Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»နဂိုခန့်မှန်းရင်းထက်နှစ် သန်း ၄၀ ပိုကြီးနေနိုင်တဲ့လရဲ့သက်တမ်း
    Uncategorized

    နဂိုခန့်မှန်းရင်းထက်နှစ် သန်း ၄၀ ပိုကြီးနေနိုင်တဲ့လရဲ့သက်တမ်း

    Aung Bhone Myint HtooBy Aung Bhone Myint HtooOctober 26, 2023Updated:March 3, 2024No Comments2 Mins Read
    နဂိုခန့်မှန်းရင်းထက်နှစ် သန်း ၄၀ ပိုကြီးနေနိုင်တဲ့လရဲ့သက်တမ်း
    Share
    Facebook Email Telegram
    နဂိုခန့်မှန်းရင်းထက်နှစ် သန်း ၄၀ ပိုကြီးနေနိုင်တဲ့လရဲ့သက်တမ်း

    သိပ္ပံရဲ့ တိုးတက်လာမှုတွေဟာ အံ့မခန်းပါ။ ပိုတိုးတက်လာတဲ့ နည်းပညာနဲ့အတူ သမိုင်းဆိုင်ရာ အကြောင်းအရာတွေကိုလည်း တိတိကျကျ သိရှိလာနိုင်ခဲ့ပါတယ်။ အခုလည်း ၁၉၇၂ ခုနှစ်တုန်းက အပိုလို ၁၇ က ယူဆောင်လာခဲ့တဲ့ လရဲ့ မြေသားနမူနာ အချို့အရ လရဲ့သက်တမ်းဟာ နဂိုခန့်မှန်းရင်းထက် နှစ်ပေါင်း သန်း ၄၀ ခန့် ပိုကြီးနေတယ်လို့ ဆိုပါတယ်။ လရဲ့ နဂိုခန့်မှန်းရင်း သက်တမ်းက နှစ်ပေါင်းသန်း ၄၄၂၀ ခန့်ပါ။ ယခု တိုင်းတာချက်အသစ် အရတော့ လရဲ့ သက်တမ်းဟာ နှစ်ပေါင်းသန်း ၄၄၆၀ ခန့်ရှိတာပါ။

    လရဲ့ သက်တမ်းကို တိုင်းတာရာမှာ လရဲ့ ဖွဲ့စည်းပုံကို အရင်စဉ်းစားကြပါတယ်။ လရဲ့ ဖွဲ့စည်းလာပုံကို အရင်က ဆောင်းပါးတစ်ပုဒ်မှာ အသေးစိတ် ဖော်ပြခဲ့ပြီးဖြစ်တာကြောင့် ဒီမှာတော့ အကျဉ်းပဲဖော်ပြပါမယ်။ (ကောမန့်မှာ လင့်ခ်တင်ထားပေးပါမယ်။) နေအဖွဲ့အစည်း စတင်ဖြစ်ပေါ်လာတုန်းက ကမ္ဘာက ယနေ့ခေတ်ကမ္ဘာလို မဟုတ်ဘဲ Proto-Earth (ရှေးဦးကမ္ဘာ) လို့ ခေါ်ပါတယ်။ Proto-Earth ဟာ နောက်ပိုင်းမှာ အင်္ဂါဂြိုဟ်အရွယ်ရှိတဲ့ ဂြိုဟ်သိမ်တစ်ခုနဲ့ တိုက်မိပြီး ပဲ့ထွက်လာတဲ့ ဝတ္ထုကနေ “လ”  အဖြစ် ပြောင်းလဲသွားပါတယ်။ 

    လဟာရှေးဦး ဖြစ်တည်ကာစမှာ ချော်ရည်ပူတွေနဲ့ ပြည့်နှက်နေပြီး နောက်ပိုင်းမှ တဖြည်းဖြည်းအေးသွားပြီး အစိုင်အခဲဝတ္ထုတစ်ခု အဖြစ် ပြောင်းလဲသွားတာပါ။ ဒီအစိုင်အခဲဝတ္ထုတွေကိုတော့ ၁၉၇၂ ခုနှစ်က အပိုလို ၁၇ မစ်ရှင်နဲ့အတူ အာကာသယဉ်မှူးတွေက ကမ္ဘာမြေပေါ် ပြန်လည် ယူဆောင်လာနိုင်ခဲ့ပါတယ်။

