Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။
    Uncategorized

    ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။

    Khant Nyar TharBy Khant Nyar TharAugust 17, 2023Updated:March 3, 2024No Comments4 Mins Read
    ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။
    Share
    Facebook Email Telegram

    ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။

    ဥရောပနိုင်ငံတွေ အင်အားကြီးလာတာနဲ့အမျှ ကိုလိုနီနယ်မြေတွေ အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းအတွက်ဖြစ်စေ၊ စစ်ရေးနည်းဗျူဟာအရပဲဖြစ်စေ နိုင်ငံငယ်တွေကို ကိုလိုနီပြုတာဟာ ပိုင်နက်ကို ကျယ်ပြန့်စေသလို ကောင်းကျိုးအများအပြားရစေပါတယ်။ ကမ္ဘာပေါ်မှာ ကိုလိုနီအပြုမခံခဲ့ရတဲ့ နိုင်ငံတွေ လက်ချိုးရေလို့ရပါတယ်။ ဒီထဲကမှ အရှေ့တောင်အာရှဒေသတွင်းက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယခုထိုင်းနိုင်ငံ (ယခင် Siam နိုင်ငံတော်) ကလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံဟာ အာရှဒေသအတွင်း တစ်နိုင်ငံတည်းသော ကိုလိုနီအပြုမခံရတဲ့နိုင်ငံဖြစ်ပါတယ်။ ထိုင်းဆိုတဲ့နာမည်ကို ကျွန်တော်တို့သိပ်စိမ်းကြမယ်မထင်ပါဘူး။ Thailand လို့ အမည်မတွင်ခင် ထိုင်းနိုင်ငံကို Siam နိုင်ငံတော်လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ Siam နိုင်ငံတော် နယ်နမိတ်မှာ ယခင်က မဲခေါင်မြစ်အရှေ့ဘက်ခြမ်း (ယခု လာအို) အထိ ကျယ်ပြန့်ပါတယ်။

    Siam (ယခု Thailand) ဟာ ကိုလိုနီပြုခံရတာကနေ လွတ်မြောက်ဖို့ မလွယ်ကူခဲ့ပါဘူး။ တချို့သော ဆောင်းပါးတွေမှာ “ကံကောင်းခြင်း” ကြောင့်လို့ ရေးသားကြပေမဲ့ ထိုအချိန်တုန်းက Siam ရဲ့ အိမ်နီးချင်းနိုင်ငံ ဘားမား (မြန်မာ) နဲ့ မလေးရှားက ဗြိတိန်လက်အောက်၊ အင်ဒို-ချိုင်းနားက ပြင်သစ်လက်အောက်နဲ့ အင်ဒိုနီးရှားက ဒက်ချ် လက်အောက်ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုအင်အားကြီးနိုင်ငံတွေရဲ့ ကိုလိုနီနယ်မြေတွေ ၀န်းရံခံနေရတဲ့ ထိုင်းနိုင်ငံလေးဟာ ကိုလိုနီပြုခံရတာကို ရှောင်ဖို့ မလွယ်ခဲ့ပါဘူး။

    ထိုင်းနိုင်ငံဟာ အစောပိုင်းကာလတွေမှာ ပြင်သစ်နဲ့ ဗြိတိန်ရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးပါတယ်။ ဥရောပနိုင်ငံတွေက တရုတ်နဲ့ အိန္ဒိယကို အဓိကကုန်သွယ်ချင်တာဖြစ်ပြီး အဲ့လိုကုန်သွယ်ဖို့ဆိုရင် ကုန်သွယ်ရေးလမ်းကြောင်း တတ်နိုင်သလောက်ဖွင့်ရမယ်ဆိုတဲ့ စိတ်ကူးရှိကြပါတယ်။ ဗြိတိန်က အိန္ဒိယနဲ့ မြန်မာကို ထိန်းချုပ်ထားသလို တစ်ဖက်မှာလဲ ပြင်သစ်က အင်ဒို-ချိုင်းနားဒေသကို ထိန်းချုပ်ထားပါတယ်။ မြေပုံကို ပြန်ကြည့်မယ်ဆိုရင် Siam နိုင်ငံတော် (ယခု ထိုင်း) ဟာ ဗြိတိန်နဲ့ပြင်သစ်ကိုလိုနီနယ်မြေကြားမှာ ရှိတာဖြစ်လို့ Siam ကိုသာ သိမ်းနိုင်မယ်ဆိုရင် ရေပိုင်နက်ကို ချုပ်ကိုင်နိုင်မှာ ဖြစ်သလို Siam နယ်မြေ (ယခု ထိုင်းနဲ့ လာအို) ဟာ တရုတ်နဲ့ ထိတွေ့နေတာကြောင့် ကုန်သွယ်ရေးအကျိုးအမြတ်များစွာ ရနိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီလိုအကျိုးအမြတ်များတဲ့နယ်မြေတစ်ခုကို တခြားနိုင်ငံလက်ထဲပေးချင်မှာ မဟုတ်တဲ့အတွက် အကယ်၍ တစ်နိုင်ငံက ကျူးကျော်လာရင်တောင် တစ်ဖက်က ငြိမ်နေမှာမဟုတ်ပါဘူး။

