Author: Khant Nyar Thar

အခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံက ဆေးရုံ၊ ဆေးခန်းဂိတ်ကို တိုး၀င်နေကြ၊ တန်းစီစောင့်ဆိုင်းနေကြတဲ့ စိတ်လန့်ဖွယ် လူနာအုပ်ကြီးကို စာဖတ်သူတို့ တွေ့မိ၊ မြင်မိကြမှာပါ။ ဒီလို ဗီဒိယိုဖိုင်လ်တွေနဲ့ ဓာတ်ပုံတွေကို ကြည့်မိလိုက်တဲ့ လူတွေအဖို့ အခုလို ကိုဗစ်ကပ်ရောဂါအလွန်၊ အရှိန်သတ်ခါစ ကာလမှာ နောက်ထပ်ရောဂါမျိုးကွဲ တစ်ခုများ ပေါ်ထွက်လာလေသလားလို့ စိုးရိမ်မိမှာက မလွဲမသွေပါပဲ။ ဒီမေးခွန်းဟာ လတ်တလော ကမ္ဘာ့လူထုနဲ့ သတင်းမီဒီယာတွေကြား ပွက်လောထနေတဲ့ အငြင်းပွားဖွယ်ရာ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဒီဇင်ဘာလနှောင်းပိုင်း၊ တရုတ်နိုင်ငံမြောက်ပိုင်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခု ဖြစ်တဲ့ hMPV (human Metapneumovirus) တဟုန်ထိုး ပျံ့နှံ့လာတယ်ဆိုတဲ့ သတင်း စတင်ခဲ့ချိန်ကစပြီး ဒါဟာ ကိုဗစ်မျိုးကွဲ ကပ်ရောဂါဖြစ်နိုင်မလားဆိုတဲ့ အသိက လူထုရဲ့ ခေါင်းထဲကို ၀င်ရောက်လာပါတယ်။ ပိုဆိုးတာက ဒီရောဂါကို အိန္ဒိယ၊ မလေးရှား၊ ဗြိတိန်၊ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေမှာပါ ရှာဖွေတွေ့ရှိလာတာဖြစ်ပြီး တွေ့ရှိရနှုန်းကလဲ မြန်ဆန်နေပါတယ်။  ဒါဆို တကယ်ပဲ hMPV ရောဂါဟာ ကိုဗစ်မျိုးကွဲ ကပ်ရောဂါတစ်မျိုးများ ဖြစ်နေမလား . . . ? အဖြေကို ရှင်းရှင်းလင်းလင်း ပြောပြရရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ hMPV ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲဗိုင်းရပ်စ် မဟုတ်သလို၊ ကပ်ရောဂါ ဖြစ်နိုင်တဲ့အထိ ပြင်းထန်ကြမ်းကြုတ်တဲ့ ဗိုင်းရပ်စ်မျိုးလဲ မဟုတ်ပါဘူး။ ဒါဆို တွေးရမှာက လူမှုမီဒီယာပေါ်မှာ ဒီလောက်တောင် ဆူညံပြီး ရောဂါရှာတွေ့နှုန်းတွေ မျက်မြင်ရှိနေတာ ပေါ့သေးသေး ဗိုင်းရပ်စ်တစ်မျိုး…

