Archives
Author: Zwe Thukha Min
Biomagnification Biomagnification ဆိုတာ အန္တရာယ်ရှိဒြပ်တွေကို သက်ရှိတွေ စားမိရင်း အစာကွင်းဆက်ရဲ့ အပေါ်ကို တက်လေ အဲဒီအဆိပ်ပမာဏ များလေဖြစ်တာကို ခေါ်တာပါ။ ဒါကို နားလည်ဖို့ ရေကန်တစ်ကန်နဲ့ ဥပမာပေးပါရစေ။ ရေကန်ထဲမှာ ပလန့်ခ်တွန် (Plankton) လို့ ခေါ်တဲ့ အဏုဇီဝသက်ရှိလေးတွေ ရှိပါတယ်။ အဲဒီ သက်ရှိလေးတွေထဲမှာ ဓာတုအဆိပ်တစ်မျိုးရှိတယ်လို့ တွေးကြည့်ပါ။ မာကျူရီ (Mercury) ပဲ ဆိုကြပါစို့။ ငါးသေးသေးလေးတစ်ကောင်က သူ့ရဲ့ သက်တမ်းတစ်လျှောက် ထောင်နဲ့ချီတဲ့ ပလန့်ခ်တွန်တွေကို စားပါတယ်။ ငါးကလေး ပလန့်ခ်တွန်တွေ ပိုစားလေ၊ သူစားတဲ့ အကောင်လေးတွေမှာ ရှိနေတဲ့ အဆိပ်တွေကလဲ သူ့ခန္ဓာကိုယ်ထဲ စုပုံလာလေပါပဲ။ နောက်တော့ ငါးကြီးတစ်ကောင်က ခုနက ငါးသေးသေးလေးတွေကို အများကြီးစားပါတယ်။ ဒီလိုနဲ့ ငါးကြီးထဲ မာကျူရီတွေက ပိုစုလာရောပေါ့။ တဖြည်းဖြည်းနဲ့ အစာကွင်းဆက်ရဲ့ အပေါ်ပိုင်းကို ရောက်လာပြီး ငါးကြီးကို နောက်ထပ် ငါးအကြီးကြီးကဖြစ်စေ၊ ငှက်လို သားရဲတွေကဖြစ်စေ စားလိုက်ချိန်မှာ နဂိုက ပလန့်ခ်တွန်လေး တစ်ကောင်မှာ ပါတဲ့ အဆိပ်က စားလိုက်တဲ့ သက်ရှိဆီမှာ ပမာဏအဆပေါင်း ရာချီ၊ ထောင်ချီ ပိုများသွားပါပြီ။ တကယ့်လက်တွေ့မှာလဲ ဒီဒီတီ (DDT) လို့ ခေါ်တဲ့ ပိုးမွှားနှိမ်နှင်းရေး ဓာတုဓာတ်တစ်မျိုးက သိမ်းငှက်တွေရဲ့ မျိုးပွားမှုကို အကြီးအကျယ် ထိခိုက်စေတာပါ။ လယ်ယာစိုက်ပျိုးရေးတွေမှာ ပိုးမွှားနှိမ်နှင်းဖို့ ဒီဒီတီကို တွင်တွင်ကျယ်ကျယ်သုံးကြတော့ အပင်တွေနဲ့ ရေတွေမှာ ဒီဒီတီပါဝင်မှု များလာပါတယ်။ အစာကွင်းဆက်အောက်ဘက်ပိုင်းမှာ ရှိတဲ့ သက်ရှိလေးတွေက ဒီဒီတီကို စုပ်ယူမိကြပြီး…
Tachyon ဆိုတာ အလင်းထက်မြန်အောင် ခရီးနှင်နိုင်တယ်လို့ ယူဆထားကြတဲ့ ဖိုတွန်လို အမှုန်တစ်မျိုးပါ။ အဆိုကြမ်းအဆင့်ပဲ ရှိသေးပြီး လက်တွေ့ထောက်လှမ်းနိုင်တာမျိုး မရှိသေးပါဘူး။ တက်ခ်ယွန် (Tachyon ) တက်ခ်ယွန်တွေက စွမ်းအင်ကို ဆုံးရှုံးတာနဲ့အမျှ အရှိန်ကလဲ ပိုပိုမြင့်လာတတ်ကြပါတယ်။ စွမ်းအင်တစ်စက်မှမရှိတဲ့ ဇီးရိုးအင်နာဂျီ တက်ခ်ယွန်တွေက အနှိုင်းမဲ့ကို မြန်ဆန်တယ်။ အလင်းရဲ့ အလျင်ထက် မြန်အောင် သွားနေချိန်မှာတောင် တက်ခ်ယွန်တစ်လုံးရဲ့ ဒြပ်ထုက ပမာဏတစ်ရပ်နဲ့ တကယ်ရှိနေသေးတယ် ဆိုပါတယ်။ ဒီတက်ခ်ယွန်အမှုန်တွေရဲ့ တည်ရှိမှုဟာ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီအရ ကိုက်ညီမှုရှိပေမဲ့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိတာ၊ ထောက်လှမ်းနိုင်တာမျိုးတော့ လက်ရှိအချိန်ထိ မရှိသေးပါဘူး။ Writer Min ZCopy-editorMoriAttribution Table
Nucleosynthesis Nucleosynthesis ဆိုတာက အက်တမ်တွေရဲ့ နျူကလိယစ်ကို ရှိပြီးသားအမှုန်တွေနဲ့ ပြန်လည်ဖန်တီးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး စကြဝဠာထဲမှာရှိသမျှ ဒြပ်စင်တွေအားလုံးကို ဒီနည်းလမ်းနဲ့ ပေါ်ပေါက်လာစေခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အမျိုးအစားကွဲတွေလဲ ရှိပါတယ်။ နမူနာအနေနဲ့ ဘစ်ဘမ်း နျူကလီယိုဆင်းသစစ် (Big Bang Nucleosynthesis) ဟာ ဘစ်ဘမ်းလို့ခေါ်တဲ့ မဟာပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာပဲ အခြေခံအမှုန်လေးတွေအဖြစ် ပေါ်ပေါက်လာပါတယ်။ အဲဒီကနေတစ်ဆင့် ပရိုတွန်၊ နျူထရွန်တို့ ပေါင်းစည်းမိသွားပြီး ဟိုက်ဒြိုဂျင်လို အရိုးရှင်းဆုံး ဒြပ်စင်တွေ ဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဟီလီယမ်တွေ၊ လီသီယမ်တွေ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပြီး စကြဝဠာကြီး ပုံပေါ်လာတာ ဖြစ်ပါတယ်။ ကြယ်တွေရဲ့ နျူကလီးယားပေါင်းစည်းမှုဖြစ်တဲ့ ဗဟိုဝတ်ဆံမှာလဲ အလားတူဖြစ်စဉ် ဖြစ်လေ့ရှိပါတယ်။ နမူနာပြောရရင် ဟိုက်ဒြိုဂျင်အက်တမ်လေးလုံးပေါင်းပြီး ဟီလီယမ်ဖြစ်တာ၊ ဟီလီယမ်တွေပေါင်းရင်း ကာဘွန်ဖြစ်တာ အစရှိသဖြင့်ပေါ့။ WriterMin ZCopy-editorAkiAttribution Table Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။
Epigenetics ဆိုတာ မျိုးရိုးဗီဇ DNA မှာ ပြောင်းလဲမှု မရှိဘဲ အပြင်ပိုင်း လွှမ်းမိုးမှုတွေကြောင့် ဗီဇသတ္တိကြွမှုပုံစံ ပြောင်းလဲသွားရတာကို လေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။ ဇီဝပြင်ပသက်ရောက်မှုဗေဒ (Epigenetics) Epigenetics ဘာသာရပ်ကို မြင်သာအောင် ပြောရရင် မျိုးရိုးဗီဇပိုင်း (Gene) တွေရဲ့ အဖွင့်အပိတ်ကို လေ့လာခြင်းပါ။ ဆဲလ်တွေရဲ့ နျူကလိယထဲက DNA မှာ ထွေထူးပြောင်းလဲတာမျိုး မရှိပေမဲ့ လုပ်ဆောင်မှု (Function) ပြောင်းလဲသွားလို့ ဗီဇထုတ်ဖော်ပုံ (Gene Expression) ပြောင်းသွားတာကို အနုစိပ်လေ့လာတာ ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ သူ့ရဲ့ ပတ်ဝန်းကျင်၊ နေပုံထိုင်ပုံနဲ့ အစားအသောက် . . . စသဖြင့် ထိန်းချုပ်လို့ ရတဲ့ ကဏ္ဍတွေကြောင့် DNA မှာ သီးခြားပြောင်းလဲသွားတာ မရှိပေမဲ့ ဗီဇထုတ်ဖော်ပုံ ပြောင်းလဲသွားရတာမျိုးကို Epigenetics က အထူးပြုတာပါ။ ဗီဇထုတ်ဖော်ပုံလို့ ဆိုရာမှာ ဆဲလ်တွေ အားလုံးဟာ တူညီတဲ့ DNA ပေါ် အခြေခံပြီးပဲ အလုပ်လုပ်ကြရပါတယ်။ မျက်လုံးမှာ ရှိတဲ့ ဆဲလ်ရဲ့ မျိုးဗီဇဆိုင်ရာ ညွှန်ကြားချက်နဲ့ နှလုံးမှာ ရှိတဲ့ ဆဲလ်ရဲ့ မျိုးဗီဇညွှန်ကြားချက်ဟာ အတူတူပါပဲ။ တခြားနေရာတွေက ဆဲလ်တွေရဲ့ မျိုးဗီဇတွေဟာလဲ ကွဲပြားခြင်း မရှိပါဘူး။ ဒါပေမဲ့ မျက်လုံးဆဲလ်ကတော့ မျက်လုံးနဲ့ ဆိုင်တဲ့ အလုပ်ကိုပဲ လုပ်ရမှာမို့ မလိုတဲ့ ဗီဇပိုင်းတွေကို ပိတ်ထားပါတယ်။ နှလုံးဆဲလ်၊ ကြွက်သားဆဲလ်၊ နာ့ဗ်ဆဲလ်၊ အရိုးဆဲလ် . .…
Epigenetics ဆိုတာ မျိုးရိုးဗီဇ DNA မှာ ပြောင်းလဲမှု မရှိဘဲ အပြင်ပိုင်း လွှမ်းမိုးမှုတွေကြောင့် ဗီဇသတ္တိကြွမှုပုံစံ ပြောင်းလဲသွားရတာကို လေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။ ဇီဝပြင်ပသက်ရောက်မှုဗေဒ (Epigenetics) Epigenetics ဘာသာရပ်ကို မြင်သာအောင် ပြောရရင် မျိုးရိုးဗီဇပိုင်း (Gene) တွေရဲ့ အဖွင့်အပိတ်ကို လေ့လာခြင်းပါ။ ဆဲလ်တွေရဲ့ နျူကလိယထဲက DNA မှာ ထွေထူးပြောင်းလဲတာမျိုး မရှိပေမဲ့ လုပ်ဆောင်မှု (Function) ပြောင်းလဲသွားလို့ ဗီဇထုတ်ဖော်ပုံ (Gene Expression) ပြောင်းသွားတာကို အနုစိပ်လေ့လာတာ ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ သူ့ရဲ့ ပတ်ဝန်းကျင်၊ နေပုံထိုင်ပုံနဲ့ အစားအသောက် . . . စသဖြင့် ထိန်းချုပ်လို့ ရတဲ့ ကဏ္ဍတွေကြောင့် DNA မှာ သီးခြားပြောင်းလဲသွားတာ မရှိပေမဲ့ ဗီဇထုတ်ဖော်ပုံ ပြောင်းလဲသွားရတာမျိုးကို Epigenetics က အထူးပြုတာပါ။ ဗီဇထုတ်ဖော်ပုံလို့ ဆိုရာမှာ ဆဲလ်တွေ အားလုံးဟာ တူညီတဲ့ DNA ပေါ် အခြေခံပြီးပဲ အလုပ်လုပ်ကြရပါတယ်။ မျက်လုံးမှာ ရှိတဲ့ ဆဲလ်ရဲ့ မျိုးဗီဇဆိုင်ရာ ညွှန်ကြားချက်နဲ့ နှလုံးမှာ ရှိတဲ့ ဆဲလ်ရဲ့ မျိုးဗီဇညွှန်ကြားချက်ဟာ အတူတူပါပဲ။ တခြားနေရာတွေက ဆဲလ်တွေရဲ့ မျိုးဗီဇတွေဟာလဲ ကွဲပြားခြင်း မရှိပါဘူး။ ဒါပေမဲ့ မျက်လုံးဆဲလ်ကတော့ မျက်လုံးနဲ့ ဆိုင်တဲ့ အလုပ်ကိုပဲ လုပ်ရမှာမို့ မလိုတဲ့ ဗီဇပိုင်းတွေကို ပိတ်ထားပါတယ်။ နှလုံးဆဲလ်၊ ကြွက်သားဆဲလ်၊ နာ့ဗ်ဆဲလ်၊ အရိုးဆဲလ် . .…
အချိန်ခရီးသွားတဲ့အပေါ် ရူပဗေဒရဲ့ သတ်မှတ်ပုံနဲ့ သာမန်လူတွေရဲ့ သတ်မှတ်ပုံနဲ့ မတူညီကြပါဘူး။ သာမန်လူတွေရဲ့သတ်မှတ်ပုံဟာ အတိတ်နဲ့ အနာဂတ်ဆီ ရောက်ရှိတာမျိုးကို အချိန်ခရီးသွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲက သာမန်လူတွေရဲ့သတ်မှတ်ပုံကို အကျယ်တဝင့်ရှင်းပြလိုပါတယ်။ ယခုဆောင်းပါးထဲမှာတော့ စိတ်ကူးယဉ်ဖြစ်ရပ်တွေလုံးဝမပါဘဲ ရူပဗေဒရှုထောင့်သက်သက်ကနေသာ ရှင်းပြပေးသွားမှာပါ။ အနာဂတ် ————— အနာဂတ်ကို အချိန်ခရီးသွားတာဟာ နှိုင်းရသီအိုရီနည်းအရ ဖြစ်နိုင်ချေရှိပြီး စမ်းသပ်ချက်ပေါင်းများစွာနဲ့ အတည်ပြုထားပါတယ်။ သီအိုရီနည်းအရ အရာဝတ္ထုတစ်ခုက အလင်းအလျင်နီးပါးနဲ့ခရီးနှင်တဲ့အခါ သူ့ရဲ့အချိန်စီးကြောင်းက အခြားအရာဝတ္ထုတွေထက်နှေးနေမယ်။ အဲ့ဒီအချိန်မှာ ရပ်နေတဲ့တစ်ခြားအရာဝတ္ထုနဲ့ နှိုင်းယှဉ်လိုက်ရင် အဲ့ဒီအချိန်ခြားနားမှုကို ထင်ထင်ရှားရှားသိနိုင်ပါပြီ။ သီအိုရီနည်းအရ အသက် ၂၅ နှစ်အရွယ်လူတစ်ယောက်ဟာ အလင်းအလျင်နီးပါးနဲ့ ခရီးနှင်တဲ့ ဒုံးပျံတစ်စင်းအပေါ်မှာ လိုက်ပါစီးနင်းမယ်။ ကမ္ဘာပေါ်မှာလည်း သူနဲ့အသက်အရွယ်တူလူတစ်ယောက်က ကျန်ရစ်နေခဲ့မယ်ဆိုပါစို့။ နောက်ထပ် ၅ နှစ်ကြာတဲ့အခါ ဒုံးပျံပေါ်ကလူဟာ ကမ္ဘာဆီကိုပြန်ရောက်မယ်။ တွက်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်ကလူဟာ အသက် ၃၀ ဖြစ်နေပါမယ်။ ဒါပေမဲ့ ဒုံးပျံပေါ်ကလူကတော့ အသက် ၃၀ မပြည့်နိုင်သေးပါဘူး။ ဒါဟာ နှိုင်းရသီအိုရီရဲ့အချိန်သွေဖယ်ခြင်းပဲဖြစ်ပါတယ်။ ဒုံးပျံပေါ်ကလူဟာ ၅ နှစ်ကြာအချိန်ကို နှေးနှေးကွေးကွေး ဖြတ်သန်းနေတဲ့အတွက် သူ့အတွက် ၅နှစ်မကြာတော့ဘဲ လျော့ပြီးကြာသွားပါတယ်။ (၂ နှစ်တို့၊ ၃ နှစ်တို့ ဘာညာဖြစ်နိုင်ပေမဲ့ မတွက်ပြတော့ပါဘူး။) ကမ္ဘာပေါ်မှာရှိတဲ့လူကတော့ အချိန်စီးကြောင်းပုံမှန်ဖြစ်နေတဲ့အတွက် ၅ နှစ်ကြာအချိန်ကို ပုံမှန်အတိုင်း ၅ နှစ်ကြာဖြတ်သန်းနေပါတယ်။ အဲ့ဒီတော့ တွေးကြည့်မယ်ဆိုရင် ဒုံးပျံပေါ်ကလူသာ အလင်းအလျင်နီးပါးနဲ့ခရီးသွားတယ်ဆိုရင် သူ့ရဲ့အသက် ၃၀ မှရောက်မယ့် အချိန်ကာလကို အဲ့ထက်ငယ်ငယ်နဲ့ ရောက်ရှိသွားပါလိမ့်မယ်။ ဒါဟာ အနာဂါတ်ကိုအချိန်ခရီးသွားခြင်းတစ်မျိုးပဲမဟုတ်လား။ ဒီလိုဖြစ်ရပ်ကိုတော့ အာကာသရောင်ခြည်ထဲက…
ဟိန္ဓူရိုးရာ မီးနင်းပွဲကို မသိကြသူ ရှားမယ် ထင်ပါရဲ့။ မြန်မာလိုတော့ အဲ့ဒီ ရိုးရာပွဲတော်ကို မီးနင်းပွဲလို့ ခေါ်တယ်။ ဟိန္ဒူလိုတော့ သီမီသီ (Thimithi) လို့ ခေါ်ကြတယ်။အတော်ပူနေတဲ့ မီးသွေးတုံး၊ ဒါမှမဟုတ်လဲ ကျောက်တုံးတွေ လမ်းသွားတစ်ခုပေါ် ခင်းထားတာကို ခြေဗလာနဲ့ ဖြတ်နင်းပြတဲ့ အိန္ဒိယ တောင်ပိုင်း နမီးလ် နဒူဒေသ အရင်းခံ ရိုးရာဓလေ့တစ်ရပ်ပါ။ ဟိန္ဒူဘာသာဝင်တွေက သူတို့ရဲ့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ ဒရာအူပါတီ နတ်ဘုရားမကို ရည်ညွှန်းပြီး ဒီမီးနင်းပွဲကို ကျင်းပကြတယ်လို့ လေ့လာရပါတယ်။ မီးနင်းပွဲမတိုင်ခင်မှာလဲ အဲ့ဒီယဉ်ကျေးမှု ဖြစ်တည်လာတဲ့ နောက်ခံအကြောင်းအရင်းတွေကို အခြေခံပြီး ကြိုတင်လုပ်ရတဲ့ ပွဲတော်တွေလဲ ရှိတယ်။ တမီးလ်လူမျိုး မိန်းမလျှာတွေ လုပ်ကြတဲ့ ယစ်ဇ်ပွဲမျိုးပေါ့။ အဲ့ဒီပွဲတွေ အကုန်ပြီးတော့မှ ဒီမီးနင်းပွဲက လာတာမျိုးပါ။ ဟိန္ဒူဘာသာဝင်တွေရဲ့ အဆိုအရတော့ သူတို့ရဲ့ နတ်ဘုရားမကို သက်ဝင်ယုံကြည်မှုသာ စစ်မှန်ရင် အဲ့ဒီမီးကို မြိုက်လောင်ထိရှခြင်း မရှိဘဲ ခြေဗလာနဲ့ ဖြတ်ကူးနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီတော့ အဲ့ဒီမီးနင်းပွဲဟာ တကယ်ပဲ ဘာသာရေးအပေါ် စစ်စစ်မှန်မှန်သက်ဝင်ယုံကြည်မှုရှိကြလို့၊ နတ်ဘုရားမရဲ့ အကာအကွယ်ပေးခြင်းကို ခံထားရလို့ ခြေဗလာနဲ့ ရဲရဲတောက်နေတဲ့ မီးခင်းပေါ်ကို ဖြတ်လျှောက်နိုင်တာလား။ ဒီအတွက် သိပ္ပံနည်းကျ ဖြေရှင်းချက်ကရော ဘယ်လိုရှိမလဲဆိုရင် …ရူပဗေဒနဲ့ သာမိုဒိုင်းနမစ်မှာ ရှင်းပြထားတာ ရှိပါတယ်။ Thermal Conductivity လို့ ခေါ်တဲ့ အပူစီးကူးနိုင်စွမ်းဆိုင်ရာ သဘောသဘာဝနဲ့ အဓိက သက်ဆိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ မီးနင်းပွဲတွေကို ကြည့်လိုက်မယ်ဆိုရင် အများအားဖြင့် နင်းဖို့ ခင်းထားတဲ့ မီးလမ်းတွေက မီးသွေးတွေပါ။ မီးသွေးတွေကို မီးရှို့ပြီး…
လူဝင်စားတယ်လို့ ပြောလိုက်ရင် မသိသူ မရှိလောက်အောင် အကုန်လုံး ကြားဖူးနားဝရှိကြတဲ့ မူမမှန်ဖြစ်စဉ်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာတော့ ဘာသာရေးအယူအစွဲတွေနဲ့ စပ်လျဉ်းပြီး သိကြတာပါ။ အထူးသဖြင့် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတွေရဲ့ အယူအဆပိုင်းတွေ၊ ရှေးဂရိတွေရဲ့ ဖလော်ပိုင်းနဲ့ ပတ်သက်တဲ့ အယူအဆပိုင်းတချို့မှာ ဒီဖြစ်စဉ်ကို အဓိကတွေ့ရတယ်။ အကြမ်းအားဖြင့်ဆိုရင်တော့ သေလွန်ပြီးရင် နောက်ထပ် တစ်ဘဝအနေနဲ့ ဆက်လက်ရှင်သန်နိုင်ဦးမဲ့၊ နောင်ဘဝရှိတယ်လို့ လက်ခံထားတဲ့ Afterlife သမားတွေနဲ့ သံသရာအယူအဆကို လက်ခံကျင့်သုံးတဲ့ နေရာတွေမှာ ဒီလူဝင်စားခြင်းကို အမှန်တကယ် တည်ရှိတယ်လို့ နားလည်လက်ခံထားကြတယ်။ ကျွန်တော်တို့လုပ်တဲ့ ဆာဗေးက ရကော့ဒ်အရဆို ၂၀ – ၄၀ ရာခိုင်နှုန်းလောက်က ဒီလူဝင်စားတာကို လက်ခံထားကြတယ်။ လူဝင်စားတယ်လို့ ခေါ်နိုင်ဖို့အတွက် လိုအပ်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ ပျမ်းမျှဆိုရင် လူဝင်စားတယ်ဆိုတဲ့ သူအများစုဟာ လွန်ခဲ့တဲ့ အချိန်တစ်ခုက သေခဲ့တဲ့ လူတစ်ဦးဦးဆီက အမှတ်အသားတစ်ခုခု (ဥပမာ မှဲ့ ဒါမှမဟုတ် အမာရွတ်) ပါပြီး အဲ့ဒီလူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြောနိုင်တယ်။ သူအသက်ရှင်စဉ်ကာလက အခြေအနေတွေ၊ အကြောင်းအရာတွေ၊ ရင်းနှီးခဲ့သူတွေ၊ ဓာတ်ပုံတွေရှိရင်လဲ အဲ့ဓာတ်ပုံတွေကို ကြည့်ပြီး နောက်ခံအကြောင်းအရာတွေကို ပြောပြနိုင်တယ်။ အဲ့ဒီဘဝဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို လူဝင်စားတယ်ဆိုတဲ့ သူတွေဆီမှာ ပိုင်ဆိုင်ထားကြတာမျိုးပါ။အမေးများတာတွေက ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ ဖြေရှင်းချက်တွေ ဘယ်လိုရှိလဲ၊ သုတေသနတွေ လုပ်တာကနေ တစ်ဆင့် ဘယ်လို ရလဒ်တွေ ထွက်လဲ၊ လူဝင်စားတယ်ဆိုတဲ့ ဖြစ်ရပ်က အမှန်တကယ် ဖြစ်တာလား၊ တခြားဘာသာရေးအယူအဆတွေလိုပဲ ယုတ္တိယောင်သက်သက်လားဆိုတာတွေပါ။ဒီတော့ လိုရင်းတိုရှင်းပဲ…
လက်ရှိအင်တာနက်ပေါ်မှာ တွေ့နေရတဲ့ လာမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ စပြီး အောက်တိုဘာ ကာလအတွင်း နေမုန်တိုင်း တိုက်ခတ်မှုကြောင့် အင်တာနက်တွေ၊ လျှပ်စစ်မီးတွေ လချီ ပြတ်တောက်နိုင်တယ်ဆိုတဲ့ အကြောင်း စာဖတ်သူ အတော်များများလဲ တွေ့မိပါလိမ့်မယ်။ ဒီသတင်းအပေါ် အခြေခံလို့ နေမုန်တိုင်းဆိုတာ ဘာလဲ .. နေမီးတောက်တွေ Coronal Mass Ejection (CME) လို့ ခေါ်တဲ့ ဖြစ်စဉ်တွေကရော ဘာလဲ၊ ဘာလို့ အဲ့ဒါတွေ ဖြစ်ရတာလဲ၊ ကမ္ဘာကို ရိုက်ခတ်မှာလား၊ ရိုက်ခတ်ရင်ရော ဘာဆက်ဖြစ်နိုင်လဲ .. ဒီကိစ္စလေးတွေ ဆွေးနွေးကြည့်ချင်ပါတယ်။ _____ နေအပါအဝင် ကြယ်တွေဟာ ဟိုက်ဒြိုဂျင် အက်တမ်တွေကို ပေါင်းစည်း *ဖျူရှင် ဖြစ်စေပြီး လောင်ကျွမ်းနေကြတယ် .. အဲ့ဒီလို ပေါင်းစည်းရင်းနဲ့ ဟီလီယမ်အက်တမ်တွေ အသစ်ဖြစ်တည်လာတယ် .. ဒီလိုကနေ အတော်များတဲ့ စွမ်းအင်ပမာဏတွေ ထွက်တယ်၊ နေက အဲ့ဒီလိုနည်းနဲ့ လောင်စာတွေကို မီးပြင်းတိုက်ရင်း တည်ရှိနေတာပေါ့။ အရင်ဆောင်းပါးတွေထဲလဲ ဒီအကြောင်းလေးတွေ အသေးစိတ် နည်းနည်းစီ ပြောဖူးပါတယ်။ ဖျူရှင်အခြေအနေကနေပဲ ကျွန်တော်တို့ နေဆီကနေ နေ့တိုင်း ရတဲ့ စွမ်းအင်တွေ ရနေတာ .. လျှပ်စစ်သံလိုက်ရောင်ခြည်လှိုင်းတွေကို သယ်ဆောင်ပေးမဲ့ ဖိုတွန်တွေကိုလဲ နေရဲ့ ဒီဝတ်ဆံထဲပဲ ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ အကုန်လုံး ဖြစ်တည်နိုင်ဖို့က လွယ်တော့ မလွယ်ဘူးဗျ။ နေရဲ့ ဝတ်ဆံက အပူချိန်အားဖြင့် ၁၅ သန်း ဒီဂရီဆဲလ်စီးယပ်စ်နဲ့ ကမ္ဘာ့လေထုဖိအားထက် အဆဘီလျံချီများတဲ့…
