Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»နေကလာတဲ့ ခရီးသည်ရောင်ခြည်
    Uncategorized

    နေကလာတဲ့ ခရီးသည်ရောင်ခြည်

    Aye Chan OoBy Aye Chan OoSeptember 15, 2023Updated:March 3, 2024No Comments4 Mins Read
    နေကလာတဲ့ ခရီးသည်ရောင်ခြည်
    Share
    Facebook Email Telegram

    နေကလာတဲ့ ခရီးသည်ရောင်ခြည်
    နေလုံးကြီးဟာ သက်ရှိတွေအတွက် လိုအပ်တဲ့ အပူနဲ့ အလင်းစွမ်းအင်တွေကို ပေးနေတယ်ဆိုတာကို သိထားကြပါတယ်။ “နေအလင်း” လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့ အတော်အများဟာ နေ့စဥ် မြင်နေရတဲ့ အဖြူရောင်အလင်းတန်းတွေကိုပဲ အရင် ပြေးမြင်မိကြပါတယ်။ ဒါပေမဲ့ နေလုံးကြီးဟာ အဲ့သလို အလင်းလှိုင်းတွေကိုပဲ ထုတ်လွှတ်နေတာ မဟုတ်ဘဲ ကမ္ဘာပေါ်ကို တခြားမမြင်ရတဲ့ လှိုင်းတွေကိုပါ ခရီး ပို့ဆောင်ပေးနေပါတယ်။ ဒီခရီးသည်တွေက ဘယ်သူတွေလဲ။ ဘယ်လို Radiation တွေလဲ ဆိုတာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာတော့ သိထားသင့်တဲ့ Radiationနဲ့ Electromagnetic spectrum အကြောင်းတွေကို အရင် လေ့လာကြရအောင်ဗျာ။
    သိပ္ပံပညာရှင်တွေဟာ Radiation တွေရဲ့ Range ကို သိနိုင်ဖို့အတွက် Electromagnetic spectrum (EM spectrum) ကို အသုံးပြုကြပါတယ်။ Radiation ဆိုတာ မူရင်း၀တ္ထုကနေ ထုတ်လွှတ်လိုက်တဲ့ Energy တစ်မျိုးဖြစ်ပြီး Space (ဒြပ်မဲ့နယ်) ထဲမှာ အလင်းအလျင်နဲ့ သွားနိုင်ပါတယ်။ Radiation ဟာ သူသွားတဲ့ ခရီးလမ်း တစ်လျှောက်မှာ စွမ်းအင်တွေကို ဖြန့်ကျက်ထုတ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဥပမာ နေကလာတဲ့ အဖြူရောင်အလင်း (Visible Light) ဟာ Radiation တစ်မျိုး ဖြစ်ပါတယ်။
    Electromagnetic spectrum ကတော့ Radiationတစ်ခုရဲ့ Range ကို ဖော်ပြပါတယ်။ Radiation တစ်မျိုးဟာ ဘယ်လောက်အလျားရှိတယ်၊ ကြိမ်နှုန်း ဘယ်လောက်မြင့်လဲ ဆိုတာတွေကို သိရအောင် သုံးတာ ဖြစ်ပါတယ်။ Gamma ray ကတော့ EM spectrum ထဲမှာ လှိုင်းအလျား(Wavelength) အတိုဆုံး ဖြစ်ပြီး ကြိမ်နှုန်း (Frequency) အများဆုံး ဖြစ်ပါတယ်။ ကြိမ်နှုန်း မြင့်လာတာနဲ့အမျှ Energy လဲ များလာတာကြောင့် Gamma ray ဟာ Radiation အားလုံးထဲမှာ စွမ်းအင်အမြင့်ဆုံး ဖြစ်နေမှာပါ။ အဲ့ဒီ EM spectrum ထဲမှာ ခရမ်းလွန်ရောင်ခြည်လို့ လူသိများကြတဲ့ Ultraviolet ray (UV ray) လဲ ပါဝင်နေပါတယ်။ UV ray ဟာ EM spectrum မှာ Visible Light နဲ့ X-ray ကြားမှာ ရှိနေပြီးတော့ သူရဲ့ Wavelength က ၁၀-၄၀၀ နာနိုမီတာ (nanometre) ဖြစ်ပါတယ်။ UV ray ဟာ Gamma ray ထက် လှိုင်းအလျား ပိုရှည်ပြီး ကြိမ်နှုန်းနိမ့်နေတာကြောင့် Gamma ray လောက် စွမ်းအင်မများပေမဲ့ လူသားတွေကို အရေပြားကင်ဆာတွေ ဖြစ်စေနိုင်လောက်တဲ့ အထိ စွမ်းအင်ကိုတော့ ထုတ်ပေးနိုင်ပါတယ်။ ဒီလို Radiation တွေကို ထုတ်လွှတ်ပေးနေတဲ့ ဒြပ်၀တ္ထုတွေထဲမှာ နေလုံးဟာလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
    ကျွန်တော်တို့ နေ့စဥ် မြင်တွေ့နေရတဲ့ နေဟာ ကျွန်တော်တို့ကို အပူနဲ့ အလင်းစွမ်းအင်တွေ ပေးနေတဲ့ မီးလျံလုံးကြီးတစ်လုံး ဖြစ်တယ်ဆိုတာကို သိထားကြပါတယ်။ အဲ့ဒီလို Space ထဲမှာ လောင်ကျွမ်းနေရတဲ့ အကြောင်းအရင်းကလဲ နေရဲ့ အလယ်အူတိုင်မှာ Nuclear Fusion လို့ခေါ်တဲ့ reaction တစ်မျိုးကြောင့်ပဲ ဖြစ်ပါတယ်။ Nuclear Fissionနဲ့ Nuclear Fusion ဆိုပြီး အမျိုးအစားနှစ်မျိုး ရှိပါတယ်။ နေနဲ့ ကြယ်တွေရဲ့ လောင်ကျွမ်းမှုတွေဟာ Nuclear Fusionကြောင့် ဖြစ်ပါတယ်။ Nuclear Fusion ဆိုတာ သေးငယ်ပေါ့ပါးတဲ့ အက်တမ် နှစ်ခု ဒါမှမဟုတ် အဲ့ဒီ အရေအတွက်ထက်ပိုတဲ့ အက်တမ်တွေရဲ့ nucleiတွေဟာ အချင်းချင်း တိုက်မိကြပြီးတော့ ပိုကြီးလေးလံတဲ့ အက်တမ်သစ်တစ်ခုကို ဖော်ဆောင်ပြီး မြောက်မြားစွာသော စွမ်းအင်တွေ ထွက်လာတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။ နေရဲ့ အူတိုင်ထဲမှာ ဖြစ်နေတဲ့ Nuclear Reactionဆိုရင် အက်တမ်အမှတ်စဥ်(Atomic Number) ၁ ရှိတဲ့ ဟိုက်ဒရိုဂျင်ဒြပ်စင်နှစ်ခုဟာ သူတို့ရဲ့ nucleusတွေ အချင်းချင်း တိုက်မိကြပြီးတော့ အက်တမ်အမှတ်စဥ် ၂ ရှိတဲ့ ဟီလီယမ် ဒြပ်စင်အသစ်ကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီ reaction ဖြစ်ပေါ်တဲ့အခါ ထွက်လာတဲ့ စွမ်းအင်ဟာ အလွန်များတာကြောင့် နေလုံးကြီးတစ်လုံးဟာ လောင်ကျွမ်းနေဖို့ အတွက်ကို စွမ်းအင်အလုံအလောက် ရရှိနေပါတယ်။
    Nuclear Fusion ဟာ Electromagnetic Wave တွေကို ပေါ်ထွက်လာစေတဲ့ အကြောင်းအရင်း တစ်ရပ်လဲ ဖြစ်နေပါသေးတယ်။ Nuclear Fusion ဖြစ်စဥ်အတွင်းမှာ များပြားလှတဲ့ pressureနဲ့ temperature ဟာ nuclei တွေကို electron တွေဆီကနေ ခွဲထွက်စေပြီး အက်တမ်သစ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီဖြစ်စဥ် အတွင်းမှာ လျှပ်စစ်ရောင်ခြည်လှိုင်းလို့ အမည်တွင်စေမဲ့ Radiant Energy ကို ထုတ်လွှတ်ပါတယ်။ Nuclear Fusion ကြောင့် ထွက်ပေါ်လာတဲ့ စွမ်းအင်ဟာ Plasma Stateအနေနဲ့ ထွက်ပေါ်လာပါတယ်။ Plasma ဆိုတာ Physical State တစ်မျိုးဖြစ်ပြီး သူဟာ Electron တွေက အရှိန်တိုးခြင်းကြောင့် စွမ်းအင်မြင့်ရာကို တက်ပြီးမှ နိမ့်ရာကို ပြန်ဆင်းတဲ့အခါမှာ ဖြစ်ပေါ်လာပါတယ်။ (ဥပမာ နေ၊ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းတွေမှာ တွေ့ရတတ်တဲ့ Aurora အလင်းတန်းများ)
