Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»Fission, Fusion အမေးအဖြေ
    Uncategorized

    Fission, Fusion အမေးအဖြေ

    Zwe Thukha MinBy Zwe Thukha MinMay 25, 2023Updated:January 15, 2024No Comments3 Mins Read
    Fission, Fusion အမေးအဖြေ
    Share
    Facebook Email Telegram
    Fission, Fusion အမေးအဖြေ

    မေး – Fission ဆိုတာဘာလဲဗျ။

    ဖြေ – Fission ဆိုတာ နျူကလီးယားဓာတ်ပြုမှု (Nuclear reaction) အမျိုးအစားတွေထဲက တစ်ခုပဲ။ ဖစ်ရှင် ဒါမှမဟုတ် နျူကလီးယားပြိုကွဲခြင်းလို့ မြန်မာလို ခေါ်ကြတယ်။

    မေး – ဒါဆို Fission က ဘယ်လိုအလုပ်လုပ်တာလဲမသိ။

    ဖြေ – Fission ဆိုတာက အက်တမ်ရဲ့ ဗဟိုဝတ်ဆံ နျူးကလီးယပ်စ်ကို နောက်အက်တမ်တစ်လုံးက နျူထရွန်တိုက်ပြီး ဖြိုခွဲရင် စွမ်းအင်တစ်ခု ထွက်လာတယ်။ အခုခေတ် ဖွံ့ဖြိုးပြီးနိုင်ငံတွေက နျူကလီးယားဓာတ်ပေါင်းဖိုတွေကို တည်ပြီး ဖစ်ရှင်ဓာတ်ပြုမှုက‌ရလာတဲ့ စွမ်းအင်ကနေတဆင့် လျှပ်စစ်ထုတ်လုပ်တယ်။

    မေး – ဓာတ်ပေါင်းဖိုတွေကရော ဘယ်လိုအလုပ်လုပ်လဲဗျ၊ ဖစ်ရှင်ကို ရောဘယ်လိုသုံးတာလဲ။

    ဖြေ – အဲ့ဒီဓာတ်ပေါင်းဖိုတွေက fission (နျူကလီးယားပြိုကွဲခြင်း) ဖြစ်စဉ်နဲ့ အလုပ်လုပ်ပြီးတော့ ယူရေနီယမ်ဒြပ်စင်ကို အဓိကထားပြီးသုံးတယ်။ ဘာလို့လဲဆိုတော့ ယူရေနီယမ်တို့ ပလူတိုနီယမ်တို့လို ဒြပ်စင်တွေက ဝတ်ဆံကြီးတယ်၊ အဲ့ဒီအခါကျ ဖစ်ရှင်ကိုဖြစ်ပေါ်စေနိုင်တယ်။ မြင်သာအောင်ပြောရရင် ဓာတ်ပေါင်းဖိုတွေမှာသုံးတဲ့ ယူရေနီယမ် ၂၃၅ အိုင်ဆိုတုပ် ဒြပ်စင်တွေက မတည်ငြိမ်တဲ့ အခြေအနေရှိတယ်။ အဲ့ဒီယူရေနီယမ်အက်တမ်တွေထဲမှာ နျူထရွန်တွေ အများကြီးပါဝင်တယ်။ နျူထရွန်တွေကို ကျည်ဆံလို့ မှတ်ပါ။ အဲ့ဒီကျည်ဆန်တွေက အရမ်းမြန်တဲ့ အရှိန်နဲ့ သွားနေပြီးတော့ တခြားယူရေနီယမ်အက်တမ်တွေထဲက ဝတ်ဆံကို ဝင်တိုက်မိရင် အက်တမ်ကပြိုကွဲပြီးတော့ စွမ်းအင်ထွက်တယ်၊ အဲ့တာဖစ်ရှင်။

