Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»လောင်ကျွမ်းနေတဲ့ နေကို ရေနဲ့ငြှိမ်းသတ်လို့ ရနိုင်လား။ ရေပမာဏ ဘယ်လောက်လိုအပ်မလဲ ?
    Uncategorized

    လောင်ကျွမ်းနေတဲ့ နေကို ရေနဲ့ငြှိမ်းသတ်လို့ ရနိုင်လား။ ရေပမာဏ ဘယ်လောက်လိုအပ်မလဲ ?

    Zwe Thukha MinBy Zwe Thukha MinApril 28, 2023Updated:January 13, 2024No Comments3 Mins Read
    လောင်ကျွမ်းနေတဲ့ နေကို ရေနဲ့ငြှိမ်းသတ်လို့ ရနိုင်လား။ ရေပမာဏ ဘယ်လောက်လိုအပ်မလဲ ?
    Share
    Facebook Email Telegram
    လောင်ကျွမ်းနေတဲ့ နေကို ရေနဲ့ငြှိမ်းသတ်လို့ ရနိုင်လား။ ရေပမာဏ ဘယ်လောက်လိုအပ်မလဲ ?

    ကျွန်တော်တို့ အကုန်လုံး ငယ်ငယ်က သိပ္ပံမှာ သင်ရတာအရ နေဆိုတာ လောင်ကျွမ်းနေတဲ့ ဓာတ်ငွေ့လုံးလို့ သိထားကြပါတယ်။ အခုလို နွေခေါင်ခေါင်အချိန်မှာ ရာသီဥတုက အင်မတန်ပူတဲ့အပြင်ကို လျှပ်စစ်မီးပါ မလာတဲ့အခါကျ အဲ့လောက်အထိကို ပူပြင်းနိုင်လွန်းတဲ့ နေလုံးကြီးကို ရေနဲ့ လောင်းပြီး ငြှိမ်းဖို့ ကြံကြံဖန်ဖန်တွေးမိတဲ့ သူတွေရှိမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ လောင်ကျွမ်းနေတဲ့ နေကို ရေနဲ့ငြှိမ်းသတ်လို့ ရနိုင်မလား ဆိုတဲ့ ခပ်ဆန်းဆန်းမေးခွန်းတစ်ခုကို ကျွန်တော်တို့ အားလုံး အတူတူအဖြေရှာကြည့်ကြရအောင်ပါ။

    အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင် နေကို လောင်ကျွမ်းနေတဲ့ မီးလုံးကြီးတစ်လုံးကြီးလို့ မြင်နိုင်ပါတယ်။ အမှန်ကတော့ နျူကလီးယား ဓာတ်ပေါင်းစည်းမှု (Nuclear fusion) တွေနဲ့ ပြည့်နှက်နေတဲ့ ဓာတ်ငွေ့လုံးကြီး ဖြစ်ပါတယ်။ နေကို ငြှိမ်းသတ်နိုင်ဖို့ နည်းလမ်းကို ပြောပါဆိုရင် ရေခဲအလုံးကြီးကြီးကို နေထဲ ပစ်ထည့်လိုက်မှာမျိုးပဲ တွေးမိကြပါလိမ့်မယ်။ တော်တော်များများမတွေးဖြစ်တဲ့ တစ်ချက်က နေရဲ့အပူရှိန်က အင်မတန်ပြင်းထန်တာဖြစ်လို့ ခုနက ရေခဲလုံးက တမဟုတ်အတွင်း အရည်ပျော် – အငွေ့ပျံပြီးတော့ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်အက်တမ်တွေအဖြစ် ကွဲထွက်သွားပြီး နေကိုပိုမိုတောက်လောင်နိုင်ဖို့အတွက် လောင်စာပေးသလိုဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီလို တောက်လောင်ရင်းကနေ ပိုများများလာရင်းနဲ့ စူပါနို‌ဗာပေါက်ကွဲမှု ဖြစ်သွားမှာပါ။
    ကျွန်တော်တို့ နားလည်ထားတာအရ နေဟာ အဆုံးအစမရှိ လောင်ကျွမ်းနေတဲ့ မီးလုံးကြီးတစ်လုံးဖြစ်ပြီး ကျွန်တော်တို့ အသက်ရှင်နေထိုင်နိုင်ဖို့ အတွက် အခရာကျတဲ့ အပူစွမ်းအင်၊ အလင်းစွမ်းအင်စတာတွေပေးတဲ့အပြင် သက်ရှိတွေရှင်သန်နေထိုင်ဖို့အတွက် အဓိကအထောက်အကူပြုနေတဲ့ ကြယ်တစ်စင်းဖြစ်ပါတယ်။
    စိတ်ကူးယဉ်ဆန်ဆန် တွေးကြည့်ကြမယ်ဆိုရင် အင်မတန်ပူအောင်ကို လောင်ကျွမ်းနေတဲ့ အဲ့ဒီနေကို ငြှိမ်းသတ်ပစ်ချင်တယ်။ ကျွန်တော်တို့ရဲ့လူသားတွေရဲ့ ပျမ်းမျှအတွေးအကြံအရ ရေလောင်းပြီး ငြှိမ်းမယ်။ ငြှိမ်းဖို့အတွက်လည်း လုံလောက်တဲ့ ရေပမာဏရှိမယ်။ အကယ်၍ အဲ့ဒီရေတွေအကုန်လုံးကို နေကိုငြှိမ်းသတ်ဖို့ လုပ်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှာလဲ။ အောက်မှာဆက်ဖတ်ပါ။
    ________
    နျူကလီးယားဓာတ်ပေါင်းခြင်း (Nuclear Fusion)
    ခုနကပြောခဲ့သလိုပါပဲ၊ နေက လောင်ကျွမ်းနေတဲ့ မီးလုံးကြီးတစ်လုံးမဟုတ်ပါဘူး။ ယုတ်စွအဆုံး နေရဲ့ လောင်ကျွမ်းမှုမျိုးက ကျွန်တော်တို့ ကမ္ဘာပေါ်မှာ မြင်တွေ့နိုင်တဲ့ လောင်ကျွမ်းမှုမျိုးတောင် မဟုတ်ပါဘူး။ နေမှာ အင်မတန်ထူးခြားတဲ့ လောင်စာရင်းမြစ်တစ်ခုရှိပြီး အဲ့ဒီလောင်စာရင်းမြစ်ကနေတဆင့် လောင်ကျွမ်းမှုဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပြီး စွမ်းအင်တွေကို ထွက်ပေါ်စေတာပါ။ အဲ့ဒီ လောင်ကျွမ်းမှုဖြစ်စဉ်ကို နျူကလီးယားဓာတ်ပေါင်းခြင်း (nuclear fusion) လို့ ခေါ်ပါတယ်။
    ရိုးရိုးရှင်းရှင်းနားလည်နိုင်စေဖို့အတွက် နျူကလီးယားဓာတ်ပေါင်းခြင်းဆိုတာကို ရှင်းပြရရင် အက်တမ်တွေရဲ့ ဝတ်ဆံ နျူကလိယတွေ အရှိန်တစ်ခုနဲ့ သွားလာနေရင်း အချင်းချင်းတိုက်မိပြီး ပြင်းထန်တဲ့ ဖိအားတစ်ခုကြောင့် ပေါင်းစပ်သွားတဲ့အခါ စွမ်းအင်ပမာဏတစ်ခုထွက်တယ်။
    အဲ့တာကို နျူကလီးယားဓာတ်ပေါင်းခြင်းလို့ ခေါ်ပါတယ်။
    တခြားအကြောင်းအရာတွေဆီ မဆက်ခင် နျူကလီးယားဓာတ်ပေါင်းခြင်းနဲ့ ပတ်သက်လို့ သေချာ နက်နက်နဲနဲ လေ့လာကြည့်ရအောင်ပါ။
    အက်တမ်တွေဟာ အရွေ့စွမ်းအင်တစ်ခုခုကြောင့် အက်တမ်တစ်လုံးနဲ့ တစ်လုံး နီးကပ်လာတဲ့အခါ မျိုးတူအီလက်ထရွန်တွေအချင်းချင်း တွန်းကန်ကြပြီးတော့ အရွေ့စွမ်းအင်က တွန်းကန်အားထက် များနေတဲ့အခါ ဆက်လက်နီးကပ်စေပါတယ်။ နီးကပ်လာတဲ့အခါ အက်တမ်တွေမှာရှိတဲ့ ဖိုဓာတ်ဆောင်ပရိုတွန်နဲ့ မ,ဓာတ်ဆောင်အီလက်ထရွန်တွေက မျိုးမတူတဲ့အတွက်ကြောင့် အချင်းချင်း ဆွဲငင်လာကြပါတယ်။ ဆွဲငင်ကြရင်း ပိုမိုနီးကပ်လာတဲ့အခါ အက်တမ်ဝတ်ဆံ နျူကလိယတွေအချင်းချင်း ပြင်းထန်တဲ့အရှိန်နဲ့ ပြန်လည်တွန်းကန်ကြရင်း ခုနက ဆွဲငင်နေတဲ့ ပရိုတွန်နဲ့ အီလက်ထရွန်တွေကို အကွာအဝေးတစ်ခုအထိ ပြန်ကန်ထုတ်လိုက်မှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ တွန်းကန်အားနဲ့ ဆွဲငင်အား တူညီသွားပြီးတော့ အဲ့ဒီအက်တမ်နှစ်လုံးက သင့်တင့်တဲ့အကွာအဝေးတစ်ခုမှာ မော်လီကျူးတစ်ခုအဖြစ်နဲ့ ပေါင်းသွားပါတယ်။ ဒါက မော်လီကျူးအဖြစ်နဲ့ အက်တမ်တွေပေါင်းစည်းပုံပါ။ အဲ့ဒီအခြေအနေကနေ အပေါ်မှာပြောခဲ့သလို ပိုမိုပြင်းထန်တဲ့ အားတစ်ခုက အက်တမ်တွေကို သက်ရောက်သွားရင် အက်တမ်တွေအချင်းချင်း နီးသထက်ပိုနီးသွားပြီးတော့ နျူကလိယတွေရဲ့ တွန်းကန်မှုကို လွန်ဆန်ပြီး အချင်းချင်းပေါင်းစည်းသွားကြတယ်။ အဲ့ဒီလို အက်တမ်တစ်လုံးနဲ့တစ်လုံး ပေါင်းသွားပြီးတော့ အက်တမ်တစ်လုံးတည်း ဖြစ်သွားတဲ့အခါ ကြီးမားတဲ့စွမ်းအင်ထွက်လာတယ်။ အဲ့တာကို နျူကလီးယားပေါင်းစည်းခြင်း (သို့မဟုတ်) နျူကလီးယားဓာတ်ပေါင်းခြင်း
    (Nuclear Fusion) လို့ခေါ်ပါတယ်။ နေမှာဆိုရင် ဟိုက်ဒြိုဂျင်အက်တမ်တွေ ပေါင်းစည်းရာကနေ ဟီလီယမ်အက်တမ်အဖြစ် အသစ်ဖြစ်ပေါ်လာပါတယ်။
    အဲ့ဒီနျူကလီးယားဓာတ်ပေါင်းခြင်းကို အခုလက်ရှိ နည်းပညာနဲ့ ကမ္ဘာပေါ်မှာ ပြုလုပ်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။ ကမ္ဘာအလုံးရေပေါင်း ၃၃၃၀၀၀ လောက်ပမာဏရှိတဲ့ ဖိအားမျိုး၊ ၁၅ မီလီယမ် ဒီဂရီဆဲလ်စီးယပ်စ် ရှိတဲ့
    နေရဲ့ဗဟိုဝတ်ဆံ အပူချိန်လောက် ပြင်းထန်တဲ့ အခြေအနေမျိုးမှာမှ
    ဒီဖြစ်စဉ်မျိုး ဖြစ်ပေါ်နိုင်တာပါ။ နေမှာဆိုရင် ဟိုက်ဒြိုဂျင်အက်တမ်တွေက အပေါ်မှာပြောဖူးသလို နျူကလယိယတွေရဲ့ တွန်းကန်မှုထက် ပိုပြင်းတဲ့ ဖိအားကြောင့် ပေါင်းစည်းရာကနေ ဟီလီယမ်အက်တမ်အဖြစ် အသစ်ဖြစ်ပေါ်တယ်။ အဆင့်တစ်ခုစီကျော်လွန်တိုင်း နျူထရီနို (Neutrinos) တွေ၊ ပိုစစ်ထရွန် (Positrons) တွေနဲ့ ဂမ်မာရောင်ခြည်တွေကို ထုတ်လွှတ်‌တယ်။ ပေါင်းစပ်နျူကလိယတွေနဲ့ အသစ်ဖြစ်ပေါ်လာတဲ့ ဟီလီယမ်အက်တမ်တွေရဲ့ အသားတင်ဒြပ်ထုက ပေါင်းစည်းထားတဲ့ ဟိုက်ဒြိုဂျင်အက်တမ်တစ်လုံးစီ ပေါင်းထားတဲ့ ဒြပ်ထုထက် အများကြီးသေးသွားပြီးတော့ ဆုံးရှုံးသွားတဲ့ ဒြပ်ထုတွေကိုတော့ သန့်စင်တဲ့နေရောင်ခြည်စွမ်းအင်အဖြစ်နဲ့ ထုတ်လွှတ်တယ်။
    နျူကလီးယားဓာတ်ပေါင်းခြင်းအကြောင်း ပြီးပြီဆိုတော့ ရေလောင်းမယ့် ကိစ္စဆက်ကြရအောင်ပါ။ မေးစရာမေးခွန်းတစ်ခုက ရေက နျူကလီးယားဓာတ်ပေါင်းတာကို ဘယ်လိုသက်ရောက်မှုရှိတာလဲ?
