Author: Aye Chan Oo

စာဖတ်သူတို့ ဟယ်ရီပေါ်တာ (Harry Potter) ရုပ်ရှင်ကို ကြည့်ဖူးကြပါသလား . . . ? ကြည့်ဖူးကြတယ် ဆိုရင် ဒီရုပ်ရှင်ကြီးရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ “Harry Potter and the Philosopher’s Stone” ဆိုတဲ့ အပိုင်းကိုလဲ သိလောက်မယ်လို့ ထင်ပါတယ်။ ဒီ Philosopher’s Stone ဆိုတဲ့ ထူးဆန်းတဲ့ ကျောက်တုံးကြီးကို ရှေးခေတ်ပညာရှင်တွေဟာ အမှန်တကယ် ဖော်စပ်ဖို့ ကြိုးစားခဲ့ကြဖူးတယ်လို့ ပြောလိုက်ရင် အံ့သြသွားကြမလား . . .? ဓာတုဗေဒရဲ့ အုတ်မြစ်လို့တောင် ‌ပြောလို့ ရတဲ့ အဂ္ဂိရတ်ပညာ (Alchemy) နဲ့ သမိုင်းကြောင်းမှာ မော်ကွန်းတင်နိုင်ခဲ့တဲ့ Philosopher Stone လို ဖော်စပ်မှုတွေက ဒီနေ့ခေတ် သိပ္ပံပညာကို အခြေခိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ အရာတွေပါပဲ။ Philosopher Stone ရဲ့ သမိုင်းကြောင်းနဲ့ ဒီအရာကို ရှာဖွေစမ်းသပ်ရင်း ဘယ်သူတွေကများ သိပ္ပံပညာကို ပြောင်းလဲစေခဲ့သလဲ ဆိုတာကလဲ စိတ်၀င်စားစရာပါ။ သမိုင်းကြောင်းကို ပြန်ရစ်တဲ့အခါ ဓာတုဗေဒလို့ ပြောလိုက်တာနဲ့ တွဲမြင်ရမှာက အဂ္ဂိရတ်ပညာ ဖြစ်ပါတယ်။ သူက မှော်နက်ပညာ (Black Magic) ခေတ်အနောက်ကနေ ကပ်လျက် ထွန်းကားလာတဲ့ ရှေးပညာရပ်တစ်ခု ဖြစ်ပြီး ဘီစီ ၃၀၀ ကနေ ၁၇ ရာစုအကုန်အထိ လွှမ်းမိုးခဲ့ပါတယ်။ တရုတ်နဲ့ ဥရောပနိုင်ငံတွေကနေ စတင်ပေါ်ပေါက်လာတဲ့ ဒီပညာရပ်မှာ ရည်ရွယ်ချက် ၂ မျိုးပဲ ရှိပါတယ်။ အသက်ရှည်ဆေးနဲ့ ရောဂါဘယ…

Read More

အိမ်ထဲမှာ ထိုင်နေရင်း ဘေးပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်တဲ့အခါ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ရေသန့်ဘူးတွေ၊ ပန်ကာတွေနဲ့ မင်တံတွေ စတဲ့ ပစ္စည်းတွေကို မြင်ရပါလိမ့်မယ်။ အပြင်ကို ထွက်လာကြည့်ရင်လဲ ပလတ်စတစ်‌တွေနဲ့ ပါ၀င်ဖွဲ့စည်းထားတဲ့ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေကို မြင်ကြရမှာပါ။ မုန့်သွားဝယ်ကြတဲ့အခါ ပစ္စည်းတွေကို ထုပ်ပေးလိုက်တဲ့ အရာတွေကလဲ ပလတ်စတစ်တွေပါပဲ။ ဒီပလတ်စတစ်တွေ ဘယ်ကနေ လာသလဲ. . .? ဘယ်လို လုပ်လိုက်ရင် သူတို့ကို ရသလဲ. . .? ပလတ်စတစ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကတည်းက ဒီကမ္ဘာကြီးပေါ်မှာ ရှိနေခဲ့တာပါ။ ရာစုနှစ်တွေအတွင်း လူသားတွေဟာ ပလတ်စတစ်တွေကို အရည်အသွေး ပိုကောင်းလာအောင် မွမ်းမံပြင်ဆင်ပြီး အသုံးပြုနေခဲ့ကြတာ ဒီနေ့အထိတိုင်အောင်ပါပဲ။ ၁၈၆၉ ခုနှစ်မှာ ဂျွန်ဝက်စ်လေဟိုင်းရတ် (John Wesley Hyatt) က ပလတ်စတစ်ကို ပထမဆုံး တီထွင်ခဲ့ပြီး စတင်ဖန်တီးတုန်းကတော့ ပလတ်စတစ်က လုံးဝ ပြီးပြည့်စုံနေတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့လဲ “Every discoveries are revolutionary” ဆိုတဲ့အတိုင်း သိပ္ပံပညာမှာ ရှာဖွေတွေ့ရှိမှုတိုင်းဟာ ဆင့်ကဲ တိုးတက်ပြောင်းလဲလာစမြဲပါ။ ပထမဆုံး ပလတ်စတစ်အပြည့် (Fully Synthetic Plastic) ဟာ ပလတ်စတစ်အမာ (Bakelite) ဖြစ်ပြီး ၁၉၀၇ ခုနှစ်မှာ နယူးယောက်မြို့ကနေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ လီယိုဘိတ်ခ်လမ်းဒ် (Leo Baekeland) က ဖန်တီးခဲ့တာ ဖြစ်ပြီး ‘plastic’ ဆိုတဲ့ ဝေါဟာရကိုလဲ သူကိုယ်တိုင် အမည်ပေးခဲ့တာပါ။…

Read More

လူသားတွေဟာ နေ့စဥ်နဲ့အမျှ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးပေါ်မှာ နေထိုင်နေကြပါတယ်။ အရာဝတ္တုပစ္စည်းတွေ ဟောင်းသွားတာကိုလဲ ပုံမှန် မြင်တွေ့နေရပြီး ဒီဝတ္ထုတွေရဲ့ ရုပ်ဂုဏ်နဲ့ ဓာတ်ဂုဏ် ပြောင်းလဲနေတာကိုလဲ မြင်နေရပါတယ်။ ဒါဆိုရင် ဘာလို့များ အဲဒီလိုတွေ ပြောင်းလဲရသလဲလို့ မေးရင် ဓာတုဗေဒကြောင့်ပါ လို့ပဲ ဖြေပါမယ်။ ဓာတုဗေဒ (Chemistry) လို့ ပြောလိုက်တာနဲ့ လူအတော်များများက အက်တမ်တွေ၊ မော်လီကျူးတွေ၊ ဒြပ်တွေနဲ့ သူတို့ရဲ့ ဓာတ်ပြုမှုတွေကို လေ့လာရတဲ့ ပညာရပ်လို့ ဆိုလေ့ရှိတယ်။ တကယ်တော့ အဲဒီအက်တမ်တွေ၊ မော်လီကျုးတွေက ဓာတုဗေဒပညာရပ်ကို မျက်လုံးထဲ မြင်လာအောင် ပုံဖော်ပေးတဲ့ အရာတွေသက်သက်ပဲ ဖြစ်ပြီး တကယ့်တကယ် ဓာတုဗေဒက ‘ပြောင်းလဲခြင်း’ ကို လေ့လာတာပါ။ အက်တမ်တွေရဲ့  ပြောင်းလဲခြင်း၊ မော်လီကျူးတွေရဲ့  ပြောင်းလဲခြင်း၊ ဒြပ်တွေရဲ့  ပြောင်းလဲခြင်းကို လေ့လာတာက ဓာတုဗေဒပါပဲ။ ဓာတုဗေဒက လူသားတွေ နေ့စဥ်ဘဝမှာ ထိတွေ့နေရတဲ့ ပညာရပ်တစ်ခု ဖြစ်ရုံတင်မကဘဲ လေ့လာသူတိုင်း မြင်တွေ့နိုင်တဲ့ အလှတရားတစ်ခု ဆိုလဲ မမှားပါဘူး။ စာဖတ်သူတို့ ကြားဖူးနားဝ ရှိကြတဲ့ ဓာတုဗေဒဟာ အခုမှ ထပေါ်လာတဲ့ ပညာရပ်တစ်ခု မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မွေးဖွားလာခဲ့တဲ့ ရှေးပညာရပ်တစ်မျိုးပါ။ ဒါပေမဲ့ လက်ရှိ လေ့လာနေကြရတဲ့ ဓာတုဗေဒဟာ ခေတ်သစ်ဓာတု (Modern Chemistry) ဖြစ်ပြီး ရှေးကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဓာတုဆိုင်ရာ ပညာရပ်တွေကတော့ အဂ္ဂိရတ်ပညာ (Alchemy) နဲ့ ‘မှော်နက်ပညာ’ လို့ ဆိုရတဲ့ Black Magic…

