Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»“၂၀၂၃ ခုနှစ်ရဲ့ အိုဇုန်းလွှာပေါက် အခြေအနေ”
    Uncategorized

    “၂၀၂၃ ခုနှစ်ရဲ့ အိုဇုန်းလွှာပေါက် အခြေအနေ”

    Zay Bhone HlyanBy Zay Bhone HlyanOctober 18, 2023Updated:March 3, 2024No Comments2 Mins Read
    “၂၀၂၃ ခုနှစ်ရဲ့ အိုဇုန်းလွှာပေါက် အခြေအနေ”
    Share
    Facebook Email Telegram

    “၂၀၂၃ ခုနှစ်ရဲ့ အိုဇုန်းလွှာပေါက် အခြေအနေ”

         အိုဇုန်းလွှာဟာ ကမ္ဘာ့လေထုရဲ့ စထရက်တို စဖီးယားအလွှာ (Stratosphere) မှာရှိပြီး နေကလာတဲ့ စွမ်းအင်မြင့် ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးထားတာကြောင့်  ကမ္ဘာ့လေထုရဲ့ အရေးကြီး အလွှာတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက စလို့ အိုဇုန်းလွှာ ထိခိုက် ပျက်စီးမှုတွေ အလွန်များလာပြီး အိုဇုန်းလွှာက တဖြည်းဖြည်း ပါးလွှာလာပါတယ်။ အဲ့ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့အခါ Ozone Hole (အိုဇုန်းလွှာအပေါက်) တွေ ပေါ်ပေါက်လာတာပါ။ အန္တာတိကတိုက်ရဲ့ အပေါ် တည့်တည့်က စထရက်တို စဖီးယားအလွှာ မှာဆိုရင် ozone depletion (အိုဇုန်းပျက်စီးမှု) တွေ အရှိန်အဟုန်နဲ့ လွန်လွန်ကဲကဲ ဖြစ်ပေါ်နေတာကြောင့် အဲ့ဒီဒေသတွေမှာ အန္တာတိက အိုဇုန်း အပေါက်တွေ ရှိနေပြီး ဂြိုဟ်တုဓာတ်ပုံတွေအရ အရွယ်အစားကလဲ အတော်လေး ကြီးနေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

    မကြာသေးခင်အချိန် စက်တင်ဘာလကုန်က တိုင်းတာမှုအရ ဆိုရင် အဲ့ဒီ အိုဇုန်းလွှာပေါက်ရဲ့ အရွယ်အစားက အရင်နှစ်တွေထက် ပိုပို တိုးလာတယ်လို့ သိရပါတယ်။ အန္တာတိက အိုဇုန်းအပေါက်တွေက စက်တင်ဘာလလယ်လောက်က စပြီး အောက်တိုဘာလလယ်ကြား အချိန်တွေအတွင်းမှာ အရွယ်အစား အပြောင်းအလဲရှိတတ်တာ ပုံမှန် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ သြဂုတ်လအလယ်လောက်က စပြီး အရင်ထက် သိသိသာသာ ပိုကြီးထွားလာပြီး ခန့်မှန်းခြေ ၁၀ မီလီယမ်စတုရန်းမိုင် (၂၆ မီလီယမ် စတုရန်းကီလိုမီတာ ဝန်းကျင်) အကျယ်အဝန်း ရှိပါတယ်။ ဒါဟာ ၂၀၁၅ မှ ယခု ၂၀၂၃ ခုနှစ်အတွင်းမှာ အကြီးဆုံးဖြစ်ပြီး မြောက်အမေရိကတိုက် တစ်တိုက်လုံး (ဒါမှမဟုတ်) ဘရာဇီးနိုင်ငံရဲ့ သုံးဆ ပိုကြီးမားတဲ့ အရွယ်အစားပါ။

    ဝင်ရိုးစွန်းဒေသတွေမှာ ဆောင်းတွင်းအချိန်တွေမှာ အပူချိန် လျော့ကျပြီး‌ အလွန်အေးတာ‌ကြောင့် ကမ္ဘာ့လေထုရဲ့ စထရက်တိုအလွှာမှာရှိတဲ့ ရေခိုးရေငွေ့တွေဟာ ငွေ့ရည်ဖွဲ့ပြီး Polar Stratospheric Clouds လို့ ခေါ်တဲ့ တိမ်တွေ ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီတိမ်တွေဟာ အိုဇုန်းလွှာ ပျက်စီးမှုတွေမှာ သွယ်ဝိုက်သော နည်းလမ်းနဲ့ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ကလိုရင်း နဲ့ ဘရွန်မင်း အက်တမ်တွေက ODS (Ozone-Depleting Substance) အိုဇုန်းလွှာကို ထိခိုက်စေနိုင်တဲ့ ဒြပ်စင်တွေထဲမှာ ပါဝင်ပြီး ရေဒီယိုသတ္တိကြွပါတယ်။ ကလိုရိုဖလူရွန် ကာဘွန် (chlorofluorocarbons) နဲ့ ဟေလွန် (Halons) လို ကလိုရင်း နဲ့ ဘရွန်မင်း ပါဝင်တဲ့ ဒြပ်ပေါင်းတွေ စထရက်တို အလွှာကို ရောက်တဲ့အခါ နေက လာတဲ့ Ultraviolet (ခရမ်းလွန်ရောင်ခြည်) တွေနဲ့ ထိတွေ့ – ဓာတုဓာတ်ပြုပြီး ကလိုရင်းနဲ့ ဘရွန်မင်းကို ထုတ်လွှတ်ပါတယ်။ ဒီ ဓာတ်ပြုမှုမှာ Polar Stratospheric Cloud တွေက ဓာတ်ကူပစ္စည်း (Catalyst) အနေနဲ့ ပါဝင်ပြီး ဓာတုဓာတ်ပြုမှုနှုန်း ကို မြှင့်တင်ပေးတာပါ။ အဲ့ဒီ reaction ကြောင့် ထွက်လာတဲ့ ကလိုရင်း နဲ့ ဘရွန်မင်း အက်တမ်တွေက အိုဇုန်းလွှာ ပျက်စီးမှု‌တွေရဲ့ မူလတရားခံပါပဲ။