    နေနဲ့ ဒြပ်ထုတူညီတဲ့ ရေအရင်းအမြစ်ကို တစ်နည်းနည်းနဲ့ ရှာတွေ့ပြီလို့ စိတ်ကူးယဥ်မြင်ယောင်ကြည့်ပါ။ အဲ့ဒီလောက်ရှိတဲ့ ရေပမာဏ ကျွန်တော်တို့ဆီမှာ ရှိထားပြီလို့ ယူဆထားလိုက်တာပေါ့။ ပထမတစ်ချက်အနေနဲ့ နေကိုငြှိမ်းမယ်ဆိုရင် အဲ့ဒီရေတွေက အာကာသထဲကနေတဆင့် ‌ပေးလွှတ်ရမှာဖြစ်ပါတယ်။ အာကာသအပြင်ဘက်မှာဆိုရင် အဲ့ဒီ ရေတွေ အကုန်အေးခဲကုန်လိမ့်မယ်။ ဒါဆို ရေခဲလုံးကြီးကို နေဆီပို့မယ်ဆိုရင်ရော ? ..
    သေချာပါတယ်။ အဲ့ဒီရေခဲတွေဟာလည်း နေရဲ့ အပေါ်ယံလေထုအလွှာထဲ ရောက်စပြုလာတာနဲ့ ချက်ချင်း အရည်ပျော် – အငွေ့ပျံသွားမှာပါ။
    အဲ့ဒီအရာက ပထမဆုံးအခက်အခဲတစ်ခုပဲ။ နောက်တစ်ခုရှိတာက နေရဲ့ အူတိုင်ဆီကို ခုနက အငွေ့ပျံသွားတဲ့ ရေငွေ့တွေ ရောက်ပြီး နေရဲ့ထုထည်နဲ့ တူညီတဲ့ ရေ‌ငွေ့တွေကြောင့်ရော နေကိုငြှိမ်းသတ်နိုင်မလား?
    အဲ့တာလည်းမဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နေရဲ့ဝတ်ဆံအပူချိန်က အင်မတန်ပြင်းထန်တာဖြစ်လို့ အဲ့လိုဖြစ်ဖို့အတွက် မဖြစ်နိုင်ပါဘူး။ ရေငွေ့တွေအကုန်လုံး ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်အက်တမ်တွေအဖြစ် ဒြပ်စင်အသီးသီးခွဲထွက်သွားပါလိမ့်မယ်။
    အရှေ့က ပြောခဲ့တာကို မှတ်မိရဲ့လား.. နေရဲ့လောင်ကျွမ်းမှုကနေ စွမ်းအင်ထွက်ပေါ်တာကို ဖြစ်စေတဲ့ နျူကလီးယားဓာတ်ပေါင်းမှုအတွက် အဓိပလောင်စာက ဟိုက်ဒြိုဂျင်အက်တမ်တွေဆိုတာကို.. ဆိုတော့ နေကို ရေနဲ့လောင်းတာက လောင်ကျွမ်းမှုကို ငြှိမ်းသတ်မယ့်အစား ပိုမိုအားကောင်းကောင်းနဲ့ တောက်လောင်နိုင်ဖို့အတွက် လောင်စာသွားပေးသလိုဖြစ်ပြီး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်မှာပါ။
    နေရဲ့ဝတ်ဆံထဲမှာ ဖြစ်ပေါ်နေတဲ့ နျူကလီးယားဓာတ်ပေါင်းမှုက proton-proton ဖျူရှင်းအမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ စကြာဝဠာထဲမှာရှိတဲ့ ဓာတုဗေဒပေါင်းစပ်မှူမတူညီတဲ့ အခြား နျူကလီးယားဓာတ်ပေါင်းမှုအမျိုးအစားတွေလည်း ရှိပါတယ်။ အဲ့ဒီထဲကတစ်ခုက carbon-nitrogen-oxygen (CNO) ဓာတ်ပေါင်းခြင်းဖြစ်တယ်။ ခုနက ပြိုကွဲသွားတဲ့ ဒြပ်စင်တွေထဲမှာ အောက်စီဂျင်ပါဝင်ပါတယ်။ အကယ်၍သာ အဲ့ဒီအောက်စီဂျင် အက်တမိအမြောက်အမြားက နေရဲ့ဝတ်ဆံကို ရောက်သွားမယ်ဆိုရင် ခုနကပြောတဲ့ CNO နျူကလီးယားဓာတ်ပေါင်းခြင်းဖြစ်စဉ် ဖြစ်ပေါ်နိုင်ပါတယ်။ ဟိုက်ဒြိုဂျင်အက်တမ်တွေ ပိုများလာပြီးတော့ နျူကလီးယားဓာတ်ပေါင်းမှု‌ ပိုဖြစ်လာတဲ့အခါ နေရဲ့အလေးချိန်က မူလထက် ၁.၇ ဆခန့် ပိုလာမှာဖြစ်ပြီးတော့ အဲ့ဒီလိုကြီးမားလာတာနဲ့အမျှ CNO fusion ဖြစ်ပေါ်မှုတွေလည်း ဆက်တိုက်ဖြစ်လာနိုင်ပါတယ်။