Read More

ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေရဲ့ ကောင်းကင်ထက်မှာ တွေ့ရတတ်တဲ့ အလင်းတန်းရှည်ကြီးတွေကို စာဖတ်သူတွေ သတိထားကြပါလိမ့်မယ်။ ကောင်းကင်မှာ ဒီလို သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အလှတရားဟာ ကမ္ဘာအနှံ့က ခရီးသွားတွေကို ဆွဲဆောင်နေတဲ့အပြင် သိပ္ပံရှုထောင့်က ကြည့်ရင်လဲ စိတ်ဝင်စားစရာပါပဲ။ ဒီတော့ ဒီအလင်းရောင်စဉ်တန်းတွေရဲ့ ကကြိုးဆင်လှုပ်ရှားမှုတွေနောက်ကို Fact Hub နဲ့အတူ ဒီနေ့ အလည်သွားကြည့်ကြရအောင်လား . . . ။ ကောင်းကင်ပြင်မှာ ယိမ်းနွဲ့ပျိုလေးတွေလို လှုပ်ရှားနေတဲ့ Aurora ခေါ် ဥတ္တရအလင်းတန်းတွေကို တောင်ဝင်ရိုးစွန်းဒေသနဲ့ မြောက်ဝင်ရိုးစွန်းဒေသတွေမှာအပြင် အာကာသထဲကနေပါ မြင်တွေ့နိုင်ပါတယ်။ ဥတ္တရအလင်းတန်းက သူ့ကို မြင်တွေ့ရတဲ့ နေရာဒေသကို လိုက်ပြီး အခေါ်ပြောင်းသွားတတ်ပါသေးတယ်။ အီကွေတာအပေါ်ဘက် မြောက်ကမ္ဘာခြမ်း (Northern Hemisphere) မှာတော့ Northern Light လို့ ခေါ်ပြီး အီကွေတာအောက်ဘက် တောင်ကမ္ဘာခြမ်း (Southern Hemisphere) မှာတော့ Southern Light လို့ ခေါ်တာပါ။ အခေါ်အဝေါ်ပိုင်းကပါ ဒီလို နန်းဆန်နေတာ မဟုတ်ဘဲ အမြင်မှာပါ ပသာဒဖြစ်စေတဲ့ အဲဒီအလင်းရောင်စဉ်တန်းတွေ ဖြစ်ပေါ်လာဖို့ အဓိက ကူညီဖန်တီးပေးနေသူက နေလုံးကြီးပဲပေါ့။ နေက ကမ္ဘာကို အပူနဲ့ အလင်းစွမ်းအင်တွေ အဓိက ပေးနေတဲ့အပြင် နေရဲ့ သံလိုက်စက်ကွင်းတွေထဲမှာ စွမ်းအင်မြင့် လျှပ်စစ်သံလိုက်အမှုန်တွေ ပမာဏအများကြီး ပါဝင်နေပြီး အဲဒီလျှပ်စစ်သံလိုက်အမှုန်တွေကလဲ နေလုံးကြီးဆီက လွတ်ထွက်ပြီး အာကာသအပြင်ဘက်ကို ရောက်သွားနိုင်ပါတယ်။ အဲဒီစွမ်းအင်မြင့်လျှပ်ဓာတ်ဆောင်အမှုန်တွေကို အကြမ်းဖျင်းအားဖြင့် နေလျှပ်လေလှိုင်း (Solar Wind) တွေ လို့ ခေါ်ကြတယ်။ နေလျှပ်လေလှိုင်းတွေက ပုံမှန်မှာတော့ အရွယ်အစားသိပ်မကြီးတဲ့…

Read More

လူသားတို့နေထိုင်ရာ ဒီကမ္ဘာမြေကြီးဟာ အမျိုးအစားစုံလှတဲ့ အပင်တွေ၊ မှိုတွေနဲ့ အစရှိတဲ့ သက်ရှိသတ္တဝါတွေရဲ့ ကျက်စားနေထိုင်ရာ ဒေသဆိုရင်လဲ မမှားပါဘူး။ ဒီကမ္ဘာကြီးဟာ ယနေ့ခေတ်မှာတင်မကဘဲ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ရှင်သန်ခဲ့ကြတဲ့ သက်ရှိတို့ရဲ့ အိမ်ဖြစ်ခဲ့ပါတယ်။ ဒီအိမ်ကြီးဟာ သဘာဝသယံဇာတ ပေါများကြွယ်ဝပြီး ရာသီဥတုတွေ၊ ပထဝီမြေတွေ၊ မြေအောက်ရေနဲ့ မြေမျက်နှာပြင်ပေါ်မှာရှိတဲ့ ရေတွေရဲ့ အပြောင်းအလဲရှိ‌နေတဲ့ နေရာတစ်ခုလဲ ဖြစ်နေပါတယ်။ ဒီလိုနေရာမျိုးမှာ နေထိုင်ခဲ့ကြတဲ့ သက်ရှိတွေဟာ သေဆုံးသွားကြတာတောင်မှ ပြီးမသွားကြသေးဘဲ ယခုခေတ်လူသားတွေကို ရှေးကမ္ဘာမြေအကြောင်း များစွာ ပြောပြလျက်ရှိနေပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း (Fossil) တွေကို လေ့လာခြင်းအားဖြင့် ကမ္ဘာမြေပေါ်မှာ သက်ရှိတွေ ဘယ်လိုဖြစ်တည်ခဲ့တယ်၊ ဘယ်လိုရှင်သန်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ၊ ရှေးခေတ်ကအပင်နဲ့ တိရိစ္ဆာန်အကြောင်းတွေအပြင် သက်ရှိတွေဟာ ဘယ်လိုဆင့်ကဲပြောင်းလဲခဲ့ကြတယ် ဆိုတဲ့ အချက်အလက်တွေကိုပါ သိရှိနိုင်ပါတယ်။ ဒီကမ္ဘာမြေကြီးပေါ်မှာ သက်ရှိတွေ စတင်ဖြစ်ပေါ်ပြီးကတည်းက ယခုအချိန် သက်တမ်းတစ်လျှောက်လုံးမှာ မျိုး​တုန်းပျောက်ကွယ်သွားတဲ့ သက်ရှိတွေရှိသလို ယနေ့ခေတ်အထိ ဆင့်ကဲပြောင်းလဲလာပြီး ရှင်သန်လာခဲ့ကြတဲ့ သက်ရှိတွေလဲရှိနေပါတယ်။ Fossil တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက ဒီသက်ရှိတွေရဲ့အကြောင်းကို လေ့လာရာမှာ အထောက်အကူဖြစ်စေပါတယ်။ သက်ရှိတွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဆင့်ကဲပြောင်းလဲပြီး အသက်ရှင်နေထိုင်လာခဲ့ကြတယ်ဆိုတာကိုလဲ Fossil တွေက အချက်အလက်တွေ ပေးလျက်ရှိနေပါတယ်။ အကျိုးသက်ရောက်မှုများတဲ့ ရာသီဥတု အပြောင်းအလဲတစ်ခုဟာ သက်ရှိမျိုးစိတ်အချို့ကို မျိုးတုန်းသွားစေပြီး တချို့မျိုးစိတ်တွေကိုတော့ ဒီရာသီဥတုနဲ့ ကိုက်ညီအောင် အသက်ရှင်နေထိုင်ဖို့အတွက်ကို အခွင့်အရေးပေးပါတယ်။ ဒီလိုနဲ့ပဲ သက်ရှိတွေဟာ ဆင့်ကဲပြောင်းလဲလာခဲ့ကြတာ ယနေ့အချိန်အထိပါပဲ။ Fossil တွေဟာ ဥတုအခြေအနေပြောင်းလဲခြင်း (Climate Change) အကြောင်းတွေကိုလဲ ညွှန်ပြနိုင်ပါတယ်။ ကမ္ဘာမြေပေါ်ကို ကြယ်တံခွန် (comet)…

