Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»နပိုလီယမ် တကယ်ပဲ အရပ်ပုသလား။
    Uncategorized

    နပိုလီယမ် တကယ်ပဲ အရပ်ပုသလား။

    Khant Nyar TharBy Khant Nyar TharNovember 24, 2023Updated:March 3, 2024No Comments3 Mins Read
    နပိုလီယမ် တကယ်ပဲ အရပ်ပုသလား။
    Share
    Facebook Email Telegram

     

    “နပိုလီယမ် တကယ်ပဲ အရပ်ပုသလား။”

    ________________

    ကျွန်တော်တို့မှာ မတူညီတဲ့ ရှုထောင့်အမြင်တွေရှိတဲ့ အလျောက် သမိုင်းထဲက အထင်ကရ ပုဂ္ဂိုလ်တွေကိုလဲ အမျိုးမျိုးသော ပုံစံတွေနဲ့ မှတ်မိနေလေ့ရှိပါတယ်။ တချို့ပုဂ္ဂိုလ်တွေကတော့ ကောင်းမွန်တဲ့ ရှု့ထောင့်က မြင်ခံရတာ ရှိသလို (ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးအဖြစ်။) တချို့ပုဂ္ဂိုလ်တွေကတော့ မကောင်းမြင်ခံရလေ့ ရှိပါတယ်။ (ဥပမာ ဟစ်တလာဟာ ဂျူးလူမျိုးတွေအပေါ် လူမျိုးတုံးစေမဲ့ ပြစ်မှုကျူးလွန်သူအဖြစ်။) ဒါပေမဲ့ သူတို့လို ပုဂ္ဂိုလ်တွေဟာ နိုင်ငံအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချရတာဖြစ်တဲ့အတွက် အမြဲတမ်းကောင်း၊ အမြဲတမ်းဆိုး မနေနိုင်ဘဲ သက်ရောက်မှုအပေါ် မူတည်ပြီး လူတွေရဲ့ အမြင် ကွာခြားသွားပါတယ်။ (ဥပမာ ဂျိုးဆက်ဖ် စတာလင်ဟာ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေ အနိုင်ရဖို့ ဦးဆောင်ကူညီခဲ့တဲ့ ခေါင်းဆောင်ဖြစ်သလို တစ်ဖက်မှာလဲ လူ့အခွင့်အရေးများစွာ ချိုးဖောက်ထားပါသေးတယ်။)

    ဒီလိုပဲ ကျွန်တော်တို့ သမိုင်းမှာ ကြီးမြတ်တဲ့ စစ်ဘုရင်အဖြစ် မှတ်မိနေကြတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။ သူကတော့ ၁၉ ရာစုရဲ့  ဩဇာအာဏာလွှမ်းမိုးမှု အကြီးဆုံး ဧကရာဇ်တွေထဲက တစ်ပါးဖြစ်တဲ့အပြင် ပြင်သစ်ရဲ့ ပုံရိပ်ကို ကမ္ဘာတစ်ဝှမ်း ချပြနိုင်ခဲ့သူ နာပိုလီယမ် ဘိုနာပတ်ပါ။ သူဟာ ၁၇၈၇ ခုနှစ်ကနေ ၁၇၉၉ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးမှာ ပါ၀င်တဲ့ အဓိကစစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ တော်လှန်ရေးအလွန် ပြင်သစ်အစိုးရ ပြန်လည်ဖွဲ့စည်းရာမှာလဲ အရေးပါခဲ့သူတစ်ဦးဖြစ်ပြီး ၁၈၀၄ ခုနှစ်မှာ ပြင်သစ်အင်ပါယာရဲ့ ဧကရာဇ်အဖြစ် ခံယူခဲ့ပါတယ်။ သူဟာ စစ်တိုက်ကျွမ်းကျင်တဲ့ သူ၊ စစ်ရေးနည်းဗျူဟာ ချရာမှာ ပြောက်မြောက်တဲ့ သူလို့ ကျွန်တော်တို့အားလုံး သိကြပါတယ်။

