Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»“ရှေးတုန်းက လူတွေက အရွယ်အစားမကြီးသလို အသက်လည်းထူးပြီး ပိုမရှည်ပါဘူး”
    Uncategorized

    “ရှေးတုန်းက လူတွေက အရွယ်အစားမကြီးသလို အသက်လည်းထူးပြီး ပိုမရှည်ပါဘူး”

    Zwe Thukha MinBy Zwe Thukha MinJune 3, 2023Updated:January 15, 2024No Comments3 Mins Read
    “ရှေးတုန်းက လူတွေက အရွယ်အစားမကြီးသလို အသက်လည်းထူးပြီး ပိုမရှည်ပါဘူး”
    Share
    Facebook Email Telegram

    “ရှေးတုန်းက လူတွေက အရွယ်အစားမကြီးသလို အသက်လည်းထူးပြီး ပိုမရှည်ပါဘူး”

    လွန်ခဲ့တဲ့ အပတ်က ရှေးတုန်းက လူတွေက အရွယ်အစားအားဖြင့် မကြီးမားဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ အချက်အလက်စစ်ဆေးတဲ့ ဆောင်းပါးတစ်ပုဒ် ကျွန်တော်တို့ မျှဝေခဲ့ပါတယ်။ တစ်ဆက်တည်းအနေနဲ့ အဲ့ဒီဆောင်းပါးရဲ့ အောက်မှာ ဝိုင်းပြုံပြီး ဆွေးနွေးကြတဲ့ အကြောင်းအရာက ရှေးတုန်းက လူတွေက ဒီဘက်ခေတ်လူတွေနဲ့ စာရင် ပိုလို့တောင် အသက်ရှည်တယ်ဆိုတဲ့ အကြောင်းအရာကိုပါ။ မယုတ်မလွန်ပြောရရင် ဟိုးတုန်းက လူတွေက ဒီနေ့ခေတ်လူတွေထက်စာရင် ပိုလို့တောင် အသက်တိုကြပါတယ်။ ငြင်းခုန်ချင်စရာဖြစ်တာကို သိပါတယ်၊ ဒါပေမဲ့ အခုတင်ပြမယ့် အချက်အလက်တွေကို တစ်ချက် ချိန်ထိုးစဉ်းစားပြီးမှသာ အပြုသဘောဆောင်တဲ့ဘက်က ဝင်ရောက်ဆွေးနွေးပေးဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

    ကျွန်တော်တို့နိုင်ငံက ပြည်သူတွေ သတင်းအချက်အလက်နဲ့ နည်းပညာခေတ်မှာ ကြုံနေရတဲ့ ပြဿနာတစ်ခုရှိပါတယ်၊ အချက်အလက်မှားတွေဖြစ်ပါတယ်။ ငယ်စဉ်တောင်ကျေးကလေးဘဝတုန်းက လူကြီးတွေရဲ့ စကားဝိုင်းတွေမှာ ကြားဖူးနားဝရှိခဲ့တဲ့ အကြောင်းအရာတွေ၊ ယုံတမ်းတွေနဲ့ အချက်အလက်မှားတွေက ဒီနေ့ အင်တာနက်ခေတ်မှာတောင် မပျောက်မပျက်နိုင်ဘဲ စွဲထင်ကျန်ရစ်နေတာမျိုးတွေ ရှိပါတယ်၊ အရင်အချိန်က သိခဲ့တာတွေ မှန်တာ၊ မှားတာကို ပြန်လည်ဝေဖန်ဆန်းစစ်တာမျိုးမရှိဘဲ ကိုယ်သိထားတဲ့ အရာတွေကသာ အမှန်ဆိုတဲ့ ယုံမှားလွန်စိတ်အယူရဲ့ သက်ရောက်မှုကလည်း အတော်ကြီးမားပါတယ်၊ ကျွန်တော်အခုတင်ပြချင်တဲ့ အကြောင်းအရာတွေက စစ်တမ်းတွေ၊ သုတေသနတွေကို အခြေခံတာဖြစ်တဲ့အပြင် လက်တွေ့ဘဝမှာလည်း ကိုယ်တိုင်သိရှိနိုင်တဲ့ common sense  တွေဖြစ်ပါတယ်။ အမှန်ကိုမျှဝေတာ ကျွန်တော်တို့ အပိုင်းဖြစ်လို့ လက်ခံခြင်း လက်မခံခြင်းက ဖတ်ရှုသူတွေနဲ့ သက်ဆိုင်ပါတယ်။ စကားဦးပါးချင်တာကတော့ အောက်မှာ ရေးထားတာတွေ ဆက်မဖတ်ခင် ကိုယ့်ခေါင်းထဲမှာ အယူတွေ၊ အစွဲတွေရှိနေမယ်ဆိုရင် ခဏဖျောက်ပြီး အစွဲကင်းကင်းဖြစ်တော့မှသာ ဆက်ဖတ်စေချင်ပါတယ်။