ကျွန်တော်တို့ အားလုံး နေထိုင်ရာ ပတ်ဝန်းကျင်၊ ရှင်သန်ရာ ကမ္ဘာ၊ တည်ရှိရာ စကြာဝဠာကြီး တစ်ခုလုံးမှာ အသေးဆုံးဆိုတဲ့ အရာက ဘာလဲဆိုတာ စဉ်းစားမိကြဖူးလား။ အကယ်၍ တစ်ယောက်ယောက်ကရော ကိုယ့်ကို ဖြစ်နိုင်သမျှ အသေးတကာ့အသေးဆုံးအရာက ဘာလဲလို့ မေးလာရင် ဘယ်လို ပြန်ဖြေမလဲ။ သဲတစ်ပွင့်လို့ ဖြေတဲ့ သူ ရှိရင် ရှိမယ်၊ ခဲတစ်မှုန်လို့ ပြောတဲ့ သူ ရှိချင်ရှိမယ်၊ မော်လီကျူးတွေ၊ အက်တမ်တွေ .. ဒီအဆင့်ထိ ဆင်းပြီး သူတို့က အသေးဆုံးပါလို့ ဖြေမဲ့သူလဲ အများကြီး ရှိတယ်။ အဲ့ဒီအဆင့်ကနေ ထပ်ဆင်းရင်း .. ခွဲရင်း ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန်ဆိုပြီး ဖြေတဲ့သူတွေလဲ ရှိကြလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါတွေကို ဖွဲ့စည်းပေးထားတဲ့ အသေးတကာ့ အသေးဆုံး ယူနစ် ရှိသေးတယ်၊ အဲ့ဒါ ကွာ့ခ် (Quark) လို့ ဖြေမဲ့သူကတော့ ပမာဏအားဖြင့် နည်းပါလိမ့်မယ်။ ကျွန်တော်တို့ လူသားတွေဟာ အသိပညာရယ်လို့ ကောင်းကောင်းမွန်မွန် မဖွံ့ဖြိုးကြသေးတဲ့အချိန်ကတည်းက ကျင်လည်ရာ ပတ်ဝန်းကျင်တစ်လျှောက်မှာ တည်ရှိသမျှ အရာတွေ အားလုံးကို နားလည်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒီအရာဝတ္ထုကို ဘာနဲ့ ဖွဲ့စည်းထားလဲ၊ ဒီဖြစ်စဉ်က ဘာကြောင့် ဖြစ်တာလဲ စသဖြင့်ပါ။ ဟိုးလွန်ခဲ့တဲ့ အချိန်တုန်းက လောကဓာတ်ပညာရှင်တွေဟာ ကမ္ဘာကြီးအပါအဝင် စကြာဝဠာတစ်ခုလုံးကို မီး၊ ရေ၊ လေ၊ မြေဆိုတဲ့ အခြေခံတရား၊ ဒြပ်လေးခုတည်းနဲ့ ဖွဲ့စည်းထားတယ်လို့ ယုံကြည်ထားကြတယ်။ ဆိုကရေးတီးတောင် လေထုကို…
ပြီးခဲ့တဲ့ ရက်ပိုင်းက ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်းရဲ့ အော့ပန်ဟိုင်းမား (Oppenheimer) ရုပ်ရှင် ဒစ်ဂျစ်တယ်အကြည်ထွက်လာလို့ ကြည့်လိုက်ရပါတယ်။ ခန့်မှန်းချေ အချိန် သုံးလေးလလောက် စောင့်ပြီးမှ ဒီလိုကားမျိုးကို ကွန်ပြူတာမော်နီတာ သေးသေးလေးနဲ့ ကြည့်လိုက်ရလို့ နည်းနည်း အောင့်သက်သက် ဖြစ်တာကလွဲရင် နိုလန်းရဲ့ လက်ရာကိုတော့ အပြည့်အဝနီးပါး ခံစားလို့ ရခဲ့ပါတယ်။ ချုံပြောရရင် ဇာတ်လမ်း စလယ်ဆုံး ပြည့်စုံကောင်းမွန်လွန်းပါတယ်။ အရိုးရှင်းဆုံးက အဆန်းပြားဆုံးဆိုတဲ့ သဘောသဘာဝကို ဒီဇာတ်ကားမှာ နိုလန်းသုံးသွားတယ်လို့ ထင်မိတယ်။ သုံးနာရီစာ ကြာတဲ့ ဇာတ်ကား တစ်လျှောက်လုံးမှာ ကြီးမားတဲ့ အလှည့်အပြောင်းတွေ၊ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့ ရင်သပ်ရှုမောဖြစ်ရတဲ့ အကြောင်းအရာ (ဇာတ်လမ်းသွားကို ဆိုလိုတယ်) တွေ ဘာတစ်ခုမှ မပါဘူး။ ကျောရိုးယူပြီး ရိုက်ကူးဖော်ပြထားတာတွေက သမိုင်းနောက်ခံအကြောင်းအရာတွေနဲ့ သိပ်မစိမ်းတဲ့ သာမန်လူတွေဆိုရင် သိထားကြတာတွေချည်း ဖြစ်တယ်။ ဒါပေမဲ့ ရုပ်ရှင်သာ ပြီးသွားတယ်။ သုံးနာရီဆိုတဲ့ အချိန် ကုန်လို့ ကုန်သွားတယ်လို့ကို မခံစားလိုက်ရတဲ့အထိကို နိုလန်းရဲ့ လက်ရာထဲ စီးမြောပါဝင်သွားဖြစ်တာပါ။ ဒီရုပ်ရှင်က သမိုင်းကို နားလည်ထားရင် အတော်လေးကို ကြည့်လို့၊ ခံစားလို့ ကောင်းပါလိမ့်မယ်။ ထပ်တိုးအနေနဲ့ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သိပ္ပံနဲ့ ဆိုင်တဲ့ .. အထူးသဖြင့် ရူပဗေဒနဲ့ နွယ်တဲ့ concept တွေကို နားလည်ထားမယ်ဆိုရင် ကြည့်ရတာ ပိုကောင်းမယ်လို့ ထင်တယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အော့ပန်ဟိုင်းမားရုပ်ရှင်ထဲ ပါဝင်သမျှ သိပ္ပံနဲ့ နွယ်ထားတဲ့ သဘောတရားတွေ…
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က အာကာသတွင်း တယ်လီစကုပ်တွေကနေ စွမ်းအင်ဖြင့် ဖိုတွန်တွေ သယ်ဆောင်လာတဲ့ အလင်းစီးကြောင်းတစ်ခု ကမ္ဘာကို လာရောက်ရိုက်ခတ်တာဖြစ်ပြီး အဲ့ဒီအလင်းရောင်စဉ်လှိုင်းတွေက ကမ္ဘာနဲ့ အလင်းနှစ် ၁.၉ ဘီလျံအကွာမှာ ဖြစ်တဲ့ စူပါနိုဗာပေါက်ကွဲမှုက လာတာလို့ ပညာရှင်တွေက ခန့်မှ်နးထားကြပါတယ်။ အဲ့ဒီစွမ်းအင်မြင့် ဂမ်မာရောင်စဉ်လှိုင်းတွေဟာ ကမ္ဘာရဲ့ လေထုအလွှာအပေါ်ယံကို လွှမ်းခြုံမိုးအုပ်ပေးထားတဲ့ အိုဇုန်းကို လာရောက်ထိမှန်တာဖြစ်လို့ အိုဇုန်းလွှာ အစိတ်အပိုင်းတချို့ အပေါက်ဖြစ်သွားရတယ်လို့လဲ ပညာရှင်တွေက ဆိုပါတယ်။ သူတို့ လေ့လာဆန်းစစ်တာတွေအရ ဒီစွမ်းအင်မြင့် ရောင်စဉ်လှိုင်းဟာ ကမ္ဘာကို လာရောက် ထိမှန်ဖူးသမျှ အလင်းတန်းတွေထဲ အတောက်ပဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ နာမည်ကိုတောင် ‘brightest of all time’ – ‘BOAT’ ဆိုပြီး ပေးထားတာပါ။ လွန်ခဲ့တဲ့ လက အဲ့ဒီရိုက်ခတ်မှုကို ပညာရှင်တွေ လေ့လာနေတာ တစ်လနီးပါးရှိနေပါပြီ။ အခုတော့ အဲ့ဒီရိုက်ခတ်မှုက ကြွင်းကျန်ရစ်ခဲ့တဲ့ အိုင်းယွန်း အမှုန် (Ionized particle) တွေကို ကမ္ဘာ့လေထုအပေါ်ဘက် အလွှာပိုင်းနဲ့ အိုဇုန်းမော်လီကျူး တချို့နားမှာ တွေ့ရတယ်လို့ သူတို့က ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ကို သတိထားမိတဲ့ ရောမ အာကာသသိပ္ပံ အဖွဲ့အစည်းတစ်ခုက ပညာရှင်ကတော့ ဒီရိုက်ခတ်မှုကြောင့် အိုဇုန်းလွှာမှာ အပေါက်ငယ်တွေ ဖြစ်သွားပြီးတော့ ဖြစ်ဖြစ်ချင်း အချိန်အနည်းငယ်အတွင်းမှာပဲ အိုဇုန်းလွှာက အလိုအလျောက်ပြန်လည်ဖာထေးနေတာကို သူတို့ သတိထားမိတာပါလို့ ဆိုပါတယ်။ အဲ့ဒီလိုကနေ အပေါက်ဖြစ်ရတဲ့ ကိစ္စလိုက်ရင်း…
ဟိုးလွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ကမ္ဘာ့အရှေ့ဘက်ကျတဲ့ အခြမ်းနဲ့ အနောက်ဘက်ခြမ်း ဒေသတွေက အဆက်အစပ်မရှိကြဘူး။ ကုန်းမကြီး ဆက်နေသော်ငြား ဝေးလံခေါင်ဖျားလှတဲ့ ဒေသတွေကို ကျော်လွန်ပြီး ဘယ်ကုန်သည်ကမှ သီးခြား ထွက်ပြီး ကုန်သွယ်ရေးကို မလုပ်ကြ .. ကိုယ်နေတဲ့ ဒေသပတ်ဝန်းကျင်မှာပဲ အဆင်ပြေသလို လုပ်ကိုင်စားသောက်ကြရတယ်။ ဒါပေမဲ့ အနောက်ခြမ်းမှာရှိတဲ့ အရာကိုတော့ အရှေ့ခြမ်းမှာ မရနိုင် .. အရှေ့ခြမ်းကဟာကလဲပဲ အနောက်ခြမ်းဆီ သွားဖို့ ခဲယဉ်းလှတာပေါ့။ ပိုးလမ်းမကြီးဆိုတာကို သမိုင်းနဲ့ မစိမ်းသူ အတော်များများ ကြားဖူးကြပါလိမ့်မယ်။ အလယ်ခေတ် ၁၄ – ၁၅ ရာစုကြားမှာ အရှေ့တိုင်းနဲ့ အနောက်တိုင်း .. အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာနှစ်ခုကြားကို ဆက်သွယ်ပေးထားတဲ့ လမ်းတွေကို ပိုးလမ်းမတွေလို့ ခေါ်ခဲ့ကြတယ်။ အရှေ့တိုင်းက ပိုးထည်တွေ၊ ကြွေထည်ပစ္စည်းတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေက ကုန်းတစ်တန်၊ ရေတစ်တန်ဖြတ်ပြီး ပိုးလမ်းမတွေအတိုင်း လာကြသလို အနောက်တိုင်းက ဂျုံတွေ၊ ရွှေတွေ၊ ဖန်ထည်ပစ္စည်းတွေကလဲ ပိုးလမ်းမတွေက တဆင့် အရှေ့ကမ္ဘာခြမ်းကို လာကြပါတယ်။ ပိုးလမ်းမဆိုတာ လမ်းတစ်လမ်းတည်း မဟုတ်၊ ရေကြောင်းကသွားတဲ့ လမ်းတွေ ရှိသလို ကုန်းပေါ်က ဖြတ်သွားတဲ့ လမ်း .. ကန္တာရဖြတ်တဲ့လမ်း .. မုန်တိုင်းကြားကနေ ပင်လယ်ထဲ ဖြတ်ပြီး လာရတဲ့ လမ်း .. အရှေ့ကမ္ဘာခြမ်းနဲ့ အနောက်ကမ္ဘာခြမ်း စီးဆင်းသွားလာဖို့ ဆက်သွယ်ပေးထားတဲ့ လမ်းမှန်သမျှက ပိုးလမ်းမပဲ။ အဲ့ဒီပိုးလမ်းမတွေဟာ အရှေ့နဲ့ အနောက်က ကုန်စည်ပစ္စည်းတွေပဲ ဖလှယ်သယ်ဆောင်ဖို့ သုံးကြတာ မဟုတ်ဘူး။…
ဘစ်ဂ်ဘန်းပေါက်ကွဲမှု ပြီးပြီးချင်း နှစ်သန်း ၄၇၀ မှာ ဖြစ်ပေါ်လာတဲ့ ဂလက်စီတစ်ခုအတွင်းက ဧရာမတွင်းနက်ကြီးတစ်ခုကို ဂျိန်းဝဘ်တယ်လီစကုပ်ကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအသစ်တွေ့ရှိတဲ့ တွင်းနက်က သမိုင်းတစ်လျှောက် တွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအကုန်ကို ချိုးဖျက် ကျော်လွန်ပြီး သက်တမ်းအရင့်ဆုံးနဲ့ အဲ့ဒီသက်တမ်းကာလအတွင်းမှာ တည်ရှိနေတဲ့ထဲ အကြီးဆုံး တွင်းနက်ကြီး ဖြစ်ယ်လို့ ဆိုပါတယ်။ ဘစ်ဂ်ဘန်းပေါက်ကွဲမှုအပြီး မွေးဖွားလာတဲ့ ကျွန်တော်တို့ စကြာဝဠာကြီးရဲ့ သက်တမ်းက နှစ် ၁၃.၈ ဘီလျံ ရှိပါတယ်။ ဒီတွင်းနက်ရဲ့ ဗဟိုပြုရာ ဂလက်စီက သက်တမ်းအားဖြင့် ဘစ်ဂ်ဘန်းပြီးပြီးချင်း နှစ်သန်း ၄၇၀ လောက်အကြာမှာ ပေါ်ပေါက်ဖြစ်တည်ခဲ့တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ နှစ်ပမာဏအားဖြင့်တော့ အတော်စောတယ်လို့ ဆိုရမှာပါ။ ပျမ်းမျှအားဖြင့် ဂလက်စီတွေ စဖြစ်တည်လာတာ ဘစ်ဂ်ဘန်းပြီးပြီးချင်း နှစ်သန်း ၃၀၀ – ၄၀၀ ပတ်ဝန်းကျင်ပါ။ တွင်းနက်တွေက ဒြပ်ထုအားဖြင့် အင်မတန် (အင်မတန်) ကို ကြီးမားသိပ်သည်းလှပါတယ်။ အားလုံးလဲ ကြားဖူးကြပါလိမ့်မယ်။ တွင်းနက်တွေရဲ့ ဒြပ်ဆွဲအားက အင်မတန်ပြင်းထန်လွန်းတာ ဖြစ်လို့ အလင်းတောင် လွတ်မြောက်နိုင်ခြင်း မရှိဘူး ဆိုတာပါ။ ရိုးရိုးတွင်းနက်တွေကတောင် အဲ့ဒီလောက် အစွမ်းသတ္တိရှိရင် အခုတွေ့တဲ့ ဧရာမတွင်းနက်ကြီးရဲ့ တည်ရှိပုံက စကားနဲ့ ပြောလို့ ရမယ် မထင်ပါဘူး။ ခန့်မှန်းချက်တွေအရတော့ အဲ့ဒီတွင်းနက်ရဲ့ ဒြပ်ထုက သူဗဟိုပြု အခြေတည်ရာ ဂလက်စီရဲ့ ဒြပ်ထုတစ်ခုလုံးနဲ့တောင် ညီမျှမှုရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီဧရာမတွင်းနက်ကြီးကို အာကာသတယ်လီစကုပ်နှစ်ခုက တွေ့ရှိခဲ့တာလို့ ပြောကြပါတယ်။ ပထမဆုံး စတွေ့တာက ဂျိန်းစ်ဝဘ်တယ်လီစကုပ်ပါ။ ဂျိန်းစ်ဝဘ်ကနေပြီး…
ကျွန်တော်တို့ အားလုံးလိုလို အင်တာနက်မှာ မြင်ဖူး၊ ကြားဖူးကြတဲ့ အကြောင်းအရာ တစ်ခု ရှိပါတယ်။ အဲ့ဒါက ညအခါ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေ အားလုံးက သေဆုံးပြီးသား ဖြစ်ပြီး ကျွန်တော်တို့က သူတို့ရဲ့ အတိတ်က ပုံရိပ်ကို ကြည့်နေရတယ်ဆိုတာပါ။ ကြယ်တွေ၊ ဂြိုဟ်တွေနဲ့ အာကာသနဲ့ ပတ်သက်တဲ့ ဝတ္ထုတွေရဲ့ တည်ရှိရာ နေရာ .. အကွာအဝေးကို ကျွန်တော်တို့က အလင်းနှစ်နဲ့ တိုင်းတာ ပြောဆိုကြပါတယ်။ အလင်းက တစ်စက္ကန့်ကို ကီလိုမီတာ သုံးသိန်း အမြန်နှုန်းနဲ့ ခရီးနှင်နိုင်ပြီးတော့ အဲ့ဒီအလျင်နဲ့ အလင်းတစ်နှစ်တာ ခရီးနှင်တာကို အလင်းနှစ်ဆိုပြီး သုံးနှုန်းကြတာပေါ့။ သဘောက အလင်းနှစ် တစ်နှစ် အကွာအဝေးရှိတယ်ဆိုရင် အဲ့ဒီပမာဏက အလင်းအလျင်နဲ့ တစ်နှစ်တာ ခရီးနှင်ပြီးမှ ရောက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အဲ့ဒီခါကျတော့ အလင်းနှစ်တွေ အများကြီးက ကြယ်တွေကို ကျွန်တော်တို့ ကြည့်တဲ့အခါကျ အဲ့ဒီကြယ်တွေဆီက ထုတ်လွှတ်တဲ့ အလင်းကို ကျွန်တော်တို့ မြင်နိုင်ဖို့ရာ အလင်းအလျင်နဲ့ ဘယ်နှနှစ် .. ဘယ်လောက် ကြာမယ်ဆိုပြီး ရှိတာပါ။ ဒါကြောင့် လက်ရှိ မြင်နေရတဲ့ ကြယ်က အခုလက်ရှိ မဟုတ်ဘဲ အတိတ်က ပုံရိပ်ဖြစ်တယ်ဆိုတဲ့ ကိစ္စကတော့ မှန်ပါတယ်။ ကျွန်တော်တို့ မိခင်ကြယ်ဖြစ်တဲ့ နေဆီက အလင်းတောင် ကမ္ဘာကို ရောက်ဖို့ ၈ မိနစ်နဲ့ စက္ကန့် ၂၀ နီးပါး ကြာပါတယ်။ အခု အပြင်ထွက်ပြီး နေကို ကြည့်လိုက်ရင် အဲ့ဒီနေက…
သဘာဝရဲ့ ရွေးချယ်ခြင်းဆိုတာ ဒါဝင့် ဆင့်ကဲပြောင်းလဲမှု သီအိုရီရဲ့ အင်မတန်လှပတဲ့ အစိတ်အပိုင်းတစ်ခုပဲ။ အရိုင်းဆန်တဲ့ လောကကြီးမှာ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်မှသာလျှင် အသက်ရှင်ကျန်ရရိုး ထုံးစံရှိတယ်။ သမိုင်းတစ်လျှောက်မှာလဲ သဘာဝနဲ့ လိုက်လျောညီထွေ အဖြစ်ဆုံး သက်ရှိတွေသာ ရှင်သန်ကျန်ရစ်ခဲ့ရတယ်။ သဘာဝနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ကောင် ပျောက်ကွယ်ရတာပဲ။ လွန်ခဲ့တဲ့ နှစ်သန်း ရာချီ ထောင်ချီတုန်းကလဲပဲ လူသားတွေအနေနဲ့ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ ရှင်သန်ကျန်ရစ်ခဲ့အောင် ကြိုးစားခဲ့ကြရတာပဲ။ ကာလံဒေသံနဲ့ အံဝင်ခွင်ကျ ဖြစ်မှသာ Survive လုပ်နိုင်တာပါ။ ဒါပေမဲ့ စဉ်းစားစရာတစ်ခုက လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ လူသားတွေက သဘာဝရဲ့ ရွေးချယ်ခြင်းအတိုင်း fit ဖြစ်အောင် .. သဘာဝရဲ့ မျက်နှာသာပေးခြင်း ခံရဖို့ လိုသေးလို့လား။ စဉ်းစားကြည့်ရရင် ကျွန်တော်တို့ ဒီဘက်ခေတ်က အင်မတန် ဖွံ့ဖြိုးတိုးတက်နေပါပြီ။ လူနေမှုစနစ် မြင့်တက်လာတာ၊ နည်းပညာဖွံ့ဖြိုးလာတာ .. အဘက်ဘက်က တိုးတက်လာတာတွေကြောင့် ဟိုးအရင်ကျောက်ခေတ်က ကြုံရတဲ့ ဘေးအန္တရာယ်မျိုး ဒီဘက်ခေတ်မှာ အတော်အတန်လျော့ကျ နည်းပါး သွားပါပြီ။ သဘာဝကိုပါ ပြုပြင်နိုင်စွမ်းရှိလာတဲ့ လူသားတွေက သဘာဝရဲ့မျက်နှာသာပေးမှုနောက် လိုက်ပြီး ဆင့်ကဲပြောင်းလဲမှု ရှိနေဦးမှာလားဆိုတာ စဉ်းစားရ ခပ်ကျပ်ကျပ်ဖြစ်လာတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုရင် အသက်ရှင် နေထိုင်နိုင်ဖို့ရာက ရုန်းကန်နေဖို့မှ မလိုတော့တာပဲ။ ဒါပေမဲ့ တော်တော်များများ သတိမပြုမိတာက .. အီဗော်လူးရှင်းက သဘာဝရဲ့ ရွေးချယ်ခြင်းနဲ့ မတူပါဘူး။ ――――――― အီဗော်လူးရှင်း .. ဆင့်ကဲပြောင်းလဲတယ်ဆိုတာ population တစ်ခုက အချိန်တွေ ကြာလာတာနဲ့အမျှ…
ကျွန်တော်တို့ လူသားတွေ နေထိုင်တဲ့ ကမ္ဘာဂြိုဟ်က နေအဖွဲ့အစည်းအတွင်းမှာ ရှိတယ်ဆိုတာ အကုန်လုံး သိကြမှာပါ။ နေအဖွဲ့အစည်းမှာ စုစုပေါင်း ဂြိုဟ် ၈ လုံးရှိပြီးတော့ ဂြိုဟ်အကုန်လုံးက မတူညီတဲ့ ပုံစံတစ်ခုစီနဲ့ တည်ရှိနေတာပါ။ နေအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင်လဲ နေရဲ့ အနီးနား တစ်ဝိုက်မှာ ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်အစု ရှိပြီး နည်းနည်းလှမ်းတဲ့ နေရာမှာတော့ ဓာတ်ငွေ့လုံးဂြိုဟ်ကြီးတွေ ရှိကြပါတယ်။ ရေခဲနည်းနည်းဆန်တဲ့ ဂြိုဟ်တွေဆိုရင် ပိုလို့တောင် ဝေးဝေးမှာ ရှိနေပါတယ်။ ဒါဆို စဉ်းစားစရာက ပေါ်လာပါပြီ။ ဘာလို့ ကျောက်သားဂြိုဟ်တွေက နေကို ခပ်နီးနီးကနေ လှည့်ပတ်ပြီး ဓာတ်ငွေ့လုံးဂြိုဟ်ကြီးတွေက နေနဲ့ ဝေးတဲ့နေရာကနေ လှည့်ပတ်နေရတာလဲ။ ကြယ်တွေနဲ့ ဂြိုဟ်တွေ ဖွဲ့စည်းတုန်းက ဘယ်လိုကိစ္စတွေဖြစ်ခဲ့လို့ နေအဖွဲ့အစည်းက ဒီလိုရှိနေရတာလဲ။ အဲ့ဒီမေးခွန်းတွေနဲ့ ပတ်သက်လို့ မသွားခင် နေအဖွဲ့အစည်းတွင်းက ဂြိုဟ်တွေအကြောင်း အကြမ်းဖျင်း ကြည့်ကြရအောင်ပါ။ အပေါ်မှာပြောခဲ့ဖူးတဲ့ ကျောက်သားဂြိုဟ်တွေကို Terrestrial Planet တွေလို့ ခေါ်ကြပါတယ်။ ဒီဂြိုဟ်တွေက ခပ်မာမာ ဂြိုဟ်မျက်နှာပြင်တွေ၊ ကျောက်သားဆန်တဲ့ တည်ဆောက်ပုံတွေ တည်ရှိလို့ သူတို့ကို ကျောက်သားဂြိုဟ်တွေလို့ ခေါ်တာပါ။ နေအဖွဲ့အစည်းမှာတော့ မာကျူရီ၊ ဗီးနပ်စ်၊ မားစ်နဲ့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာဂြိုဟ်တို့က ကျောက်သားဂြိုဟ်တွေ ဖြစ်ပါတယ်။ ဒီဂြိုဟ်တွေက ဓာတ်ငွေ့ (ဂတ်စ်) နဲ့ ဖွဲ့စည်းထားတာ မဟုတ်ပေမဲ့ ဓာတ်ငွေ့အလွှာတွေ လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ အကယ်၍ ဓာတ်ငွေ့အလွှာ တစ်လွှာမှ မရှိခဲ့ရင်လဲ ဒီစာရေးနေတဲ့ ကျွန်တော်တောင် ဖြစ်လာဖို့…
