Archives
Author: Myo Myat Maung
မြန်မာနိုင်ငံရဲ့ အပူအချိန် ဘယ်လို ဖြစ်နေတယ် ဆိုပြီး ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ အပူချိန်ဟာ အာရှတစ်ခွင်မှာတောင် အပူဆုံး နံပါတ်တစ်အဖြစ် ရပ်တည်နေတာပါ။ ဒါကြောင့် ဒီလိုနွေရာသီမှာ အတော်ပြင်းတဲ့ အပူအချိန်ကြောင့် ဖြစ်တတ်တဲ့ အပူရှပ်ခြင်း (Heatstroke) နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်နဲ့ ဘယ်လိုမျိုး ကြိုတင်ကာကွယ်လို့ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အပူရှပ်တာကို သာမန်ပါပဲလို့ လူအများစုက ထင်တတ်ကြပါတယ်။ “နေမကောင်းရင် ပါရာစီတမော သောက်လိုက်လေ” လို့ ပေါ့ပေါ့လေး တွေးကြတာက တကယ်တော့ လုံးဝမှားနေပါတယ်။ လူတစ်ယောက်က အပူရှပ်ပြီဆိုရင် ဖျားတာ၊ သတိလစ်တာ၊ မူးလဲတာတွေကနေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အကြောသေတာ၊ အကြောဆိုင်းတာအပြင် ဦးနှောက်သွေးကြောပြတ်တာတွေအထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးငယ်မရွေး ဖြစ်တတ်တာမို့ အင်မတန် ဂရုစိုက်ဖို့ လိုပါတယ်။ လုံးဝ လျှော့တွက်လို့ ရတဲ့ ရောဂါမျိုးမဟုတ်လို့ မပေါ့ဆကြဖို့လဲ ထပ်ဆောင်း ပြောချင်ပါတယ်။ ဒါဆိုရင် အပူရှပ်တယ်ဆိုတာ ဘာလဲ . . . ။ ဘာကြောင့် ဖြစ်ရတာလဲ . . . ။ အပူရှပ်တယ်ဆိုတာ ခန္ဓာကိုယ်က ရုတ်တရက် မြင့်တက်လာတဲ့ အပူချိန်ကို မထိန်းချုပ်နိုင်တော့တာမျိုးပါ။ ပထမဆုံး တစ်ချက်ကတော့ ရာသီဥတုပြင်းထန်တာကြောင့်ပါ။ ပြင်ပအပူချိန် ပြင်းထန်လာတဲ့အခါ လူ့ခန္ဓာကိုယ်ဟာ မချိန်ညှိနိုင်တဲ့ အပူချိန်ကို ရောက်သွားတတ်ပါတယ်။ အဲဒီကနေ အပူရှပ်တယ်ဆိုတာ စလာတာပါ။ ဒုတိယတစ်ချက်ကတော့ အရမ်းပူနေတဲ့အချိန်မှာ လေ့ကျင့်ခန်းတွေ လုပ်တာ၊ ဆော့တာ၊ ကစားတာတွေနဲ့ ခန္ဓာကိုယ်ကို နေပူထဲမှာ…
ဒီမေးခွန်းဟာ အတော်လေးတော့ ဒွိဟဖြစ်စေပါတယ်။ ပထမဆုံး အနေနဲ့ ပြောရရင် ရေဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်ဆိုပေမဲ့ လိုအပ်တဲ့ ပမာဏလောက်ကို သောက်သုံးတာက အကောင်းဆုံးပါပဲ။ ဆိုတော့ အဓိက အကြောင်းအရာဖြစ်တဲ့ အစာစားပြီးမှ ရေသောက်တာ ကောင်းလားဆိုရင် ရေးသားဖော်ပြကြတဲ့ အရာတွေ၊ ရှာဖွေတွေ့ရှိချက်တွေအရဆိုရင်တော့ အချိုတစ်ဝက်က ကောင်းတယ်လို ပြောကြပြီး အချိုတစ်ဝက်က မကောင်းဘူးလို ပြောကြပေမဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတာမျိုးတော့ မရှိပါဘူး။ အစာတစ်ခုခုစားပြီး