Archives
Author: Aung Bhone Myint Htoo
ဆေးမင်ကြောင်ဆိုတာ မြန်မာတွေနဲ့ မစိမ်းတဲ့ အရာတစ်ခုပါ။ ရှေးအစဉ်အဆက်ကတည်းက ထိုးကွင်းတွေ ရေးထိုးလာကြတဲ့ မြန်မာတွေအဖို့ ဆေးမင်ကြောင် မထိုးရင် ယောက်ျားမပီသ,သလိုတောင် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလို ဘိုးဘေးအစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဆေးမင်ကြောင်ဟာ လူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ တပ်သားလေးတွေကို ဖျက်ဆီးပစ်နေကြတယ်ဆိုတာကိုရော သိကြပါသလား . . . ။ လူ့အရေပြားက ခံတပ်ကြီးတစ်ခုနဲ့ တူပါတယ်။ အရေပြားကို အပိုင်းကြီး ၃ ပိုင်းခွဲပြီး ကြည့်ကြည့်ပါ။ အပေါ်ယံမြင်ရတဲ့ အလွှာ၊ အတွင်းဖက် အလယ်လွှာနဲ့ အတွင်းဆုံးအလွှာ ဆိုပြီးပဲ ခေါ်ကြပါမယ်။ အပေါ်ယံအလွှာရဲ့ ပထမဆုံးအပိုင်မှာတော့ Conveyor Belt ဆိုတာ ရှိပါတယ်။ အဲဒီအပိုင်းမှာ Stem Cell လို့ ခေါ်တဲ့ Cell တွေဟာ အချိန်နဲ့အမျှ ပုံတူပွားခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်နေပြီး Cell အသစ်တွေကို ထုတ်လွှတ်နေပါတယ်။ Cell အသစ်ထုတ်လုပ်မှုဟာ ရှိပြီးသား Cell တွေကို အပေါ်တွန်းတင်သလို ဖြစ်လာပါတယ်။ အဲဒီအခါမှာတော့ Cell တွေ စုပုံလာပြီး အချင်းချင်း ပိတ်မိရင်း သေဆုံးသွားပါတယ်။ ဒီအပိုင်းက အလွှာက အမြဲအသစ်ဖြစ်နေမှာမို့ ဆေးမင်ကြောင်ဆွဲရင် ခဏနဲ့ ပျက်သွားမှာပါ။ ဒါကြောင့် နောက်တစ်လွှာကို ဆက်သွားကြည့်ကြပါမယ်။ အလယ်လွှာမှာတော့ အာရုံခံဆဲလ်တွေ၊ သွေးကြောမျှင်ထုံးတွေနဲ့ ပြည့်နေပါတယ်။ ဒီအပိုင်းက သိပ်လဲ မတိမ်၊ သိပ်လဲ မနက်လွန်းတဲ့ အလယ်ပိုင်းဖြစ်တာမို့ ဆေးမင်ကြောင်အတွက် အသင့်တော်ဆုံးပါပဲ။ ဆေးမင်ကြောင် စထိုးကြည့်ကြပါမယ်။ ဆေးမင်ကြောင်အပ်ဆိုတာ ဆေးထိုးအပ်နဲ့ အလားတူပါတယ်။…
အကယ်၍ သင်က စက်ဘီးတစ်စီးကို စီးနင်းနေတယ် ဆိုပါစို့။ သင့်အနေနဲ့ စက်ဘီးကို အားနည်းနည်းပဲ သုံးပြီး နင်းရင် ဖြေးဖြေးပဲ ရွေ့မှာဖြစ်ပြီး အားများများသုံးရင်တော့ မြန်မြန်ရွေ့လာမှာပါ။ ဒီလိုမျိုး သဘောတရားအတိုင်း အားကို လုံလောက်တဲ့အထိ ခပ်များများ အသုံးပြုပြီး အလင်းလျင်နားရောက်အောင် သွားဖို့ စိတ်ကူးဖူးပါသလား။ လူအများစုကတော့ ဒီလိုတွေးမိမှာ မဟုတ်ပါဘူး။ အကယ်၍ ဒီအခြေနေတိုင်း တွေးကြည့်ဖူးရင်တော့ စက်ဘီးကို အလင်းလျင်နားရောက်ဖို့ တားဆီးနေတဲ့ အချက်နှစ်ချက်ကို ဖော်ပြသွားပါမယ်။ပထမအချက်ကတော့ နည်းပညာပါ။ ကျွန်တော်တို့မှာ အလင်းလျင်ဆီ ရောက်ဖို့ မဆိုလှနဲ့၊ အလင်းလျင်ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ကို ရောက်ဖို့တောင် နည်းပညာက မတိုးတက်သေးပါဘူး။ အလင်းရဲ့ အလျင်က တစ်နာရီကို 1, 079, 252, 848.8 ကီလိုမီတာခန့် သွားနိုင်ပြီး လူလုပ် အမြန်ဆုံးပစ္စည်းဆိုလို့ နာဆာက ပြုလုပ်ထားတဲ့ တစ်နာရီကို ကီလိုမီတာ 700, 000 ခန့်သာ သွားနိုင်တဲ့ Solar Probe ပဲရှိပါတယ်။ဒုတိယ အချက်ကတော့ ကျွန်တော်တို့မှာ နည်းပညာရှိနေရင်တောင် သွားလို့ မရအောင် တားဆီးနေပါလိမ့်အုံးမယ်။ ဒါကတော့ ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး Albert Einstein က အဆိုပြုထားတဲ့ တစ်ကမ္ဘာလုံး မသိသူမရှိကြတဲ့ E = mc^2 ဆိုတဲ့ ညီမျှခြင်းကနေ ဆင်းသက်လာတဲ့ ဒြပ်ထု-စွမ်းအင် အခြေတူ နိယာမပဲ ဖြစ်ပါတယ်။ ဒီညီမျှခြင်းရဲ့ ဘယ်ဘက်က E က စွမ်းအင်ကို ဆိုလိုပါတယ်။ ညာဘက်က m…