    ဒီနှစ် အိုဇုန်းလွှာ အပေါက် ကြီးနေရတဲ့အကြောင်းကတော့ ဒီနှစ်ဆောင်းတွင်းက အရင်နှစ်တွေထက် သိသိသာသာပိုအေးတာကြောင့် တိမ်ဖြစ်ပေါ်မှုတွေ ပိုမြင့်တက်လာပြီး ဓာတုဒြပ် ထုတ်လွှတ်မှုတွေ ပိုများတာလို့ ဆိုပါတယ်။

    ဇန်နဝါရီ  ၂၀၂၂ ခုနစ်မှာ Hunga-Tonga Hunga-Ha’apai (ဟန်ဂ-ထွန်ဂ-ဟန်ဂ-ဟ-အပါရီ) ရေအောက်မီးတောင် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ဒီ မီးတောင် ပေါက်ကွဲမှုကြောင့် အလေးချိန် တန်ပေါင်းမီလီယမ်နဲ့ ချီတဲ့ ရေခိုးရေငွေ့တွေ လေထုထဲ ရောက်ရှိသွားပြီး ကမ္ဘာ့လေထုထဲမှာ ရေခိုးရေငွေ့ တိုးများလာတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ရောက်ရှိ သွားတဲ့ ရေခိုးရေငွေ့တွေကြောင့် ဝင်ရိုးစွန်းဒေသတွေမှာ Polar Stratospheric Cloud တွေ ဖြစ်ပေါ်ဖို့ အခွင့်အရေး ပိုများလာနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် ဒီနှစ် အိုဇုန်းလွှာ အရွယ်အစား သိသိသာသာ ကြီးလာတာဟာ ဒီရေအောက်မီးတောင် ပေါက်ကွဲမှုနဲ့ ချိတ်ဆက်နေနိုင်တယ်လို့ သိရပါတယ်။

    Antarctic Ozone Hole ဟာ ရာသီအလိုက် အရွယ်အစား အပြောင်းအလဲတွေ ရှိတတ်ပြီး လအနည်းငယ် အကြာမှာ ပုံမှန်ပြန်ဖြစ်နိုင်တဲ့ အပြင် အိုဇုန်းလွှာရဲ့ အခြေအနေဟာ အရင်နှစ်များထက် တဖြည်းဖြည်း တိုးတက်လာတဲ့အတွက် အလွန်ပူပန်စရာ မလိုအပ်‌သေးပါဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးပူနွေးလာမှုကတော့ အရှိန်အဟုန်နဲ့ မြင့်တက်လာနေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက အန္တာတိက တိုက်က ရေခဲပြင်တွေပေါ်မှာ ဒေသမျိုးရင်းပန်းတွေ မပွင့်စဖူး အပွင့်ထူးလာနေပါတယ်။ တစ်ဆက်တည်းမှာပဲ အန္တာတိက တိုက်ရဲ့ ရေခဲပြင်တွေ အရည်ပျော်မှုကလဲ တစ်နှစ်ထက် တစ်နှစ် များပြားလာတယ်လို့ နိုင်ငံတကာသုတေသနအဖွဲ့အစည်းတွေက ဆိုထားပါတယ်။

    အန္တာတိကတိုက် ပန်းပွင့်တဲ့ သတင်းကိုတော့ Fact Hub က ဒီလင့်ခ်မှာ ဖော်ပြဖူးပါတယ်။

    – https://go.facthub-mm.org/mz240P

    အိုဇုန်းလွှာဆိုတာ ဘာလဲ။

    သေချာသိချင်ရင် ကောမန့်က လင့်ခ်က တဆင့် ဖတ်ပါ။

     https://www.facthub-mm.org/2023/10/Understanding-the-Ozone-Layer-Advantages.html

    References – Baker, H. (2023, October 6). “One of the biggest on record”: Ozone hole bigger than North America opens above Antarctica. Live Science.

    – Brown, E. (2023, October 9). Ozone hole bigger than North America opens above Antarctica in shocking video. UNILAD.

    Written by – Zay Bhone Hlyan

    Edited by – Khant Wutyee Htet

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #News #Ozone_Layer #Depleting #Growth #Follow_Up #Environmental_Science #Science_Updates

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleလေဆာဆိုသည်မှာ
    Next Article Periodic Table မှာ ဒြပ်စင်အသစ်တွေ ထပ်ထည့်လို့ ရနိုင်လား။
    Zay Bhone Hlyan

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.