ရေသောက်ချလိုက်တာဟာ အစာချေဖျက်ခြင်း လုပ်ငန်းစဉ်ကို ပုံမှန်ထက် ပိုပြီး မြန်စေပါတယ်။ အကြောင်းကတော့ အစာစားပြီး ရေသောက်ချလိုက်တာက ပုံမှန်နှုန်းနဲ့ အူလမ်းကြောင်းမှာ သွားနေတဲ့ အစာတွေကို ရေရဲ့ အရှိန်နဲ့ မြန်မြန်သွားစေပါတယ်။ ဒါကြောင့်ပဲ အစာချေဖျက်မဲ့ နေရာကို အမြန်ရောက်လာပြီး အစာကြေတာ မြန်စေပေမဲ့ ပြောစရာရှိနိုင်တာ တစ်ခုကတော့ အာဟာရစုပ်ယူမှုကို နည်းသွားစေတာလောက်ပါပဲ။Written by – Myo Myat MaungEdited by – FH Team©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿#Fact_Hub #Short_Fact #Medical_Science
ကျွန်တော်တို့တွေ ကောင်းကင်ပြာပြာကြီးကို မော့ကြည့်ကြတဲ့အခါ ကောင်းကင်ကြီးမှာ အဖြူအစက်အပျောက်လေးတွေ၊ အချောင်းအချောင်းလေးတွေ ပြေးနေတာကို တွေ့ဖူးကြပါလိမ့်မယ်။ များသောအားဖြင့်တော့ ဒီလိုဖြစ်တာကို လူတွေက အမြင်အာရုံ အားနည်းလို့ ဖြစ်တာ၊ ရောဂါတစ်ခုခုကြောင့် ဖြစ်တာ၊ သွေးအားနည်းလို့ ဖြစ်တာ စသဖြင့် အမျိုးမျိုးတွေ ပြောကြပေမဲ့ တကယ်တော့ အဲ့ဒီလို မဟုတ်ပါဘူး။ အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်တဲ့အချိန် အစက်လေးတွေ၊ အချောင်းလေးတွေ ကောင်းကင်မှာ ပတ်ပြေးနေတာကို Blue field entoptic Phenomenon လို့ ခေါ်ပါတယ်။ အမြင်အာရုံမှာ ပတ်ပြေးနေတတ်တဲ့ အစက်အပြောက်လေးတွေကတော့ သက်ရှိဆဲလ်လေးတွေဖြစ်တဲ့ သွေးဖြူဥလေးတွေပါ။ ဘာကြောင့် ပတ်ပြေးနေသလို မြင်ရတာလဲဆိုတာကို ပြောပြပေးပါမယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ဆဲလ်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ မျက်လုံးထဲမှာလဲ သွေးဖြူဥနဲ့ သွေးနီဥဆဲလ်တွေ အသီးသီးရှိကြပါတယ်။ သွေးနီဥတွေကတော့ blue light ကို စုပ်ယူကြပြီး သွေးကြောမျှင်လေးတွေဆီကို ပို့ပေးပါတယ်။ ပြီးရင် သွေးနီဥလေးတွေ စုပ်ယူထားတဲ့ blue light ကို အဆင့်ဆင့်စစ်ထုတ်ပြီး ကြည့်လို့ရအောင် မျက်လုံးက ညှိလိုက်ပါတယ်။ ဒါပေမဲ့လဲ ဒီနေရာမှာ သွေးဖြူဥလေးတွေကတော့ ဒီလို မလုပ်နိုင်ပါဘူး။ သွေးဖြူဥတွေဟာ သွေးနီဥတွေထက် နည်းလဲနည်းသလို blue light ကိုလဲ စုပ်မယူနိုင်ပါဘူး။ ဒါကြောင့် ဦးနှောက်နဲ့ အချိတ်အဆက်ရှိတဲ့ သွေးကြောမျှင်လေးတွေဆီကိုလဲ ပို့မပေးနိုင်တော့ပါဘူး။ သွေးဖြူဥလေးတွေက blue light ကို စုပ်မယူနိုင်ပေမဲ့လဲ ရလိုရငြား ကြိုးစားကြည့်ပုံပါပဲ။ ဒီလိုမျိုး မရတာကို အတင်းကြိုးစားလိုက်တဲ့…
