Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»လူတွေ အသက်မရှူဘဲ ရှင်သန်နိုင်ရဲ့လား . . . ? 
    Uncategorized

    လူတွေ အသက်မရှူဘဲ ရှင်သန်နိုင်ရဲ့လား . . . ? 

    ErisBy ErisJanuary 15, 2024Updated:August 6, 2024No Comments5 Mins Read
    လူတွေ အသက်မရှူဘဲ ရှင်သန်နိုင်ရဲ့လား . . . ? 
    Share
    Facebook Email Telegram

    _______________

    ဒီစာကို မြင်တာနဲ့ လေကို ဝဝ ရှူသွင်းပြီး အသက်ကို အောင့်ထားပေးပါ။ 

    ကျန်းမာတဲ့ လူတစ်ယောက်က တစ်မိနစ်ကို ပျမ်းမျှ ၁၂ ကြိမ်လောက် အသက်ရှူလေ့ရှိပါတယ်။ တစ်နာရီကို အကြိမ်ရေ ၇၀၀ ကျော်နဲ့ တစ်နေ့ကို အကြိမ် ၁၇၀၀၀၊ တစ်နှစ်လုံးဆို အသက်အရှူအသွင်းလုပ်တဲ့ အကြိမ်‌ရေက ၆၃ သိန်းကျော်တာပေါ့။ ဒီတော့ လူသားတွေ အသက်မရှူဘဲ တကယ် ရှင်သန်နိုင်ရဲ့လား လို့ လိုက်မေးကြည့်ရင် ‘အသက်သာ မရှူရင် သေလူနဲ့  ဘာမှ မထူးတော့ဘူး’ ဆိုတဲ့ အဖြေတစ်ခုတည်းပဲ ပြိုင်တူ ထွက်လာကြမှာပါ။ လူလို့ ဖြစ်လာကတည်းက အသက်မရှူချင်ရင်တောင် ရှူနေရတာပါပဲ။ အချို့ဆို “တစ်နေ့တစ်နေ့ အသက်ရှူနေရတာကိုက အလုပ်တစ်ခု၊ ထမင်းစားနေရတာကိုက အလုပ်တစ်ခု” ဆိုပြီး ညည်းတွားတတ်ပါသေးတယ်။ အသက်ရှူနေရတာက တကယ်တော့လဲ ဘဝကို ရှင်သန်ရုန်းကန်နေရတာပါပဲ။ လူ့ခန္ဓာကိုယ်ဟာလဲ ဒဏ်ရာအနာတရတွေ၊ အာဟာရပြတ်လပ်တာတွေကိုတော့ ခံနိုင်ရည်ရှိသေးပေမဲ့ အသက်ရှူမဝတဲ့ အခြေအနေကိုတော့ သူ မရှိတဲ့ နေ့ရက်တွေကို နေသားမကျသလို ခံနိုင်ရည်မရှိရှာပါဘူး။

    ဒီလိုဆိုရင် ပတ်ဝန်းကျင်လေထုက လူသားတွေအပေါ် ဘယ်လောက်ထိ လွှမ်းမိုးနိုင်လဲ . . . ? ဘယ်လောက်ထိ အရေးပါလဲ . . . ? စတုတ္ထဈာန်လို ဘာသာရေးဆိုင်ရာ တရားကျင့်စဉ်တွေမှာဆိုရင် ၇ ရက် တစ်ပတ် အသက်မရှူဘဲ အသက်ရှင်နေနိုင်တယ် ဆိုတဲ့ ယူဆချက်တွေ တကယ်ရော မှန်ရဲ့လား . . . ? တွေးလေ စိတ်ဝင်စားစရာ ဖြစ်လေမို့ အတူတူ ဦးနှောက်တူးကြည့်ကြရအောင်ပါ . . . ။ အသက်အောင့်ထားတာလေး ပြန်ရှူချင် ရှူလို့ ရပါပြီ။

