Author: Eris

_______________ ဒီစာကို မြင်တာနဲ့ လေကို ဝဝ ရှူသွင်းပြီး အသက်ကို အောင့်ထားပေးပါ။ ကျန်းမာတဲ့ လူတစ်ယောက်က တစ်မိနစ်ကို ပျမ်းမျှ ၁၂ ကြိမ်လောက် အသက်ရှူလေ့ရှိပါတယ်။ တစ်နာရီကို အကြိမ်ရေ ၇၀၀ ကျော်နဲ့ တစ်နေ့ကို အကြိမ် ၁၇၀၀၀၊ တစ်နှစ်လုံးဆို အသက်အရှူအသွင်းလုပ်တဲ့ အကြိမ်‌ရေက ၆၃ သိန်းကျော်တာပေါ့။ ဒီတော့ လူသားတွေ အသက်မရှူဘဲ တကယ် ရှင်သန်နိုင်ရဲ့လား လို့ လိုက်မေးကြည့်ရင် ‘အသက်သာ မရှူရင် သေလူနဲ့  ဘာမှ မထူးတော့ဘူး’ ဆိုတဲ့ အဖြေတစ်ခုတည်းပဲ ပြိုင်တူ ထွက်လာကြမှာပါ။ လူလို့ ဖြစ်လာကတည်းက အသက်မရှူချင်ရင်တောင် ရှူနေရတာပါပဲ။ အချို့ဆို “တစ်နေ့တစ်နေ့ အသက်ရှူနေရတာကိုက အလုပ်တစ်ခု၊ ထမင်းစားနေရတာကိုက အလုပ်တစ်ခု” ဆိုပြီး ညည်းတွားတတ်ပါသေးတယ်။ အသက်ရှူနေရတာက တကယ်တော့လဲ ဘဝကို ရှင်သန်ရုန်းကန်နေရတာပါပဲ။ လူ့ခန္ဓာကိုယ်ဟာလဲ ဒဏ်ရာအနာတရတွေ၊ အာဟာရပြတ်လပ်တာတွေကိုတော့ ခံနိုင်ရည်ရှိသေးပေမဲ့ အသက်ရှူမဝတဲ့ အခြေအနေကိုတော့ သူ မရှိတဲ့ နေ့ရက်တွေကို နေသားမကျသလို ခံနိုင်ရည်မရှိရှာပါဘူး။ ဒီလိုဆိုရင် ပတ်ဝန်းကျင်လေထုက လူသားတွေအပေါ် ဘယ်လောက်ထိ လွှမ်းမိုးနိုင်လဲ . . . ? ဘယ်လောက်ထိ အရေးပါလဲ . . . ? စတုတ္ထဈာန်လို ဘာသာရေးဆိုင်ရာ တရားကျင့်စဉ်တွေမှာဆိုရင် ၇ ရက် တစ်ပတ် အသက်မရှူဘဲ အသက်ရှင်နေနိုင်တယ် ဆိုတဲ့ ယူဆချက်တွေ တကယ်ရော မှန်ရဲ့လား . . .…