Read More

အလက်ထရိုဖိုရီစစ် (Electrophoresis) Electrophoresis ဆိုတာ မက်ခရိုမော်လီကျူးတွေကို အရည်တွေ၊ ဂျယ်လ် (Gel) တွေ၊ ကွန်ရက် (Matrix) တွေကနေ သူတို့ရဲ့ အရွယ်အစား၊ ဓာတ်ဖို ဓာတ်မသတ္တိနဲ့ မော်လီကျူးနှစ်ခုကြား နှီးနွယ်မှုအား (Binding Affinity) ပေါ် လိုက်ပြီး လျှပ်စစ်စက်ကွင်းတစ်ခုအောက်မှာ ခွဲထုတ်တဲ့ ဓာတ်ခွဲခန်းသုံး ခွဲခြမ်းစိတ်ဖြာနည်းစနစ် ဖြစ်ပါတယ်။ ဒီနည်းစနစ်ကို အဓိကအားဖြင့် မက်ခရိုမော်လီကျူးတွေဖြစ်တဲ့ ပရိုတင်း၊ ပလတ်စမစ်ဒ်၊ ဒီအင်န်အေ (DNA) နဲ့ အာအင်န်အေ (RNA) တို့ကို ခွဲထုတ်စမ်းသပ်ရာမှာ သုံးလေ့ရှိပါတယ်။ ဒီလို ဓာတ်အဖို၊ အမသတ္တိပေါ် အခြေခံပြီး ခွဲထုတ်တဲ့ နည်းစနစ်မှာဆိုရင် မက်ခရိုမော်လီကျူးတွေကို လျှပ်စစ်စက်ကွင်း တစ်ခုအောက်မှာ သူတို့ရဲ့ ဓာတ်သတ္တိအရ ဓာတ်အဖို၀င်ရိုးစွန်း (Positive Pole) နဲ့ ဓာတ်အမ၀င်ရိုးစွန်း (Negative Pole) တွေကို ရွေ့လျားစေရပါတယ်။ ဓာတ်မသတ္တိရှိတဲ့ မော်လီကျူး ခွဲထုတ်တဲ့နည်းကို Anaphoresis လို့ခေါ်ပြီး ဓာတ်ဖိုသတ္တိရှိတဲ့ မော်လီကျူး ခွဲထုတ်နည်းကိုတော့ Cataphoresis လို့ခေါ်ပါတယ်။ နောက်ထပ်တစ်ခုဖြစ်တဲ့ မော်လီကျူးတွေရဲ့ အရွယ်အစားအလိုက် ခွဲထုတ်တဲ့နည်းမှာတော့ စစ်ထုတ်မဲ့ ဂျယ်ရဲ့အပေါက်ကနေ သေးတဲ့မော်လီကျူးတွေကို မြန်မြန်ရွေ့စေပြီး ကြီးတဲ့မော်လီကျူးတွေကို နှေးနှေးရွေ့စေရပါတယ်။ ဒီလိုနည်းနဲ့ ပါ၀င်တဲ့ မော်လီကျူးတွေကို စံအရွယ်အစားနဲ့ တိုက်စစ်ပြီး ခွဲထုတ်တာပါ။ အတိုချုပ်ပြောရရင်တော့ အလက်ထရိုဖိုရီစစ်ကို Slab Electrophoresis နဲ့ Capillary Electrophoresis ဆိုပြီး အမျိုးအစား ၂ မျိုး ခွဲနိုင်ပါတယ်။ စလတ်ဘ် အလက်ထရိုဖိုရီစစ်မှာဆိုရင်…

Read More

သဘာဝတရားကြီးကို သဘာဝဖြစ်စဉ်တွေက မွမ်းမံဖန်တီးသလို သမိုင်းက အတိတ်မှတ်တမ်းတွေကိုတော့ လူသားတွေဟာ စစ်ပွဲတွေနဲ့ ပြုပြင်ပုံသွင်းခဲ့ကြပါတယ်။ အတိတ်ဆိုတဲ့ သမိုင်းစာမျက်နှာတွေကို လှန်လှောကြည့်လိုက်မယ်ဆိုရင် ပစ်ခတ်သံ၊ ပြေးလွှာသံ၊ အော်ဟစ်သံတွေနဲ့ ရေးဖွဲ့ထားတဲ့ စစ်ကဗျာတွေကို မလွဲမသွေ တွေ့ရမှာပါ။ လူ့အဖွဲ့အစည်း စပြီး တည်ထောင်လိုက်ကတည်းက လက်ရှိ မျက်မှောက်ခေတ်အထိ လူအချင်းချင်း၊ အစုအဖွဲ့အချင်းချင်းကြား ပဋိပက္ခမီးတွေ တောက်လောက်နေဆဲဖြစ်ပြီး ထပ်ခါတလဲလဲ ဖြစ်နေတဲ့ အမှားတွေကို ကျူးလွန်နေကြဆဲပါပဲ။  ဒီနှစ် စက်တင်ဘာလ ၁ ရက်နေ့ဟာ လူ့သမိုင်းမှာ ကြမ်းကြုတ်လှပါတယ်ဆိုတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့တာ ၇၅ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ကာလအပိုင်းအခြားအရ ကြည့်မယ်ဆိုရင် ၁၀ စုနှစ် နှစ်ခုစာ ကြာမြင့်ခဲ့ပါပြီ။ တစ်နည်းပြောရရင် ပထမကမ္ဘာစစ်လိုမျိုး အကျည်းအတန်များတဲ့ ဖြစ်ရပ်တွေ ထပ်မဖြစ်စေရဘူးဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကြီး မခိုင်မြဲခဲ့တဲ့ သဘောအဓိပ္ပာယ်ပါ။ အာဏာရှင်တွေရဲ့ လိုအင်တပ်မက်မှု၊ လူမျိုးရေးဝါဒနဲ့ လောဘတွေက အတိတ်က အမှားကို ပြန်လည်အသက်သွင်းခဲ့ကြပြီး ပိုပြီးကြီးမားတဲ့ မီးတောက်တစ်ခုကို ဒုတိယံမ္ပိ အစပျိုးခဲ့ပါတယ်။ ၁။ ဒုတိယကမ္ဘာစစ်ဆိုတာ . . . ပထမကမ္ဘာစစ်ကို ရိတ်သိမ်းပြီးချိန်ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက စစ်ရဲ့ အရသာကို အပြည့်အ၀ ခံစားအပြီး မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတွေကြားမှာ စီးပွားရေး၊ သံတမန်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စတာတွေကို ပြန်လည်ထူထောင်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို အမေရိကန်က စတင်လာတဲ့ စီးပွားပျက်ကပ် (The Great Depression) ဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ပါတော့တယ်။…