    ____________________

    – 1 – Life Expectancy rate

    ရှေးတုန်းကလူတွေအသက်တိုရတယ်ဆိုတဲ့ အဆိုပြုချက်ကို ပဏာမအထောက်အကူပြုနေတာက life expectancy rate တွေဖြစ်ပါတယ်။ Life expectancy rate ဆိုတာက မွေးကင်းစကလေးငယ်တစ်ယောက် မွေးလာတဲ့ အချိန်ကနေစပြီး အသက်ဘယ်နှနှစ် ရှင်သန်နေထိုင်နိုင်မလဲဆိုတာကို ပျမ်းမျှတွက်ချက်တဲ့ အချက်အလက်ပြ graph တွေဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ စစ်တမ်းအရ ၁၉၅၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ ပျမ်းမျှလူ့သက်တမ်းက ၂၅ နှစ်ကနေ ၄၀ – ၅၀ ပတ်ဝန်းကျင်ပဲ ရှိခဲ့တာပါ။ ၁၉၅၀ မတိုင်ခင်ကာလတွေတုန်းကဆိုရင် ပျမ်းမျှလူ့သက်တမ်းက ၃၀ တန်းအောက်မှာ ရှိနေပါတယ်။ ၂၀ ရာစုအစောပိုင်းကာလကနေစပြီး ပဋိဇီဝဆေးဝါးတွေ တွင်တွင်ကျယ်ကျယ်ပေါ်လာပြီး နောက်ပိုင်း ဆေးသိပ္ပံက တစ်ဟုန်ထိုးတိုးတက်လာခဲ့တဲ့အချိန်ကနေစလို့ လူ့သက်တမ်းက ၇၀ တမ်းအထိကို တဟုန်ထိုးတိုးတက်ခဲ့တာပါ။