    အသက်ရှူတယ်ဆိုတာနဲ့ အောက်စီဂျင်ကိုပဲ ဖြတ်ခနဲ ပြေးမြင်မိကြပါလိမ့်မယ်။ လေကို ရှူတယ် ဆိုပေမဲ့ လေထုထဲမှာ ပါဝင်နေတဲ့ အောက်စီဂျင်ကို ရှူကြတာပဲမဟုတ်လား . . . ? ဒါဆို အောက်စီဂျင် ရလာဖို့ကိုရော ဘာက ကူညီပေးနေတာလဲဆိုရင်တော့ သွေးပါပဲ။ သွေးက အောက်စီဂျင် ပို့ဆောင်ရာမှာ အဓိကကျပါတယ်။ လူသားတွေက အောက်စီဂျင် မရှိဘဲ မလှုပ်ရှားမရှင်သန်နိုင်တဲ့ Aerobic creature တွေပါ။ ဒါကြောင့် စွမ်းအင်ထုတ်လုပ်ဖို့၊ လှုပ်ရှားရုန်းကန်ဖို့၊ အသက်ရှူဖို့ အောက်စီဂျင် လိုအပ်ပါတယ်။ အောက်စီဂျင် ရှိနေလို့ပဲ စားလိုက်တဲ့ အစားအစာတွေကနေ လှုပ်ရှားရုန်းကန်ဖို့ စွမ်းအင်ကို ချက်လုပ်နိုင်တာပါ။ လူတွေက အသက်ရှူရင်းနဲ့ အောက်စီဂျင်ကို အသုံးချသလို ကိုယ်တွင်းအင်္ဂါတွေကလဲ အလုပ်လုပ်နိုင်ဖို့၊ စွမ်းအင်ထုတ်နိုင်ဖို့ အောက်စီဂျင်ကို လိုအပ်ပါတယ်။ အောက်စီဂျင်ကို လိုအပ်တဲ့အထဲမှာ အသက်ရှူတဲ့ လုပ်ငန်းစဉ် (Respiration system) လဲ ပါ,ပါတယ်။ အသက်ရှူခြင်း (Respiration) လုပ်ငန်းစဉ်က လူတွေ သတိမထားမိတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ခန္ဓာဇီဝဖြစ်စဉ်တွေ ဖြစ်တဲ့ နှလုံးခုန်တာ၊ အစာခြေတာတွေလိုပဲ အသက်ရှူတဲ့ လုပ်ငန်းကိုလဲ ဦးနှောက်ကပဲ ထိန်းချုပ်ထားတာပါ။  သူ မရှိရင် ဘဝကြီးက ဘာမှ သိပ်မထူးခြားပေမဲ့ အောက်ဆီဂျင်မရှိရင်တော့ ဘဝကြီးက သေလူ ဖြစ်သွားပါလိမ့်မယ်။ သက်ရှိအဖြစ် ရှင်သန်နေထိုင်ဖို့အတွက် အသက်ရှူတဲ့ လုပ်ငန်းစဉ်က အဲဒီလောက်ကို အရေးပါတာပါ။  

    အပေါ်မှာ ပြောခဲ့သလိုပဲ အသက်ရှူတဲ့ လုပ်ငန်းစဉ်က ကိုယ်တိုင်အားစိုက်ထုတ်ပြီး လုပ်နေရတာ မဟုတ်ဘဲ ဦးနှောက်ကနေ ထိန်းညှိဆောင်ရွက်ပေးနေတာပါ။ ဒါပေမဲ့ ကိုယ်တိုင်လဲ အဲဒီအသက်ရှူတဲ့ ဖြစ်စဉ်ကို ထိန်းချုပ်ထားနိုင်ပါတယ်။ ပိုစ့်အစမှာတင် စာဖတ်သူတို့ လုပ်ခဲ့သလိုပါပဲ။ ဒီတော့ အသက်ရှူတဲ့ လုပ်ငန်းစဉ်ကို ထိန်းချုပ်ထားနိုင်တာကတော့ သေချာပါတယ်။ ဒါပေမဲ့ မေးစရာ ဆက်ရှိလာတာက ဘယ်လောက်ကြာကြာ ထိန်းထားနိုင်တာလဲ . . . ? 

