Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ခရင်းကောင်အက်ဆေး (ဆောင်းပါးရှည်)
    Uncategorized

    ခရင်းကောင်အက်ဆေး (ဆောင်းပါးရှည်)

    Zwe Thukha MinBy Zwe Thukha MinApril 22, 2023Updated:January 15, 2024No Comments3 Mins Read
    ခရင်းကောင်အက်ဆေး (ဆောင်းပါးရှည်)
    Share
    Facebook Email Telegram
    ခရင်းကောင်အက်ဆေး (ဆောင်းပါးရှည်)

    ပင်လယ်ကမ်းခြေတွေသွားရင် ပုံထဲကလို ကျောက်တုံးတွေ၊ ကျောက်ဆောင်တွေမှာ ကပ်တွယ်နေတတ်တဲ့ ခရုနဲ့ ခပ်ဆင်ဆင်အကောင်လေးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီခရုနဲ့ အသွင်သဏ္ဍာန်ချင်း ဆင်တူတဲ့အကောင်လေးတွေက ခရင်းကောင် (Barnacle) လေးတွေပါ။ ဘုရားသခင်တွေ ဖန်ဆင်းရှင်တွေ မရှင်းပြနိုင်တဲ့ သတ္တဝါတွေဘယ်လိုဖြစ်လာသလဲဆိုတဲ့ မေးခွန်းကို ရှင်းပြနိုင်ခဲ့တဲ့ ဆင့်ကဲသီအိုရီရဲ့ မူလဘူတဘိုးအေကြီး ချားလ်စ်ရောဘတ်ဒါဝင် အကြောင်းကိုပြောမယ်ဆိုရင် သူ့ရဲ့အချစ်တော် ခရင်းကောင်လေးတွေ အကြောင်းကိုလည်း ချန်ထားလို့မရပါဘူး။

    ခရင်းကောင်တွေက ဆင့်ကဲသက်ရှိသမိုင်းမှာ အင်မတန်ထူးခြားတဲ့ အကောင်တွေလို့ ပြောလို့ရနိုင်တယ်။ ခရင်းကောင်မှာ မျိုးစိတ်တစ်ထောင်ကျော်ရှိတဲ့အထဲ ငန်းလည်ပင်းနဲ့ ဆင်တူတဲ့ခရင်းကောင်၊ ကပ်ပါးခရင်းကောင်၊ ခရုငယ်နဲ့ ဆင်တဲ့ ဝက်သစ်ချခရင်းကောင်ဆိုပြီး အကြမ်းအားဖြင့် သတ်မှတ်နိုင်တယ်။ အစောဆုံးမျိုးစိတ်ရဲ့ ရုပ်ကြွင်းအရတော့ ခရင်းကောင်တွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၃၀ ကနေ ၃၂၀ ကြားကာလကတည်းက တည်ရှိခဲ့ကြပါတယ်။

    ကျောရိုးမဲ့သတ္တဝါတွေကို မျိုးပေါင်းစုခွဲတဲ့အခါ အင်းဆက်တွေ၊ ကဏန်းတွေ၊ ပုစွန်တွေနဲ့ ကင်းခြေများတွေပါတဲ့ အာ့တ်ထရိုပေါ့ထ်မျိုးပေါင်းစု (Arthropods)၊ ခရုတွေ ကမာတွေ၊ ပြည်ကြီးငါးတွေက မိုလက်စ်ခ်မျိုးပေါင်းစု (Mollusks) နဲ့ ရေမြှုပ်ကောင်တွေပါဝင်တဲ့ ပေါ်ရီဖီရာမျိုးပေါင်းစု (Porifera) ဆိုပြီး အုပ်စုသုံးစုခွဲပါတယ် – ကွဲပါတယ်။ အစောပိုင်းကာလတွေမှာ ပညာရှင်‌တွေက ခရင်းကောင်ကို ရုပ်ဆင်းအသွင်သဏ္ဍာန်အရ ခရုတွေနဲ့ ဆင်တူတာဖြစ်လို့ မိုလက်စ်ခ်မျိုးပေါင်းစုထဲ ထည့်ထားကြတယ်။ နောက်ပိုင်းကာလတွေရောက်တော့ သတ္တဗေဒပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ခရင်းကောင်ရဲ့ ဥကနေပေါက်တဲ့ ကာလကနေစပြီး ငယ်ဘဝကို ဖြတ်သန်းတဲ့ ပုံစံက ကဏန်းတွေ၊ ပုစွန်တွေနဲ့ ဆင်တူတာဖြစ်လို့ အာ့တ်ထရိုပေါ့ထ်မျိုးပေါင်းစုအောက်မှာပဲ ကရက်စတေးရှန်း (Crustaceans) အနေနဲ့ပဲ ရှိသင့်တယ်ဆိုပြီး ပြောင်းလဲလိုက်ကြတယ်။