    ဟိုးအရင်တုန်းကအချိန်တွေမှာလည်း ဒီနေ့ခေတ်ကလို အသက်ရှည်ရှည်နေနိုင်တဲ့ သူတွေ မရှိဘူးမဟုတ်၊ ရှိပါတယ်။ အသက် ၁၀၀၊ ၁၂၀ ဝန်းကျင်အထိ နေနိုင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်တွေက ယေဘုယျမဆန်တဲ့အပြင် အဲ့ဒီခေတ်က နေနိုင်တဲ့သူတွေထဲက တချို့တလေသာလျှင် ဒီလောက်ရှည်လျားတဲ့ အသက်အထိ နေထိုင်နိုင်ကြတာဖြစ်ပါတယ်။ ရာစုနှစ်တစ်စုရဲ့ လူ့သက်တမ်းကိုတွက်တဲ့အခါ အသက်ဘယ်လောက်ထိ နေနိုင်လဲဆိုတာအပြင် အသက်ဘယ်လောက်မှာ သေခဲ့တာလဲဆိုတာကိုပါ ထည့်သွင်းတွက်ချက်ရတာဖြစ်ပါတယ်၊ ဒီလိုတွက်ချက်မှသာ အကုန်လုံးအတွက် ယေဘုယျဆန်တဲ့ ပျမ်းမျှအဖြေကို ရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ အသက် ၁၀၀ နေနိုင်ခဲ့တဲ့သူနှစ်ယောက်ကိုပြပြီး အသက် ၂၀ လောက်မှာသေခဲ့တဲ့ လူငယ်လေးယောက်ကို လျစ်လျူရှုထားတာမျိုး လုပ်လို့မရပါဘူး၊ အသက်တစ်ရာနေနိုင်တဲ့ သူနှစ်ယောက်၊ အသက် ၂၀ မှာသေဆုံးခဲ့သူ လေးယောက်ရဲ့ ပျမ်းမျှသက်တမ်းက ၄၆ နှစ်ပဲရှိပါတယ်။ အဲ့ဒီနည်းတူပဲ အသက် ၆၀ ထိနေနိုင်ခဲ့သူ ၄ ယောက်တော့ရှိပါရဲ့ ၂ နှစ်သား တစ်ယောက်၊ ၁၆ နှစ်သားနှစ်ယောက်၊ ၂၅ နှစ်လူရွယ် နှစ်ယောက် သေဆုံးထားမယ်ဆိုရင် ပျမ်းမျှသက်တမ်းက ၃၆ နှစ်ပဲရှိတာပါ။ ဒါကြောင့်ပျမ်းမျှခြင်းဆိုတာ အကုန်လုံးအတွက် ရည်ရွယ်ပြီး တွက်ချက်ရတာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ခေတ်အခြေအနေဖြစ်ပါတယ်။

    – 2 – ခေတ်အခြေအနေ

    လူ့သက်တမ်းကို ပျမ်းမျှတွက်ချက်မယ်ဆိုရင် အဲ့ဒီခေတ်တွေရဲ့ နောက်ခံအခြေအနေဘယ်လိုရှိခဲ့တယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေက သက်တမ်းတွေကို ကြည့်မယ်ဆိုရင် အသက်ကြာကြာနေရတဲ့လူတွေရှိသလို အရွယ်မတိုင်ခင် သေသွားကြရတဲ့ ကလေးသူငယ်တွေလည်း အမြောက်အမြားပါပဲ။ ဒါပေမဲ့ ဒီဘက်ခေတ်စကားဝိုင်းတွေမှာတော့ ကြာကြာနေရတာကိုပဲ ထည့်ပြောပြီး စောစောသေခဲ့ရတာတွေကိုကျ မမြင်ချင်ယောင်တာတွေက အင်မတန်လွဲမှားတဲ့ ယုတ္တိိမကျမှုကြီးပါ။ တကယ့်တကယ်တမ်းမှာ အတိတ်ကာလက ကူးစက်ရောဂါတွေ၊ ကျန်းမာရေးအသိခေါင်းပါးမှုတွေကြောင့် ကလေးသူငယ်အများအပြားရှိနေပါတယ်။ အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ ရေကျောက်နဲ့ ကြက်ညှာချောင်းဆိုးရောဂါတွေအပြင် တီဘီရောဂါ၊ နမိုးနီးယား၊ ငှက်ဖျား၊ HIV စတဲ့ ရောဂါတွေကြောင့် ကလေးသူငယ်သန်းနဲ့ချီ သေဆုံးခဲ့ရတာတွေ ရှိပါတယ်။ အရင်အချိန်တွေတုန်းက အခုခေတ်လိုမျိုး ကောင်းမွန်တဲ့ ကျန်းမာရေးအသိပေးမှုမျိုးမရှိတဲ့အတွက်ကြောင့် သာမန်ဖျားနာ၊ တုပ်ကွေးလိုမျိုး မပြောပလောက်တဲ့ ရောဂါသေးသေးလေးတွေနဲ့တင် သေဆုံးခဲ့ရတဲ့ ကလေးသူငယ်အရေအတွက်က မနည်းပါဘူး။ ခုနကပြောသလို ကျန်းမာရေးအသိပေးလုပ်ငန်းတွေ ၊ ဆေးဝါး‌တွေ၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေ၊ ကာကွယ်ဆေးတွေနဲ့ တခြားကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်မရှိသေးတဲ့အခါကျ အရင်အချိန်တွေတုန်းက လူသားတွေရဲ့ သက်တမ်းက အများကြီး ပိုတိုခဲ့ပါတယ်။ အထူးသဖြင့် အာဖရိကလိုဒေသတွေကို ကြည့်မယ်ဆိုရင်တောင် အခုချိန်ထိ မိလ္လာစနစ်ညံ့ဖျင်းမှုတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ၊ HIV ရောဂါတွေ၊ အာဟာရမလုံလောက်မှုတို့ကြောင့် မပြောပလောက်တဲ့ရောဂါတွေနဲ့ သေဆုံးသူ အရေအတွက်က နှစ်စဉ် ထောင်နဲ့ သောင်းနဲ့ချီပါတယ်။ ၂၀၀၀ ဝန်းကျင်မတိုင်ခင်အထိ အာဖရိကန်ဒေသရဲ့ ပျမ်းမျှ Expectancy rate က အသက် ၂၀ ကနေ ၂၈ ကြားပဲ ရှိနေတာပါ။

