Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့
    Uncategorized

    လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့

    Aung Bhone Myint HtooBy Aung Bhone Myint HtooAugust 2, 2023Updated:March 3, 2024No Comments4 Mins Read
    လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့
    Share
    Facebook Email Telegram

    Solar System ထဲမှာ အဆန်းကြယ်ဆုံးဝတ္ထုတွေထဲက တစ်ခုကို ကျွန်တော်တို့နေ့တိုင်းမြင်တွေ့နေရတယ်ဆိုရင် ယုံနိုင်ကြမလားဗျ။ အဲ့တစ်ခုကတော့ “လ” ပါပဲ။ ဒီလိုမျိုး ညတိုင်းမြင်နေကျ လဆိုတဲ့အရာ ဘယ်လိုဖွဲ့စည်းဖြစ်တည်လာလဲဆိုတာဟာ လူ့သမိုင်းအတွက် မေးခွန်းကြီးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ လရဲ့ ဖြစ်တည်လာပုံကို ခန့်မှန်းချက်တွေထုတ်ပြီးမပြောဆိုခင် လရဲ့အချက်အလက်တချို့ကို သိရှိထားဖို့လိုပါသေးတယ်။ လဟာ ကမ္ဘာရဲ့ဂြိုဟ်ရံဝတ္ထုတစ်ခုလည်းဖြစ်၊ နေအဖွဲ့အစည်းထဲက ငါးခုမြောက် အကြီးဆုံးဂြိုဟ်ရံဝတ္ထုတစ်ခုလည်း ဖြစ်ပါတယ်။ ဂြိုဟ်ရံဝတ္ထုတွေကို သူတို့ရဲ့သက်ဆိုင်ရာဂြိုဟ်တွေနဲ့ အရွယ်အစားချင်းအချိုးချကြည့်ရင် လဟာ ပထမအကြီးဆုံးနေရာမှာလည်း ရှိနေပါတယ်။ လရဲ့ ဗဟိုဝတ်ဆံက လအချင်းရဲ့ ၂၀ ရာခိုင်နှုန်းပဲရှိပြီး Iron အလွှာတွေနဲ့ဖွဲ့စည်းထားတာပါ။ Iron အူတိုင်ရဲ့ပတ်လည်မှာတော့ မီးသင့်ကျောက်အများစုပါဝင်နေတဲ့ ကျောက်လွှာတွေတည်ရှိနေပါတယ်။ ကျောက်လွှာရဲ့အပေါ်ယံအလွှာကတော့ မျက်နှာပြင်ကျောက်လွှာဖြစ်ပြီး ဥက္ကာပျံတွေရဲ့တိုက်မိမှုတွေကြောင့် ချိုင့်ခွက်အပြည့်ဖုံးနေပါတယ်။ လပေါ်က ကျောက်သားတွေဟာ ဘယ်လို အရာတွေပါဝင်ဖွဲ့စည်းထားသလဲဆိုတာကိုတော့ ၁၉၆၉ ခုနှစ်က အပိုလို ၁၁ ယာဉ်ဆင်းသက်မှုကနေစပြီး ယူဆောင်လာတဲ့ ကျောက်သားနမူနာတွေကို ကြည့်ရင်း ခွဲခြမ်းစိတ်ဖြာခဲ့ကြတာပဲဖြစ်ပါတယ်။ ခွဲခြမ်းစိတ်ဖြာမှုတွေအပြီးမှာ လပေါ်က ကျောက်လွှာတွေထဲက Isotropic Ratio တွေဟာ ကမ္ဘာပေါ်က Isotropic Ratio တွေနဲ့ တူညီနေတာကို သတိထားမိခဲ့ကြပါတော့တယ်။

    Isotropic Ratio ဆိုတာကတော့ ဒြပ်စင်တစ်ခုကို ကိုယ်စားပြုတဲ့ Atom အမျိုးအစားချင်းတူပေမဲ့ Mass မတူတဲ့ Isotope တွေကို အချိုးချကြည့်ခြင်းပါ။

    ပုံမှန်ဆိုရင် Isotropic Ratio တွေက ဟင်းလင်းပြင်ဝတ္ထုတစ်ခုနဲ့တစ်ခုကြားမှာ ကွဲပြားနေသင့်တာပါ။ အခုလို လနဲ့ ကမ္ဘာရဲ့ Isotropic Ratio တူညီမှုကို ကြည့်လိုက်ရင် လက ကမ္ဘာရဲ့အစိတ်အပိုင်းကနေဖြစ်တည်လာကြောင်းထင်ရှားနေပါတယ်။ လနဲ့ပတ်သက်ပြီးရရှိထားတဲ့ အချက်အလက်တွေအရ လဖြစ်ပေါ်ပုံနဲ့ပတ်သက်ပြီး အဆိုကြမ်း(hypothesis) လေးချက်ထွက်လာပါတယ်။ အဲ့တာတွေကတော့

    ၁။ Coacceleration Hypothesis

    ၂။ Fission Hypothesis

    ၃။ Capture Hypothesis နဲ့

    ၄။ Giant-Impact Hypothesis တို့ပါ။

    အဆိုကြမ်းတစ်ခုချင်းစီအလိုက် အားသာချက်၊ အားနည်းချက်တွေကို စီစဉ်ပြီးနှိုင်းယှဉ်ကြည့်ကြပါမယ်။

    ၁။ Coacceleration Hypothesis

    ဒီအဆိုကြမ်းကပြောတာကတော့ လဟာ ကမ္ဘာဖြစ်ပေါ်လာတဲ့အချိန်ကတည်းက ကမ္ဘာနဲ့အတူ ယှဉ်တွဲဖြစ်ပေါ်လာတယ်လို့ပြောပါတယ်။ ဒီအဖြစ်အပျက်ကိုမြင်နိုင်ဖို့ နေအဖွဲ့အစည်းရဲ့အစကို ပြန်သွားရပါမယ်။ နေအဖွဲ့အစည်းရဲ့အစမှာ ဆိုလာနက်ဗျူလာလို့ခေါ်တဲ့ ဓာတ်ငွေ့တိမ်တိုက်တစ်ခုကနေ နေဆိုတာစတင်ဖွဲ့စည်းလာပါတယ်။ နေဖွဲ့စည်းလာတာနဲ့ နေအဖြစ်မဖွဲ့စည်းဘဲ ဓာတ်ငွေ့တိမ်တိုက်ပတ်လည်မှာ ကျန်ခဲ့တဲ့ဒြပ်တွေကတော့ နေဖွဲ့စည်းစက Angular Momentum ကြောင့် နေရဲ့ပတ်လည်မှာစုဖွဲ့လည်ပတ်ပြီး တဖြည်းဖြည်း ဂြိုဟ်တွေဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ (ကြယ်တွေဘယ်လိုမွေးဖွားလာတာလဲဆိုတာကိုတော့ ကောမန့်မှာ လင့်ခ်ချထားပေးပါ့မယ်။) Coacceleration Hypothesis အရတော့ လဟာလည်း ၎င်းနည်းတူဖြစ်ပေါ်လာခဲ့တယ်လို့‌ ဆိုထားပါတယ်။ ဒီအဆိုအရတော့ နေပတ်လည်မှာ လည်နေတဲ့ ဒြပ်အစုအဝေးတွေက ကမ္ဘာအဖြစ်ဖွဲ့စည်းနေချိန်မှာ ကမ္ဘာရဲ့ဘေးမှာပါ ဒြပ်အစုလည်ပတ်မှုတစ်ခုဖြစ်သွားပြီး လအဖြစ်ထွက်ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒီအဆိုကြမ်းဟာ လနဲ့ကမ္ဘာရဲ့ Isotropic Ratio တူညီမှုကိုရှင်းပြနိုင်ပေမဲ့လည်း လရဲ့လည်ပတ်အဟုန် (angular momentum) ကြီးမားနေခြင်းအပေါ်ကိုတော့ ရှင်းပြနိုင်ခြင်းမရှိပါဘူး။ နောက်တစ်ချက်အနေနဲ့ ဒီအဆိုအတိုင်းသာ လဖြစ်ပေါ်လာခဲ့မယ်ဆိုရင် ကမ္ဘာရဲ့သူ့ဝင်ရိုးပေါ်လည်ပတ်နေပုံနဲ့ လက ကမ္ဘာကိုလည်ပတ်နေပုံက ပြင်ညီတစ်ခုထဲမှာကျရောက်နေသင့်ပါတယ်။ ဆိုလိုတာကတော့ ကမ္ဘာရဲ့ ၂၃° ၃၀` တိမ်းစောင်းနေပုံအတိုင်း လက လိုက်လည်ပတ်သင့်တာပါ။ ဒါပေမဲ့ တကယ့်တိုင်းတာမှုရလဒ်ကတော့ ဒီအဆိုနဲ့လွဲချော်နေပါတယ်။