အပိုင်း – ၁၊ ၂ မဖတ်ရသေးရင် ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကနေ ဖတ်နိုင်ပါတယ်။ ______ ဒီအပိုင်းက ကွမ်တမ်ရူပဗေဒနဲ့ ဆိုင်တဲ့ concept ပိုင်း သိပ်မပါတော့ဘဲ sci-fi တချို့ကနေ ဆက်စပ်တွေးမိတာလေးတွေ ရေးဖြစ်တာဖြစ်လို့ စိတ်မဝင်စားလို့ ကျော်သွားတော့မယ်ဆိုရင်လဲ အဆင်ပြေပါတယ်။ ဆောင်းပါး စစတုန်းက စာလိုပဲ ကျွန်တော်တို့အနေနဲ့ ကွမ်တမ်ဆိုတဲ့ ဝေါဟာရကို ဒီဘက်ခေတ်ရဲ့ ရုပ်ရှင်တွေ တီဗွီရှိုးတွေမှာ မကြာခဏ တွေ့လာရပါတယ်။ နမူနာအနေနဲ့ Marvel Universe ပဲ ထားပါတော့။ Marvel က ထုတ်တဲ့ ကားတိုင်းမှာ ကွမ်တမ်ရူပဗေဒဆိုတဲ့ ဝေါဟာရကို အသေအလဲသုံးပါတယ်၊ (တစ်ခါတလေ ရူပဗေဒနဲ့ မဆိုင်တောင် ထည့်သုံးဖြစ်နေတဲ့အကြောင်းကိုတော့ ဒီမှာမပြောတော့ပါဘူး။) သူတို့ရဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်း မှန်သမျှကို ကွမ်တမ်ရူပနဲ့ နှိုင်းနှိုင်းပြောတတ်တာလေးပဲ နည်းနည်း ကြည့်ရဆိုးပေမဲ့ ရုပ်ရှင်ထဲ ပါဝင်တဲ့ တချို့ သဘောတရားအယူအဆပိုင်းတွေကတော့ အမှန်တကယ်တွေ ဖြစ်ကြပါတယ်။ နမူနာအနေနဲ့ Doctor Strange ရဲ့ mutiple realities အယူအဆပါ။ ဒီအယူအဆက ပါတစ်ကယ်တွေအနေနဲ့ မတူညီတဲ့ ဖြစ်နိုင်ချေအမျိုးမျိုးမှာ တည်ရှိနေနိုင်တယ်ဆိုတာကို ရည်ညွှန်းချင်တယ်လို့ ကျွန်တော် သဘောပေါက်မိပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့က အီလက်ထရွန်တစ်လုံးရဲ့ တည်ရှိရာနေရာနဲ့ ပတ်သက်တဲ့ အကြောင်း ပြောကြမယ်ဆိုပါစို့၊ ရူပဗေဒသမားကတော့ နမူနာအနေနဲ့ “အီလက်ထရွန်ဆိုတာ အလျားယူနစ် ၁ နဲ့ ၃ အကွာအဝေး အတွင်းက ကြိုက်တဲ့နေရာမှာ တည်ရှိနေနိုင်ချေရှိတယ်ဟေ့” လို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကွမ်တမ်ကမ္ဘာမှာတော့ ပါတစ်ကယ်ရဲ့…
မနေ့က ကွမ်တမ်ရူပဗေဒနဲ့ ပတ်သက်လို့ မိတ်ဆက်အပိုင်းလေး ရေးထားပါတယ်။ မဖတ်ရသေးရင် ဒီလင့်ခ်က နေ ဝင်ဖတ်နိုင်ပါတယ်။ ――――――― ကွမ်တမ်ရူပက သာမန်ရူပဗေဒနဲ့ ဘယ်လိုကွဲနေတာ .. Regular Physics လို့ ခေါ်ချင်ခေါ်လို့ရနိုင်တဲ့ သမရိုးကျ ရူပဗေဒကတော့ ကျွန်တော်တို့ လက်ရှိ ရှင်သန်နေထိုင်နေတဲ့ အနှိုင်းဘောင် (reference frame) အတွင်းက တည်ရှိမှုတွေကို လေ့လာတာဖြစ်ပါတယ်။ ဥပမာ .. နယူတန်ရဲ့ ရွေ့လျားမှုဆိုင်ရာ နည်းဥပဒေသတွေနဲ့ သူနဲ့ သက်ဆိုင်တဲ့ မက္ကင်းနစ်တွေလိုပေါ့။ ဒါတွေကို ကျွန်တော်တို့က ‘Classical Physics’ လို့လဲ ခေါ်နိုင်တယ်။ ဘောလုံးလိမ့်သွားမှု၊ ကမ္ဘာကြီးလည်နေမှု၊ စက်အင်ဂျင်တွေရဲ့ မက္ကင်းနစ် .. စတာတွေ အကုန်လုံးက ဒီ Classical Physics ထဲ ဝင်ပါတယ်။ မေးစရာတစ်ခုက .. အကယ်၍ ဒီရူပဗေဒတစ်ခုလုံးက အင်မတန်ကျယ်ပြန့်ပြီး အကုန်လုံးကို ခြုံငုံမိနေတယ်ဆိုရင် ကွမ်တမ်ရူပဗေဒလို မျိုးကွဲတွေက ဘာကိစ္စကြောင့် ပေါ်လာရတာလဲ။ သမရိုးကျရူပက ကွမ်တမ်ပုစ္ဆာတွေကို မဖြေနိုင်လို့လား။ ကွမ်တမ်ရူပဗေဒရဲ့ ဇာစ်မြစ်ကို လိုက်ကြရအောင်ပါ။ ကွမ်တမ်ရူပဗေဒ မွေးဖွားရာ အချိန်က လွန်ခဲ့တဲ့ ၁၉၀၀ ခုနှစ် ပတ်ဝန်းကျင်ပါ။ အဲ့ဒီအချိန်တုန်းက သိပ္ပံပညာရှင်တွေအနေနဲ့ Photoelectric effect ကို လေ့လာနေကြချိန်ပေါ့။ လေ့လာနေကြပေမဲ့ သူတို့အနေနဲ့ ဒါကို နားမလည်နိုင်ကြဘူး။ Photoelectric effect ဆိုတာ ရှင်းအောင် ပြောရရင် သတ္ထုတစ်ခုပေါ် အလင်းက လာရိုက်ခတ်ပြီး (သတ္ထုဆီက) အီလက်ထရွန်တွေ ပြန်ကန်ထွက်တဲ့…
အိန္ဒိယအာကာသ သုတေသန အဖွဲ့အစည်း (ISRO) ရဲ့ ချန်ဒရာယန် – ၃ ဟာ လရဲ့တောင်ဝင်ရိုးစွန်းပေါ်မှာ သုတေသနလုပ်နေတဲ့ မစ်ရှင်ဖြစ်ပြီး လဆင်းယာဉ် ဗစ်ခ်ရန်နဲ့ လသွားရိုဗာ ပရက်ဂ်ယန်တို့ ပါဝင်ပါတယ်။ ချန်ဒရာယန်တည်ရှိရာနေရာဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က စပြီး နေရောင်မကျရောက်တော့လို့ ဆိုလာအခြေပြုအလုပ်လုပ်ကြတဲ့ ဒီယာဉ်နှစ်စင်းလုံး sleep-mode အနေနဲ့ ၁၄ ရက်တာ ကာလကို ဖြတ်သန်းနေကြရတာပါ။ အာကာသအေဂျင်စီက ဗစ်ခ်ရန်နဲ့ ပရက်ဂ်ယန် ယာဉ်နှစ်ခုစလုံး သူတို့တည်ရှိရာ လဘက်ခြမ်းကို နေရောင်ကျရောက်မဲ့ စက်တင်ဘာ ၂၂ ရက်နေ့ကျရင် ပြန်လည် နိုးထ အသက်ဝင်လာမယ်လို့ မျှော်လင့်ထားပေမဲ့ အခုချိန်ထိ အချက်ပြစနစ်တွေ အသက်မဝင်သေးပါဘူးလို့ ဆိုပါတယ်။ ချန်ဒရာယန် – ၃ ဟာ မစ်ရှင်ဦးတည်ချက်အားလုံး ပြီးဆုံးသွားခဲ့တဲ့ အချိန်က စပြီး ISRO က ဒီယာဉ်တွေရဲ့ သက်တမ်းကို ဆွဲဆန့်လိုတာကြောင့် လုပ်ဆောင်မှုတွေနဲ့ စက်ကိရိယာတွေ အားလုံးကို လရဲ့နေဝင်ချိန်ကို မရောက်ခင် ကြိုတင် ပိတ်ချပြီး ယာဉ်တွေကို sleep mode သွင်းခဲ့တာပါ။ ဒီမစ်ရှင်က လူနာ ၁ ရက် – ကမ္ဘာ့ ၁၄ ရက်စာ ကာလတာ အလုပ်လုပ်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အာကာသအေဂျင်စီကတော့ ဒီမစ်ရှင်ရဲ့ ယာဉ်တွေ ရှိနေတဲ့ လတောင်ဝင်ရိုးစွန်းဘက်ခြမ်းကို နေရောင်ပြန်လည်ကျရောက်တဲ့အချိန် ဆိုလာစနစ်ကနေ အားပြန်သွင်းနိုင်ပြီး ယာဉ်တွေ ပြန်လည် အသက်ဝင်လာနိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဗစ်ခ်ရန်နဲ့ ပရက်ဂ်ရန်ရဲ့ အီလက်ထရောနစ်စနစ်တွေက အင်မတန်ပြင်းထန်ကြမ်းတမ်းတဲ့…
ကျွန်တော်တို့အားလုံးနီးပါး ကွမ်တမ်ရူပဗေဒ .. ကွမ်တမ် .. ကွမ်တမ်ကမ္ဘာ စတာတွေကို သေချာပေါက် ကြားဖူးကြပါလိမ့်မယ်။ ဒီစကားလုံးက ဟော်လီးဝုဒ် ဒါရိုက်တာတွေရဲ့ အကြိုက်ပါ။ သူတို့ရိုက်သမျှ Sci-fi ရုပ်ရှင်တွေ၊ Superhero ရုပ်ရှင်တွေမှာ ဒီ ကွမ်တမ်အယူအဆတွေကို ထည့်ရိုက်တတ်ကြပါတယ်၊ သေချာရှင်းပြနိုင်တာမျိုး မရှိတဲ့ ဖြစ်ရပ်အခြေအနေတစ်ခုကိုလဲ ကွမ်တမ်လို့ နာမည်ပေးတတ်ကြရိုးရှိပါတယ်။ ကွမ်တမ်ဆိုတဲ့ စကားလုံး တွင်တွင်သုံးရရင်ကို အဆင်ပြေနေကြပုံပါပဲ။ နောက် အပြိုင်စကြာဝဠာတွေ၊ အချိန်ခရီးသွားတာတွေလိုမျိုး အယူအဆတွေကလဲ အလားတူ ကပ်လျက် လိုက်ပါလာတတ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ မြန်မာလူငယ်တွေကြား အဲ့ဒီဝေါဟာရတွေက တနေ့ထက်တနေ့ ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတယ်လို့ ဆိုနိုင်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ သူတို့ ဆွေးနွေးနေကြတဲ့ အချိန်ခရီးသွားခြင်းက အိုင်းစတိုင်းရဲ့ ရလေတီဗတီဟုတ်မနေဘဲ လေဆိပ်မှာ ပေါ်လာတဲ့ အနာဂတ်က လာသူဆိုတာမျိုးတွေ ဖြစ်နေတာ၊ သူတို့ပြောနေကြတဲ့ အပြိုင်စကြာဝဠာဇာစ်မြစ်က ရှရိုးဒင်းဂါးရဲ့ ကြောင်စမ်းသပ်ချက် အခြေခံတဲ့ Superposition အကြောင်း မဟုတ်နေဘဲ ဘာမြူဒါတြိဂံဖြစ်နေတာပါ။ အချိန်တွေ ကြာမြင့်လာတော့ တကယ့်အစစ်အမှန် အယူအဆတွေကို ထဲထဲဝင်ဝင်လေ့လာလိုက်စားသူက နည်းလာတာလဲ ဝမ်းနည်းစရာပါပဲ။ ဒီနေ့တော့ ကွမ်တမ်ရူပဗေဒအကြောင်းကို တစ်ချက် ဆွေးနွေးကြည့်ကြပါမယ်။ ခေါင်းစဉ်အတိုင်း ကွမ်တမ်ရူပဗေဒကို ချဉ်းကပ်ကြည့်ကြပါမယ်။ အခြေခံဆန်တဲ့ဘက်ကနေ အပေါ်ယံ ချဉ်းကပ်ကြည့်ကြမှာပါ။ လူအများ ဖတ်ရ နားလည်လွယ်အောင်တော့ ဒီပညာရပ်ဆိုင်ရာ သဘောတရားနက်နက်နဲနဲတွေကို နားလည်လွယ်အောင် ရေးသားဖော်ပြပေးပါ့မယ်။ ရေးထားတာရှည်လို့ အပိုင်းသုံးပိုင်း ခွဲပြီး တင်ပေးပါ့မယ်။ ――――――― ကျွန်တော်တို့ နေ့စဉ် တွေ့ကြုံဖြတ်သန်းနေတဲ့ ကမ္ဘာကြီးက အင်မတန်ရိုးရှင်းပြီး ယုတ္တိကျပါတယ်။ ကားတစ်စီးဟာ…
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်နေရ၊ တွေ့နေရသမျှ အရာဝတ္ထုတွေက ဘာလို့ ဒြပ် (Mass) ရှိနေရတာလဲ ဆိုပြီး တွေးမိဖူးပါသလား။ အလင်းကို သယ်ဆောင်တဲ့ ဖိုတွန်တွေကရော ဘာလို့ ဒြပ်မဲ့ (Massless) ဖြစ်နေရတာလဲ။ အကယ်၍ စကြာဝဠာထဲမှာ ဘာဒြပ်မှ မရှိဘူးဆိုရင်ရော ဘယ်လိုဖြစ်မှာလဲ။ ဒီမေးခွန်းတွေ အကုန်လုံးက အခု ကျွန်တော်တို့ ဟစ်ဂ်ဘိုဆွန် လို့ သိထားတဲ့ ခပ်ဆန်းဆန်း အမှုန်ရဲ့ တည်ရှိမှုလမ်းကို ဦးတည်နေပါတယ်။ _______ ဟစ်ဂ် အတွေးအကြံ ――――――― ဇာတ်လမ်းစတာကတော့ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ပတ်ဝန်းကျင်လောက် ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအချိန်တုန်းက သိပ္ပံပညာရှင်တွေက Elementary Particle လို့ခေါ်တဲ့ အခြေခံအမှုန်တွေအကြောင်းကို လေ့လာနေတာပါ။ စကြာဝဠာအတွင်းက ဒြပ်တွေ စွမ်းအင်တွေကို ဖွဲ့စည်းထားတဲ့ အခြေခံအုတ်မြစ် .. အစအန ယူနစ်ကလေးတွေပေါ့။ ပညာရှင်တွေက အဲ့ဒီ အခြေခံအမှုန်လေးတွေကို လေ့လာပြီး အမျိုးအစားခွဲထုတ်တယ်၊ နောက် မော်ဒယ်တစ်ခုတည်ဆောက်ပြီး အဲ့ဒီ မော်ဒယ်ကိုတော့ ကျွန်တော်တို့က ‘Standard Model’ ဆိုပြီး သိကြပါတယ်။ အဲ့ဒီမော်ဒယ်မှာ အဓိက အမှုန်အမျိုးအစားက နှစ်မျိုး ရှိပါတယ်။ ဒြပ်တွေကို ဖြစ်စေတဲ့၊ ဒြပ်တွေကို ဖွဲ့စည်းထားတဲ့ – Matter particle တွေနဲ့ အားတွေ/စွမ်းအင်တွေကို သယ်ဆောင်တဲ့ Force carrier particle ဆိုပြီးပါ။ စကြာဝဠာထဲက ဒြပ်တွေ၊ စွမ်းအင်တွေ ဖြစ်တည်ဖို့အတွက် အဓိက တည်ဆောက်ပေးတဲ့ လက်သည်လို့ ခေါ်လို့ရနိုင်တဲ့…
လတ်တလော ဒေသတွင်းမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ ရောဂါတစ်မျိုး ရှိပါတယ်၊ မျက်စိနာခြင်းပါ။ မျက်စိနာခြင်းနဲ့ ပတ်သက်လို့ ဟိုးအရင်ကတည်းက နာမည်ကြီးတဲ့ အယူအဆတစ်ခုရှိပါတယ်၊ မျက်စိနာတဲ့ ရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးအကြည့်ခြင်းကနေ ကူးစက်နိုင်တယ်ဆိုတာပါ။ ဒီအယူအဆက မှန်ကန်ရဲ့လား၊ ပညာရှင်တွေက ဒါ အယူအဆကို အမှန်လို့ သတ်မှတ်ရဲ့လား၊ စတာတွေကို Fact Hub က အပတ်စဉ် မျှဝေနေကျ အချက်အလက် စစ်ဆေးတဲ့ ဆောင်းပါးအနေနဲ့ တင်ဆက်ပေးထားပါတယ်။ အဲ့ဒီ ယူဆချက်နဲ့ ပတ်သက်လို့ တန်းမပြောခင်မှာ မျက်စိနာခြင်းက ဘာလဲဆိုတာ အကြမ်းအားဖြင့် သိရှိထားဖို့ လိုအပ်ပါတယ်။ မျက်စိနာရောဂါဆိုတာ ဘာလဲ မျက်စိနာခြင်း/မျက်စိနာရောဂါဆိုတာကို မျက်ကြည်လွှာရောင်ရမ်းတယ်၊ မျက်စိဖိုးအလွှာရောင်တယ်၊ မျက်မြှေးရောင်တယ်၊ စသဖြင့် အသုံးအနှုန်း အမျိုးမျိုးနဲ့ ခေါ်ဝေါ်ပြောဆိုကြပါတယ်။ ဒီရောဂါက မျက်စိရဲ့ အပေါ်ယံနဲ့ မျက်လုံးအတွင်းသားကြား၊ မျက်ခွံလွှာအောက်မှာရှိတဲ့ အဖြူရောင် အလွှာ ရောင်ရမ်းတာပါ။ အင်္ဂလိပ်လို ဆိုရင်တော့ conjunctivitis လို့ ခေါ်ပြီးတော့ ကမ္ဘာနဲ့ တဝှမ်းက ကလေးသူငယ်တွေဆီမှာ အဓိက အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ မြန်မာနိုင်ငံတွင်းမှာလဲ အခု ရက်ပိုင်း ကျောင်းတွေနဲ့ ရပ်ကွက် ဒေသတွင်းမှာ ဒီ မျက်စိနာတာတွေ အဖြစ်များနေကြပါတယ်။ မျက်စိနာခြင်းက ဖြစ်စေတဲ့ အကြောင်းအရာအပေါ် မူတည်ပြီး အမျိုးအစားကွဲတွေရှိကြပါတယ်။ အဖြစ်များတာကတော့ ဗိုင်းရပ်စ်၊ ကလက်မိုင်းဒီးယားလို ဘက်တီးရီးယားတွေနဲ့ ဓာတ်မတည့်တာတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရောင်ရမ်းတတ်ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသလိုမျိုး ဖုန်ထူ ခြောက်သွေ့တဲ့ဒေသတွေမှာ အဖြစ်များတတ်သလို ရာသီတုပ်ကွေးနဲ့…
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းက သွေးတွေက အနီရောင်ရှိပါတယ်၊ ဒါပေမဲ့ သွေးကြောတွေကတော့ အစိမ်းရောင်၊ တချို့ဆို စိမ်းပြာရောင်နဲ့ အပြာရောင် အသီးသီး ရှိကြပါတယ်၊ အဲ့တာက ဘာကြောင့်ပါလဲ။ တချို့က ခန္ဓာကိုယ်ထဲက သွေးတွေက သွေးပြန်ကြောထဲမှာတော့ အစိမ်း/အပြာ ရောင်ဖြစ်ပြီး သွေးလွှတ်ကြောတွေထဲမှာတော့ နီပါတယ်ဆိုပြီး ပြောကြပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ လက်တွေ၊ ခြေထောက်တွေမှာရှိတဲ့ သွေးကြောတွေက အစိမ်း/အပြာ ဖြစ်နေရတာဆိုပြီးပါ။ တချို့ကလဲ ခန္ဓာကိုယ်တွင်းမှာ အောက်စီဂျင်ဓာတ်နည်းတဲ့ သွေးတွေက စိမ်း/ပြာကြတယ်၊ အောက်စီဂျင်ဓာတ်ပြည့်ပြည့်ဝဝ ပါရှိတဲ့ သွေးတွေကတော့ နီကြတယ်ဆိုပြီး ပြောကြပါတယ်။ ဒါတွေက မှန်ရဲ့လား။ အယူအဆမှားတွေပါ၊ သွေးနီဉထဲက အောက်စီဂျင်တွေကို သယ်ဆောင်တဲ့ ပရိုတိန်း ဟီမိုဂလိုဘင် (hemoglobin) ရဲ့ မော်လီကျူးတွေထဲမှာ အိုင်းရွန်းအက်တမ် လေးလုံး ပါဝင်ပါတယ်၊ အဲ့ဒါက အောက်စီဂျင်နဲ့ ထိတွေ့တဲ့အခါ သွေးတွေကို အနီရောင် ဖြစ်စေတာပါ။ ကိုယ်တွင်းသွေးတွေရဲ့ အရောင် အနု အရင့်ကတော့ ပါဝင်တဲ့ အောက်စီဂျင် ပမာဏ အပေါ် မူတည်ပါတယ်၊ ဒါပေမဲ့ အပြာရောင်တို့ အစိမ်းရောင်တို့ ဖြစ်တဲ့ အခြေအနေတော့ မရှိပါ။ ______________ ဒါဆို သွေးက အနီရောင်ပေမဲ့ သွေးကြောတွေက ဘာလို့ စိမ်းနေရတာပါလဲ။ အကြောင်းကတော့ ကျွန်တော်တို့ရဲ့ အရေပြားကနေပြီး အလင်းရောင်စဉ်တွေကို စုပ်ယူပြီး ရောင်ပြန်ဟပ် ဖြာထွက်တာနဲ့ ဆိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ မြင်နိုင်စွမ်းရှိတဲ့ – Visible light – အလင်းဖြူတန်းမှာ သက်တံ့ထဲက အလင်းရောင်စဉ်တွေ အားလုံး…
လွန်ခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က လရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်နိုင်ခဲ့တဲ့ အိန္ဒိယရဲ့ ချန်ဒရာယန် ၃ အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်မှာရှိတဲ့ ငလျင်ကို အာရုံခံတွေ့ရှိခဲ့ပြီး မစ်ရှင်အတွင်းမှာ ပထမဆုံး မှတ်တမ်းတစ်ခုကို တင်ခဲ့ပါတယ်။ လဆင်းယာဉ်ရဲ့ ရိုဗာ – ဗစ်ခ်ရန် (Vikram) မှာ တပ်ဆင်ထားတဲ့ လူနာမျက်နှာပြင်လှုပ်ရှားမှုခြေရာခံ ကိရိယာ (Instrument for Lunar Seismic Activity (ILSA)) ကနေပြီး ငလျင်ဖြစ်နိုင်ချေရှိတဲ့ ပထမဆုံးအထောက်အထားတစ်ခု တွေ့ရှိခဲ့တာဖြစ်ပါတယ်။ နာဆာရဲ့ ၁၉၇၀ က အပိုလိုမစ်ရှင်အပြီး နှစ်ငါးဆယ်အကြာမှာ ပထမဆုံး အကြိမ် တွေ့ရှိခဲ့တဲ့ မှတ်တမ်းတစ်ခုဖြစ်ပြီး အာကာသအေဂျင်စီဘက်ကနေပြီး ငလျင်ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် အိန္ဒိယတို့အနေနဲ့ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းကို ပထမဆုံး ဆင်းသက်နိုင်တဲ့ နိုင်ငံအပြင် နောက်ထပ် record တစ်ခုကိုပါ ထပ်စံချိန်တင်ဦးမှာပါ။ လပေါ် ဆင်းအပြီး သုံးရက် အကြာ ဩဂုတ် ၂၆ ရက်နေ့က ရိုဗာမှာ တပ်ဆင်ထားတဲ့ ခြေရာခံကိရိယာကနေပြီး သဘာဝအခြေအနေကြောင့် မြေမျက်နှာပြင်တုန်ခါနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်ဆိုပြီး အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း (ISRO) က X (ယခင်တွစ်တာ) ပေါ်မှာ ထုတ်ပြန်ခဲ့တာပါ။ အခြေအနေကို စူးစမ်းလေ့လာနေတုန်းဖြစ်တယ်လို့လဲ ပူးတွဲဖော်ပြထားပါသေးတယ်။ ကမ္ဘာမဟုတ်တဲ့ နောက်ထပ် မြေသားတစ်နေရာက လှုပ်ခါတုန်ခတ်နေတာကို မှတ်တမ်းရရှိထားတာက လွန်ခဲ့တဲ့ ၁၉၆၉ နဲ့ ၁၉၇၇ ခုနှစ် ကာလတွေကြားက အပိုလိုပရိုဂရမ်တွေကနေ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ ဒီမှတ်တမ်းတွေ အပေါ်…
ကြယ်တာရာကြီးတွေ၊ နေအဖွဲ့အစည်းတွေအားလုံးဟာ တူညီတဲ့ပုံစံတစ်ခုတည်းကနေ မွေးဖွားလာခဲ့ကြပေမယ့် အန္တိမအဆုံးသတ်တွေကတော့ ကွဲပြားလှပါတယ်။ ဒြပ်ထုသေးသေး၊ ထွန်းလင်းတောက်ပမှုနည်းနည်းနဲ့ ဖုသျှနက္ခတ် (Canis Major) က Sirius B လို ကြယ်တွေကနေ အင်မတန်ပြင်းထန်တဲ့ မျက်နှာပြင်အပူချိန်၊ အလင်းထုတ်လွှတ်မှုနဲ့ ဧရာမဒြပ်ထုနဲ့ တည်ရှိနေတဲ့ မောင်ရင်ဆိုင်ထမ်းနက္ခတ် (Orion Belt) က Betelgeure လို ကြယ်ဘီလူးကြီးတွေအထိ မတူကွဲပြားတဲ့ သေဆုံးပုံတွေနဲ့ တည်ရှိနေပါတယ်။ ကြယ်တွေကို ဒြပ်ထု၊ မျက်နှာပြင်အပူချိန်နဲ့ အလင်းထုတ်လွှတ်မှုနှုန်းတွေလို သူတို့ရဲ့ အသွင်လက္ခဏာတွေနဲ့ အမျိုးအစားခွဲလေ့ရှိပါတယ်။ ကြယ်တွေရဲ့ သေဆုံးပုံကလည်း အဲ့ဒီအမျိုးအစားတွေအလိုက် အမျိုးမျိုးကွဲကြပါတယ်။ ဒြပ်ထုအင်မတန်ကြီးမားတဲ့ ဧရာမကြယ်ကြီးတွေဆိုရင် မွေးဖွားပြီးပြီးချင်း နှစ်သန်းအနည်းငယ်အတွင်း စူပါနိုဗာအဖြစ်နဲ့ ပေါက်ကွဲသေဆုံးကြသလို ကြယ်နီပုလို ဒြပ်ထုအားဖြင့် သေးငယ်ပြီး လောင်ကျွမ်းမှုနှုန်း အင်မတန်နည်းပါးတဲ့ ကြယ်တွေဆိုရင်တော့ မွေးဖွားလာချိန်ကနေစလို့ နှစ်ပေါင်း ဘီလျံချီ.. ထရီလီယံချီကြာတဲ့အထိ အချိန်အကြာကြီး တည်ရှိနေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြယ်တွေအကုန်လုံးဟာတော့ မိမိကိုယ်ပိုင်သေဆုံးခြင်းတစ်ခုစီနဲ့ တည်ရှိကြစမြဲပါပဲ။ စူပါနိုဗာပေါက်ကွဲနေပုံ (Image : Space) ကြယ်တွေကို သူတို့ရဲ့ မျက်နှာပြင်အပူချိန်အပေါ်မူတည်ပြီး O B A F G K M ဆိုတဲ့ မေဂျာ ၇ ခုနဲ့ အမျိုးအစားသတ်မှတ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက် .. အပူဆုံးကနေ အအေးဆုံးဆိုပြီး ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကြယ်တွေရဲ့ ထွန်းလင်းတောက်ပမှုပမာဏ (Luminosity) အပေါ်မူတည်ပြီး အမျိုးအစား ၉ မျိုး ထပ်ခွဲပါတယ်။ ဂျူပီတာဂြိုဟ်ထက် အဆနည်းနည်းပိုကြီးပြီးတော့…
အချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို မှန်၊ မမှန် ဘယ်လိုစစ်ဆေးနိုင်မလဲ။ How to fact check? ________________ ၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်စီးဆင်းမှုနှုန်းတွေက အင်မတန် မြန်ဆန်လာပါတယ်၊ ကျွန်တော်တို့အနေနဲ့ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာတစ်ဖက်ခြမ်းက သတင်းတစ်ခုကိုတောင် စက္ကန့်မလပ်သိရှိနိုင်နေတာက လက်ရှိ ဒစ်ဂျစ်တယ်ခေတ်ရဲ့ အင်မတန်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတစ်ခုပါ။ Freely information flow ရှိလာတာနဲ့အမှျ၊ သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်လာတာနဲ့အမျှ အချက်အလက်မှား၊ သတင်းအမှားနဲ့ အကြောင်းအရာမှားတွေ ပျံ့နှံ့မှုနှုန်းကလဲ အင်မတန်များပြားလာပါတယ်။ ဒီအချက်အလက်မှားတွေ၊ သတင်းအမှားတွေ၊ နားလည်မှုလွဲစေနိုင်တဲ့ အကြောင်းအရာတွေက ဖတ်ရှုသူလူအများရဲ့ အသိပညာပိုင်းကို အဆိပ်ခတ်နိုင်တဲ့ အရာတွေဖြစ်တာမလို့ အကြောင်းအရာတိုင်းကို မိမိကိုယ်ပိုင်အသိဉာဏ်နဲ့ ချင့်ချိန်စဉ်းစားပြီးမှ ယုံကြည်သင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဒစ်ဂျစ်တယ်အသိပညာ ဖွံ့ဖြိုးမှု အားနည်းတဲ့ နိုင်ငံတွေမှာဆိုရင် စာဖတ်သူတွေအနေနဲ့ သတင်းအချက်အလက်မှားတွေကို ပိုလို့တောင် သတိမပြုမိကြပါဘူး။ တစ်ဖက်မှာလည်း Fact Checking အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဖြစ်လို့ အချက်အလက်မှား ဟုတ် မဟုတ်ကို အဆိုပါအဖွဲ့အစည်းတွေကတဆင့် သိရှိလာနိုင်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ်တွေ့သမျှ အကြောင်းအရာတွေ၊ သတင်းတွေက ဟုတ်၊ မဟုတ် .. မှန်၊ မမှန်ဆိုတာကို မိမိကိုယ်တိုင် အချိန်တိုအတွင်း စစ်ဆေးသိရှိနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့ အချက်အလက်စစ်ဆေးတဲ့သူတွေ အသုံးပြုတဲ့ Fact Checking နည်းလမ်းတွေထဲက တချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။ အချက်အလက်တွေအပြင် ဓာတ်ပုံ/ဗီဒီယိုစစ်ဆေးနိုင်တဲ့ စနစ်တွေပါ ထည့်ဖော်ပြပေးထားလို့ တစ်ပုံချင်းစီအောက် ဖတ်ရှုနိုင်ပါတယ်။…
ရုရှားအာကာသ အေဂျင်စီက လွှတ်တင်ထားတဲ့ လူမဲ့ လဆင်းယာဉ် လူနာ ၂၅ ဟာ သတ်မှတ် ပတ်လမ်း ချို့ယွင်းချက်ကြောင့် အထိန်းအချုပ်မဲ့တဲ့ အခြေအနေဖြစ်ပေါ်ခဲ့ပြီး လရဲ့ မျက်နှာပြင်ပေါ်ကို ပျက်ကျခဲ့တယ်လို့ သက်ဆိုင်ရာတွေက ပြောပါတယ်။ လူနာ ၂၅ ဟာ ရုရှားရဲ့ အာကာသ စူးစမ်းလေ့လာရေး ကော်ပိုရေးရှင်း Roscosmos က စီစဉ်ပြုလုပ်တဲ့ လဆင်းမစ်ရှင်ဖြစ်ပြီး လရဲ့ တောင်ဘက်ဝင်ရိုးစွန်းကို ပထမဆုံးအကြိမ်အနေနဲ့ ဆင်းသက်လေ့လာနိုင်ဖို့ ရည်ရွယ်ထားတာပါ။ အဆိုပါ လူမဲ့အာကာသယာဉ် လူနာ ၂၅ ဟာ သူ့ရဲ့ ပင်မပတ်လမ်းကြောင်းကနေ လကမ္ဘာပေါ်ကို မဆင်းသက်မီ ဆင်းသက် ပတ်လမ်းကြောင်းချိန်ညှိဖို့နဲ့ သတ်မှတ် အမြင့်ပေ/အမြန်နှုန်းကို တည်ငြိမ်စေဖို့ အကြိုဆင်းသက်တဲ့ ပတ်လမ်းထဲ ဝင်ရောက်နေစဉ် အချိန်အတွင်း ချို့ယွင်းမှုဖြစ်ခဲ့ပါတယ်။ မြေပြင် မစ်ရှင်ထိန်းချုပ်ရေး စင်တာနဲ့ လူနာ ၂၅ ဟာ မြန်မာစံတော်ချိန် စနေနေ့ ညနေ ခြောက်နာရီခွဲပတ်ဝန်းကျင်ကတည်းက အဆက်အသွယ်ပြတ်သွားတာဖြစ်ပြီး ဖြစ်ရပ်အပြီး ပဏာမတွေ့ရှိချက်တွေအရ လဆင်းယာဉ်ဟာ အကြိုပတ်လမ်းထဲ ဝင်ရောက်နေစဉ်အချိန်အတွင်းမှာပဲ မခန့်မှန်းထားတဲ့ ပတ်လမ်းအခြေအနေထဲကို ရောက်ရှိသွားပြီး အထိန်းအချုပ်မဲ့ ပျက်ကျသွားတာပါ။ လူနာ ၂၅ လဆင်းယာဉ်က လာမဲ့ ဩဂုတ်လ ၂၀ ရက် တနင်္လာနေ့မှာ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းဘက်ခြမ်းကို ဆင်းသက်ဖို့ စီစဉ်ထားတာပါ။ အဲ့ဒီဒေသက နေရောင်မရောက်လို့ အမြဲတမ်းအမှောင်ဖုံးနေပြီး ရေခဲတွေ၊ တန်ဖိုးကြီးဒြပ်စင်တွေရှိနိုင်တယ်လို့ ယူဆရတာကြောင့် ဆင်းသက်လေ့လာဖို့ ပြင်ဆင်နေတာပါ။ အမေရိကန်၊ ရုရှားတို့နဲ့ တရုတ်တို့ဟာ လကမ္ဘာရဲ့ မျက်နှာပြင်ဘက်ခြမ်းကို ဆင်းသက်ခဲ့ကြဖူးပေမဲ့…
ဒီနိုင်ငံမှာ သိပ္ပံကို အထင်သေးတဲ့ သူအတော်များပါတယ်၊ ဒါက နားမလည်တဲ့သူတွေရဲ့ အပြစ်လို့ ကျွန်တော်က မမြင်ပါဘူး။ ခေတ်အဆက်ဆက် ဖိနှိပ်ခံလာရတဲ့ နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် သိမှုအဆင့်အတန်းနိမ့်ပါးနေကြရတဲ့ အဖြစ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သိပ္ပံကို ကိုးတန်းမတိုင်ခင်အထိ ဘာသာရပ်တစ်ခုအနေနဲ့ အတန်းတိုင်းမှာ လေ့လာရပါတယ်၊ ခန့်မှန်းချေ ငါးတန်းလောက်က စလို့ သိပ္ပံဖတ်စာအုပ်ရဲ့ အဖွင့်အခန်းတိုင်းမှာ သိပ္ပံမိတ်ဆက်ခေါင်းစဉ်နဲ့ သိပ္ပံဆိုတာ ဘာလဲကစလို့ သိပ္ပံရဲ့ အလုပ်လုပ်ပုံကြောင်း၊ သိပ္ပံပညာရှင်တွေရဲ့ အလုပ်လုပ်ပုံအကြောင်း၊ သိပ္ပံနည်းနာတွေအကြောင်း .. ဒါတွေသင်ရပါတယ်။ ကျွန်တော့်ကျောင်းက ဆရာမတွေထဲက တချို့က အဲ့ဒီအခန်းကို ကျော်ပစ်ပါတယ်၊ တချို့ကလဲ သင်ပေမဲ့ အကြမ်းဖျင်းလောက် စာသင်ချိန် တစ်ချိန် ယူပြီး chapter တစ်ခု အပြတ်ဖြတ်သင်ပါတယ်၊ ကျွန်တော့်ကျောင်းက သူငယ်ချင်းအများစုကလဲ ဒီ Chapter ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ကိုတောင် မသတ်မှတ်တာပါ၊ အလှကြည့်ဖို့ ထည့်ပေးထားသလိုပါပဲ။ သူတို့မကြည့်ရတဲ့ အကြောင်းအရင်းကလဲ အဲ့ဒီအခန်းက စာတွေက စာမေးပွဲမှာမှ မေးလေ့မေးထမရှိတာကိုး၊ ဒါကြောင့် ဘယ်သူမှ အဖက်မလုပ်တာ မဆန်းပါဘူး။ အဲ့ဒီရဲ့ အကျိုးဆက်က ဒီဘက်ခေတ်မှာ အတော်ကို ပြင်းထန်ပါတယ်။ မြင်သာအောင်ပြောရရင် ‘မင်းတို့သိပ္ပံဆိုတာလဲ ခန့်မှန်းချက် သက်သက်ပါပဲ၊ သီအိုရီတွေကလဲ တစ်ချိန်ကျ မှားတာပဲ၊ မင်းတို့လဲ အတိအကျ မသိပါဘူး’ စသဖြင့် ဒီလိုပြောဆိုချက်တွေ များပြားလာရတဲ့ အကြောင်းအရင်းက သာမန်ကျောင်းစာတောင် မကျေခဲ့ရတဲ့ အဖြစ်ကြောင့် ဖြစ်ပါတယ်၊ နိုင်ငံရဲ့ ပညာရေးစနစ်က ဘယ်လောက်စုတ်ပဲ့နေပါစေ၊ သင်ရိုးကတော့…
လူသားတွေက မိမိဦးနှောက်ရဲ့ ၁၀% ကိုပဲ အသုံးပြုနိုင်တယ်ဆိုတဲ့ အကြောင်းအရာဟာ အချက်အလက်မှားတစ်ခုဖြစ်ပါတယ်
ယခုတပတ် fact check လုပ်ပေးချင်တဲ့ အကြောင်းအရာကတော့ လူသားတွေဟာ ဦးနှောက်ရဲ့ ၁၀% နှုန်းကိုပဲ အသုံးပြုနိုင်ပြီး ကျန် ၉၀% ကိုတော့ လက်တွေ့အသုံးပြုနိုင်ခြင်းမရှိဘူးဆိုတဲ့ အယူအဆမှား conspiracy theory တစ်ခုအကြောင်းကိုပါ။ ဒီသီအိုရီက သိပ္ပံတု၊ သိပ္ပံယောင်တွေထဲမှာ အတော်အတန်ထင်ရှားတာဖြစ်ပြီး သိပ္ပံကိုအခုမှစတင်လေ့လာတဲ့သူတွေအတွက် အယုံလွယ်နိုင်တဲ့ ဂျင်းထည့်မှုတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းအရာက ဘာလို့မှားတယ်ဆိုတာကို ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေနဲ့ neuroscience နယ်ပယ်ကနေ ချဉ်းကပ် ကြည့်ကြရအောင်ပါ။ အချက်အလက်စစ်ဆေးတဲ့နည်းနဲ့ စတင်ကြပါမယ်။ အချက်အလက်တစ်ခုကို ဟုတ်၊ မဟုတ် ကနဦးစစ်ဆေးတဲ့အခါမှာ အဲ့ဒီအကြောင်းအရာရဲ့ ရင်းမြစ်ကို လိုက်ရပါတယ်။ ဒီယုံတမ်းရဲ့ စတင်ရာနေရာကို လိုက်စစ်ဆေးကြည့်တဲ့အခါမှာလည်း ယုံကြည်ရတဲ့ရင်းမြစ်တွေကနေ ဖော်ပြထားတာမျိုးမရှိပါဘူး။ ပြည်တွင်းမှာ စတင်ပြန့်နှံ့တာကို သတိထားမိသလောက် ‘Lucy’ ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ကနေစတယ်လို့ ခန့်မှန်းရပါတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ concept အရတော့ လူတိုင်းက ဦးနှောက်ရဲ့ ၁၀% ကိုပဲ အသုံးပြုနိုင်တယ်၊ တဖြည်းဖြည်းနဲ့ ရာခိုင်နှုန်းတွေ တိုးတိုး သုံးလာရင်း ဉာဏ်ရည်မြင့်လာတယ်၊ ဉာဏ်အလင်းပွင့်လာတယ်ဆိုတဲ့ myth ကိုအခြေခံထားပါတယ်။ အဲ့ဒီအခါ ဒီရုပ်ရှင်ကနေ နာမည်စကြီးလာတဲ့ myth ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီလိုမျိုး ရုပ်ရှင်တွေကနေ မြစ်ဖျားခံပြီး နာမည်ကြီးလာတဲ့ အခြား သိပ္ပံတု၊ သိပ္ပံယောင်တွေကလည်း အရှေ့အရှေ့တွေမှာ အများကြီးရှိပါတယ်။ အခုခေတ်မှာ neuroscience နဲ့ neuroimaging နည်းပညာ၊ Brain Image technique တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ CT scan တွေ၊ fMRI…
Fact Hub ရဲ့ အပတ်စဉ် မျှဝေလေ့ရှိတဲ့ အချက်အလက်စစ်ဆေးမှု ဆောင်းပါးမှာတော့ တနေ့ ရေရှစ်ခွက် သောက်သင့်တယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်ခြင်း ရှိ/မရှိဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ဒီအကြောင်းအရာကို တစ်နည်း မဟုတ် တစ်နည်း၊ တစ်နေရာမဟုတ် တစ်နေရာမှာ သေချာပေါက်ကို ကြားဖူးကြပါလိမ့်မယ်။ ရေက ကျန်းမာရေးအတွက်၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် အကျိုးရှိတာဖြစ်လို့ တနေ့ကို ရေရှစ်ခွက် အနည်းဆုံး သောက်သင့်ကြောင်း၊ အဲ့လိုမှသာ ခန္ဓာကိုယ်တွင်းက ဇီဝလည်ပတ်မှု စနစ်တွေ ဟန်ချက်ညီညီဖြစ်နေမှာ ဖြစ်ကြောင်း၊ များများသောက်လေ ကျန်းမာရေး ကောင်းလေ ဖြစ်ကြောင်း စသဖြင့် အဆိုပြုချက်တွေက မနည်းမနောပါ။ ဘယ်လိုပဲ ပြောပြော ဒီယူဆချက်က ဆေးသိပ္ပံအမြင်အရ ကြည့်မယ်ဆိုရင်တော့ သိပ္ပံနည်းကျ သက်သေပြချက်မရှိဘဲ ယေဘုယျဆန်တဲ့ ယုံတမ်းအချက်အလက်မှား စာရင်းထဲ ပါဝင်ပါတယ်။ အဆိုပြုချက်တွေကို အပေါ်ယံကနေ တစ်ချက် အရင် စဉ်းစားကြည့်ရအောင်ပါ။ လက်ရှိ ဒီစာကို ရေးနေတဲ့ ကျွန်တော်က ခုံတစ်လုံးပေါ်မှာ သက်တောင့်သက်သာထိုင်ပြီးတော့ ရေးနေတာပါ။ အခုစာကို ဖတ်နေတဲ့ သူထဲမှာဆိုရင် အခုမှ အလုပ်တွေ မောကြီး ပန်းကြီး လုပ်တာ ပြီးလို့ အိမ်ပြန်ရောက်ပြီး နားနေတဲ့ သူတွေပါနိုင်သလို အခု ရုံးဆင်းလာတာဖြစ်လို့ အိမ်အပြန် ဘတ်စ်ကားကို စီးရင်း ဖတ်နေတဲ့ စာဖတ်သူတွေလဲ ပါနိုင်ပါတယ်၊ ဒါ့အပြင် အဲကွန်းခန်းထဲမှာ အေးအေးဆေးဆေး ဇိမ်နဲ့ ထိုင်ပြီး အင်တာနက် သုံးနေရင်း ဖတ်မိတဲ့ သူတွေလဲ ပါနိုင်တာပေါ့။…
ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့ဟာ ပင်နီဆလင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အလက်ဇန္ဒား ဖလင်းမင်းရဲ့ မွေးနေ့ပါ။ အလက်ဇန္ဒား ဖလင်းမင်းကို ကျွန်တော်တို့ အားလုံးရင်းနှီးကြပါတယ်။ ဆေးသိပ္ပံကို တဟုန်ထိုး တိုးတက်စေခဲ့တဲ့ အပြင် လူ့သက်တမ်းကိုပါ အများကြီး ဆွဲဆန့်ပေးနိုင်ခဲ့တဲ့ ပင်နီဆလင်ပဋိဇီဝဆေးကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူပါ။ အဏုဇီဝဗေဒပညာရှင် ဒေါက်တာ အလက်ဇန္ဒား ဖလင်းမင်းက စကော့တလန်နိုင်ငံသားပါ။ သူ့ကို စကော့တလန်ပြည်နယ် ကော့ဒ်ဖီလ်မြို့မှာ ၁၈၈၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တုန်းက မွေးဖွားခဲ့ပါတယ်။ ဖလင်းမင်းက ပထမကမ္ဘာစစ်အချိန်ကတည်းက စစ်ကြီးထဲ စစ်ဆရာဝန်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ဒဏ်ရာရနေတဲ့ စစ်သားတွေက ရောဂါပိုးဝင်တဲ့အတွက်ကြောင့်နဲ့ အရေအတွက် အများအပြားသေဆုံးကြရတာကို တွေ့ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ဒဏ်ရာတွေကို ကုသဖို့ အသုံးပြုတဲ့ ပိုးသတ်ဆေးတွေက ရောဂါပိုးတွေထက် ကိုယ်ခံအားစနစ်ကို ပိုထိခိုက်စေနေတာကြောင့် ဒဏ်ရာတွေက ပိုပိုဆိုးတဲ့ အခြေအနေကို ရောက်နေတာကို ဖလင်းမင်းက သတိထားမိခဲ့ပါတယ်။ ရောဂါပိုးသတ်ဆေးတွေက ဒဏ်ရာရဲ့အပေါ်ယံမျက်နှာက အနာတွေပျောက်ကင်းဖို့ အသုံးဝင်ပေမယ့် အတွင်းနက် ဒဏ်ရာတွေမှာတော့ လေမဲ့အခြေအနေကြောင့် ပေါက်ဖွားလာနိုင်တဲ့ ဘက်တီးရီးယားတွေကို ကောင်းကောင်းမသတ်နိုင်ပါဘူး။ ဒါကြောင့် သူ့အနေနဲ့ ကိုယ်တွင်းဆဲလ်တွေကို ထိခိုက်မှု နည်းပါးစေပြီးတော့ ဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေကို ချေမှုန်းနိုင်မယ့် ပဋိဇီဝဆေးဝါးတစ်ခု လိုအပ်ကြောင်း သိလာပါတယ်။ ၁၉၂၂ ခုနှစ်တုန်းက ဖလင်းမင်းက လန်ဒန်မှာရှိတဲ့ စိန့်မေရီဆေးရုံမှာ ဘက်တီးရီးယားကူးစက်မှုတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို ပြုလုပ်နေတာပါ။ တစ်ရက်ကျ သူ့ရဲ့ ဓာတ်ခွဲခန်းကို သန့်ရှင်းရေးလုပ်နေတုန်း သုတေသနတွေမှာ ဘက်တီးရီးယားတွေ ဖန်ဂိုင်း (မှို) တွေမွေးဖို့အတွက်…
နတ်ပွဲ၊ နဂါးပွဲတွေထဲ ဆိုင်းသံ၊ ဗုံသံကြားလိုက်တာနဲ့ လူအကောင်းကနေ ရုတ်တရက် အသိစိတ်လွတ်သွားပြီး မြေကြီးတွေမှာ လူးလှိမ့်ကုန်တာမျိုး၊ အစုလိုက် ထကကြတာမျိုး၊ တက်ကုန်တာမျိုး စတဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ အားလုံးကြားဖူးကြပါတယ်။ တချို့ကျတော့လည်း နေရင်းထိုင်ရင်း လူစိတ်ပျောက်ပြီး ပါးစပ်ကနေ မူမမှန်တဲ့ စကားတွေထွက်လာတာမျိုး၊ ထူးထူးဆန်းဆန်း အပြုအမူတွေနဲ့ အရူးသယောင်ဖြစ်ကုန်ကြတာမျိုးတွေကို ကြုံဖူးတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့မှာတော့ အဲ့ဒီဖြစ်ရပ်တွေကို နတ်ပူး၊ နဂါးပူးတယ်လို့ ခေါ်ဆိုကြပါတယ်။ ၂၁ ရာစု သိပ္ပံနဲ့ နည်းပညာခေတ်ထဲမှာ နတ်ပူးတာ၊ နဂါးပူးတာတွေနဲ့ ပတ်သက်လို့ အယုံအကြည်မရှိကြတော့တဲ့ သူတွေ အတော်များလာပါပြီ။ အဲ့ဒီထဲမှာ ခေတ်လူငယ်တွေလည်း အပါအဝင်ပါ။ အသိပညာအဆင့်အတန်း မြင့်မားလာတာနဲ့အမျှ ဝေဖန်ဆန်းစစ်မှုတွေ တိုးမြင့်လာတာ သဘာဝပါပဲ။ ဒါပေမဲ့ အသိပညာကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အရပ်ဒေသတွေ၊ ရိုးရာယုံကြည်မှု အစွဲကြီးလွန်းတဲ့ နေရာတွေမှာတော့ ဒီဖြစ်ရပ်တွေရဲ့ ရင်းမြစ်ကို သေချာမသိကြတာဖြစ်လို့ အယူစွဲ၊ အမှားလွဲတွေအဖြစ် ကျန်ရစ်နေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီ နတ်ပူး၊ နဂါးပူး၊ စုန်းပူ၊ သရဲပူးဖြစ်စဉ်အများစုကို ဆေးသိပ္ပံက ရှင်းပြထားတာတော့ ရှိပါတယ်။ Mass Hysteria (Mass psychogenic illness – MPI) နတ်ပူး၊ နဂါးပူးခေါင်းစဉ်အောက်က အဲ့ဒီဖြစ်စဉ်တွေက မြန်မာနိုင်ငံမှာတင် ဖြစ်တာမဟုတ်ဘဲ တခြားနိုင်ငံတွေမှာလည်း ဖြစ်ကြပါတယ်။ ရင်းမြစ်လိုက်ကြည့်တဲ့အခါကျတော့ Mass Hysteria အမည်ရ အစုလိုက်အပြုံလိုက် စိတ်ကစဉ့်ကလျားဖြစ်တဲ့ ရောဂါဖြစ်နေပါတယ်။ ဒီရောဂါကို collective hysteria လို့လည်း လူသိများပါတယ်။ အင်တာနက်ပေါ်…
နေ့အချိန် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ယံတစ်ခွင်လုံး အပြာရောင်လွှမ်းနေတာကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အဲ့ဒီကောင်းကင်ကြီး ဘာလို့ပြာနေရတာလဲဆိုတာကိုတော့ သိကြတဲ့သူ ခပ်နည်းနည်းပါ။ ကောင်းကင်ကြီး ပြာနေရတဲ့ အကြောင်းပြချက်ကို တချို့က ကမ္ဘာဂြိုဟ်ရဲ့ မျက်နှာပြင်အများစုက ရေတွေနဲ့ ဖုံးလွှမ်းထားလို့ အဲ့ဒီရေပြာတွေက ရောင်ပြန်ဟပ်ပြီး ကောင်းကင်ကို ပြာစေတယ်လို့ ပြောကြပါတယ်။ တကယ့်တကယ် ကောင်းကင်ကြီး ပြာရတဲ့အကြောင်းကတော့ သက်သက်ရှိပါတယ်။ ခပ်တိုတိုဖြေရရင် နေရောင်က ကမ္ဘာ့လေထုထဲ ဝင်လာပြီး လေထုထဲက အမှုန်တွေ၊ ဂတ်စ်ပါတစ်ကယ်တွေနဲ့ တိုက်မိလို့ အလင်းတန်းက အပြာရောင်စဉ်လှိုင်းက ဖြာထွက်ကုန်တာဖြစ်ပါတယ်။ သေချာ အခြခံဆန်ဆန် နားလည်နိုင်ဖို့ ဆက်ကြည့်ကြရအောင်ပါ။ အလင်းကနေ စကြပါမယ်။ အလင်းဆိုတာက ဖိုတွန်ပါတစ်ကယ်တွေကနေ သယ်ဆောင်ထားပြီး ရွေ့လျားတဲ့ အသေးဆုံး quantity လေးပါ။ ကျွန်တော်တို့က အလင်းလို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ မျက်စိထဲမှာ မြင်ရတဲ့ အလင်း၊ မြင်နိုင်စွမ်းရှိတဲ့ အလင်း ; Visible Light တွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ အလင်းမှာမှ လျှပ်စစ်သံလိုက်ရောင်ခြည်တချို့ (Electromagnectic Spetrum) တွေကိုတော့ အနီအပြာ အစိမ်း စတဲ့ ရောင်စဉ်လှိုင်းတွေ ရောင်ပြန်တာကနေ အရောင်တွေအနေနဲ့ မြင်ရပါတယ်။ အလင်းလှိုင်းတွေက အများကြီး ရှိပါတယ်။ ဂမ်မာရောင်ခြည်တွေ၊ အိတ်စ်ရေးရောင်ခြည်တွေ၊ ခရမ်းလွန်ရောင်ခြည်တွေ၊ မြင်နိုင်တဲ့အလင်းတွေ၊ အနီအောင်ရောင်ခြည်တွေနဲ့ နောက် ရေဒီယိုလှိုင်းတွေ ဒါတွေအကုန်ပါဝင်ပါယ်။ အလင်းလှိုင်းတွေက အမျိုးအစားအပေါ် မူတည်ပြီးတော့ လှိုင်းအလျားတွေနဲ့ ကြိမ်နှုန်းတွေ ကွဲပါတယ်။ အလင်းရောင်စဉ်တန်းတွေရဲ့ အလယ်မှာ ကျွန်တော်တို့ လူတွေမြင်ရတဲ့ visible light…
