Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ဟိန္ဒူရိုးရာ မီးနင်းပွဲ နောက်ကွယ်က လျှို့ဝှက်ချက်
    Uncategorized

    ဟိန္ဒူရိုးရာ မီးနင်းပွဲ နောက်ကွယ်က လျှို့ဝှက်ချက်

    Zwe Thukha MinBy Zwe Thukha MinDecember 15, 2023Updated:March 3, 20241 Comment3 Mins Read
    ဟိန္ဒူရိုးရာ မီးနင်းပွဲ နောက်ကွယ်က လျှို့ဝှက်ချက်
    Share
    Facebook Email Telegram

    ဟိန္ဓူရိုးရာ မီးနင်းပွဲကို မသိကြသူ ရှားမယ် ထင်ပါရဲ့။ မြန်မာလိုတော့ အဲ့ဒီ ရိုးရာပွဲတော်ကို မီးနင်းပွဲလို့ ခေါ်တယ်။ ဟိန္ဒူလိုတော့ သီမီသီ (Thimithi) လို့ ခေါ်ကြတယ်။

    အတော်ပူနေတဲ့ မီးသွေးတုံး၊ ဒါမှမဟုတ်လဲ ကျောက်တုံးတွေ လမ်းသွားတစ်ခုပေါ် ခင်းထားတာကို ခြေဗလာနဲ့ ဖြတ်နင်းပြတဲ့ အိန္ဒိယ တောင်ပိုင်း နမီးလ် နဒူဒေသ အရင်းခံ ရိုးရာဓလေ့တစ်ရပ်ပါ။ ဟိန္ဒူဘာသာဝင်တွေက သူတို့ရဲ့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ ဒရာအူပါတီ နတ်ဘုရားမကို ရည်ညွှန်းပြီး ဒီမီးနင်းပွဲကို ကျင်းပကြတယ်လို့ လေ့လာရပါတယ်။ မီးနင်းပွဲမတိုင်ခင်မှာလဲ အဲ့ဒီယဉ်ကျေးမှု ဖြစ်တည်လာတဲ့ နောက်ခံအကြောင်းအရင်းတွေကို အခြေခံပြီး ကြိုတင်လုပ်ရတဲ့ ပွဲတော်တွေလဲ ရှိတယ်။ တမီးလ်လူမျိုး မိန်းမလျှာတွေ လုပ်ကြတဲ့ ယစ်ဇ်ပွဲမျိုးပေါ့။ အဲ့ဒီပွဲတွေ အကုန်ပြီးတော့မှ ဒီမီးနင်းပွဲက လာတာမျိုးပါ။ 

    ဟိန္ဒူဘာသာဝင်တွေရဲ့ အဆိုအရတော့ သူတို့ရဲ့ နတ်ဘုရားမကို သက်ဝင်ယုံကြည်မှုသာ စစ်မှန်ရင် အဲ့ဒီမီးကို မြိုက်လောင်ထိရှခြင်း မရှိဘဲ ခြေဗလာနဲ့ ဖြတ်ကူးနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီတော့ အဲ့ဒီမီးနင်းပွဲဟာ တကယ်ပဲ ဘာသာရေးအပေါ် စစ်စစ်မှန်မှန်သက်ဝင်ယုံကြည်မှုရှိကြလို့၊ နတ်ဘုရားမရဲ့ အကာအကွယ်ပေးခြင်းကို ခံထားရလို့ ခြေဗလာနဲ့ ရဲရဲတောက်နေတဲ့ မီးခင်းပေါ်ကို ဖြတ်လျှောက်နိုင်တာလား။ 

    ဒီအတွက် သိပ္ပံနည်းကျ ဖြေရှင်းချက်ကရော ဘယ်လိုရှိမလဲဆိုရင် …

    ရူပဗေဒနဲ့ သာမိုဒိုင်းနမစ်မှာ ရှင်းပြထားတာ ရှိပါတယ်။ Thermal Conductivity လို့ ခေါ်တဲ့ အပူစီးကူးနိုင်စွမ်းဆိုင်ရာ သဘောသဘာဝနဲ့ အဓိက သက်ဆိုင်ပါလိမ့်မယ်။ 

    ကျွန်တော်တို့ မီးနင်းပွဲတွေကို ကြည့်လိုက်မယ်ဆိုရင် အများအားဖြင့် နင်းဖို့ ခင်းထားတဲ့ မီးလမ်းတွေက မီးသွေးတွေပါ။ မီးသွေးတွေကို မီးရှို့ပြီး မီးလမ်းခင်းထားတာပေါ့လေ။ မီးသွေးဆိုတာက တစ်နည်းအားဖြင့် ကာဗွန် (Carbon) ဒြပ်စင်တစ်မျိုးဖြစ်ပါတယ်။ 