    အာကာသယဉ်မှူးတွေယူဆောင်လာတဲ့ မြေသားနမူနာတွေထဲမှာ မထင်မှတ်ထားဘဲ သက်တမ်းအရင့်ဆုံး မြေသားနမူနာတွေပါလာခဲ့ပါတယ်။ ဒီမြေသားနမူနာတွေကတော့ Zircon (ဇာကွန်)ပဲဖြစ်ပါတယ်။ ဇာကွန်ပုံဆောင်ခဲတွေဟာ လရဲ့ချော်ရည်ကနေ အစိုင်အခဲအဖြစ်ပြောင်းလဲတဲ့ ဖြစ်စဉ်မှာ ပထမဆုံးအေးခဲသွားတဲ့ မြေသားတွေဖြစ်ပါတယ်။ “ကျွန်တော်တို့တွေက ဒီပုံဆောင်ခဲတွေဘယ်လောက်သက်တမ်းရင့်နေလဲဆိုတာကိုသိတာကြောင့် ဒီပုံဆောင်ခဲတွေဟာ လရဲ့သက်တမ်းကိုပြောရာမှာအဓိကကျတယ်။” လို့ လေ့လာမှုရဲ့ ဒုတာဝန်ခံ ဖိလစ် ဟက် ကဆိုပါတယ်။ 

    ဇာကွန်နမူနာတွေကို လေ့လာရာမှာ နမူနာကို ပထမဆုံး အီလက်ထရွန်ရောင်ခြည်တန်းကို အသုံးပြုပြီး ချွန်မြနေအောင် ပြုလုပ်ပါတယ်။ ဒီဖြစ်စဉ်ကို လေ့လာမှုရဲ့တာဝန်ခံ ဂျန်နီကာ ဂရီယာက “အလွန်လန်းတဲ့ ခဲတံချွန်စက်တစ်ခုလို” ဆိုပြီးဖော်ပြပါတယ်။ ဒီလိုနမူနာတွေကို ချွန်မြနေအောင် လုပ်အပြီးမှာတော့ နမူနာရဲ့ ချွန်နေတဲ့ထိပ်ကနေ ကျောက်မှုန်လေးတွေရဲ့ ကွာထွက်နှုန်းကို တိုင်းတာပါတယ်။ ဒီကျောက်မှုန်လေးတွေဟာ ပိုလေးလေ ထွက်ခွာမှုနှုန်းက ပိုနှေးလေဖြစ်ပါတယ်။ ဒါကြောင့် ကျောက်မှုန်လေးတွေရဲ့ ထွက်ခွာမှုနှုန်းကို တိုင်းတာခြင်းဟာ ကျောက်မှုန်တစ်ခုချင်းရဲ့ အရွယ်အစား (ဒြပ်သားပါဝင်မှု) ကို သိရှိနိုင်ပါတယ်။ ဒီလိုသိရှိနိုင်ခြင်းကြောင့် ကျောက်မှုန် တစ်ခုချင်းစီကို ဘယ်လိုအက်တမ်တွေနဲ့ ဖွဲ့စည်းထားလဲဆိုတာကို ခွဲခြားနိုင်ပါတယ်။ ပါဝင်တဲ့အက်တမ်တွေကို သိရှိရင်တော့ အချိုးအစားကို တွက်ချလိုက်ပြီး သက်တမ်းကို တိုင်းတာနိုင်ပါတယ်။ ဒီလိုအက်တမ်အချိုးအစားကိုသုံးပြီး ဝတ္ထုရဲ့သက်တမ်းတွက်နည်းကို “နှစ်သန်းချီကြာနေတဲ့ဝတ္ထုတွေရဲ့အသက်တွက်နည်း” မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့အတွက် အသေးစိတ်ဖော်ပြခြင်းမပြုလုပ်တော့ပါဘူး။ (လင့်ခ်လဲ ချပေးထားပါမယ်။) အကျဉ်းပြန်ရှင်းရရင်တော့ အက်တမ်တိုင်းရဲ့ အလယ်ဗဟိုမှာ ဗဟိုဝတ်ဆံတစ်ခုစီရှိပါတယ်။ ဗဟိုဝတ်ဆံကိုတော့ ပရိုတွန်နဲ့ နျူထရွန်တို့ဖြင့် ပြုလုပ်ထားပါတယ်။ အကယ်၍ ပရိုတွန်နဲ့ နျူထရွန်အရေအတွက် ကွာခြားမှုဟာ အလွန်ကြီးမားသွားမယ် ဆိုရင်တော့ အက်တမ်တွေဟာ စတင်ပြီး ဓာတ်ရောင်ခြည် ထုတ်လွှတ်ပါတယ်။ ဒီလိုဓာတ်ရောင်ခြည်ထုတ်လွှတ်တဲ့ အက်တမ်တွေဟာ အများအားဖြင့် အချိန်တစ်ခု ရောက်တဲ့အခါမှာ အခြားဒြပ်စင်တစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ကျောက်သားလွှာတွေထဲမှာ ပိတ်မိနေတဲ့ အက်တမ်အချိုးအစားနဲ့ အဲ့ဒီ အက်တမ်တွေရဲ့ ဓာတ်ရောင်ခြည်သင့်မှုသက်တမ်း (တစ်ဝက်သက်တမ်း, Half life) ကို သိရှိပြီးရင် အဲ့ဒီကျောက်သားရဲ့ သက်တမ်းကိုတွက်ချက်နိုင်တာပါ။ “လ” မျက်နှာပြင်ကနေ ယူလာတဲ့ ဇာကွန်ပုံဆောင်ခဲတွေကို သက်တမ်းတွက်ရာမှာတော့ Uranium-Lead Method ကိုသုံးပါတယ်။