    ဒါပေမဲ့ လူတိုင်းကတော့ ကျွန်တော်တို့လို မှတ်မိနေတာမျိုးတော့ မဟုတ်ပါဘူး။ နပိုလီယမ်ကို ပုပုတိုတိုနဲ့ စိတ်တိုလွယ်တဲ့ စစ်ဘုရင်၊ ပြောရရင် လူပုစိတ်တိုလို့ တော်တော်များများ သိကြပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ အရပ်မောင်းသေးငယ်မှုကို ဟာသတွေ အပြောင်အပျက်တွေ လုပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အရပ်ဟာ တကယ်ပဲပုတာလား၊ ဘယ်လောက်ရှိလဲ ဆိုတာကို ဘယ်သူမှ မဆန်းစစ်ခဲ့ကြဖူးပါဘူး။ ဒီနေ့ဆောင်းပါးမှာတော့ နပိုလီယမ် တကယ်ပဲ အရပ်ပုသလားဆိုတာ ကျွန်တော်နဲ့အတူ သမိုင်းပေကြိုးလေးနဲ့ တိုင်းကြည့်လိုက်ရအောင်။

    နာပိုလီယမ်ဟာ အရပ်ပုတဲ့ သူတစ်ယောက်လားဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ အတိအကျရှိပါတယ်။ နပိုလီယမ်ဟာ အရပ်ပုတဲ့ သူတစ်ယောက် မဟုတ်ပါဘူး။

    – သူ့ကို ဘယ်အချက်တွေက အရပ်ပုတဲ့ သူလို့ ထင်စေတာလဲ။

    ဒီကောလဟာလဟာ နာပိုလီယမ် “le petit caporal” ဆိုတဲ့ အမည်ပြောင်ရတဲ့ အချိန်က စတယ်လို့ ဆိုလို့ရပါတယ်။ le ဆိုတာက ပြင်သစ်လို ယောက်ျားကို ဆိုလိုတာဖြစ်ပြီး petit က သေးငယ်တာနဲ့ caporal က တပ်ကြပ်လို့ အဓိပ္ပာယ်ရပါတယ်။ အကုန်လုံးစုဘာသာပြန်ရရင် တပ်မှူးငယ်/တပ်ကြပ်ငယ်လို့ ဆိုနိုင်ပါတယ်။ ဒီနာမည်ပြောင်ဟာ ချစ်စဖွယ်ပေးခဲ့တဲ့နာမည်ဖြစ်ပြီး နာပိုလီယမ်ရဲ့ အရပ်အမောင်းကို လုံးဝ မဆိုလိုခဲ့ပါဘူး။

    နောက်တစ်ချက်ကတော့ နပိုလီယမ်ဟာ သူ့ပတ်၀န်းကျင်မှာ အရပ်ရှည်တဲ့ တပ်သားတွေကို ၀န်းရံထားလေ့ရှိတာပါ။ ဒီအချက်ကြောင့်ပဲ သူ့ကို ပုတယ်လို့ ထင်ရစေပါတယ်။ အရင်ခေတ်က အင်ပါယာတပ်သားတွေရဲ့ အရပ်အမောင်းအတွက် သတ်မှတ်ချက်ရှိပါတယ်။ အကြောင်းကတော့ အရပ်ရှည်တဲ့ စစ်သားတွေက ပိုကျန်းမာပြီး စစ်ပွဲအတွင်း တိုက်နိုင်စွမ်းနဲ့ သက်လုံပိုကောင်းတယ်ဆိုတဲ့ ယုံကြည်မှုကြောင့်ပါပဲ။ ဒါကြောင့်ပဲ ပြင်သစ်စစ်တပ်ဟာ အရပ်ရှည်တဲ့ စစ်သားတွေနဲ့ ဖွဲ့စည်းထားသလို ဖြစ်နေပြီး နပိုလီယမ်က အရပ်ရှည်တဲ့ စစ်သားတွေကြားထဲ ရောက်သွားတဲ့အခါ သူ့ကို ပုတယ်လို့ မြင်စေပါတယ်။