အလင်းဆိုတာက အလွန်ဆန်းကြယ်တဲ့ အရာတစ်ခုပါ။ အလင်းဆိုတာ ဘာမှန်း အသေအချာ မသိခင်တည်းကစလို့ လူသားတွေဟာ အလင်းကို စတင်ပြီး အသုံးပြု လာခဲ့ကြပါတယ်။ ဒီလိုအသုံးပြုရာမှာ အလင်းရဲ့ အဓိကဂုဏ်နှစ်ခုကို အသုံးချပါတယ်။ ဒီနှစ်ခုကတော့ အလင်းပြန့်ခြင်းနဲ့ အလင်းယိုင်ခြင်းပါ။ အလင်းဆိုတာ လှိုင်း-အမှုန် ဒွိဟသဘောဆောင်တဲ့ အရာတစ်ခုပါ။ ဒီလို ဒွိဟသဘောများမှ အလင်းပြန်ခြင်းနဲ့ အလင်းယိုင်ခြင်းတို့ကတော့ အလင်းလှိုင်းသဘောနဲ့ အတော်များများ သက်ဆိုင်ပါတယ်။ အလင်းရဲ့ လှိုင်းဟာ လျှပ်ဓာတ်နဲ့ သံလိုက်ဓာတ်တို့ အချင်းချင်း အပြန်အလှန် တုံ့ပြန်မှုကနေ ပေါ်ထွက်လာရပါတယ်။ ဒီလိုမျိုး ပေါ်ထွက်လာမှုမှာ လှိုင်းအလျားပေါ် မူတည်ပြီး အမျိုးအစား အမျိုးမျိုးရှိနေပေမဲ့လဲ ဒီမှာတော့ အဆင်ပြေအောင် အလင်းလို့ပဲ သုံးနှုန်းသွားပါမယ်။ အလင်းပြန်ခြင်း ဆိုတာကတော့ အလင်းလှိုင်းတွေဟာ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ပေါ် ရောက်တဲ့အခါ မျက်နှာပြင်မှာရှိတဲ့ အက်တမ်တွေအတွင်းရှိ အီလက်ထရွန်တွေက အလင်းလှိုင်းကို စုပ်ယူလိုက်ပြီး တစ်ပုံစံတည်း ထပ်တူညီတဲ့ အလင်းလှိုင်းကို ပြန်လည်ထုတ်လွှတ်တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်စဉ်ဟာ အက်တမ်ရဲ့ အရွယ်အစားပေါ်ကို လိုက်ပြီး စုပ်ယူမလား၊ ဖြတ်သန်းသွားမလား ဆုံးဖြတ်တဲ့ ဖြစ်စဉ်မို့ တစ်ခါတလေမှာ အလင်းပြန်နိုင်တဲ့ လှိုင်းအလျားက ကန့်သတ်ချက် ရှိနေပါတယ်။ ဒါကြောင့်လဲ အချို့အရာတွေက အရောင်တစ်မျိုးဆို တစ်မျိုးတည်း ဖြစ်နေတာပါ။ အလင်းယိုင်ခြင်းမှာတော့ အလင်းဟာ မျက်နှာပြင်မှာတင် ရပ်မသွားဘဲ အတွင်းအထိ ရောက်ရှိသွားပါတယ်။ ပြီးနောက်မှာတော့ အတွင်းထဲက အက်တမ်တွေရဲ့ စုပ်ယူခြင်းကို ခံရပြီး ပြန်လည်ထုတ်လွှတ်ပါတယ်။ ထုတ်လွှတ်ခြင်းခံရတဲ့ လှိုင်းတွေဟာလဲ တစ်ဖန် စုပ်ယူခြင်းကို…
နျူတန်ရဲ့ ဥပဒေသတွေ ဆိုတာ လောကထဲက ရွေ့လျားမှုတိုင်းနီးပါးကို ရှင်းပြနိုင်တယ်ဆိုပြီး နာမည်ကြီးကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ပြုလုပ်ထားတဲ့ လေ့လာမှုအသစ်တွေ အရတော့ ကြိုးပုံစံအမြီးနဲ့ စေးပျစ်တဲ့အရည်တွေထဲ ကူးခတ်နေကြတဲ့ “သုက်ကောင်”တွေဟာ နျူတန်ရဲ့ ရွေ့လျားမှုဆိုင်ရာ ဥပဒေသ သုံးရပ်ထဲက တစ်ရပ်ကို ချိုးဖောက်နေတယ်လို့ အဆိုပြုလာပါတယ်။ နျူတန်ရဲ့ ဥပဒေသ သုံးရပ်ကို ပြန်ရှင်းရရင် ပထမအချက်က အားသက်ရောက်မှုမရှိရင် အလျင်ပြောင်းနှုန်းမရှိဆိုတဲ့ အချက်ပါ။ ဒုတိယအချက်ကတော့ ပထမအချက်ကိုအခြေခံပြီး ဒြပ်ထုကိုပါ ထပ်ပေါင်းထားတဲ့ ရွေ့လျားမှုဆိုင်ရာ ညီမျှခြင်း F=ma ပါ။ တတိယအချက်ကတော့ ရူပဗေဒကို အသေအချာ မလေ့လာဖူးသူတွေပါ ပါးစပ်ဖျားကမချကြတဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ် ဆိုတဲ့အချက်ပါ။ သုက်ကောင်တွေ ချိုးဖောက်တဲ့ ဥပဒေသကလဲ အဲ့ဒီ နောက်ဆုံးဥပဒေသပါပဲ တကယ်ဆိုရင် သုက်ကောင်တွေရဲ့အမြီးရှည်တွေဟာ သူတို့ကျော်ဖြတ်တဲ့ ကြားခံနယ်တွေမှာ စက်ကွင်းတစ်ခုလို ပြန်လည်ပတ်ပြီး ရှေ့ကို မရွေ့လာသင့်တာပါ။ သုက်ကောင်တင်မဟုတ်ပါဘူး။ ငွေ့ရည်တွေထဲမှာရှိနေတဲ့ အမှုန်တွေနဲ့ ငှက်အုပ်တွေအကုန်ပါပဲ။ သူတို့တွေဟာ ကိုယ်ပိုင်စွမ်းအင်ထုတ်တဲ့ အရာတွေဖြစ်တာကြောင့် သူတို့ဝန်းကျင်မှာရှိတဲ့ စနစ်တွေကို မျှခြေအခြေနေကနေ ဆွဲတင်သွားပါတယ်။ ဒါကြောင့်ပဲ နျူတန်ရဲ့ တတိယဥပဒေသက ဒီနေရာမှာ အလုပ်မလုပ်တော့ခြင်းပါ။ ကျိုတိုတက္ကသိုလ်မှာရှိတဲ့ သင်္ချာသိပ္ပံပညာရှင် Kenta Ishimoto (ကန်းတအိရှိမိုတို) နဲ့ အဖွဲ့ဟာ ဒီလိုမျိုး သုက်ကောင်တွေနဲ့ အခြားအဏုဇီဝ ကူးခတ်နေတဲ့ အကောင်လေးတွေရဲ့ ကွဲထွက်နေတဲ့ အပြန်အလှန်သက်ရောက်မှုတွေကို လေ့လာခဲ့ပါတယ်။ သုတေသီတွေဟာ သုက်ကောင်တွေကို စမ်းသပ်ရင်း ရလာတဲ့ ရလဒ်တွေကို ဆန်းစစ်ခဲ့ပြီး စိမ်းပြာရေညှိဖြစ်တဲ့ Chlamydomonas (ခလာမိုင်ဒိုမိုနပ်စ်)…
လောကကြီးရဲ့ ဖွဲ့စည်းမှုတွေထဲမှာ စွမ်းအင်တွေဟာ အဓိကအနေနဲ့ ပါ၀င်နေပါတယ်။ ဒီစွမ်းအင်တွေဟာ စကြာ၀ဠာကြီး ဟန်ချက်ကျကျ လည်ပတ်နေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေလဲ ဖြစ်ပါတယ်။ စွမ်းအင်တွေကို အထူးပြုလေ့လာတဲ့ ဘာသာရပ်ကြီးတစ်ခုဖြစ်တဲ့ ရူပဗေဒမှာတော့ စွမ်းအင်ဆိုတာကို အလုပ်ပြီးမြောက်နိုင်စွမ်းလို့ ပြောထားပါတယ်။ အရပ်သုံးစကားအရဆိုရင်တော့ ပစ္စည်းဝတ္ထုတွေကို ရွေ့အာင်လုပ်နိုင်စွမ်းကို စွမ်းအင်လို့ ခေါ်ကြပါတယ်။ စွမ်းအင်ဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တည်ရှိနေနိုင်ပြီးတော့ ပတ်ဝန်းကျင်မှာ အတွေ့ရအများဆုံးဖြစ်တဲ့ စွမ်းအင်ပုံစံဟာ အပူစွမ်းအင်ပုံစံ ဖြစ်ပါတယ်။ အပူနဲ့ အလုပ်ပြီးမြောက်မှု စပ်ယှက်နေခြင်းကို လေ့လာတဲ့ ဘာသာရပ်ကိုတော့ သာမိုဒိုင်းနမစ်လို့ ခေါ်ပါတယ်။ သာမိုဒိုင်းနမစ်ရဲ့ ဒုတိယ ဥပဒေသအရဆိုရင် အပူဟာ မြင့်ရာကနေ နိမ့်ရာကို စီးတတ်တဲ့သဘောရှိပါတယ်။ ဒီလိုစီးဆင်းတဲ့အခါမှာ အပူလျှောက်ကူးခြင်း၊ အပူစီးကူးခြင်း၊ အပူဖြာကူးခြင်းတို့နဲ့ ကူးလေ့ရှိပါတယ်။ ဒီသုံးမျိုးထဲကမှ အပူဖြာကူးခြင်းဟာ လောကတစ်ခွင်ကို စွမ်းအင်တွေ ဖြန့်ကျက်ပေးဖို့အတွက် အဓိကလိုအပ်တဲ့ သော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။ယေဘုယျပြောရရင် အပူချိန်ရှိတဲ့ အရာမှန်သမျှဟာ အပူဖြာကူးခြင်းကို လုပ်ဆောင်လေ့ရှိကြပါတယ်။ အပူချိန်ရှိခြင်းဆိုတာ ပကတိအပူချိန်ရဲ့ အထက် တစ်ဒီဂရီကနေ စပါတယ်။ ဆိုလိုတဲ့သဘောကတော့ အရာဝတ္ထုတိုင်းဟာ အပူဖြာကူးနေကြခြင်းပါ။ အပူဖြာကူးတဲ့ ဖြစ်စဉ်မှာတော့ အပူဟာ လျှပ်စစ်သံလိုက်လှိုင်းအသွင်နဲ့ အပြင်ကို အစဉ်မပြတ် ထွက်ပေါ်လာနေပြီး အပူချိန်ရှိတဲ့ အရာတိုင်းရဲ့ အက်တမ်တွေဟာ ရွေ့လျားတုန်ခါနေပါတယ်။ ဒီလိုတုန်ခါနေတဲ့ အချိန်မှာတော့ အက်တမ်အတွင်းက လျှပ်စစ်ဓာတ် သယ်ဆောင်တဲ့ အမှုန်တွေဖြစ်တဲ့ ပရိုတွန်နဲ့ အီလက်ထရွန်တို့ကပါ လိုက်လံတုန်ခါပါတယ်။ လျှပ်စစ်ဓာတ် သယ်ဆောင်တဲ့ အမှုန်တွေရဲ့ရွေ့လျားတုန်ခါမှုဟာ လျှပ်စစ် သံလိုက်စက်ကွင်းတွေကို ဖန်တီးပေးပြီး လျှပ်စစ်သံလိုက်လှိုင်းတွေအဖြစ် ပေါ်ထွက်လာစေပါတယ်။ ဒီလိုပေါ်ထွက်လာတဲ့…