    ချီလီနိုင်ငံက ကျောက်ဆောင်တွေပေါ်မှာ ကပ်တွယ်နေတဲ့ ခရင်းကောင်တွေက အချင်း ၃ လက်မ၊ အလျား ၉ လက်မနီးနီးရှိကြတဲ့အထိ ကြီးမားကြပြီးတော့ အဲ့ဒေသက လူတွေက ခရင်းကောင်တွေရဲ့ အသားကို စားလေ့ရှိတယ်။ ခရင်းကောင်တွေ ဥကနေပေါက်ကာစအချိန်မှာ စွန်တွေနဲ့ ပုံသဏ္ဍာန်ဆင်တူကြတယ်။ သူတို့မှာ ချိုကလေးနှစ်ချောင်း၊ အမြီးရှည်တစ်ချောင်း၊ ပြွန်ပုံစံပါးစပ်တစ်ခု၊ မျက်လုံးတစ်လုံးနဲ့ မီးတောင်ပေါက်လို အဖွင့်အပိတ်လုပ်လို့ရတဲ့ အခွံထိပ်ဝတစ်ခုပါရှိတယ်။ ပင်လယ်ကျောက်ဆောင်တွေ၊ သင်္ဘောဝမ်းဗိုက်ကိုယ်ထည်တွေ၊ တံတားတိုင်တွေ၊ သစ်လုံးတွေ၊ လိပ်ကျောကုန်း‌တွေနဲ့ ဝေလငါးကိုယ်တွေပေါ်မှာ တွယ်ကပ်နေတတ်တဲ့ အဲ့ဒီခရင်းကောင်တွေက ကဏန်းနဲ့ ပုစွန်တုပ်တွေလို တချိန်တုန်းက ပင်လယ်ထဲ ကူးခတ်သွားလာနေတဲ့ သတ္တဝါလေးတွေ ဖြစ်မယ်လို့ တွေးထင်စရာမရှိပါဘူး။

    ခရင်းကောင်တွေက ပုစွန်တုပ်၊ ကဏန်းတွေရဲ့ အမျိုးဖြစ်တာကြောင့် အကောင်ပေါက်စမှာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်ကူးသန်းသွားလာကြရင်း အရေကို အကြိမ်ကြိမ်လဲကြပြီးတော့ ခြောက်ကြိမ်နဲ့အထပ် အရေလဲပြီးရင် သားလောင်းအဆင့်ကိုကျော်လွန်ပြီး ဆိုက်ပရစ် [ရေနေခရက်စတေးရှန်းမျိုးပေါင်းစုအောက်က အကောင်တွေရဲ့ သားလောင်းအဆင့်ကိုကျော်လွန်တဲ့ အရွယ်ရောက်ခါနီးသားကောင်ပေါက်] အဆင့်ကိုရောက်ရှိပါတယ်။ အဲ့ဒီက‌နေမှ အာရုံကြောအမြှေးပါးအမျှင် နှစ်ချောင်းရှိလာရင်တော့ ခရင်းကောင်တွေဟာ သားလောင်းအဆင့် (Larval) ကိုကျော်လွန်ပြီးတော့ အရွယ်ရောက်အင်္ဂါစုံအဆင့်ကို ရောက်ရှိသွားပါပြီ။ အဲ့ဒီအချိန်မှာ ခရင်းကောင်တွေက ‌ကျောက်တုံးတွေ ကျောက်ဆောင်တွေနဲ့ သင့်တော်မယ်ထင်တဲ့ တစ်နေရာရာရောက်တာနဲ့ တွယ်ကပ်ဖို့ လုပ်ပါတယ်။ အများအားဖြင့်တော့ မျိုးတူကောင်တွေအများဆုံးရှိတဲ့ နေရာကို ရွေးချယ်လေ့ရှိတယ်။ အကြောင်းအရင်းကတော့ မိတ်ဖက်ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းပိုများပြားတာကြောင့် မျိုးပွားခြင်း (reproduction) လုပ်ငန်းစဉ်ကို လွယ်လွယ်ကူကူလုပ်နိုင်တာ ဖြစ်လို့ပါ။

