Author: Htoo Tay Za

နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၂၃ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းက သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ၊ သဘာ၀တရားကြီးကိုချစ်မြတ်နိုးကြတဲ့သူတွေ စုပေါင်းပြီးတော့ ကမ္ဘာ့ဝေလငါးနဲ့ လင်းပိုင်နေ့ကို ကျင်းပလေ့ရှိကြပါတယ်။ ဒီနေ့မှာဆိုရင် ရေနေသတ္တဝါတွေ အကြောင်းအသိပညာပေးခြင်းတွေနဲ့အတူ သမုဒ္ဒရာကြီးကျန်းမာစေဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ရာအတွက် အသိပညာပေးတဲ့လုပ်ငန်းတွေလည်း လုပ်ဆောင်ကြပါတယ်။ ဒါတွေအပြင်ကိုမှ ဧရာ၀တီလင်းပိုင်လို မျိုးသုန်းလုနီးနီးဖြစ်နေတဲ့ မျိုးစိတ်တွေကိုထိန်းသိမ်းနိုင်ဖို့အတွက်ကိုလည်း အသိမျှဝေရေးတွေလုပ်ဆောင်ကြပါတယ်။ ဒီလင်းပိုင်တွေနဲ့ ဝေလငါးတွေရဲ့ ဖြစ်တည်မှုဟာ အဏ္ဏဝါဂေဟစနစ်အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါ၀င်လျက်ရှိတာကြောင့် သူတို့ကို မျိုးမသုဉ်းသွားစေဖို့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဝေလငါးတွေနဲ့ လင်းပိုင်တွေဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အသိဉာဏ်မြင့်တဲ့ သတ္တဝါအုပ်စုတွေထဲမှာပါ၀င်ပါတယ်။ ဒီလိုရေနေသတ္တဝါတွေကို ထိန်းသိမ်းနိုင်ရေးအတွက် လူသားတွေကကြိုးစားနေကြပေမဲ့ ကျွန်တော်တို့လူသားတွေကပဲ မျိုးသုဉ်းပျောက်ကွယ်သွားအောင် တွန်းပို့နေကြပြန်ပါတယ်။ ဥပမာအနေနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ ဧရာ၀တီလင်းပိုင်တွေဟာဆိုရင် လူသားတွေနဲ့ သဘာ၀ဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အကောင်အရေအတွက်တွေ သိသိသာသာကျဆင်းလာနေပါတယ်။ ဧရာ၀တီလင်းပိုင်တွေအ‌ပေါ် အဓိကခြိမ်းခြောက်မှုတွေအနေနဲ့ ငါးဖမ်းသမားတွေနဲ့ လေထုညစ်ညမ်းမှုတွေဟာ ထိပ်ဆုံးကပါ၀င်နေပါတယ်။ လူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့်ပဲ ဒီသတ္တဝါတွေရဲ့ ကျက်စားရာဒေသတွေတဖြည်းဖြည်း ကျဉ်း‌လာပြီး နောက်ဆုံးမှာ မျိုးသုဉ်းပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီ။ လက်ရှိမှာ ဧရာ၀တီလင်းပိုင်တွေရဲ့ အရေးကို ထိန်းသိမ်းရေးအဖွဲ့များစွာကနေ ကာကွယ်ပေးဖို့ ဆောင်ရွက်နေကြပေမဲ့ တချို့သော ဒေသခံငါးဖမ်းသမားတွေနဲ့ ရာသီဥတုတွေကြောင့် စိတ်ချရတဲ့ အနေအထားကိုရောက်မလာနိုင်သေးပါဘူး။ ဒါကြောင့်မလို့ အခုလက်ရှိထက်ပိုပြီး ထိန်းသိမ်းဖို့ ကြိုးပမ်းအားထုတ်မှုတွေ၊ ဒေသခံငါးဖမ်းသမားတွေကို အသိပညာပို့ချတာတွေကို ဆက်လက်လုပ်ဆောင်ပေးဖို့လိုအပ်နေပါတယ်။ ဒီလိုလုပ်ခြင်းတွေကပဲ မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ရေနေသတ္တဝါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ထိန်းသိမ်းခြင်းတွေ လုပ်ဆောင်‌တဲ့နေရာမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီနိုင်တဲ့ နည်းတွေရှိနေပါတယ်။ ဥပမာအနေနဲ့ ပလတ်စတစ်သုံးစွဲမှု လျှော့ချခြင်းမျိုးဟာဆိုရင် ဒီရေနေသတ္တဝါတွေအတွက်တင်မကဘဲ တခြားသက်ရှိမျိုးစိတ်တွေအတွက်ပါ အထောက်အကူပြုတဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။…

Read More

Holy See ဆိုပြီးတော့ လူသိများကြတဲ့ ဗာတီကန်နိုင်ငံဟာ က အီတလီနိုင်ငံတွင်း ရောမမြို့မှာ တည်ရှိနေတဲ့ လွတ်လပ်တဲ့ မြို့ပြနိုင်ငံတစ်ခုဖြစ်ပါတယ်။ အီတလီဘာသာစကားကို ပြောဆိုကြပြီး ငွေကြေးအနေနဲ့ ယူရို € ကိုသုံးစွဲကြပါတယ်။ ကမ္ဘာပေါ်မှာ ဧရိယာအသေးဆုံးနိုင်ငံ ဖြစ်တဲ့အပြင် လူဦးရေအနည်းဆုံးနိုင်ငံလည်း ဖြစ်ပြန်ပါတယ်။ နိုင်ငံရဲ့ အကျယ်အဝန်းက စုစုပေါင်း ဧရိယာ ၀.၄၄ စတုရန်းကီလိုမီတာ – ၁၁၀ ဧက (၀.၁၇ စတုရန်းမိုင်) ပဲရှိပြီးတော့ နေထိုင်သူ လူဦးရေအနေနဲ့လည်း အယောက် ၈၀၀ လောက်ပဲ ရှိပါတယ်။ နိုင်ငံရဲ့ ဧရိယာကို မြင်သာအောင် ပြောရမယ်ဆိုရင် အီရတ်မှာရှိနေတဲ့ U.S သံရုံးရဲ့ ဧရိယာ 0.42 စတုရန်းကီလိုမီတာနဲ့တောင် ဧရိယာအကျယ်အ၀န်း သိပ်မကွာတဲ့ နိုင်ငံဖြစ်ပါတယ်။ အသေးဆုံးနိုင်ငံဖြစ်တာနဲ့အညီ ကမ္ဘာ့အတိုဆုံး ရထားသံလမ်းလည်း ရှိနေပါသေးတယ်။ ဒီနိုင်ငံမှာ ဘယ်သူကမှ မွေးကတည်းက နိုင်ငံသားဖြစ်ခွင့်မရှိပါဘူး။ ကိုယ့်ရဲ့စွမ်းရည်တစ်ခုခုနဲ့ အလုပ်ခန့်အပ်ခြင်းခံရမှပဲ နိုင်ငံသားဖြစ်ခွင့်ပေးတာဖြစ်ပါတယ်။ အကြောင်းကတော့ ဗာတီကန်နိုင်ငံထဲမှာ ဆေးရုံမရှိလို့ပါ။ ဗာတီကန်နိုင်ငံသားဖြစ်ချင်တယ်ဆိုရင် နိုင်ငံတွင်းက အလုပ်တစ်ခုမှာ အလုပ်ခန့်အပ်တာ ခံရရင်တော့ နိုင်ငံသားဖြစ်နိုင်ပါတယ်။ Telegram – t.me/facthub_mm Image – Wikimedia #Fact_Hub #Short_Fact #Vatican_city