    နောက်ပြီး ဗြိတိန်နဲ့ ပြင်သစ် နှစ်ဖက်စလုံးက အချင်းချင်းစစ်ဖြစ်မှာကို မလိုလားကြပါဘူး။Siam သာ တစ်နိုင်ငံရဲ့ နယ်မြေဖြစ်သွားမယ်ဆိုရင် အင်အားကြီးနှစ်နိုင်ငံကြား နယ်စပ်အရေးကိစ္စနဲ့ နယ်နမိတ်ပဋိပက္ခတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကိုလဲ နှစ်ဖက်စလုံးက မလိုလားပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာ Siam ကို ကြားခံငြိမ်းချမ်းရေးနယ်မြေအဖြစ် သဘောထားခဲ့ကြပြီး ကျူးကျော်မှုမလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

    ပထ၀ီအနေအထားက Siam (ထိုင်း) ကို ကိုလိုနီနယ်မြေမဖြစ်စေတဲ့ အချက်တွေက တစ်ခုပေမဲ့ လုံလောက်တဲ့ အကြောင်းပြချက်တော့ မဟုတ်ပါဘူး။ နိုင်ငံတွင်းမှာလဲ ပြောင်းလဲမှုမျိုးစုံ လုပ်ပါတယ်။ Siam လူမျိုး King Rama V လို့ လူသိများတဲ့ Chulalongkorn (၁၈၆၈-၁၉၁၀) ဟာ ပြည်တွင်းပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီး ဥရောပနိုင်ငံတွေရဲ့ ကိုလိုနီပြုတာကို ရှောင်ချင်ရင် သူတို့ နိုင်ငံရေးစနစ်ကို ဥရောပဆန်ဆန် ပြောင်းပစ်ရမယ်လို့ အကြုံရပါတယ်။

    ဒီလိုပြောင်းလဲဖို့ အဓိကကျတာကတော့ မြေပုံကို သေချာအသုံးပြုပြီး နယ်နမိတ်အတည်တကျသတ်မှတ်ခြင်းဖြစ်ပါတယ်။ ဥရောပသားတွေဟာ ကိုလိုနီပြုဖို့ နယ်နမိတ်မသေချာတဲ့အခါ မြေပုံကို အဓိကသုံးစွဲကြတာကို သူသတိထားမိခဲ့ပါတယ်။Siam တွေရဲ့ နိုင်ငံရေးစနစ်က “Mandala” စနစ်ဖြစ်ပြီး ဒီစနစ်ရဲ့ အခြေခံက ဥရောပစနစ်တွေနဲ့ ကွဲပြားပါတယ်။ အစပိုင်းမှာ ဒီစနစ်ဟာ မကျစ်လျစ်ဘဲ ဘုရင်ရဲ့ အာဏာသက်ရောက်မှု အားနည်းပါတယ်။ မတူညီတဲ့ နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နယ်မြေခံအရာရှိတွေက ပိုအားကောင်းပြီး သီးခြားနယ်မြေတွေတောင် ရှိပါတယ်။ ဒါကို ဖြေရှင်းဖို့ ဘုရင်က ခိုင်မာတဲ့ စစ်တပ်ကို ချပြခဲ့ပြီး အုပ်ချုပ်ကိုရေးကိုလဲ ဘန်ကောက်မှာ ဗဟိုပြုစေခဲ့ပါတယ်။ စစ်တပ်ကြောင့် ဘုရင် Rama V ရဲ့ အာဏာပိုရှိလာကာ ဥရောပသားတွေ ကျူးကျော်လာရင်လဲ တိုက်ခိုက်ဖို့ နိုင်ငံဟာ ပိုမိုစည်းလုံးကျစ်လျစ်သွားပါတယ်။

    Siam တွေဟာ ကိုလိုနီလက်အောက်မကျခဲ့ပေမဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ထိတွေ့မှုပေါင်းများစွာ ရှိခဲ့ပါတယ်။ တစ်ခါတလေ နယ်မြေဆုံးရှုံးရတာတွေပါ ရှိပါတယ်။ 1893 မှာ ဖြစ်ခဲ့တဲ့ Pak nam အရေးအခင်းကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖြစ်စဥ်ကတော့ Siam နဲ့ ပြင်သစ်ဟာ သဘောတူညီမှုတစ်ခုနဲ့ ပြင်သစ်စစ်သင်္ဘောကို Pak nam ကျွန်းအထိ ဖြတ်ခွင့်ပေးထားကာ အောင်အောင်မြင်မြင်ပဲ ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်တွေက pak nam ကျွန်းကို နောက်ထပ်စစ်သင်္ဘောလွှတ်ခံချင်ပေမဲ့ Siam ဘက်က ခွင့်မပြုခဲ့ပါဘူး။ ကပ္ပတိန် bori