    ဒီလိုတိုင်းတာမှုတွေကနေ ရရှိလာတဲ့ အချက်အလက်တွေဟာ လရဲ့ သက်တမ်းကို သိရှိစေရုံသာမက သမိုင်းကြောင်းရှည်ကြီးကိုပါ သိရှိခွင့်ပေးပါတယ်။ လရဲ့ သမိုင်းကြောင်းနဲ့ ဆင့်ကဲဖြစ်တည်လာပုံတွေကိုသိရှိရင် လရဲ့တွဲဖက်ဖြစ်တဲ့ ကမ္ဘာရဲ့ သမိုင်းကြောင်းကိုပါ သိရှိဖို့ အထောက်အကူပေးနေမှာပါ။ 

    “ဒီတွေ့ရှိချက်ဟာ ကမ္ဘာနဲ့ ပတ်သက်လို့ ရှိနေတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့ရာအတွက် အဓိက အချက်အဖြစ် တည်ရှိနေပါတယ်။ အရာဝတ္ထုတစ်ခုခုက ဘယ်လောက်ထိ သက်တမ်းရင့်နေတာလဲဆိုတာကို သိနိုင်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အဲ့ဒီအရာရဲ့ သမိုင်းတစ်လျှောက် ဘာဖြစ်ခဲ့လဲဆိုတာကိုပါ နားလည်သိရှိလာနိုင်တယ်” လို့ ဂျန်နီကာ ဂရီယာကဆိုပါတယ်။ လသာမရှိခဲ့ရင် ကမ္ဘာကြီးပေါ်က သက်ရှိတွေဘယ်လိုဖြစ်နေမလဲဆိုတာကို စိတ်ကူးတောင်ယဉ်ကြည့်လို့မရပါဘူး။ သေချာတာကတော့ လဖြစ်ပေါ်တည်ရှိနေလို့ပဲ ကမ္ဘာပေါ်ကသက်ရှိတွေဟာ နှစ်သန်းပေါင်း ၃၈၀၀ တိုင်အောင် တည်တံ့နေနိုင်ခြင်းပါ။

    Reference – Kuthunur, S. (2023, October 23). The moon may be 40 million years older than we thought, Apollo 17 samples suggest. Space.com.

    Written by – Aung Bhone Myint Htoo

    Edited by – Fact Hub Editor Team

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #News #Space #Moon #Age #Astronomy

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous ArticleBlue field entoptic Phenomenon
    Next Article “အမေရိကန်တွေ ဘာလို့ တိုကျိုမြို့ကို နျူးကလီးယားဗုံး မကြဲခဲ့တာလဲ။”
    Aung Bhone Myint Htoo

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.