    သိပ္ပံက ဒီကိစ္စနဲ့ ပတ်သက်လို့ လက်တွေ့စမ်းသပ်ချက်တွေ ဆောင်ရွက်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လို စမ်းသပ်မလဲ ဆိုတာမှာ ပြဿနာရှိနေတာပါ။ နို့တိုက်သတ္တဝါအတော်များများက သူတို့ရဲ့ အသက်ရှူတဲ့ လုပ်ငန်းစဉ်ကို ခဏတာ ထိန်းထားနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ဘယ်သူမှတော့ အဲဒီအစမ်းသပ်ခံတိရစ္ဆာန်ကို စက္ကန့်ပိုင်းထက် ပိုပြီး အသက်အောင့်ထားနိုင်အောင် မဆောင်ရွက်နိုင်ပါဘူး။ တိရစ္ဆာန်တွေဖြစ်လို့ ကျွန်တော်တို့ကနေလဲ ‘မရှူနဲ့အုံး၊ အောင့်ထားပါအုံး’ လို့ သွားပြောလို့မှ မရဘဲ . . . ။ ဒီတော့ အဲဒီ အသက်ရှူတဲ့ လုပ်ငန်းစဉ် ထိန်းချုပ်တာကို လေ့လာနိုင်ဖို့အတွက်က လူတွေနဲ့ စမ်းမှပဲ ရမှာပါ။ လူတွေနဲ့ ဆောင်ရွက်တဲ့အခါမှာ စမ်းသပ်တဲ့အချိန် အတော်လေးကြာသွားရင် ဦးနှောက်ကို အောက်စီဂျင် မရောက်တော့ဘဲ အသက်သေဆုံးနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အဲဒီပြဿနာတွေက လက်ရှိအချိန်မှာဆိုရင် လူ့ကျင့်ဝတ်နဲ့ မညီနေပါဘူး။ ဟိုးအရင်အချိန်တွေတုန်းကတော့ လူတွေနဲ့ပဲ အဲဒီလို စမ်းတာမျိုး ရှိခဲ့ပေမဲ့ ဒီဘက်ခေတ်နဲ့ ပြန်ချိန်ထိုးကြည့်ရင် သတ်မှတ်လုံခြုံရေးစံနှုန်းတွေကို ချိုးဖောက်ရာကျနေလို့ ပုံစံတူ ထပ်စမ်းလို့ မရနိုင်နေဘူးပေါ့။

    ၁၉၅၉ ခုနှစ်တုန်းက Buffalo School of Medicine က Hermann Rahn လို့ခေါ်တဲ့ ပညာရှင်က စမ်းသပ်ချက်တစ်ခု လုပ်ဖူးတယ်။ သဘာဝနည်းအရ အသက်ရှူတဲ့ ဖြစ်စဉ်ကို ထိန်းချုပ်တာတော့ မဟုတ်ဘူး။ အစမ်းသပ်ခံရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးအောင် လုပ်တယ်၊ အသက်ကို ပုံမှန်ထက် ပိုမြန်အောင် ခပ်ပြင်းပြင်း ရှူတယ်၊ နောက် လည်ချောင်းတစ်လျှောက်ကနေ အဆုတ်ထဲကို သန့်စင်တဲ့ အောက်စီဂျင်တွေ ရှူသွင်းခိုင်းတယ်။ အဲဒီလိုနည်းအတိုင်း အသက်ရှူအောင့်ကြည့်တာ ၁၄ မိနစ် နီးပါးခံခဲ့တယ်။ အလားတူပဲ၊ စစ် – ဆေးနဲ့ လေကြောင်း နည်းပညာဆိုင်ရာ တက္ကသိုလ် –> Army Technical School of Aviation Medicine at Mitchel Field မှာ ၁၉၃၀ တုန်းက ပညာရှင်တွေ စမ်းသပ်ဆောင်ရွက်ကြည့်တာအရ ၁၅ မိနစ်နဲ့ ၁၃ စက္ကန့်ထိ အသက်ရှူအောင့်ထားနိုင်ခဲ့တယ်။ ပြီးတော့ အရှေ့တောင်အာရှ ကျွန်းစုတွေမှာ နေတဲ့ ဘဂျောင် (Bajau) လူမျိုးတွေဆိုရင် ပင်လယ်ရေအနက် ပေ ၂၀၀ လောက်အထိ ရေငုပ်ပြီး ငါးဆင်းဖမ်းတတ်ကြသလို သူတို့တစ်ခါ ရေငုပ်ရင်လဲ အသက်ကို ၁၅ မိနစ်လောက်ထိ အောင့်ထားနိုင်တယ်။ ဒါကျတော့ အလေ့အကျင့်နဲ့ ဆိုင်သွားမယ်လို့ ဆိုရပါမယ်။ နောက်တစ်ချက်က မျိုးဗီဇအရပေါ့။

