Author: Htet Phone Shein

_______________ ရှေ့မှာတင်ပြခဲ့ဖူးတဲ့ ဆောင်းပါးမှာ ဘာသာစကားက စိတ်ကူးထင်ရာ သတ်မှတ်ချက်တွေ (အတ္တနောမတိတွေ) ဖြစ်တယ်လို့ ဆိုခဲ့ပေမဲ့ အဲဒီစိတ်ကူးထင်ရာသတ်မှတ်မှုတွေဟာ ကြုံရာကျပန်းလုပ်ထားတာ မဟုတ်ပါဘူး။ စဉ်းစားကြည့်ရင် မြန်မာဘာသာစကား အသုံးပြုသူတစ်ဦးအနေနဲ့ –  “ငါ မြင်ဖူးတယ် ကြီးမားပြီး လှပတဲ့ သစ်ပင်တစ်ပင်ကို” ဒီလို ပြောဖူးမယ် ဆိုပေမဲ့ – “တယ် ဖူး သစ် ကို ငါ တဲ့ တစ်ပင် ပြီး မြင် လှပ ကြီးမား ပင်” ဒီလို ပြောမိလိမ့်မယ်လို့ သင် အိပ်မက်တောင် မက်ဖူးမှာ မဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့ ဖြစ်တန်စွမ်းတွေ ဖန်တီးနိုင်တဲ့ ဥပဒေသတွေအရ ဘာသာစကားတွေက အသံတွေကို စုစည်းတွဲစပ်ပြီး စကားလုံးတွေကို စီကြ၊ စဉ်ကြပါတယ်။ လူသားသုံးဘာသာစကားရဲ့ အလွန်အရေးကြီးတဲ့ ဒီဝိသေသလက္ခဏာကို “စကားသံနှစ်ဆင့်ပုံဖော်ခြင်း” လို့ ခေါ်ပါတယ်။ “စကားသံ နှစ်ဆင့်ထုတ်မှု” လို့လဲ ခေါ်နိုင်ပါတယ်။ အနက်မဲ့ အစိတ်အပိုင်း အရေအတွက်အနည်းငယ်ကို အနက်ရှိ စကားသံများစွာအဖြစ် ပေါင်းစပ်နိုင်တယ်လို့ ဆိုလိုတာပါ။ စကားသံနှစ်ဆင့်ပုံဖော်ခြင်း ဘယ်လိုလုပ်ဆောင်သလဲဆိုတာ ဆန်းစစ်ကြည့်ရရင် ဥပမာအနေနဲ့ “ခွေး” ဆိုတဲ့ စကားလုံးကို ကြည့်ပါ။ ဗျည်းသံ /ခ/ နဲ့ သရသံ /အွေး/ တစ်ခုချင်းစီဆိုရင် အဓိပ္ပာယ်မရှိပေမဲ့ ပေါင်းစပ်လိုက်ရင်တော့ အဓိပ္ပာယ်ရှိတဲ့ စကားလုံးတစ်လုံး ဖြစ်လာပါတယ်။ အနက်မဲ့သံရင်းတစ်ခုနေရာမှာ အခြားတစ်ခု (ဥပမာ – သ ၊ ဆ ၊ အော ၊ အို…

Read More

ကိုယ့်အနားမှာ “ဝုတ် ဝုတ်” လို့ ဟောင်နေတဲ့ သတ္တဝါတစ်ကောင် ရှိနေမယ်၊ ဒီသတ္တဝါကို သင်က “ခွေး” လို့ ခေါ်လေ့ရှိမယ်။ ဒါပေမဲ့ သင့်အနားကို လူတစ်ယောက် ရောက်လာပြီး ဒီသတ္တဝါကို “ကြောင်” လို့ ပြောလိုက်တဲ့အခါ သင် ဘယ်လို ထင်မိမလဲ။ ဒီလူက ပုံမှန်ရော ဟုတ်ရဲ့လား၊ ထူးဆန်းနေပါလား၊ ငါတို့အားလုံးနီးပါး ခေါ်နေကြတဲ့ “ခွေး” ကို သူက ဘာကြောင့် “ကြောင်” လို့ ခေါ်နေတာလဲ၊ တစ်ခုခုတော့ တစ်ခုခုပဲ . . . စသဖြင့် တွေးကောင်းတွေးနေမိနိုင်ပါတယ်။ အများသဘောတူ လက်ခံထားတဲ့ ဝေါဟာရသတ်မှတ်ချက်ကို အခြားလူတစ်ယောက်က သွေဖည်ပြောလိုက်တဲ့အခါ ဒါဟာ လွဲမှားမှုတစ်ခု ဟုတ်ပါသလား . . . ။ ဒုတိယတစ်ချက်အနေနဲ့ မြန်မာနိုင်ငံတစ်ခုတည်းမှာတင် “ပလာတာ” နဲ့ “ထပ်တရာ” က ခုထိ သတ်မှတ်ချက် သေချာချလိုက်ဖို့ မလွယ်သေးတဲ့ ဝေါဟာရတစ်ခုလို့ အများက မြင်ကြတယ်။ အကြေဒေသက အညာဒေသမှာ ခေါ်တဲ့ “ထပ်တရာ” ကို “ထပ်တရာ” ၊ “ပလာတာ” ကိုလဲ “ထပ်တရာ” လို့ တစ်မျိုးတည်း သတ်မှတ်ခေါ်နေကြချိန်မှာ အညာဒေသမှာ “ပလာတာ” နဲ့ “ထပ်တရာ” တစ်မျိုးစီ သတ်မှတ်ခေါ်ဆိုကြသလို မုန့်ပုံစံကအစ ကွဲပြားနေတာကို တွေ့နေရတယ်။ ဒီအခါမှာ အကြေအရပ်သူအရပ်သားတွေ အညာအရပ်ကို လာကြတဲ့အခါ “ပလာတာ” နဲ့ “ထပ်တရာ” က ပြဿနာ စလာရတော့တာပါပဲ။…