    – 3 – ယနေ့ခေတ်နဲ့ နှိုင်းယှဉ်ခြင်း 

    ဒီဘက်ခေတ် ၂၁ ရာစုမှာဆိုရင် ဆေးသိပ္ပံပညာက အင်မတန်လျင်မြန်တဲ့နှုန်းနဲ့ တိုးတက်ပြောင်းလဲနေတာပါ။ ပဋိဇီဝဆေးတွေပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ လူသားတွေရဲ့ သက်တမ်းကို ရုတ်တရက်ဆွဲတက်စေခဲ့ပါတယ်။ ၁၉ ရာစုအကျော်က သိပ္ပံနဲ့ နည်းပညာရဲ့ အခြေအနေနဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း တိုးတက်ပြောင်းလဲခဲ့တဲ့ အခြေအနေကို ယှဉ်ကြည့်ရင် သိသိသာသာတိုးတက်ပြောင်းလဲလာတာကို တွေ့ရမှာပါ။ ဟိုအရင်အချိန်တုန်းက ကူးစက်ရောဂါတစ်ခုဖြစ်မယ်ဆိုရင် ကုသနိုင်တဲ့ နည်းလမ်းကို ရှာတွေ့ဖို့က ခဲယဉ်းပါတယ်၊ များသောအားဖြင့် အတိတ်မှာဖြစ်ခဲ့တဲ့ ရောဂါကပ်ဘေးအများစုက ကုသစရာဆေးဝါးရယ်လို့ မည်မည်ရရမရှိဘဲ ဗိုင်းရပ်စ်နဲ့ လူတွေရဲ့ ကိုယ်ခံအားစနစ်ယဉ်ပါးလာတဲ့ အချိန်တစ်ခုကျမှာသာ ရောဂါပြန့်ပွားနှုန်း လျော့ကျခဲ့တာပါ။ ပြောစရာတစ်ခုက ဒီနေ့ခေတ်မှာလည်း ရောဂါတွေက ပိုလို့တောင် စုံသေးတာပဲ ဆိုတာပါ။ ဒီဟာအတွက်ဖြေရှင်းချက်ကတော့ အရင်တုန်းကနဲ့မတူတဲ့ ရောဂါအသစ်အသစ်တွေ ပိုများလာတာ မှန်ပါတယ်၊ ဒါပေမဲ့ လူသားတွေအနေနဲ့လည်း ဆေးသိပ္ပံနဲ့ပတ်သက်တဲ့အသိ၊ ကျန်းမာရေးအသိတွေက အရင်ခေတ်ကနဲ့စာရင် ပိုပြီး ဆတူတိုးတက်လာနေပါတယ်။ ဒီနေရာမှာ တချို့က အရင်ကဖြစ်ခဲ့တဲ့ရောဂါတွေနဲ့ အသစ်ထပ်ဖြစ်တာတွေကို ရောထွေးပေါင်းလိုက်ပြီးတော့ ဒီဘက်ခေတ်လူတွေမှာက ၉၆ ပါးရောဂါဘယတွေ ပိုခံစားရတယ်လို့ သတ်မှတ်ကြတာပါ။ တကယ့်တကယ်တမ်းက အရင်တုန်းက ဖြစ်ခဲ့တဲ့ ဒီဘက်ခေတ်မှာ ပြန်ပြီး ရောဂါတွေကို တိတိကျကျအမြစ်ပြတ်အောင်လုပ်တာမျိုး၊ ရောဂါပြန့်ပွားမှုရှိရင် ထိန်းချုပ်တာမျိုးနဲ့ ကုသဆေး၊ ကာကွယ်ဆေးဖော်တာမျိုးတွေ ရှိပါတယ်၊ ဒါကြောင့် အရင်တုန်းက ဗိုင်းရပ်စ်တွေကို ဒီဘက်ခေတ်မှာ ထည့်တွက်စရာမလိုပါ။