    ၂။ Fission Hypothesis

    ဒိီအဆိုကတော့ အပေါ်က Coaccelration Hypothesis နဲ့ အနည်းငယ်ဆင်တူပါတယ်။ မတူတာက Fission Hypothesis အရတော့ လဟာ ဖွဲ့စည်းစမှာ အတူတကွဖြစ်တည်လာခြင်းမရှိဘဲ အချိန်တစ်ခုမှာ ကွဲထွက်သွားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ Fission Hypothesis ရဲ့အဆိုအရ ကမ္ဘာဟာ စတင်ဖွဲ့စည်းစမှာ အရည်အခြေအနေနဲ့ ဖုံးလွှမ်းနေပါတယ်။ ဒီအရည်တွေနဲ့ဖုံးလွှမ်းနေတဲ့ ကမ္ဘာဦး (proto-Earth) ဟာ ရုတ်တရက် ရှိရင်းစွဲလည်ပတ်အလျင်ထက် ပိုမိုတဲ့လည်ပတ်အရှိန်နဲ့လည်လာသင့်ပါတယ်။ ဒီလို လည်ပတ်လာမှုဟာ proto-Earth ထဲက အရည်အချို့ကို ဖယ်ထုတ်လိုက်သလိုဖြစ်ပြီး ဖယ်ထုတ်ခံလိုက်ရတဲ့အရည်တွေက နောက်ပိုင်းလအဖြစ်ဖွဲ့စည်းသွားတယ်လို့ဆိုပါတယ်။ ဒီအဆိုပြုချက်ဟာ လနဲ့ ကမ္ဘာရဲ့ Isotropic Ratio တူညီမှု၊ လရဲ့ Angular Momentum ကြီးမားမှုနဲ့ ကမ္ဘာလည်ပတ်မှုပြင်ညီနဲ့ လရဲ့ လည်ပတ်မှုမတူညီပုံတို့ကိုရှင်းပြနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီအဆိုပြုချက်ထဲကလို ဖြစ်ခဲ့မယ်ဆိုရင်

    လရဲ့အူတိုင်မှာ အိုင်းရွန်းမပါဝင်နေသင့်ပါဘူး။ Fission ဖြစ်စဉ်အရဆို ကမ္ဘာ့မျက်နှာပြင်မှာရှိနေတဲ့ ငွေ့ရည်တွေကပဲ လအဖြစ်ဖွဲ့စည်းသွားစေမှာမို့ ကမ္ဘာရဲ့အူတိုင်မှာပဲရှိနေတဲ့ အိုင်းရွန်းတွေက လရဲ့အူတိုင်မှာပါ ရှိမနေသင့်တာပါ။

    နောက်တစ်ချက်အနေနဲ့ကတော့ proto-Earth ကနေ ရုတ်တရက် လည်ပတ်အရှိန်ရသွားနိုင်တဲ့အကြောင်းကို မတွေ့ရှိခဲ့ပါဘူး။ ဒါကြောင့် ဒီအဆိုကြမ်းဟာ Theory အဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘဲ Hypothesis အဆင့်နဲ့သာ ရပ်တန့်နေခဲ့ပါ‌တယ်။