Read More

ကျွန်တော်တို့အခုနေထိုင်နေတဲ့ ကမ္ဘာကြီးတည်ရှိရာ Milky Way Galaxy တစ်ခုထဲမှာတင် ကမ္ဘာနဲ့ တူတဲ့ဂြိုလ်ပေါင်း သန်း ၄ သောင်း၊ Solar System ၄၀၀၀ နီးပါးနဲ့ ဂြိုလ်ပေါင်း ၁၀၀ ဘီလီယံ၀န်းကျင်အနည်း‌ဆုံး ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါတွေအပြင်ကိုမှ Universe ထဲမှာလည်း Galaxy တွေက ရေတွက်လို့မ‌ရအောင်ကိုရှိနေတာပါ။ ဒီလိုမျိုး ရေတွက်လို့မရအောင်များတဲ့ ဂြိုလ်တွေ၊ Galaxy တွေမှာ တခြားဉာဏ်ရည်မြင့် သက်ရှိတွေ တည်ရှိမနေနိုင်ဘူးလို့ တပ်အပ်ပြောမယ်ဆိုရင် သိပ်တော့ လက်ခံချင်စရာ ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့်တကယ်လည်း စကြာဝဠာလုံးဆိုင်ရာမှာ ကျွန်တော်တို့ကမ္ဘာက တစ်ခုတည်းသော သက်ရှိရှင်သန်ရာ နေရာတစ်ခု ဖြစ်နေနိုင်ပါတယ်။ သက်ရှိတွေ လုံး၀မရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီသီအို‌ရီတွေရဲ့အနောက်မှာ ကပ်ပါလာတာတွေရှိနေပါတယ်။ ဒါဆို ဂြိုလ်သား (Alien) တွေတကယ်ပဲရှိနေသလား။ ရှိနေတယ်ဆိုရင်ရော သူတို့ကို ဘယ်လိုရှာကြမလဲဆိုတာပါ။ ဂြိုလ်သားတွေသာ တကယ်ရှိခဲ့မယ်ဆိုရင် သူတို့က ကျွန်တော်တို့လူသားတွေထက် နှစ်သန်းပေါင်းများစွာကျော်ကြာတည်ရှိနေခဲ့ပြီးတော့ သူတို့ရဲ့ နည်းပညာနဲ့ သိပ္ပံပညာတွေက ကျွန်တော်တို့လူသားတွေလိုက်မမီနိုင်တဲ့ အဆင့်အတန်းတစ်ခုကို ရောက်နေပြီးသားဖြစ်နိုင်နေသလို ကျွန်တော်တို့ထက် နောက်ကျ‌ပြီးမှ ပေါ်ပေါက်လာပြီး အခုအချိန်ထိ ကျောက်ခေတ်လိုမျိုးမှာပဲရှိနေသေးတာကိုလည်း ထည့်တွေးဖို့လိုပါလိမ့်မယ်။ Nikolai Kardashev လို့ခေါ်တဲ့ နက္ခတ္တဗေဒပညာရှင်ကလည်း ဒီလိုအတွေးကိုတွေးမိခဲ့ပါတယ်။ ဒါကြောင့်ပဲ Civilization တွေကို နည်းပညာအဆင့်အတန်းတွေအပေါ်မှာလိုက်ပြီးတော့ ခွဲခြားခဲ့ပါတယ်။ Kardashev အနေနဲ့ Civilization Type တွေအပေါ်မှာမူတည်ပြီးတော့ ဘယ်လိုပုံစံတွေရှိနေမလဲ၊ ဘယ်လို Energy တွေကိုအသုံးပြုပြီး တိုးတက်လာကြလဲဆိုတာတွေကို လေ့လာခဲ့ပါတယ်။ Energy ဆိုတာက သိပ္ပံနဲ့ နည်းပညာ‌တိုးတက်လာဖို့အတွက် အရေးပါတဲ့အခန်း…

Read More

The Lost City of Atlantis လို့ပြောလိုက်တာနဲ့ ရေအောက်မှာပျောက်ဆုံးနေတဲ့ အတ္တလန်တစ် ရွှေမြို့တော်ကြီးကို လူတော်တော်များများ ပြေးမြင်မိကြမှာပါ။ ဒီပျောက်ဆုံးနေတဲ့ မြို့တော်အကြောင်းကို လူတော်တော်များများသိပြီးနေကြပြီဖြစ်ပေမယ့် သေချာမသိသေးတဲ့ သူတွေနဲ့ စိတ်ဝင်စားကြတဲ့သူတွေအတွက် အတ္တလန်တစ်မြို့တော်ကြီး အကြောင်းကို ပြန်လေ့လာကြည့်လိုက်ရအောင်ပါ။ ကျနော်တို့ရဲ့ ကမ္ဘာပေါ်မှာပျောက်ဆုံးနေတဲ့ မြို့တွေ အများအပြားရှိနေပြီးတော့ အဲ့အထဲကမှ တစ်ချို့ကိုတော့သိပ္ပံပညာရှင်တွေအနေနဲ့ ရှာတွေ့နိုင်ခဲ့ကြပြီဆိုပေမယ့် မရှာတွေ့သေးတဲ့ မြို့တော်တွေလည်းရှိလို့နေပါတယ်။  အတ္တလန်တစ်မြို့တော်ကြီးကို ပင်လယ်နတ်ဘုရား Poseidon လူသားအမျိုးသမီး Cleito နဲ့ရခဲ့တဲ့ သားငါးယောက်ထဲက အကြီးဆုံးသားဖြစ်တဲ့ Atlas တည်ထောင်ခဲ့ကြောင်းကို ရှေးဟောင်းဂရိအတွေးအခေါ်ပညာရှင် ပလေတိုက Timaeus နဲ့ Critias စာအုပ်နှစ်အုပ်မှာ စတင်ပြီးဖော်ပြခဲ့ပါတယ်။ အတ္တလန်တစ်မြို့တော်ဟာဆိုရင် Pillars of Hercules ( ယနေ့ခေတ်ဂျီဘရော်တာ ရေလက်ကြား ) မှာတည်ရှိခဲ့တယ်လို့ ဂရိအတွေးအခေါ်ပညာရှင် ပလေတိုကဆိုခဲ့ပါတယ်။ ပလေတိုရဲ့ဖော်ပြချက်အရ အတ္တလန်တစ်မြို့တော်ကြီးဟာ သူ့ရဲ့အချိန်မတိုင်ခင် နှစ်ပေါင်း ၉၀၀၀ လောက်ထဲကတည်ရှိခဲ့ပြီးတော့ မြို့ရဲ့ ပုံသဏ္ဍာန်ဟာ စတုရန်းပုံလို ဖြစ်တယ်လို့ဆိုပါတယ်။ မြို့ရဲ့အကျယ်က Libya နိုင်ငံနဲ့ Asia Minor  ကျွန်းဆွယ်နှစ်ခုပေါင်းထက်တောင် ပိုပြီးကြီးခဲ့တယ်လို့သာ ဖော်ပြထားခဲ့ပါတယ်။ မြို့ရဲ့ အရှေ့မှအနောက်ကို 3000 Stadia နဲ့ မြှောက်မှတောင်ကို 2000 stadia ရှည်တယ်လို့ဖော်ပြထားခဲ့ပါတယ်။ 1 Stadia မှာ 607 ကနေ 630 ပေအကြားရှိတာကြောင့် အရှေ့အနောက် မိုင် 350 ၀န်းကျင်၊ မြှောက်ကနေတောင်ကို မိုင် 240 ၀န်းကျင်ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။…