    ဦးဆောင်တဲ့ စစ်သင်္ဘောဟာ Chao Freya မြစ်ကနေ Pak Nam ကို သွားချင်ပေမဲ့ Siam ရဲ့ သဘောမတူညီမှုကြောင့် ကြန့်ကြာနေခဲ့ပါတယ်။ အစမှာတော့ ပဲရစ်က အမိန့်ကို စောင့်သော်လဲ ပြန်စာမလာတာကြောင့် ခေါင်းမာမာနဲ့ ရှေ့ဆက်ခဲ့ပါတယ်။ မြစ်အ၀င်၀မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေမဲ့ ပြင်သစ်တွေ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

    ဒီအကြောင်းကြောင့် ပြင်သစ်တွေဒေါသထွက်သွားပြီး သူတို့ပြန်သွားတဲ့အခါမှာ အ၀ကို တံတိုင်းကာစေခဲ့တာကြောင့် ဗြိတိန်နဲ့ ကုန်သွယ်ရေးပါ ထိခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗြိတိန်ရဲ့ ဖိအားပေးမှုကြောင့် သဘောတူညီချက်နဲ့ ပြန်လည်ဖွင့်ခွင့်ပြုခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပြင် နောက်ပိုင်းမှာလဲ ပြင်သစ်နဲ့ Siam အကြား ထိတွေ့မှုတွေရှိလာပြီး ကောင်စစ်၀န် Auguste pavi ကို အင်ဒိုချိုင်းနားပြင်သစ်အစိုးရက လာအိုကို သိမ်းဖို့ တာဝန်ပေးချိန်ကစပြီး တင်းမာမှုပဋိက္ခတွေ မြင့်တက်လာခဲ့တယ်။ အဲ့ဒီနောက် ပြင်သစ်သုံးယောက်ကို Siam နယ်မြေခံအရာရှိတွေက နှင်ထုတ်တာဟာ သဘောထားကွဲလွဲမှုကို မြင့်စေပြီး Pavi က အလျင်အမြန်ပဲ မဲခေါင်အရှေ့ဘက်မှာရှိတဲ့ Siam တပ် မှန်သမျှကို ဆုတ်ခွာဖို့ သတိပေးလိုက်ပါတယ်။ Pavi ရဲ့ ပြင်သစ်စစ်သင်္ဘောဟာ ဘန်ကောက်ကို ရောက်လာပြီး ဆွေးနွေးမှုတွေပြုပါတယ်။ ပဋိပက္ခနောက်ဆုံးမှာတော့ ပြင်သစ်ကိုလိုနီနယ်၊ လာအို၊ မြန်မာပြည်အထက်ပိုင်းကို နယ်နမိတ်သတ်မှတ်နိုင်အောင် ဗြိတိန်၊ ပြင်သစ်တို့နဲ့ စာချုပ်ချုပ်ဆိုခဲ့ ပါတယ်။ King Rama V ဟာ မြို့တော်ကိုကယ်တင်ဖို့ မဲခေါင်မြစ်ထဲက ကျွန်းအများစုနဲ့ လာအိုကို စွန့်လွှတ်ခဲ့ရပါတယ်။

    ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်းမှာ အင်အားကြီးနှစ်နိုင်ငံဟာ သူတို့အတွင်းမှာပဲ ပြဿနာတွေဖြစ်နေတာက တစ်ကြောင်း၊ ဒီ Siam နိုင်ငံဟာ အင်အားကြီးနိုင်ငံမထိတွေ့စေဖို့ ကြားခံနယ်အဖြစ်သဘောထားတာက တစ်ဖုံနဲ့ ဒီနယ်မြေကို ကျူးကျော်ဖို့ အပြင်းအထန်မကြိုးစားကြတော့ပါဘူး။

    ထိုင်းနိုင်ငံဟာ ဘယ်တုန်းကမှ ကိုလိုနီမြေမဖြစ်ခဲ့ဖူးပေမဲ့ တခြားနိုင်ငံရဲ့ ကျူးကျော်တာ ခံရဖူးပါတယ်။ ထိုင်းနိုင်ငံ (Siam) ကို ကျူးကျော်ဖူးတဲ့ နိုင်ငံဟာ Burma (Myanmar) ဖြစ်တယ်ဆိုတာ တော်တော်များများကြားဖူးကြမှာပါ။