    ခရင်းကောင်တွေအနေနဲ့ သူတို့တွယ်ကပ်ချင်တဲ့ ကျောက်တုံး၊ ဒါမှမဟုတ် မျက်နှာပြင်တစ်ခုခုကိုရောက်တာနဲ့ ဦးခေါင်းကို စိုက်ချပြီးတော့ ဦးမှင်ကနေ ‌ကော်စေးအရည်နှစ်မျိုးကို ထုတ်ပါတယ်။ ပထမဆုံးထုတ်လိုက်တဲ့ အစေးက မျက်နှာပြင်မှာရှိတဲ့ ရေတွေကိုဖယ်ရှားပေးပြီးတော့ ဒုတိယအစေးကတော့ ခရင်းကောင်ရဲ့ ဦးခေါင်းနဲ့ ကျောက်ဆိုင်နဲ့ကို ဘိလပ်မြေကိုင်သလို တစ်သားတည်းဖြစ်ပြီး တွယ်ကပ်နေစေဖို့အတွက်ပါ။ ဒီအစေးတွေမှာ ဖော့စဖိုပရိုတင်းဆိုတဲ့ ပရိုတင်းတစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီအစေးနှစ်မျိုးပေါင်းထားတဲ့ ခရင်းကောင်ရဲ့ ကော်စေးကို ဘယ်ဘက်တီးရီးယားမှမတိုးနိုင်ဘူး။ နောက်ပြီး ခရင်းကောင်တွေက တစ်နေရာရာမှ ကပ်တွယ်လိုက်ပြီဆိုတာနဲ့ သေတဲ့အထိ ဘယ်မှ‌မရွေ့တော့ဘဲနဲ့ အဲ့နေရာမှာပဲ အရိုးထုတ်လေ့ရှိကြတယ်။ ခန္ဓာကိုယ်က စွန့်ထုတ်လိုက်တဲ့ ကယ်စီယမ်ကာဗွန်နိတ်တွေနဲ့ အခွံတွေကိုတည်ဆောက်တယ်။ အဲ့ကနေမှအခွံနှစ်ထပ်ရှိလာကြတယ်။ ခြေထောက် ၁၆ ချောင်းဖြစ်လာကြတယ်။ မီးတောင်ပေါက်သဏ္ဍာန် အခွံထိပ်ဝကို ရေတက်ချိန်မှာ ဖွင့်ထားပြီး အစာရှာတယ်။ ရေကျချိန်မှာတော့ ခန္ဓာကိုယ်ရေဓာတ်မကုန်ခမ်းသွားအောင် အပေါက်ကိုပိတ်လိုက်တယ်။ တွယ်ကပ်နေတဲ့ဦးခေါင်းနဲ့ Cirri လို့ခေါ်တဲ့ အမွေးအမျှင်သဏ္ဍာန်ရှိ ခြေထောက် ၁၆ ချောင်းနဲ့ အစာထွက်ရှာကြတယ်။ ခရင်းကောင်တွေက အဲ့ဒီ ပျော့ပျောင်းတဲ့ ခြေထောက်တွေကို ပင်လယ်ထဲက ပိုးမွှားတွေကို ဆွဲယူပြီး ပါးစပ်ထဲသွင်းပို့ အစာရှာဖို့အပြင် ရေထဲမှာပါဝင်နေတဲ့ အောက်စီဂျင်ကို စုပ်ယူပြီး အသက်ရှုဖို့အတွက်လည်း သုံးစွဲကြတယ်။