Read More

အီဂျစ်နိုင်ငံမှာရှိတဲ့ ပိရမစ်တွေကို ဘယ်သူတွေကလာပြီး ဆောက်ပေးခဲ့တယ်လို့ ထင်ပါသလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတွေလား ဒါမှမဟုတ် ကမ္ဘာပြင်ပက ဂြိုဟ်သားတွေ လာပြီးဆောက်ပေးထားကြတာလား။ ဒီအဖြေတွေကိုဖြေဖို့ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ ကျော်ကသမိုင်းကို ပြန်ကြည့်ဖို့လိုပါလိမ့်မယ်။ ပိရမစ်တွေဟာဆိုရင် ကမ္ဘာပေါ်မှာ တည်ရှိနေသေးတဲ့ ရှားပါးရှေးဟောင်းသမိုင်း၀င်နေရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ပိရမစ်တွေရဲ့ တည်ဆောက်ပုံတွေနဲ့ သမိုင်းတွေကလည်း လူသားတွေအတွက် စိတ်၀င်စားစရာကောင်းတဲ့ အရာတွေအနေနဲ့ တည်ရှိနေပါတယ်။ ဒီပိရမစ်တွေကို BC 2686 ၀န်းကျင်မှာ ရှေးအီဂျစ်နိုင်ငံတော်ဟောင်းကနေ စပြီးတော့ နောက်ထပ် ရာစုနှစ်တွေ ကြာတဲ့အထိကို တည်ဆောက်ခဲ့ရပါတယ်။ ပိရမစ်တွေကို ဖာရိုဘုရင်တွေရဲ့ သင်္ချိုင်းဂူတွေအဖြစ်ထားရှိဖို့အတွက် တည်ဆောက်ခဲ့ကြတာဖြစ်ပြီးတော့ ဘုရင်တွေရဲ့ ခန္ဓာကိုယ်အတွက် နောက်ဆုံး ကိန်း၀ပ်ရာ နေရာအဖြစ် လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ခဲ့ကြတာပါ။ ပိရမစ်တွေကို လေ့လာတဲ့နေရာမှာ စိတ်၀င်စားကြတဲ့ တစ်ခုက သူ့ရဲ့တည်ဆောက်ပုံကိုပါ။ ဒါတွေကိုတည်ဆောက်ခဲ့တဲ့အချိန်မှာ ကမ္ဘာပြင်ပက သက်ရှိ (ဂြိုဟ်သား) တွေရဲ့ အကူအညီနဲ့ တည်ဆောက်ထားတယ်လို့ ယုံကြည်နေကြပြီးတော့ တချို့ကလည်း အခုချိန်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ဆောက်လုပ်ရေး နဲ့ဗိသုကာပညာတွေနဲ့ တည်ဆောက်ထားတာကြောင့် ယနေ့ခေတ်လူသားတွေ နားလည်ဖို့ခက်နေတာလို့ ယူဆသူတွေလည်းရှိပါတယ်။ ဒီလို ဒွိဟဖြစ်နေကြတာကလည်း အမှားတစ်ခုမဟုတ်ဘဲနဲ့ နောက်ပိုင်းမှာဖော်ပြထားတဲ့ ‌တည်ဆောက်ပုံတွေကိုဖတ်ကြည့်ပြီးတော့မှပဲ ကိုယ်တိုင်ချင့်ချိန်ပြီးယုံကြဖို့ ပြောချင်ပါတယ်။ လက်ရှိမှာဆိုရင် ခေတ်မီနည်းပညာတွေနဲ့ အတူ ပိရမစ်တွေရဲ့ အကြောင်းကိုပိုပြီး နားလည်နိုင်လာကြပါပြီ။ မကြာသေးတဲ့နှစ်တွေမှာ သုတေသီတွေအနေနဲ့ လေဆာစကင်န် ဖတ်ခြင်းနဲ့ ရေဒါပုံရိပ်တွေကို အသုံးပြုပြီးတော့ ပိရမစ်တွေရဲ့ အတွင်းပိုင်းကို ပိုပြီးလေ့လာနိုင်လာကြပြီဖြစ်ပါတယ်။ ဒီလိုလေ့လာမှုတွေထဲက တစ်ခုက ပိရမစ်အတွင်းပိုင်းရဲ့ X-ray ပုံတစ်ခုကို…

Read More

Wireless Electricity ဒါမှမဟုတ် Wireless Power Transfer ဆိုပြီးသိကြတဲ့ ကြိုးမဲ့လျှပ်စစ်နည်းပညာဆိုတာဟာ ဝါယာကြိုးတွေ ကေဘယ်ကြိုးတွေမလိုဘဲ လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်ပေးပို့နိုင်တဲ့ နည်းပညာတစ်ခုပါ။ ဒီနည်းပညာကို ကမ္ဘာကျော်သိပ္ပံပညာရှင် Nikola Tesla ကနေစတင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလည်း အများအပြားအသုံးပြုနေကြပါတယ်။ ဒီကြိုးမဲ့လျှပ်စစ်နည်းပညာဟာ Electromagnetic Induction နဲ့ Resonance နိယာမတွေပေါ်မှာ အခြေခံပြီး အလုပ်လုပ်ပါပါတယ်။ Electromagnetic induction (လျှပ်စစ်သံလိုက်ညှိယူခြင်း) ဆိုတာက သံလိုက်ကတဆင့် လျှပ်ကူးပစ္စည်း (ဥပမာ ဝိုင်ယာကြိုး) လို ကြားခံတွေကနေ လျှပ်စစ်စီးကြောင်းကို ဖြစ်ပေါ်စေတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ တည်ငြိမ်သံလိုက်စက်ကွင်းက လျှပ်စီးကြောင်းကို လုံးဝထုတ်မပေးဘူး၊ အဲ့အစားပြောင်းလဲနေတဲ့ သံလိုက်စက်ကွင်းကသာ လျှပ်စီးကြောင်းကိုထုတ်ပေးတာပါ။သီအိုရီနည်းအရ ရွေ့လျားနေတဲ့သံလိုက်က ပြောင်းလဲသံလိုက်စက်ကွင်းပဲ၊ အဲ့ဒီပြောင်းလဲသံလိုက်စက်ကွင်းရဲ့အနားကို လျှပ်ကူးပစ္စည်း (Conductor) တစ်ခုခုကို ထားတဲ့အခါမှာ လျှပ်ကူးပစ္စည်းထဲက လျှပ်စစ်ဆောင်အမှုန်တွေကို ပြောင်းလဲသံလိုက်စက်ကွင်းက ညှိယူပြီး ဦးတည်ဘက်တစ်ခုစီကိုရွေ့လျားစေတယ်၊ သံလိုက်စက်ကွင်းပြောင်းလဲမှုကနေတဆင့် ဝါယာကြိုးထဲမှာ လျှပ်စစ်စီးဆင်းစေပြီး လျှပ်စစ်စီး‌ကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ဒါကိုမှ လျှပ်စီးကြောင်း(Current)လို့ခေါ်တာပါ။ ဒီအယူအဆကို ၁၉ ရာစုအစောပိုင်းမှာ Michael Faraday ကနေ ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပြီး ဒီနည်းပညာဟာ Generator တွေနဲ့ Transformer တွေလို လျှပ်စစ်ပစ္စည်းတွေရဲ့အခြေခံလည်းဖြစ်ပါတယ်။ ကြိုးမဲ့လျှပ်စစ်ဓာတ်အားကို အသုံးပြုတဲ့အခြေအနေမှာ လျှပ်စစ်စွမ်းအင်ကို ပါဝါအရင်းအမြစ် (အားသွင်းခုံ) ကနေ လက်ခံသူ (စမတ်ဖုန်း ဒါမှမသုတ် လျှပ်စစ်ကား) ဆီကိုလွှဲပြောင်းပေးနိုင်ဖို့ လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုပါတယ်။ ဒါကိုလက်ခံမယ့် ပစ္စည်းအတွင်းမှာရှိတဲ့ ဝါယာကြိုးတစ်ခုအတွင်း လျှပ်စီးကြောင်းကိုတွန်းပို့နိုင်တဲ့ ပါဝါရင်းမြစ်နားမှာ သံလိုက်စက်ကွင်းတစ်ခုဖန်တီးခြင်းကနေ လုပ်ဆောင်ပါတယ်။ ဒါပြီးသွားရင်တော့လျှပ်စစ်စီးကြောင်းကို စက်ပစ္စည်းအတွက်…