    ၃။ Capture Hypothesis

    ဒီအဆိုပြုချက်က ပြောထားတာကတော့ လဟာ ကမ္ဘာအနီးတဝိုက်မဟုတ်ဘဲ ပြင်ပတစ်နေရာမှာဖြစ်တည်ခဲ့ပြီး ကမ္ဘာနားရောက်လာမှ ဒြပ်ဆွဲစက်ကွင်းကြောင့် ကမ္ဘာကိုလည်ပတ်တဲ့လမ်းကြောင်းထဲရောက်သွားခဲ့တာလို့ ဆိုပါတယ်။ ဒီအဆိုကိုပြန်ကြည့်ရင် ဟာကွက်တော်တော်များတာကို တွေ့ရမှာပါ။ ဒီအဆိုက Isotropic Ratio ကို မရှင်းပြနိုင်ပါဘူး။ နောက်တစ်ချက်က လလို ဒြပ်ထုကြီးတဲ့ဝတ္ထုကို ကမ္ဘာရဲ့ဒြပ်ထုစက်ကွင်းကနေထိန်းထားနိုင်ဖို့ဆို လကမှန်ကန်တဲ့ထောင့်ကနေ မှန်ကန်တဲ့အလျင်နှုန်း(အရှိန်နှုန်း)နဲ့ ဝင်လာရပါမယ်။ ဒီစာရဲ့အပေါ်မှာပြောခဲ့သလိုပဲ လဟာ နေအဖွဲ့အစည်းအတွင်းထဲက ဂြိုဟ်ရံဝတ္ထုထဲမှာ ငါးခုမြောက်အကြီးဆုံးပါ။ ကမ္ဘာနဲ့ယှဉ်ရင်လည်း ကမ္ဘာ့အချင်းရဲ့ လေးပုံတစ်ပုံရှိလို့ ကမ္ဘာထက်ထုထည်က တစ်ဆယ့်နှစ်ဆပဲ ပိုသေးမှာပါ။ ဒီလိုထုထည်လည်းကြီး၊ ဒြပ်ထုလည်းကြီးတဲ့ဝတ္ထုတစ်ခုက ကမ္ဘာရဲ့ဒြပ်ဆွဲစက်ကွင်းထဲဝင်လာပြီး ဒြပ်ဆွဲစက်ကွင်းထဲမှာကိန်းသေလည်ပတ်နေနိုင်ဖို့ဆို စဝင်စကတည်းက အလျင်(အရှိန်)နည်းမှ ရမှာပါ။ ဒါပေမဲ့ ဒီလို အလျင်(အရှိန်)ကို လျှော့ချလိုက်ရင် လက်ရှိ လည်ပတ်အဟုန်ကြီးမားနေတဲ့ပြဿနာကို မဖြေရှင်းနိုင်တော့ပါဘူး။ ဒါကြောင့် ဒီအဆိုကြမ်းကို ဖြစ်နိုင်ခြေအနည်းဆုံးအဆိုအဖြစ် ယူဆထားကြပါတယ်။

