Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»မျက်စိနာရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ခြင်းကနေ ကူးစက်နိုင်ပါသလား။
    Uncategorized

    မျက်စိနာရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ခြင်းကနေ ကူးစက်နိုင်ပါသလား။

    Zwe Thukha MinBy Zwe Thukha MinSeptember 22, 2023Updated:March 3, 20241 Comment3 Mins Read
    မျက်စိနာရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ခြင်းကနေ ကူးစက်နိုင်ပါသလား။
    Share
    Facebook Email Telegram
    မျက်စိနာရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ခြင်းကနေ ကူးစက်နိုင်ပါသလား။

    လတ်တလော ဒေသတွင်းမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ ရောဂါတစ်မျိုး ရှိပါတယ်၊ မျက်စိနာခြင်းပါ။ မျက်စိနာခြင်းနဲ့ ပတ်သက်လို့ ဟိုးအရင်ကတည်းက နာမည်ကြီးတဲ့ အယူအဆတစ်ခုရှိပါတယ်၊ မျက်စိနာတဲ့ ရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးအကြည့်ခြင်းကနေ ကူးစက်နိုင်တယ်ဆိုတာပါ။ ဒီအယူအဆက မှန်ကန်ရဲ့လား၊ ပညာရှင်တွေက ဒါ အယူအဆကို အမှန်လို့ သတ်မှတ်ရဲ့လား၊ စတာတွေကို Fact Hub က အပတ်စဉ် မျှဝေနေကျ အချက်အလက် စစ်ဆေးတဲ့ ဆောင်းပါးအနေနဲ့ တင်ဆက်ပေးထားပါတယ်။

    အဲ့ဒီ ယူဆချက်နဲ့ ပတ်သက်လို့ တန်းမပြောခင်မှာ မျက်စိနာခြင်းက ဘာလဲဆိုတာ အကြမ်းအားဖြင့် သိရှိထားဖို့ လိုအပ်ပါတယ်။

    မျက်စိနာရောဂါဆိုတာ ဘာလဲ 

    မျက်စိနာခြင်း/မျက်စိနာရောဂါဆိုတာကို မျက်ကြည်လွှာရောင်ရမ်းတယ်၊ မျက်စိဖိုးအလွှာရောင်တယ်၊ မျက်မြှေးရောင်တယ်၊ စသဖြင့် အသုံးအနှုန်း အမျိုးမျိုးနဲ့ ခေါ်ဝေါ်ပြောဆိုကြပါတယ်။ ဒီရောဂါက မျက်စိရဲ့ အပေါ်ယံနဲ့ မျက်လုံးအတွင်းသားကြား၊ မျက်ခွံလွှာအောက်မှာရှိတဲ့ အဖြူရောင် အလွှာ ရောင်ရမ်းတာပါ။ အင်္ဂလိပ်လို ဆိုရင်တော့ conjunctivitis လို့ ခေါ်ပြီးတော့ ကမ္ဘာနဲ့ တဝှမ်းက ကလေးသူငယ်တွေဆီမှာ အဓိက အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ မြန်မာနိုင်ငံတွင်းမှာလဲ အခု ရက်ပိုင်း ကျောင်းတွေနဲ့ ရပ်ကွက် ဒေသတွင်းမှာ ဒီ မျက်စိနာတာတွေ အဖြစ်များနေကြပါတယ်။

    မျက်စိနာခြင်းက ဖြစ်စေတဲ့ အကြောင်းအရာအပေါ် မူတည်ပြီး အမျိုးအစားကွဲတွေရှိကြပါတယ်။ အဖြစ်များတာကတော့ ဗိုင်းရပ်စ်၊ ကလက်မိုင်းဒီးယားလို ဘက်တီးရီးယားတွေနဲ့ ဓာတ်မတည့်တာတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရောင်ရမ်းတတ်ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသလိုမျိုး ဖုန်ထူ ခြောက်သွေ့တဲ့ဒေသတွေမှာ အဖြစ်များတတ်သလို ရာသီတုပ်ကွေးနဲ့ အခြား ဖလူတွေ ပြန့်ပွားလွယ်တဲ့ မိုးရာသီနဲ့ ဆောင်း စပ်ကြား အအေးပိုင်း အချိန် တချို့မှာလဲ အဖြစ်များတတ်ပါတယ်။