Read More

အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ ပစ္စည်းတွေရဲ့ နည်းပညာတွေ Pedometers နဲ့ နှလုံးခုန်နှုန်းကိုပြပေးနိုင်တဲ့ မော်နီတာတွေကို စတင်မိတ်ဆက်လိုက်တဲ့အချိန်ကနေစပြီး သိသိသာသာတိုးတက်လာကြပါတယ်။ အခုအချိန်မှာဆိုရင် ကျနော်တို့တွေရဲ့ ကျန်းမာရေးကိုစောင့်ကြည့်ပေးနိုင်ပြီးတော့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုခြေရာခံနိုင်တဲ့ စက်ပစ္စည်းတွေအများအပြားရှိနေပါပြီ။ ဒီတစ်ခါမှာတော့ အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ ပစ္စည်းတွေရဲ့ တိုးတက်မှုတွေနဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ တိုးတက်ပြောင်းလျက်ရှိနေတဲ့ နည်းပညာနယ်ပယ်အကြောင်းတွေကို ပြောပြသွားမှာပါ။ Smart Watch, Fitness trackers တွေနဲ့ Augmented reality တို့လိုပစ္စည်းတွေက အခုခေတ်နည်းပညာတွေထဲက ရေပန်းအစားဆုံးဖြစ်နေတာတွေပါ။ ဒီပစ္စည်းတွေမှာဆိုရင် ဖုန်းခေါ်ဆိုတာ၊ Message ပို့တာ၊ Sleeping Tracking လုပ်နိုင်တာ စတာတွေအပြင် နှလုံးခုန်နှုန်းကိုပြသနိုင်တာနှင့် GPS ခြေရာခံတာတွေလို features အများအပြားကို အသုံးပြုနေနိုင်ပါပြီ။ ဒီပစ္စည်းတွေအားလုံးနီးပါးကို AI အသုံးပြုပြီး ဖန်တီးထားတာကြောင့်ပဲ အသုံးပြုသူတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေနဲ့ နှစ်သက်မှုတွေအပေါ်မှာ အခြေခံပြီး အသုံးပြုတဲ့သူအတွက် ပိုပြီးကိုက်ညီမယ့်ပုံစံကို ဖန်တီးထားပေးနိုင်မှာဖြစ်ပြီးတော့ အသုံးပြုတဲ့သူအတွက်လည်း သူနဲ့ပိုကိုက်ညီတဲ့အချက်အလက်တွေကိုရရှိနိုင်မှာပါ။ အနာဂတ်မှာတိုးတက်လာနိုင်တာအနေနဲ့ အ၀တ်အစား ဒါမှမဟုတ် လက်၀တ်ရတနာလိုမျိုးထဲတွေမှာပါ ထည့်သုံးနိုင်တာတွေအပြင်ကိုမှ လူ့ခန္ဓာကိုယ်ထဲကိုပါတိုက်ရိုက်ထည့်သွင်းထားလာနိုင်တဲ့ နည်းပညာကို ဖန်တီးဖို့အတွက် အာရုံစိုက်လာကြနိုင်ပါတယ်။အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ နည်းပညာရဲ့ အသုံးချလာနိုင်တဲ့ အလားအလာတွေက တစ်ကိုယ်ရည်စာကျန်းမာရေးတွေအထက် အများကြီးပိုပြီးရှိပါတယ်။ ဥပမာအနေနဲ့ အချိန်နဲ့တစ်ပြေးညီ ဒေတာတွေ ရရှိနိုင်ဖို့အတွက် ပညာရေး၊ အားကစားနဲ့ စစ်ရေးစတဲ့ကိစ္စတွေအထိအသုံးပြုနိုင်ပါတယ်။ ဒီနည်းပညာ ဘယ်လောက်အထိ အနာဂတ်မှာတိုးတက်လာနိုင်လဲဆိုတာက ခန့်မှန်းရခက်ပြီးတော့ ဘယ်လိုတိုးတက်မှုတွေထပ်တွေ့ရဦးမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ Smart Watch တွေကို Apple, Samsung နဲ့ Google တို့လိုနည်းပညာကုမ္ပဏီကြီးတွေကနေစပြီး အခြားကုမ္ပဏီအများအပြားကလည်း သူတို့ရဲ့ ကိုယ်ပိုင်ဗားရှင်းတွေကို ထုတ်လုပ်လျက်ရှိနေပါတယ်။ အခုအချိန်မှာဆိုရင် Smart…

Read More

ဒီတစ်ခေါက် Fact Hub ရဲ့ အပတ်စဉ် fact check အစီအစဉ်မှာဆိုရင် သိပ္ပံအတုအယောင် (pseudoscience) တွေထဲ နာမည်အကြီးဆုံးနဲ့ လူသိအများဆုံးဖြစ်တဲ့ ဘာမြူဒါတြိဂံဒေသက ယုံတမ်းအချက်အလက်အမှားတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။   ဘာမြူဒါတြိဂံဆိုတာက သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ တချို့လူတွေ ယုံကြည်နေကြတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာရဲ့ အနောက်ဘက်ပိုင်းမှာရှိနေတဲ့ ဒီနေရာမှာ ရှင်းမပြနိုင်တဲ့ ပျောက်ဆုံးမှုတွေ၊ ထူးခြားဖြစ်စဉ်တွေနှင့်အတူ သဘာ၀လွန်ကိစ္စတွေနဲ့ပါ ဆက်စပ်မှုရှိနေတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဘာမြူဒါတြိဂံဆိုတာဟာ တကယ်ပဲ သဘာ၀လွန်စွမ်းအားတွေရှိနေတဲ့နေရာလား၊ ဒါမှမဟုတ် သိပ္ပံတုသိပ္ပံယောင်တွေရဲ့ လူစိတ်၀င်စားအောင်လုပ်ထားတဲ့ Myth တစ်ခုပဲလားဆိုတာကတော့ စိတ်၀င်စားစရာပါပဲ။ အကျော်ကြားဆုံးဖြစ်ရပ်တွေအနေနဲ့ Flight 19 ပျောက်ဆုံးမှု၊ သဲလွန်စ မကျန်ဘဲ ပျောက်ဆုံးသွားတဲ့ ရေတပ်လေယာဉ်တွေနဲ့ USS Cyclops နှစ်မြုပ်မှုတွေကြောင့် ဒီနေရာဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေဝဲတွေ ဒါမှမဟုတ် ဂြိုလ်သားတွေရှိနေပြီး သဘာ၀လွန်စွမ်းအားတွေရှိနေတဲ့နေရာတစ်ခုအဖြစ် ပိုပြီးအယုံအကြည်တိုးများစေလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ္ပံဆိုင်ရာရှင်းလင်းချက်တွေကတော့ ဒီအချက်အလက်တွေကိုငြင်းဆိုနေပါတယ်။ တကယ့်လက်ရှိမှာဆိုရင် ဘာမြူဒါတြိဂံဆိုတာက သမုဒ္ဒရာရဲ့ အခြားနေရာတွေထက် သိသိသာသာ ပိုပြီး အန္တရာယ်ရှိနေတာမျိုး မရှိပါဘူး။ ပျောက်ဆုံးမှုအားလုံးနီးပါးဟာ မုန်တိုင်းတွေနဲ့ စက်ကိရိယာချွတ်ယွင်းမှုတွေလို သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေကြောင့်သာဖြစ်ပါတယ် ။ ဒီတြိဂံနေရာကနေ နှစ်စဉ် သင်္ဘောနဲ့ လေယာဉ်တွေထောင်ပေါင်းများစွာ အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းသွားလာလျက်ရှိနေပြီးတော့ သွားလာနေကြတဲ့ သင်္ဘောတွေနဲ့ လေယာဉ်တွေများပြားခြင်းကြောင့်သာ ပျက်ကျတဲ့ပမာဏ များနေသယောင်ထင်ရတာပါ။ ဒီလိုဆိုရင် ဘာမြူဒါတြိဂံရဲ့ Myth အတုအယောင်တွေက ဘာကြောင့်ကြာကြာတည်ရှိနေရတာလဲ။ ဒါတွေရဲ့တစ်စိတ်တစ်ပိုင်းက ကျနော်တို့ကိုယ်တိုင် မသိနားမလည်နိုင်တဲ့ အကြောင်းအရာတွေအပေါ်မှာ ကြိုက်နှစ်သက်တာနဲ့ စိတ်ကူးယဉ်နိုင်တာတွေကြောင့်ပဲ ဒီ…