    ဒါပေမဲ့ ဘုံလေ့လာချက်တွေအရတော့ လူသားအများစုဟာ အခန်းတွင်း လေကို အဆုတ်ထဲ လုံးဝအပြည့် ရှူသွင်းပြီးရင်တောင် ပျမ်းမျှ တစ်မိနစ်ထက် ပိုပြီး အသက်အောင့်ထားနိုင်စွမ်း မရှိပါဘူး။ ဘာလို့များလဲ . . . ?

    သုတေသနတွေအရ လူတွေရဲ့ အဆုတ်ထဲမှာ လေးမိနစ်စာလောက် အသက်ရှူအောင့်ထားနိုင်ဖို့အတွက် လုံလောက်တဲ့ အောက်စီဂျင် ပမာဏ ပါဝင်ပေမဲ့ လူအနည်းစုပဲ အဲဒီလောက် အချိန်အတိုင်းအတာထိ အောင့်ထားနိုင်တယ်လို့ ဆိုပါတယ်။ စာရဲ့ အပေါ်ဘက်မှာ ဆွေးနွေးထားသလိုမျိုး ဆဲလ်တွေရဲ့  နိစ္စဓူဝလုပ်ငန်းစဉ်တွေအတွက် အောက်စီဂျင် လိုပါတယ်။ အဆုတ်ကနေ ရှူသွင်းလိုက်တဲ့ အောက်စီဂျင်တွေကို ဆဲလ်တွေက သုံးပြီး အစာချက်လုပ်တယ်၊ နောက် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ပြန်စွန့်ပစ်တယ်။ ဒီတော့ အသက်သာ မရှူရင် ကာဘွန်ဒိုင်အောက်ဆိုဒ်က ခန္ဓာကိုယ်ထဲ စုပုံလာနိုင်ပြီး အဆိပ်သင့်တဲ့ အနေအထားရောက်တယ်ပေါ့။ ဒါပေမဲ့ အချိန်တစ်မိနစ်လောက်တည်းနဲ့တော့ သွေးတွင်းမှာ ကာဘွန်ပါဝင်မှုနှုန်းက အရမ်းကြီး မမြင့်လာပါဘူး။ တကယ်တမ်း အဲဒီလောက် အချိန်အတိုင်းအတာပဲ အသက်ကို အောင့်ထားနိုင်တယ်ဆိုတာ အောက်စီဂျင်ပမာဏကတော့ အတိုင်းအတာတစ်ခုထိ ကျန်သေးပေမဲ့ အောင့်ထားသူအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ အသက်ရှူသွင်းချင်တဲ့ စိတ် အပြင်းအထန် ဖြစ်လာလို့ပါ။ 