သိပ္ပံရဲ့ တိုးတက်လာမှုတွေဟာ အံ့မခန်းပါ။ ပိုတိုးတက်လာတဲ့ နည်းပညာနဲ့အတူ သမိုင်းဆိုင်ရာ အကြောင်းအရာတွေကိုလည်း တိတိကျကျ သိရှိလာနိုင်ခဲ့ပါတယ်။ အခုလည်း ၁၉၇၂ ခုနှစ်တုန်းက အပိုလို ၁၇ က ယူဆောင်လာခဲ့တဲ့ လရဲ့ မြေသားနမူနာ အချို့အရ လရဲ့သက်တမ်းဟာ နဂိုခန့်မှန်းရင်းထက် နှစ်ပေါင်း သန်း ၄၀ ခန့် ပိုကြီးနေတယ်လို့ ဆိုပါတယ်။ လရဲ့ နဂိုခန့်မှန်းရင်း သက်တမ်းက နှစ်ပေါင်းသန်း ၄၄၂၀ ခန့်ပါ။ ယခု တိုင်းတာချက်အသစ် အရတော့ လရဲ့ သက်တမ်းဟာ နှစ်ပေါင်းသန်း ၄၄၆၀ ခန့်ရှိတာပါ။ လရဲ့ သက်တမ်းကို တိုင်းတာရာမှာ လရဲ့ ဖွဲ့စည်းပုံကို အရင်စဉ်းစားကြပါတယ်။ လရဲ့ ဖွဲ့စည်းလာပုံကို အရင်က ဆောင်းပါးတစ်ပုဒ်မှာ အသေးစိတ် ဖော်ပြခဲ့ပြီးဖြစ်တာကြောင့် ဒီမှာတော့ အကျဉ်းပဲဖော်ပြပါမယ်။ (ကောမန့်မှာ လင့်ခ်တင်ထားပေးပါမယ်။) နေအဖွဲ့အစည်း စတင်ဖြစ်ပေါ်လာတုန်းက ကမ္ဘာက ယနေ့ခေတ်ကမ္ဘာလို မဟုတ်ဘဲ Proto-Earth (ရှေးဦးကမ္ဘာ) လို့ ခေါ်ပါတယ်။ Proto-Earth ဟာ နောက်ပိုင်းမှာ အင်္ဂါဂြိုဟ်အရွယ်ရှိတဲ့ ဂြိုဟ်သိမ်တစ်ခုနဲ့ တိုက်မိပြီး ပဲ့ထွက်လာတဲ့ ဝတ္ထုကနေ “လ” အဖြစ် ပြောင်းလဲသွားပါတယ်။ လဟာရှေးဦး ဖြစ်တည်ကာစမှာ ချော်ရည်ပူတွေနဲ့ ပြည့်နှက်နေပြီး နောက်ပိုင်းမှ တဖြည်းဖြည်းအေးသွားပြီး အစိုင်အခဲဝတ္ထုတစ်ခု အဖြစ် ပြောင်းလဲသွားတာပါ။ ဒီအစိုင်အခဲဝတ္ထုတွေကိုတော့ ၁၉၇၂ ခုနှစ်က အပိုလို ၁၇ မစ်ရှင်နဲ့အတူ အာကာသယဉ်မှူးတွေက ကမ္ဘာမြေပေါ် ပြန်လည် ယူဆောင်လာနိုင်ခဲ့ပါတယ်။ အာကာသယဉ်မှူးတွေယူဆောင်လာတဲ့ မြေသားနမူနာတွေထဲမှာ မထင်မှတ်ထားဘဲ သက်တမ်းအရင့်ဆုံး…
ကမ္ဘာကကြီးမားတဲ့နေရာတစ်ခုပါ။ ဒီလိုကြီးမားတဲ့ ကမ္ဘာကြီးမှာ လေ့လာစရာတွေဆိုတာ မကုန်နိုင်ပါဘူး။ ကမ္ဘာကြီးမှာ လေ့လာစရာတွေ အများကြီးရှိတဲ့ထဲကမှ ကမ္ဘာရဲ့ ဗဟိုအူတိုင်ကို လေ့လာခြင်းမှာ လူသားတွေအနေနဲ့ မသိနိုင်သေးတာတွေ အတော်များများ ကျန်ရှိနေပါတယ်။ ဒါဟာလည်း ရရှိနိုင်တဲ့ ဒေတာ အချက်အလက်တွေက အကန့်အသတ်တွေနဲ့ပဲ ရှိနေလို့ပါ။ ဒါပေမဲ့ ကမ္ဘာ့အူတိုင်နဲ့ ပတ်သက်တဲ့ ဒေတာအချက်အလက်တွေကို ကမ္ဘာ့ မြေကြီးထဲကနေ တိုက်ရိုက် မရယူဘဲ ကမ္ဘာအပြင်ကနေ ယူငင်လို့ရမဲ့ အခွင့်အရေးတစ်ရပ်ကို နာဆာရဲ့ Psyche Mission (ဆိုက်ခဲ မစ်ရှင်) က ယူဆောင်လာခဲ့ပါပြီ။ Psyche ဆိုတာက အံစာတုံးကား အရွယ်ရှိပြီး တောင်ပံနဲ့တူတဲ့ ဆိုလာပြားတွေ တပ်ဆင်ထားတဲ့ ဂြိုဟ်တုတစ်လုံးပါ။ Psyche ကို အောက်တိုဘာလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီ ၄၆ မိနစ်မှာ နာဆာရဲ့ ကန်နေဲဒီအာကာသစင်တာက SpaceX Falcon Heavy Rocket နဲ့ လွှတ်တင်ခဲ့ပါတယ်။ ဂြိုဟ်တုရဲ့ ပန်းတိုင်ကတော့ Psyche လို့ပဲခေါ်တဲ့ ဂြိုဟ်သိမ်တစ်ခုဖြစ်ပြီး ခြောက်နှစ်အကြာမှာ ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဂြိုဟ်တုဟာ ၂၀၂၉ ခုနှစ်မှာ အင်္ဂါဂြိုဟ်နားကို ချဉ်းကပ်မှာဖြစ်ပြီး အဲ့ကတစ်ဆင့် အင်္ဂါဂြိုဟ်ရဲ့ ဒြပ်ဆွဲအားအကူညီနဲ့ လမ်းလွှဲတစ်ခု ဖန်တီးပြီး ဂြိုဟ်သိမ်ဆီ ခရီးဆက်မှာပါ။ ဂြိုဟ်သိမ်ဆီ ရောက်ရင်တော့ နောက် ၂၆ လစာ ဂြိုဟ်သိမ်ကို လှည့်ပတ်ပြီး လေ့လာမှုတွေ ပြုလုပ်မှာပါ။ ပြုလုပ်မဲ့ လေ့လာချက်တွေကတော့ ကျောက်သားနမူနာကောက်ယူတာ၊ မျက်နှာပြင် ဖွဲ့စည်းပုံကိုဆန်းစစ်တာ၊…
လေဆာလို့ ပြောလိုက်တာနဲ့ ငယ်ဘဝ အမှတ်တရတွေဖြစ်တဲ့ Star war လို ဇာတ်ကားတွေကို ပြန်မြင်ယောင်မိကြမှာပါ။ ဓားတွေထဲကနေ လေဆာအလင်းတန်းတွေ ထွက်လာပြီး တိုက်ခိုက်ကြတာကို ကြည့်ရှုခဲ့ရတဲ့ အခိုက်အတန့်တွေဟာ ကျွန်တော်တို့ငယ်ဘ၀တွေကို အင်မတန်ကို လှပစေခဲ့ပါတယ်။ ဒီငယ်ဘဝကို လှပစေတဲ့ လေဆာ ဆိုတာလေးကို အတူတူရှာဖွေကြပါမယ်။ ပထမဆုံးအချက်အနေနဲ့ ပြောချင်တာကတော့ လေဆာတွေဟာ သွားရာလမ်းကြောင်းမှာ အရောင်မရှိဘူး ဆိုတာပါပဲ။ လေဆာဆိုတာကတော့ အင်္ဂလိပ်စကားလုံး (Light Amplification by Stimulated Emission of Radiation) ကို အတိုကောက် ခေါ်ဆိုတာဖြစ်ပြီး မြန်မာလို ဘာသာပြန်ရင်တော့ ရောင်ခြည်ရဲ့ လှုံ့ဆော်ဖြာထွက်မှုနဲ့ အလင်းဆကို မြှင့်တင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ လေဆာရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့ဆိုရင် သူ့နာမည်မှာပါတဲ့ Stimulated Emission (လှုံ့ဆော်ဖြာထွက်မှု) ဆိုတဲ့ စကားလုံးကို နားလည်ဖို့ လိုအပ်ပါတယ်။ အလင်းထုတ်လွှတ်တဲ့ ဝတ္ထုတွေမှာ အဓိကအနေနဲ့ ဖြာထွက်မှုပုံစံ ၂ မျိုးရှိပါတယ်။ Spontaneous Emission (သဘာဝ ဖြာထွက်မှု) နဲ့ Stimulated Emission (လှုံ့ဆော် ဖြာထွက်မှု) တို့ပါ။ ဖယောင်းတိုင်ကို မီးညှိလိုက်တဲ့အခါ ဖယောင်းတိုင်ရဲ့ လောင်စာကနေ အပူကို ရရှိပါတယ်။ လောင်စာဟာ ရရှိလာတဲ့ အပူတွေကို ထိန်းသိမ်းမထားနိုင်တာကြောင့် Thermal Radiation (အပူဖြာ ရောင်ခြည်) အဖြစ် ပြန်ထုတ်လွှတ်ပါတယ်။ ဒီအပူဖြာ ရောင်ခြည်တွေဟာ ဖယောင်းတိုင်ရဲ့ အလင်းရင်းမြစ်လဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ အပူဖြာရောင်ခြည်တွေဟာ တစ်ခုနဲ့တစ်ခု ကြိမ်နှုန်းနဲ့…
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၂၅၀) လောက်က ကြီးကျယ်တဲ့ ပညာရှင်ကြီးတစ်ယောက်ဟာ တစ်ခုခုကို အပြင်းအထန် တွေးတောနေခဲ့ပါတယ်။ ပညာရှိကြီးရဲ့ နာမည်ကတော့ အာခီမိဒိစ်ပါ။ အဲ့ဒီပညာရှိကြီးဟာ ပြဿနာတစ်ခုရဲ့ အဖြေကို ရှာနေတာ ရက်အတော်ကြာနေပြီ ဖြစ်လို့ စိုးရိမ်လာပါတယ်။ ပိုပြီး ဆိုးရွားတာ တစ်ခုကတော့ ဒီပြဿနာဟာ ဘုရင်ကြီးရဲ့ တိုက်ရိုက်အမိန့် ဖြစ်တဲ့အတွက် သေချာပေါက်အဖြေရှာတွေ့မှပဲ ဖြစ်မှာမျိုးပါ။ အာခီမိဒိစ် သက်ရှိထင်ရှားရှိစဉ် အချိန်တုန်းက ဆေရာချုစ်မြို့ကို ဘုရင်ကြီး ဟေရွန် (၂) နန်းတက်ခဲ့ပါတယ်။ ဘုရင်ကြီးဟာ သရဖူလိုနေတာကြောင့် ပန်းထိမ်သည်တစ်ယောက်ကို ရွှေတစ်ချောင်းပေးပြီး ရွှေအစစ်ပါတဲ့ သရဖူတစ်ခု လုပ်စေခဲ့ပါတယ်။ ပန်းထိမ်သည်ကလဲ ရွှေသရဖူလုပ်ပြီး ဘုရင်ကြီးကို ဆက်သလိုက်တဲ့အခါမှာ ဘုရင်ကြီးဟာ ရွှေပန်းထိမ်သည်က လိမ်ပြီး ရွှေတွေကို ခိုးယူထားတယ်လို့ သံသယရှိလာပါတယ်။ ဒါပေမဲ့ ဘုရင်ကြီးမှာ သက်သေမရှိပါဘူး။ ဒီအတွက်ကြောင့် နန်းတော်ပညာရှိအာခီမိဒိစ်ကို ဆင့်ခေါ်စေခဲ့ပါတယ်။ ဒါ့အပြင် သရဖူဟာ ရွှေအစစ်နဲ့ လုပ်ထားတာဟုတ်မဟုတ် စစ်ဆေးစေခဲ့ပါတယ်။ ကန့်သတ်ချက် တစ်ခုတော့ ထားခဲ့ပါတယ်။ ဒါကတော့ သရဖူကို မထိခိုက်စေဖို့ပါ။ အာခီမိဒိစ်လဲ အခက်အခဲနဲ့ ကြုံနေရပါတော့တယ်။ စဉ်းစားရခက်လာတဲ့ အာခီမိဒိစ်ဟာ ရေချိုးဖို့ လုပ်ပါတယ်။ ဒီလိုနဲ့ ရေဇလုံကို ရေအပြည့်ဖြည့်ပြီး ရေထဲဝင်ဖို့ လုပ်ပါတယ်။ ရေထဲ အဝင်မှာပဲ ထူးဆန်းတာ တစ်ခုကို သတိထားမိပါတယ်။ ဒါကတော့ သူရေထဲ ဝင်လိုက်တာနဲ့ ရေဇလုံထဲက ရေတွေဟာ လျှံကျလာပါတယ်။ သူရေထဲကို ပိုဝင်လေလေ ရေတွေဟာ ပိုလျှံကျလာလေပါပဲ။ ပညာရှိကြီးဟာ တစ်ခဏ တွေးတောလိုက်ပါတယ်။…
ငလျင် ဘာကြောင့်လှုပ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ရှိကြပါတယ်။ တချို့က ဘာမှမဖြစ်နိုင်ပေမဲ့ တချို့ကတော့ အိုးအိမ်ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ တချို့က ခန့်မှန်းလို့ရနိုင်သလို တချို့ကလဲ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ခန့်မှန်းဖို့ခက်ပြီး အိုးအိမ်ပျက်စီးမှုတွေထိ ဖြစ်စေနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာမှ ကြောက်ဖို့အကောင်းဆုံးကတော့ ငလျင်ပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲ ငလျင်တွေလှုပ်လေ့ရှိပြီး နောက်ဆုံးအနေနဲ့ လှုပ်ခဲ့တာကတော့ ပြီးခဲ့တဲ့နေ့ တုန်းက ရန်ကုန်မှာ လှုပ်ခဲ့တဲ့ ပမာဏ ၄.၈ ရှိတဲ့ငလျင်ပါ။ ဒီတော့ ငလျင်တွေ ဘာကြောင့်လှုပ်သလဲ။ ဒီမေးခွန်းဟာ လူ့သမိုင်းတစ်လျှောက် အမေးအများဆုံး မေးခွန်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဘာသာရေးစာပေတွေထဲမှာတော့ ငလျင်ဟာ ကမ္ဘာကို ထမ်းထားတဲ့ ဘီလူးကြီးရဲ့ ထမ်းထားတဲ့ ပခုံးတစ်ဖက်ကနေ တစ်ဖက်ပြောင်းလိုက်လို့ဆိုပြီး အဆိုရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့က အချက်လက်မှန် ပြန့်ပွားစေရေး ဆောင်ရွက်တာနဲ့အညီ ငလျင်တွေကို သိပ္ပံနည်းကျ၊ ယုတ္တိကျကျ ဆန်းစစ်သွားပါမယ်။ ကမ္ဘာကို အဓိက အလွှာကြီးသုံးလွှာပိုင်းခြားနိုင်ပါတယ်။ အတွင်းဘက်အကျဆုံးအလွှာကတော့ အူတိုင်ကြီးဖြစ်ပြီး အများစုကတော့ အိုင်းရွန်းနဲ့ နီကယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒုတိယအလွှာကတော့ ကျောက်ရည်ပူအလွှာပဲ ဖြစ်ပါတယ်။ ဒီကျောက်ရည်ပူတွေရဲ့ အပေါ်မှာတော့ ကျောက်လွှာကြီးတွေက မျောပါနေကြပါတယ်။ မျောနေတဲ့ကျောက်လွှာကြီးတွေကိုတော့ Tectonic Plate တွေလို့ ခေါ်ပါတယ်။ ဒီ Tectonic Plate တွေဟာ အမြဲတစေရွေ့လျားနေပြီး တစ်ခါတစ်ရံမှာ တစ်ခုနဲ့ တစ်ခု တိုက်မိလေ့ရှိပါတယ်။ ဒီလိုတိုက်မိတဲ့အခါမှာ Shock wave တွေ ထွက်လာလေ့ရှိပါတယ်။ Shock wave ဆိုတာကို ထပ်ရှင်းရရင် အစိုင်အခဲနှစ်ခုတိုက်မိတဲ့အခါ တိုက်မိမှုအကျိုးဆက်အဖြစ်…