Water Memory လို့ခေါ်တဲ့ ရေမှာ မှတ်ဉာဏ်ရှိတယ်ဆိုတဲ့ ယုံတမ်းသိပ္ပံတုသီအိုရီတစ်ခုကို တော်တော်များများ သိကြပါတယ်။ အဲ့ဒီသီအိုရီရဲ့ အဆိုပြုချက်က ရေရဲ့မော်လီကျူးတွေဟာ ဖြတ်သန်းလာရတဲ့ ပုံရိပ်တွေကို မှတ်မိနိုင်စွမ်းရှိတယ်ဆိုတာပါ။ မြန်မာနိုင်ငံထဲမှာလည်း ဒီရက်ပိုင်းအတွင်း အဲ့ဒီရေမှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ တစ်ကျော့ပြန်ခေတ်စားလာလို့ Fact Hub ကနေပြီး အချက်အလက်စစ်ဆေးတဲ့ဆောင်းပါး ရေးသားမျှဝေလိုက်ရပါတယ်။ ဒီသီအိုရီက ယူဆချက်က ဒီလိုပါ။ ရေတွေရဲ့ မော်လီကျူးတွေက သူတို့စိမ့်ဝင်/ပျော်ဝင်သွားတာတွေကို ပုံရိပ်အဖြစ်နဲ့ မှတ်မိနိုင်ပါတယ်။ ရေထဲကို ပျော်ဝင်လာတဲ့အရာတွေ၊ ပျော်ဝင်ဖူးတာတွေကို ရေရဲ့မော်လီကျူးတွေက မှတ်မိနိုင်စွမ်းရှိပါတယ်လို့ အကြမ်းဖျင်းဆိုတာပါ။ ဒီသီအိုရီက ဟိုမီယိုပက်သစ် ; Homeopathic လို့ခေါ်တဲ့ ဆေးဝါးအစားထိုး ကုသနည်းတစ်ခုနဲ့လည်း တိုက်ရိုက်ချိတ်ဆက်နေပြီး ရေထဲကို ပျော်ဝင်လာတဲ့ ဒြပ်သတ္ထုတွေကို ရေရောပြီး အာနိသင်ဖျော့လိုက်ရင်တောင် ရေမော်လီကျူးတွေက အဲ့ဒီဒြပ်တွေကို မှတ်ဉာဏ်ထဲ သိမ်းဆည်းထားနိုင်တယ်လို့ ဆိုတာပါ၊ ပိုဆိုးတာက အဲ့ဒီရေထဲမှာ ပျော်ဝင်နေတဲ့ ဒြပ်နှောတွေကို ပြန်စစ်ထုတ်လိုက်တာမျိုး၊ ရေ ဒါမှမဟုတ် တခြား fluid (အရည်) တွေနဲ့ အာနိသင်လျော့အောင် ရောစပ်လိုက်လို့ မူလဒြပ်တွေ မကျန်တော့ရင်တောင် ရေက အဲ့ဒီဒြပ်တွေကို မှတ်မိနိုင်တယ်လို့ ဆိုတာပါ။ ဟိုမီယိုပက်သစ်ဆိုတာကလည်း လက်ရှိကျင့်သုံးနေတဲ့ ဆေးပညာတွေရဲ့ ဆန့်ကျင်ဘက် ပုံစံနဲ့ တည်ရှိတဲ့ ကုသနည်းတစ်ခုပါပဲ။ သူ့ရဲ့အလုပ်လုပ်ပုံက ရောဂါဖြစ်ရင် အဲ့ဒီရောဂါဖြစ်စေတဲ့ အရာက ရောဂါကို ပြန်ကုစားနိုင်တယ်ဆိုတဲ့ သဘောပါ။ “Like cures like” လို့ လူသိများပါတယ်။ သဘောက အခု စာဖတ်သူက ခေါင်းကိုက်နေတယ်၊ ကိုယ်က…
အချက်အလက်မှား သတိပြုရန် မကြာသေးခင်အချိန်က လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ အမေရိကန်ဥပဒေပြုလွှတ်တော် ကွန်ဂရက်ညီလာခံမှာ အမျိုးအမည်မသိ ပျံသန်းယာဉ် ; UFO တွေနဲ့ ကမ္ဘာဂြိုဟ်ပြင်ပသက်ရှိ ; ဂြိုဟ်သားတွေ တည်ရှိကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ပိုစ့်တစ်ခု အမည်မဖော်လိုတဲ့ စာမျက်နှာကနေတဆင့် မျှဝေထားတာကို Fact Hub က အချက်အလက် စစ်ဆေးခဲ့ပါတယ်။ ဖော်ပြချက်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Fact Hub – Fact Check အဖွဲ့ကနေပြီး access ရှိတဲ့ archive နဲ့ trusted citation တွေကို အသုံးပြုပြီး စစ်ဆေးခဲ့ရာမှာ အကြောင်းအရာအတွင်း သတင်းအမှားတချို့ ; false news၊ ယူဆချက်အမှားတချို့ ; fake assumption နဲ့ နားလည်မှုလွဲစေနိုင်တဲ့ ဖော်ပြချက်အမှားတချို့ကို တွေ့ရှိခဲ့ရပါတယ်။ ပါဝင်နေတဲ့ အချက်အလက်အမှားတချို့ကို သတိပြုနိုင်ဖို့ ဒီအကြောင်းအရာကို ရေးသားမျှဝေလိုက်ပါတယ်။ ဒီအကြောင်းအရာကို real-time အချက်အလက်ရယူနိုင်တာမျိုးမရှိတဲ့အတွက်ကြောင့် နိုင်ငံတကာသတင်းဌာနတွေဖြစ်တဲ့ Associated Press, BBC, Wired, Independent, CNN တို့က ဖော်ပြထားတဲ့ အချက်အလက်တွေကို အသေးစိတ်ဖတ်ရှုပြီး Global Archive Library တွေကတဆင့် ဒေတာတွေကို citation ရယူခဲ့ပါတယ်။ အဆိုပါအချက်အလက်တွေအရ အမေရိကန်ကွန်ဂယက်လွှတ်တော်ကနေပြီး ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်လို့ အတည်ပြုလိုက်တဲ့ အကြောင်းအရာ မရှိပါဘူး။ ဒေတာရယူထားတဲ့ ရင်းမြစ်ငါးခုရဲ့ ဖော်ပြချက် အသီးသီးကနေပြီး ဘုံတူညီတာတွေက ဒါတွေပါ။ အမေရိကန်ကွန်ဂရက်ကနေပြီး အမျိုးအမည်မသိ…
– လကမ္ဘာပေါ်သို့ ခြေချခြင်း (၅၄) နှစ်ပြည့် လူသားတွေဟာ ဘာဆိုဘာမှ မဟုတ်တဲ့ ဆဲလ်တစ်လုံးသက်ရှိလေးအဖြစ်ကနေ ကမ္ဘာပေါ်က ဉာဏ်ရည်အမြင့်ဆုံး သက်ရှိအဖြစ်ကို ဆင့်ကဲပြောင်းလဲလာခဲ့ကြတယ်။ ကျွန်တော်တို့လူသားတွေက ဘက်တီးရီးယားတွေ၊ ငါးတွေ၊ မျောက်တွေနဲ့ အမျိုးတော်ခဲ့ကြဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်သန်းလောက်တုန်းကစပြီး လူသားမျိုးနွယ်ရဲ့ အစ ဘိုးအေကြီးတွေက သူတို့ရဲ့ ခြေထောက်ပုတိုတိုလေးတွေကို ထောက်ရပ်ကြပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သန်းခွဲ သမိုင်းမတင်မီခေတ်လောက်ကတည်းက ကျွန်တော်တို့ ဟိုမိုဆေးပီးယန်းတွေက သဘာဝပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့ကြတယ်။ သူတို့က မရောက်ဖူးတဲ့ နေရာတွေဆီ သွားကြတယ်။ တိုက်ကြီးတွေ တစ်ခုနဲ့ တစ်ခု ဖြတ်ကျော်ပြီး နယ်ချဲ့ကြတယ်။ နေရာတစ်နေရာကို ရောက်ရင် အခြေတကျ စုစည်းနေထိုင်ကြတယ်၊ လူ့အဖွဲ့အစည်းတွေ ဖြစ်တည်ခဲ့ကြတယ်၊ ရှေးဟောင်းယဉ်ကျေးမှုတွေ စတင်ဖြစ်ပေါ်ခဲ့တယ်။ အဲ့ဒီနောက် သူတို့က ကျန်နေသေးတဲ့ နေရာတွေကို ဆက်လက်နယ်ချဲ့ကြတယ်။ ဟိုမိုဆေးပီးယန်းတွေက မြေကြီးပေါ်မှာ အလုပ်ရှုပ်ရတာ ကြာလာတော့ ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး စူးစမ်းလေ့လာခဲ့ကြတယ်။ နေဆိုတာ ဘာလဲ၊ လဆိုတာ ဘာလဲ၊ ကြယ်က ဘာ၊ ဂြိုဟ်ကဘာ .. စတာတွေကို သူတို့ခေတ် သူတို့အချိန်အခါအလိုက် သင့်တော်တဲ့အဖြေတွေ ရှာခဲ့ကြတယ်။ အဲ့ဒီလို စူးစမ်းလေ့လာမှုတွေကို အခြေခံလို့ လောကဓာတ်သိပ္ပံပညာ ပေါ်ပေါက်လာခဲ့တယ်။ ၁၄ ရာစုကနေ ၁၇ ရာစုနှစ်တွေကစပြီး လူသားတွေက အတော်ကြီးမားတဲ့ သိပ္ပံဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ၊ ရီနေးဆန့်တွေကို ကြုံတွေ့ခဲ့ရတယ်။ လူသားသမိုင်းအတွက် ကြီးမားတဲ့ အရွေ့တွေကို ဖော်ဆောင်နိုင်ပြီး ရာစုနှစ်အနည်းငယ်အတွင်းမှာပဲ ကမ္ဘာကြီးဟာ…
ပါလ်ဆာဖျူရှင်အမည်ရ ယူကေအခြေစိုက် အာကာသကုမ္ပဏီဟာ နျူကလီးယား ဖျူရှင် (fusion) စနစ်ကိုအသုံးပြုထားတဲ့ ဒုံးပျံအင်ဂျင်တစ်ခု တည်ဆောက်နေပြီး အဲ့ဒီအင်ဂျင်ဟာ နေရဲ့အပူချိန်ထက် ကျော်လွန်ခံနိုင်ရည်ရှိမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး ဖျူရှင်စွမ်းအင်သုံး ဒုံးပျံအင်ဂျင်ဖြစ်လာနိုင်ပြီး အဲ့ဒီအင်ဂျင်သုံး ဒုံးပျံဟာ တစ်နာရီကို မိုင်ငါးသိန်းကျော်တဲ့ နှုန်းနဲ့ အာကာတစ်ခွင် ခရီးနှင်နိုင်မှာ ဖြစ်ပါတယ်။ နျူကလီးယားဖျူရှင်နည်းပညာဟာ လက်ရှိအချိန် ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ စွမ်းအင်လိုအပ်ချက်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးကိစ္စတွေအတွက် ဖြေရှင်းနည်အဖြစ် သတ်မှတ်ခံထားရတဲ့ သန့်စင်စွမ်းအင်အမျိုးအစားတစ်ခုပါ။ ကမ္ဘာနဲ့တစ်ဝှမ်းက နျူကလီးယားစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတွေအကုန်လုံးဟာ စွမ်းအင်ထုတ်လုပ်တဲ့နေရာမှာ ဖစ်ရှင် (Fission) ကိုပဲ အဓိကထား အသုံးပြုနေကြတာပါ။ ဖစ်ရှင်ထက် စွမ်းအင်ထုတ်လုပ်မှု ပိုမိုများပြားပြီး ပိုမိုအားကောင်းတဲ့ ဖျူရှင်နည်းပညာကိုတော့ အနာဂတ်ရဲ့ နည်းပညာတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး လက်ရှိအချိန်ထိ စမ်းသပ်နေဆဲဖြစ်ပါတယ်။ ဖစ်ရှင်နဲ့ ဖျူရှင်အကြောင်း အသေးစိတ်ကိုတော့ ဒီ link လေးကတဆင့် ဖတ်ရှုနိုင်ပါတယ်။ Press to view သိပ္ပံပညာရှင်တွေကလည်း လွန်ခဲ့တဲ့နှစ်တွေက စပြီး နျူကလီးယားဖျူရှင်စနစ်နဲ့ လည်ပတ်နိုင်မယ့် ဓာတ်ပေါင်းဖိုတေွ စမ်းသပ်ဆောက်လုပ်နေပြီး အင်မတန်မြင့်မားတဲ့ အပူချိန်တွေကိုလည်း စံချိန်တင်ရရှိထားပါတယ်။ ဒါပေမဲ့ဖျူရှင်ကရတဲ့ စွမ်းအင်ကိုတော့ သေသေချာချာအသုံးပြုရတာမျိုး မရှိသေးပါဘူး။ ပါလ်ဆာဖျူရှင်ရဲ့ တည်ထောင်သူ၊ စီအီးအိုဖြစ်တဲ့ ရစ်ချက်ဒီနန်ကတော့ အာကာသစူးစမ်းလေ့လာရေးတွေအတွက် အသုံးပြုတဲ့ ဒုံးပျံတွေမှာ နျူကလီးယား ဖျူရှင်စွမ်းအင် အသုံးပြုဖို့ ကြိုးပမ်းနေသူတစ်ယောက်ပါ။ သူ့ကုမ္ပဏီဟာ လက်ရှိအချိန်မှာ ယူကေအာကာသအေဂျင်စီနဲ့အတူ ဖျူရှင်စွမ်းအင်သုံး ဒုံးပျံအင်ဂျင်တစ်ခု ပူးပေါင်းတည်ဆောက်နေပြီး အဲ့ဒီဒုံးပျံအင်ဂျင်ကို တပ်ဆင်အသုံးပြုတဲ့အချိန်မှာ သူ့ရဲ့ အပူချိန်ဟာ နေရဲ့အပူချိန်ကို ကျော်လွန်သွားမယ်လို့…
သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်းမိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလိုဘဲ ကိုယ်တိုင် မျိုးပွားနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်း မိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလို၊ အထီးရဲ့ သုက်ပိုးမလိုဘဲ တစ်ကောင်တည်း မျိုးပွားနိုင်တယ်လို့ National Geographic ရဲ့ science update ဖော်ပြချက်တစ်ခု အရသိရပါတယ်။ ဒီဖြစ်စဉ်ကို parthenogenesis လို့ ခေါ်ကြပြီး Virgin Birth လို့လည်း လူသိများပါတယ်။ Parthenogenesis ဆိုတာက မျိုးပွားနည်းတစ်မျိုးပါပဲ။ ဒီမျိုးပွားနည်းက များသောအားဖြင့် အပင်ငယ်လေးတွေ၊ ပုရွက်ဆိတ်၊ ဖြုတ်စိမ်း၊ နကျယ်ကောင်နဲ့ ပျား (မျိုးစိတ်အချို့) လို ကျောရိုးမဲ့သက်ရှိတွေ၊ အင်းဆက်တွေ၊ ခရပ်စတေးရှန်း (ဥပမာ – ခရင်းကောင်) တွေ အသုံးများပြီးတော့ ကျောရိုးရှိသတ္တဝါတချို့လည်း အဲ့ဒီနည်းနဲ့ မျိုးပွားကြတယ်။ ဒါပေမဲ့အရေအတွက်အားဖြင့်တော့ အတော်နည်းပါတယ်။ Virgin birth နည်းနဲ့ မျိုးပွားတဲ့ ကျောရိုးရှိသတ္တဝါတွေထဲမှာဆိုရင် Zebra Shark တွေ၊ မြွေတွေထဲမှာဆို ဆင်ပြစ်မြွေတွေ၊ Pit viper တွေ၊ မြွေပွေးမျိုးစိတ်တချို့နဲ့ ဖွတ်နဲ့ ပုတ်သင်၊ ဖွတ်တို့လို lizard အမျိုးအနွယ် တွားသွားသတ္တဝါတွေပါကြပါတယ်။ ငှက်ထဲမှာဆိုရင် မျိုးသုဉ်းခံနီး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ California condor ငှက်တွေဆို virgin birth နဲ့ မျိုးပွားကြတယ်။ တချို့ငှက်မျိုးစိတ်တွေမှာလည်း အထီးရဲ့ စွမ်းဆောင်မှုမပါဘဲနဲ့ အမကနေ မွေးတာမျိုးလည်းရှိတယ်။ အတော်များများက Virgin Birth ကို ကိုယ်တိုင်မျိုးအောင်တဲ့ ဖြစ်စဉ် (i.e…
အခုစာဖတ်နေတဲ့သူက ဘယ်နေရာ ဘယ်အရပ်ဒေသမှာနေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ပါလဲ။ ဘယ်နေရာမှာပဲနေနေ၊ ဘယ်လိုအရပ်ဒေသမှာပဲမွေးမွေး သင်နဲ့ အခုဒီစာကိုဖတ်နေတဲ့ နောက်တစ်ယောက်ဟာ မျိုးရိုးဗီဇ DNA ချင်း ၉၉ ရာခိုင်နှုန်းခန့်တူညီပါတယ်။ အဲ့ဒီတူညီမှုဟာ မြန်မာနိုင်ငံအတွင်းက ရန်ကုန်တိုင်းမှာမွေးတဲ့ တရုတ်လူမျိုးပဲဖြစ်ဖြစ်၊ ရှမ်းပြည်နယ်မှာနေတဲ့ အင်းသားပဲဖြစ်ဖြစ်၊ တနင်္သာရီဘက်က ဆလုံလူမျိုးအတွက်ပဲဖြစ်ဖြစ် မှန်ကန်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒါက ဒေသတစ်ခုအတွင်း၊ နိုင်ငံတစ်ခုအတွင်းက လူဦးရေအစုအဖွဲ့အတွက်ပဲ တူညီတာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူပေါင်း ရှစ်ဘီလျံထဲကနေပြီး ကြိုက်တဲ့လူနှစ်ယောက်ကို လက်ညိုးထိုးရွေးပါ။ သူတို့နှစ်ယောက်စလုံးရဲ့ DNA ဟာ တစ်ယောက်နဲ့တစ်ယောက် ၉၉ ရာခိုင်နှုန်းတူညီနေပါလိမ့်မယ်။ ၉၉ ရာခိုင်နှုန်းဆိုတာတောင်မှ မမှန်သေးပါဘူး။ ၉၉.၉ ရာခိုင်နှုန်းတူညီတယ်လို့ ပြောမှ အတိအကျမှန်မှာဖြစ်ပါတယ်။ ဒါဆိုရင် မေးစရာက ကမ္ဘာပေါ်မှာ အသားမည်းတဲ့သူလည်းရှိတယ်၊ အသားဖြူတဲ့လူလည်းရှိတယ်၊ အရပ်မြင့်တဲ့သူရှိသလို အရပ်နိမ့်တဲ့သူလည်းရှိတာပဲ၊ မျက်လုံးပြာတဲ့သူရှိသလိုမျိုး မျက်လုံးညိုတဲ့သူ၊ ဉာဏ်ရည်မြင့်သူရှိသလို ဉာဏ်ရည်နိမ့်သူ.. စသဖြင့် အသီးသီးရှိနေကြတာပဲ။ သူတို့အကုန်လုံးက ၉၉.၉ ရာခိုင်နှုန်းတူပြီး ၀.၁ ရာခိုင်နှုန်းလေးပဲ ကွာခြားတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲလို့ မေးချင်စရာပါ။ အဖြေကတော့ အဲ့ဒီ ကွဲပြားသွားတဲ့ ၀.၁ ရာခိုင်နှုန်းရဲ့ သက်ရောက်မှုက ကြီးမားတာကြောင့် ဖြစ်ပါလိမ့်မယ်။ DNA ဆိုတာ ဆဲလ်တွေရဲ့ နယူကလိယအတွင်းမှာ ရှိတဲ့ မော်လီကျူးလေးပေါ့။ သတ္တဝါတွေ၊ အပင်တွေနဲ့ အဏုဇီဝသက်ရှိတွေအကုန်လုံးရဲ့ ဆဲလ်အတွင်းမှာရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေပါဝင်တဲ့ မော်လီကျူးတွေပါ။ DNA က double helix လို့ ခေါ်ဝေါ်ကြတဲ့ ကြောင်လိမ်လှေကားသဏ္ဍာန် နှစ်ပင်လိမ် ပုံစံနဲ့ရှိကြတယ်။ အဲ့ဒီအပေါ်မှာ နယူကလီယိုတိုက်ဆိုတဲ့ အလုံးလေးတွေကို…
လက်ရှိ ဒီစာကိုဖတ်နေတဲ့ စာဖတ်သူ ဆယ်ယောက်ထဲက ကိုးယောက်လောက်ဟာ မိုးရွာနေတဲ့အချိန်မှာ မိုဘိုင်းဖုန်းတွေ၊ အခြားလျှပ်စစ်ပစ္စည်းတွေ အသုံးပြုတာကနေ လျှပ်စီးဝင်နိုင်တယ်၊ မိုးကြိုးပစ်ခံရနိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံထားကြပါတယ်။ ငယ်ငယ်က မိဘတွေ၊ လူကြီးတွေပြောလို့ပဲဖြစ်ဖြစ်၊ စာအုပ်တွေထဲ ဖတ်ရှု့ဖူးတာပဲဖြစ်ဖြစ် တော်တော်များများက အဲ့ဒီအတိုင်း မှတ်သားထားခဲ့ကြဖူးတာမျိုး ရှိပါလိမ့်မယ်။ ရေးတဲ့ကျွန်တော်လည်း တစ်ချိန်တုန်းက အဲ့ဒီအယူအဆနဲ့ ပတ်သက်လို့ လက်သင့်ခံခဲ့ပြီး မိုးအကြီးအကျယ်ရွာပြီဆိုတာနဲ့ သုံးနေတဲ့ဖုန်းတွေ၊ ကြည့်နေတဲ့တီဗီတွေအကုန်ပိတ်ပစ်ခဲ့တာမျိုးရှိပါတယ်။ နောက်ပိုင်း electromagnetism, eletronic ဘက်နဲ့ ပတ်သက်တဲ့ စာတော်တော်များများကို လိုက်လံလေ့လာပြီးတဲ့အချိန်ကျမှ ဒီအယူအဆဟာ အလွဲအမှားတစ်ခုဖြစ်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ ဒါက ဘာလို့လွဲမှားနေရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့ လျှပ်စီးတွေ၊ မိုးကြိုးတွေနဲ့ ပတ်သက်ပြီး နားလည်ထားဖို့ လိုအပ်ပါတယ်။ လျှပ်စီးလက်တယ်၊ မိုးကြိုးပစ်တယ်ဆိုတာက ကောင်းကင်ပေါ်မှာရှိတဲ့ တိမ်စိုင်တိမ်တိုက်တွေထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝအဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်က မိုးရွာနေတဲ့အချိန်၊ လျှပ်စီးမုန်တိုင်းတွေဖြစ်ပေါ်တဲ့အချိန်မှာ တိမ်တိုက်တွေအချင်းချင်း ဒါမှမဟုတ် တိမ်တိုက်ကနေ မြေပြင်ကို လျှပ်စစ်စီးဆင်းတဲ့အခါ ဖြစ်ပေါ်တဲ့ အလေ့အထတစ်ခုပါပဲ။ ငယ်ငယ်က သိပ္ပံမှာသင်ရတဲ့ ငွေ့ရည်ဖွဲ့ခြင်းအကြောင်းကို တစ်ချက်ပြန်တွေးကြည့်ရအောင်ပါ။ ကမ္ဘာ့မြေပြင်ပေါ်မှာရှိတဲ့ ရေတွေဟာ နေအပူချိန်ကြောင့် အငွေ့ပျံကြပါတယ်။ အဲ့ဒီရေခိုးရေငွေ့တွေကို ကမ္ဘာရဲ့ ground height နဲ့ ကပ်နေတဲ့ လေထုအောက်ပိုင်းက လေပူတွေက အပေါ်ကိုသယ်ဆောင်ပြီး အဲ့ဒီလေပူတွေဟာ အပေါ်ကိုရောက်တာနဲ့အမျှ အပူချိန်လျော့ကျလာပါတယ်။ အဲ့ဒီလေပူတွေက ဘယ်လောက်ပူလဲဆိုတဲ့ အပူချိန်အပေါ်မူတည်ပြီး ရေခိုးရေငွေ့တွေကို သယ်ဆောင်နိုင်ပါတယ်၊ ပိုပူရင် ပိုသယ်နိုင်တာပေါ့။ ပူရင်ပိုပွပြီး ပိုပေါ့တဲ့အတွက်ကြောင့် အပေါ်ကိုပိုတက်နိုင်ပြီးတော့ ရေခိုးရေငွေ့တွေကို သယ်လာတဲ့ အဲ့ဒီလေပူက သူနဲ့ကိုက်ညီတဲ့ အပူချိန်ရှိတဲ့…