    ၄။ Giant-Impact Hypothesis

    ခေါင်းစဉ်မှာ Hypothesis (အဆိုကြမ်း) လို့ သုံးနှုန်းထားပေမဲ့လည်း လက်ရှိမှာ NASA လိုအဖွဲ့အစည်းကတောင် Theory လို့သုံးနှုန်းနေပြီဖြစ်တဲ့ အဆိုတစ်ခုပါ။ ဒီအဆိုကတော့ ကမ္ဘာဟာ မူလဖွဲ့စည်းစ proto-Earth အခြေနေမှာရှိနေတုန်း မားစ်အရွယ်ဂြိုဟ်တစ်လုံးရဲ့ ဝင်ရောက်တိုက်ခတ်မှုကို ခံလိုက်ရပါတယ်။ ဒီလို တိုက်ခတ်လိုက်တဲ့ အရှိန်ကြောင့် proto-Earth ရဲ့ အစိတ်အပိုင်းအချို့နဲ့ မားစ်အရွယ်ဂြိုဟ်ရဲ့ အစိတ်အပိုင်းအချို့က ပဲ့ထွက်သွားပြီး လအဖြစ် တဖြည်းဖြည်း ဖွဲ့စည်းလာခဲ့တယ်လို့ ဆိုပါတယ်။ မားစ်အရွယ်ဂြိုဟ်ကိုတော့ Theia (သီယာ) ဂြိုဟ်လို့ခေါ်ဆိုပြီး ဒီအမည်ကတော့ ဂရိနတ်ဘုရားတွေထဲကမှ လနတ်ဘုရားရဲ့ မိခင်နတ်ဘုရား Theia ကိုအစွဲပြုခေါ်တာပါ။ ဒီအဆိုအရဆိုရင် နေအဖွဲ့အစည်း စတင်ဖြစ်တည်ပြီးပြီးချင်းမှာ proto-Earth နဲ့ Theia ဟာ မိခင်ကြယ်ဖြစ်တဲ့နေကို ပတ်လမ်းတူစွာ လှည့်ပတ်နေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တခြားဂြိုဟ်တွေ ဖွဲ့စည်းလာမှုက ဒြပ်ဆွဲစက်ကွင်းတွေကို အနှောင့်အယှက်ပေးပြီး proto-Earth နဲ့ Theia တို့ဟာ တဖြည်းဖြည်းနီးကပ်လာပြီး နောက်ဆုံးမှာ တိုက်မိသွားကြပါတယ်။ တိုက်မိမှုရဲ့ အကျိုးဆက်ကတော့ proto-Earth ရဲ့ အစိတ်အပိုင်းတော်တော်များများ လွင့်စင်ထွက်သွားပြီး အူတိုင်မှာဆိုရင်လည်း proto-Earth ရဲ့အူတိုင်နဲ့ Theia တို့ရဲ့ အူတိုင်တွေကလည်း ပေါင်းစပ်သွားပါတယ်။ proto-Earth ကနေ ကွဲထွက်သွားတဲ့ အစိတ်အပိုင်းတွေကတော့ နှစ်သန်းချီကြာတဲ့အခါမှာ လအဖြစ် စုဖွဲ့သွားတယ်လို့ ဆိုပါတယ်။ ဒီအဆိုဟာ Isotropic Ratio, Angular Momentum နဲ့ Planetary Disk အားလုံးကို ရှင်းပြနိုင်တဲ့အဆိုဖြစ်ပါတယ်။ ဒီအဆိုထဲကအတိုင်း တိုက်မိမှုဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုအနေအထားနဲ့ တိုက်မိခဲ့လဲဆိုတာ သိရှိရဖို့ သိပ္ပံပညာရှင်တွေဟာ Simulation တွေပြုလုပ်ပြီး စစ်ဆေးနေခဲ့ကြပါတယ်။ ဒီလို Simulation တွေထဲကမှ ဖြစ်နိုင်ချေအရှိဆုံးတစ်ခုကို The Astrophysical Journal Letter က 2022 October 1 ရက်နေ့မှာ Open Access ရှိတဲ့ စာတမ်းတစ်ဆောင်အဖြစ် ထုတ်ဝေခဲ့ပါတယ်။

    ဒီနေရာမှာ Simulation ဆိုတာလေးကို ရှင်းချင်ပါတယ်။ Simulation ဆိုတာက နေ့စဉ်ဘဝတွေမှာတော့ လက်ရှိဘဝကိုတုပပြီး Computer တွေထဲမှာ ဆွဲထားတဲ့ Program တွေဆိုပြီး သုံးနှုန်းကြပေမဲ့ သိပ္ပံနည်းကျလေ့လာမှုတွေမှာသုံးတဲ့ Simulation ကျတော့ Data တွေကို လက်ခံပေးပြီး နောက်ဘာဖြစ်မယ်ဆိုတာကို တိကျစွာပြောပြပေးအောင်တည်ဆောက်ထားတဲ့ Computer Program တစ်ခုပါ။ မြင်သာအောင်ပြောရရင် ChatGPT လိုပုံစံမျိုးပါ။ Input တစ်ခုကို လက်ခံမယ်၊ တွက်ချက်ပြီး ရလဒ်ပြန်ထုတ်ပေးမယ်ဆိုတဲ့သဘောပါ။ ChatGPT နဲ့မတူတာကတော့ ChatGPT က Text Output ဖြစ်ပြီး Simulation တွေကတော့ Graphic Output ဖြစ်ပါတယ်။

    The Astrophysical Journal Letter ကထုတ်ဝေတဲ့ စာတမ်းကို ဦးဆောင်ရေးသားသူကတော့ Jacob Kegereris ပါ။ စာတမ်းထဲမှာ ဖော်ပြပုံအရ သုတေသနအဖွဲ့ဟာ အရင် Simulation တွေထက် အဆတစ်ရာ ပိုကြည်လင်ပြတ်သားတဲ့ Scale တွေကို အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။ သူတို့ရဲ့ သုတေသနမှာတော့ Simulation ပေါင်း 400 ကျော်ကို ပြုလုပ်ခဲ့ကြပြီး ဖြစ်နိုင်ချေအရှိဆုံး ရလဒ်တစ်ခုကို NASA ရဲ့ Official Website ကနေ ပြသခဲ့ကြပါတယ်။ Simulation Data အရအပြောရရင် proto-Earth