Read More

လူသားတို့ နေ့ထိုင်ရာ ဒီကမ္ဘာမြေကြီးမှာ စိတ်ဝင်စားဖို့ ကောင်းလှတဲ့ ဇီဝအမွေအနှစ်တွေ ရှိနေပါတယ်။ ဒီဇီဝအမွေအနှစ်တွေဟာ တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ်ပြီး တစ်နှစ်၊ တစ်ခေတ်ပြီး တစ်ခေတ် ခရီးရှည်ကြီးတလျှောက် တည်ရှိလာခဲ့ကြပြီး အခုလက်ရှိခေတ်မှာလဲ ကမ္ဘာကြီးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအဖြစ် ရှိနေပါတယ်။လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ဒီကမ္ဘာမြေကြီးပေါ်မှာ ကျင်လည် ကျက်စားခဲ့ကြတဲ့ သက်ရှိတွေ အများအပြားရှိခဲ့ပါတယ်။ ဒီသက်ရှိတွေဟာ သေဆုံးမယ်၊ ပုပ်သိုးဆွေးမြေ့လာမယ်၊ အရိုးစုတွေ ကျန်ခဲ့မယ်၊ မြေထု ရွေ့လျားမှုကြောင့် အဲ့ဒီအရိုးစုတွေဟာ မြေထုအတွင်းကို တဖြည်းဖြည်းနဲ့ ရောက်သွားမယ်၊ နောက်ဆုံးတော့ ရုပ်ကြွင်းအနေနဲ့ တည်ရှိသွားကြတာပါ။ ဒီလိုနဲ့ ဒီမြေထုအတွင်းမှာ ဇီဝသယံဇာတအနေနဲ့ တည်ရှိလာကြပါတယ်။ အဲ့သလို သက်ရှိတွေ သေဆုံးပြီး နှစ်သန်းပေါင်းများစွာ ကြာတဲ့ အချိန်မှာ ဖြစ်သွားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို Fossil လို့ ခေါ်ပါတယ်။ Fossil လို့ ကြားလိုက်တာနဲ့ “Fuel” ဆိုတဲ့ ဝေါဟာရလေးကိုပါ တွဲပြီး မြင်မိတတ်ကြပါတယ်။ Fuel-လောင်စာ ဆိုတာ ဓာတုဓာတ်ပြုခြင်း (Chemical change) ဖြစ်တဲ့ အခါ စွမ်းအင်ကို ထုတ်ပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Fossil Fuel ဆိုတာကတော့ ရုပ်ကြွင်းလောင်စာကို ဆိုလိုတာပါ။ Fossil Fuel ကို အဓိကအားဖြင့် အမျိုးအစား သုံးမျိုး ခွဲနိုင်ပါတယ်။ အဲ့ဒါတွေကတော့…(၁) ကျောက်မီးသွေး (Coal)(၂) ရေနံစိမ်း (Crude Oil) နဲ့ (3) သဘာဝဓာတ်ငွေ့ (Natural Gas) တို့ပဲ ဖြစ်ပါတယ်။ Coal ဟာ အဓိကအားဖြင့်…

Read More

အက်တမ် (atom) ဆိုတာကို စာဖတ်သူတို့ ကြားဖူးနားဝ ရှိကြပါတယ်။ ဒြပ်ရှိတဲ့ အရာမှန်သမျှဟာ အက်တမ်တွေနဲ့ပဲ ဖွဲ့စည်းထားတာပါ။ ထမင်းစေ့၊ ရေသန့်ဘူး၊ စာရွက်စာအုပ်တွေ၊ လက်ကိုင်ဖုန်း၊ လူ့ခန္ဓာကိုယ်နဲ့ အခြားအခြားသော အရာဝတ္ထုများစွာကို ပုံပေါ်လာနိုင်အောင် အခြေခံ တည်ဆောက်ပေးသူတွေကတော့ အက်တမ်တွေပါ။ အက်တမ်ကို ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် အခြေခံအားဖြင့် ပရိုတွန် (proton)၊ နျူထရွန် (neutron) နဲ့ အီလက်ထရွန် (electron) ဆိုတဲ့ အစိတ်အပိုင်း သုံးခုကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ ပရိုတွန်၊ နျူထရွန်နဲ့ အီလက်ထရွန်တွေကို အက်တမ်ရဲ့ subatomic particle (အက်တမ်တွင်း အမှုန်) တွေလို့ ခေါ်ပါတယ်။ ပရိုတွန်ဟာ အဖိုလျှပ်စစ်ဓာတ် (positive charge) ရှိပြီး အီလက်ထရွန်မှာတော့ အမလျှပ်စစ်ဓာတ် (negative charge) ရှိပါတယ်။ နျူထရွန်ကတော့ ဓာတ်ပြယ်နေတဲ့ (neutral ဖြစ်နေတဲ့) အမှုန်တစ်ခု ဖြစ်ပါတယ်။ ဒီအမှုန်လေးတွေဟာ အက်တမ်အတွင်းမှာ ဟန်ချက်ညီညီနဲ့ နေရာယူ တည်ရှိနေကြပါတယ်။ အက်တမ်ရဲ့ အလယ်မှာတော့ နျူးကလီးယပ်စ် (nucleus) လို့ခေါ်တဲ့ ဝတ်ဆံလေးတစ်ခု ရှိပြီးတော့ အဲ့အထဲမှာ ပရိုတွန်နဲ့ နျူထရွန် တည်ရှိနေပါတယ်။ ပရိုတွန်ဟာ positive charge ရှိပြီး နျူထရွန်ဟာ neutral ဖြစ်နေတာကြောင့် နျူးကလီးယပ်စ်ဟာ positive charge ကိုဆောင်ပါတယ်။ နျူးကလီးယပ်စ်ရဲ့ အပြင်ဘက်မှာတော့ အီလက်ထရွန်တွေက တဝဲလည်လည် ခိုနေပါတယ်။ နျူးကလီးယပ်စ်နဲ့ အီလက်ထရွန်ကြားမှာ လျှပ်စစ် အဖိုအမ ဆွဲငင်အား ရှိပါတယ်။…