Read More

Monochromatic Light Monochromatic Light ဆိုတာ သီအိုရီအရ တိကျတဲ့ လှိုင်းအလျားတစ်ခုပဲပါတဲ့ အလင်းလှိုင်းတွေပါ။ ဆိုလိုတာက အရောင်တစ်ရောင်ပဲ ရှိတဲ့ (ဘယ်အရောင်မဆိုဖြစ်နိုင်ပါတယ်) လှိုင်းတွေဖြစ်ပါတယ်။ လျှပ်စစ်သံလိုက်လှိုင်းတွေထဲမှာ မျက်လုံးနဲ့ မြင်နိုင်တဲ့ Visible Light ဆိုရင် မတူညီ၊ များပြားတဲ့ လှိုင်းအလျားတွေရှိတာမို့ အရောင်အမျိုးမျိုး ကွဲပြားပေမဲ့ Monochromatic Light ကတော့ သူ့ရဲ့ လှိုင်းအလျား၊ ပြင်းအားနဲ့ ပိုလာရိုက်ဇေးရှင်းအခြေအနေပေါ် မူတည်ပြီး သီးသန့်တစ်ရောင်ထဲသာ ထုတ်လွှတ်ပါတယ်။ ဥပမာအနေနဲ့ လေဆာတွေကို မြင်ယောင်ကြည့်လို့ ရပါတယ်။ လက်တွေ့မှာတော့ Monochromatic Light တွေဟာ လှိုင်းအလျားတစ်ခုပဲ ရှိတာမဟုတ်ဘဲ လှိုင်းအလျားကျဥ်းကျဥ်းလေးတွေ စုဖွဲ့ထားတဲ့ လှိုင်းအမျိုးအစားပါ။ သူက မျဉ်းဖြောင့်အတိုင်း အကွာအဝေးတစ်ခုထိ သွားနိုင်ပြီး လျှပ်စစ်သံလိုက်လှိုင်း ရောင်စဉ်တန်းထဲမှာဆို လူတွေမြင်နိုင်တဲ့ အလင်းလှိုင်းအမျိုးအစားအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ WriterKhant Nyar TharCopy-editorAung Naing ThantAttribution table Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

