Holy See ဆိုပြီးတော့ လူသိများကြတဲ့ ဗာတီကန်နိုင်ငံဟာ က အီတလီနိုင်ငံတွင်း ရောမမြို့မှာ တည်ရှိနေတဲ့ လွတ်လပ်တဲ့ မြို့ပြနိုင်ငံတစ်ခုဖြစ်ပါတယ်။ အီတလီဘာသာစကားကို ပြောဆိုကြပြီး ငွေကြေးအနေနဲ့ ယူရို € ကိုသုံးစွဲကြပါတယ်။
ကမ္ဘာပေါ်မှာ ဧရိယာအသေးဆုံးနိုင်ငံ ဖြစ်တဲ့အပြင် လူဦးရေအနည်းဆုံးနိုင်ငံလည်း ဖြစ်ပြန်ပါတယ်။ နိုင်ငံရဲ့ အကျယ်အဝန်းက စုစုပေါင်း ဧရိယာ ၀.၄၄ စတုရန်းကီလိုမီတာ – ၁၁၀ ဧက (၀.၁၇ စတုရန်းမိုင်) ပဲရှိပြီးတော့ နေထိုင်သူ လူဦးရေအနေနဲ့လည်း အယောက် ၈၀၀ လောက်ပဲ ရှိပါတယ်။ နိုင်ငံရဲ့ ဧရိယာကို မြင်သာအောင် ပြောရမယ်ဆိုရင် အီရတ်မှာရှိနေတဲ့ U.S သံရုံးရဲ့ ဧရိယာ 0.42 စတုရန်းကီလိုမီတာနဲ့တောင် ဧရိယာအကျယ်အ၀န်း သိပ်မကွာတဲ့ နိုင်ငံဖြစ်ပါတယ်။ အသေးဆုံးနိုင်ငံဖြစ်တာနဲ့အညီ ကမ္ဘာ့အတိုဆုံး ရထားသံလမ်းလည်း ရှိနေပါသေးတယ်။
ဒီနိုင်ငံမှာ ဘယ်သူကမှ မွေးကတည်းက နိုင်ငံသားဖြစ်ခွင့်မရှိပါဘူး။ ကိုယ့်ရဲ့စွမ်းရည်တစ်ခုခုနဲ့ အလုပ်ခန့်အပ်ခြင်းခံရမှပဲ နိုင်ငံသားဖြစ်ခွင့်ပေးတာဖြစ်ပါတယ်။ အကြောင်းကတော့ ဗာတီကန်နိုင်ငံထဲမှာ ဆေးရုံမရှိလို့ပါ။ ဗာတီကန်နိုင်ငံသားဖြစ်ချင်တယ်ဆိုရင် နိုင်ငံတွင်းက အလုပ်တစ်ခုမှာ အလုပ်ခန့်အပ်တာ ခံရရင်တော့ နိုင်ငံသားဖြစ်နိုင်ပါတယ်။
Telegram – t.me/facthub_mm
Image – Wikimedia
#Fact_Hub #Short_Fact #Vatican_city
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0