Read More

ကျွန်တော်တို့ တော်တော်များများဟာ မိုးရွာတဲ့အခါ မိုးခြိမ်းသံနဲ့ လျှပ်စီးလက်တာတွေကို မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ ငယ်ငယ်တုန်းကလဲ လျှပ်စီးလက်တာကို အရင်မြင်လိုက်ရပြီးတဲ့နောက် မိုးခြိမ်းသံကြားလိုက်တဲ့ အခါတွေမှာ ကြောက်လို့ နားပိတ်ထားတာတွေ၊ ပြေးပုန်းတာတွေမျိုးကိုလဲ လုပ်ဖူးကြမှာပါ။ ဆိုတော့ မိုးရွာတဲ့ အခါတွေမှာ မိုးခြိမ်းသံ ဘယ်လိုထွက်ပေါ်လာသလဲ ဆိုတာကလဲ စိတ်ဝင်စားစရာပါပဲ။ ဆိုတော့ မိုးခြိမ်းသံဆိုတာကို သိပ္ပံနည်းကျ လေ့လာကြည့်ကြပါမယ်။ မိုးရွာသွန်းတဲ့အချိန် မြင်တွေ့နေကျဖြစ်တဲ့ မိုးကြိုးလျှပ်စီးတွေဟာ အပူချိန်အားဖြင့် ၃၀၀၀၀ ဒီဂရီစင်တီဂရိတ် (30,000°C) အထိ ရှိပါတယ်။ ဒီအပူချိန်ဟာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ နေလုံးကြီးရဲ့ မျက်နှာပြင်အပူချိန်ထက် ၅ ဆတောင် ပိုပါတယ်ဗျ။ မိုးရွာတဲ့အချိန် မြင်ရလေ့ရှိတဲ့ လျှပ်စီးဆိုတာ တိမ်တွေထဲက လျှပ်စစ်ဆောင် အီလက်ထရွန်တွေဟာ မြေကြီးပေါ်မှာရှိနေတဲ့ ပရိုတွန်တွေနဲ့ အဖိုအမ ဆွဲငင်အားဖြစ်ပေါ်ပြီး လျှပ်စစ်ကူးသွားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။ မိုးခြိမ်းသံဆိုတာဟာ လျှပ်စီးက အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ လေထုကို အပူပေးလိုက်တဲ့အခါ ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံလှိုင်းတစ်ခုဖြစ်ပါတယ်။ မိုးခြိမ်းသံကို လေထုအခြေအနေ အမျိုးမျိုးအပေါ် မူတည်ပြီးတော့ အမျိုးမျိုးသော အသံပုံစံနဲ့ ကြားရပါတယ်။ ကိုယ်နဲ့ လျှပ်စီးအကွာအဝေး၊ လေထုအပူချိန်နဲ့ လေထုထဲ ရေနဲ့တိမ်ပါဝင်မှုအခြေအနေအပေါ် မူတည်ပြီးတော့ မိုးခြိမ်းသံဖြစ်ပေါ်တာပါ။ အလင်းဟာ တစ်စက္ကန့်မှာ ကီလိုမီတာ သုံးသိန်းအထိသွားနိုင်ပြီး အသံကတော့ တစ်စက္ကန့်မှာ ၀.၃ ကီလိုမီတာအထိသာ ခရီးသွားနိုင်ပါတယ်။ ဒါကြောင့်လဲ အလင်းဖြစ်တဲ့ လျှပ်စီးကို မိုးခြိမ်းသံထက် အရင်မြင်ရတာပါ။ တခြားသော ဓာတ်ငွေ့တွေလိုမျိုးပဲ လေဟာလဲ သူ့ကို အပူပေးတဲ့အခါ လေမော်လီကျူးတွေ ပွထွက်လာတဲ့…

Read More

စိုက်ပျိုးရေးဆိုတာ ရှေးခေတ်ကတည်းကနေ ယနေ့ခေတ်အထိ လူနေမှုဘဝမှာ များစွာအကျိုးပြုနေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးနယ်ပယ်တွေဟာ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုနေကြပါတယ်။ စိုက်ပျိုးရေးနယ်ပယ်တွေထဲကမှ အော်ဂဲနစ်စိုက်ပျိုးရေးဟာ စိတ်ဝင်စားစရာကောင်းပြီးတော့ နေ့စဥ်လူနေမှုဘဝမှာ အထောက်အပံ့တစ်ခု ဖြစ်နေပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ ကမ္ဘာပေါ်မှာ လက်ရှိထင်ရှားနေဆဲဖြစ်တဲ့ စိုက်ပျိုးရေးလမ်းစဥ်တစ်ခု ဖြစ်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးလို့ ဆိုလိုက်တာနဲ့ လူအတော်အများကတော့ ပိုးသတ်ဆေးမသုံးဘဲ အပင်ကို ရှင်သန်ကြီးထွားအောင်လုပ်တာနဲ့ ဓာတုဒြပ်ပေါင်းတွေကို အသုံးမပြုဘဲ စိုက်ပျိုးတာတွေကို အရင်ပြေးမြင်မိကြမှာပါ။ အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာကလဲ ဓာတုပစ္စည်းတွေကို အသုံးမပြုဘဲ စိုက်ပျိုးတဲ့ နည်းစဥ်တစ်ခုအဖြစ် လူသိများကြပါတယ်။ အဲ့ဒီနည်းစဥ်ဟာလဲ သဘာဝပတ်ဝန်းကျင်ကိုရော၊ စားသုံးသူအတွက်ရောကို ကောင်းကျိုးတွေ ဖြစ်ထွန်းစေပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးဟာ ဓာတုပစ္စည်းတွေကိုအသုံးမပြုဘူးဆိုတော့ အော်ဂဲနစ်အသီးတွေမှာရော ဓာတုပစ္စည်းတွေ မပါဝင်နိုင်ဘူးဆိုပြီး ထင်ကောင်းထင်မိနိုင်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်သူတွေဟာ ဓာတုပစ္စည်းတွေကို အသုံးမပြုကြဘူးဆိုပေမဲ့ အပင်တွေဟာ အင်းဆက်တွေရဲ့ ရန်နဲ့ သူတို့ကိုတိုက်ခိုက်လာမဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် ကိုယ်တိုင်ကလဲ အာဟာရပြည့်ဝနေဖို့ လိုအပ်နေပါသေးတယ်။ အဲ့ဒီအတွက်ကို စိုက်ပျိုးရေးနယ်ပယ်တွေက ဖြေရှင်းချက်တစ်ခု လိုနေပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးတွေမှာ ဓာတုပစ္စည်းတွေကို လုံးဝအသုံးမပြုတာမျိုးမဟုတ်ဘဲ လူသားတွေအပေါ် ကောင်းကျိုးအပြုများစေမဲ့ ဓာတုဒြပ်ပေါင်းတွေကိုသာ အသုံးပြုကြပါတယ်။ ဥပမာ ဆာလဖာ (sulphur)၊ ကော့ပါး (copper)၊ အိုင်းယွန်း ဒြပ်ပေါင်းတွေ (iron compounds)၊ မက်ဂနီဆီယမ် ဒြပ်ပေါင်းတွေ (magnesium compounds)၊ ပိုတက်ဆီယမ် ဒြပ်ပေါင်းတွေ (potassium compounds)၊ အင်ဇိုင်းတွေ (enzymes) နဲ့ အခြားသော ဓာတုဒြပ်ပေါင်းတွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ USDA (The US Department…