Read More

 (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးသားခဲ့သော “ပင်လယ်” ဝတ္ထုတိုတွင် ကိုယ်တိုင်ပြောရှုထောင့် သို့မဟုတ် ပထမလူရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးခြင်းကို တွေ့ရသည်။ ထိုဝတ္ထုတွင် လူတစ်ယောက်သည် အိပ်မောကျနေရာမှ နိုးလာသောအခါ ပင်လယ်ပြင်၌ အခြားမည်သူတစ်ဦးတစ်ယောက်မှ မပါဘဲ လှေငယ်တစ်စင်း၊ လှော်တက်တစ်ချောင်း၊ ရေချိုတစ်ဘူး၊ စားစရာ ဆန်မုန့်အနည်းငယ်တို့နှင့် ဦးတည်ရာမဲ့ လှော်ခတ်နေရပုံ၊ ပင်လယ်ပြင်မုန်တိုင်း၏ ဒဏ်ကို ခံရပုံ၊ လှေများနှင့် ပြည့်နေသော လှေပင်လယ်သို့ ရုတ်တရက် ရောက်ရှိသွားပြီး လူအမျိုးမျိုးနှင့် နှင်းပန်းပွင့်ကို တွေ့ဆုံရပုံ၊ နှင်းပန်းပွင့်ကို စွဲလမ်းရပုံ၊ အချိန်တစ်ခု ကုန်လွန်ပြီးနောက် တစ်ရက်တွင် အိပ်ရာနိုးလာသောအခါ နှင်းပန်းပွင့်တို့ မရှိတော့ဘဲ ပင်လယ်ပြင်တွင် သူ တစ်ယောက်တည်း ရှိနေပုံ၊ ငါးမန်းရှစ်ကောင်နှင့် ရင်ဆိုင်ရပုံ၊ ငါးမန်းတို့၏လက်မှ လွတ်မြောက်လာသောအခါ ကျွန်းတစ်ခု၌ ဆိုက်ကပ်မိပုံ၊ ထိုကျွန်း၌ ပင်ပန်းကြီးစွာ အိပ်ပျော်ပြီး နိုးလာသောအခါ သူသည် ကျွန်းတွင် ရှိမနေဘဲ ပင်လယ်ပြင်တွင် လှေငယ်တစ်စင်း၊ လှော်တက်တစ်ချောင်းနှင့်သာ ရောက်ရှိနေပုံ၊ ပင်လယ်ပြင်သို့ အကြိမ်ကြိမ် ပြန်ရောက်နေသော်လည်း ကြိုးစားလှော်ခတ်နေရပုံ၊ ရုတ်တရက် နှင်းပန်းပွင့်သည် လှိုင်းလုံးများအကြား ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါ သူပါ လိုက်၍ ‌ေ-သလိုစိတ် ဖြစ်မိပုံ၊ နောက်တစ်ရက်တွင် ပင်လယ်ပြင်၌သာ သူ ပြန်ရောက်နေပုံတို့ကို ရေးသားထားသည်။ ဤဝတ္ထုတိုပါ လူ့လောက လူ့သဘာဝအကြောင်း တစ်ချက် လေ့လာဆန်းစစ်ကြည့်ပါမည်။ လူတစ်ယောက်သည် အိပ်နေရာမှ နိုးလာသောအခါ ပင်လယ်ပြင်တွင် လှေငယ်တစ်စင်းပေါ်၌ အဖော် မပါဘဲ တစ်ယောက်တည်း ရောက်ရှိနေသည်။…