    ကာဗွန်ဒြပ်စင်တွေက အများအားဖြင့် အပူစီးကူးမှု အားမကောင်းဘူး။ Thermal Conductivity ရဲ့ အဓိက သဘောတရားမှာ အပူစွမ်းအင်ဆိုတာ ဒြပ်တစ်ခုအတွင်းက မော်လီကျူးတွေမှာရှိတဲ့ တုန်ခါအရွေ့စွမ်းအင်တစ်မျိုး ဖြစ်တယ်၊ အဲ့ဒီအရွေ့စွမ်းအင်တွေက ဒြပ်အတွင်းက မော်လီကျူးတွေထဲ စွမ်းအင်ကူးပြောင်းတာမျိုး ဖြစ်မယ်ဆိုရင် သူ့မှာ အပူစီးကူးမှုဖြစ်လာနိုင်တယ်။ ဝတ္ထုတစ်ခုကနေ သူ့မှာ ပိုင်ဆိုင်ထားတဲ့ အပူစွမ်းအင်ကို တခြားဝတ္ထုတစ်ခုဆီ ကူးပြောင်းစီးဆင်းနိုင်အောင် လွှဲပေးလိုက်တဲ့ သတ္တိတစ်မျိုးပါပဲ။ 

    မီးနင်းပွဲတွေမှာ အဓိကသုံးတဲ့ ကာဗွန်ဒြပ်တွေကကျတော့ အပူစီးကူးမှုကို သိပ်အားမပေးဘူး။ အပူစီးကူးမှုအားနည်းတာဖြစ်လို့ ဝတ္ထုတစ်ခုကနေ နောက်တစ်ခုကို အပူဆင့်ကမ်းနိုင်ဖို့ အချိန်ကြာမြင့်တယ်။ သဘောက အဲ့ဒီမီးသွေးတုံးတွေပေါ် ခြေထောက်နင်းရင် မီးသွေးတုံးဆီမှာ ရှိနေတဲ့ အပူက ခြေထောက်ထဲကို ဆက်ပြီး စီးဆင်းကူးပြောင်းသွားဖို့က အချိန်ကြာတယ်။ အပူက ခြေထောက်ကို ပြောင်းလဲစီးကူးဖို့ အချိန်ယူတယ်ဆိုတဲ့ သဘောပဲ။ 

    မီးနင်းပွဲကြည့်ဖူးသူတွေဆို သိပါလိမ့်မယ်၊ လျှောက်တဲ့သူ အတော်များများက ခြေလှမ်းကို ခပ်ကျဲကျဲနဲ့ ခပ်မြန်မြန်လျှောက်ကြတယ်။ လျှောက်နေစဉ်အတောအတွင်းမှာ ခြေလှမ်းလှမ်းတာတွေက အတော်လေးမြန်တာ ဖြစ်လို့ အဲ့ဒီလောက် ကြာချိန်လေးအတွင်းမှာ မီးသွေးတုံးဆီက အပူက ခြေထောက်ကို သွားမကူးနိုင်ဘူး။ ဒါကြောင့်ပဲ ခြေဖဝါးတွေက ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိတာပါ။ 

    နောက်တစ်ချက်အနေနဲ့ မီးနင်းပွဲအများစုက ညဘက်မှာ လုပ်ကြတာကို သတိထားမိပါလိမ့်မယ်။ အနီးကပ်ကြည့်ကြည့်ရင် မီးနင်းလမ်းတစ်လျှောက်က မီးခဲတွေ အပေါ်မှာ ပြာမှုန့်တွေ ဖြူးထားတာ တွေ့ရနိုင်ပါတယ်။ နေ့ဘက်ဆိုရင်တော့ မြင်ရနိုင်ပေမဲ့ ညဘက်ကတော့ သေချာသတိမထားမိကြလောက်တာမျိုးပါ။ အဲ့ဒီမီးခဲတွေပေါ် ဖြူးထားတဲ့ ပြာမှုန့်တွေဟာလဲ ခုနက မီးသွေးတွေလိုပဲ၊ အပူစီးကူးမှု အားနည်းတဲ့ ဒြပ်တွေ ဖြစ်ကြတယ်။ မီးသွေးခဲတွေနဲ့ ခြေထောက်နဲ့ကြားမှာ ခံပြီး ရှိနေတာပေါ့။ ဒီတော့ မီးသွေးခဲဆီက လာတဲ့ အပူက သူ့ဟာနဲ့သူ နဂိုမှာကိုက ခြေထောက်ဆီ လာကူးဖို့ ကြာနေချိန်မှာ အဲ့ဒီအပေါ်က ပြာမှုန့်တွေကြောင့် အောက်က လာရမဲ့ အပူနဲ့ ခြေထောက်ကြားမယ် အလွှာတစ်ထပ် ကြားခံပေးထားသလို ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ ခြေထောက်ဆီကို အပူစီးနိုင်ဖို့က အချိန်ပိုယူသွားတာ ဖြစ်တယ်။ 