Read More

ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ ရွှေတွေရဲ့ ဖြစ်ပေါ်မှုဟာ ကမ္ဘာ့ပြင်ပနေရာကနေ စတင်ခဲ့တယ်လို့ ပြောမယ်ဆိုရင် စာဖတ်သူတို့ အံ့သြကောင်း အံ့သြသွားနိုင်ပါတယ်။ ရွှေဆိုတာ သတ္တု (Metal) တစ်မျိုးဖြစ်ပြီးတော့ သူ့မှာ တခြားသတ္တုတွေနဲ့ မတူဘဲ တစ်မူထူးခြားနေတဲ့ ဂုဏ်ရည်ဂုဏ်သွေးနဲ့ တည်ရှိမှုတွေရှိပါတယ်။ ရွှေဟာ လှပခြင်း၊ အလွယ်တကူ ပုံသွင်းလို့ ရနိုင်ခြင်းနဲ့ နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ ပျက်စီးယိုယွင်းသွားခြင်း မရှိတာတွေကြောင့် ဂုဏ်သတင်း ကျော်ကြားလှပါတယ်။ ရွှေဟာ လူသားမျိုးနွယ်စုတွေရဲ့ အလှအပရေးရာ ကဏ္ဍမှာလဲ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေပါသေးတယ်။ အီဂျစ်လူမျိုးတွေဟာ ရွှေကို “Breath of God” လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ ဒီလိုတင်စားပုံကို ထောက်ရရင် ရွှေဟာ အရေးပါတဲ့ သတ္တုတစ်ခု ဖြစ်နေကြောင်းကို ဦးတည်ဖော်ပြ‌နေပါတယ်။ ရွှေဟာ ဂရိဒဏ္ဍာရီတွေထဲမှာလဲ ဖော်ပြခြင်း ခံခဲ့ရပါတယ်။ ဂရိတို့ရဲ့ ဒဏ္ဍာရီထဲမှာတော့ ဘုရင်ကြီး Midas ဟာ အရာဝတ္တုတွေကို လက်နဲ့ ထိလိုက်ရုံနဲ့ အဲ့ဒီအရာဝတ္ထုတွေကို ရွှေအဖြစ် ပြောင်းလဲပစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်လဲ ရွှေဟာ ရှေးခေတ်ကတည်းက တန်ဖိုးကြီးကြောင်း ထင်ရှားလှပါတယ်။ အဲ့သလို ရှေးခေတ်ကတည်းက ဂုဏ်သတင်းထင်ရှားတဲ့ ရွှေဟာ ဘယ်ကနေ စတင်ပေါ်ပေါက်လာခဲ့တာလဲ ဆိုတာကတော့ လူသားတို့အတွက် မေးစရာတွေ ဖြစ်လာတာပါ။ ရွှေရဲ့ သန့်စင်တဲ့ အမျိုးအစားဟာ လုပ်ယူခြင်းခံရတာမျိုး မဟုတ်ဘဲ သဘာဝအရ ကမ္ဘာမြေကြီးရဲ့ နက်ရှိုင်းတဲ့ တစ်နေရာကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ရှေးအင်ကာ လူနေမှုစနစ် (The Inca Civilization) မှာ…

Read More

သဘာဝတရားကြီးက အင်မတန်ကို လှပပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အလှဆင်ပေးနေတဲ့ တိမ်စိုင်တွေ၊ မိုးတွေ၊ သက်တံ့တွေ၊ သစ်ပင်တွေနဲ့ ဆီးနှင်းတွေရဲ့ ဖြစ်တည်မှုတွေဟာ ဆန်းကြယ်သလို စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်။ ဆောင်းရာသီမှာ တွေ့ရတတ်တဲ့ ဆီးနှင်းဆိုတာ ဆောင်းရာသီကို အလှဆင်ပေးနေတဲ့ အရာတစ်ခုပါပဲ။ ဆီးနှင်းဆိုတာ အငွေ့ပျံခြင်းဖြစ်စဥ် (Evaporation) မပါဘဲ မဖြစ်ပေါ်နိုင်ပါဘူး။ အငွေ့ပျံခြင်းဖြစ်စဥ်ဆိုတာ အပူ (Heat) နဲ့ ဖိအား (Pressure) ကြောင့် အရည်အခြေအနေ (Liquid State) ကနေ အငွေ့အခြေအနေ (Gaseous State) သို့ ပြောင်းလဲသွားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။ သမုဒ္ဒရာနဲ့ ရေကန်တွေထဲမှာရှိတဲ့ ရေတွေဟာ နေကလာတဲ့ အပူစွမ်းအင်ကြောင့် အရည်ကနေ ရေငွေ့အဖြစ် ပြောင်းလဲသွားပြီးတော့ လေထုအထက်ကို မြင့်တက်လာကြပါတယ်။ အဲ့ဒီ မြင့်တက်လာတဲ့ ရေငွေ့တွေဟာ အပူချိန်နိမ့်တဲ့ တိမ်စိုင်တွေကို ထိတွေ့မိတဲ့အခါမှာ ငွေ့ရည်ဖွဲ့တာကို စတင်ပါတော့တယ်။ ငွေ့ရည်ဖွဲ့ခြင်း (Condensation) ဆိုတာ အငွေ့အခြေအနေမှ အရည်အခြေအနေသို့ ကူးပြောင်းသွားတာကို ဆိုလိုတာပါ။ ရေငွေ့တွေဟာ အငွေ့ကနေ ရေသီးရေပေါက်လေးတွေအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒီရေသီးရေပေါက်လေး အသေးလေးတွေဟာ တိမ်ထုထဲမှာ စုပြုံပြီးတော့ နေရာယူလာကြပါတယ်။ နောက်တစ်ဆင့်အတွက် အလှည့်ကျသူကတော့ တိမ်ရဲ့ အပူချိန်ပါပဲ။ တိမ်ရဲ့အပူချိန်ဟာ သုညဒီဂရီဆဲစီးယပ်စ် (0°C) ထက် မြင့်မယ်ဆိုရင်တော့ မိုးရွာသွန်းမှုတွေ စတင်မှာပဲ ဖြစ်ပါတယ်။ တိမ်ရဲ့ အပူချိန်ဟာ ရေခဲမှတ် (Freezing Point) အောက်ကို ရောက်နေမှပဲ ရေသီးရေပေါက်လေးတွေကို ရေခဲအဖြစ် ပုံဖော်နိုင်မှာ ဖြစ်တယ်။…