သင်္ချာဆိုတာ ကျွန်တော်တို့ နေ့စဉ်သုံးနေကျ လူသားတိုင်းနားလည်တဲ့ ဘာသာစကားတစ်ရပ်ပဲဖြစ်ပါတယ်။ လူသားတိုင်းအနေနဲ့ သင်္ချာကို မကျွမ်းကျင်ကြရင်တောင် သင်္ချာရဲ့ အခြေခံသဘောဖြစ်တဲ့ ရေတွက်ခြင်းတွေကို သိကြမှာပါ။ ရေတွက်ခြင်းရဲ့ အခြေခံကတော့ ကိန်းစနစ်တွေပဲ ဖြစ်ပါတယ်။ ကိန်းစနစ်တွေလို့ ဆိုရာမှာ သုညကနေ ကိုးအထိ ဆယ်လုံးတစ်တွဲ ရေတွက်တဲ့ စနစ်ကို ခေါ်ဆိုတာပါ။ ဒီနေ့ခေတ်အသုံးအများဆုံး ကိန်းစနစ်ကတော့ 10th digit numeral လို့ ခေါ်တဲ့ ဆယ်လုံးတစ်တွဲတွဲတဲ့ စနစ်ပါ။ ကိန်းစနစ်တွေက ပြောရရင်အတိတ်မှာ မြောက်များစွာရှိခဲ့တာပါ။ ဒါပေမဲ့ ဆယ်လုံးတွဲစနစ်ကို ယနေ့ခေတ်အထိ အသုံးများစေခဲ့တာကတော့ တခြားမဟုတ်ဘဲ တန်ဖိုးမဲ့တဲ့ သုညကြောင့်ပါ။ “တစ်”ရဲ့ နောက်မှာ သုညတစ်လုံးထည့်လိုက်ခြင်းအားဖြင့် တစ်ဆယ်ဆိုတဲ့ ကိန်းကို ရရှိမှာဖြစ်ပြီး နှစ်လုံးထည့်လိုက်ရင်တော့ တစ်ရာဆိုတဲ့ ကိန်းဂဏန်းကို ရရှိမှာပါ။ ဒီလိုဆန်းကြယ်တဲ့ သုညရဲ့ မူလရင်းမြစ်ကို ပြန်ရှာရင်လဲ မြေထဲပင်လယ်ပတ်ဝန်းကျင်မှာ ယဉ်ကျေးမှုအထွန်းတောက်ဆုံးအချိန်တွေဖြစ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း လေးထောင်လောက်ကို ပြန်ကြည့်ရမှာပါ။ “တစ်”နောက်မှာ သုညထည့်လိုက်ရင် တစ်ဆယ်ဖြစ်သွားသလို ဂုဏ်သတ္တိမျိုးရှိတဲ့ အက္ခရာမျိုးတွေကို ရှေးဟောင်း မက်ဆိုပိုတေးမီးယားဒေသတွေမှာ ရှေးအကျဆုံးအနေနဲ့ တွေ့ရှိခဲ့ကြတာပါ။ ရှေးခေတ် ဆူမားရီးယန်း စာချွန်တော်တွေဟာ ကိန်းဂဏန်းတွေရေးထိုးရာမှာ ဂဏန်းတိုင်တွေရဲ့ ကိန်းမရှိမှုတွေကို ဖော်ပြဖို့ ကွက်လပ်တွေကို သုံးကြပါတယ်။ ပထမဆုံး သုညနဲ့ ဂုဏ်ရည်တူအက္ခရာမျိုးသုံးထားတဲ့ မှတ်တမ်းကိုတော့ B.C 3 ရာစုနှစ်များလောက်က ဘေဘီလုံလူမျိုးတွေ စတင်အသုံးပြုခဲ့ကြပါတယ်။ ဘေဘီလုံတွေဟာ ကိန်းလုံး 60 ကို တစ်တွဲတွဲတဲ့ ကိန်းစုစနစ်တွေကို အသုံးပြုကြပါတယ်။ 10, 100 တို့လို “1”…
ကမ္ဘာကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်းသန်း လေးထောင့်ငါးရာလောက် ရှိပြီဆိုတာ ကြားဖူးကြမှာပါ။ သက်ရှိတွေကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း သုံးထောင့်ရှစ်ရာလောက်ကတည်းက ပေါ်လာတယ်ဆိုတာနဲ့ ဉာဏ်ရည်မြင့်လူတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းနှစ်သိန်း လောက်ကတည်းက ပေါ်လာတယ်ဆိုတာကိုရော ကြားဖူးကြလောက်မှာပါ။ ဒါပေမဲ့ ဒီလောက်နှစ်သန်းပေါင်းများစွာကို ထိုင်မကြည့်ထားဘဲနဲ့ ဘယ်လိုများတွက်ကြတာပါလဲ။ ပြောရမယ်ဆိုရင် ပညာရှင်တွေက မတူညီတဲ့ နယ်ပယ်တွေမှာ မတူညီတဲ့ နည်းပေါင်းစုံကို သုံးကြပါတယ်။ ဒီဆောင်းပါးကနေ ဖော်ပြပေးသွားမှာကတော့ မတူညီတဲ့ နည်းအမျိုးမျိုးထဲကမှ Radioactive Dating လို့ ခေါ်တဲ့နည်းတစ်မျိုးအကြောင်းပဲဖြစ်ပါတယ်။ Radioactive Dating အကြောင်းမပြောခင် Radioactive