Read More

ရုပ်ရှင်ကြည့်ရင်း မုန့်စားတဲ့အခါ၊ မီးဖိုချောင်ထဲမှာ ဟင်းချက်တဲ့အခါ ဒါမှမဟုတ် ငယ်ငယ်က မုန့်စားလိုက်၊ ပြေးဆော့လိုက် လုပ်နေချိန်မှာ ကိုယ်စားနေတဲ့ အစားအစာတွေက လက်ထဲကဖြစ်ဖြစ်၊ လက်နဲ့ တိုက်မိပြီးဖြစ်ဖြစ် တစ်ခါတလေ ပြုတ်ကျဖူးကြပါတယ်။ စာဖတ်သူက အဲဒီလို ပြုတ်ကျသွားတဲ့ အစားအစာတွေကို ပြန်ကောက်စားလေ့ရှိသူလား၊ ဒါမှမဟုတ် လွှင့်ပစ်လေ့ရှိသူလား . . . ? အများစုကတော့ ကြမ်းပြင်ပေါ်က အစားအစာကို တစ်ချက်ကြည့်မယ်၊ ပြီးရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ချင့်တွက်ကြပြီး ပြန်ကောက်စားဖို့ မသင့်တဲ့နေရာမှာ ပြုတ်ကျသွားတာဆိုရင်တော့ လွှင့်ပစ်လိုက်နိုင်ပါတယ်။ ဒါကလဲ လုံခြုံစိတ်ချရတဲ့ နည်းလမ်းတစ်ခုပေါ့လေ။ ဒါပေမဲ့ ပြုတ်ကျသွားတဲ့ အစားအစာက စာဖတ်သူရဲ့ အကြိုက်ဆုံးဖြစ်နေရင်၊ ဒါမှမဟုတ် ထပ်သွား၀ယ်ဖို့ ပျင်းနေရင်၊ အလုပ်များနေတဲ့အခါတွေဆိုရင်တော့ တော်ရုံနဲ့ ဘယ်လွှင့်ပစ်ချင်ပါတော့မလဲ။ အဲဒီမှာ လူတွေပြောနေကျ ‘ကြမ်းပြင်ပေါ် ပြုတ်ကျသွားရင် သုံးစက္ကန့်အတွင်း ပြန်ကောက်စားလို့ ရတယ်’ ဆိုတဲ့စကား ခေါင်းထဲ ပေါ်လာပြီး တစ်ခါတလေ ပြန်ကောက်စားလိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီစကားက တကယ်ရော သိပ္ပံနည်းကျ မှန်ကန်ရဲ့လား၊ အများစုပြောကြသလို သုံးစက္ကန့်အတွင်း ပြန်ကောက်စားလို့ရတာလား၊ မှန်ကန်တဲ့ အချက်အလက်တစ်ခုလား၊ ဒါမှမဟုတ် ပါးစပ်ပြော ယုံတမ်းသာသာလား . . . ? ဒီဆောင်းပါးတိုမှာ စိတ်ကူးထဲ အစားအစာတွေကို Fact Hub နဲ့အတူ ပစ်ချကြည့်ကြရအောင်။ ပြုတ်ကျသွားတဲ့ အစားအစာတွေကို သုံးစက္ကန့်အတွင်း ပြန်ကောက်စားရင် အန္တရာယ်ကင်းတယ်လို့ ထင်တတ်သူထဲ စာဖတ်သူ ပါပါသလား။ အဲဒီမေးခွန်းအတွက် အဖြေကို…

Read More

ရုပ်ရှင်တွေထဲ၊ နာမည်ကြီး စကူဘီဒူးတို့လို ကာတွန်းဇာတ်ကားတွေထဲမှာ ပတ်တီးအဖြူကြီးတွေ ပတ်ထားတဲ့ လူသေအလောင်းကောင်ကြီးတွေကို သေချာပေါက် မြင်ဖူးကြပါလိမ့်မယ်။ ဒီပတ်တီးအဖြူကြီးတွေ ပတ်ထားတဲ့ လူသေကောင်တွေကို မံမီလို့ ခေါ်‌တာကို‌လဲ သတိထားမိကြမှာပါ။ အများအားဖြင့် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မံမီတွေကို ရုပ်ရှင်တွေထဲမှာ မြaင်ရ‌လေ့ရှိတဲ့ ပိရမစ်တွေ၊ သဲကန္တာရတွေနဲ့ ယှဉ်တွဲပြီး ပုံဖော်လေ့ရှိကြပါတယ်။ အဲဒီလို လူအတော်များများ ရင်းရင်းနှီးနှီး မြင်ဖူးနေကျ မံမီတွေက အီဂျစ်မံမီတွေ ဖြစ်ပြီး အဲဒီအီဂျစ်မံမီတွေဟာ ကမ္ဘာပေါ်က မံမီအရေအတွက်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ ‘မံမီ’ ကို ရိုးရိုးရှင်းရှင်းပြောရရင် သေပြီးချိန်မှာ တာရှည်ခံအောင် အထူးစီမံထားတဲ့ ဆေးရည်နဲ့ စိမ်ထားတဲ့ ပိတ်စ၊ ဒါမှမဟုတ် ပတ်တီးနဲ့ ခန္ဓာကိုယ်ကို ပတ်ခံထားရတဲ့ ရုပ်၀တ္ထုတစ်ခုပါ။ အစားအသောက်တွေ၊ သစ်သီးတွေကို တာရှည်ခံအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဖူးလိမ့်မယ်။ ဒီ Mummification (မံမီပြုလုပ်ခြင်း) ကလဲ တာရှည်ခံအောင် လုပ်ရတာချင်း တူပေမဲ့ လူ့ခန္ဓာကိုယ်ကို ပြုလုပ်ရတာမို့ သစ်သီး၀လံတွေ၊ ဟင်းသီးဟင်းရွက်တွေလိုတော့ ရေခဲသေတ္တာထဲ ထည့်ရုံနဲ့ ရမှာမဟုတ်သလို ထင်သလောက်လဲ မလွယ်ကူလှပါဘူး။ Mummification (မံမီပြုလုပ်ခြင်း) ကို အီဂျစ်လူ့အဖွဲ့အစည်းအပါအ၀င် အခြားရှေးဟောင်းလူ့အဖွဲ့အစည်းတွေမှာပါ တွေ့ရပါတယ်။ ဒါက မလွယ်ကူဘူး ဆိုတာကိုလဲ အထက်မှာ ပြောပြခဲ့ပြီးပါပြီ။ ဒါဆို ဒီလိုခက်ခဲတဲ့ လုပ်ငန်းစဉ်ကို ရှေးခေတ်က လူတွေ ဘယ်လိုများ ပြုလုပ်ကြသလဲ . . . ။ နည်းပညာ မထွန်းကားသေးတဲ့ ရာစုနှစ်တွေမှာ ဒါကို လုပ်ဖို့ဆိုတာ တကယ် ခက်ခဲမှာပါ။…