    မျက်စိနာခြင်းက ဘယ်လိုအကြောင်းကြောင့် နာတာလဲ ဆိုတာ အပေါ် မူတည်လို့ လက္ခဏာတွေက ကွဲပြားပါသေးတယ်။ ရာသီတုပ်ကွေးတွေ ကူးစက်လွယ် အချိန်မှာ ပြန့်ပွားတဲ့ မျက်စိနာရောဂါကတော့ ဗိုင်းရပ်စ်ကြောင့် အဖြစ်များတတ်ပါတယ်။ တစ်ဆက်တည်းမှာလဲ အအေးမိ၊ လည်ချောင်းနာ၊ အာသီးရောင်တာတွေနဲ့ ပူးတွဲဖြစ်ပွားလေ့ ရှိတာပါ။ ရောဂါကူးစက်ခံရသူတွေက မျက်ရည်တွေစီးကျပြီး မျက်လုံးက နီနေတတ်ပါတယ်။ မျက်ခွံအတွင်းပိုင်း ရောင်ပြီးတော့ မျက်လုံးယားတာ၊ အလင်း စူးစူးမခံနိုင်တာတွေလဲ ဖြစ်တတ်ကြပါတယ်။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ မျက်စိနာတာကတော့ မျက်စိအင်မတန် ယားတတ်ပြီး ပြည်တွေစိမ့်ထွက်တတ်တာပါ။ အဲ့ဒီပြည်တွေကြောင့် မျက်စိက စေးကပ်ကပ်ဖြစ်တတ်ပြီး တစ်ခါတလေလဲ ပြည်မထွက်ဘဲ မျက်စိချည်း နာနေတာမျိုးလဲ ရှိပါတယ်။

    ဒါဆို အဲ့ဒီ မျက်စိနာရောဂါက ဘယ်လိုကူးစက်တတ်တာလဲ။ မျက်လုံးအကြည့်ခြင်းကနေ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်နိုင်လား။

    ဒီမျက်စိနာခြင်းက ကူးစက်တတ်တဲ့ နည်းတွေ အများကြီး ရှိပါတယ်၊ အဲ့ဒီထဲမှာ ဆေးဘက်ဆိုင်ရာ အသိပညာနဲ့ ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့သူ တချို့က မျက်စိနာတာက မျက်လုံးအကြည့်ကနေ ကူးနိုင်တယ်ဆိုပြီး ပြောကြပါတယ်။ တကယ်တော့ ဒီအယူအဆက အမှားပါ။

    ဒီအကြောင်းအရာ ပတ်သက်လို့ Fact Hub က အဖွဲ့အစည်းနဲ့ အချိတ်အဆက်ရှိတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို မေးမြန်းထားပြီး ဖြေကြားချက်တွေကို ပြန်လည်ကောက်နုတ်ဖော်ပြပေးထားပါတယ်။

    “ဒီမျက်စိနာခြင်းက ရောဂါပိုး ရှိနေတဲ့ သူက သူ့ ခန္ဓာကိုယ်က ထွက်တဲ့ droplet တွေ၊ ဥပမာ တံတွေးတို့၊ မျက်ရည်တို့ တခြား အမှုန်အမွှားလေးတွေ တစ်နည်းနည်းနဲ့ ပျံ့နှံ့သွားတာကနေ ကူးစက်နိုင်ပါတယ်၊ ဥပမာအနေနဲ့ လေထဲက ကူးတာမျိုး၊ ရောဂါဖြစ်နေတဲ့သူ သုံးတဲ့ လက်သုတ်ပုဝါ/လက်ကိုင်ပုဝါကို တခြား လူကောင်းတစ်ယောက်က လာသုံးလို့ ကူးစက်တာမျိုး၊ မျက်စိနာနေတဲ့သူရဲ့ အသုံးအဆောင်တွေကို တိုက်ရိုက်ထိတွေ့မိတာမျိုးကနေ ကူးနိုင်တယ်။ နမူနာ သူက ဒီရုပ်ဝတ္ထုတွေကို လက်နဲ့ ကိုင်တွယ်ပြီး သူ့ရဲ့ နှာခေါင်းတို့၊ မျက်လုံးတို့၊ ပါးစပ်တို့လို ပွတ်မိရင် ကူးနိုင်တယ်၊ နောက် မျက်စိနာတဲ့ ပိုးရယ်ဆိုပြီး သီးသန့်ရှိတာ မဟုတ်ဘဲ ဒီပိုးတွေကပဲ နှာခေါင်းကို ပွတ်မိရင် အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်တာ တစ်ခုခု ဖြစ်မယ်၊ ပါးစပ်ကို ပွတ်မိရင် နမူနာအနေနဲ့ အာသီးရောင်ရင် ရောင်မယ်၊ မျက်စိကို ပွတ်မိရင် မျက်လုံးနာလာမယ်ပေါ့။ အဓိကကတော့ အဲ့လိုနည်းတွေနဲ့ ကူးနိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရုံနဲ့တင်တော့ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေက လေထဲကနေ တဆင့် တစ်ယောက်နဲ့ တစ်ယောက် လုံးဝမကူးစက်နိုင်ပါဘူး ” လို့ ဆေးဝါးဗေဒဘွဲ့လွန်ဒီပလိုမာ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