ကြယ်တာရာကြီးတွေ၊ နေအဖွဲ့အစည်းတွေအားလုံးဟာ တူညီတဲ့ပုံစံတစ်ခုတည်းကနေ မွေးဖွားလာခဲ့ကြပေမယ့် အန္တိမအဆုံးသတ်တွေကတော့ ကွဲပြားလှပါတယ်။ ဒြပ်ထုသေးသေး၊ ထွန်းလင်းတောက်ပမှုနည်းနည်းနဲ့ ဖုသျှနက္ခတ် (Canis Major) က Sirius B လို ကြယ်တွေကနေ အင်မတန်ပြင်းထန်တဲ့ မျက်နှာပြင်အပူချိန်၊ အလင်းထုတ်လွှတ်မှုနဲ့ ဧရာမဒြပ်ထုနဲ့ တည်ရှိနေတဲ့ မောင်ရင်ဆိုင်ထမ်းနက္ခတ် (Orion Belt) က Betelgeure လို ကြယ်ဘီလူးကြီးတွေအထိ မတူကွဲပြားတဲ့ သေဆုံးပုံတွေနဲ့ တည်ရှိနေပါတယ်။ ကြယ်တွေကို ဒြပ်ထု၊ မျက်နှာပြင်အပူချိန်နဲ့ အလင်းထုတ်လွှတ်မှုနှုန်းတွေလို သူတို့ရဲ့ အသွင်လက္ခဏာတွေနဲ့ အမျိုးအစားခွဲလေ့ရှိပါတယ်။ ကြယ်တွေရဲ့ သေဆုံးပုံကလည်း အဲ့ဒီအမျိုးအစားတွေအလိုက် အမျိုးမျိုးကွဲကြပါတယ်။ ဒြပ်ထုအင်မတန်ကြီးမားတဲ့ ဧရာမကြယ်ကြီးတွေဆိုရင် မွေးဖွားပြီးပြီးချင်း နှစ်သန်းအနည်းငယ်အတွင်း စူပါနိုဗာအဖြစ်နဲ့ ပေါက်ကွဲသေဆုံးကြသလို ကြယ်နီပုလို ဒြပ်ထုအားဖြင့် သေးငယ်ပြီး လောင်ကျွမ်းမှုနှုန်း အင်မတန်နည်းပါးတဲ့ ကြယ်တွေဆိုရင်တော့ မွေးဖွားလာချိန်ကနေစလို့ နှစ်ပေါင်း ဘီလျံချီ.. ထရီလီယံချီကြာတဲ့အထိ အချိန်အကြာကြီး တည်ရှိနေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြယ်တွေအကုန်လုံးဟာတော့ မိမိကိုယ်ပိုင်သေဆုံးခြင်းတစ်ခုစီနဲ့ တည်ရှိကြစမြဲပါပဲ။ ကြယ်တွေကို သူတို့ရဲ့ မျက်နှာပြင်အပူချိန်အပေါ်မူတည်ပြီး O B A F G K M ဆိုတဲ့ မေဂျာ ၇ ခုနဲ့ အမျိုးအစားသတ်မှတ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက် .. အပူဆုံးကနေ အအေးဆုံးဆိုပြီး ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကြယ်တွေရဲ့ ထွန်းလင်းတောက်ပမှုပမာဏ (Luminosity) အပေါ်မူတည်ပြီး အမျိုးအစား ၉ မျိုး ထပ်ခွဲပါတယ်။ ဂျူပီတာဂြိုဟ်ထက် အဆနည်းနည်းပိုကြီးပြီးတော့ ဗဟိုမှာ fusion အခြေအနေဖြစ်ပေါ်နိုင်တဲ့ ဂြိုဟ်မမည်…
၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်မှားပျံ့နှံ့မှုတွေဟာ အင်မတန်များပြားလာပါပြီ။ ဒီအချက်အလက်မှားတွေနဲ့ နားလည်မှုလွဲစေနိုင်တဲ့ အကြောင်းအရာတွေက ဖတ်ရှုသူလူအများရဲ့ အသိပညာပိုင်းကို အဆိပ်ခတ်နိုင်တဲ့ အရာတွေဖြစ်တာမလို့ အကြောင်းအရာတိုင်းကို မိမိကိုယ်ပိုင်အသိဉာဏ်နဲ့ ချင့်ချိန်စဉ်းစားပြီးမှ ယုံကြည်သင့်ပါတယ်။ တစ်ဖက်မှာလည်း Fact Checking အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဖြစ်လို့ အချက်အလက်မှား ဟုတ်၊ မဟုတ်ကို အဆိုပါအဖွဲ့အစည်းတွေကတဆင့် သိရှိလာနိုင်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ်တွေ့သမျှ အကြောင်းအရာတွေ၊ သတင်းတွေက ဟုတ်၊ မဟုတ် .. မှန်၊ မမှန်ဆိုတာကို မိမိကိုယ်တိုင် အချိန်တိုအတွင်း စစ်ဆေးသိရှိနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့ အချက်အလက်စစ်ဆေးတဲ့သူတွေ အသုံးပြုတဲ့ Fact Checking နည်းလမ်းတွေထဲက တချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။ (၁) ရင်းမြစ်စစ်ဆေးပါ ပထမဆုံးအနေနဲ့ ကိုယ်ဖတ်လိုက်ရတဲ့ သတင်း၊ ကိုယ်ဖတ်လိုက်ရတဲ့ အကြောင်းအရာရဲ့ ရင်းမြစ်ကို လိုက်လံရှာဖွေရပါမယ်။ အဲ့ဒီအကြောင်းအရာရဲ့ မူလရင်းမြစ်က ဘယ်မီဒီယာက၊ ဘယ်ဝဘ်ဆိုက်က ဖော်ပြထားတာလဲ၊ သူ့ရဲ့ ရင်းမြစ်က ဘာလဲဆိုတာကို ကနဦးစစ်ဆေးရပါမယ်။ အကြောင်းအရာကို စတင်ဖြန့်ဖြူးတဲ့ ရင်းမြစ်က နာမည်ကြီး mainstream media တွေဖြစ်မယ်ဆိုရင် အချက်အလက်မှန်တယ်လို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ စစချင်း စစ်ဆေးတဲ့သူတွေအနေနဲ့တော့ ဘယ်မီဒီယာက ယုံရနိုင်တယ်၊ ဘယ်အဖွဲ့အစည်းကတော့ မှန်ကန်မှုရှိတယ်၊ reliable ဖြစ်တယ်ဆိုတာကို ခွဲခြားနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လိုက်စစ်ဆေးကြည့်တာ များလာရင်တော့ ကွဲကွဲပြားပြားသိလာနိုင်ပါလိမ့်မယ်။ နာမည်ရှိတဲ့ မီဒီယာမျိုးကမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီက ပျံ့လာတာမျိုး၊ လူစိတ်ဝင်စားမှုများအောင် ရေးသားထားတဲ့ ပုံစံမျိုး၊ နားလည်မှုလွဲစေနိုင်တဲ့ ရေးသားချက်မျိုး၊…
လွန်ခဲ့တဲ့ အပတ်က ရှေးတုန်းက လူတွေက အရွယ်အစားအားဖြင့် မကြီးမားဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ အချက်အလက်စစ်ဆေးတဲ့ ဆောင်းပါးတစ်ပုဒ် ကျွန်တော်တို့ မျှဝေခဲ့ပါတယ်။ တစ်ဆက်တည်းအနေနဲ့ အဲ့ဒီဆောင်းပါးရဲ့ အောက်မှာ ဝိုင်းပြုံပြီး ဆွေးနွေးကြတဲ့ အကြောင်းအရာက ရှေးတုန်းက လူတွေက ဒီဘက်ခေတ်လူတွေနဲ့ စာရင် ပိုလို့တောင် အသက်ရှည်တယ်ဆိုတဲ့ အကြောင်းအရာကိုပါ။ မယုတ်မလွန်ပြောရရင် ဟိုးတုန်းက လူတွေက ဒီနေ့ခေတ်လူတွေထက်စာရင် ပိုလို့တောင် အသက်တိုကြပါတယ်။ ငြင်းခုန်ချင်စရာဖြစ်တာကို သိပါတယ်၊ ဒါပေမဲ့ အခုတင်ပြမယ့် အချက်အလက်တွေကို တစ်ချက် ချိန်ထိုးစဉ်းစားပြီးမှသာ အပြုသဘောဆောင်တဲ့ဘက်က ဝင်ရောက်ဆွေးနွေးပေးဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့နိုင်ငံက ပြည်သူတွေ သတင်းအချက်အလက်နဲ့ နည်းပညာခေတ်မှာ ကြုံနေရတဲ့ ပြဿနာတစ်ခုရှိပါတယ်၊ အချက်အလက်မှားတွေဖြစ်ပါတယ်။ ငယ်စဉ်တောင်ကျေးကလေးဘဝတုန်းက လူကြီးတွေရဲ့ စကားဝိုင်းတွေမှာ ကြားဖူးနားဝရှိခဲ့တဲ့ အကြောင်းအရာတွေ၊ ယုံတမ်းတွေနဲ့ အချက်အလက်မှားတွေက ဒီနေ့ အင်တာနက်ခေတ်မှာတောင် မပျောက်မပျက်နိုင်ဘဲ စွဲထင်ကျန်ရစ်နေတာမျိုးတွေ ရှိပါတယ်၊ အရင်အချိန်က သိခဲ့တာတွေ မှန်တာ၊ မှားတာကို ပြန်လည်ဝေဖန်ဆန်းစစ်တာမျိုးမရှိဘဲ ကိုယ်သိထားတဲ့ အရာတွေကသာ အမှန်ဆိုတဲ့ ယုံမှားလွန်စိတ်အယူရဲ့ သက်ရောက်မှုကလည်း အတော်ကြီးမားပါတယ်၊ ကျွန်တော်အခုတင်ပြချင်တဲ့ အကြောင်းအရာတွေက စစ်တမ်းတွေ၊ သုတေသနတွေကို အခြေခံတာဖြစ်တဲ့အပြင် လက်တွေ့ဘဝမှာလည်း ကိုယ်တိုင်သိရှိနိုင်တဲ့ common sense တွေဖြစ်ပါတယ်။ အမှန်ကိုမျှဝေတာ ကျွန်တော်တို့ အပိုင်းဖြစ်လို့ လက်ခံခြင်း လက်မခံခြင်းက ဖတ်ရှုသူတွေနဲ့ သက်ဆိုင်ပါတယ်။ စကားဦးပါးချင်တာကတော့ အောက်မှာ ရေးထားတာတွေ ဆက်မဖတ်ခင် ကိုယ့်ခေါင်းထဲမှာ အယူတွေ၊ အစွဲတွေရှိနေမယ်ဆိုရင် ခဏဖျောက်ပြီး အစွဲကင်းကင်းဖြစ်တော့မှသာ ဆက်ဖတ်စေချင်ပါတယ်။ ____________________ – 1…
Popular News Journal က မေလ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ပုံပါသတင်းခေါင်းစဉ် “ကမ္ဘာမှာ နောက်ထပ် လ တစ်ခုရှိနေတယ်” ဆိုတဲ့ အကြောင်းအရာက ဖတ်ရှုသူများကို အထင်အမြင်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်မှားတစ်ခုဖြစ်ပါတယ်။ မတ် ၂၈ ရက်နေ့က သုတေသီတွေ စတင်တွေ့ရှိခဲ့တဲ့ 2023 FW 13 အမည်ရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက Quasi Moon အမျိုးအစားဝင် လနဲ့ ဆင်တူတဲ့ ပတ်လမ်းကြောင်းနဲ့ နေကို လှည့်ပတ်တဲ့ Space object ဖြစ်ပါတယ်။ ကမ္ဘာရဲ့ ဒုတိယ ‘လ’ မဟုတ်ပါ။ ကျွန်တော်တို့နေအဖွဲ့အစည်းထဲမှာ ရှိတဲ့ ဂြိုဟ်တိုင်းမှာ တစ်လုံးထက်ပိုတဲ့ ဂြိုဟ်ရံလတွေ ကိုယ်စီရှိကြပါတယ်။ မားစ်မှာဆိုရင် လနှစ်စင်း၊ ဂျူပီတာမှာ လ ၉၅ စင်း၊ စေတန်မှာ ၁၂၄ စင်း၊ ယူရေးနပ်စ်မှာ ၂၇ စင်း၊ နက်ပ်ကျွန်းမှာ ၁၄ စင်း စသဖြင့် အသီးသီးရှိကြတာပါ။ ဒီအရေအတွက်တွေကလည်း အမြဲလိုလိုပြောင်းလဲနေတတ်တာ ဖြစ်ပါတယ်၊ ဂြိုဟ်ရဲ့ ဆွဲငင်အားအပေါ် မူတည်ပြီး ဒြပ်ဆွဲအားပိုများတဲ့ ဂြိုဟ်တွေအနေနဲ့ အနားမှာရှိတဲ့ ဂြိုဟ်ရံလအရေအတွက် ပိုများတတ်ပါတယ်။ လကို ကမ္ဘာရဲ့ သဘာဝဂြိုဟ်တုဆိုပြီး တင်စားခေါ်ဝေါ်ကြပါတယ်၊ လက ကမ္ဘာကို ပတ်လမ်းကြောင်းနဲ့ လှည့်ပတ်နေပါတယ်၊ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အာကာသအပြင်ဘက်က အလည်လာတတ်တဲ့ ဂြိုဟ်သိမ်/ဂြိုဟ်မွှားတွေက ကမ္ဘာရဲ့ ဒြပ်ဆွဲစက်ကွင်းထဲကို ခဏတာဝင်ရောက်လှည့်ပတ်တာမျိုး ရှိပါတယ်။ အဲ့တာတွေကို Quasi Moon (ဂြိုဟ်ရံလသိမ်) လို့ ခေါ်ပါတယ်။…
ညအခါမှောင်မည်းနေတဲ့ ကောင်းကင်ထက်က လင်းလက်တောက်ပနေတဲ့ ကြယ်တာရာကြီးတွေကို လူတိုင်းလိုလိုမြင်တွေ့ဖူးကြမယ်ထင်ပါတယ်၊ အဲ့ဒီကြယ်တာရာကြီးတွေ ဘယ်လိုမွေးဖွားလာခဲ့လဲဆိုတဲ့ မေးခွန်းကိုလည်း တွေးမိဆမိကြမှာပါ၊ ကြယ်တွေမှမဟုတ် .. ကျွန်တော်တို့ လက်ရှိ နေထိုင်နေတဲ့ ကမ္ဘာကြီးလို ဂြိုဟ်တွေ ဘယ်လိုဖြစ်တည်လာခဲ့တာလဲဆိုတာကိုလည်း သိချင်ဖူးကြမယ်ထင်ပါတယ်၊ ဒီနေ့မှာ Fact Hub ရဲ့ ပုံမှန်တင်ဆက်နေကျ cosmoslogy ကဏ္ဍမှာ ကြယ်တွေ ဘယ်လိုမွေးခဲ့တာလဲ၊ ဂြိုဟ်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲဆိုတဲ့ ခေါင်းစဉ်နဲ့အတူ သဘာဝတရားကို လေ့လာကြည့်ကြရအောင်ပါ။ လွန်ခဲ့တဲ့ နှစ် ၁၃.၈ ဘီလျံခန့်မှာ မဟာပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး ဒြပ်နဲ့အချိန်ဟင်းလင်းပြင် တစ်ပြိုင်နက်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီကနေမှ စကြာဝဠာကြီး စတင်မွေးဖွားလာခဲ့ပြီးတော့ Big Bang အပြီး နှစ်သန်း ၁၀၀ ကနေ ၂၀၀ ကြားမှာ ကြယ်တွေ စတင်မွေးဖွားခဲ့ကြတယ်၊ အဲ့ဒီကနေမှ ကျွန်တော်တို့ solar system လို နေအဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့ကြတယ်။ Big Bang ပေါက်ကွဲမှုကြီးက အရာအားလုံးကို မွေးထုတ်ပေးခဲ့တယ်လို့ ပြောလို့ရနိုင်တယ် .. ကြယ်တာရာကြီးတွေ၊ ကြီးမားလှတဲ့ ဂလက်စီကလပ်စတာအစုအဝေးတွေ၊ နေအဖွဲ့အစည်းတွေ၊ ဂြိုဟ်တွေ .. ဒါတွေအကုန်လုံးရဲ့ မူလဘူတက Big Bang ကစတယ်လို့ ပြောလို့ရနိုင်ပါတယ်။ စကြာဝဠာကြီးက ရှင်သန်ရာဘဝသက်တမ်း အစောပိုင်းကာလမှာ အက်တမ်တွေအဖြစ် မစုဖွဲ့နိုင်သေးဘဲ အခြေခံအမှုန်တွေဖြစ်တဲ့ ကွာ့ခ် (Quark) တွေ၊ နယူထရီနို (Neutrino) တွေနဲ့ အီလက်ထရွန် (Electron) တွေ ရောပြွန်းပြန့်ကျဲနေတဲ့ ပလာစမာပင်လယ်ကြီးအဖြစ်နဲ့ တည်ရှိနေခဲ့တယ်။ အဲ့ဒီအချိန်ကာလက စကြာဝဠာပြင်ကြီးတစ်ခုလုံး အင်မတန်အပူချိန်မြင့်နေတာဖြစ်လို့ အက်တမ်မစုဖွဲ့နိုင်တဲ့…
ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေက သိပ္ပံနဲ့ ပတ်သက်လာရင် သိပ္ပံအသိ၊ သိပ္ပံပညာ အင်မတန်မှ ခေါင်းပါးလွန်းပါတယ်။ ဒီလိုပြောရတာက မသိရကောင်းလားဆိုပြီး ဝေဖန်ရှုံ့ချအပြစ်တင်လိုစိတ်နဲ့ ပြောရခြင်းမဟုတ်ပါ။ ခေတ်အဆက်ဆက်က လူတွေရဲ့ သိမှုအဆင့်အတန်းက ဟိုးး မွေးကင်းစကလေးကနေစလို့ အသက် ၈၀ အရွယ်ရှိ သက်ကြီးရွယ်အိုတွေအထိ ဘာသာရေး လွှမ်းမိုးမှုနဲ့ မလွတ်ကင်းနိုင်လို့လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ပညာရေးစနစ်နိမ့်ပါးတာရယ် ခေတ်အဆက်ဆက် သိမှုဘောင်ကို ကန့်သတ်ခံထားရပြီး ဘိုးစဉ်ဘောင်ဆက် ယုံကြည်ရာအတိုင်းကို ကိုယ်တိုင်ဝေဖန်ဆန်းစစ်မှုမရှိဘဲ မျက်စိမှိတ်စွတ်ယုံပြီး ဘောင်ထပ်ချဲ့ဖို့မကြိုးစားဘဲ ရှိရင်းစွဲအတိုင်း အမှန်တရားလို့ လက်ခံလိုက်တာမျိုးတွေကြောင့် ဘယ်လိုပဲ အမှန်တရားက ရှိနေပါစေ၊ မိမိထင်ရာသည်သာ မှန်ကန်တယ်ဆိုတဲ့ အယူစွဲလွန်တစ်မျိုးက ကပ်တွယ်နေခဲ့ရတာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလျံခန့်မှာ မဟာပေါက်ကွဲမှုကြီးကနေတဆင့် စကြာဝဠာစတင်တယ်၊ ပေါက်ကွဲမှုကနေ ထွက်လာတဲ့ ရောင်စဉ်လှိုင်းတွေကို ခြေရာခံပြီး စကြာဝဠာရဲ့ အစကို သိပ္ပံပညာက ခန့်မှန်းနိုင်ခဲ့တယ်။ ဓာတ်ငွေ့တိမ်တိုက်တွေထဲမှာ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေက ဒြပ်ဆွဲအားကြောင့် ဆွဲမိစုမိကြရင်း ကြယ်ကြီးတွေ ဖြစ်တည်လာတယ်။ ကြယ်တွေရဲ့ ဘေးနားက အကြွင်းအကျန်တွေ ဂြိုဟ်တွေအဖြစ် စုလုံးမိလာကြရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၅ ဘီလျံလောက်မှာ ကမ္ဘာဂြိုဟ်ပေါ် သက်ရှိတို့ရဲ့ ဦးဆုံး ဘိုးအေကြီးဖြစ်တဲ့ ဆဲလ်တစ်လုံးသက်ရှိ (Single celled organism) လေးတွေ စတင်ဖြစ်တည်လာခဲ့တယ်။ အဲ့ဒီ ဆဲလ်တစ်လုံးသက်ရှိလေးတွေက နှစ်ခြမ်းကွဲပြီး နောက်ထပ် ဆဲလ်တစ်လုံးသက်ရှိတွေအဖြစ်… အဲ့ကနေမှ ဆင့်ကာဆင့်ကာ ကွဲထွက်မျိုးပွားလာကြရင်း ဆဲလ်အချင်းချင်း ပေါင်းစည်းသွားကြရာကနေ တာဒီဂရိတ်လိုအကောင်တွေကနေစလို့ ဒိုင်နိုဆောတွေအလယ် ကျွန်တော်တို့ လူသားတွေ…
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာပဲဖြစ်ဖြစ်၊ သမိုင်းဆိုရင်လည်း မြန်မာ့သမိုင်းတွေထဲမှာပဲဖြစ်ဖြစ်၊ ဒဏ္ဍာရီလာဝတ္ထုတွေမှာပဲဖြစ်ဖြစ် ဟိုးအရင်ခေတ်တုန်းက လူတွေက အခုခေတ်လူတွေထက် အရွယ်အစားအားဖြင့် အများကြီးပိုကြီးကြတယ်။ အရပ်အမောင်းကလည်း ပိုရှည်သလို ခွန်အားဗလအားဖြင့်လည်း ကြီးမားကြတယ်။ မြန်မာ့သမိုင်းမှာဆိုရင်လည်း ကျန်စစ်သားတို့ ကနောင်မင်းသားကြီးတို့လို ရာဇဝင်တွင်တဲ့ သူရဲကောင်းတွေက ထန်းတစ်ရပ်အမြင့်နဲ့ ရန်သူတစ်ထောင်အားနဲ့ ညီမျှတဲ့ သန်မာမှုကို ပိုင်ဆိုင်ထားတယ်လို့ အမွှမ်းတင်ဖွဲ့ဆိုကြတာတွေကို တော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ မန္တလေးတောင်ပေါ်မှာရှိတဲ့ ကျန်စစ်သားရဲ့ ခြေရာဆိုရင်လည်း အင်မတန်ကြီးမားတယ်လို့ ဆိုကြပြန်ပါတယ်။ အဲ့နည်းတူပဲ ဘာသာရေးနဲ့ ဆိုရင်လည်း ဗုဒ္ဓဝင်တွေမှာ အဲ့ဒီအချိန်အခါက လူသားတွေက အခုခေတ်နဲ့စာရင် အရွယ်အစား အင်မတန်ကြီးမားကြတယ်၊ ဗုဒ္ဓရဲ့ ခြေရာတော်၊ စွယ်တော်တွေဆိုရင်လည်း အရွယ်အစားအားဖြင့် အင်မတန်ကြီးမားကြတယ်ဆိုပြီး ယနေ့ခေတ်မှာ ကိုးကွယ်ရာအဖြစ် ဘာသာရေးဆိုင်ရာ နေရာဌာနတွေမှာ ပြသထားတာကို တွေ့ရပါတယ်။ ကမ္ဘာဦးကျမ်းမှာဆိုရင်လည်း နီဖီလမ်လူ့ဘီလူးကြီးတွေဟာ “ဘုရားသခင်ရဲ့မျိုးဆက်” လို့ ဆိုထားပြီး သမ္မာကျမ်းစာရဲ့ ၁၃:၃၃ အရ လူဘီလူးကြီးတွေဟာ အာနက်ရဲ့မျိုးဆက်ဖြစ်ပြီး လူသားတွေနဲ့ယှဉ်ရင် အင်မတန်ကြီးမားကြတယ်လို့ ဆိုပါတယ်။ တမန်တော်အာဒမ်ရဲ့ ဂျွဗ္ဗာဟ်ဟာလည်း အင်မတန်ကြီးမားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာတွေအကုန်လုံး.. အကြမ်းဖျင်းအနေနဲ့ ရှေးတုန်းက လူသားတွေရဲ့ အရွယ်အစားက အခုခေတ်ထက်စာရင် ပိုကြီးမားတဲ့ အရွယ်အစားရှိတယ်ဆိုတဲ့ အကြောင်းအရာဟာ ‘အချက်အလက်မှား’ တစ်ခုသာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ မှားယွင်းချက်တွေအကုန်လုံးကို သိပ္ပံနည်းကျ သက်သေပြအတည်ပြုထားတာတွေ ရှိပါတယ်။ ဒီတစ်ပတ် Fact Hub ရဲ့ fact check ဆောင်းပါးအစီအစဉ်မှာတော့ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့အရာတွေကို ကျွန်တော်တို့…