    CNO fusion နဲ့ Proton-proton fusion နှစ်ခု ပေါင်းလိုက်တဲ့အခါ နေရဲ့ ဒြပ်ထုက ပိုမိုကြီးသထက်ကြီးလာမှာဖြစ်ပြီးတော့ မူလအရွယ်အစားထက် ၁.၃ ဆခန့် ပိုမိုကြီးမားလာပြီးတော့ လက်ရှိထက် ခြောက်ဆခန့် ပိုမိုတောက်ပလာမှာဖြစ်ပါတယ်။ အဲ့ဒီလိုတွေဖြစ်ပေါ်လာတာနဲ့အမျှ အပူချိန်တွေ ပိုမိုမြင့်မားလာမှာဖြစ်သလို နေရဲ့မူလအရောင်ဖြစ်တဲ့ လိမ္မော်ရောင်တောက်တောက်ကနေ ပြာလဲ့လဲ့အဖြူရောင်ကို ပြောင်းသွားမှာဖြစ်ပြီး အန္တရာယ်ရှိတဲ့ UV ရောင်ခြည်တွေ ထုတ်လွှတ်ပါလိမ့်မယ်။ နောက်ပြီး အပူချိန်အနေနဲ့ လက်ရှိနေထက် ခြောက်ဆလောက် ပိုမိုပြင်းထန်မှာဖြစ်လို့ ကျွန်တော်တို့အကုန်လုံး ဒယ်အိုးထဲ ထည့်ကြော်ခံရသလို ဖြစ်ပြီး တမဟုတ်အတွင်း သေဆုံးကုန်ပါလိမ့်မယ်။
    သတင်းကောင်းတစ်ခုက CNO ကြယ်တွေက ကျွန်တော်တို့နေအဖွဲ့အစည်းထဲက နေတွေလို လောင်ကျွမ်းမှုနှုန်းနည်းတဲ့ ကြယ်တွေထက် သေဆုံးတာမြန်ပါတယ်။ အဲ့ဒီကြယ်တွေက နှစ်သန်းအနည်းငယ်လောက်ပဲ လောင်ကျွမ်းကြတာဖြစ်ပြီးတော့ စူပါနိုဗာအဖြစ်နဲ့ ပေါက်ကွဲပြီး သေဆုံးကြတာဖြစ်ပါတယ်။ သေချာတာတစ်ခုက ရေလောင်းပြီးတာနဲ့ အချိန်တိုအတွင်း ကျွန်တော်တို့ ခင်ဗျားတို့အကုန်လုံး အရင်သေမှာဖြစ်ပြီးတော့ နေကတော့ နောက်နှစ်သန်းအနည်းငယ်ကြာမှ ပေါက်ကွဲ သေဆုံးပြီး နျူထရွန်ကြယ်တစ်လုံးအနေနဲ့ ဆက်လက်တည်ရှိနေမှာပါ။ ဒါကြောင့် နေကိုရေလောင်းပြီး ငြှိမ်းဖို့ တွေးနေမယ့်အစား ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပြီး ရေဓာတ်မဆုံးရှုံးစေဖို့၊ ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် Fact Hub ကနေပြီး အကြံပေးလိုက်ရပါတယ်။ နောက်ရက်ကျရင် heatstroke နဲ့ပတ်သက်လို့ ကျန်းမာရေးဆောင်းပါးတစ်ပုဒ် တင်ဖို့ရှိလို့ stay tuned နော်။
    Source – Science ABC, Astronomy Magazine, BBC Science
    Image – Riddle
    Written by – Zwe Thukha Min
    Edited by – Fact Hub Editor Team
    𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleသိပ္ပံတု၊ သိပ္ပံယောင်တွေထဲက နာမည်အကြီးဆုံး ဘာမြူဒါတြိဂံ
    Next Article အသံတိတ် လူသတ်လက်နက် Heat Stroke အပူရှပ်ရောဂါ
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.