    – ဒါဆို နာပိုလီယမ်ရဲ့ အရပ်ကဘယ်လောက်ရှိတာလဲ။

            

    နာပိုလီယမ်ရဲ့ အရပ်ဟာ ပြင်သစ်မက်ထရစ်စနစ်နဲ့ တိုင်းတာမှုအရ ၅ ပေ၊၂ လက်မလို့ မှတ်တမ်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိသျှစနစ်နဲ့ ယနေ့ခေတ်အတိုင်းအတာတွေအရ နာပိုလီယမ်ဟာ အရပ် ၅ ပေ၊ ၆ လက်မ ရှိသူတစ်ဦး ဖြစ်ပါတယ်။ ဒါဆို ဘာတွေက ဒီလိုမရေမရာမှုကို ဖြစ်စေတာလဲ။

    – ပြင်သစ်နဲ့ ဗြိတိသျှ မက်ထရစ်တိုင်းတာမှုစနစ်ကြားက ရှုပ်ထွေးမှု

    အဲ့ဒီအချိန်တုန်းက ပြင်သစ်တွေနဲ့ ဗြိတိသျှတွေက အရပ်အမောင်းတိုင်းတာမှုအတွက် လက်မနဲ့ ပေဆိုတဲ့ ယူနစ်နှစ်ခုကို သုံးခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တိုင်းတာတဲ့ ကိရိယာနဲ့ တိုင်းတာတဲ့ နေရာမှာ သုံးတဲ့ တိပ်တွေကတော့ မတူကြပါဘူး။ နပိုလီယမ်သေဆုံးတဲ့အချိန်မှာ သူ့အရပ်ကို ပြင်သစ်အတိုင်းအတာနဲ့ ၅ ပေ၊၂ လက်မလို့ မှတ်တမ်းတင်ခဲ့ပေမဲ့ ယနေ့ခေတ် တိုင်းတာတဲ့ ကိရိယာနဲ့ ဗြိတိသျှစနစ်မှာတော့ နပိုလီယမ်ဟာ ၅ပေ၊ ၆လက်မ ဖြစ်ပါတယ်။

    ၁၇ ရာစုမတိုင်ခင်က ဥရောပနိုင်ငံတွေသာ သူတို့ရဲ့ ကိုယ်ပိုင်ရိုးရာ အတိုင်းအတာစနစ်တွေ ရှိခဲ့ကြပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူပါဘူး။ ဒါကြောင့် ဥရောပမှာ စံသတ်မှတ်ချက် လိုအပ်နေခဲ့ပါတယ်။

    ၁၇၉၉ ခုနှစ်မှာ ပြင်သစ်မှာ မက်ထရစ်စနစ်ကို သုံးစွဲခဲ့ပါတယ်။ နပိုလီယမ်ကလဲ အဲ့ဒါကို ထောက်ခံခဲ့ပြီး “mesures usuelles” ဆိုတာကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ (mesures usuelles မှာ အလျား၊ အနံ၊ ထုထည်စတဲ့ အရာတွေကို တိုင်းဖို့ယူနစ်တွေပါလာပါတယ်။ ဥပမာ မီတာနဲ့ ကီလိုမီတာဆိုရင် အလျားနဲ့ ဝိတ်ကို တိုင်းတာဖြစ်ပြီး လီတာကတော့ ထုထည်ကို တိုင်းတာမျိုးပါ။) ဒုတိယကမ္ဘာစစ်နောက်ပိုင်း ၁၉၆၀ ခုနှစ်မှာမှ မီတာ၊ ကီလိုဂရမ်နဲ့ စက္ကန့်တို့ ပါတဲ့ SI unit ကို စံယူနစ်အဖြစ် သတ်မှတ်လာကြပါတယ်။ ဒီလိုယူနစ်ကွာခြားမှုတွေကလဲ နပိုလီယမ်ကို အရပ်ပုတဲ့ သူလို့ အထင်မှားစေတဲ့ အချက်တွေဖြစ်နေပါတယ်။