Read More

ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ၇၁ ရာခိုင်နှုန်းဟာ ရေထုကြီးဖြစ်တဲ့အလျောက် ရေထဲ ကျင်လည်ကျက်စားနေကြတဲ့ သက်ရှိတွေဟာလဲ အမျိုးအစားစုံလှပြီး ဆန်းလဲဆန်းကြယ်လှပါတယ်။ အခုဆောင်းပါးမှာတော့ man o’war လို့လဲ ခေါ်စမှတ်ပြုကြတဲ့ ထူးထူးဆန်းဆန်းဇီဝရုပ် (Organisms) တစ်မျိုးရဲ့အကြောင်းကို ဖော်ပြပေးသွားပါမယ်ဗျ။ ဒီသတ္တဝါရဲ့ သိပ္ပံအမည် (Scientific Name) ကတော့ Physalia physalis ဖြစ်ပြီးတော့ သူဟာ အသားစားသတ္တဝါ (Carnivore) အုပ်စုဝင်လဲ ဖြစ်ပါတယ်။ Portuguese man o’war လို့လဲ ခေါ်ကြသလို “bluebottle” လို့လဲ ခေါ်ကြပါတယ်။ man o’war (ခ) man-of-war လို့ ခေါ်ဆိုကြရတာဟာလဲ အဲ့ဒီသတ္တဝါရဲ့ပုံပန်းသဏ္ဍာန်ဟာ ၁၈ ရာစုလောက်တုန်းက အသုံးပြုခဲ့ကြတဲ့ ပေါ်တူဂီ လက်နက်ကိုင်ရွက်သင်္ဘောကြီးတွေနဲ့ အသွင်တူနေလို့ပဲ ဖြစ်ပါတယ်။ “bluebottle” လို့ ခေါ်ဆိုကြတာကတော့ သူတို့လေးတွေရဲ့ ခန္ဓာအထက်ပိုင်းဟာ အပြာရောင်သမ်းနေကြပြီးတော့ ဖန်ပုလင်းသားလိုကြည်လင်နေကြလို့ပဲ ဖြစ်ပါတယ်။ ဒီသတ္တဝါလေးတွေဟာ ရှေးကျတဲ့ မျိုးစိတ်တစ်မျိုးဖြစ်ပြီးတော့ အတ္တလန္တိတ်သမုဒ္ဒရာ (Atlantic Ocean) နဲ့ အိန္ဒိယသမုဒ္ဒရာ (Indian Ocean) တွေမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ဟာ ဆဲလ်အလွှာ (Cell Layer) နှစ်ခုသာပါရှိပြီး အဆိပ်ဆူးတွေရှိကြတဲ့ Cnidaria လို့ခေါ်တဲ့ မျိုးပေါင်းစု (Phylum) ထဲ ပါဝင်ကြပါသေးတယ်။ သူတို့လေးတွေဟာ ထူးခြားပြီးတော့ တခြားငါးတွေလို ကိုယ်တိုင်ကိုယ်ကျရွေ့လျားနိုင်တဲ့ အကောင်မျိုးတွေတော့ မဟုတ်ပါဘူး။ သူတို့ဟာ ဇီဝစနစ်တွေ၊ ဥပမာ – အစားစားတာ၊ မျိုးပွားတာ၊ ကြီးထွားတာ၊ အညစ်အကြေးစွန့်တာ…

Read More

အခု စာဖတ်နေတဲ့သူကို တစ်ယောက်ယောက်က ဒြပ် (Matter) တွေကို အက်တမ် (Atom) တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောလာရင် ဒီအတိုင်း ပြီးစလွယ် လက်ခံလိုက်မှာလား။ ဒါမှမဟုတ် ဆက်လက် ရှာဖွေအုံးမှာလား။ သိပ္ပံနယ်ပယ်မှာ Atom နဲ့ ပတ်သက်ပြီး အဆိုပြုခဲ့တာတွေ၊ အတွေးအခေါ်တွေနဲ့ အယူအဆတွေက သိပ္ပံပညာရှင်တွေအတွက် စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဘယ်လို စိန်ခေါ်မှုမျိုးတွေက သမိုင်းမှာ ဖြစ်ခဲ့တာလဲ။ Atom ဆိုတဲ့ ဝေါဟာရလေးတစ်ခုကို ဖြေရှင်းချက် ပေးနိုင်ဖို့အတွက် ပညာရှင်တွေ ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ကြသလဲ။ သိပ္ပံပညာရှင်တွေက မမြင်ရဘဲ သေးငယ်လွန်းလှတဲ့ Atom ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ။ ဘာလို့ အရာ၀တ္ထုတွေကို Atom တွေနဲ့ ဖွဲ့စည်းထားတယ်လို့ တထစ်ချ ပြောနိုင်ရတာလဲ ….။ ဒီမေးခွန်းတွေနဲ့ အတူ အက်တမ်ရဲ့ သမိုင်းကို လိုက်ပြီး လေ့လာဆွေးနွေးကြည့်ရအောင်ပါ။ ဒီတော့ ၄၆၀ ဘီစီ (BC) ကနေ ၃၇၀ ဘီစီ အကြားမှာ ပေါ်ထွန်းခဲ့တဲ့ ဂရိအတွေးအခေါ်ပညာရှင်ကြီး Democritus ရှိခဲ့တဲ့ အချိန်ကို ပြန်သွားကြည့်ရမှာပါ။ Matter တစ်ခု၊ ဥပမာ – ပန်းသီးတစ်လုံးကို ထက်၀က် ခြမ်းလိုက်မယ်။ ဒီ ထက်၀က်ခြမ်းထားတဲ့ ပန်းသီးကိုမှ နောက်ထပ် အပိုင်းစိတ်လေးတွေ ဖြစ်အောင် ထပ်ပြီး ပိုင်းဖြတ်မယ်။ ဆက်ပြီး ဖြတ်လေ ဖြတ်လေ၊ ပန်းသီးစိတ်လေးတွေဟာလဲ သေးသထက် သေးလာမှာ အမှန်ပါ။ နောက်ဆုံး ဘယ်လိုမှ ထပ်ပြီး ခွဲစိတ်လို့…

Read More

အက်စစ် (Acid) နဲ့ ဘေ့စ် (Base) ဆိုတာတွေဟာ ဓာတုဗေဒပညာရပ်မှာ အရေးပါတဲ့အပိုင်းတွေဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဓာတုဗေဒနဲ့ထိတွေ့နေရတာကြောင့် အနီးနားပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင်တော့ အဲ့ဒီ အက်စစ်နဲ့ဘေ့စ်တွေကို သတိထားမိပါလိမ့်မယ်။ ကျွန်တော်တို့အမြဲကြားနေကျ အက်စစ်ဆိုတိုင်း အန္တရာယ်ရှိတာမဟုတ်ဘဲ သူနဲ့ပတ်သက်ပြီး တခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေလဲ ရှိနေပါသေးတယ်။ ဆပ်ပြာတွေ ဘာကြောင့်ခါးသလဲ၊ အသီးအနှံတွေ စိုက်ပျိုးကြတဲ့အခါ ဘာကြောင့် pH ကို သုံးကြသလဲဆိုတာတွေကို ဓာတုဗေဒနည်းနဲ့ ချဥ်းကပ်ပြီးလေ့လာကြပါမယ်။ အက်စစ်ဆိုတာ ကျွန်တော်တို့ရဲ့ခန္ဓာထဲမှာအပြင် အခြားသောသက်ရှိသတ္တဝါတွေနဲ့ အသီးအနှံတွေထဲမှာပါ မြင်တွေ့နိုင်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက သိခဲ့တဲ့အတိုင်း အက်စစ်ဟာ ချဥ်သောအရသာရှိပါတယ်။ အက်စစ်-Acid ဆိုတာကလဲ လက်တင်ဘာသာစကား “acidus” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီးတော့ “ချဥ်သောအရသာရှိသော” လို့ အဓိပ္ပာယ်ရပါတယ်။ အက်စစ်တွေဟာ လောင်ကျွမ်းနိုင်တယ်။ ဒြပ်ဝတ္ထုတွေကို ပျက်စီးစေပြီး အန္တရာယ်လဲ ရှိပါတယ်။ အက်စစ်ပြင်း (Strong acid) နဲ့ အက်စစ်ပျော့ (Weak acid) အပေါ် မူတည်ပြီး အဲ့ဒီဂုဏ်သတ္တိတွေလဲ အနည်းနဲ့အများကွာခြားမှုရှိပါတယ်။ အက်စစ်ကို အမျိုးအစားခွဲကြည့်ရင်တော့ အက်စစ်ပျော့ (Organic Acid) နဲ့ အက်စစ်ပြင်း (Inorganic Acid) ဆိုပြီး အမျိုးအစားနှစ်ခုရရှိလာပါတယ်။ အက်စစ်ပျော့ တစ်နည်းအားဖြင့် အော်ဂဲနစ်အက်စစ်ဆိုတာ ဇီဝရုပ် (Organisms) တွေမှာ တွေ့ရတဲ့ အက်စစ်ကိုဆိုလိုတာဖြစ်ပါတယ်။ (ချွင်းချက်အနေနဲ့ ကျွန်တော်တို့အစာအိမ်ထဲက ဟိုက်ဒရိုကလိုရစ်အက်စစ် (HCl) ဟာ အော်ဂဲနစ်အက်စစ်ထဲမှာ မပါဝင်ပါဘူး။) Organisms ထဲမှာ အပင်တွေ၊ လူတွေနဲ့ တိရစ္ဆာန်တွေပါဝင်နေပြီးတော့ သူတို့ရဲ့…