    နောက်တစ်ခုအနေနဲ့ ဆေးသိပ္ပံရဲ့ တိုးတက်မှုတွေထဲက သက်ရောက်မှုကြီးတာ တစ်ခုက ရောဂါအသစ်အဆန်းတွေဖြစ်ရင်လည်း အချိန်တိုအတွင်း သိရှိနိုင်တာ၊ ဇာတ်မြစ်ကိုလိုက်နိုင်တာ၊ ရောဂါရှာဖွေနည်းပညာတွေနဲ့ အခြေအနေအမျိုးမျိုးကိုချိန်ညှိပြီး အကောင်းဆုံးဖြေရှင်းချက်ကို ထုတ်နိုင်တာပါ။ ဒါကြောင့် အရင်အချိန်တုန်းကလို မတိုးတက်သေးတဲ့ ကာလတွေထက်စာရင် ဒီဘက်ခေတ်မှာ ရောဂါတစ်ခုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတွေက အများအပြားရှိနေပါတယ်။ အရှေ့မှာပြောခဲ့တဲ့ လူသားတွေရဲ့ ကျန်းမာရေးအသိကလည်း လူ့သက်တမ်းအတွက် အဓိကကျတဲ့နေရာက ပါပါတယ်။ ဟိုးအရင်အချိန်တွေတုန်းက၊ သိပ္ပံပညာထွန်းကားမှုမရှိသေးတဲ့ အချိန်တုန်းက လူသားတွေက အခုခေတ်က လူတွေလို လုံလောက်တဲ့ကျန်းမာရေးအသိမရှိကြပါဘူး။ ရောဂါဘယထူပြောလှတဲ့ ကာလအချို့ကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတာဖြစ်သလို သိပ္ပံမထွန်းကားသေးတဲ့ ကာလဖြစ်တာကြောင့် အဲ့ဒီခေတ်က လူသားတွေအနေနဲ့ ရင်ဆိုင်လာရတဲ့ အခြေအနေအကုန်လုံးကို ယနေ့ခေတ်လို ဇာတ်မြစ်အားဖြင့် သေသေချာချာ မသိနိုင်ပါဘူး။ ဥပမာအနေနဲ့ ရောဂါပိုးတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့ရတဲ့အခါ ပျောက်ကင်းနိုင်မယ့် ကုသနည်းကို တိတိကျကျမသိရှိနိုင်သေးတဲ့အတွက် ရောဂါဒဏ်ကိုပိုခံစားရပါတယ်။ သက်တမ်းစေ့မနေနိုင်ဘဲ သေဆုံးရတာတွေလည်း အများကြီးပါ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာဆိုရင် လူထုကြားထဲ ကျန်းမာရေးအသိသုတဖြန့်ဝေမှုတွေများလာပါပြီ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာတွေပြန့်ပွားလာတာနဲ့အမျှ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို ရှောင်ကြဉ်လာတာ၊ စနစ်တကျအာဟာရမှီဝဲတတ်လာတာ၊ အသက်ရှည်ကျန်းမာအောင်နေထိုင်လာတာမျိုးတွေကြောင့် လူ့သက်တမ်းက ပိုရှည်လို့နေပါတယ်။