    မျက်စိနာခြင်းက ခုနကပြောသလို ဗိုင်းရပ်စ်/ဘက်တီးရီးယားတွေက မျက်လုံးအတွင်း ဝင်ရောက်ခြင်းက တဆင့် ကူးစက်နိုင်သလို ရောဂါဖြစ်နေသူနဲ့ နီးနီးကပ်ကပ်နေပြီး တိုက်ရိုက်ထိတွေ့မှု ရှိတာမျိုးဆိုရင်လဲ ကူးစက်နိုင်ပါတယ်။ ကိုယ့်ရဲ့ မျက်လုံးတစ်ဖက်ကနေ နောက်တစ်ဖက်ကိုလဲ ကူးစက်နိုင်တာမျိုးရှိပါတယ်။ ကူးစက်ခံရဆီက ရောဂါပိုး တင်ကျန် ဆက်စပ်လျက်ရှိနေတဲ့ မျက်နှာပြင်ဧရိယာတွေကို နောက်တစ်ယောက်က ထိတွေ့မိပြီး မျက်လုံးကို ပွတ်မိတယ်ဆိုရင်လဲ ကူးနိုင်ပါတယ်။ ကလေးသူငယ်တွေ များပြားတဲ့ စာသင်ကျောင်းတွေ၊ အဆောင်တွေနဲ့ လူစုစုနေရာတွေမှာ ကူးစက်လွယ်တတ်ပါတယ်။

    ဒေါက်တာက ” မူလ ကူးစက်ထားတဲ့ ပိုင်ရှင်ဆီကနေ တခြားတစ်ယောက်ဆီကို ကူးစက်နိုင်တဲ့ နည်းတွေက အများကြီးရှိတယ်။ ချောင်းဆိုးတယ်၊ နှာချေတယ်၊ အဲ့တာတွေကို လက်နဲ့ ပွတ်မိပြီး မျက်နှာပြင် တစ်ခုခုနဲ့ ထိတွေ့မိတယ်၊ အဲ့နေရာကို နောက်တစ်ယောက်က လာထိတယ်၊ သူက တစ်ခါ ထပ်ပွတ်မိတယ်၊ အဲ့လို ကူးမိနိုင်တာမျိုးတွေကလဲ ဘက်တီးရီးယားထက်စာရင် ဗိုင်းရပ်စ်တွေက ပိုအကူးလွယ်တတ်ပါတယ်။ အဲ့လို ကူးနိုင်တဲ့ ဖြစ်နိုင်ချေတွေက အများကြီး ရှိပေမဲ့ မျက်လုံးချင်း ဆုံလို့ မျက်စိနာ ကူးတယ်၊ အကြည့်ကနေ ကူးနိုင်တယ်ဆိုတာတော့ လုံးဝမဟုတ်ဘူး။ ကူးတဲ့အခါလဲ ကိုယ်က တိုက်ရိုက်တော့ သူနဲ့ သွားပြီး ထိတွေ့နေတာ မရှိပေမဲ့ တစ်ခန်းထဲ တူတူရှိတယ်ဆို အဲ့လူက နှာချေလိုက်တယ်၊ ရောင်နေတဲ့ မျက်လုံးကနေ ထွက်တဲ့ အမှုန်အမွှား အစက်တွေက ခုနက ပြောသလို တစ်နည်းနည်းနဲ့ ပြန့်သွားရင်လဲ ကူးတာပဲ။ ဒါပေမဲ့ လူတချို့ကကျတော့ အဲ့တာကို မမြင်သာဘဲနဲ့  အကြည့်ချင်းဆုံလို့ ကူးတယ်ဆိုပြီး လွဲမှားစွာ ထင်သွားကြတယ်။ ပြီးတော့ လူတစ်ယောက် မျက်စိနာပြီဆိုရင်လဲ အဲ့ဒီလူက အနည်းဆုံးတော့ မျက်စိယားလို့ ပွတ်မိတာမျိုး ရှိမှာပဲ၊ ပြီးရင် တစ်နေရာရာကို ကိုင်မိရင်လဲ တခြား အနီးအနားက လူတွေဆီ ကူးနိုင်တာပဲ၊ ဒါကြောင့် လူတစ်ယောက် မျက်စိနာရင် အနီးအနားက လူတွေပါ ကူးတာ မဆန်းပါဘူး” လို့ ဆက်ပြီး ပြောပါတယ်။