    က သူ့လမ်းကြောင်းမှာ လည်ပတ်နေရာကနေ မားစ်ဂြိုဟ်အရွယ် Theia က ကမ္ဘာကို 45° ထောင့်နဲ့ဝင်ဆောင့်ပါတယ်။ တိုက်မိမှုရဲ့အကျိုးဆက်အဖြစ် proto-Earth ရဲ့အစိတ်အပိုင်းတွေဟာ ပဲ့ထွက်သွားပြီး လအဖြစ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီနေရာမှာ အဆိုနဲ့မတူတဲ့အချက်ကတော့ အဆိုအရဆိုရင် နှစ်သန်းပေါင်းများစွာကြာမှ လအဖြစ်ဖွဲ့စည်းသင့်တာပေမဲ့ Simulation Data အရဆို တစ်ရက်အတွင်းဖြစ်ပေါ်လာနိုင်ခြေကပိုများနေပါတယ်။ နောက်တစ်ချက်ပြောရရင် Simulation Data အရ လအဖြစ်ဖွဲ့စည်းစမှာ ဝတ္ထုက နှစ်ခုဖြစ်နေတာပါ။ ဝတ္ထုနှစ်ခုထဲက တစ်ခုက ကမ္ဘာရဲ့ဒြပ်ဆွဲစက်ကွင်းကနေမလွတ်ဘဲ ကမ္ဘာထဲကိုပြန်ပြုတ်ကျသွားလို့သာ ဒီနေ့မြင်နေရတဲ့လတစ်လုံးပဲ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

    Simulation Video

    https://images.nasa.gov/details-ARC-20221004-AAV3443-MoonOrigin-Social-NASAWeb-1080p

     ဒီ Simulation တွေဟာ Giant-Impact Hypothesis ကို ပိုမိုခိုင်မာစေပြီး ဖြစ်နိုင်‌ခြေအသစ်တွေကို ဖွင့်လှစ်လို့နေပါတယ်။

    နိဂုံးချုပ်ပြောရရင် လဘယ်လိုဖြစ်လာလဲဆိုတာကို ထိုင်ကြည့်နေခဲ့သူမရှိလို့ ဘယ်သူမှမသိနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ သိပ္ပံကတော့ မသိမှုတွေကို မေးခွန်းတွေထုတ်ပြီး ဖြစ်နိုင်ချေတွေကို ရှာဖွေရင်း အဖြေတစ်ခုရလာဖို့ ကြိုးစားနေတာပါ။ ဒီလိုဖြစ်နိုင်ခြေတွေရှာဖွေရာမှာ လက်တွေ့စမ်းသပ်မှု Data တွေပေါ်မှာ မှီခိုနေရမှာဖြစ်ပြီး အနာဂတ်ရဲ့ လဆင်းယာဉ်တွေဟာ ဒီအတွက်အထောက်အကူဖြစ်စေပါလိမ့်မယ်။

    References – Moon – Formation, Craters, Orbit
    – Supercomputer simulation on moon origin
    – Collision May Have Formed the Moon in Mere Hours, Simulations Reveal
    – Immediate Origin of the Moon as a Post-impact Satellite
    – Additional Info from Wikipedia Article Named “Moon”

     ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

    ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

    Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

    Telegram – t.me/facthub_mm
    www.facthub-mm.org မှာလည်းဝင်ဖတ်နိုင်ပါတယ်။

    Written by – Aung Bhone Myint Htoo
    Edited by – Fact Hub Editor Team
    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Science #Article #General_science #Origin_of_moon #Physics

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleအဟုန်နဲ့ အရွေ့စွမ်းအင် ဘာတွေကွာခြားသလဲ။ (Impulse-Momentum Theorem/တတိယပိုင်း)
    Next Article ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံးရှိတဲ့ နိုင်ငံက ပြင်သစ်နိုင်ငံဖြစ်ပြီး အချိန်ဇုန် ၁၂ ခုတောင်ရှိတာပါ။
    Aung Bhone Myint Htoo

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.