    Siamese-Burmese စစ်ပွဲဟာ 1547 ကနေ 1856 အတွင်း ကြိမ်ဖန်များစွာ ဖြစ်ခဲ့ဖူးပြီး Siamက နှစ်ကြိမ် ရှုံးကာ နယ်မြေတွေပေးရတာ ရှိခဲ့ဖူးပါတယ်။ ပထမအကြိမ်ရှုံးခဲ့ရတဲ့ ခုနှစ်က 1564 ဖြစ်ပြီး ဒုတိယကတော့ 1767 မှာ ဖြစ်ပါတယ်။ သို့သော်လဲ နှစ်ကြိမ်စလုံး လွတ်လပ်ရေးကို ပြန်လည်ရအောင် တိုက်ထုတ်နိုင်ခဲ့ပါတယ်။

    Siam ဘုရင် King Rama V က Russia နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလဲ ရှိပါတယ်။ ဥရောပ စတိုင်လ်အတိုင်း နေထိုင်ရတာ နှစ်သက်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့သားတွေကို ဥရောပ ပညာရေးကိုသာ သင်ယူစေခဲ့သူပါ။ 1910မှာတော့ Chulalongkorn (King Rama V) ကွယ်လွန်ကာ သူ့ရဲ့ဆက်ခံသူ KING RAMA VI နန်းတက်လာခဲ့ပါတယ်။ သူဟာ Royal miltary academy Sandhurst နဲ့ Oxford Uni မှာ ပညာသင်ကြားခဲ့ရသူဖြစ်ပြီး ဥရောပစတိုင်လ်နဲ့ အုပ်ချုပ်ရာမှာ မခက်ခဲခဲ့ပါဘူး။ ပညာရေးစနစ်သစ်နဲ့ ကျောင်းများကို ဖွင့်ပေးကာ Gregorian ပြက္ခဒိန်ကို အသုံးပြုဖို့ ညွှန်ကြားခဲ့ပါတယ်။

    ပထမကမ္ဘာစစ်ဖြစ်တဲ့အချိန်မှာ ဗြိတိန်နဲ့ ပြင်သစ်တို့နဲ့ ငြိမ်းချမ်းရေးတည်မြဲစေဖို့  ဂျာမနီနဲ့ သြစတြီးယား-ဟန်ဂရီကို စစ်ကြေညာခဲ့ရပါတယ်။ ဒါကပဲ Siam ကို ဗာဆိုင်းစာချုပ်မှာ နေရာရလာစေပြီး နိုင်ငံတကာမှာ မျက်နှာပွင့်စေပါတယ်။ နောက်ပိုင်းမှာတော့ Monarchy စနစ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲကာ 1939 မှာ Thailand လို့ အမည်ပြောင်းခဲ့ပါတယ်။

    ဒီလိုနဲ့ပဲ Siam တွေရဲ့ ခုခံတော်လှန်မှု၊ ပါးနပ်မှုနဲ့ ပထဝီ‌ရေးရာအားသာမှုတွေ‌ကြောင့် ထိုင်းကို ကိုလိုနီပြုဖို့ မလွယ်ခဲ့သလို ထိုင်းသမိုင်းမှာ ကိုလိုနီခေတ်ဆိုပြီး ရေးထိုးစရာ မလိုခဲ့ပါဘူး။ ထိုင်းနိုင်ငံဟာ “ကံကောင်းမှု” ကြောင့် မဟုတ်ဘဲ ကိုလိုနီပြုခံရမဲ့ အခြေအနေကနေ ကိုယ့်စွမ်းကိုယ့်စနဲ့ ကြိုးစားပြီး အောင်အောင်မြင်မြင် ရုန်းထွက်နိုင်လာခဲ့ကာ အာရှဒေသမှာ တစ်နိုင်ငံတည်းသော ကိုလိုနီအပြုမခံခဲ့ရတဲ့ နိုင်ငံအဖြစ် ယနေ့အချိန်ထိ ရပ်တည်နေပါတော့တယ်။

    References – Knowledgia Channel

    – How did Siam (Thailand) avoid European?

    – Was Thailand Colonized? Website – Thai Guider

    ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတစ်ဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

    Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

    Telegram – t.me/facthub_mm

    www.facthub-mm.org မှာလဲ ဝင်ဖတ်နိုင်ပါတယ်။

    Written by – Khant Nyar Thar

    Edited by – Fact Hub Editor Team

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #History #Article #Thailand #Was_Thailand_Colonized

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleကမ္ဘာကြီးနှင့်အတူ သက်ရှိများ‌သေကြေပျက်သုဉ်းမည့် ဖြစ်စဉ်ကို သိပ္ပံရှုထောင့်မှ စဉ်းစားခြင်း
    Next Article “သိပ္ပံဘယ်လိုအလုပ်လုပ်သလဲ”
    Khant Nyar Thar

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.