    ပြီးတော့ ရူပဗေဒပညာရှင်တွေ ထင်ကြေးပေးကြတဲ့ မီးနင်းပွဲမှာ ဘာလို့ နင်းသူတွေ အပူဒဏ်မခံစားရတာလဲဆိုတဲ့ အချက်တစ်ခု ရှိသေးတယ်။ အဲ့ဒါကိုတော့ Leidenfrost effect လို့ ခေါ်တယ်။ မီးဖိုချောင်ဝင်တဲ့သူတွေဆို သိလိမ့်မယ်။ ဒယ်အိုး တစ်အိုးအိုးကို ဘာမှမထည့်ဘဲ ဒီတိုင်းဖွင့်ထားပြီး ခပ်ပူပူဖြစ်အောင် အချိန်ခဏစောင့်၊ အချိန်တစ်ခုကြာလို့ အတော်လေးပူလောက်ပြီထင်ရင် အပေါ်ကနေ ရေစက်ကလေးတွေ တစ်စက် နှစ်စက် ချကြည့်ကြည့်ပါ။ အဲ့ဒီရေစက်တွေက တစ်ခါတည်း တန်း အငွေ့ပျံမသွားဘဲနဲ့ အစက်ကလေးတွေ ကွဲထွက်ပြီး ဟိုပြေး ဒီပြေး လုပ်နေတာမျိုး တွေ့ရပါလိမ့်မယ်။ အဲ့ဒါကို Leidenfrost effect လို့ ခေါ်ပါတယ်။ ခုနက ချလိုက်တဲ့ ရေစက်သွားထိတွေ့မဲ့ မျက်နှာပြင် (surface) ဟာ အဲ့ဒီရေရဲ့ အရည်ဆူမှတ်ထက် ပိုများတဲ့ အပူချိန်ရှိနေရင် အဲ့ဒီရေစက်က တမဟုတ်ချင်း အငွေ့ပျံသွားတာမျိုး မဖြစ်ဘူး။ အဲ့ဒီအစား ရေစက်အောက်ပိုင်းက ရေမော်လီကျူးတချို့က အငွေ့ပျံသွားပြီး ရေငွေ့အလွှာလေးတစ်လွှာအဖြစ်နဲ့ မီးပြင်နဲ့ အပေါ်ယံ ရေစက်အပိုင်းနဲ့ကို အချိန်ကာလတစ်ခု ခြားထားပေးသလို ဖြစ်နေတယ်။ အဲ့သလို ကြားထဲ ရေအလွှာခန်းလေး ကြားထားသလိုဖြစ်နေတော့ အပေါ်ပိုင်းက ရေစက်ဘော်ဒီကို သူက အောက်ကနေ ကာပေးထားသလို ဖြစ်ပြီး အပေါ်က ကျန်တဲ့အပိုင်းလေးက ချက်ချင်းအငွေ့မပျံတော့တာပေါ့။ 

    မီးနင်းတဲ့အခါ မီးနင်းသူအချို့ ခြေထောက်ရေစွတ်ပြီး နင်းရင် ဒီသဘောကို ကြုံတွေ့ရနိုင်တယ်။ ခြေဖဝါးအလွှာနဲ့ ကြားခြားထားသလို ဖြစ်လို့ အပူဒဏ်ကို အချိန်ပမာဏတစ်ခု မခံစားနေရတာပေါ့။ မီးနင်းပွဲတွေမှာရှိတဲ့ မီးခဲတွေရဲ့ အပူချိန်က ရေဆူမှတ်ထက် အများကြီး ပိုမြင့်တာကိုး။ ပျမ်းမျှ ၂၅၀-၅၀၀ ဒီဂရီစင်တီဂရိတ်လောက် ရှိတတ်ကြတယ်။ ယုတ်စွာအဆုံး အပူပမာဏတချို့ ခြေထောက်ဆီ စီးကူးနိုင်ခဲ့ရင်တောင် ခြေဖဝါးရဲ့ အောက်ဘက်က အသားမာအလွှာက တခြားအရေတွေထက် ပိုမာကြောလို့ အပူဒဏ်ကို အချိန်ခဏခံထားနိုင်သေးတယ်။