ဒီတစ်ခေါက်တော့ စိတ်ရောဂါတွေအကြောင်းထက် ကျွန်တော်တို့ရဲ့ စိတ်ကို ကာလာအရောင်တွေက ဘာတွေ သက်ရောက်မှုရှိလဲဆိုတဲ့ အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ ကျွန်တော်တို့ လူသားတွေရဲ့ တွေးခေါ်နိုင်စွမ်း၊ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သက်ရှိသတ္တဝါတွေအကုန်လုံးထက် သာလွန်ကောင်းမွန်ပါတယ်။ တစ်ဆက်တည်းမှာ ဒီလောက်စွမ်းအားကြီးမားတဲ့ အရာတစ်ခုကို လူတွေပိုင်ဆိုင်ထားရပေမယ့် ထိန်းချုပ်ဖို့ နည်းလမ်းတွေကိုလည်း အတိအကျမသိသေးသလို ဘယ်လိုအသုံးချရမလဲဆိုတာကိုလည်း လေ့လာရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီလို ရှာဖွေနေရင်းကပဲ စိတ်ပညာရှင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Angela Wright ဆိုသူက အရောင်တွေ၊ အသံတွေဟာ လူတွေရဲ့စိတ်ခံစားချက်အပေါ် အကျိုးသက်ရောက်မှုရှိတာကို သတိထားမိသွားခဲ့ပါတယ်။ ဒါနဲ့ပဲ သူမ သေချာလိုက်လံရှာဖွေတယ်။ စမ်းသပ်ချက်တွေအမျိုးမျိုးလုပ်တယ်။ နောက်ဆုံးမှာ အကောင်းဆုံးရလဒ်တွေထွက်ပေါ်လာပါတယ်။ ရလဒ်ကတော့ ဒီအရောင် (၄)ရောင်ဟာ ကျွန်တော်တို့ရဲ့ စိတ်ကိုသိသိသာသာ အကျိုးသက်ရောက်မှုဖြစ်စေတယ်ဆိုတာပါပဲ။ အနီ (Red) အပြာ (Blue) အဝါ (Yellow) အစိမ်း (Green) ဒီအရောင်တွေတစ်ခုချင်းစီမှာ လူတွေရဲ့စိတ်ကို တက်ကြွဝုန်းဒိုင်းကြဲစေတာ၊ တည်ငြိမ်ပြီး စိတ်အေးလက်အေးဖြစ်စေတာ၊ ဉာဏ်ပိုရွှင်၊ ဉာဏ်ပိုကောင်းလာစေတာ၊ ခံစားချက်တွေ အတွေးတွေကို အကောင်းဘက်ကနေ မြှင့်တင်ပေးတာ စတဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေပါတယ်။ ဒါဆိုရင် ဘယ်အရောင်တွေက လူတွေရဲ့စိတ်ကို ဘယ်လိုရှိစေလဲဆိုတာ ဆက်လက်ပြီး တိတိကျကျလေး ဖော်ပြပေးပါမယ်။ 1. အနီ (Physically and Mentally Motivated) အနီကတော့ လူတွေကို Motivate ဖြစ်စေတယ်။ တက်ကြွပြီး ဝုန်းဒိုင်းကြဲချင်လာအောင် ခွန်အားတွေပြည့်လာသလို ခံစားရအောင် အဓိကဆောင်ရွက်ပေးတဲ့ အရောင်ဖြစ်ပါတယ်။ တကယ်လည်း ကျွန်တော်တို့ မျက်စိထဲမြင်ရရင် စိတ်လှုပ်ရှားစေသလို အရေးကြီးတယ်ဆိုတဲ့ အတွေးမျိုးကို ဖြစ်စေပါတယ်။…