Read More

“နပိုလီယမ် တကယ်ပဲ အရပ်ပုသလား။”________________ကျွန်တော်တို့မှာ မတူညီတဲ့ ရှုထောင့်အမြင်တွေရှိတဲ့ အလျောက် သမိုင်းထဲက အထင်ကရ ပုဂ္ဂိုလ်တွေကိုလဲ အမျိုးမျိုးသော ပုံစံတွေနဲ့ မှတ်မိနေလေ့ရှိပါတယ်။ တချို့ပုဂ္ဂိုလ်တွေကတော့ ကောင်းမွန်တဲ့ ရှု့ထောင့်က မြင်ခံရတာ ရှိသလို (ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးအဖြစ်။) တချို့ပုဂ္ဂိုလ်တွေကတော့ မကောင်းမြင်ခံရလေ့ ရှိပါတယ်။ (ဥပမာ ဟစ်တလာဟာ ဂျူးလူမျိုးတွေအပေါ် လူမျိုးတုံးစေမဲ့ ပြစ်မှုကျူးလွန်သူအဖြစ်။) ဒါပေမဲ့ သူတို့လို ပုဂ္ဂိုလ်တွေဟာ နိုင်ငံအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချရတာဖြစ်တဲ့အတွက် အမြဲတမ်းကောင်း၊ အမြဲတမ်းဆိုး မနေနိုင်ဘဲ သက်ရောက်မှုအပေါ် မူတည်ပြီး လူတွေရဲ့ အမြင် ကွာခြားသွားပါတယ်။ (ဥပမာ ဂျိုးဆက်ဖ် စတာလင်ဟာ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေ အနိုင်ရဖို့ ဦးဆောင်ကူညီခဲ့တဲ့ ခေါင်းဆောင်ဖြစ်သလို တစ်ဖက်မှာလဲ လူ့အခွင့်အရေးများစွာ ချိုးဖောက်ထားပါသေးတယ်။)ဒီလိုပဲ ကျွန်တော်တို့ သမိုင်းမှာ ကြီးမြတ်တဲ့ စစ်ဘုရင်အဖြစ် မှတ်မိနေကြတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။ သူကတော့ ၁၉ ရာစုရဲ့ ဩဇာအာဏာလွှမ်းမိုးမှု အကြီးဆုံး ဧကရာဇ်တွေထဲက တစ်ပါးဖြစ်တဲ့အပြင် ပြင်သစ်ရဲ့ ပုံရိပ်ကို ကမ္ဘာတစ်ဝှမ်း ချပြနိုင်ခဲ့သူ နာပိုလီယမ် ဘိုနာပတ်ပါ။ သူဟာ ၁၇၈၇ ခုနှစ်ကနေ ၁၇၉၉ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးမှာ ပါ၀င်တဲ့ အဓိကစစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ တော်လှန်ရေးအလွန် ပြင်သစ်အစိုးရ ပြန်လည်ဖွဲ့စည်းရာမှာလဲ အရေးပါခဲ့သူတစ်ဦးဖြစ်ပြီး ၁၈၀၄ ခုနှစ်မှာ ပြင်သစ်အင်ပါယာရဲ့ ဧကရာဇ်အဖြစ် ခံယူခဲ့ပါတယ်။ သူဟာ စစ်တိုက်ကျွမ်းကျင်တဲ့ သူ၊ စစ်ရေးနည်းဗျူဟာ ချရာမှာ ပြောက်မြောက်တဲ့ သူလို့…