    ပြန်ချုပ်ရရင် ကျန်းမာရေးအသိရှိလာတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေများလာတာ၊ ကျန်းမာရေးနဲ့အညီ စနစ်ကျတဲ့လူနေမှုဘဝကို သိရှိလာတာ၊ HIV လို၊ ကင်ဆာလို ရောဂါတွေခံစားနေရတဲ့ လူကိုတောင် သက်တမ်းစေ့နေနိုင်အောင် ဆေးသိပ္ပံက စွမ်းဆောင်ပေးလာနိုင်တာဖြစ်လို့ အရင်ခေတ်ထက်စာရင် အခုခေတ် လူ့သက်တမ်းက ပျမ်းမျှအားဖြင့် ပိုများပါတယ်။ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေ၊ ပိုးသတ်ဆေးယဉ်ပါးမှုတွေနဲ့ တခြားအကြောင်းတွေကြောင့် ရောဂါအသစ်တွေ ပိုလို့ပေါ်ပေါက်လာနေတာကို လက်ခံပါတယ်။ အရင်ကထိန်းချုပ်နိုင်ခဲ့တဲ့ တီဘီလိုရောဂါတွေ ပြန်လည်ပေါ်ပေါက်လာတာမျိုးနဲ့ ဘက်တီးရီးယားမျိုးကွဲတွေ ပြန်လည်ရှင်သန်လာတာမျိုးတွေ ရှိပါတယ်။ ဒါတွေကိုလည်း ဆေးသိပ္ပံက အချိန်နဲ့တပြေးညီ သုတေသနတွေလုပ်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ ပိုပိုများလာတဲ့ရောဂါတွေနဲ့ အဲ့ဒီရောဂါတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားတဲ့ ခေတ်သစ်ဆေးသိပ္ပံကြားက အားပြိုင်မှုတွေကြားမှာ လူသားတွေရဲ့ သက်တမ်းတည်ရှိနေတာတော့ အမှန်ပါ။

    Life Expectancy Graph တွေကို ကောမန့်မှာဖော်ပြပေးထားပါတယ်ခင်ဗျ၊ ကိုယ်တိုင်လည်းရှာဖွေလေ့လာနိုင်ပါတယ်။ လူတွေကြီးတယ်ဆိုတဲ့ အယူအဆမှားနဲ့ ပတ်သက်ပြီး ဖတ်ဖို့ နှိပ်ပါ
    [ #FH_FC_04_26_23_Giant ]

    Source – National Geographic, Scientific American, WHO, Wikipedia, BBC Science, CFR, Sapiens
    Image – Shutter Stock

    Written by – Zwe Thukha Min
    Edited by – Fact Hub Editor Team

    𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Fact_Check #Misinformation #did_people_in_ancien_times_live_longer_than_modern_humans #FH_FC_06_3_23_Life_Expectancy

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleအချက်အလက်မှား သတိပြုရန်
    Next Article “တစ်ခုတည်းသော မြေကမ္ဘာ” (Short Documentary Video)
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.