    အဲ့သလို နေရဲ့ အူတိုင်ထဲမှာ Nuclear Fusionတွေ ဖြစ်ပြီး နေရောင်ခြည်စွမ်းအင်တွေကို ထုတ်လွှတ်ပေးနေတာကြောင့် ကျွန်တော်တို့ဟာ နေကနေ အပူနဲ့ အလင်းစွမ်းအင်တွေကို ရရှိနေပါတယ်။ နေဆီကလာတဲ့ အလင်းဟာ Electromagnetic Wave တစ်မျိုး ဖြစ်ပြီး တခြားသော Electromagnetic Wave(ခေါ်)Radiation တွေဟာလဲ ကမ္ဘာဆီကို ရောက်လာနေပါသေးတယ်။
    နေကနေ လာတဲ့ Radiation တွေဟာ ကမ္ဘာပေါ်ကို ယေဘုယျအားဖြင့် အမျိုးအစားသုံးမျိုးနဲ့ ကျရောက်လာပါတယ်။ အဲ့ဒါတွေကတော့ Visible Light လို့ခေါ်တဲ့ မြင်ရတဲ့ အလင်းတွေ၊ အပူကို ခံစားရစေတဲ့ Infrared Radiation တွေနဲ့ ခရမ်းလွန်ရောင်ခြည်လို့ လူသိများတဲ့ Ultraviolet Rays(UV ray) တို့ပဲ ဖြစ်ပါတယ်။
    Visible Light ဆိုတာဟာ ကျွန်တော်တို့ မြင်နိုင်တဲ့ အလင်းရောင်ပဲ ဖြစ်ပါတယ်။ မှောင်နေတဲ့ အခန်းထဲကို နေအလင်းရောင် ထိုးကျနေတာကို မြင်ရတာဟာလဲ Visible Light ကို မြင်နေရခြင်းပါပဲ။ Visible Light ကြောင့် ကောင်းကင်ပြာတာတွေ၊ ပင်လယ်ပြာတာတွေ၊ တိမ်တွေဖြူတာနဲ့ သက်တံ့တွေ ဖြစ်ပေါ်နိုင် ပါတယ်။
    Infrared Radiation (IR) ဆိုတာကတော့ မမြင်ရတဲ့ Radiation တစ်မျိုးဖြစ်ပြီး သူ့ကို အပူအနေနဲ့သာ ခံစားထိတွေ့နိုင်ကြပါတယ်။ မီးနဲ့ နေလုံးတွေဟာ IR ကို ထုတ်လွှတ်ပေးနိုင်ကြတဲ့ ဒြပ်တွေပဲ ဖြစ်ပါတယ်။
    UV ray ကတော့ အန္တရာယ်များတဲ့ Radiation အနေနဲ့ ကမ္ဘာပေါ်ကို ကျရောက်ပါတယ်။ UV ray ကို Ultraviolet A ray(UV-A)၊ Ultraviolet B ray(UV-B) နဲ့ Ultraviolet C ray(UV-C) ဆိုပြီးတော့ အမျိုးအစားသုံးမျိုး ခွဲခြားထားပါတယ်။
    ကမ္ဘာကို လွှမ်းခြုံထားတဲ့ လေထုအလွှာ Atmosphere ဟာ UV-A ray ကို အနည်းငယ်သာ ခုခံနိုင်စွမ်း ရှိတဲ့အတွက် UV-A ray အတော်များများဟာ ကမ္ဘာ့မျက်နှာပြင်ပေါ်ကို ကျရောက်လာပါတယ်။ UV-A ကို “Long Wave” လို့လဲ ခေါ်ကြပါတယ်။ လှိုင်းအလျားအနေနဲ့ (၃၂၀-၄၀၀) နာနိုမီတာ ရှိပြီး UV ray ထဲမှာတော့ လှိုင်းအလျား အရှည်ဆုံး ဖြစ်ပါတယ်။