Read More

  ဩဂုတ်လ ၆ ရက်၊ ၁၉၄၅ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားဆိုတဲ့ မြို့လေးမှာ မြို့နေပြည်သူတွေက ပုံမှန်အတိုင်း သူတို့ရဲ့ နေ့ရက်ကို စတင်ဖို့ ပြင်ဆင်နေကြပါတယ်။ အလုပ်သွားဖို့ ရထားစောင့်‌နေတဲ့ သူက စောင့်၊ ကျောင်းသွားဖို့ ပြင်နေတဲ့ ကလေးက ပြင်၊ အိမ်မှုကိစ္စတွေ လုပ်နေသူက လုပ်နဲ့ သာမန်နေ့လေးတစ်နေ့ကို ရိုးရိုးရှင်းရှင်းနဲ့ပဲ ဖြတ်သန်းနေကြပါတယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ အမည်မသိအရာတစ်ခု ပြုတ်ကျလာတာနဲ့အတူ တစ်မြို့လုံးကို မီးတောက်ထုကြီး ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ ကမ္ဘာကြီးဟာ မှောင်မိုက်သွားပါတော့တယ်။ ဒါဟာ စစ်ပွဲအတွင်းမှာ ပထမဦးဆုံးအကြိမ် အလွန့်အလွန်ကို ကြောက်ဖို့ကောင်းတဲ့ ဗုံးအမျိုးအစားဖြစ်တဲ့ နျူကလီးယားဗုံးကို အသုံးပြုခဲ့တာပါ။ ဟီရိုရှီးမားမြို့နေ ပြည်သူတွေကတော့ ဒီဗုံးရဲ့ ပထမဆုံးသားကောင်တွေ ဖြစ်ခဲ့တယ်ဆိုလဲ မမှားပါဘူး။ ဒီဗုံးကို အမေရိကန်တွေက မန်ဟတ်တန် (Manhattan) ပရောဂျက်အတွင်း စမ်းသပ်တီထွင်ခဲ့တာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လက်နက်အဖြစ် အသုံးပြုခဲ့တာကို စာဖတ်သူတို့ အားလုံး သိကြမှာပါ။ ဟီရိုရှိးမားမြို့ကို Little Boy အမည်ရှိ ယူရေနီယမ် (Uranium) လောင်စာသုံး နျူးကလီးယားဗုံး၊ နာကာဆာကီကို Fat man အမည်ရှိ ပလူတိုနီယမ် (Plutonium) လောင်စာသုံး နျူကလီးယားဗုံး ကြဲချပြီးချိန်မှာတော့ ဂျပန်တွေ လက်နက်ချခဲ့ရပြီး ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပါတော့တယ်။ ဒီနေရာမှာ မေးစရာတစ်ခု ရှိလာပါတယ်။ ဂျပန်နိုင်ငံမှာ  မြို့ကြီးပြကြီးတွေ အများကြီး ရှိတဲ့အထဲကမှ ဘာလို့ ဟီရိုရှီးမားနဲ့ နာကာဆာကီကိုမှ နျူးကလီးယားဗုံးကြဲခဲ့တာလဲ။ တခြားမြို့တွေက…