Read More

Click To Read Part 1 ,  Click To Read Part 2 ဘောလုံးစည်းမျဉ်းများနှင့် နည်းစနစ်များဆင့်ကဲတိုးတက်လာခြင်း _____________________________________________ လူကျွံဘောနှင့် အခြား နည်းနစ်များစတင်အသုံးပြုလာခြင်း ဘောလုံးကစားနည်းဟာ အချိန်နှင့်အမျှ သိသိသာသာ တိုးတက်ပြောင်းလဲလာပြီး သူ့ရဲ့ စည်းမျဉ်းတွေ၊ နည်းဗျူဟာတွေနဲ့အတူ ယနေ့ခေတ် ကစားတဲ့ပုံစံတွေကို ပုံဖော်ထားနိုင်ခဲ့ပါတယ်။ ဒီလို ဘောလုံးကစားနည်းဟာ ပိုပြီးရေပန်းစားလာခဲ့တာနှင့်အမျှ ကစားပွဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက် စည်းမျဉ်းအသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ထဲကတစ်ခုကတော့ လူကျွံဘောစည်းမျဉ်းဖြစ်ပြီးတော့ ၁၈၆၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီစည်းမျဉ်းက တော့ တစ်ဖက်အသင်းရဲ့တိုက်စစ်မှူးက နောက်တစ်သင်းရဲ့ ခံစစ်ကစားသမားတွေကိုကျော်ပြီး ပြိုင်ဖက်အသင်းဧရိယာအနားမှာ ဘောလုံးရရှိဖို့ စောင့်နေခြင်းကိုတားဆီးဖို့၊ တိုက်စစ်ကစားသမားတွေကို ဘောလုံးအနောက်မှာရှိနေဖို့နဲ့ တစ်ဖက်အသင်းဂိုးနဲ့ မနီးကပ်စေရန်အတွက် အခရာကျတဲ့ စည်းမျဉ်းတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ထပ်ထင်ရှားတဲ့ တိုးတက်မှုတွေကတော့ ဘောလုံးပေးပို့တဲ့ နည်းစနစ်တွေနဲ့ Team play တွေအပေါ်မှာ အဓိကအသားပေးဆော့ကစားတဲ့နည်းစနစ်ဖြစ်ပြီး ကွင်းထဲမှာ ပိုမိုလျင်မြန်ထိရောက်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ဒီနည်းဗျူဟာကိုတော့ ၁၉ ရာစုနှောင်းပိုင်းလောက်မှာ စကော့တလန်အသင်းတစ်သင်းဖြစ်တဲ့ Queen’s Park ကနေပထမဆုံးအသုံးပြုခဲ့ပြီး ဥရောပမှာအလျင်အမြန်ပဲရေပန်းစားလာခဲ့ပါတယ်။ အဲဒီနောက်မှာ ကစားသမားတွေဟာ သူတို့ရဲ့ တစ်ဦးချင်းစွမ်းရည်တွေကိုစတင်အသုံးပြုလာကြပြီး ပြိုင်ဘက်တွေကိုကျော်ဖြတ်ဖို့အတွက် Dribbling ( ဘောလုံးဆွဲပြေးခြင်း ) ကလည်း အရေးပါတဲ့ နည်းဗျူဟာတစ်ခုဖြစ်လာခဲ့ပါတယ်။ ပီလီ၊ မာရာဒိုနာတို့လိုကစားသမားတွေက သူတို့တွေရဲ့ထူခြားတဲ့ Dribbling Skill တွေနဲ့ကစားဟန်တွေကြောင့် နာမည်ကြီးလာခဲ့ကြပြီး တောင်အမေရိကတိုက်ဘက်ခြမ်းမှာ တော်တော်လေးရေပန်းစားလာခဲ့ပါတယ်။ _____________________________________________ ကစားကွက်အသစ်များနှင့် နည်းစနစ်ပိုင်းဆိုင်ရာတီထွင်မှုများပေါ်ပေါက်လာခြင်း ဘောလုံးကစားနည်းဟာ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းတွေမှာလည်း ဆက်လက်တိုးတက်နေတာဖြစ်တာကြောင့် ကွင်းအတွင်းမှာ အသင်းတွေအသုံးပြုတဲ့နည်းဗျူဟာတွေလည်းတိုးတက်လာခဲ့ကြပါတယ်။…

Read More

  Click To Read Part 1 ဘောလုံးကစားနည်း၏အစောပိုင်းသမိုင်းကြောင်း ___________________________________________________ ရှေးခေတ်ဘောလုံးကစားနည်းနှင့် အလယ်ဥရောပ မော်ဒန်ဘောလုံးကစားနည်းဟာ လက်ရှိမှာ ကလေးကအစသိနေပြီဆိုပေမယ့် ဘောလုံးရဲ့ မူလအစကိုသိဖို့ဆိုရင်တော့ အလယ်ခေတ်ဥရောပကိုပြန်လည်လေ့လာကြည့်ရပါမယ်။ တရုတ်၊ ဂရိနဲ့ ရောမတို့ရဲ့ ရှေးခေတ်ယဉ်ကျေးမှုခေတ်ကနေစတင်ခဲ့ပြီး အဲဒီကစားနည်းကိုပဲ ဂျပန်မှာကစားခဲ့ကြပါတယ်။ ဒါပေမယ့် Kemari လို့အမည်ရှိတဲ့ ဂျပန်နိုင်ငံရဲ့ကစားနည်းဟာ ဘောလုံးကိုမြေပြင်ပေါ်ကိုမထိအောင် လေထဲမှာကစားခဲ့ကြတာပါ။ အလယ်ခေတ်ဥရောပမှာတော့ ဘောလုံးကစားနည်းမျိုးစုံကို ရွာတွေ ဒါမှမဟုတ် မြို့တွေအလိုက် အချင်းချင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကစားသမားအများအပြားနဲ့ စည်းမျဉ်းအနည်းငယ်သာပါ၀င်ခဲ့ပါတယ်။ Mob football နဲ့ Folk football တို့လိုကစားနည်းအမျိုးမျိုးကိုဆော့ကစားခဲ့ကြပါသေးတယ်။ အဲဒီခေတ်ရဲ့ ဘောလုံးကစားနည်းတွေဟာ ယနေ့ခေတ် ကစားနည်းတွေနဲ့ယှဥ္မယ်ဆိုရင် ကြီးကြီးမားမားကွာခြားမှုတွေရှိတယ်ဆိုပေမယ့် ယနေ့ခေတ်ဘောလုံးကစားနည်းတွေ တိုးတက်မှုအတွက် အုတ်မြစ်ချပေးနိုင်ခဲ့ပါတယ်။ ထိုခေတ်မှာဆိုရင် စည်းမျဉ်းကန့်သက်ချက်တွေ အတော်လေးနည်းပါးပြီး ကြမ်းတမ်းတဲ့ ကစားနည်းတွေလည်း ကိုယ်စီရှိကြပါတယ်။ နေရာဒေသအပေါ်လိုက်ပြီး ကစားနည်းစနစ်တွေနဲ့ စည်းမျဥ်းတွေအမျိုးမျိုးလည်းပေါ်ထွက်ခဲ့ပါတယ်။ ဆင့်ကဲပြောင်းလဲမှုတွေရဲ့ နောက်ထပ်တစ်ဆင့်မှာတော့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်တွေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ၁၉ ရာစုအလယ်ပိုင်းလောက်မှာ Cambridge တက္ကသိုလ်ကနေ ယခုခေတ်စည်းမျဉ်းတွေရဲ့ အစ စည်းမျဉ်း၊စည်းကမ်းတွေကို ပထမဆုံးဖန်တီးခဲ့ပါတယ်။ ဒီစည်းမျဉ်းတွေကို မွမ်းမံပြီးတော့ နောက်ထပ် အသစ်တွေကို ရေးဆွဲခဲ့ပြီး ၁၈၆၃ ခုနှစ် မှာတော့ Football Association ( FA ) ကိုတည်ထောင်နိုင်ခဲ့ပါတယ်။ FA အနေနဲ့ ကစားပွဲတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချမှတ်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေပါ၀င်ခဲ့ပြီး မျှတမှုရှိစေဖို့အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။ _____________________________________________________ စနစ်တကျရေးဆွဲထားသော စည်းမျဉ်းများနှင့် ပထမဆုံးကျင်းပခဲ့သော ကစားပွဲများ စံချိန်စံညွှန်းတစ်ခုရှိတဲ့…