Read More

နေလုံးကြီးဟာ သက်ရှိတွေအတွက် လိုအပ်တဲ့ အပူနဲ့ အလင်းစွမ်းအင်တွေကို ပေးနေတယ်ဆိုတာကို သိထားကြပါတယ်။ “နေအလင်း” လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့ အတော်အများဟာ နေ့စဥ် မြင်နေရတဲ့ အဖြူရောင်အလင်းတန်းတွေကိုပဲ အရင် ပြေးမြင်မိကြပါတယ်။ ဒါပေမဲ့ နေလုံးကြီးဟာ အဲ့သလို အလင်းလှိုင်းတွေကိုပဲ ထုတ်လွှတ်နေတာ မဟုတ်ဘဲ ကမ္ဘာပေါ်ကို တခြားမမြင်ရတဲ့ လှိုင်းတွေကိုပါ ခရီး ပို့ဆောင်ပေးနေပါတယ်။ ဒီခရီးသည်တွေက ဘယ်သူတွေလဲ။ ဘယ်လို Radiation တွေလဲ ဆိုတာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာတော့ သိထားသင့်တဲ့ Radiationနဲ့ Electromagnetic spectrum အကြောင်းတွေကို အရင် လေ့လာကြရအောင်ဗျာ။ သိပ္ပံပညာရှင်တွေဟာ Radiation တွေရဲ့ Range ကို သိနိုင်ဖို့အတွက် Electromagnetic spectrum (EM spectrum) ကို အသုံးပြုကြပါတယ်။ Radiation ဆိုတာ မူရင်း၀တ္ထုကနေ ထုတ်လွှတ်လိုက်တဲ့ Energy တစ်မျိုးဖြစ်ပြီး Space (ဒြပ်မဲ့နယ်) ထဲမှာ အလင်းအလျင်နဲ့ သွားနိုင်ပါတယ်။ Radiation ဟာ သူသွားတဲ့ ခရီးလမ်း တစ်လျှောက်မှာ စွမ်းအင်တွေကို ဖြန့်ကျက်ထုတ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဥပမာ နေကလာတဲ့ အဖြူရောင်အလင်း (Visible Light) ဟာ Radiation တစ်မျိုး ဖြစ်ပါတယ်။ Electromagnetic spectrum ကတော့ Radiationတစ်ခုရဲ့ Range ကို ဖော်ပြပါတယ်။ Radiation တစ်မျိုးဟာ ဘယ်လောက်အလျားရှိတယ်၊ ကြိမ်နှုန်း ဘယ်လောက်မြင့်လဲ ဆိုတာတွေကို သိရအောင် သုံးတာ…

Read More

ကျွန်တော်တို့ဟာ လေထုအလွှာကြီးအောက်မှာရှင်သန်နေကြတဲ့ သက်ရှိတွေဖြစ်တဲ့အတွက် လေရဲ့အပြုအမူနဲ့ရွေ့လျားမှုတွေကို သက်ရောက်ခံစားနေကြရပါတယ်။ အဲ့လို လေရဲ့ သက်ရောက်မှုတွေထဲက တစ်ခုကတော့ လေတိုက်တာပဲဖြစ်ပါတယ်။ ဒီတော့ လေညင်းဆိုတာဘယ်လိုဖြစ်ပေါ်လာတာလဲ။ ဘာကြောင့်တိုက်ခတ်မှုတွေဖြစ်ပေါ်လာတာလဲ။ လေတိုက်ခတ်မှုဖြစ်ပေါ်အောင် ဘယ်သူတွေက လုပ်ဆောင်ပေးနေတာလဲ ဆိုတဲ့မေးခွန်းတွေကို ဆွေးနွေးကြရအောင်ပါ။ ကမ္ဘာကြီးကို Atmosphere လို့ခေါ်တဲ့ လေထုအလွှာကြီးနဲ့ဖုံးလွှမ်းထားပါတယ်။ Atmosphere ထဲမှာ အောက်စီဂျင် (Oxygen)၊ နိုက်ထရိုဂျင် (Nitrogen)၊ ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide)၊ မီသိန်း (Methane) စတဲ့ gas particle တွေပါဝင်နေပါတယ်။ အဲ့ဒီ gas particle တွေဟာ ကမ္ဘာကြီးရဲ့ ဆွဲအား (Gravitational Force) ကြောင့် မြေကြီးအနီးနားမှာ သိပ်သည်းစွာနဲ့ စုပြုံပြီးရှိနေကြပါတယ်။ အားသက်ရောက်မှုများလေလေ ဖိအား (Pressure)လဲများလာလေလေဖြစ်ပါတယ်။ အပူချိန်မြင့်တဲ့အခါမှာ ဒီ gas particle တွေဟာ ယေဘုယျအားဖြင့် အပြုအမူသုံးချက်ကို လုပ်ဆောင်ကြပါတယ်။ အဲ့ဒါတွေကတော့ လေမော်လီကျူးတွေပွလာခြင်း၊ တုန်ခါမှုမြင့်လာခြင်းနဲ့ လေထုပူနွေးမှုကြောင့် သိပ်သည်းဆနည်းလာပြီး အထက်ကိုတက်လာခြင်းတို့ပဲဖြစ်ပါတယ်။ မြေပြင်အနားမှာရှိနေတဲ့ လေမော်လီကျုးတွေဟာ အထက်ကိုမြင့်တက်လာတဲ့အတွက် အဲ့ဒီနေရာဟာ လေဖိအားနည်းရပ်ဝန်း (Low Air Pressure Area) ဖြစ်လာပါတယ်။ အပူချိန်နိမ့်တဲ့ဒေသတွေမှာဆိုရင်တော့ လေထုထဲမှာရှိနေတဲ့ လေမော်လီကျုးတွေဟာ အေးမြမှုကြောင့် အထက်ကလုပ်ဆောင်ချက်တွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ဆောင်ပါတယ်။ လေမော်လီကျူးတွေကျုံ့လာခြင်း၊ တုန်ခါမှုနှေးလာခြင်းနဲ့ လေထုအေးလာမှုကြောင့် သိပ်သည်းဆများပြီး အောက်ဘက်ကိုနိမ့်ဆင်းလာခြင်းတို့ပဲဖြစ်ပါတယ်။ အဲ့ဒီအခါ မြေပြင်အနီးနားမှာ မော်လီကျူးတွေပိုများလာတဲ့အတွက် သူတို့ကြားမှာပွတ်တိုက်ခြင်း (Collision)တွေဖြစ်ပေါ်လာပြီး အား (Force) လဲ များလာပါတယ်။ ရလဒ်အနေနဲ့ အဲဒီနေရာဟာ ဖိအားများလာပြီးတော့…

