Archives
Author: Fact Hub Myanmar
အမေရိကန်နိုင်ငံ အိုဟိုင်းရိုးတက္ကသိုလ်က မြန်မာလူမျိုး ရူပဗေဒပညာရှင် ပါမောက္ခ ဒေါက်တာစောဝေလှဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ ကမ္ဘာ့ပထမဆုံးအနေနဲ့ အက်တမ်တစ်လုံးချင်းစီကို X Ray ရိုက်ကူးနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်အဖွဲ့မှာ အိုဟိုင်းရိုးတက္ကသိုလ်၊ အီလီနွိုင်း-ချီကာဂို တက္ကသိုလ်နဲ့ အာဂွန်းန်အမျိုးသားဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေပါဝင်ပြီး ဒေါက်တာစောလှဝေနဲ့ Post-doc ကျော်ဇင်လတ် (Ph.D) တို့ မြန်မာလူမျိုးနှစ်ဦးပါဝင်ပါတယ်။ အခုလို အံ့မခန်းလုပ်ဆောင်နိုင်မှုကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ ဒြပ်စင်တွေရဲ့ တည်ရှိပုံနဲ့ သူတို့ရဲ့ အခြေအနေတွေအကြောင်း ပိုမိုကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်တော့မှာဖြစ်ပြီး သိပ္ပံပညာအတွက် ကြီးမားတဲ့အချိုးအကွေ့တစ်ခုအဖြစ် သက်ရောက်လာမှာဖြစ်ပါတယ်။ ဂျာမန်ရူပဗေဒပညာရှင် ရော့ဂျန်း (Wilhelm Röntgen) ကနေပြီး ၁၈၉၅ ခုနှစ်မှာ X-Ray ရောင်ခြည်ကို စတင်တွေ့ရှိခဲ့ရာကနေ ဆေးသိပ္ပံပညာဟာ တဟုန်ထိုးတိုးတက်ပြောင်းလဲခဲ့ပါတယ်။ X-Ray နည်းပညာကို လက်ရှိအချိန်မှာလည်း ဆေးရုံဆေးခန်းတွေကနေ လေဆိပ်က လုံခြုံရေးစစ်ဆေးတဲ့နေရာအထိ နေရာပေါင်းစုံမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေပါတယ်။ မားစ်ဂြိုဟ်သွား စူးစမ်းလေ့လာရေးရိုဗာတစ်စီးဖြစ်တဲ့ Curiosity မှာတောင် မားစ်ပေါ်က ကျောက်စိုင်မြေသားတွေရဲ့ ဖွဲ့စည်းပုံနဲ့ ဒြပ်တွေကို လေ့လာနိုင်ဖို့ X-Ray စက်ကလေးတစ်လုံးပါပါသေးတယ်။ အခြေခံအားဖြင့်တော့ X-Ray ကို ဒြပ်ပစ္စည်းတွေရဲ့ အမျိုးအစားနဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့ အဲ့ဒြပ်ရဲ့ နမူနာတွေကနေတဆင့် စမ်းသပ်လေ့လာတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကနေစပြီး ဒြပ်ဝတ္ထုတစ်ခုကို X-Ray နဲ့ scan ဖတ်နိုင်ဖို့အတွက် ထည့်သွင်းပေးရတဲ့ sample ပမာဏက လျော့ကျလာပါတယ်။ လက်ရှိအချိန်ထိ အမြင့်ဆုံး နည်းပညာနဲ့ X-ray detection တစ်ခုလုပ်နိုင်ဖို့အတွက် Sample ပမာဏ အနည်းဆုံး အက်တိုဂရမ် (attogram – 10^-18 gram)…