Read More

လက်ရှိအချိန်မှာ ကမ္ဘာပေါ်က အထင်ရှားဆုံး အားကစားကို ပြောပါဆိုရင် ဘောလုံးအားကစားကို ထိပ်ဆုံးက ပြေးမြင်ကြမှာ မလွဲဧကန်ပါပဲ။ ဒီအခန်းဆက်ဆောင်းပါးမှာတော့ ကျွန်တော်တို့ အားလုံးနဲ့ ရင်းနှီးကြတဲ့ ဘောလုံးအားကစားရဲ့ မူလဇာစ်မြစ်နဲ့အတူ ဘယ်လိုပေါ်ပေါက်လာတာလဲ၊ ကမ္ဘာလုံးဆိုင်ရာ အားကစားတစ်ခုအနေနဲ့၊ ယဉ်ကျေးမှုတစ်ခုအနေနဲ့ ဘယ်လိုအရေးပါအရာရောက်တဲ့ ကဏ္ဍတစ်ခုမှာ တည်ရှိနေလဲဆိုတဲ့ အကြောင်းအရာတွေအပေါ် ဆွေးနွေးကြည့်ကြရအောင်ပါ။ ဘောလုံးရဲ့ဇာစ်မြစ်နှင့် အစောပိုင်းတိုးတက်မှုများ သိကြတဲ့အတိုင်း ဘောလုံးဆိုတာ ကမ္ဘာ့နေရာအနှံ့အပြားမှာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက ကြွယ်၀တဲ့သမိုင်းကြောင်းတွေနဲ့အတူပေါ်ပေါက်လာခဲ့တဲ့ အားကစားနည်းတစ်ခုဖြစ်ပါတယ်။ ဘောလုံးရဲ့ မူလဇာစ်မြစ်ကို အတိအကျဖော်ပြနိုင်ဖို့အတွက် ခက်ခဲတယ်ဆိုပေမယ့် ကစားနည်းရဲ့ အစောဆုံးပုံစံတွေအဖြစ် တရုတ်၊ ဂရိနဲ့ ရောမတို့ရဲ့ ရှေးခေတ်ယဉ်ကျေးမှုတွေကနေ ခြေရာခံနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ လက်ရှိသိရှိနေကြတဲ့ မော်ဒန်ဘောလုံးကစားနည်းပုံစံက ၁၉ ရာစုကမှ အင်္ဂလန်မှာ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ကလပ်အသင်းတွေကနေ ဒီဘောလုံးကစားနည်းအတွက် ကိုယ်ပိုင်စည်းမျဉ်း၊ စည်းကမ်းတွေကို စတင်ပြီးရေးစွဲခဲ့ကြပါတယ်။ ဘောလုံးလောကရဲ့ အစောပိုင်းကာလ ဖွံ့ဖြိုးတိုးတက်မှုတွေထဲမှာမှ အထင်ရှားဆုံးကတော့ ၁၈၆၃ ခုနှစ်မှာ The Football Association (FA) ဖွဲ့စည်းခဲ​့ခြင်းဖြစ်ပါတယ်။ FA အနေနဲ့ ဘောလုံးကစားတဲ့နေရာမှာ လိုအပ်တဲ့ စည်းများတွေကိုဖန်တီးဖို့အတွက် တာ၀န်ရှိပြီး အခြားလိုအပ်တဲ့ ဖွဲ့စည်းမှုတွေကို ယူဆောင်လာပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဘောလုံးကစားနည်း ရေပန်းစားလာတာနှင့်အမျှ အင်္ဂလန်နိုင်ငံအနှံ့အပြားကိုပျံ့နှံ့လာပြီး မကြာခင်မှာပဲ ဥရောပနှင့် တောင်အမေရိကမှာရှိတဲ့ နိုင်ငံများကပါ ဆော့ကစားလာခဲ့ကြပါတယ်။ အားကစားတစ်ခုအပြင် ယဉ်ကျေးမှုတစ်ခုအနေနဲ့ပါ အရေးပါမှု ကွဲပြားတဲ့ လူမျိုးတွေနဲ့ နောက်ခံအခြေအနေမျိုးစုံက လူပေါင်းစုံ အတူတကွဆော့ကစားလာကြတာကြောင့်ပဲ ဘောလုံးကစားခြင်းရဲ့ အရေးပါမှုတွေဟာ ကွင်းတွင်းကစားပွဲတစ်ခုထက်အများကြီးပိုပြီးအဓိပ္ပာယ်ရှိလာပါတယ်။…

Read More

Dr. Harold Shipman ဆိုတဲ့ သူကတော့ သမိုင်းမှာ ကွင်းဆက်လူသတ်သမားဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဗြိတိသျှ အထွေထွေရောဂါကု ဆရာ၀န်တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ၁၉၄၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ နော်တင်ဟမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ Leeds မြို့မှာ ဆေးပညာကိုလေ့လာခဲ့ပြီး နောက်ပိုင်းမှာ Great Manchester ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဟာရိုးက ၁၉၇၀ နောက်ပိုင်းကစပြီး သူရဲ့ သက်ကြီးရွယ်အိုလူနာတွေကို ဆေးကုပေးယောင်ဆောင်ပြီး ဆေးမှတ်တမ်းအတုတွေပြုလုပ်ကာ ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတစ်ခုဖြစ်တဲ့ Diamorphine ဆေးတွေပေးပြီး သတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း လူနာပေါင်း (၂၁၅) ဦးခန့်ကို သတ်ပစ်ခဲ့ပြီးနောက် သမိုင်းမှာ လူသတ်မှုအများဆုံးကျူးလွန်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားစာရင်းထဲ ဝင်လာခဲ့ပါတယ်။ ဟာရိုးရဲ့ လူနာတွေ သေဆုံးမှုအရေအတွက် မြင့်မားလာတာကို သတိထားမိလာတဲ့ ဒေသခံဆရာ၀န်တွေက သံသယဝင်လာကြပြီး ဖော်ထုတ်ဖို့အတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဟာရိုးရဲ့ ရာဇ၀တ်မှုတွေကို ၁၉၈၈ ခုနှစ်မှသာ စတင်တွေ့ရှိပြီး လူသတ်မှု (၁၅) မှု၊ ဆေးမှတ်တမ်းအတုတစ်ခု ပြုလုပ်မှုနဲ့အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့တာပါ။ ဒီလိုနဲ့ စုံစမ်းစစ်ဆေးရေးတစ်ခုကို စတင်ခဲ့ပြီး ဟာရိုးက သူ့ရဲ့ လူနာတွေကို နှစ်ပေါင်းများစွာကြာအောင် စနစ်တကျနဲ့ သတ်ပစ်နေခဲ့ကြောင်း အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် ဇန်နဝါရီလမှာတော့ ဟာရိုး အပေါ်တင်ထားတဲ့ စွဲချက်တွေအားလုံးမှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ သူဟာအချုပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့ပြီး သူ့အလောင်းကိုတော့ သေဆုံးလျက်တွေ့ခဲ့ရပါတယ်။ Dr. Horold Shipman ရဲ့…