မေး – Fission ဆိုတာဘာလဲဗျ။ ဖြေ – Fission ဆိုတာ နျူကလီးယားဓာတ်ပြုမှု (Nuclear reaction) အမျိုးအစားတွေထဲက တစ်ခုပဲ။ ဖစ်ရှင် ဒါမှမဟုတ် နျူကလီးယားပြိုကွဲခြင်းလို့ မြန်မာလို ခေါ်ကြတယ်။ မေး – ဒါဆို Fission က ဘယ်လိုအလုပ်လုပ်တာလဲမသိ။ ဖြေ – Fission ဆိုတာက အက်တမ်ရဲ့ ဗဟိုဝတ်ဆံ နျူးကလီးယပ်စ်ကို နောက်အက်တမ်တစ်လုံးက နျူထရွန်တိုက်ပြီး ဖြိုခွဲရင် စွမ်းအင်တစ်ခု ထွက်လာတယ်။ အခုခေတ် ဖွံ့ဖြိုးပြီးနိုင်ငံတွေက နျူကလီးယားဓာတ်ပေါင်းဖိုတွေကို တည်ပြီး ဖစ်ရှင်ဓာတ်ပြုမှုကရလာတဲ့ စွမ်းအင်ကနေတဆင့် လျှပ်စစ်ထုတ်လုပ်တယ်။ မေး – ဓာတ်ပေါင်းဖိုတွေကရော ဘယ်လိုအလုပ်လုပ်လဲဗျ၊ ဖစ်ရှင်ကို ရောဘယ်လိုသုံးတာလဲ။ ဖြေ – အဲ့ဒီဓာတ်ပေါင်းဖိုတွေက fission (နျူကလီးယားပြိုကွဲခြင်း) ဖြစ်စဉ်နဲ့ အလုပ်လုပ်ပြီးတော့ ယူရေနီယမ်ဒြပ်စင်ကို အဓိကထားပြီးသုံးတယ်။ ဘာလို့လဲဆိုတော့ ယူရေနီယမ်တို့ ပလူတိုနီယမ်တို့လို ဒြပ်စင်တွေက ဝတ်ဆံကြီးတယ်၊ အဲ့ဒီအခါကျ ဖစ်ရှင်ကိုဖြစ်ပေါ်စေနိုင်တယ်။ မြင်သာအောင်ပြောရရင် ဓာတ်ပေါင်းဖိုတွေမှာသုံးတဲ့ ယူရေနီယမ် ၂၃၅ အိုင်ဆိုတုပ် ဒြပ်စင်တွေက မတည်ငြိမ်တဲ့ အခြေအနေရှိတယ်။ အဲ့ဒီယူရေနီယမ်အက်တမ်တွေထဲမှာ နျူထရွန်တွေ အများကြီးပါဝင်တယ်။ နျူထရွန်တွေကို ကျည်ဆံလို့ မှတ်ပါ။ အဲ့ဒီကျည်ဆန်တွေက အရမ်းမြန်တဲ့ အရှိန်နဲ့ သွားနေပြီးတော့ တခြားယူရေနီယမ်အက်တမ်တွေထဲက ဝတ်ဆံကို ဝင်တိုက်မိရင် အက်တမ်ကပြိုကွဲပြီးတော့ စွမ်းအင်ထွက်တယ်၊ အဲ့တာဖစ်ရှင်။ ဓာတ်ပေါင်းဖိုအလုပ်လုပ်ပုံကတော့ ဒီမှာ ရေးထားတယ်။ မေး – အဲ့လိုပြိုကွဲမှုတွေ အများကြီးဖြစ်မှ စွမ်းအင်ထွက်မှာလား။ ဖြေ – ပြိုကွဲမှုက…
ဆိုရှယ်မီဒီယာအသုံးပြုခြင်းက ဆယ်ကျော်သက်အရွယ် လူငယ်တွေဆီမှာ စိုးရိမ်စိတ်လွန်ရောဂါနဲ့ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာနဲ့ ဆက်စပ်နေတယ်လို့ သုတေသနတွေကဆိုပါတယ်။ ကမ္ဘာတစ်ဖက်က သတင်းကို ဒီဘက်ကမ္ဘာခြမ်းကနေပြီး စက္ကန့်မလပ် သိရှိနိုင်လောက်အောင်ကို သတင်းအချက်အလက် လျင်လျင်မြန်မြန်စီးဆင်းနိုင်တဲ့ ဆိုရှယ်မီဒီယာက အသုံးဝင်တဲ့ကဏ္ဍတစ်ခုအနေနဲ့ ထိပ်ကနေ ရပ်တည်နေတာ ကြာပါပြီ။ တစ်ဖက်မှာလည်း ဆိုရှယ်မီဒီယာအလွန်အကျွံသုံးစွဲမှုက စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ထိခိုက်နိုင်တယ်ဆိုပြီး သုတေသနတွေက ဆိုလာပါတယ်။ လေ့လာမှုတစ်ခုအရ တစ်နေ့ကို နှစ်နာရီထက်ပိုပြီး ဆိုရှယ်မီဒီယာအသုံးပြုခြင်းက စိုးရိမ်လွန်စိတ်ရောဂါ (Anxiety) နဲ့ စိတ်ကျရောဂါ (Depression) တို့ ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာနဲ့ ဆက်စပ်လျက်ရှိတယ်လို့ ဆိုပါတယ်။ (Anxiety Disorder ဆောင်းပါးကို အောက်ဆုံးမှာ လင့်ခ်ထည့်ပေးထားပါတယ်။) ဆယ်ကျော်သက်အရွယ် လူငယ်တွေအနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ပိုသုံးလေ စိုးရိမ်စိတ်လွန်နဲ့ စိတ်ကျရောဂါတွေရဲ့ ရောဂါလက္ခဏာတွေ တစ်စတစ်စ ပေါ်လာတယ်လို့ အခြားသုတေသနတစ်ခုက ဆိုပြန်ပါတယ်။ ရင်းမြစ်ကတော့ Britannica ပါ။ ဆိုရှယ်မီဒီယာအသုံးပြုခြင်းကနေ စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာတွေ ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲက တစ်ခုက ဆိုရှယ်မီဒီယာအသုံးပြုတာကနေ Social comparison နဲ့ FOMO လို့ခေါ်တဲ့ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။။ Social comparison ဆိုတာက ဆိုရှယ်မီဒီယာအသုံးပြုတဲ့သူတော်တော်များများက အခြားအသုံးပြုသူတွေရဲ့ အခြေအနေတွေနဲ့ မိမိအခြေအနေတွေကို နှိုင်းယှဉ်လေ့ရှိတာကို ဆိုလိူပါတယ်။ ဥပမာအနေနဲ့ “သူကတော့ လှလိုက်တာ၊ ငါကကျ ဘာလို့ အဲ့လောက်မလှရတာလဲ”၊ “သူကတော့ ချမ်းသာလိုက်တာ၊ ငါကတော့ အဲ့လောက်မချမ်းသာဘူး” စသဖြင့် မိမိအခြေအနေနဲ့ တစ်ပါးသူရဲ့ အခြေအနေကို နှိုင်းယှဉ်တဲ့အခါ သိမ်ငယ်စေတဲ့၊ စိတ်ဓာတ်ကျစေတဲ့ အဖြစ်မျိုးကိုရောက်စေတာပါ။…
ပုရွက်ဆိတ်တွေက ရာသီဥတုအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတဲ့ အယူအဆတစ်ခုက ကျွန်တော်တို့နိုင်ငံမှာ အင်မတန်ရေပန်းစားပါတယ်။ ပုရွက်ဆိတ်တွေက မိုးရွာတာ၊ မုန်တိုင်းတိုက်တာလိုမျိုး ရာသီဥတုအပြောင်းအလဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်ပြီး အသိုက်အမြှုံပြောင်းရွေ့တာမျိုး၊ ဘေးလွတ်ရာပိုင်းကို ရွေ့ပြောင်းကြတာမျိုး စတဲ့ အပြုအမူတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ သက်သေပြချက်တွေ၊ လေ့လာမှုတွေနဲ့ သုတေသနတွေ ရှိရဲ့လားဆိုတာက မေးခွန်းထုတ်ချင်စရာပါ။ ဒီတစ်ခေါက် အချက်အလက်စစ်ဆေးတဲ့ ဆောင်းပါးမှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ နောက်ကွယ်က အမှန်တရားကို ကျွန်တော်တို့ အတူတူ ချဉ်းကပ်ကြည့်ကြရအောင်ပါ။ ပုရွက်ဆိတ်တွေက ရှုပ်ထွေးတဲ့ ကွန်ယက်ဖွဲ့စည်းပုံတွေ၊ ထူးခြားတဲ့ နေထိုင်မှု သဘာဝတွေနဲ့ ရှင်သန်ကျက်စားကြတဲ့ သက်ရှိတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့တွေက ရာသီဥတုအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ကြိုတင်ခန့်မှန်းသိရှိနိုင်တယ်ဆိုတဲ့ ယူဆချက်ကတော့ သိပ္ပံနည်းကျ သက်သေပြချက်မျိုး မရှိနေပါဘူး။ ယူဆချက်တော်တော်များများမှာ ပုရွက်ဆိတ်တွေက ရာသီဥတုအပြောင်းအလဲနဲ့ပတ်သက်လို့ ကြိုတင်တုံ့ပြန်တဲ့ အပြုအမူတွေရှိကြတယ်လို့ ဆိုပါတယ်။ သူတို့တွေက ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေ၊ မိုးတွေ၊ မုန်တိုင်းတွေနဲ့ အခြားသဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားခါနီးတိုင်း ပိုမိုတက်ကြွလာကြပြီးတော့ ဖြစ်လာမယ့်အရာအတွက် ကြိုတင်ပြင်ဆင်တတ်ကြတယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအပြုအမူတွေက ရာသီဥတုအပြောင်းအလဲကို ခန့်မှန်းနိုင်လို့ထက် တခြားအချက်တွေကြောင့် ပိုဖြစ်နိုင်ပါတယ်။ ပုရွက်ဆိတ်တွေက ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပေမယ့် အဲ့ဒီအဆိုပြုချက်ကို ထောက်ခံဖို့အတွက် သိပ္ပံနည်းကျ သုတေသနတွေ လုံလုံလောက်လောက်မရှိသေးပါဘူး။ လေ့လာမှုတော်တော်များများက ပုရွက်ဆိတ်တွေရဲ့ အပြုအမူတွေနဲ့ ရာသီဥတုအပေါ်လိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘာဝတွေအပေါ်မှာပဲ ရှိနေပြီးတော့ ပုရွက်ဆိတ်တွေနဲ့ ရာသီဥတုကိုခန့်မှန်းနိုင်တယ်ဆိုတဲ့ အကြောင်းအရာနဲ့…
လွန်ခဲ့တဲ့ ၃၇ ခုနှစ် .. ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ သမိုင်းမှာအဆိုးရွားဆုံးနဲ့ အကြီးမားဆုံး နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အဲ့ဒီဖြစ်ရပ်ကို နျူကလီးယား ကပ်ဘေးလို့တောင် တင်စားခေါ်ဝေါ်ရလောက်တဲ့ အထိ ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဆိုးက ဆိုဗီယက်ပြည်ထောင်စုပိုင် ယူကရိမ်းနိုင်ငံ ပရီပြာ့တ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာကျော် ချာနိုဘယ်ပေါက်ကွဲမှုပါပဲ။ ဒီပေါက်ကွဲမှုကြောင့် ဖြစ်စဉ်ပြီးပြီးချင်း နာရီပိုင်းကာလအတွင်းကနေ ရက်အနည်းငယ်အတွင်းမှာပဲ ပေါက်ကွဲမှုနဲ့ ပြင်းထန်တဲ့ ရေဒီယိုသတ္တိကြွအဆိပ်သင့်မှုတွေကြောင့် ဓာတ်ပေါင်းဖိုအလုပ်သမားတွေ၊ အနီးနားက မီးသတ်ဝန်ထမ်းတွေနဲ့ အခြားလုပ်သား စုစုပေါင်း အယောက် ၃၀ ကနေ ၅၀ ခန့်သေဆုံးခဲ့ပါတယ်။ နောက်ဆက်တွဲဆိုးကျိုတွေအနေနဲ့ ရေဒီယိုသတ္တိကြွမှုတွေက ယူကရိမ်းနိုင်ငံကနေ အိမ်နီးချင်းကပ်လျက် ဘယ်လာရုစ်စ်နိုင်ငံအပြင် ဉရောပတိုက်နိုင်ငံအချို့အထိပါ ပြန့်နှံ့ခဲ့ပါတယ်။ ရေဒီယိုသတ္တိအဆိပ်သင့်မှုကြောင့် ခန့်မှန်းချေ ပြည်သူ လေးထောင်ကနေ တစ်သိန်းခန့်ကြား သေဆုံးခဲ့ကြသလို ပြည်သူအယောက် နှစ်သိန်းခန့် ရေတာရှည်ရောဂါဝေဒနာတွေ ခံစားခဲ့ရပါတယ်။ (၃၁ ယောက်သေတယ်ဆိုတာ ဆိုဗီယက်ထုတ်ပြန်ချက်ပါ။) ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားရခြင်းရဲ့ နောက်ကွယ်မှာ လူသိပ်မသိတဲ့ အကြောင်းအရင်းတွေ အများကြီးပါဝင်ပါတယ်။ ဆိုရှယ်လစ်အစိုးရရဲ့ တစ်ပါတီ ကွန်မြူနစ် အာဏာရှင်စနစ်ကြောင့် မြစ်ဖျားခံလာစေတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ စစ်အေးတိုက်ပွဲကာလအတွင်း အင်အားကြီးနိုင်ငံ အချင်းချင်း အားပြိုင်ခဲ့ကြတဲ့ အခြေအနေတွေနဲ့ ဖြစ်တည်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေ၊ သတင်းအချက်အလက်လွတ်လပ်စွာ စီးဆင်းနိုင်မှု မရှိတာတွေအပြင်.. အဆိုးဆုံးက အမှန်တရားကို မျက်ကွယ်ပြုတာတွေ စတာတွေအကုန်လုံးဟာ ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားရခြင်းရဲ့ နောက်ကွယ်မှာ တည်ရှိလို့နေပါတယ်။ ဒါဆိုရင် ဒီ ချာနိုဘယ်ဓာတ်ပေါင်းဖိုက ဘယ်လို အကြောင်းအရင်းတွေကြောင့် ပေါက်ကွဲခဲ့ရတာလဲ၊…
ဒီအပတ် Fact Check ပေးချင်တဲ့ အကြောင်းအရာအနေနဲ့ တရုတ်ပြည်က လူလုပ်မဟာတံတိုင်းတစ်ခုတည်းကိုပဲ အာကာသကနေ မြင်ရနိုင်တယ်ဆိုတဲ့ အချက်အလက်မှားတစ်ခုအကြောင်းပါ။ ဒီ အကြောင်းအရာက နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ အချက်အလက်မှားတစ်ခုဖြစ်ပြီး အခုချိန်ထိ တော်တော်များများက ယုံနေကြဆဲပါပဲ။ ဒီအကြောင်းအရာကို ရုပ်ရှင်တွေ၊ စာအုပ်တွေနဲ့ တချို့နိုင်ငံတွေမှာဆို ပထဝီဘာသာရပ်ဖတ်စာအုပ်တွေမှာပါ ပြဋ္ဌာန်းထားတာပါ။ တချို့ဆိုရင် မဟာတံတိုင်းကို လကမ္ဘာပေါ်ကတောင် မြင်ရတယ်လို့ ဆိုကြပါတယ်။ ဘာလို့ဒီအချက်အလက်က မှားယွင်းရတယ်လို့ ပြောရလဲဆိုရင် အာကာသဆိုတာ အင်မတန်ကျယ်ပြောတာကြောင့် ဖြစ်ပါတယ်။ မိုးမျှော်တိုက်ကြီးတွေ၊ တံတားကြီးတွေလို အရွယ်အစားကြီးမားတဲ့အရာတွေကိုတောင် အာကာသထက်ကနေ အင်မတန်သေးငယ်တဲ့ အရွယ်အစားတစ်ခုအနေနဲ့ပဲ မြင်ရနိုင်တာပါ။ ဂြိုဟ်တုတွေ အများကြီးလည်ပတ်နေတဲ့ ကမ္ဘာ့ပတ်လမ်းအနိမ့်ပိုင်းကနေတောင် အဲ့ဒီအရာတွေကို မြင်ရနိုင်ဖို့ ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုရင် ကမ္ဘာပေါ်က အင်မတန်ကြီးမားပါတယ်ဆိုတဲ့အရာတွေက ကမ္ဘာဂြိုဟ်လုံးကိုတောင် ချုံကြည့်နိုင်လောက်တဲ့ အာကာသထက်မှာဆိုရင် အသေးအမွှားထက်မပိုလို့ပါ။ အမြင့် ၁၀ မီတာဝန်းကျင် (ပျမ်းမျှ ပေ ၃၀) လောက်အမြင့်ပဲရှိတဲ့ မဟာတံတိုင်းတည်ရှိရာ ကမ္ဘာကို အပြာရောင်အလုံးတစ်လုံးအနေနဲ့ မြင်ရတဲ့ အမြင့် ကီလိုမီတာ ၃၀ လောက်က အာကာသထက်မှာ လူ့မျက်လုံးနဲ့ ပလိန်းမြင်ရနိုင်ဖို့ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာ တွေးမြင်ကြည့်နိုင်ပါတယ်။ ဂြိုဟ်တုတွေကနေဆိုရင်တော့ လွယ်လွယ်ကူကူမြင်ရနိုင်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက အမေရိကန်အာကာသယာဉ်မှူး လီရွိုင်းရှိုင်ရိုက နိုင်ငံတကာအာကာသစခန်းပေါ်ကနေပြီး တရုတ်မဟာတံတိုင်းကို ၁၈၀ မီလီမီတာ မှန်ဘီလူးတပ်ဒစ်ဂျစ်တယ် ကင်မရာနဲ့ ပထမဆုံး မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက သူ့မျက်စိနဲ့ ဒီတိုင်းကြည့်တာတော့ မမြင်ရဘူးလို့ ဆိုပါတယ်။ ဂြိုဟ်တုတွေကနေဆိုရင်တော့ လွယ်လွယ်ကူကူမြင်ရနိုင်ပါတယ်။ အဲ့ဒီအထဲကမှ တရုတ်ပြည်က မဟာတံတိုင်းကြီးက အာကာသထဲကနေ…
လူသန်းချီနေထိုင်တဲ့ မြို့ကြီးတွေကို မီးခိုး မီးလုံး တစ်ခုမတောက်ဘဲ လျှပ်စစ်စွမ်းအင်အလုံအလောက်ပေးနိုင်တဲ့ Nuclear Energy အကြောင်း အတွင်းကျကျ နားလည်ထားပါသလား? .. နျူကလီးယားဓာတ်ပေါင်းဖိုတွေအကြောင်းရော? .. အဲ့တာတွေက ဘယ်လိုအလုပ်လုပ်တာ?.. ကိုယ်က အပေါ်က အကြောင်းအရာတွေနဲ့ ပတ်သက်လို့ လုံလောက်တဲ့ အသိပညာရှိထားရင် ဒီပိုစ့်ကို ကျော်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆောင်းပါးမှာက နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး Powerplant တွေနဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ အလုပ်လုပ်ပုံကို အခြေခံဆန်ဆန်ချဉ်းကပ်ကြည့်ကြမှာဖြစ်ပြီး နောက်ကွယ်မှာရှိနေတဲ့ လှလှပပ ကခုန်မှုတွေဆီ အလည်သွားကြမှာမလို့ပါ။ ______________________________ ကမ္ဘာပေါ်မှာရှိတဲ့ နှစ်စဉ်ဓာတ်အားလိုအပ်ချက်ရဲ့ ၁၀% ခန့်ကို နျူကလီးယားဓာတ်အားပေးစက်ရုံတွေကနေ ရရှိတယ်/ထုတ်လုပ်ပါတယ်။ ဒီဓာတ်အားပေးစက်ရုံတွေရဲ့ အသက်အသည်းနှလုံးက နျူကလီးယားဓာတ်ပေါင်းဖိုတွေ ဖြစ်တယ်။ နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ စနစ်တည်ဆောက်ပုံ/ အလုပ်လုပ်ပုံက ရှုပ်ထွေးတယ်။ အခြေခံအားဖြင့် နားလည်ထားနိုင်တာက နျူကလီးယားလောင်စာတွေရဲ့ ဓာတ်ပြုမှုကနေတဆင့် ရလာတဲ့ စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာပါ။ ကာဗွန်ထုတ်လွှတ်မှု နည်းပါးတဲ့ ဒီနည်းပညာကို ကမ္ဘာနဲ့အဝှမ်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဓာတ်ပေါင်းဖိုတွေတည်ပြီး စတင်အသုံးပြုလာတာ နှစ်ပေါင်းခြောက်ဆယ် ကျော်လာပါပြီ။ နည်းပညာလိုအပ်ချက်ကြီးမားတာ၊ အသုံးပြုတဲ့ လောင်စာတွေက ရှားပါးတာ၊ စရိတ်ကြီးတာ၊ လုံခြုံရေးအာမခံချက်နည်းပါးတာ စတာတွေကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုနိုင်သေးတာကလွဲရင် ဘေးထွက်ဆိုးကျိုးနည်းပါးတဲ့ နျူကလီးယားစွမ်းအင်က တိုးတက်လာနေတဲ့ သိပ္ပံခေတ်ထဲမှာ ရင်ဆိုင်နေရတဲ့ စွမ်းအင်ရှားပါးမှု ပြဿနာအတွက် အဖြေတစ်ခုဖြစ်လာတယ်။ Nuclear Reactor 101 (နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ အလုပ်လုပ်ပုံကို နားလည်ခြင်း) နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့ နျူကလီးယားသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ဖို့ မလိုအပ်ပါဘူး။ အခြေခံသိပ္ပံအသိရှိရင် အဆင်ပြေပါတယ်၊ စကြည့်ကြရအောင်ပါ။…
လွန်ခဲ့တဲ့ ၃၇ ခုနှစ် .. ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ သမိုင်းမှာအဆိုးရွားဆုံးနဲ့ အကြီးမားဆုံး နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အဲ့ဒီဖြစ်ရပ်ကို နျူကလီးယား ကပ်ဘေးလို့တောင် တင်စားခေါ်ဝေါ်ရလောက်တဲ့ အထိ ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဆိုးက ဆိုဗီယက်ပြည်ထောင်စုပိုင် ယူကရိမ်းနိုင်ငံ ပရီပြာ့တ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာကျော် ချာနိုဘယ်ပေါက်ကွဲမှုပါပဲ။ ဒီပေါက်ကွဲမှုကြောင့် ဖြစ်စဉ်ပြီးပြီးချင်း နာရီပိုင်းကာလအတွင်းကနေ ရက်အနည်းငယ်အတွင်းမှာပဲ ပေါက်ကွဲမှုနဲ့ ပြင်းထန်တဲ့ ရေဒီယိုသတ္တိကြွအဆိပ်သင့်မှုတွေကြောင့် ဓာတ်ပေါင်းဖိုအလုပ်သမားတွေ၊ အနီးနားက မီးသတ်ဝန်ထမ်းတွေနဲ့ အခြားလုပ်သား စုစုပေါင်း အယောက် ၃၀ ကနေ ၅၀ ခန့်သေဆုံးခဲ့ပါတယ်။ နောက်ဆက်တွဲဆိုးကျိုတွေအနေနဲ့ ရေဒီယိုသတ္တိကြွမှုတွေက ယူကရိမ်းနိုင်ငံကနေ အိမ်နီးချင်းကပ်လျက် ဘယ်လာရုစ်စ်နိုင်ငံအပြင် ဉရောပတိုက်နိုင်ငံအချို့အထိပါ ပြန့်နှံ့ခဲ့ပါတယ်။ ရေဒီယိုသတ္တိအဆိပ်သင့်မှုကြောင့် ခန့်မှန်းချေ ပြည်သူ လေးထောင်ကနေ တစ်သိန်းခန့်ကြား သေဆုံးခဲ့ကြသလို ပြည်သူအယောက် နှစ်သိန်းခန့် ရေတာရှည်ရောဂါဝေဒနာတွေ ခံစားခဲ့ရပါတယ်။ (၃၁ ယောက်သေတယ်ဆိုတာ ဆိုဗီယက်ထုတ်ပြန်ချက်ပါ။) ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားရခြင်းရဲ့ နောက်ကွယ်မှာ လူသိပ်မသိတဲ့ အကြောင်းအရင်းတွေ အများကြီးပါဝင်ပါတယ်။ ဆိုရှယ်လစ်အစိုးရရဲ့ တစ်ပါတီ ကွန်မြူနစ် အာဏာရှင်စနစ်ကြောင့် မြစ်ဖျားခံလာစေတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ စစ်အေးတိုက်ပွဲကာလအတွင်း အင်အားကြီးနိုင်ငံ အချင်းချင်း အားပြိုင်ခဲ့ကြတဲ့ အခြေအနေတွေနဲ့ ဖြစ်တည်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေ၊ သတင်းအချက်အလက်လွတ်လပ်စွာ စီးဆင်းနိုင်မှု မရှိတာတွေအပြင်.. အဆိုးဆုံးက အမှန်တရားကို မျက်ကွယ်ပြုတာတွေ စတာတွေအကုန်လုံးဟာ ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားရခြင်းရဲ့ နောက်ကွယ်မှာ တည်ရှိလို့နေပါတယ်။ ဒါဆိုရင် ဒီ ချာနိုဘယ်ဓာတ်ပေါင်းဖိုက ဘယ်လို အကြောင်းအရင်းတွေကြောင့် ပေါက်ကွဲခဲ့ရတာလဲ၊…