    နောက်တစ်ချက် . . . လူတွေက ရေထဲမှာဆိုရင် အသက်ကို ပိုကြာကြာ အောင့်ထားနိုင်ပါတယ်။ ပိုကြာရတဲ့ အကြောင်းက အဆုတ်ထဲကို ရေဝင်မှာ စိုးတဲ့ စိတ်နဲ့ တတ်နိုင်သလောက် ကျားကုတ်ကျားခဲ အောင့်ထားတာမျိုးပါ။ အချိန်ပိုကြာတယ်ဆိုပေမဲ့ အောက်စီဂျင် ပမာဏ ကုန်တဲ့အထိတော့ အသက်ကို အောင့်ထားနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် သုံးပုံပုံ တစ်ပုံလောက် ကုန်လာရင်တောင် အသက်ရှူချင်တဲ့စိတ်က အင်မတန် ပြင်းလာပြီး ရေပေါ် ပြန်တက်လေ့ရှိတာပါ။

    အဆုတ်ထဲက အောက်စီဂျင်ပမာဏ ကုန်သွားတဲ့အထိတိုင်အောင် အသက်အောင့်ထားမယ်ဆိုရင် သတိလစ်သွားနိုင်ပါတယ်။ တကယ်လို့ သတိလစ်သွားရင်လဲ အသက်ရှူတာကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့လို့ ခန္ဓာကိုယ်က အလိုအလျောက် အသက်ပြန်ရှူမိမှာပါ။ ဒါပေမဲ့ အခုချိန်ထိတော့ အဲဒီလို သတိလစ်တဲ့အထိ အသက်ကို အောင့်ထားနိုင်တဲ့ သူမျိုး ရှားပါတယ်။ အောက်စီဂျင်လုံးလုံး မကုန်ခင် အချိန်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ပမာဏအများကြီး စုပုံလာတဲ့ အချိန်ကျရင် ဦးနှောက်ကို ထိခိုက်လာလို့ လုံးဝ တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ လေပြန်ရှူမိမှာပါ။ ဒီအခြေအနေကို ကျွန်တော်တို့က ‘Break Point’ လို့ ခေါ်ပါတယ်။

    ခန္ဓာကိုယ်တွင်းက အဲဒီ Gas exchange စနစ်နဲ့ မဆိုင်တဲ့ နောက်တစ်ချက်လဲ ရှိပါသေးတယ်။ အဲဒါက ရင်ဝမ်းခြားကြွက်သားပါ။ အသက်ရှူတဲ့အခါမှာ ရင်ဘတ်က ပြားသွားတာကို သတိထားမိမယ်ထင်ပါတယ်။ အသက်ကို အချိန်တစ်ခု ကြာတဲ့အထိ အောင့်ထားတဲ့ အခါမှာ အသက်ရှူတဲ့ လုပ်ငန်းစဉ်အတွက် အဓိက ကျတဲ့ ရင်ဝမ်းခြားကြွက်သားက နဂိုမူလအခြေအနေအတိုင်း ပြန်ကျုံ့ချင်လာပါတယ်။ ကျုံ့လာတယ်ဆိုတဲ့ သဘောက အသက်ရှူဖို့အတွက် ဝမ်းခြားကြွက်သားကနေ လှုံ့ဆော်တုံ့ပြန်တာမျိုးပါ။ အဲဒီကျုံ့ထွက်လာတဲ့ အခြေအနေကို ဆက်တောင့်ခံထားမယ်ဆိုရင် ကြွက်သားနာကျင်မှု ဖြစ်ပေါ်စေတာပေါ့။

    ဒါကြောင့်ပဲ လက်ရှိအချိန်ထိ လူအများစုက စက္ကန့်သုံးဆယ်လောက်ကနေ ကိုးဆယ်လောက်ထိပဲ အသက်အောင့်ထားနိုင်တာမျိုးပါ။

    ဒီတော့ . . . ဗုဒ္ဓဘာသာဝင်တွေ ပြောတဲ့ စတုတ္ထဈာန်ဝင်စားနေချိန်မှာ အောက်စီဂျင် မလို၊ အသက်ရှူစရာ မလိုဘဲ ၇ ရက် တစ်ပတ် နေနိုင်တယ်ဆိုတာ တကယ်ဖြစ်နိုင်ရဲ့လား . . .? 