Read More

 စက္ကန့်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ အခုလက်ရှိကမ္ဘာကြီးမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာနေတဲ့ နည်းပညာတစ်ခုရှိပါတယ်။ အဲ့တာက တခြားတော့မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဉာဏ်ရည်တုနည်းပညာ ( Artificial intelligence) ပဲဖြစ်ပါတယ်။ AI ဟာဆိုရင် ကျနော်တို့လူသားတွေရဲ့ နေ့စဉ်ဘ၀ကိုပြောင်းလဲလာစေနိုင်တဲ့အထိ အကျိုးသက်ရောက်မှုရှိနေတာပါ။ ဒါဆိုရင် ဒီလောက်တောင် အသုံး၀င်ပါတယ်ဆိုတဲ့ AI ဆိုတာကဘာကြီးလဲ။ Artificial Intelligence (AI) ဆိုတာကတော့ အာရုံခံနိုင်မှုတွေ၊ မှတ်ဉာဏ်တွေ၊ ဆုံးဖြတ်ချက်ချတာတွေနဲ့ ဘာသာပြန်ခြင်းတွေလို ပုံမှန်အနေနဲ့ လူသားတစ်ဦးရဲ့ဉာဏ်ရည်ကလိုအပ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်တဲ့ ဉာဏ်ရည်တုနည်းပညာတစ်ခုပဲဖြစ်ပါတယ်။ AI တွေအခုလိုအလုပ်လုပ်နိုင်အောင် ဒေတာအများအပြားကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီးတော့ အတွေ့အကြုံတွေကနေတစ်ဆင့် သင်ယူနိုင်မယ့် Algorithm တွေနဲ့ Computer Programming နဲ့တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ AI မှာနည်းပညာတွေအများအပြားပါ၀င်နေပြီးတော့ Rule-based System, Machine Learning, Deep Learning စတာတွေနဲ့ အခြေခံပြီး ဖန်တီးထားပါတယ်။ Rule-based System တွေက AI ကို ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက် အသုံးပြုပါတယ်။ ဒီ System တွေမှာ ဆုံးဖြတ်ချက်အလွယ်တကူချနိုင်ဖို့အတွက် ကြိုတင်ပြီး ချထားတဲ့ Rule တွေပါ၀င်နေပါ သေးတယ်။ ဒါပေမဲ့ တချို့အခြေအနေတွေမှာဆိုရင် AI တွေကိုခိုင်းပေမဲ့ သူတို့ကိုပေးထားတဲ့ System မှာ အဲ့အရာအတွက် ဘာလုပ်ရမယ်ဆိုတာကို မထည့်ပေးထားတာတွေကြောင့် အလွဲလွဲအချော်ချော်ဖြစ်တတ်ကြပါတယ်။ ဥပမာတစ်ခုပေးရမယ်ဆိုရင် Rule-based System ကိုသုံးပြီး AI တစ်ခုလုပ်မယ်ဆိုရင် ကိုယ်က Ruleလေးတွေထည့်ပေးရပါတယ်။ သူ့ရဲ့ပုံစံက If-Then-elseတစ်ခုတည်းပါပဲ။ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတဲ့ ချွင်းချက်မရှိသဘောမျိုးပေါ့။ If…

Read More

ကျွန်တော်တို့ကမ္ဘာကြီးမှာ နည်းပညာတွေတိုးတက်လာတဲ့အချိန်ကြာလာတာနဲ့အမျှ တစ်ခုနဲ့တစ်ခု ဆက်နွယ်မှုတွေရှိလာပြီး မူလရည်ရွယ်ချက်ကနေတစ်ဆင့် ဆင့်ကဲဖြစ်ပေါ်လာတဲ့နည်းပညာတွေပေါ်ပေါက်လာကြပါတယ်။ ဥပမာအနေနဲ့ဆိုရင် ကွန်ပျူတာရဲ့အစောပိုင်းကာလတွေမှာ ကြီးမားတဲ့အရွယ်အစားနဲ့ ဈေးလည်းကြီးသလို သိပ္ပံနဲ့ စစ်ရေးရည်ရွယ်ချက်အချို့အတွက်ပဲ အဓိကအသုံးပြုခဲ့ကြပေမဲ့ 1970 နဲ့ 1980 ခုနှစ်ပိုင်း ကိုယ်ပိုင်ကွန်ပျူတာတွေစတင်မိတ်ဆက်ချိန်မှာတော့ ကွန်ပျူတာတွေကို သာမန်ပြည်သူတွေကအစ ပိုမိုအသုံးပြုလာနိုင်ခဲ့ကြတာပါ။ နည်းပညာအမျိုးအစားအများအပြားရှိတယ်ဆိုပေမဲ့ အသုံးအများဆုံးနည်းပညာအမျိုးအစားအချို့ကတော့ – Information Technology (IT) – ဒါကတော့ ကွန်ပျူတာ၊ ဆော့ဖ်ဝဲလ်နဲ့ ကွန်ရက်ချိတ်ဆက်ကိရိယာတွေအပါအဝင် ဒစ်ဂျစ်တယ်သတင်းအချက်အလက်တွေကို စီမံဆောင်ရွက်တာတွေ၊ Cloud Storage တွေလို နည်းပညာတွေ အကုန်လုံးပါ၀င်နေပါတယ်။ Biotechnology (ဇီ၀နည်းပညာ) – ဒီအပိုင်းမှာကတော့ ထုတ်ကုန်အသစ်တွေဖန်တီးဖို့၊ ဆေးဝါးအသစ်တွေဖန်တီးဖို့နဲ့ အချိန်ကြာကြာတာရှည်ခံတဲ့ အစားအစာထုတ်လုပ်တာလိုမျိုးပြဿနာတွေကို ဖြေရှင်းတာတွေ၊ သက်ရှိ‌တွေ၊ ဆဲလ တွေနဲ့ ဇီဝဖြစ်စဉ်တွေကို လေ့လာတဲ့နည်းပညာတွေပါဝင်ပါတယ်။ Energy Technology – ဒီမှာကတော့ ဆိုလာပြား‌တွေနဲ့ ဘက်ထရီတွေလိုမျိုး စွမ်းအင်ထုတ်လုပ်တာမျိုး၊ သိုလှောင်တာမျိုးတွေနဲ့ ဖြန့်ဖြူးခြင်းဆိုင်ရာတွေလိုနည်းပညာတွေ ပါဝင်လျက်ရှိတယ်။ NanoTechnology – နာနိုနည်းပညာဆိုတာကတော့ အက်တမ်နဲ့ မော်လီကျူးတွေရဲ့ မယုံနိုင်လောက်အောင်သေးငယ်တဲ့ စကေးနဲ့ ပစ္စည်းတွေရဲ့ ဒီဇိုင်းကို ပုံဖော်ထုတ်လုပ်ခြင်းနဲ့ ခြယ်လှယ်တဲ့နေရာမျိုးတွေမှယ ကိုင်တွယ်ဖြေရှင်းပေးတဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာဆိုင်ရာနည်းပညာတစ်ခုပါပဲ။ Aerospace Technology – Aerospace Technology ဆိုတာကကျ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့အတူ ဒုံးပျံတို့၊ ဂြိုဟ်တုတို့၊ ဂြိုဟ်တု‌တွေနဲ့ အာကာသယာဉ်တွေလို ကမ္ဘာ့လေထုထဲမှာ လည်ပတ်နေတဲ့ယာဉ်တွေကို ဒီဇိုင်းဆွဲပေးတာ၊ တည်ဆောက်ပေးတာ၊ စမ်းသပ်တာတို့၊ လည်ပတ်တာတို့လိုမျိုးတွေကို ဆောင်ရွက်ပေးတဲ့ နည်းပညာအမြောက်အများပါဝင်နေပါတယ်။ Robotics and Automation…