အရိပ်ဖျော့လကြတ်ခြင်း (Penumbral Lunar Eclipse) လို့ခေါ်တဲ့ လကြတ်ခြင်းဖြစ်စဉ်တစ်ခု လာမယ့် မေ ၅ ရက်နေ့မှာ ဖြစ်ပွားမှာဖြစ်ပြီး မြန်မာနိုင်ငံက မြင်ရမှာဖြစ်ပါတယ်။ နေနဲ့ လရဲ့ ကြားထဲ ကမ္ဘာရောက်လာတာပြီး ကမ္ဘာရဲ့အရိပ် လပေါ်ကျရောက်လာတာနဲ့ အတူ အဆိုပါအရိပ်ဖျော့လကြတ်ခြင်း ဖြစ်ပေါ်မှာ ဖြစ်ပြီးတော့ အာဖရိက၊ အာရှနဲ့ ဩစတေးလျတိုက်တွေကနေ မြင်တွေ့နိုင်မှာပါ။ လကြတ်တဲ့အချိန်မှာ နေ၊ လနဲ့ ကမ္ဘာတို့ ရောက်ရှိနေတဲ့ နေရာနဲ့ လအပေါ်ကျရောက်တဲ့ ကမ္ဘာ့အရိပ်အပေါ်မူတည်ပြီး လအပြည့်ကြတ်ခြင်း (Total)၊ တစိတ်တပိုင်းလကြတ်ခြင်း (Partial) နဲ့ အရိပ်ဖျော့လကြတ်ခြင်း (penumbral) ဆိုပြီး လကြတ်ခြင်းဖြစ်စဉ်တွေကို အမျိုးအစားခွဲနိုင်ပါတယ်။ ဒီတစ်ခေါက်လကြတ်ခြင်းက အရိပ်ဖျော့လကြတ်ခြင်း (Penumbral eclipse) လို့ ခေါ်ပါတယ်။ လပေါ်ကျရောက်တဲ့ ကမ္ဘာရဲ့အရိပ် လကို သွားထင်တဲ့နေရာမှာ အရိပ်စစ်/အရိပ်မည်း တစ်နည်း အရိပ်တည့်တည့်ကျရောက်တဲ့နေရာနဲ့ အရိပ်ဖျော့ကျရောက်တဲ့ နေရာဆိုပြီး အမျိုးအစားကွဲပါတယ်။ မေလ ၅ ရက်နေ့ လကြတ်တဲ့ဖြစ်စဉ်မှာဆိုရင် လဟာ ကမ္ဘာရဲ့အရိပ်ဖျော့ကျတဲ့နေရာကိုပဲ ဖြတ်သန်းသွားမှာ ဖြစ်တာကြောင့် အရိပ်ဖျော့လကြတ်ခြင်းလို့ သတ်မှတ်ရခြင်းဖြစ်ပါတယ်။ Penumbra လို့ ခေါ်တဲ့ အပြင်ဘက်က အရိပ်ဖျော့ကိုပဲ ဖြတ်သန်းသွားမှာဖြစ်လို့ တခြားလကြတ်တာတွေလို သွေးနီရောင်သမ်းတာ၊ မှောင်မည်းသွားတာမျိုးမရှိဘဲ လမျက်နှာပြင်တစိတ်တပိုင်းမှာပဲ အရိပ်ဖျော့ထင်တာကို မြင်တွေ့ရမှာပါ။ အဆိုပါနေကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံက မြင်တွေ့နိုင်မှာဖြစ်ပြီး မေလ ၅ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်မှာ လကြတ်တာစတင်မှာပါ။ ည ၁၁ နာရီ ၅၂…
ကျွန်တော်တို့ အကုန်လုံး ငယ်ငယ်က သိပ္ပံမှာ သင်ရတာအရ နေဆိုတာ လောင်ကျွမ်းနေတဲ့ ဓာတ်ငွေ့လုံးလို့ သိထားကြပါတယ်။ အခုလို နွေခေါင်ခေါင်အချိန်မှာ ရာသီဥတုက အင်မတန်ပူတဲ့အပြင်ကို လျှပ်စစ်မီးပါ မလာတဲ့အခါကျ အဲ့လောက်အထိကို ပူပြင်းနိုင်လွန်းတဲ့ နေလုံးကြီးကို ရေနဲ့ လောင်းပြီး ငြှိမ်းဖို့ ကြံကြံဖန်ဖန်တွေးမိတဲ့ သူတွေရှိမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ လောင်ကျွမ်းနေတဲ့ နေကို ရေနဲ့ငြှိမ်းသတ်လို့ ရနိုင်မလား ဆိုတဲ့ ခပ်ဆန်းဆန်းမေးခွန်းတစ်ခုကို ကျွန်တော်တို့ အားလုံး အတူတူအဖြေရှာကြည့်ကြရအောင်ပါ။ အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင် နေကို လောင်ကျွမ်းနေတဲ့ မီးလုံးကြီးတစ်လုံးကြီးလို့ မြင်နိုင်ပါတယ်။ အမှန်ကတော့ နျူကလီးယား ဓာတ်ပေါင်းစည်းမှု (Nuclear fusion) တွေနဲ့ ပြည့်နှက်နေတဲ့ ဓာတ်ငွေ့လုံးကြီး ဖြစ်ပါတယ်။ နေကို ငြှိမ်းသတ်နိုင်ဖို့ နည်းလမ်းကို ပြောပါဆိုရင် ရေခဲအလုံးကြီးကြီးကို နေထဲ ပစ်ထည့်လိုက်မှာမျိုးပဲ တွေးမိကြပါလိမ့်မယ်။ တော်တော်များများမတွေးဖြစ်တဲ့ တစ်ချက်က နေရဲ့အပူရှိန်က အင်မတန်ပြင်းထန်တာဖြစ်လို့ ခုနက ရေခဲလုံးက တမဟုတ်အတွင်း အရည်ပျော် – အငွေ့ပျံပြီးတော့ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်အက်တမ်တွေအဖြစ် ကွဲထွက်သွားပြီး နေကိုပိုမိုတောက်လောင်နိုင်ဖို့အတွက် လောင်စာပေးသလိုဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီလို တောက်လောင်ရင်းကနေ ပိုများများလာရင်းနဲ့ စူပါနိုဗာပေါက်ကွဲမှု ဖြစ်သွားမှာပါ။ ကျွန်တော်တို့ နားလည်ထားတာအရ နေဟာ အဆုံးအစမရှိ လောင်ကျွမ်းနေတဲ့ မီးလုံးကြီးတစ်လုံးဖြစ်ပြီး ကျွန်တော်တို့ အသက်ရှင်နေထိုင်နိုင်ဖို့ အတွက် အခရာကျတဲ့ အပူစွမ်းအင်၊ အလင်းစွမ်းအင်စတာတွေပေးတဲ့အပြင် သက်ရှိတွေရှင်သန်နေထိုင်ဖို့အတွက် အဓိကအထောက်အကူပြုနေတဲ့ ကြယ်တစ်စင်းဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်ဆန် တွေးကြည့်ကြမယ်ဆိုရင် အင်မတန်ပူအောင်ကို လောင်ကျွမ်းနေတဲ့ အဲ့ဒီနေကို ငြှိမ်းသတ်ပစ်ချင်တယ်။ ကျွန်တော်တို့ရဲ့လူသားတွေရဲ့ ပျမ်းမျှအတွေးအကြံအရ ရေလောင်းပြီး ငြှိမ်းမယ်။…
မိနစ်သုံးဆယ်ကြာတဲ့ ရေဝက်ဝံ (Tardigrade) တွေရဲ့ ရှားပါး Threesome လိင်ဆက်ဆံမှုကို သိပ္ပံပညာရှင်တစ်ဦးကနေပြီး ဗီဒီယိုအနေနဲ့ မှတ်တမ်းတင်ရိုက်ကူးထားနိုင်ခဲ့တယ်လို့ Science Alert မဂ္ဂဇင်းက ဆိုပါတယ်။ တာဒီဂရိတ်ခေါ် ရေဝက်ဝံတွေဟာ ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အသက်ရှင်နိုင်စွမ်းအမြင့်ဆုံးနဲ့ အသက်အပြင်းဆုံး အဏုဇီဝသက်ရှိတွေဖြစ်ကြပါတယ်။ အဲ့ဒီရေနေကျောရိုးမဲ့ သတ္တဝါလေးတွေက ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်တွေ၊ ဖိအားများတဲ့ ပင်လယ်အနက်ပိုင်းဒေသတွေ အပြင် အာကာသလေဟာနယ်ထဲမှာပါ အသက်ရှင်နေထိုင်နိုင်လို့ အသက်အပြင်းဆုံး သက်ရှိအဖြစ် သတ်မှတ်ကြတာဖြစ်ပါတယ်။ The Hidden Beauty of the Microscopic World စာအုပ်ပိုင်ရှင်နဲ့ Journey to the Microcosmos YouTube channel ရဲ့ ပဲ့ကိုင်ရှင် Jame Weiss ရဲ့ အစောပိုင်းကာလက သုတေသနတွေ့ရှိချက်တွေအရ တာဒီဂရိတ်တွေရဲ့ လိင်ဆက်ဆံမှုဟာ ကြမ်းတမ်းပြီးအရိုင်းဆန်ပါတယ်လို့ ဆိုပါတယ်။ Weiss ဟာ ရေကန်တွေ၊ မြစ်တွေ ချောင်းတွေနဲ့ ပင်လယ်တွေမှာ နေထိုင်ကျက်စားတဲ့ ရေနေအဏုဇီဝသက်ရှိတွေကို လေ့လာနေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ Weiss က တာဒီဂရိတ်တွေရဲ့ မိနစ်သုံးဆယ်ကြာမြင့်တဲ့ Threesome လိင်ဆက်ဆံမှုကို အဏုကြည့်ကိရိယာတွေကနေတဆင့် မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး တာဒီဂရိတ်တွေရဲ့ အုပ်စုဖွဲ့လိင်ဆက်ဆံတာကို အစောဆုံးရိုက်ကူးနိုင်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလည်းဖြစ်ပါတယ်။ တာဒီဂရိတ်တွေရဲ့ Threesome ပညာရှင်တွေအနေနဲ့ တာဒီဂရိတ်တွေရဲ့ လိင်ဆက်ဆံတာ၊ မိတ်လိုက်တာနဲ့ မျိုးပွားတဲ့လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းလို့ ၂၀၁၆ ခုနှစ်တုန်းက သုတေသနစာတမ်းတစ်စောင်ထုတ်ဝေခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းကာလတွေမှာ တာဒီဂရိတ်တွေရဲ့ လိင်ဆက်ဆံတဲ့ သဘာဝနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်ကြီးကြီးမားမားမရှိခဲ့ဖူးပါဘူး။ “မကြာသေးခင်အချိန်အထိ တာဒီဂရိတ်တွေအပေါ်…
ပင်လယ်ကမ်းခြေတွေသွားရင် ပုံထဲကလို ကျောက်တုံးတွေ၊ ကျောက်ဆောင်တွေမှာ ကပ်တွယ်နေတတ်တဲ့ ခရုနဲ့ ခပ်ဆင်ဆင်အကောင်လေးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီခရုနဲ့ အသွင်သဏ္ဍာန်ချင်း ဆင်တူတဲ့အကောင်လေးတွေက ခရင်းကောင် (Barnacle) လေးတွေပါ။ ဘုရားသခင်တွေ ဖန်ဆင်းရှင်တွေ မရှင်းပြနိုင်တဲ့ သတ္တဝါတွေဘယ်လိုဖြစ်လာသလဲဆိုတဲ့ မေးခွန်းကို ရှင်းပြနိုင်ခဲ့တဲ့ ဆင့်ကဲသီအိုရီရဲ့ မူလဘူတဘိုးအေကြီး ချားလ်စ်ရောဘတ်ဒါဝင် အကြောင်းကိုပြောမယ်ဆိုရင် သူ့ရဲ့အချစ်တော် ခရင်းကောင်လေးတွေ အကြောင်းကိုလည်း ချန်ထားလို့မရပါဘူး။ ခရင်းကောင်တွေက ဆင့်ကဲသက်ရှိသမိုင်းမှာ အင်မတန်ထူးခြားတဲ့ အကောင်တွေလို့ ပြောလို့ရနိုင်တယ်။ ခရင်းကောင်မှာ မျိုးစိတ်တစ်ထောင်ကျော်ရှိတဲ့အထဲ ငန်းလည်ပင်းနဲ့ ဆင်တူတဲ့ခရင်းကောင်၊ ကပ်ပါးခရင်းကောင်၊ ခရုငယ်နဲ့ ဆင်တဲ့ ဝက်သစ်ချခရင်းကောင်ဆိုပြီး အကြမ်းအားဖြင့် သတ်မှတ်နိုင်တယ်။ အစောဆုံးမျိုးစိတ်ရဲ့ ရုပ်ကြွင်းအရတော့ ခရင်းကောင်တွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၃၀ ကနေ ၃၂၀ ကြားကာလကတည်းက တည်ရှိခဲ့ကြပါတယ်။ ကျောရိုးမဲ့သတ္တဝါတွေကို မျိုးပေါင်းစုခွဲတဲ့အခါ အင်းဆက်တွေ၊ ကဏန်းတွေ၊ ပုစွန်တွေနဲ့ ကင်းခြေများတွေပါတဲ့ အာ့တ်ထရိုပေါ့ထ်မျိုးပေါင်းစု (Arthropods)၊ ခရုတွေ ကမာတွေ၊ ပြည်ကြီးငါးတွေက မိုလက်စ်ခ်မျိုးပေါင်းစု (Mollusks) နဲ့ ရေမြှုပ်ကောင်တွေပါဝင်တဲ့ ပေါ်ရီဖီရာမျိုးပေါင်းစု (Porifera) ဆိုပြီး အုပ်စုသုံးစုခွဲပါတယ် – ကွဲပါတယ်။ အစောပိုင်းကာလတွေမှာ ပညာရှင်တွေက ခရင်းကောင်ကို ရုပ်ဆင်းအသွင်သဏ္ဍာန်အရ ခရုတွေနဲ့ ဆင်တူတာဖြစ်လို့ မိုလက်စ်ခ်မျိုးပေါင်းစုထဲ ထည့်ထားကြတယ်။ နောက်ပိုင်းကာလတွေရောက်တော့ သတ္တဗေဒပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ခရင်းကောင်ရဲ့ ဥကနေပေါက်တဲ့ ကာလကနေစပြီး ငယ်ဘဝကို ဖြတ်သန်းတဲ့ ပုံစံက ကဏန်းတွေ၊ ပုစွန်တွေနဲ့ ဆင်တူတာဖြစ်လို့ အာ့တ်ထရိုပေါ့ထ်မျိုးပေါင်းစုအောက်မှာပဲ ကရက်စတေးရှန်း (Crustaceans) အနေနဲ့ပဲ ရှိသင့်တယ်ဆိုပြီး ပြောင်းလဲလိုက်ကြတယ်။…
ဒီတစ်ခေါက် Fact Hub ရဲ့ အပတ်စဉ် fact check အစီအစဉ်မှာတော့ ရွှေငါးတွေရဲ့ မှတ်ဉာဏ်နဲ့ပတ်သက်လို့ ကျွန်တော်တို့မှားယွင်းသိထားတဲ့ အကြောင်းအရာတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ငယ်ငယ်ကဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်က ပိုစ့်တွေမှာပဲဖြစ်ဖြစ် တော်တော်များများဖတ်ဖူးကြမှာကတော့ ရွှေငါးတွေရဲ့ မှတ်ဉာဏ်က သုံးစက္ကန့်ပဲ ကြာတယ်ဆိုတာပါ။ တကယ်တော့ အဲ့ဒီအကြောင်းအရာဟာ Myth – ယုံတမ်းအချက်အလက်မှားတစ်ခုသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို လူတော်တော်များများက “fact” တစ်ခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိထားပေမယ့် အမှန်တော့ မဟုတ်နေပါဘူး။ တကယ့်တကယ်တမ်းမှာတော့ သာမန်ရွှေငါးတစ်ကောင်ရဲ့ မှတ်ဉာဏ်က သုံးစက္ကန့်ထက် အများကြီးပိုပါတယ်။ အင်္ဂလန်နိုင်ငံ Plymouth တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ရွှေငါးတွေရဲ့ မှတ်ဉာဏ်က သာမန်မဟုတ်ဘဲ ရှုပ်ထွေးများပြားတဲ့ အရာတွေကိုတောင် လအတော်အတန်ကြာ မှတ်မိနိုင်ပါတယ်။ အခြားသုတေသနတွေနဲ့ စမ်းသပ်ချက်တွေအရ ရွှေငါးတွေက လီဗာကိုဖိလိုက်ရင် ကန်ထဲအစာကျလာတာမျိုးကို မှတ်မိနိုင်စွမ်းရှိပြီး သူတို့အစာစားရမယ့် အချိန်ရောက်တာနဲ့ အဲ့ဒီလီဗာကို သွားဖိတာမျိုး၊ အဲ့တာအပြင် လီဗာကိုသွားနင်းတဲ့အချိန်ကပါ မှန်နေတာမျိုးအထိ ရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေကို လေ့လာသင်ယူနိုင်တဲ့ မှတ်ဉာဏ်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ရွှေငါးတွေက သူတို့သခင်ရဲ့ မျက်နှာနဲ့ အသံကိုပါ မှတ်မိနိုင်စွမ်းရှိပါတယ်။ ဒါဆိုရင် ရွှေငါးတွေရဲ့ မှတ်ဉာဏ်က သုံးစက္ကန့်ထက်မပိုဘူးဆိုတဲ့ အဲ့ဒီယုံတမ်းအချက်အလက်မှားက ဘာလို့ အခုချိန်အထိ ကျန်ရှိနေသေးတာလဲ?.. ဖြစ်နိုင်တာကတော့ ရွှေငါးတွေရဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီးတော့ အခုလို အထင်အမြင်လွဲမှားစေနိုင်တဲ့ ယုံတမ်းအယူအဆတွေ ပေါ်ပေါက်လာတာပါ။ ရွှေငါးတွေက သူတို့ရဲ့ ကန်တွေ ဖန်လုံးတွေထဲမှာ ဦးတည်ရာမဲ့လှည့်လည်ကူးခတ်နေကြတာဖြစ်ပြီးတော့ အတိတ်မှာဖြစ်ခဲ့တဲ့…
ဧပြီ ၂၀ ရက်နေ့တွင် ဆယ်စုနှစ်အကြာမှ တစ်ခါဖြစ်ပေါ်သည့် ရှားပါးနေကြတ်ခြင်းဖြစ်စဉ်ဖြစ်ပေါ်မည်။ ရောစပ်နေကြတ်ခြင်းဖြစ်စဉ် (Hybrid Solar Eclipse) လို့ခေါ်တဲ့ ရှားပါးနေကြတ်ခြင်းဖြစ်စဉ်တစ်ခုဟာ လာမယ့် ဧပြီလ ၂၀ ရက် ကြာသပတေးနေ့မှာ ဖြစ်ပေါ်ဖို့ရှိတယ်လို့ အာကာသဗေဒဆိုင်ရာကျွမ်းကျင်သူတွေက ဆိုပါတယ်။ နေနဲ့ကမ္ဘာကြားကို လ ရောက်လာတာနဲ့အတူ အဆိုပါ ရောစပ်နေကြတ်ခြင်းဖြစ်စဉ်တစ်ခု ဖြစ်ပေါ်မှာဖြစ်ပြီးတော့ အဲ့ဒီရှားပါးဖြစ်စဉ်ကို နောက်ထပ်ဆယ်နှစ်အကြာ ၂၀၃၁ ခုနှစ်မှသာ ပြန်လည် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ နေကြတ်ချိန်မှာ လရဲ့ဝင်ရိုးပေါ်လည်ပတ်ချိန် ရောက်ရှိနေတဲ့နေရာနဲ့ ကမ္ဘာနဲ့ အကွာအဝေး၊ ကမ္ဘာကမြင်ရတဲ့ ရှု့ထောင့်တွေအပေါ်မူတည်ပြီး Total, partial, annular နဲ့ hybrid ဆိုပြီး နေကြတ်ခြင်းဖြစ်စဉ်တွေကို အမျိုးအစားခွဲနိုင်ပါတယ်။ ဟိုက်ဘရစ် (Hybrid) နေကြတ်ခြင်းဖြစ်စဉ်ခေါ် ရောစပ်နေကြတ်ခြင်းဖြစ်စဉ်ကို Annular-Total eclipse လို့လည်း လူသိများပါတယ်။ Annular eclipse ဆိုတာက နေကြတ်ခြင်းဖြစ်စဉ်ဖြစ်ပေါ်နေတဲ့အချိန် ကမ္ဘာရဲ့ရှု့ထောင့်ကနေမြင်ရတဲ့ လရဲ့အရွယ်အစားက နေရဲ့အရွယ်အစားထက်သေးနေတဲ့ အခါ လရဲ့အနားသတ်ပတ်လည်မှာ နေအလင်းရောင်ဟပ်နေတာကို မြင်ရတာဖြစ်ပြီး နေမီးကွင်းကြတ်ခြင်း၊ နေအရစ်ကြတ်ခြင်းလို့လည်း ခေါ်ဆိုကြပါတယ်။ Total eclipse ဆိုတာက ကမ္ဘာနဲ့နေကြားကို လရောက်ပြီး နေကြတ်ချိန်မှာ ကမ္ဘာ့ရှု့ထောင့်ကမြင်ရတဲ့ လအရွယ်အစားက နေအရွယ်အစားနဲ့ တူညီနေတာဖြစ်ပြီး နေအပြည့်ကြတ်တယ်လို့ ခေါ်ကြပါတယ်။ ယခုတစ်ခေါက် ရောစပ်နေကြတ်ခြင်းဖြစ်စဉ်မှာတော့ နေကြတ်ချိန်ရဲ့ အစောပိုင်းကာလမှာ နေအကွင်းကြတ်ခြင်း (Annular) ဖြစ်ပေါ်နေပြီး နေအပြည့်ကြတ်ခြင်း (total) ကိုကူးပြောင်းသွားတာဖြစ်ပါတယ်။ ရောစပ်နေကြတ်တဲ့ဖြစ်စဉ်ဟာ ကြည့်ရှုနေတဲ့ နေရာအပေါ်မူတည်ပြီး ဖြစ်စဉ်အပြည့်အဝ/အစအဆုံးကို မြင်တွေ့ရလေ့မရှိဘဲ စတင်တဲ့အချိန်ကိုမြင်ရတဲ့ နေရာနဲ့ ဖြစ်စဉ်ပြီးဆုံးတဲ့အချိန်မြင်ရတဲ့နေရာ…
၁၉၉၄ ခုနှစ်၊ အီတလီ မာယူရို ပရော့စ်ပါရီလို့ အမည်ရတဲ့ မာရသွန်အပြေးသမားတစ်ယောက်ဟာ ဆာဟာရသဲကန္တာရထဲမှာ အပြေးပြိုင်ပွဲတစ်ခုကို ပြိုင်နေရင်း သဲမုန်တိုင်းမိပြီး လမ်းပျောက်ခဲ့ရတာပါ။ အိမ်ပြန်လမ်းကို ရှာဖို့အတွက် ဆယ်ရက်ကျော်ကြာကာလအတွင်း ၁၈၆ မိုင်ရှိတဲ့ ခရီးအကွာအဝေးကို ခြေကျင်လမ်းလျှောက်ခဲ့တဲ့ မာယူရိုဟာ သဲကန္တာရထဲက ပြင်းထန်တဲ့ အပူရှိန်နဲ့ ရေဓာတ်ခမ်းခြောက်တာတွေကြောင့် သူ့ကိုယ်က ထွက်တဲ့ ကျင်ငယ်ရည်နဲ့ လင်းနို့သွေးတွေကို သောက်သုံးပြီး အသက်ဆက်ရှင်ခဲ့ရပါတယ်။ အီတလီနိုင်ငံ စီစလီမြို့က ရဲဝန်ထမ်းဟောင်း မာယူရိုက အဆိုပါနှစ်မှာ ကန္တာရမာရသွန်အပြေးပြိုင်ပွဲကို ဝင်ပြိုင်တဲ့ လူအယောက်ရှစ်ဆယ်ထဲက တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲဟာ ဆာဟာရသဲကန္တာရကိုဖြတ်ပြီးတော့ ၁၅၅ မိုင် ရှည်လျားတဲ့ ခြောက်ရက်ကြာမာရသွန် အပြေးပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ပြိုင်ပွဲပြိုင်နေတဲ့အချိန်မှာ သဲမုန်တိုင်းတိုက်ခတ်တာကြောင့် မာယူရိုဟာ သူ့ရဲ့ပြိုင်ပွဲဝင်အဖွဲ့တွေနဲ့ လူစုကွဲပြီး ကန္တာရထဲ လမ်းပျောက်ခဲ့ရတာပါ။ မာယူရိုက မုန်တိုင်းအရှိန်ပြယ်တဲ့အချိန်ထိ ရှစ်နာရီကျော်ကြာ သဲသောင်ပို့တွေထဲမှာ သဲတွေနဲ့အတူ ရောယှက်ပြီး ဝပ်စောင့်နေခဲ့တာပြီး မုန်တိုင်းပြီးတဲ့နောက်တစ်နေ့မှာ သူဟာ ကယ်ဆယ်ရေးအဖွဲ့တွေကို တွေ့လိုတွေ့ငြား သဲသောင်ပို့အမြင့်တစ်နေရာပေါ်ကနေ နေရာပေါင်းစုံကို လှမ်းမျှော်ကြည့်ပြီး စောင့်နေခဲ့ပေမယ့် မျက်စိတစ်ဆုံး ကန္တာရကြီးကလွဲလို့ ဘာဆိုဘာမှမရှိခဲ့ပါဘူး။ “မုန်တိုင်းအပြီး လေးနာရီလောက်ဆက်တိုက်ပြေးပြီး ကုန်းအမြင့်ပေါ်ကနေ လှမ်းရှာကြည့်ခဲ့ပေမယ့် လူနဲ့တူတာဆိုလို့ အရိပ်အယောင်တောင်မတွေ့ခဲ့ရပါဘူး။” မာယူရိုကပြောပါတယ် “အဲ့ဒီအချိန်မှာ ကျွန်တော်တွေးလိုက်တာကတော့ ကျွန်တော်ဒုက္ခအကြီးအကျယ်ရောက်ပြီဆိုတာပါ”။ မာယူရိုကိုရှာဖို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဖွဲ့ပြီး ရှာခဲ့ပေမယ့် ကယ်ဆယ်ရေးသမားတွေဟာ သူဘယ်လမ်းကြောင်းကို မှားပြီး ဦးတည်သွားမိနေလဲ ဆိုတာကို မသိခဲ့ကြတဲ့အတွက် ဘယ်လိုမှရှာမတွေ့ခဲ့ကြပါဘူး။ ကယ်ဆယ်ရေးအဖွဲ့က ဟယ်လီကော်ပတာတွေဟာ နှစ်ကြိမ်တိတိ မာယူရိုရဲ့ ခေါင်းပေါ်မှာ ဖြတ်ပျံခဲ့ကြပြီး နှစ်ကြိမ်စလုံးမှာ သူတို့ကို အောက်ကနေ…