Read More

ကျွန်တော်တို့ အာရှတစ်ခွင်မှာ ပရလောက၊ ဝိညာဉ်၊ တစ္ဆေ၊ သရဲ၊ နတ်စိမ်း စတာတွေကို ယုံကြည်ကြသလို အဲဒါတွေနဲ့လဲ စီးပွားရှာနေကြတဲ့ သူတွေ ရှိပါတယ်။ အထူးသဖြင့် နတ်ကတော်တွေပေါ့။ သူတို့ဟာ သေပြီးသား နတ်စိမ်းတွေရဲ့ ပဌာန်းဆက်လိုလို၊ အနွယ်တော်လိုလိုပုံစံမျိုးအဖြစ်နဲ့ စီးပွားရှာနေကြတာပါ။အဲဒီကနေ လူတွေဟာလဲ တဖြည်းဖြည်းနဲ့ ပရလောကအပေါ် ယုံကြည်လာကြပါတယ်။ ပရလောကဆိုတာဟာ သဘာဝလွန်နယ်ပယ်လို့ သိပ္ပံပညာရှင်တွေကလဲ ဆိုထားပါတယ်။အရင်ဆုံး သိပ္ပံနဲ့ ဆက်စပ်မပြောခင်မှာ ကျွန်တော်တို့ အာရှတစ်ခွင်ရဲ့ ကိုးကွယ်မှုအချို့ကို လေ့လာကြရအောင်။အထူးသဖြင့် မြန်မာနဲ့ ထိုင်းမှာဆို တစ္ဆေ၊ သရဲ၊ မှင်စာ၊ ဘီလူး၊ စုန်း၊ ကဝေ၊ နတ်စိမ်း စတာတွေကို အတော်လေး ယုံကြည်ကြပါတယ်။ ထိုင်းမှာဆိုရင် သားသမီးမရနိုင်တဲ့ သူဌေးလင်မယားတွေဟာ အရုပ်လေးတစ်ရုပ်ထဲမှာ ဝိညာဉ်တစ်ကောင်ကို ထည့်သွင်းပြီး သူတို့ကလေးအဖြစ် မွေးကြတာတွေပါ ရှိပါသေးတယ်။မြန်မာမှာလဲ နေရာတိုင်း နေရာတိုင်းမှာ သူ့ပိုင်ရာဆိုင်ရာဆိုတာတွေကို ယုံကြည်နေကြပြီးသားပါ။ ကဝေဆိုလဲ ဆယ့်နှစ်ကြိုးကဝေ စတာတွေအပြင် အောက်လမ်း၊ အထက်လမ်း အတော်စုံပါတယ်။အချို့အိမ်တွေဆို လူခြောက်လေးတွေကို ကိုးကွယ်တာ ဘာညာလဲ ရှိပါသေးတယ်။ အဲဒီလူခြောက်လေးတွေက စီးပွားတက်အောင် လုပ်ပေးတယ်လို့လဲ ယူဆကြပါတယ်။ ငယ်စဉ်က တာတေတို့၊ မဖဲဝါတို့အကြောင်း ဖတ်ရင်း ကြီးပြင်းလာသူဆိုရင်တော့ အခုပြောသွားတဲ့ အကြောင်းတွေနဲ့က မစိမ်းလောက်ပါဘူး။စိမ်းမဲ့ အကြာင်းကတော့ အခုမှ စမှာပါ။ ကျွန်တော်တို့ အာရှဟာ ပရလောကကို ယုံသလောက် အနောက်နိုင်ငံတွေကတော့ ယုံခဲလှပါတယ်။ သရဲခြောက်ခံရခြင်းဟာ သိပ္ပံတွေ့ရှိချက်တွေကြောင့်ပါလို့လဲ ပြောကြပါတယ်။ (အမေရိကန်တွေထဲမှာတော့ ငါးဆယ်ရာခိုင်နှုန်းလောက်က ယုံကြတယ်လို့ ဒေတာတချို့အရ တွေ့ရပါတယ်။)ပြောလက်စကို ဆက်ရမယ်ဆိုရင်…

Read More

ကျွန်တော်တို့ ကမ္ဘာကြီးကို ရေပြင် ၇၁%၊ ကုန်းမြေ ၂၉% နဲ့ ဖုံးအုပ်ထားပါတယ်။ သမုဒ္ဒရာတွေဟာ ကမ္ဘာ့ ရေအရင်းမြစ်အားလုံးရဲ့ ၉၇% ရှိပါတယ်။ အကယ်၍များ ရေပြင်တွေဟာ ကုန်းမြေဖြစ်လာခဲ့ရင် ကမ္ဘာကြီးက ဘာတွေပြောင်းလဲမယ်လို့ ထင်ပါသလဲ။ ဆို‌တော့ အတူတူ လေ့လာကြည့်ကြပါမယ်။အကယ်၍ ရေပြင်တွေသာ ကုန်းမြေဖြစ်လာရင် အပူချိန်တွေ ထိုးတက်လာမှာပါ။ သမုဒ္ဒရာတွေဟာ ကမ္ဘာ့အပူချိန်ကို လျှော့ချတဲ့ နေရာမှာ အဓိက ပင်တိုင် ဖြစ်တာမလို့ ရေထုမရှိရင် အပူချိန်ဟာ တစ်ဟုန်ထိုး တိုးလာပါလိမ့်မယ်။ များပြားလွန်းတဲ့ ရေပမာဏဟာ သမုဒ္ဒရာကနေ အငွေ့ပျံတာကြောင့် အပူချိန် ရုတ်ချည်းပြောင်းလဲတာတွေကို တားဆီးပေးတဲ့ ကယ်တင်ရှင်တွေပါ။ ကုန်းမြေအဖြစ်သာ ပြောင်းသွားခဲ့ရင် ဖန်လုံအိမ် ဓာတ်ငွေ့စုပ်ယူမှုကလဲ အလွန်မင်းလျော့ကျသွားမှာဖြစ်ပြီး သမုဒ္ဒရာရေတွေမှာလဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပါဝင်လာပါလိမ့်မယ်။ အဲ့ဒီကနေ ဖန်လုံအိမ်ဓာတ်ငွေ့ကို မစုပ်ယူနိုင်တော့ဘဲ အပူချိန်တွေ အဆမတန် ထိုးတက်ပြီးတဲ့နောက် Venus ဂြိုဟ်လို ဖြစ်သွားမှာပါ။ကုန်းမြေထုတွေချည်းပဲဆိုရင် အဓိကအားဖြင့် ရာသီဥတုပိုင်းမှာ အများကြီး ဆိုဆိုးရွားလာမှာပဲ ဖြစ်ပါတယ်။ သမုဒ္ဒရာတွေရဲ့ အငွေ့ပျံခြင်း၊ ငွေ့ရည်ဖွဲ့ခြင်း စတဲ့ လုပ်ငန်းစဉ်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အပူချိန်တွေကို မှန်ကန်ဖို့ ထိန်းညှိပေးပါတယ်။ ပင်လယ်ရေတွေ အငွေ့ပျံသလိုပဲ အငွေ့ပျံသွားတဲ့ ရေခိုးရေငွေ့တွေဟာလဲ ကုန်းမြေဆီကို ရိုက်ခတ်ပါတယ်။ ဒါကြောင့် ရေတွေသာ ကုန်းမြေဖြစ်သွားရင် မိုးရွာသွန်းမှု အတော်နည်းပါးပြီး မိုးခေါင်ရေရှားကပ်‌ဘေးတွေ ဆိုက်ကုန်ဖို့ပဲ ရှိလာပါလိမ့်မယ်။သမုဒ္ဒရာနဲ့ နီးတဲ့ နေရာတစ်ဝိုက်လောက်မှာသာ နေနိုင်ပြီး ဝေးတဲ့ နေရာတွေဟာ လွင်တီးခေါင် ကန္တာရတွေ ဖြစ်နေမှာပါ။ ဒါ့အပြင် ကမ္ဘာ့ရေစီးကြောင်း…