    UV-B ray ကိုတော့ Atmosphere ဟာ လုံလုံလောက်လောက် ကာကွယ်ပေးထားနိုင်စွမ်း ရှိတာကြောင့် ကမ္ဘာ့မျက်နှာပြင်ပေါ်ကို အများအပြား သက်ရောက်တာ မရှိပါဘူး။ လှိုင်းအလျား (၂၈၀-၃၂၀) နာနိုမီတာ ရှိတဲ့ UV-B rayကြောင့် နေလောင်တာတွေနဲ့ အရေပြားကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ ကြိမ်နှုန်းမြင့် UV-B ray ရဲ့ ပြင်းထန်တဲ့ စွမ်းအင်ထုတ်လွှင့်မှုတွေကြောင့် သက်ရှိတွေရဲ့ DNA ကို ပျက်စီးစေပြီး ဆဲလ်တွေကိုပါ ပျက်စီးစေနိုင်ပါတယ်။ သို့ပေမဲ့ ၉၅ရာခိုင်နှုန်းသော UV-B ray တွေကို အိုဇုန်းအလွှာက စုပ်ယူလိုက်နိုင်တာကြောင့် ထိခိုက်မှုလည်း နည်းသွားပါလိမ့်မယ်။ UV-B ray ဟာ တည်နေရာ လတ္တီကျု၊ လောင်ဂျီကျုအပေါ် မူတည်ပြီးတော့ ကျရောက်တာခြင်းလဲ ကွဲပြားပါသေးတယ်။
    UV-C ray ကတော့ Ultraviolet Ray ထဲမှာ လှိုင်းအလျား အတိုဆုံးနဲ့ ကြိမ်နှုန်းအမြင့်ဆုံး ဖြစ်ပြီးတော့ အန္တရာယ် အများဆုံးလဲ ဖြစ်ပါတယ်။ အဲ့ဒီ UV-C ray တွေကိုလည်း Atmosphere ရဲ့ Stratosphere အလွှာမှာရှိတဲ့ အိုဇုန်းအလွှာက စုပ်ယူလိုက်နိုင်တဲ့ အတွက်ကြောင့် ကမ္ဘာပေါ်ကို ကျရောက်လာခြင်း မရှိပါဘူး။
    အိုဇုန်း (Ozone) အလွှာဟာ အောက်စီဂျင် သုံးလုံးရှိတဲ့ Compoundတစ်မျိုး ဖြစ်ပြီး သူ့ကို ဓါတုဖော်မြူလာအဖြစ် O3 လို့ ဖော်ပြပါတယ်။ အိုဇုန်းအလွှာဟာ လူတွေကို နေလောင်ဒဏ်၊ အရေပြားကင်ဆာနဲ့ အာရုံကြောပြသနာတွေ ဖြစ်ပေါ်စေနိုင်တဲ့ ၂၀၀-၃၁၅ နာနိုမီတာ လှိုင်းအလျားရှိ UV Radiation တွေကို စုပ်ယူပေးနေပါတယ်။ နေလုံးကြီး ရှိနေသရွေ့ UV rayတွေဟာလဲ ကမ္ဘာပေါ်ကို ကျရောက်နေဦးမှာ ဖြစ်သလို အိုဇုန်းအလွှာဟာလဲ သူ့အလုပ် သူလုပ်ပြီး ကာကွယ်ပေးနေမှာ ဖြစ်တဲ့အလျောက် ကျွန်တော်တို့ဟာလဲ ဒီအိုဇုန်းအလွှာကို စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်ဗျ။
    References – Ultraviolet (UV) Radiation and Sun Exposure
    – Ultraviolet (UV) Radiation
    – Ultraviolet Waves
    – Ozone (Wikipedia)
    Written by – Aye Chan Oo
    Edited by – Fact Hub Editor Team
    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
    #Fact_Hub #Science #Article #General_Science #Ultraviolet_Radiation #Sun_Exposure

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleမက္ကစီကို ကွန်ဂရက် ကြားနာပွဲမှာ ဂြိုဟ်သားတွေရဲ့ ရုပ်အလောင်းတွေကို ထုတ်ဖော်ပြသခဲ့
    Next Article သွေးကြောတွေ ဘာလို့စိမ်း
    Aye Chan Oo

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.