နှင်းဆီပွင့် လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး လယ်တောကအပြန်မှာပဲ ခရေဖူးလေးတွေပန်ချင်လှပါတယ်လို့ မှာလိုက်လေသလား၊ ကောင်လေးကပဲ သူလယ်လုပ်ပြီး လယ်တောကအပြန်မှာ ခရေဖူးလေးတွေခူးပေးလေသလား ဆရာမင်းသုဝဏ်က ဘာကိုဆိုလိုခဲ့သလဲဆိုတာကိုတော့ ဆရာကိုယ်တိုင်ထက်အတိအကျ ဘယ်သူမှမသိနိုင်။ ကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်မကမ္ဘာထဲမှာတော့ လူရွယ်ကောင်လေးဟာ မနက်စောစောထ၊ လယ်ထွန်သွားဖို့ပြင်။ လယ်တောလေးရောက်ဖို့ လမ်းမှာ သူချစ်ခင်မြတ်နိုးရတဲ့ မိန်းမပျိုလေးနဲ့ဆုံ။ ကောင်လေးက အဲ့ဒီမိန်းမပျိုလေးကို ချစ်ရေးဆိုထားပုံပဲ။ အဲ့ဒီခေတ်အခါ ကျေးလက်က မိန်းမပျိုလေးပီပီ သူ့ကိုဘယ်လောက်ချစ်ကြောင်း ချစ်သက်သေယူချင်တော့ လယ်တောက အပြန်ကျရင် ခရေဖူးလေးတွေခူးခဲ့ပါ။ သူပန်ချင်ပါတယ်ပေါ့။ ဒီအခန်းမှာ ကာရိုက်တာနှစ်ဦးတင်မကဘဲ ဘေးကရှုခင်းလေးတွေကိုပါ အလိုလိုပုံဖော်လျက်မိသားဖြစ်နေတာ။ ရွာလမ်းလေးဆိုတော့ လမ်းဘေးတစ်လျှောက်မှာ လယ်ကွင်းလေးတွေရှိမယ်။ နွေဦးပေါက်ချိန်မှာ လေရူးသုန်သုန်ဖြန်းတဲ့အချိန်ဆိုတော့ လယ်ထဲက အရိုင်းပင်လေးတွေလည်း ဟိုယိမ်း၊ ဒိယိမ်း။ မိန်းမပျိုလေးက ကျေးရွာသူပီပီ ထဘီတိုတို၊ ရင်ဖုံးခါးတိလေးနဲ့ သနပ်ခါးလေးလည်း ခြယ်ချင်ခြယ်ထားဦးမယ်။ သူခါတိုင်းထုံးနေကျ မခို့တရို့ဆံထုံးလေးနဲ့ ပုခုံးပေါ်ကို မီရုံချထားတဲ့ ဆံပင်လေးတွေနဲ့။ ကောင်လေးက မိန်းမပျိုလေးရဲ့မှာသံကိုကြားတော့ ရင်ထဲတသိမ့်သိမ့်နဲ့ ဘီလူးဆိုင်းတွေတီးလို့။ သူချစ်မြတ်နိုးရတဲ့ မိန်းကလေးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးချင်စိတ်တွေ တဖွားဖွားနဲ့ကိုး။ အဲ့ဒီစိတ်နဲ့ပဲ လယ်တောကိုသွား၊ ဟိုရောက်လို့ လယ်ထွန် လယ်လုပ်တော့လည်း မိန်းမပျိုလေးရဲ့မှာသံကို တိုးတစ်ခါ၊ ကျယ်တစ်လှည့် တသဲ့သဲ့ကြား။ ညနေစောင်းတော့ လယ်တောက အပြန် လမ်းက ခရေပင်ကြီးပေါ်ကို မော့လို့ကြည့်လိုက်တယ်။ ခရေဖူးတွေ အပင်ပေါ်မှာ ဝေလို့။ မိန်းမပျိုလေးရဲ့ မြော်မြင်ဉာဏ်ကြီးပုံလေးကို…
ကျွန်မတို့အားလုံး မူကြိုအရွယ်ကစလို့ အထက်တန်းပြီးတဲ့အထိ၊ အချို့လည်း တက္ကသိုလ်ပြီးတဲ့အထိ မြန်မာစာကို သင်ရိုးမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ကြဖူးမှာပါ။ ဒါဖြင့် ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ဒီဘာသာစကားနဲ့ရင်းနှီးနေသူတွေအဖို့ ဒီဘာသာစကားကြီးကို ဘာကြောင့်အရေးတယူလုပ်သင်နေရသလဲဆိုပြီး မကျေမနပ်ခံစားချက်မျိုး၊ မလိုအပ်ဘူးလို့ထင်ရတဲ့ ခံစားချက်မျိုးတွေလည်း ဖြစ်ကောင်းဖြစ်ခဲ့ကြဖူးပါလိမ့်မယ်။ ယနေ့ခေတ်ချာတိတ်များစကားအရဆိုရင် မြန်မာစာသင်တာဟာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ရင် တော်ရောပေါ့ ဆိုတာမျိုး။ ဒါဆိုရင် သာမန် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်တယ်ဆိုတဲ့အခြေအနေတစ်ခုမှာပဲ လေ့လာမှု၊ သင်ယူမှု၊ တန်ဖိုးထားမှု၊ အလေးထားမှုတွေကို ရပ်တန့်ပစ်တော့မှာလား။ ဒီ့ထက်ပိုပြီး ခြေလှမ်း တစ်ဆင့်တက်ဖို့၊ နှစ်ဆင့်တက်ဖို့၊ သုံးလေးငါးဆင့်တက်ဖို့ အစီအစဉ်ရော မရှိတော့ဘူးလား။ ဒါဖြင့်ရင် ချာတိတ်လေးတွေစကားအရ သာမန် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ရုံနဲ့ တကယ်ပဲလုံလောက်ပြီလားဆိုတာကို အခုဆက်လက်ဖော်ပြပေးသွားပါမယ်။ ၁။ စာဖတ်တတ်တဲ့ စွမ်းရည် အရိုးရှင်းဆုံးနည်းကနေ စတွေးကြည့်ကြမယ်ဆိုရင် အမေ့ဗိုက်ထဲကနေထွက်လို့ လေးဘက်ထောက်အရွယ်၊ မတ်တပ်အရွယ်၊ လမ်းလျှောက်တတ်စအရွယ်၊ စကားပြောတတ်စအရွယ်၊ ထမင်းကိုယ့်ဘာသာ ခူးစားတတ်တဲ့အရွယ်…ဒီလိုမျိုးတစ်ဆင့်ပြီးတစ်ဆင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးကြီးထွားလာတာနဲ့အမျှ အသိဉာဏ်ပိုင်းအရမှာ တွေးခေါ်ပုံ၊ ယူဆပုံနဲ့ စိတ်အာရုံခံစားပုံတွေဟာလည်း တဖြည်းဖြည်း သိသိသာသာရော၊ မသိမသာရော တိုးတက်ပြောင်းလဲလာကြပါတယ်။ မွေးကင်းစအရွယ်ကစလို့ သေဆုံးချိန်တိုင်သည်အထိ နေ့စဉ်လူနေမှုဘဝမှာ စာဖတ်ခြင်းတို့၊ စာလုံးတန်းတွေတို့နဲ့ မကင်းနိုင်ပါဘူး။ တိုးတက်ပြောင်းလဲလာတဲ့အသိဉာဏ်နဲ့အမျှ ဟိုးကလေးဘဝကနေ အခုအချိန်ထိ ဖတ်လာတဲ့စာအမျိုးအစားတွေလည်း မတူကြတော့သလို စာဖတ်ရတဲ့အကြောင်းအရင်းတွေလည်း ကွဲပြားလာတာကို သတိထားမိကြမှာပါ။ ဥပမာ – ငယ်စဉ်က ကာတွန်းကားတစ်ကားကြည့်ရင် စာတန်းထိုးတဲ့မြန်မာစာသားတွေကို မီအောင်လိုက်ဖတ်ရင်း မမီဘဲ ဝစ်ဝက်တစ်ပျက်နဲ့ကျော်သွားတာကြောင့်မလို့ မကျေမနပ်ဖြစ်ခဲ့ရတဲ့အခြေအနေတစ်ခု၊ အရွယ်တစ်ခုကနေ ရုပ်သံကိုရော၊ မြန်မာစာတန်းထိုးကိုပါ တွဲပြီး…
သိပ္ပံပညာရှင်တွေရဲ့ အဆိုပြုချက်အရ ဆာဟာရသဲကန္တာတစ်ခုလုံးရဲ့ ၁.၂ ရာခိုင်နှုန်းခန့်အကျယ်ကိုသာ ဆိုလာပြားတွေဖုံးထားပြီး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မယ်ဆိုရင် ကမ္ဘာပေါ်က စွမ်းအင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်တဲ့အထိ လုံလောက်မှုရှိနိုင်ပါတယ်။ စုစုပေါင်းကမ္ဘာ့စွမ်းအင်အသုံးပြုမှု (ကျောက်မီးသွေး+ ရေနံ + ရေအားလျှပ်စစ် + နျူကလီးယား + ပြည့်ဖြိုးမြဲစွမ်းအင်) အားလုံးဟာ 13,000 Million Ton Oil Equivalent (13,000 MTOE) ရှိပါတယ်။ အဲ့တာဟာ တစ်နှစ်တာအတွင်း စဉ်ဆက်မပြတ်စွမ်းအင်ရရှိနိုင်ဖို့အတွက် 17.3 Terawatts ခန့်လိုအပ်တယ်လို့ တစ်နည်း သတ်မှတ်နိုင်ပါတယ်။ အာဖရိကအတွင်းမှာရှိတဲ့ ဆာဟာရသဲကန္တာရကြီးဟာ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၃.၆ သန်းခန့် ကျယ်ဝန်းပါတယ်။ အဲ့ဒီအကျယ်အဝန်းရဲ့ ၁.