Read More

ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။ ဥရောပနိုင်ငံတွေ အင်အားကြီးလာတာနဲ့အမျှ ကိုလိုနီနယ်မြေတွေ အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းအတွက်ဖြစ်စေ၊ စစ်ရေးနည်းဗျူဟာအရပဲဖြစ်စေ နိုင်ငံငယ်တွေကို ကိုလိုနီပြုတာဟာ ပိုင်နက်ကို ကျယ်ပြန့်စေသလို ကောင်းကျိုးအများအပြားရစေပါတယ်။ ကမ္ဘာပေါ်မှာ ကိုလိုနီအပြုမခံခဲ့ရတဲ့ နိုင်ငံတွေ လက်ချိုးရေလို့ရပါတယ်။ ဒီထဲကမှ အရှေ့တောင်အာရှဒေသတွင်းက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယခုထိုင်းနိုင်ငံ (ယခင် Siam နိုင်ငံတော်) ကလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ အာရှဒေသအတွင်း တစ်နိုင်ငံတည်းသော ကိုလိုနီအပြုမခံရတဲ့နိုင်ငံဖြစ်ပါတယ်။ ထိုင်းဆိုတဲ့နာမည်ကို ကျွန်တော်တို့သိပ်စိမ်းကြမယ်မထင်ပါဘူး။ Thailand လို့ အမည်မတွင်ခင် ထိုင်းနိုင်ငံကို Siam နိုင်ငံတော်လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ Siam နိုင်ငံတော် နယ်နမိတ်မှာ ယခင်က မဲခေါင်မြစ်အရှေ့ဘက်ခြမ်း (ယခု လာအို) အထိ ကျယ်ပြန့်ပါတယ်။ Siam (ယခု Thailand) ဟာ ကိုလိုနီပြုခံရတာကနေ လွတ်မြောက်ဖို့ မလွယ်ကူခဲ့ပါဘူး။ တချို့သော ဆောင်းပါးတွေမှာ “ကံကောင်းခြင်း” ကြောင့်လို့ ရေးသားကြပေမဲ့ ထိုအချိန်တုန်းက Siam ရဲ့ အိမ်နီးချင်းနိုင်ငံ ဘားမား (မြန်မာ) နဲ့ မလေးရှားက ဗြိတိန်လက်အောက်၊ အင်ဒို-ချိုင်းနားက ပြင်သစ်လက်အောက်နဲ့ အင်ဒိုနီးရှားက ဒက်ချ် လက်အောက်ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုအင်အားကြီးနိုင်ငံတွေရဲ့ ကိုလိုနီနယ်မြေတွေ ၀န်းရံခံနေရတဲ့ ထိုင်းနိုင်ငံလေးဟာ ကိုလိုနီပြုခံရတာကို ရှောင်ဖို့ မလွယ်ခဲ့ပါဘူး။ ထိုင်းနိုင်ငံဟာ အစောပိုင်းကာလတွေမှာ ပြင်သစ်နဲ့ ဗြိတိန်ရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးပါတယ်။ ဥရောပနိုင်ငံတွေက တရုတ်နဲ့ အိန္ဒိယကို အဓိကကုန်သွယ်ချင်တာဖြစ်ပြီး အဲ့လိုကုန်သွယ်ဖို့ဆိုရင် ကုန်သွယ်ရေးလမ်းကြောင်း တတ်နိုင်သလောက်ဖွင့်ရမယ်ဆိုတဲ့ စိတ်ကူးရှိကြပါတယ်။ ဗြိတိန်က…

Read More

အကယ်၍ ကျွန်တော်တို့သမိုင်း၊ မှတ်တမ်းတွေသာ မတူပြောင်းလဲသွားမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ်လူမှုဘဝအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိမှာလား။ အောင်နိုင်သူတွေသာ သမိုင်းရေးထိုးနိုင်တယ်ဆိုတဲ့ဆိုရိုးရဲ့ နောက်မှာ အောင်နိုင်သူ မတူကွဲပြားခဲ့ရင်ရောဆိုတဲ့ မေးခွန်းကလဲ ယှဉ်တွဲနေပါတယ်။ ဒါဆိုရင် လူ့သမိုင်းရဲ့ အကျည်းတန်ဆုံးစစ်ပွဲဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းဟာလဲ ပြောင်းလဲသွားမယ်ဆိုရင် ဘာများဖြစ်သွားနိုင်လဲ။လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် တိုက်ခဲ့တဲ့ အမေရိကန်၊ ဆိုဗီယက်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ပါဝင်တဲ့ မဟာမိတ်အင်အားစု (Allied power) ဟာ နာဇီဂျာမနီ၊ ဂျပန်အင်ပါယာနဲ့ အီတလီတို့ ပါဝင်တဲ့ ဝင်ရိုးတန်း အင်အားစု (Axis power) ကို အရှုံးပေးခဲ့ရမယ်ဆိုရင် ကမ္ဘာနိုင်ငံ‌ရေးမှာ ဘာတွေပြောင်းလဲသွားနိုင်လဲ။ အထက်ပါအကြောင်းအရာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ New York city ဟာ ဂျာမန်အင်ပါယာရဲ့ ကိုလိုနီနယ်မြေတစ်ခုဖြစ်နေပြီး San Francisco က ဂျပန်ရဲ့ပစိဖိတ် ပိုင်နက်က ပြည်နယ်လေးတစ်ခုဆိုပြီး တွေးဖူးပါသလား။ အကယ်၍ ၀င်ရိုးတန်းအင်အားစုသာ ဒုတိယကမ္ဘာစစ်မှာ အနိုင်ရခဲ့မယ်ဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာအသုံးပြုနေတဲ့ ဘာသာစကားဟာ ဂျာမန်ဘာသာစကားတောင် ဖြစ်သွားနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ဝင်ရိုးတန်းအင်အားစုတွေ အနိုင်ရအောင် ပြုလုပ်နိုင်မဲ့ အခြေအနေလေးအချို့ကို ကြည့်ရအောင်။ ဂျာမန်တွေ စစ်ရှုံးရတဲ့ အဓိကအကြောင်းအရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် Hitlar ရဲ့ ယုံကြည်မှု လွန်ကဲမှု၊ ခေါင်းမာမှုနဲ့ သူ့ရဲ့မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေက အဓိကလို့ ဆိုနိုင်ပါတယ်။ – ဂျာမန်တွေဟာ အီတလီရဲ့အကူအညီနဲ့ဆိုရင် ဆိုဗီယက်အပါအဝင် ဥရောပဒေသတွေကို ပိုမိုထိန်းချုပ်လာနိုင်ပါမယ်။ အီတလီသာ 1943 မှာ မဟာမိတ်အင်အားစုတွေနဲ့ ဘက်ပြောင်းကာ…