Read More

  ကျွန်တော်တို့ လူ့ခန္ဓာဟာ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဆဲလ်တွေဟာလဲ ထိလွယ်ရှလွယ်ကြပါတယ်။ တစ်ခုခုဖြစ်လို့ ဒဏ်ရာတွေ၊ ပွန်းပဲ့ရာတွေ ရလာတဲ့အခါ အချို့သော ဒဏ်ရာတွေက ပိုမြန်မြန်ပျောက်လွယ်တာကို သတိထားမိကြမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လေ့လာကြည့်ကြရအောင်ပါ။ အရင်ဆုံး အရေပြားနဲ့ ဆက်စပ်တဲ့ ဒဏ်ရာတွေအကြောင်း ပြောပြပါမယ်။ လက်ကို ဓားထိမိတာ (သို့) စက်ဘီးပေါ်က ပြုတ်ကျလို့ ပွန်းပဲ့ဒဏ်ရာတွေရရင် ဒဏ်ရာကို ရေဆေးချပြီး ပတ်တီးစည်းတာမျိုး လုပ်တတ်ကြပါတယ်။ ပတ်တီးအောက်မှာပဲ ဒဏ်ရာကို အနာကျက်စေဖို့ သွေးဆဲလ်တွေဟာ ပုံမှန်ထက် အလုပ်ပိုလုပ်ကြရပါတယ်။ အနာကျက်ခြင်းမှာ ရှုပ်ထွေးလှတဲ့ အဆင့်လေးဆင့် ရှိပါတယ်။ ပထမအဆင့်က သွေးခြေဥခြင်းပါ။ ဒီဖြစ်စဉ်ဟာ သွေးတိတ်အောင်၊ သွေးထွက်မလွန်အောင် လုပ်ပေးတဲ့ ဖြစ်စဉ်ဖြစ်ပြီး ဒဏ်ရာရှိတဲ့နေရာကို သွေးစီးဆင်းမှုအား လျော့စေပါတယ်။ Vasoconstriction ဟာ ဒဏ်ရာတစ်ဝိုက်က အောက်ဆီဂျင်ပြတ်လပ်တဲ့အထိ သွေးထွက်ခြင်းကို ရပ်တန့်ပေးတာကြောင့် fibrin threads ဆိုတဲ့ ချည်မျှင်နဲ့တူတဲ့ သွေးကြောမျှင်တွေက သွေးကြောအတွင်း ပေါက်ပြဲတာကို ပိတ်ဆို့ဖို့အတွက် သွေးခဲစေတဲ့ အကွက်တစ်ခုကို ဖြစ်ပေါ်စေပြီး သွေးထွက်ခြင်းကို ရပ်တန့်ပေးပါတယ်။ အဲ့ဒါကို သွေးခြေဥခြင်းလို့ ခေါ်ဆိုကြပါတယ်။ နောက်တစ်ဆင့်ကတော့ ရောင်ရမ်းခြင်းပါ။ သွေးထွက်ခြင်းကို ထိန်းချုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ်တွင်းက သွေးဖြူဥဆဲလ်တွေဖြစ်တဲ့ neutrophils, macrophages နဲ့ lymphocytes တို့ဟာ ဒဏ်ရာရှိတဲ့ နေရာကို ရောက်ရှိလာကြပါတယ်။ Neutrophils တွေဟာ phagocytosis ဆိုတဲ့ ဖြစ်စဉ်ကတစ်ဆင့် ရောဂါပိုးမွှားတွေနဲ့ ပျက်စီးသွားတဲ့ တစ်ရှူးဆဲလ်တွေကို ဖယ်ရှားပေးပါတယ်။ ထိခိုက်ဒဏ်ရာရပြီး…

Read More