    ဘယ်လိုပဲပြောပြော မီးနင်းပွဲတွေက အတော်လေးအန္တရာယ်တော့ ရှိပါတယ်။ ကိုယ်က ကျွမ်းကျင်မီးနင်းသမားတွေလိုမျိုး စည်းချက်ကျကျ မနင်းတတ်ရင်/မလှမ်းတတ်ရင်၊ သွားရင်းမတော်တဆ ခြေချော်ပြီး ခလုတ်တိုက် လဲကျတာမျိုးဖြစ်ရင်၊ မဟုတ်လဲ ခြေလှမ်းအကျဲမလျှောက်တတ်ဘဲ သွားရှိန်ကလဲ နှေးတယ်ဆိုရင် ခြေထောက်အပူလောင်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုအပူလောင်တဲ့ ဖြစ်စဉ်မျိုးကတော့ ရှားတယ် ပြောရပါမယ်။ နောက်မီးနင်းကလဲ အပူစီးကူးမှု တအား အားကောင်းတဲ့ သံပြားတို့ စတီးပြားတို့အပေါ် နင်းတာမျိုး မဟုတ်ဘဲ ကာဗွန်လို ဝတ္ထုတွေအပေါ် နင်းရတာဖြစ်လို့ အပူဒဏ်ကို လျင်လျင်မြန်မြန် မခံစားရဘူးပေါ့လေ။ သိပ္ပံနည်းကျ ရှင်းပြချက်ကတော့ ဒီလောက်ပါပဲ။ 

    အကယ်၍ အဲ့ဒီယုံကြည်မှုတွေသာ အမှန်တကယ်စစ်မှန်မှုရှိမယ်ဆိုရင် မီးနင်းပွဲတွေကို မီးသွေးခဲပေါ် မလျှောက်ခိုင်းဘဲ အပူပေးသံပြားပေါ် လျှောက်ကြည့်ပါ။ ယုံကြည်မှုအစစ်အမှန်ရှိနိုင်မယ်ဆိုသူတွေကို ဖိတ်ခေါ်ပေးပြီး မီး’နင်း’တာမျိုး မလုပ်ဘဲ မီး’ရပ်’တာမျိုး လုပ်ပေးကြည့်ပါလို့ ကျွန်တော်က အကြံပေးတိုက်တွန်းချင်ပါတယ်။ အမှန်တကယ်သာ ယုံကြည်မှုတွေစစ်မှန်ရင် သံပြားပေါ်မှာ တစ်နာရီလောက် ရပ်နေလဲ ဘာပြဿနာမှ မဖြစ်လောက်ပါဘူးဗျာ။ 

    References – Fischer, R., Xygalatas, D., Mitkidis, P., Reddish, P., Tok, P., Konvalinka, I., & Bulbulia, J. (2014). The Fire-Walker’s high: affect and physiological responses in an extreme collective ritual. PLOS ONE, 9(2), e88355. 

    – Mirage News. (n.d.). Walking on Fire: Science and culture behind Firewalking.

    – ဟိန္ဒူရိုးရာ မီးနင်းပွဲ အကြောင်း၊ (June 22, 2016). မှတ်စုကြမ်းများ၊ Facebook.

    – Wikipedia contributors. (2022, October 15). Thimithi. Wikipedia.

    Written by – Zwe Thukha Min

    Edited by – Aww Myat Khin Khin

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Article #Fact_Check #Science_behind_Thimithi #Science #General_Science #Physics #Thermodynamics

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleကျောက်ဖြစ်ရုပ်ကြင်းတွေဟာ ကမ္ဘာကြီးနဲ့ပတ်သက်ပြီး ဘာတွေကိုပြောပြနေသလဲ
    Next Article “သရုပ်ဖော်ရေးသားခြင်းနှင့် နိမိတ်ပုံများကြားက ဆက်စပ်ချက်”
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    View 1 Comment

    1 Comment

    1. Nyan Linn Aung on February 1, 2024 6:53 pm

      Yes, you right.

      Reply
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.