    ဓာတ်ပေါင်းဖိုအလုပ်လုပ်ပုံကတော့ ဒီမှာ ရေးထားတယ်။

    မေး – အဲ့လိုပြိုကွဲမှုတွေ အများကြီးဖြစ်မှ စွမ်းအင်ထွက်မှာလား။

    ဖြေ – ပြိုကွဲမှုက ကွင်းဆက်လိုက်ဖြစ်တာမလို့ စွမ်းအင်က အချိန်ခဏလေးနဲ့ လုံလုံလောက်ထွက်နိုင်တယ်။ ခုနက ပြိုကွဲသွားတဲ့ အက်တမ်က နျူထရွန်‌တွေက တခြားအက်တမ်တွေကို ဝင်ဝင်တိုက်တယ်၊ အဲ့ကနေ စွမ်းအင်အမြောက်အမြားထွက်တယ်။ ဒါကို နျူကလိယကွင်းဆက်ဓာတ်ပြုတယ်လို့ ခေါ်ဝေါ်တယ်။

    မေး – ဒါဆို နျူကလီးယားဗုံးတွေကရော ဖစ်ရှင်ကိုပဲ သုံးကြတာလား။

    ဖြေ – အခုခေတ်သာမိုနျူကလီးယားဗုံးအချို့က Chemical – Fission – Fusion အလုပ်လုပ်ကြတယ်။ Chemical က ရိုးရိုးသာမန်ပေါက်ကွဲတဲ့ ဗုံးတွေလိုပဲ။ ပထမဦးဆုံး နျူဗုံးတစ်လုံးက Chemical ဓာတ်ပြုမှုဖြစ်တယ်။ အဲ့ဒီပေါက်ကွဲမှုက ရလာတဲ့ စွမ်းအင်က fission ဖြစ်ဖို့အတွက် လှုံ့ဆော်ပေးတယ်။ ဗုံးထိပ်ဖူးမှာ Fission ဓာတ်ပြုမှူတွေ များလာပြီဆိုရင် အဲ့ဒီစွမ်းအင်တွေက fusion အဆင့်ကို ရောက်ဖို့ ဆက်လှုံ့ဆော်တယ်။ ကွင်းဆက်သုံးခုလုံး လုံလုံလောက်လောက်ပြီးမြောက်ဖို့ စက္ကန့်ပိုင်းလေးပဲ ကြာတယ်။ အဲ့ဒီ အဆင့်သုံးဆင့်လုံးက ခဏလေးအတွင်း မြို့ကြီးတစ်မြို့လုံးကို ပြာကျသွားစေနိုင်လောက်တဲ့အထိ အဖျက်စွမ်းအားရှိတာပေါ့။

    ‌မေး – အဲ့ဒီ Fusion ဆိုတာ‌ကရော ဘာကြီးတုန်း။

    ဖြေ – သူလည်း နျူကလီးယားဓာတ်ပြုမှုအမျိုးအစားတွေထဲက တစ်ခုပဲ။ ဖစ်ရှင်နဲ့ မတူတာက ဖစ်ရှင်က နယူကလိယတွေကို ပြိုကွဲစေပြီး ဖျူရှင်ကတော့ ပေါင်းစည်းစေလို့ပဲ။ ပေါင်းစည်းလို့ ရလာတဲ့ စွမ်းအင်က ပိုများတယ်။