အယူစွဲလွန်ရောဂါ (သို့) ယုံမှားလွန်ရောဂါ လူတစ်ယောက်ကို ထိန်းကြောင်းနေတာဘာလဲဆိုတဲ့ မေးခွန်းကို သိပ္ပံနည်းကျဖြေရရင် ကျွန်တော်တို့ရဲ့ ဦးနှောက်ကြီးလို့ဆိုလို့ရပါတယ်။ တစ်ဖက်က ယုတ္တိကျကျပြန်တွေးမယ်ဆိုရင်တော့ လူကို ထိန်းချုပ်နေတာ “စိတ်” လို့ ဆိုလို့ရပြန်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ အများကြီးကို သက်ဆိုင်နေတာ အားလုံးလည်းသိပြီးသားပါ။ ပြောချင်တာကတော့ စိတ်ဟာ လူကိုထိန်းချုပ်နေတယ်ဆိုတာပါပဲ။ အဲ့တာကြောင့်မလို့ အရေးကြီးတဲ့ စိတ်နဲ့ ပတ်သက်လို့ ဖြစ်တတ်တဲ့ စိတ်ရောဂါတွေထဲက တစ်ခုအကြောင်းကို ပြောပြသွားချင်ပါတယ်။ အဲ့တာကတော့ ယုံမှားလွန်ရောဂါ (Delusional Disorder) ဆိုတာပါ။ ပထမဦးဆုံး ယုံမှားလွန်ရောဂါကို အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော့ တစ်ခုခုကို အလွန်အမင်းယုံကြည်တာလို့ ပြောလို့ရပါတယ်။ အချက်အလက်ကျကျနဲ့ ဘယ်လိုပဲ ရှင်းပြရှင်းပြ .. တကယ်မရှိနေတာ၊ တကယ်မဟုတ်နေတာကို အမှန်လို့ပဲထင်နေတာ.. တစ်ဖက်သတ်ဆန်ဆန်ပြီး သူထင်တာ အမှန်လို့ ဖင်ပိတ်လက်ခံတဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ တကယ်တည်ရှိမနေတာကို အလွန်အမင်းယုံကြည်နေတယ်၊ သူ့စိတ်ထဲက ထင်တာတွေဟာ အမှန်တကယ်ဖြစ်နေပါတယ်၊ ငါက ရှေ့ဖြစ်ဟောနိုင်တယ်၊ အနာဂတ်ကို ကြိုသိတယ် စသဖြင့် အခြေအနေအများစုကို ဆိုလိုချင်ပါတယ်။ ပြောရရင်တော့ မြန်မာနိုင်ငံသား သန်းခြောက်ဆယ်မှာ သုံးပုံတစ်ပုံလောက် ဖြစ်နေတာဖြစ်ပြီး ယဉ်ယဉ်လေးနဲ့မပြင်းထန်တဲ့ စိတ်ရောဂါအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ယုံမှားလွန် ရောဂါကိုအခြေခံပြီး အယူအစွဲအမှားတွေ၊ ယုံကြည်မှုအမှားတွေ အများဆုံးဖြစ်တဲ့ အခြေအနေ (၅) ခုရှိပါတယ်။ အဲ့တာတွေကတော့ – 1. Erotomanic ဒါလေးကတော့ ယုံမှားလွန်ရောဂါထဲက အခြေအနေတစ်ခုဖြစ်ပြီး crush က ကိုယ့်ကိုပြန်ချစ်ပြီး မေတ္တာမျှနေပါတယ်လို့ ယုံကြည်နေတဲ့ စိတ်အခြေအနေတစ်ခုပါ။ ဒီအခြေအနေကို ခံစားရတဲ့သူအနေနဲ့ သူ့ကိုယ်သူဘယ်လိုထင်မလဲဆိုရင်…
လူတိုင်းလူတိုင်းမှာ ပြဿနာတွေကို အဖြေရှာနိုင်စွမ်းရှိကြစမြဲပါ။ အဲ့တာဘာလို့လဲဆိုရင် စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်ဆိုတာကြီးပါနေလို့ပဲဖြစ်ပါတယ်။ ပြဿနာတွေကို အဖြေရှာတဲ့နေရာမှာကျတော့ ကျွန်တော်တို့ရဲ့ စဉ်းစားနိုင်စွမ်းက ယေဘုယျအားဖြင့် သုံးမျိုးရှိပါတယ်။ Critical Thinking (ဖြတ်ထိုးဉာဏ်) ၊ Analytical thinking (ခွဲခြမ်းစိတ်ဖြာ တွေးတောနိုင်တဲ့ဉာဏ်) နဲ့ Synthetical Thinking (ဆက်စပ်တွေးခေါ်နိုင်တဲ့ဉာဏ်) လို့ ခေါ်ပါတယ်။ (မြန်မာမှုပြုရတာ မလွယ်ကူတဲ့အတွက် အဲ့ဒီအဓိပ္ပာယ်ထက်လေးနက်တဲ့ ဘာသာပြန်အဓိပ္ပာယ်မျိုးရှိရင်ပြောခဲ့လို့ရပါတယ်။) အခုဖော်ပြပေးသွားမှာကတော့ အဲ့ဒီဦးနှောက်ကြီးပါတိုင်း မရတတ်တဲ့အပြင် personal skill တစ်ခုဖြစ်တဲ့ Analytical thinking အကြောင်းပဲဖြစ်ပါတယ်။ Analysis ဆိုတာကို သေချာပေါက်ကြားဖူးမှာမယ်ထင်ပါတယ်။ လူငယ်တွေနဲ့ စိမ်းတဲ့စကားလုံးတစ်ခုမဟုတ်သလို၊ အထူးသဖြင့် Game analysis ဆိုတာမျိုးတွေ၊ Business analysis ဆိုတာမျိုးတွေ ရင်းနှီးကြပါလိမ့်မယ်။ Analysis ဆိုတာ ခွဲခြမ်းစိတ်ဖြာတယ်လို့ အဓိပ္ပာယ်ရပါတယ်။ အကြောင်းအရာတစ်ခုခုကို အတွင်းကျကျသိပြီး အချက်အလက်တကျ ပိုင်းခြားထားတယ်လို့လည်း ပြောလို့ရတယ်။ Analysis လုပ်တယ်ဆိုတာဟာ အကြည့်လေးနဲ့တင် မရနိုင်ပါဘူး။ အသေအချာ အချက်အလက်တွေစုရတဲ့အပြင် သူ့အပိုင်းနဲ့သူအကန့်တွေခွဲပြီး စနစ်တကျလုပ်ရတဲ့ Process တစ်ခုပါပဲ။ ဒီလောက်ဆိုရင် Analysis ကို မိတ်ဆက်သဘောမျိုးသိလောက်ပြီဆိုတော့ Analytical thinking က ဘာလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားပါမာ်။ Analytical thinking ဆိုတာဘာလဲ။ သူကတော့ ပြဿနာတွေကို အဖြေရှာတဲ့နေရာမှာ မှန်ကန်တိကျတဲ့အပြင် တော်တော်လေးလည်း ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။ အင်မတန်ရှုပ်ထွေးတဲ့ပြဿနာတွေကို အပိုင်းပိုင်းခွဲပစ်ပြီးတော့ အဆင့်ဆင့်ဖြေရှင်းသွားတာမျိုးကို ဆိုလိုပါတာပါပဲ။ စနစ်တကျပြောရမယ်ဆိုရင်တော့ အတွေးထဲမှာတင် ပထမတစ်ဆင့် ပြဿနာက ဘာလဲဆိုတာ မှတ်တယ်၊…
ထာဝရ အသက်ရှင်ခြင်းဆိုတဲ့အရာကို ပုံပြင်တွေ ဝတ္ထုတွေ နဲ့ ဒဏ္ဍာရီတွေထဲမှာသာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ အဆင်းလှခြင်း ဆိုတဲ့ အရာသုံးခုကို ထာဝရရှိဖို့ကြိုးစားနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဘရိုင်ရန် ဂျွန်ဆန် (Bryan Johnson) ပဲဖြစ်ပါတယ်။ ဘရိုင်ရန်က အဆင့်မြင့် ကျွမ်းကျင်နည်းပညာသမား Software entrepreneurs တစ်ယောက်ဖြစ်ပါတယ်။ အထူးခြားဆုံးအချက်ကတော့ သူကိုယ်တိုင်ကလည်း Biotechnology ဇီဝနည်းပညာကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ကမ္ဘာမှာ ကျိကျိတက် ချမ်းသာနေတဲ့ ဘီလီယံနာ လူပုဂ္ဂိုလ်တစ်ဉီးဖြစ်ပြီး နှစ်စဉ်နဲ့ အမျှ ဒေါ်လာသန်းချီသုံးရင်း ထာဝရအသက်ကို ပိုင်ဆိုင်ရဖို့ကြိုးစားနေပါတယ်။ အဲ့လိုပိုင်ဆိုင်ရဖို့ကြိုးစားနေတဲ့ လုပ်ငန်းစဉ်ကို Age Reversal Protocol လို့နာမည်ပေးထားပြီး တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်နေပါတယ်။ ဆေးသိပ္ပံပညာ၊ ခေတ်မီနည်းပညာတွေ နဲ့ကျွမ်းကျင်ဆရာဝန် အယောက် ၃၀ တိတိကို အသုံးပြုပြီး Age Reversal Protocol ကိုအသက်သွင်းထားတာဖြစ်ပါတယ်။ ဘရိုင်ရန် ကအသက် ၄၅ နှစ်ရှိနေပါပြီ။ ဒါပေမယ့် သူရဲ့ Age Reversal Protocol ကိုအသုံးပြုပြီး ထာဝရ လူငယ်တစ်ယောက်လို ရှင်သန်ဖို့ကြိုးစားနေမှုအတွက် လုံးဝ မထင်ရအောင် နုပျိုပြီး လန်းဆန်းနေပါတယ်။ သူ့ရဲ့ အစီအစဉ်မှာ ဘာတွေပါလဲဆိုရင် နေ့စဉ်အစားကို စနစ်တကျစားတာက စပါတယ်။ နေ့စဉ် ကယ်လိုရီ ၁၉၇၇ ကိုအတိအကျချိန်ဆစားပြီး တစ်လကို အသီးအရွက် ပေါင် ၇၀ စားတယ်လို့သိရပါတယ်။ နောက်ထပ်တစ်ခုကတော့ ခန္ဓာကိုယ်အတွက် ကြွက်သားလေ့ကျင့်ခန်း ကို ပုံမှန်အတိအကျ လုပ်လေ့ရှိပါသေးတယ်။…
“အသံတိတ် လူသတ်လက်နက် Heat Stroke အပူရှပ်ရောဂါ” ယနေ့ခေတ်မြန်မာနိုင်ငံရဲ့ အပူအချိန်ကို ဘာကတော့ဘယ်လိုပါလို့ ရှည်ရှည်ဝေးဝေး ရှင်းပြစရာလိုမယ်မထင်ပါဘူး။ မြန်မာ့နိုင်ငံရဲ့အပူချိန်က အာရှတစ်ခွင်မှာတောင် အပူဆုံးနံပတ်တစ်နေရာကရပ်တည်နေခဲ့ပါပြီ။ ဒီအတွက် နွေရာသီမှာ အရမ်းပြင်းတဲ့အပူအချိန်ကြောင့်ဖြစ်တတ်တဲ့ Heat Stroke အကြောင်းကို ဆောင်ရန်ရှောင်ရန်တွေနှင့်အတူ ဘာတွေကြိုတင်ကာကွယ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အပူရှပ်တယ်ဆိုရင် လူတွေက သာမန်ပဲလို့ထင်တတ်ကြပါတယ်။ ဆေးမြီးတိုလေးတွေလုပ်လိုက် နေမကောင်းဖြစ်ရင် ပါရာစီတမောသောက်လိုက် ဒီလိုပေါ့ပေါ့လေးတွေးကြတာပါ။ တကယ်တော့ အဲတာက လုံးဝမှားနေပါတယ်။ Heat Stroke ဖြစ်လာပြီဆိုရင် ဖျားတာ သတိလစ်တာ မူးလဲတာကနေ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေအကြောသေတာ၊ အကြောဆိုင်းတာကမေ အသက်အန္တရယ်ကိုထိခိုက်စေတဲ့ ဦးနှောက်သွေးကြောပြတ်တာထိ ဖြစ်တတ်ပါတယ်။ လူကြီး လူငယ် သက်ကြီးရွယ်အို မရွေးဖြစ်တတ်တာမိုး ဂရုစိုက်ဖို့လိုပါတယ်။ လုံးဝလျှော့တွက်လို့ရတဲ့ ရောဂါမျိုးမဟုတ်လို့ မပေါ့ဆကြဖို့လည်း ပြောချင်ပါတယ်။ အပူရှပ်တာ ဘာကြောင့်ဖြစ်ရလဲ ? Heat Stroke အပူရှပ်တယ်ဆိုတာ ခန္ဓာကိုယ်က ရုတ်တရက်ကြီး အပူချိန်တွေမြင့်တက်လာပြီး အပူချိန်ကို မထိန်းချုပ်နိုင်တော့တာမျိုးပါ။ ဘာကြောင့် Heat Stroke အပူရှပ်ရလဲဆိုရင် ~~~ ပထမဆုံး တစ်ချက်ကတော့ ရာသီဥတုပြင်းထန်တာပါ။ ပြင်ပအပူချိန်အရမ်းပြင်းထန်လာတဲ့အခါ လူရဲ့ ခန္ဓာကိုယ်က မချိန်ညှိနိုင်တော့ဘဲ Heat Stroke