Read More

မြေဆီလွှာဆိုတာ ဘာလဲ။ သူ့ကို ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ။ သူ့ကို ဘယ်လိုအရာတွေနဲ့ ဖွဲ့စည်းထားသလဲ။ မြေဆီလွှာဆိုတာ ကျွန်တော်တို့ငယ်ငယ်ကတည်းက နေထိုင်ရာ ဒြပ်ရှိအရာကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အနီးနားပတ်ဝန်းကျင်ကို သတိမမူမိကြဘဲ မြေဆီလွှာရဲ့ သိပ္ပံသဘောသဘာ၀တွေကို လျစ်လျူရှုထားမိခဲ့ကြပါတယ်။ ဒီ‌နေ့မှာတော့ မြေဆီလွှာအကြောင်းတွေကို ဓာတုဗေဒနဲ့ ချိတ်ဆက်ပြီး လေ့လာကြပါမယ်။ မြေကြီးရဲ့အလွှာများ။ မြေဆီလွှာ (Soil) ကို အဓိကအလွှာသုံးလွှာနဲ့ ဖွဲ့စည်းထားပါတယ်။ အဲ့တာတွေကတော့ Top Soil, Sub Soil နဲ့ Bedrock (သို့မဟုတ်) Parent Rock တို့ပဲ ဖြစ်ပါတယ်။ Top Soil မြေဆီလွှာရဲ့ အပေါ်ယံအကျဆုံးအလွှာဟာ Top Soil ဖြစ်ပါတယ်။ မြေမျက်နှာပြင် 0.5 က‌နေ 1 မီတာအနက်အထိရှိပြီး အဲ့ဒီအလွှာမှာ Organic Material တွေ ကြွယ်ဝကြပါတယ်။ Organic Material ဆိုတာ Organisms (သက်ရှိ) တွေရဲ့ ရုပ်၀တ္ထုတွေကို ဆိုလိုတာပါ။ သက်ရှိတွေမှာပါ၀င်တဲ့ ဓာတုဒြပ်တွေဟာ ဒီအလွှာမှာ အများဆုံးစုနေကြပါတယ်။ Top Soil ဟာ အပင်တွေပေါက်ရောက်ရာ နယ်မြေတစ်ခုလဲ ဖြစ်ပါတယ်။ အပင်တွေပေါက်ရောက်တဲ့ မြေထုအလွှာအပေါ်မူတည်ပြီး Top Soil ကို အလွှာသုံးလွှာအဖြစ်ထပ်မံပိုင်းခြားလို့ရပါတယ်။ အဲ့တာတွေကတော့ – ၁။ မြေဆွေးအလွှာ (Humus Layer) ၂။ ဆေးဖက်ဝင်အလွှာ (Herb Layer) ၃။ သစ်တောအောက်ထပ်အလွှာ (Shrub Layer) တို့ပဲ ဖြစ်ပါတယ်။ အပင်တွေရဲ့…

Read More

နေသာတဲ့နေ့တစ်နေ့မှာပဲဖြစ်ဖြစ်၊ မိုးတွေရွာနေတဲ့နေ့မှာပဲဖြစ်ဖြစ် ကောင်းကင်ကို မော့ကြည့်လိုက်မယ်ဆိုရင် ဝါဂွမ်းသဏ္ဍာန် တိမ်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီတိမ်တွေ ဘယ်လိုဖြစ်လာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဆို‌တော့ အဲ့ဒီလိုထူထူထဲထဲ တိမ်တိုက်ကြီးတွေ ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတဲ့အကြောင်းကို မပြောခင် Physical Change လို့ခေါ်တဲ့ ရုပ်ပြောင်းလဲခြင်းအကြောင်းတွေကို အရင်ဆွေးနွေးကြရအောင်ပါ။ Evaporation (အငွေ့ပျံခြင်း) Evaporation ဆိုတာ အရည် (liquid) အခြေအနေမှာရှိတဲ့ အရာ၀တ္ထုတစ်ခုဟာ ပတ်၀န်းကျင်ရဲ့ အပူချိန် (temperature)နဲ့ ဖိအား (pressure) တို့ရဲ့ မြင့်တက်လာမှုကြောင့် အငွေ့ (gaseous) အခြေအနေကို ပြောင်းလဲသွားတဲ့ Process တစ်ခု ဖြစ်ပါတယ်။ ဥပမာ မျက်နှာသစ်ပြီးတော့ မျက်နှာကို ရေမသုတ်ဘဲ ထားထားမယ်ဆိုရင် မျက်နှာပေါ်မှာရှိနေတဲ့ ရေစက်တွေဟာ အချိန်အနည်းငယ်ကြာရင် ပျောက်သွားပါလိမ့်မယ်။ မျက်နှာပေါ်မှာရှိတဲ့ ရေတွေဟာ အရည်အခြေအနေ (Liquid State) ကနေ ပတ်၀န်းကျင်အပူချိန်ကြောင့် အရည်ဆုံးရှုံးမှုဖြစ်ပြီး အငွေ့အခြေအနေ (Gaseous State) သို့ ပြောင်းလဲသွားတာဖြစ်ပါတယ်။ အလားတူ ရေသိုလှောင်ထားတဲ့အ၀တ်ကို နေပူထဲမှာလှန်းခြင်းဟာလည်း အဲ့သလိုနည်းတူပါပဲ။ အ၀တ်စိုထဲမှာရှိတဲ့ရေဟာ နေရဲ့အပူချိန်ကြောင့် အငွေ့အဖြစ်ကို ရောက်ရှိသွားပြီးတော့ အ၀တ်ဟာလည်း အရည်သိုလှောင်ထားခြင်းမရှိတော့တဲ့အတွက် ခြောက်သွေ့လာပါတော့တယ်။ ဒါတွေဟာ Evaporation Process တွေပါပဲ။ Condensation (ငွေ့ရည်ဖွဲ့ခြင်း)  Condensation ဆိုတာကတော့ Gaseous State ကနေ Liquid State သို့ ပြောင်းလဲခြင်းဖြစ်ပါတယ်။ ဥပမာ ရေကို ရေသန့်ဘူးထဲထည့်ပြီး ခဲသွားတဲ့အထိ အအေးခံထားမယ်။ အအေးခံထားပြီးလို့ ခဲသွားတဲ့ရေသန့်ဘူးကို ယူကြည့်မယ်ဆိုရင် ရေသန့်ဘူးရဲ့မျက်နှာပြင်ဟာ ရေခဲငွေ့ကြောင့်…

Read More