    – ဗြိတိန်ရဲ့ ဝါဒဖြန့်မှု

    နာပိုလီယမ် အရပ်ပုတယ်ဆိုတဲ့ သတင်းဟာ ဗြိတိန်ရဲ့ ပယောဂလဲ မကင်းပါဘူး။ James Gillray အမည်ရတဲ့ ဗြိတိန်က ရုပ်ပြောင်ဆွဲသူတစ်ဦးဟာ နပိုလီယမ်ရဲ့ အသေးစားရုပ်ပြောင်ကာတွန်းပုံကို ဆွဲခဲပါသေးတယ်။ ပုံထဲမှာတော့ နပိုလီယမ်ဟာ ပရိဘောဂတွေလောက်ကြီးတဲ့ ဦးထုပ်ကို ဆောင်းပြီး စိတ်တိုတိုနဲ့ ပစ္စည်းတွေကို ကောက်ပေါက်နေတဲ့ပုံကို ရုပ်ပြောင်ဆွဲထားပါတယ်။ ဗြိတိန်တွေကလဲ ဒီရုပ်ပြောင်ကို လူသိများအောင် ပြုလုပ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ သူတို့ဟာ နပိုလီယမ်ကို သဘောမကျတဲ့အတွက် သူ့ရဲ့ ဂုဏ်သတင်းကို ပျက်စီးစေချင်လို့ပါပဲ။ ဗြိတိန်တွေဟာ ဒီရုပ်ပြောင်ကို ဆက်လက် ဖြန့်ဝေခဲ့ပြီး နာပိုလီယမ်ရဲ့ ဂုဏ်သတင်းကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် လုပ်ခဲ့ပါသေးတယ်။

    အချုပ်အနေနဲ့ ပြောရရင် နပိုလီယမ်ဟာ သူ့အ‌ခေတ် သူ့အခါက အရပ်ရှည်ဆုံး လူတစ်ယောက် မဟုတ်ပေမဲ့ အရပ်ပုပြီး သေးသွယ်တဲ့ သူတစ်ယောက်လဲ မဟုတ်ပြန်ပါဘူး။ သူ့ရဲ့ အရပ်ဟာ ပျမ်းမျှပြင်သစ်နိုင်ငံသားတစ်ယောက်ရဲ့ အရပ်လို့ပြောလို့ရပါတယ်။ အထက်မှာ ပြောခဲ့တဲ့ အချက်တွေကြောင့်သာ သူ့ကို အရပ်ပုတယ်လို့ အထင်မှား မြင်ကြပေမဲ့ သူဟာ အရပ် ၅ပေ၊ ၆လက်မရှိတဲဲ့ စစ်ဘုရင်တစ်ယောက်ဆိုတာ သိထား‌စေချင်ပါတယ်။

    နပိုလီယမ်ရဲ့ အရပ်အမောင်းနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်က ဟာသလေးတစ်ခုနဲ့ နိဂုံးချုပ်ရမယ်ဆိုရင် –

    IN A “SHORT” SPAN, I CONQUERED THE WORLD, BUT ALL THEY SEE IS “SHORT”.

    ငါဟာ ကမ္ဘာကြီးကို အချိန်တိုအတွင်းမှာပဲ အုပ်စိုးနိုင်ခဲ့ပေမဲ့ သူတို့ကတော့ “တိုတယ်” (ပုတယ်) ဆိုတဲ့ အချက်ကိုပဲ မြင်ကြပါတယ်တဲ့။

    References – Was Napoleon Really Short? Written by Anupriya Nasaria. | scienceabc.com

    Written by – Khant Nyar Thar

    Edited by – Aww Myat Khin Khin

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #History #Article #Napoleon #Was_Napoleon_Really_Short


    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleစိတ်ကူးယဉ်ယုံကြည်မှု
    Next Article “မာကိုပိုလိုဟာ တရုတ်ပြည်ကို ခြေချခဲ့တဲ့ ပထမဆုံး ဥရောပသားလား။”
    Khant Nyar Thar

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.