ကိုဖြစ်စေတဲ့ အပူချိန်ကိုရောက်သွားတတ်ပါတယ်။ ဒုတိယတစ်ချက်က အရမ်းပူနေတဲ့အချိန် လေ့ကျင့်ခန်းတွေလုပ်တာ ဆော့တာ ကစားတာတွေနဲ့ ခန္ဓာကိုယ်ကို နေပူထဲမှာ အကြမ်းပတမ်း အလုပ်လုပ်ခိုင်းတာတွေကြောင့်ပါ။ တတိယအချက် ချွေးလုံးဝမထွက်လာတဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ မြန်မာတွေအယူအဆအရ ချွေးအောင်းရင် ဖျားတယ်ဆိုပေမယ့် ဆေးပညာအရတော့ အဲ့တာ အပူရှပ်ခြင်းတစ်မျိုးပါပဲ။ စတုထ္တအချက်ကတော့ ရေသောက်နည်းပြီး…
ကမ္ဘာပေါ်မှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် သုံးဆတောင် ပိုများတယ်လို့ အချို့သောလူတွေက ပြောကြပါတယ်။ လူအများစုလည်း ဒီစကားကို သေချာပေါက်ကြားဖူးနေမှာပါ။ တကယ်တော့ အဲ့တာဟာ အချက်အလက်အမှားတစ်ခုသာ ဖြစ်ပါတယ်။ အဲ့ဒီစကားဟာ ဘယ်ကနေစတင်ခဲ့လဲဆိုရင် 2019 ခုနှစ်မှာ UN ကစာရင်းကောက်ယူထားတာပါဆိုပြီး Whatapps အကောင့်တစ်ခုကနေ သတင်းအမှားကိုဖော်ပြခဲ့ရာကဖြစ်ပါတယ်။ 2019 ခုနှစ်တုန်းက ကမ္ဘာပေါ်မှာ လူဦးရေ 7.8 Billion ရှိတဲ့အနက် အမျိုးသမီးဦးရေ 5.6 Billion နဲ့ အမျိုးသားဦးရေ 2.2 Billion ဆိုပြီး သတင်းအမှားဖော်ပြခဲ့ပါတယ်။ နှစ်အနည်းအငယ်ကြာရင် အမျိုးသမီးတွေချည်းရှိတဲ့ ကမ္ဘာကြီးဖြစ်သွားပါမယ်လို့တောင် ကြောင်တောင်တောင်တွေထင်ကြေးပေးခဲ့သေးတာပါ။ အဲ့တာကို အချို့သော သတင်းဌာနအသေးစားတွေ၊စာမဖတ်ဘဲ ပြောသမျှယုံစားတဲ့ မြန်မာနိုင်ငံရဲ့ လူကြီးအချို့ဟာ နေရင်းထိုင်ရင်း ယောက်ျားတွေ ဈေးတက်/ မိန်းမတွေဈေးကျတယ်ဆိုပြီးပေါက်ကရတွေ ပြောလာခဲ့ပါတယ်။ အဲ့စကားကြီးဟာ ယခု 2023 ကိုရောက်တဲ့အထိ မပျောက်နိုင်သေးဘဲ အမျိုးသမီးဦးရေပိုများနေတယ်ဆိုတာကို တစ်နိုင်ငံလုံးက မျက်စိမှိတ်ပြီးယုံနေကြဆဲပါ။ 2019 တုန်းကလည်း အချက်အလက်အမှားဖြစ်ခဲ့သလို ယခုချိန်ထိလည်း အမှတ်မှားနေကြဆဲပါပဲ။ တကယ်တော့ United Nations ကဖော်ပြခဲ့တဲ့ ကမ္ဘာ့လူဦးရေကတော့ ညီတူမျှတူပဲဖြစ်ပါတယ်။ ပြောရရင်တော့ အမျိုးသမီး 50%၊ အမျိုးသား 50% ပါ။ အချို့သောနိုင်ငံတွေမှာတော့ အမျိုးသမီးဦးရေကပိုများတယ်လို့ ပြောကြပေမဲ့ တစ်ကမ္ဘာလုံးအနေအထားနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင်တော့ 1:1 ပဲဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေမှာ မိန်းကလေးဦးရေက ပိုခဲ့တဲ့ဆိုတဲ့ အထောက်အထားက အနည်းအငယ်သာရှိပါတယ်။ ယခု 2023 ရဲ့ ကမ္ဘာ့လူဦးရေက 8 Billion ဖြစ်ပြီး Gender Ratio…