    ခရင်းကောင်တွေရဲ့ ထူးခြားတဲ့အချက်က သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ မလိုက်အောင်ကို ရှည်လျားတဲ့ လိင်တံပါရှိပြီးတော့ အဲ့ဒီလိင်တံက သူတို့ရဲ့ ခန္ဓာကိုယ်ထက် ရှစ်ဆနီးပါးပိုကြီးတာပါ။ ဒါကြောင့် ခရင်းကောင်တွေက သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ယှဉ်လိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အရှည်ဆုံးလိင်တံကို ပိုင်ဆိုင်ထားတဲ့ သက်ရှိတွေဖြစ်ကြတယ်။ အဲ့လိုရှည်လျားတဲ့ လိင်တံကို သဘာဝဆီက လက်ဆောင်ရထားလို့သာ ခရင်းကောင်တွေက တစ်နေရာတည်းမှာ အသေတွယ်ကပ်နေရင်းကနေ မိတ်ဖက်ဆီကို သူတို့ရဲ့ သုက်ပိုးကိုအရောက်ပို့ပြီး reproduction လုပ်နိုင်တာပေါ့။ နောက်ကံကောင်းတာတစ်ခုက ခရင်းကောင်အများစုဟာ ဒွိလိင် (hermaphrodite) တွေဖြစ်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ခရင်းကောင်မှန်သမျှက မိတ်ဖက်ဖြစ်နိုင်ချေများတယ်။ ခရင်းကောင်တွေမှာ သားဥရော လိင်တံရော ပိုင်ဆိုင်ထားတယ်။ တစ်နှစ်မှာတစ်ခါ သားဥကြွေပြီးတော့ သားဥကြွေတဲ့အခါမှာ ခရင်းကောင်ဆီကနေ အနံ့တစ်မျိုးကို ထုတ်လွှတ်လိုက်တယ်။ အဲ့ဒီအနံ့ပိုင်ရှင်ဟာ မိတ်လိုက်ရာသီမှာ လတ်တလောကာလအတွက် အမဖြစ်သွားတယ်။ ခရင်းကောင်တွေရဲ့ လိင်တံက အနံ့ခံအာရုံနဲ့ အရသာအာရုံနှစ်မျိုးကို ခံစားနိုင်ကြတယ်။ ခုနက ခရင်းကောင်အမကလွှတ်လိုက်တဲ့ အဲ့ဒီအနံ့ကို အာရုံခံမိတဲ့ အနီးနားက ခရင်းကောင်တွေက သူတို့ရဲ့ လိင်တံရှည်ရှည်ကြီးတွေနဲ့ မိတ်လိုက်ဖို့အတွက် ရောက်လာကြတယ်။ ခရင်းကောင်တစ်ကောင်က တစ်ခါဥဥပြီဆိုရင် ဥအရေအတွက်အားဖြင့် တစ်သောင်းနီးပါး ဥနိုင်ကြတယ်။ အဲ့ဒီဥတွေကို ခန္ဓာကိုယ်အပြင်ဘက်က ဒုတိယအခွံအောက်မှာရှိတဲ့ အိတ်ထဲမှာ သိမ်းဆည်းထားကြတယ်။ ခရင်းကောင်မိတ်ဖက်အချင်းချင်း နေရာတူပေမယ့် လိင်တံမမီနိုင်တဲ့ အကွာအဝေးမှာရှိနေရင်တော့ ခရင်းကောင်တစ်ကောင်က သူ့ရဲ့ သုက်ရည်ကို ရေထဲကို လွှတ်ပေးလိုက်ပါတယ်။ အကယ်၍ ကံကောင်းထောက်မစွာနဲ့ သားဥကိုပိုင်ဆိုင်ထားတဲ့ ခရင်းကောင်ရဲ့ အနီးအနားကို အဲ့သုက်ရည်က ရောက်လာမယ်ဆိုရင် ဖမ်းယူပြီးတော့ မျိုးပွားခြင်းကို လုပ်ဆောင်နိုင်အောင်ပေါ့။ ခရင်းကောင်အထီးတွေက မိတ်လိုက်ရာသီပြီးရင် လိင်တံအဟောင်းကို ဆက်အသုံးမပြုတော့ဘဲနဲ့ အရေလဲလိုက်တယ်။ နောက်နှစ်ကျရင် လိင်တံအသစ်နဲ့ မိတ်လိုက်မျိုးပွားခြင်းကို ဆက်လက်လုပ်ဆောင်ကြတယ်။

    ခရင်းကောင်တွေကို ဒါဝင်စိတ်ဝင်စားရတဲ့အချက်က သူတို့ရဲ့ အထီးမကျ အမ မဖြစ် ဒွိလိင်အဖြစ်တည်ရှိနေမှုကိုပါ။ ခရင်းကောင်တွေလို မရွေ့လျားနိုင်တဲ့ သက်ရှိတွေအနေနဲ့ အဖိုအင်္ဂါ၊ အမအင်္ဂါ အဆင်ပြေသလို လှည့်လည်သုံးစွဲနိုင်တဲ့ ဒွိလိင်ဖြစ်တည်မှုက အားသာချက်တွေရှိနေတယ်။ ပထမတစ်ခုက ပတ်ဝန်းကျင်မှာရှိတဲ့ ခရင်းကောင်တိုင်းက ကိုယ့်ရဲ့ မိတ်ဖက်ဖြစ်တယ်။ ဒါကြောင့် အလွယ်တကူမျိုးပွားနိုင်တဲ့ အခွင့်အရေးရှိတယ်။ အကယ်၍ မိတ်ဖက်တစ်ကောင်မှမရှိခဲ့ဘူးဆိုရင်တောင် ခရင်းကောင်တွေက အထီးလည်း ကိုယ်၊ အမလည်းကိုယ်ပဲဖြစ်တာကြောင့် self fertilize (ကိုယ်တိုင်မျိုးအောင်) နိုင်တယ်။ ဒါပေမဲ့ self fertilize လုပ်တာက ငုပ်သျှိုးနေတဲ့ မကောင်းတဲ့ ဗီဇတွေက ကိုယ့်မျိုးဆက်မှာ ပြန်ပေါ်လာနိုင်ချေရှိတယ်။ ဒါကြောင့် သဘာဝက ပေးထားတဲ့အသိအရ ဒွိလိင်သက်ရှိတွေက self fertilization ကို တတ်နိုင်သလောက် ရှောင်ကြတယ်။ မိတ်ဖက်ရနိုင်မယ့်အခွင့်အရေး ရာခိုင်နှုန်းနဲ့ မိတ်လိုက်ဖို့အတွက် ထုတ်သုံးရမယ့်စွမ်းအင်အချိုးအစား ကိုက်ညီခြင်း ရှိမရှိနဲ့ ကိုယ်တိုင်မျိုးအောင်ဖို့အတွက် လုပ်သင့်မလုပ်သင့်ကို ချင့်ချိန်စဉ်းစားကြရတယ်။