    အပေါ်မှာ ပြောသလို ခန္ဓာကိုယ်က အသက်ရှင်နေထိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်မှန်သမျှကို အောက်စီဂျင် သုံးပြီး ဆောင်ရွက်ကြပါတယ်။ ၇ ရက်မပြောဘဲ ၇ မိနစ်လောက် အောက်စီဂျင် လစ်လပ်သွားရင်တောင် . . . ဦးနှောက်ဆီ အောက်စီဂျင် ပို့လွှတ်မှု ပြတ်တောက်သွားပြီး အသက်သေဆုံးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါက သိပ္ပံနည်းကျ စမ်းသပ်လေ့လာထားပြီးဖြစ်တဲ့ မှန်ကန်ချက်တစ်ခုပါ။ 

    ဒီတော့ အဲဒီအဆိုပြုချက်နဲ့ ပတ်သက်လို့က  အဆိုပြုသူတွေကိုယ်တိုင် သက်သေပြမှပဲ ရမှာမျိုးပါ။ သိပ္ပံက ဒီနည်း ဒီပုံကြောင့် လူတွေအနေနဲ့ အသက်ကို ဘယ်လောက်အတိုင်းအတာထိပဲ အောင့်ထားနိုင်တာပါဆိုပြီး စနစ်တကျ လေ့လာချက်တွေနဲ့ သက်သေပြထားပါပြီ။ ဒါကို လက်မခံချင် . . . ဆန့်ကျင်ချင် . . . မှားကြောင်း ပြောချင်ရင် အဲဒီအယူအဆကို စနစ်တကျ မှတ်တမ်းတင်ပြီး အဆိုပြုသူတွေဘက်ကပဲ သက်သေပြန်ပြဖို့ လိုပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ သုတေသနတွေအတွက် အသုံးပြုတဲ့ Vacuum Simulation Chamber (လေဟာနယ်တု) တွေ ရှိပါတယ်။ အဲဒီထဲကို စတုတ္ထဈာန်ဝင်စားလို့ အသက်ရှူစရာ မလိုဘဲ အသက်ရှင်နိုင်နေတယ်လို့ ဆိုတဲ့သူကို ၇ ရက်တိတိ ထည့်ပေးထားရင်း သက်သေပြနိုင်ပါတယ်။ ၇ ရက်ကြာလို့မှ ဘာမှမဖြစ်ဘဲ အရှင်လတ်လတ် ပြန်ထွက်လာနိုင်တယ်ဆိုရင် ဂုဏ်ယူပါတယ်၊ နာဆာက သင့်ကို ရှေ့ဆက်လာမဲ့ အာကာသခရီးစဉ်တွေထဲမှာ အလွတ်တမ်း လေဟာနယ်လမ်းလျှောက်ပြိုင်ပွဲအတွက် လာခေါ်ပါလိမ့်မယ်။ သူ မရှိရင် အသက်မသေပေမဲ့ လေမရှိရင်တော့ အသက်သေနိုင်ပါကြောင်း . . . ။  ။

    Click to view the references
    • Parkes, M. J. (2013, August 25). The limits of breath holding. Scientific American.
    • – Venosa, A. (2015, December 9). Breaking point: How long can someone go without breathing? Medical Daily.
    • – TransWeb.org. (n.d.). How long can the brain go without oxygen before serious damage occurs?
    • – Fletcher, J. (2023, November 8). How long can the average person hold their breath?
    • – Parkes, M. A. (2012). The limits of breath holding. Scientific American, 306(4), 74–79.

    Written by – Eris and Min Z

    Edited by – Ingyin Khin and Aww Myat Khin Khin

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Article“ခွေး” သည် “ခွေး” မဟုတ်ဘဲ “ကြောင်” ဖြစ်သည် ဆိုပါစို့ နှင့် ပလာတာ ထပ်တရာ ပြဿနာ
    Next Article လူတွေ အသက်မရှူဘဲ ရှင်သန်နိုင်ရဲ့လား . . . ? 
    Eris

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.