    ကလေးတွေ မျက်စိနာရင် မိခင်နို့နဲ့ ကုတယ်ဆိုတာကရော မှန်ရဲ့လား။

    ဒီအယူအဆကလဲ အင်တာနက်ပေါ်မှာနဲ့ အရပ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြတဲ့ အယူအဆမှားတစ်ခုပါ။ မျက်စိနာတာကို မိခင်ရဲ့ နို့ရည်နဲ့ ကုသတယ်ဆိုတာနဲ့ ပတ်သက်လို့လဲ ဆေးသိပ္ပံဆိုင်ရာ သုတေသနမျိုးနဲ့ တခြား ခိုင်လုံတဲ့ အထောက်အထားမျိုး မရှိတာဖြစ်လို့ အယူအဆမှားတစ်ခု သက်သက်ပါပဲ။

    မျက်စိနာခြင်းကို ဘယ်လိုကုသနိုင်မလဲ။ 

    မျက်စိနာတာက မကြာခဏ မျက်လုံးကို ပွတ်မိတတ်တဲ့ သူတွေမှာ အဖြစ်များလေ့ရှိတာမလို့ မျက်လုံးကို ခပ်ကြမ်းကြမ်း ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့၊ လက်ကိုမကြာခဏဆေးပေးပါ၊ မျက်စိအရောင်ကျဖို့နဲ့ မျက်စိစူးတာ၊ ယားတာ အထိုက်အလျောက် ကာကွယ်နိုင်ဖို့ နေကာမျက်မှန်/မျက်မှန် တပ်တာမျိုး လုပ်သင့်ပါတယ်။ မျက်စဉ်းဆေးခတ်တာမျိုး ပြုလုပ်နိုင်သလို တတ်ကျွမ်းတဲ့ ဆရာဝန်ဆီမှာ ပြသပြီး လိုအပ်တဲ့ ညွှန်ကြားချက်တောင်းခံနိုင်ပါတယ်။ ရက်သတ္တပါတ် ကြာတဲ့အထိ မျက်စိနာမပျောက်ရင်တော့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီ သွားရောက် ပြသသင့်ပါတယ်။

    References – Can you get pink eye by looking into someone’s eyes? (2023, September 11). American Academy of Ophthalmology. https://www.aao.org/eye-health/ask-ophthalmologist-q/can-pink-eye-spread-by-looking-into-someones-eyes

    – Nadi. (2023, February 22). မျက်စိနာရင် ဘာလုပ်မလဲ. Hello Sayarwon. https://hellosayarwon.com/eye-health/other-eye-issues/conjunctivitis/

    – Roland, J. (2018, October 30). How is pink eye spread and how long are you contagious? Healthline. https://www.healthline.com/health/is-pink-eye-contagious

    Written by – Zwe Thukha Min
    Edited by – Fact Hub Editor Team

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Fact_Check #Pink_Eye #conjunctivitis #Myth #Can_you_get_pink_eye_by_looking_into_someone_eyes

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleသုည၏ မူလ
    Next Article လူဖြူတစ်ယောက်က ဖန်တီးခဲ့တဲ့ လူမည်းဇာတ်ဆောင် ကလေးရုပ်ပြစာအုပ် (သို့မဟုတ်) ဂန္ထဝင်ကလေးစာပေအညွှန်း (၂)
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    View 1 Comment

    1 Comment

    1. Hlyan on April 17, 2024 6:00 pm

      thanks , it is really informative

      Reply
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.