    မေး – သူကို့ရော အသေးစိတ်ရှင်းပြပေးနိုင်မလား။

    ဖြေ – ရတယ်။ Fusion ကိုရှင်းပြရမယ်ဆိုရင် အက်တမ်တွေက အရွေ့စွမ်းအင် တစ်ခုခုကြောင့် အက်တမ်တစ်လုံးနဲ့ တစ်လုံး နီးကပ်လာတဲ့အခါ မျိုးတူအီလက်ထရွန်တွေအချင်းချင်း တွန်းကန်ကြပြီးတော့ အရွေ့စွမ်းအင်က တွန်းကန်အားထက် များနေတဲ့အခါ ဆက်လက်နီးကပ်စေတယ်။ နီးကပ်လာတဲ့အခါ အက်တမ်တွေမှာရှိတဲ့ ဖိုဓာတ်ဆောင်ပရိုတွန်နဲ့ မ,ဓာတ်ဆောင်အီလက်ထရွန်တွေက မျိုးမတူတဲ့အတွက်ကြောင့် အချင်းချင်း ဆွဲငင်လာကြတယ်။ ဆွဲငင်ကြရင်း ပိုမိုနီးကပ်လာတဲ့အခါ အက်တမ်ဝတ်ဆံ နျူကလိယတွေအချင်းချင်း ပြင်းထန်တဲ့အရှိန်နဲ့ ပြန်လည်တွန်းကန်ကြရင်း ခုနက ဆွဲငင်နေတဲ့ ပရိုတွန်နဲ့ အီလက်ထရွန်တွေကို အကွာအဝေးတစ်ခုအထိ ပြန်ကန်ထုတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ တွန်းကန်အားနဲ့ ဆွဲငင်အား တူညီသွားပြီးတော့ အဲ့ဒီအက်တမ်နှစ်လုံးက သင့်တင့်တဲ့ အကွာအဝေးတစ်ခုမှာ မော်လီကျူးတစ်ခုအဖြစ်နဲ့ ပေါင်းသွားတယ်။ ဒါက မော်လီကျူးအဖြစ်နဲ့ အက်တမ်တွေပေါင်းစည်းပုံပဲ။

    မေး – မော်လီကျူးပေါင်းတာကိုတော့ နားလည်ပြီ။ ဒါပေမဲ့ အဲ့တာစွမ်းအင်မှ မထွက်တာ။ ဘယ်လိုဆက်ဖြစ်သေးလဲ။

    ဖြေ – ဆက်ပြောမယ်လေ။ အဲ့ဒီအခြေအနေကနေ အပေါ်မှာပြောခဲ့သလို ပိုမိုပြင်းထန်တဲ့ အားတစ်ခုက အက်တမ်တွေကို သက်ရောက်သွားရင် အက်တမ်တွေအချင်းချင်း နီးသထက်ပိုနီးသွားပြီးတော့ နျူကလိယတွေရဲ့ တွန်းကန်မှုကို လွန်ဆန်ပြီး  အချင်းချင်းပေါင်းစည်းသွားကြတယ်။ အဲ့ဒီလို အက်တမ်တစ်လုံးနဲ့တစ်လုံး ပေါင်းသွားပြီးတော့ အက်တမ်တစ်လုံးတည်း ဖြစ်သွားတဲ့အခါ ကြီးမားတဲ့စွမ်းအင်ထွက်လာတယ်။ အဲ့တာကို နျူကလီးယားပေါင်းစည်းခြင်း (သို့မဟုတ်) နျူကလီးယားဓာတ်ပေါင်းခြင်း (Nuclear Fusion) လို့ခေါ်တယ်။ နေအပါအဝင် ကြယ်တော်တော်များများက ဖျူရှင်နည်းနဲ့ လောင်ကျွမ်းနေကြတာ။ နေဆိုရင်ဟိုက်ဒြိုဂျင်အက်တမ်တွေ ပေါင်းစည်းရာကနေ ဟီလီယမ်အက်တမ်အဖြစ် အသစ်ဖြစ်ပေါ်လာတယ်။

    မေး – မေးစရာတော့ ကျန်သေးတယ်ဗျ။ ဖျူရှင်ဓာတ်ပြုမှုကနေထွက်တဲ့ စွမ်းအင်က ဖစ်ရှင်ထက်များတယ်ဆိုရင် နျူကလီးယားဓာတ်ပေါင်းဖိုတွေက ဘာလို့ ဖျူရှင်နည်းမသုံးတာလဲ။