    သတ္တဝါတွေအကုန်လုံးဟာ ဆင့်ကဲဖြစ်စဉ်ရဲ့ အစောပိုင်းကာလတွေမှာ ဖိုမလိင်ပိုင်းဆိုင်ရာ ကွဲကွဲပြားပြားမဖြစ်သေးပါဘူး။ ကျွန်တော်တို့ လူသားမျိုးစိတ်မှာတောင် မိခင်ဝမ်းဗိုက်ထဲ သန္ဓေတည်ကာစ သန္ဓေလောင်းလေးတွေမှာ လိင်ကွဲကွဲပြားပြားမရှိနေပါဘူး။ အချိန်တစ်ခုကြာမှသာ မျိုးပွားအင်္ဂါအသီးသီး ထင်ထင်ရှားရှားရှိလာပြီးတော့ ယောက်ျားလေး၊ မိန်းကလေးရယ်ဆိုပြီး လိင်ကွဲထွက်သွားကြတာဖြစ်ပါတယ်။ ဒွိလိင်တွေက ရှေးအကျဆုံး သက်ရှိတွေလို့ ပြောလို့ရနိုင်တယ်။ ခရင်းကောင်တွေက ဒွိလိင်‌ကနေ သီးခြားအဖိုအမအဖြစ်နဲ့ လိင်ကွဲပြားတဲ့ အဆင့်ရောက်အောင် ဆင့်ကဲပြောင်းလဲနေတဲ့ သက်ရှိသတ္တဝါလေးတွေဖြစ်ကြတယ်။ ဒါဝင်က ခရင်းကောင်တွေကို လေ့လာနေတဲ့ ကာလအတွင်းမှာပဲ ဆင့်ကဲပြောင်းလဲလာတဲ့ မျိုးပွားအင်္ဂါတွေနဲ့ လိင်ကွဲပြားမှုရှိလာစေဖို့ အဆင့်မြှင့်တင်နေကြတာတွေကို တွေ့ရှိခဲ့ရတယ်။ ကိုယ်တိုင်မျိုးအောင်ခြင်းလိုမျိုး မကောင်းတဲ့အလေ့အထကို ရှောင်ကြဉ်ရင်း အထီးရယ် အမရယ်ဆိုပြီး ပိုမြင့်တဲ့ အဆင့်တစ်ခုဆီကို ကွဲကွဲပြားပြားဖြစ်လာဖို့အတွက် ဆင့်ကဲပြောင်းလဲနေတဲ့ ခရင်းကောင်တွေက သက်ရှိသမိုင်းရဲ့ လိင်မှုသဘာဝအစကိုလေ့လာနေတဲ့ ဒါဝင့်အတွက် စိတ်ဝင်စားစရာ ဖြစ်စေခဲ့တာလည်း မမှားပါဘူး။

    Reference – ဘုရားသခင်ကိုစိန်ခေါ်သူ (ခန့်စိုးနိုင်)

    Oceana

    UFL EDU

    California Academy of Science

    Image – Unsplash, California Academy of Science

    Written by – Zwe Thukha Min

    Edited by – Fact Hub Editor Team

    𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleကမ္ဘာဂြိုလ်ပြင်ပ သက်ရှိဖြစ်တည်မှုရှာဖွေခြင်း အပိုင်း (၂)
    Next Article ဖိုတွန်တစ်လုံးဟာ နေရဲ့ဝတ်ဆံကနေ ကမ္ဘာကိုရောက်ဖို့ နှစ်‌ပေါင်းသိန်းချီ ဘာကြောင့်ကြာမြင့်ရတာလဲ
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.