ဖြစ်တယ်ဆိုတာ ဘာလဲဆိုတာနဲ့ပတ်သက်တဲ့ အခြေခံအသိရှိထားဖို့လိုပါမယ်။ ဒီလောကကြီးထဲမှာရှိတဲ့ ဝတ္ထုတိုင်းကို အက်တမ်လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတာကိုတော့ အားလုံးအသိပါပဲ။ အဲ့ဒီအက်တမ်ကို Electron, Proton နဲ့ Neutron တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Electron နဲ့ Proton တို့ကတော့ ဓာတ်သဘောဆောင်တဲ့ ဒြပ်မှုန်တွေဖြစ်ကြပြီး -1e နဲ့ +1e အသီးသီးရှိကြပါတယ်။ ဒီဓာတ်သဘောဆောင်မှုက လျှပ်စစ်စီးကူးမှုတွေမှာ အဓိကအခန်းကနေ ပါဝင်လုပ်ဆောင်ပါတယ်။ Electron မှာဆိုရင် ဒြပ်ပမာဏ (mass) က အလွန်သေးငယ်တာကြောင့် Atom ရဲ့ ဒြပ်ပမာဏကို Proton နဲ့ Neutron တို့ကိုပဲ ကြည့်ပြီး ဆုံးဖြတ်လေ့ရှိကြပါတယ်။ Proton နဲ့ Neutron တို့က အက်တမ်ရဲ့အလယ်ဗဟိုမှာ တည်ရှိနေပြီး သူတို့ရဲ့စုဖွဲ့နေမှုကိုတော့ Nucleus လို့ခေါ်ပါတယ်။ Nucleus ထဲက Proton ပမာဏကို Atomic…
Solar System ထဲမှာ အဆန်းကြယ်ဆုံးဝတ္ထုတွေထဲက တစ်ခုကို ကျွန်တော်တို့နေ့တိုင်းမြင်တွေ့နေရတယ်ဆိုရင် ယုံနိုင်ကြမလားဗျ။ အဲ့တစ်ခုကတော့ “လ” ပါပဲ။ ဒီလိုမျိုး ညတိုင်းမြင်နေကျ လဆိုတဲ့အရာ ဘယ်လိုဖွဲ့စည်းဖြစ်တည်လာလဲဆိုတာဟာ လူ့သမိုင်းအတွက် မေးခွန်းကြီးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ လရဲ့ ဖြစ်တည်လာပုံကို ခန့်မှန်းချက်တွေထုတ်ပြီးမပြောဆိုခင် လရဲ့အချက်အလက်တချို့ကို သိရှိထားဖို့လိုပါသေးတယ်။ လဟာ ကမ္ဘာရဲ့ဂြိုဟ်ရံဝတ္ထုတစ်ခုလည်းဖြစ်၊ နေအဖွဲ့အစည်းထဲက ငါးခုမြောက် အကြီးဆုံးဂြိုဟ်ရံဝတ္ထုတစ်ခုလည်း ဖြစ်ပါတယ်။ ဂြိုဟ်ရံဝတ္ထုတွေကို သူတို့ရဲ့သက်ဆိုင်ရာဂြိုဟ်တွေနဲ့ အရွယ်အစားချင်းအချိုးချကြည့်ရင် လဟာ ပထမအကြီးဆုံးနေရာမှာလည်း ရှိနေပါတယ်။ လရဲ့ ဗဟိုဝတ်ဆံက လအချင်းရဲ့ ၂၀ ရာခိုင်နှုန်းပဲရှိပြီး Iron အလွှာတွေနဲ့ဖွဲ့စည်းထားတာပါ။ Iron အူတိုင်ရဲ့ပတ်လည်မှာတော့ မီးသင့်ကျောက်အများစုပါဝင်နေတဲ့ ကျောက်လွှာတွေတည်ရှိနေပါတယ်။ ကျောက်လွှာရဲ့အပေါ်ယံအလွှာကတော့ မျက်နှာပြင်ကျောက်လွှာဖြစ်ပြီး ဥက္ကာပျံတွေရဲ့တိုက်မိမှုတွေကြောင့် ချိုင့်ခွက်အပြည့်ဖုံးနေပါတယ်။ လပေါ်က ကျောက်သားတွေဟာ ဘယ်လို အရာတွေပါဝင်ဖွဲ့စည်းထားသလဲဆိုတာကိုတော့ ၁၉၆၉ ခုနှစ်က အပိုလို ၁၁ ယာဉ်ဆင်းသက်မှုကနေစပြီး ယူဆောင်လာတဲ့ ကျောက်သားနမူနာတွေကို ကြည့်ရင်း ခွဲခြမ်းစိတ်ဖြာခဲ့ကြတာပဲဖြစ်ပါတယ်။ ခွဲခြမ်းစိတ်ဖြာမှုတွေအပြီးမှာ လပေါ်က ကျောက်လွှာတွေထဲက Isotropic Ratio တွေဟာ ကမ္ဘာပေါ်က Isotropic Ratio တွေနဲ့ တူညီနေတာကို သတိထားမိခဲ့ကြပါတော့တယ်။ Isotropic Ratio ဆိုတာကတော့ ဒြပ်စင်တစ်ခုကို ကိုယ်စားပြုတဲ့ Atom အမျိုးအစားချင်းတူပေမဲ့ Mass မတူတဲ့ Isotope တွေကို အချိုးချကြည့်ခြင်းပါ။ ပုံမှန်ဆိုရင် Isotropic Ratio တွေက ဟင်းလင်းပြင်ဝတ္ထုတစ်ခုနဲ့တစ်ခုကြားမှာ ကွဲပြားနေသင့်တာပါ။ အခုလို လနဲ့ ကမ္ဘာရဲ့ Isotropic Ratio တူညီမှုကို ကြည့်လိုက်ရင် လက…