှင်သခင် မားကတ်စ် အူရီးလီးယပ်စ် (Marcus Aurelius) စေလွှတ်လိုက်ဟန်တူတဲ့ ရောမသား ကိုယ်စားလှယ်တစ်ဦးဟာ…

Read More

  ကျွန်‌တော်တို့ လူအများစုဟာ သမိုင်းကို တိကျခိုင်မာတဲ့ အချက်အလက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အတိတ်အကြောင်း အချက်အလက်စုစည်းမှု၊ အစုအဝေးတစ်ခုအဖြစ် မြင်တတ်ကြပါတယ်။ တကယ်တော့ သမိုင်းဆိုတာ ပဟေဠိတစ်ခု ဖြေရှင်းနေသလို ရှာဖွေတွေ့ရှိလာတဲ့ သဲလွန်စအသစ်၊ အချက်အလက်အသစ်တွေကို ဖြည်းဖြည်းချင်း ပေါင်းစုပုံဖော်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ အသစ်အသစ်သော သက်သေအချက်အလက်တွေနဲ့ မတူညီတဲ့ ရှုထောင့်တွေ ထွက်ပေါ်လာတဲ့အခါ ရှုမြင်လက်ခံပုံနဲ့ အတွေးအခေါ် အယူအဆအသစ်တွေက မူလရှိပြီးသား၊ လက်ခံယုံကြည်ခဲ့ပြီးသား အတွေးအခေါ်အယူအဆတွေ နေရာမှာ ပြောင်းလဲအစားထိုးလာကြပါတယ်။ ဥပမာအားဖြင့် Rosetta Stone တွေ့ရှိမှုဟာ အီဂျစ်အရုပ်စာအကြောင်း သိရှိနားလည်စေခဲ့ရုံသာမကဘဲနဲ့ ရှေးဟောင်းအီဂျစ်အကြောင်းကိုလဲ ပိုမိုနက်ရှိုင်းစွာ သိရှိစေခဲ့ပါတယ်။ ဒီဆောင်းပါးမှာ အတိတ်အကြောင်း ပြန်လည်ဆင်ခြင်နိုင်တဲ့ နည်းလမ်းတစ်ခုနဲ့ တစ်ခါတစ်ရံမှာ တစ်ဖက်သတ်ဆန်တဲ့ အတွေးအခေါ်အယူအဆတွေ ဖြစ်စေနိုင်တဲ့ သမိုင်းပြန်လည်ပြင်ဆင်ခြင်းအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ သမိုင်းပြန်လည်ပြင်ဆင်ခြင်းဆိုတာကတော့ သမိုင်းပညာရှင်တွေဟာ အဖြစ်အပျက် အကြောင်းအရာတစ်ခုကို လက်လှမ်းမီရရှိထားတဲ့ အချက်အလက်တွေအရ သူတို့ရဲ့ အတွေးအမြင်၊ ရှုထောင့်တွေအဖြစ် ပြောင်းလဲလိုက်တဲ့ လုပ်ငန်းစဥ်တစ်ခု ဖြစ်ပါတယ်။ တစ်နည်းဆိုရရင်  သမိုင်းပညာရှင်တွေရဲ့ ခေတ်အခြေအနေအမျိုးမျိုးမှာ သမိုင်းဆိုင်ရာ အချက်အလက်အထောက်အထားတွေအပေါ် ရှုမြင်ပုံ ဖြစ်ပါတယ်။ အတိတ်အကြောင်း ကျွန်ုပ်တို့ ရှာဖွေသိရှိထားမှုဟာ အတိုင်းအတာတစ်ခုထိပဲ ရှိတာဖြစ်ပြီး သမိုင်းပြုစုရေးသားခြင်းဟာ သမိုင်းပညာရှင်‌တွေ (သို့) သမိုင်းပြုစုခွင့်ရှိသူ‌တွေရဲ့ အတွေးအခေါ် ခံယူချက် ပယောဂတွေနဲ့ မကင်းနိုင်ပါဘူး။ ဒီအတွက်ကြောင့်ပဲ သက်သေအချက်အလက်အသစ်တစ်ခု တွေ့ရှိတိုင်း သမိုင်းကို ပြန်လည်ပြင်ဆင်ဖို့ လိုတာဖြစ်ပါတယ်။ သမိုင်းကို ပြန်လည်ပြင်ဆင်ခြင်းအားဖြင့် ဖြစ်ရပ်တစ်ခု အကြောင်းအရာတစ်ရပ်အပေါ် မတူကွဲပြားတဲ့ ရှုထောင့်‌တွေကနေ စဉ်းစားတွေးခေါ်လာနိုင်ပါတယ်။…

Read More