၂ ရာခိုင်နှုန်းခန့် ၃၃၅ ကီလိုမီတာလောက်ကိုသာ ဆိုလာပြားတွေနဲ့ ဖုံးလွှမ်းထားပြီး အဲ့ဒီကတဆင့် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မယ်ဆိုရင် တစ်ကမ္ဘာလုံးအတွက် စွမ်းအင်လိုအပ်ချက်ဖြစ်တဲ့ 17.3 Terawatts လောက်ကို အလွယ်တကူရနိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ (တစ်နေ့မှာ နာရီပေါင်း ၁၂ နာရီခန့်ကို ဆိုလာတွေကတဆင့် စွမ်းအင်ထုတ်ပေးနိုင်ပါတယ်။) ဆိုလိုတာကတော့ ဆာဟာရသဲကန္တာရရဲ့ ၁.၂ ရာခိုင်နှုန်းခန့်အကျယ်လောက်ကနေ ရရှိမယ့် နေရောင်ခြည်စွမ်းအင်နဲ့ ကမ္ဘာပေါ်က စွမ်းအင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ကျောက်မီးသွေးတို့၊ ရေနံတို့၊ လေစွမ်းအင်သုံးတာဘိုင်ဒလက်တွေ ဒါမှမဟုတ် ဘူမိနဲ့ပတ်သက်နေတဲ့ အပူစွမ်းအင်တို့၊ နျူးကလီးယားတို့လိုမျိုး စွမ်းအင်တွေကနေတောင်မှ အခုလိုမျိုးစွမ်းအင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါဘူး။ ဒီပရောဂျက်က ဒေါ်လာ ၅ ထရီလျံလောက်ထိကုန်ကျနိုင်ချေရှိမှာဖြစ်ပြီး စီးပွားရေးအရဆိုရင် တစ်ကြိမ်တည်းသာ ကုန်ကျမှာဖြစ်ပြီး ယနေ့ခေတ် ငွေကြေးအခြေအနေအရပြောရမယ်ဆိုရင် ဘာမှမဟုတ်တဲ့ ငွေပမာဏပါ။ ဒီငွေပမာဏဟာ ပြီးခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကြပ်အတည်း…
ပျားတွေဟာ မြွေတွေထက် လူ့အသက်ကိုပိုပြီးအန္တရာယ်ပြုနိုင်ပါတယ် မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်လိုကောင်တွေကို သတိထားဖို့လိုတယ်ဆိုပေမယ့် ပျား ဒါမှမဟုတ် ခွေးတစ်ကောင်ကြောင့်လည်း သင့်အသက်ဆုံးရှုံးနိုင်ပါတယ်။ ၂၀၀၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အတွင်း တိရိစ္ဆာန်တွေကြောင့် သေဆုံးသူ ၁၆၁၀ ဦးရှိခဲ့တဲ့ထဲက (၄၇၈) ဦးဟာ ပျားတွေကြောင့်၊ (၂၇၂) ဦးဟာ ခွေးတွေကြောင့်သေဆုံးခဲ့ရကြောင်း Wilderness & Environmental Medicine မှာထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ထိုနည်းတူစွာပဲ မြွေ၊ ပင့်ကူများနှင့် ကင်းမြီးကောက်များကြောင့် သေဆုံးသူဦးရေဟာ ရှစ်နှစ်အတွင်း (၉၉) ဦးရှိခဲ့ကြောင်း သိရပါတယ်။ မြင်း၊ ကျွဲများနှင့် ၀က်တွေလိုအခြားနို့တိုက်သတ္တဝါများကြောင့်လည်း နှစ်စဉ် လူ (၇၂) ဦးအထိ သေဆုံးကြကြောင်း The Centers for Disease Control and Prevention မှသုတေသီများကလေ့လာတွေ့ရှိထားပါသေးတယ်။ Source – New York TImes Image – Unsplash Written by – Htoo Tay Za Edited by – Fact Hub Editor Team 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