Read More

အာကာသစူးစမ်းလေ့လာရေးတွေမှာ ဆယ်စုနှစ်များစွာ ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ နာဆာအဖွဲ့အစည်းအနေနဲ့ လက်ရှိအချိန်မှာ “Artemis Program” လို့ အမည်ပေးထားတဲ့ ပရိုဂရမ်တစ်ခုနှင့်အတူ လူသားတွေ လကမ္ဘာပေါ်ကို အခြေချသွားရောက်နိုင်ရေးအတွက် ပြင်ဆင်နေကြပါတယ်။ “Artemis” ပရိုဂရမ်ဆိုတာကတော့ လပေါ်မှာ လူသားတွေရဲ့နေထိုင်တည်ရှိမှုကို စတင်ထူထောင်ဖို့ရယ်၊ အနာဂတ်မှာအင်္ဂါဂြိုဟ်နဲ့အတူ အခြားနက်ရှိုင်းတဲ့အာကာသနေရာတွေကို စူးစမ်းရှာဖွေဖို့အတွက် ခြေလှမ်းသစ်တစ်ခုအဖြစ် လှမ်းဖို့ရည်ရွယ်ထားတဲ့ ပရိုဂရမ်ပဲဖြစ်ပါတယ်။ ဒါဆိုရင် နာဆာအနေနဲ့ ဘာအကြောင်းကြောင့် လကမ္ဘာပေါ်ကို သွားရောက်ဖို့ ပြန်လည်စိတ်ဝင်စားလာကြတာလဲလို့မေးစရာရှိလာပါမယ်။ ဒီ့အတွက် အဖြေကတော့ သိပ္ပံနည်းကျစူးစမ်းရှာဖွေမှုတွေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် အခြားအကြောင်းရင်းများစွာ ရှိနေတာကြောင့်ပါပဲ။   – သိပ္ပံနည်းကျစူးစမ်းရှာဖွေမှုများ လကမ္ဘာဆိုတာကတော့ ကျွန်တော်တို့ရဲ့အနီးဆုံးအိမ်နီးချင်းဂြိုဟ်တစ်ခုအဖြစ် တင်စားလို့ရနိုင်ပါတယ်။ အနီးဆုံးဂြိုဟ်ဖြစ်သည့်တိုင် ကျွန်တော်တို့လူသားတွေ မသိနိုင်သေးတဲ့အရာတွေလည်း များစွာရှိနေပါသေးတယ်။ သို့ပေမဲ့လူသားတွေကို လကမ္ဘာပေါ်ပို့ဆောင်ခြင်းကတစ်ဆင့် ပိုမိုနက်ရှိုင်းတဲ့ သိပ္ပံနည်းကျစူးစမ်းရှာဖွေတွေ့ရှိမှုတွေကို ဖော်ထုတ်လာနိုင်ကြတော့မှာပဲဖြစ်ပါတယ်။ လကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဧရိယာတစ်ခုရှိနေပါသေးတယ်။ အဲ့တာကတော့ ရေခဲတွေအများစုတွေ့ရှိရတဲ့ လရဲ့ဝင်ရိုးစွန်းတွေပဲဖြစ်ပါတယ်။ အဆိုပါ သတ္ထုသိုက်တွေဟာဆိုရင် သောက်သုံးရေအရင်းအမြစ်အနေနဲ့ရော၊ ဒုံးပျံလောင်စာရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပါ ပါ၀င်နေပြီးတော့ အနာဂတ်အာကာသစူးစမ်းလေ့လာရေးဆိုင်ရာ အရင်းအမြစ်များအဖြစ် အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ လပေါ်မှာရှိတဲ့ အဲ့ဒီ့ရေခဲသိုက်တွေကို လေ့လာခြင်းဟာ နေအဖွဲ့အစည်းအတွင်းမှာရှိတဲ့ ရေရဲ့ဇစ်မြစ်နဲ့အတူ ဆင့်ကဲဖြစ်စဉ်တွေကို လေ့လာရာမှာလည်း အထောက်အကူဖြစ်လာစေမှာ အသေအချာပါပဲ။ နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ လရဲ့ဘူမိဗေဒဆိုင်ရာ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ၁၉၆၀ တို့၊ ၁၉၇၀ ခုနှစ်တို့မှာ ဆောင်ရွက်ခဲ့တဲ့ “Apollo” မစ်ရှင်တွေဟာ လရဲ့ဘူမိဗေဒဆိုင်ရာ အကြောင်းအရာတွေကို နားလည်စေနိုင်မယ့် အဖိုးတန်အချက်အလက်တွေပေးနိုင်ခဲ့ပေမဲ့ အခြားလေ့လာစရာတွေအများကြီး ကျန်ရှိနေပါသေးတယ်။ ဥပမာအားဖြင့် လမှာ အတော့်ကိုသေးငယ်တဲ့ အူတိုင်ရှိနေပြီး အဲဒီအူတိုင်ဟာ လကမ္ဘာရဲ့သံလိုက်စက်ကွင်းနဲ့ အခြားသော…

Read More

  NASA ရဲ့ Super Guppy ဆိုတာကတော့ ကြီးမားတဲ့ကုန်ပစ္စည်းကြီးတွေကို သယ်ယူပို့ဆောင်ဖို့အတွက် အထူးတည်ဆောက်ထားတဲ့ လေယာဉ်တစ်မျိုးပါပဲ။ NASA ဟာ 1961 ခုနှစ်မှာ Aero Spaceline Industries’ Pregnant Guppy ကို ဖန်တီးပြီး‌ လေးနှစ်အကြာ 1965 ခုနှစ်မှာ Super Guppy နဲ့ပတ်သက်တဲ့ အိုင်ဒီယာကို စတင်မိတ်ဆက်‌ပေးခဲ့တာပါ။ U.S လေတပ်က အငြိမ်းစား လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ Jack Conroy ဟာ Boeing Model 377 Stratocruisers တွေကို ပြန်လည်ရောင်းချတာတွေနဲ့ပတ်သက်ပြီး လေယာဉ်ပွဲစား Lep Mansdorf နဲ့အတူဆွေးနွေးပြီးနောက်မှာ သူ့ရဲ့စိတ်ကူးကို NASA ဆီပေးပို့ခဲ့ပါတယ်။ အဲ့ဒီ‌နောက် NASA အနေနဲ့ အနာဂတ်မှာ တည်ဆောက်ဖို့ရှိတဲ့ အာကာသယာဉ်တွေအတွက် အစိတ်အပိုင်းတွေကို သယ်ယူနေကြောင်းကြားသိခဲ့ရပြီးတဲ့နောက် Conroy က သူတို့အနေနဲ့ Stratocruiser အဟောင်းတွေကို ဝယ်ယူကာ လေယာဉ်ကိုယ်ထည်ကို ထပ်မံချဲ့ထွင်ပြီး ဒီဇိုင်းအသစ် တည်ဆောက်နိုင်တယ်လို့ အကြံပေးခဲ့ပါသေးတယ်။ NASA ကတော့ Stratocuiser ရဲ့ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ Conroy ရဲ့ဒီဇိုင်းကို မယုံကြည်ကြတဲ့အပြင် Pregnant Guppy ဆိုပြီးတောင် လှောင်ပြောင်ခဲ့ကြတာပါ။ ဘာတွေပဲပြောပြော Conroy တော့ မဖြုံပါဘူး။ သိပ်မကြာခင်မှာပဲ Aero Spacelines ကုမ္ပဏီကို တည်ထောင်ပြီးနောက်မှာ သူ့ရဲ့အိမ်ကိုပါ ပေါင်နှံပြီးတော့ လုပ်ငန်းစခဲ့ပါတယ်။ နှစ်နှစ်အကြာမှာတော့ သူတို့တွေလှောင်ပြောင်ခဲ့တဲ့ The Pregnant Guppy ဟာ California…

Read More