Read More

――――――― အကယ်၍ သမိုင်းမှတ်တမ်းတွေသာ မတူပြောင်းလဲသွားမယ်ဆိုရင် နေ့စဉ်လူမှုဘဝအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာလား။ အောင်နိုင်သူတွေသာ သမိုင်းရေးထိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးရဲ့ နောက်မှာ အောင်နိုင်သူ မတူကွဲပြားခဲ့ရင်ရောဆိုတဲ့ မေးခွန်းကလဲ ယှဉ်တွဲနေပါတယ်။ ဒါဆိုရင် လူ့သမိုင်းရဲ့ အကျည်းတန်ဆုံး စစ်ပွဲဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းသာ ပြောင်းလဲသွားမယ်ဆိုရင် ဘာများဖြစ်သွားနိုင်လဲ။ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် တိုက်ခဲ့တဲ့ အမေရိကန်၊ ဆိုဗီယက်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ပါဝင်တဲ့ မဟာမိတ်အင်အားစု (Allied power) ဟာ နာဇီဂျာမနီ၊ ဂျပန်အင်ပါယာနဲ့ အီတလီတို့ ပါဝင်တဲ့ ဝင်ရိုးတန်း အင်အားစု (Axis power) ကို အရှုံးပေးခဲ့ရမယ်ဆိုရင် ကမ္ဘာနိုင်ငံ‌ရေးမှာ ဘာတွေများ ပြောင်းလဲသွားနိုင်လဲ။ အထက်ပါ အကြောင်းအရာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နယူယောက်ခ်မြို့က ဂျာမန်အင်ပါယာရဲ့ ကိုလိုနီနယ်မြေတစ်ခုဖြစ်နေပြီး ဆန်ဖရန်စစ်စကိုက ဂျပန်ရဲ့ပစိဖိတ် ပိုင်နက်က ပြည်နယ်လေးတစ်ခုလို့ တွေးဖူးပါသလား။ အကယ်၍ ၀င်ရိုးတန်းအင်အားစုသာ ဒုတိယကမ္ဘာစစ်မှာ အနိုင်ရခဲ့မယ်ဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနေတဲ့ ဘာသာစကားဟာ ဂျာမန်ဘာသာစကားတောင် ဖြစ်သွားနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေ စစ်ရှုံးရတဲ့ အဓိက အကြောင်းအရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် ဟစ်တလာရဲ့ ယုံကြည်မှု လွန်ကဲမှု၊ ခေါင်းမာမှုနဲ့ သူ့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေက အဓိကလို့ ဆိုနိုင်ပါတယ်။ အရင်ဆုံး ဝင်ရိုးတန်းအင်အားစုတွေ အနိုင်ရအောင် ပြုလုပ်နိုင်မဲ့ အခြေအနေအချို့ကို ကြည့်လိုက်ရအောင်။ – ဂျာမန်တွေဟာ အီတလီရဲ့ အကူအညီနဲ့သာဆိုရင် ဆိုဗီယက်အပါအဝင် ဥရောပဒေသတွေကို ပိုမိုထိန်းချုပ်လာနိုင်မှာပါ။ အီတလီသာ…

Read More