    ဖြေ – ဖျူရှင်အခြေအနေက အင်မတန်ကြီးမားတဲ့ အပူချိန်၊ ဖိအားပမာဏရှိမှ ဖြစ်ပေါ်နိုင်တာမလို့ ကမ္ဘာပေါ်မှာ ဖန်တီးနိုင်ဖို့ ခဲယဉ်းတယ်။ နေဝတ်ဆံအပူချိန် ဒီဂရီဆဲလ်စီးယပ်စ် ၁၅ သန်းလောက်မှ ဖစ်ရှင်ဖြစ်တာ။ ဓာတ်ပေါင်းဖိုတွေမှာ အဲ့လောက်ပြင်းထန်တဲ့ အပူချိန်မျိုးကို လုပ်နိုင်ဖို့ နည်းပညာပိုင်း အားနည်းနေသေးတယ်လို့ဆိုနိုင်တယ်။ နေအတုလို့ သမုတ်ကြတဲ့ ဖျူရှင်ဓာတ်ပေါင်းဖိုတချို့တော့ရှိတယ်။ ဒါပေမဲ့ စမ်းသပ်နေဆဲပဲ။ ဥပမာ ကိုရီးယားနိုင်ငံက KSTAR နျူကလီးယားဓာတ်ပေါင်းဖိုဆိုရင် ဖျူရှင်ဖြစ်စဉ်နဲ့ စွမ်းအင်ထုတ်ပြီး အပူချိန် ၂၀၀ သန်းဒီဂရီဖာရင်ဟိုက်​ အပူချိန်လောက်မှာ စက္ကန့် ၂၀ နီးပါး လည်ပတ်နိုင်ခဲ့တယ်။ ဒီအပူချိန်က နေရဲ့ ဝတ်ဆံအပူချိန်ထက်တောင် အဆများစွာ ပိုပူတယ်။ ဖျူရှင်ဓာတ်ပေါင်းဖိုတွေက အခုလက်ရှိမှာ မရှိသေးပေမယ့် အနာဂတ်သိပ္ပံရဲ့ နည်းပညာတစ်ခုအနေနဲ့ ဖြစ်လာနိုင်ပြီးတော့ တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်တယ်။

    မေး – ဒါဆို အက်တမ်အချင်းချင်းပေါင်းစည်းတာကနေ ဖျူရှင်ဖြစ်တာကို အလွယ်ဘယ်လို မှတ်နိုင်မလဲ။ ဖစ်ရှင်နဲ့ ဖျူရှင်ကိုရော ဘယ်လို နည်းနဲ့ အလွယ်မှတ်နိုင်မလဲ။

    ဖြေ – အလွယ်မှတ်တာက အကြောင်းအရာနဲ့ပတ်သက်လို့ တိကျတဲ့အသိမျိုး ရမှာမဟုတ်ဘူး။ အောက်ကလိုတော့ သိထားရင် ပြေနိုင်တယ်။ အက်တမ်အချင်းချင်းကြားက သံလိုက်ထောက်ကန်အားက Outward pressure (ပြင်ပဖိအား) ပမာဏထက် နည်းပြီး အချင်းချင်းနီးကပ် ပေါင်းစည်းသွားရင် ဖျူရှင်ဖြစ်တယ်လို့ မှတ်ပါ။

    ဖစ်ရှင်က “ကြီး” တဲ့ အက်တမ်တွေက “သေး” တဲ့အက်တမ်တွေအဖြစ် ပြိုကွဲတယ်။ ဖျူရှင်ကျ “သေး” တဲ့အက်တမ်တွေ “ကြီး” တဲ့အက်တမ်တွေ အဖြစ်ပေါင်းစည်းတယ်။

    မေး – သိပြီဗျ၊ ကျေးဇူးပါ။ ဒါဆို ကျွန်တော်တို့နေအဖွဲ့အစည်းထဲက နေလို ကြယ်တွေ၊ နောက် ဂြိုဟ်တွေကျတော့ရော ဘယ်လို‌ဖြစ်လာတာလဲမသိ။

    ဖြေ – နောက်အပတ်မှသာ စောင့်ဖတ်တော့ ငါ့ကောင်‌ရေ။

    Written by – Zwe Thukha Min

    Edited by – Fact Hub Editor Team

    𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleဂိမ်းကစားတာဟာ Career တစ်ခုအနေနဲ့ သတ်မှတ်နိုင်လား? (အယ်ဒီတာ့အာဘော်)
    Next Article ရှေးတုန်းက လူသားတွေက အရွယ်အစားအားဖြင့် မကြီးမားပါဘူး
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.