Read More

ရေအေးသည် “လေပြေရဲ့ ခရီး” ဝတ္ထုကို (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ရေးသားခဲ့သည်။ ဤဝတ္ထုတွင် လေနီကြမ်းသည် လေပြည်များအဖြစ်သို့ ကွဲပြိုသွားပုံ၊ ထိုလေပြည်များသည် မိမိအလိုရှိရာသို့ ခရီးဆက်သွားကြပုံ၊ လေပြည်တစ်ခုသည် မိမိ၏ ဖြစ်တည်မှုကား မည်သည့်အရာဖြစ်ကြောင်း ရှာဖွေပုံ၊ နေရာအမျိုးမျိုးသို့ သွားရောက်၍ မိမိ၏ ပုံစံအမှန်ကို ရှာဖွေရင်း လေပြည်အဖြစ်မှ လေနီကြမ်းအဖြစ်သို့ ရောက်ရှိသွားပုံ၊ နောက်ဆုံးတွင် လေနီကြမ်း အဖြစ်မှ လေပြည်များအဖြစ် မိမိကိုယ်မိမိ ခွဲထုတ်လိုက်ပုံတို့ကို ရေးသားထားသည်။ ဤတွင် ရေအေးသည် ဘေးက ရှုမြင်သူအနေနှင့် ကန့်သတ်သိ ရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးမှုအတတ်ပညာကို အသုံးပြုကာ လူ့လောက လူ့သဘာဝအကြောင်း တင်ပြထားသည်။ တစ်ချက် လေ့လာဆန်းစစ်ကြည့်ပါမည်။ လေပြည်သည် လေနီကြမ်း၏ ခန္ဓာကိုယ်မှ ခွဲထွက်ကာ ဘဝကို မိမိဘာသာ ဆက်လက်လျှောက်လှမ်းရမည်နှင့် ပတ်သက်၍ ― “လေနီကြမ်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကနေ ခွဲထွက်ရတော့မယ်ဆိုတဲ့ အသိကြောင့် သူ့ရင်တွေ တဒုန်းဒုန်း ခုန်လာတယ်။ မကြာသေးခင်တုန်းက သူတို့အားလုံး လေနီကြမ်းရဲ့ကိုယ်ပေါ် တွဲလွဲခိုပြီး စီးနေခဲ့ကြတာ၊ တစ်ယောက်ကို တစ်ယောက် စနောက်ပြီး ပျော်ရွှင်နေခဲ့ကြတာကို ပြန်တွေးမိတယ်။ အခု တစ်ယောက်တည်း ခွဲထွက်ရတော့မယ် ဆိုတော့ သူ့စိတ်ထဲ ဘာမှန်း မသိတဲ့ တစ်စုံတစ်ခုကို ကြောက်နေမိတယ်။ ‘ကိုယ်ပိုင်ဘဝနဲ့ ရှင်သန်နိုင်ကြပါစေ’ လို့ အခုလေးတင် ပြောလိုက်တဲ့ လေနီကြမ်းရဲ့ စကားကို ပြန်ကြားယောင်မိတယ်။ ဟုတ်တယ်၊ တစ်သက်လုံး လေနီကြမ်းကို မှီခိုနေလို့မှ မဖြစ်တာဘဲ၊ သူ…

Read More

ရေအေးသည် “ဘွန်ဇိုင်း” ဝတ္ထုကို (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ဤဝတ္ထုတွင် ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်လာပုံကို သစ်စေ့ငယ်ဘဝမှ စတင်၍ သစ်ပင်လား မြောက်သည်အထိ တစ်ဆင့်ချင်း ရေးသားထားသည်။ သစ်စေ့ငယ်သည် မြေပြင်ထဲသို့ ထိုးနှစ်ကာ သစ်ပင်ဖြစ်ရန် ကြိုးစားပုံ၊ သစ်ပင်ငယ်အဖြစ် ပေါက်လာပြီးနောက် လူသားက မြေပြင်မှ နှုတ်ယူသွားကာ “ဘွန်ဇိုင်း” အဖြစ် ပုံသွင်းရန် ယူဆောင်သွားပုံ၊ သစ်ပင်ငယ်သည် မိမိကိုယ်တိုင်၏ ဆန္ဒမပါဘဲ ပုံသွင်းခံရပုံ၊ အသက်ဆက်ရှင်နိုင်ရေးအတွက် သစ်ပင်ငယ်၏ စိတ်အားတင်းပုံ၊ “ဘွန်ဇိုင်း” ဖြစ်လာပြီးနောက် လိပ်ပြာများ၏ ချီးမွမ်းခြင်းကို ခံရပုံ၊ ဝတ်ရည်နှင့်ပတ်သက်၍ လိပ်ပြာတစ်ကောင်၏ ကဲ့ရဲ့ခြင်းကို ခံရပုံနှင့် သစ်ပင်ငယ်၏ ခံစားချက်တို့ကို တင်ပြထား၏။ ဤတွင် ရေအေးသည် ဘေးက ရှုမြင်သူအနေနှင့် ကန့်သတ်သိရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးမှု အတတ်ပညာကို အသုံးပြုကာ လူ့လောက၊ လူ့သဘာဝအကြောင်း တင်ပြထားသည်။ တစ်ချက် လေ့လာဆန်းစစ်ကြည့်ပါမည်။ သစ်စေ့ငယ်သည် သစ်ပင်ဘဝသို့ ကူးပြောင်းရန် သူ၏ အခွံမာကို ခွဲထုတ်ကာ မြေကြီးထဲတွင် သူ၏ အမြစ်များကို နှစ်မြှုပ်၍ စတင်ရှင်သန်ရန် ကြိုးပမ်းသည့် ပုံကို ရေးသားရာတွင် သစ်စေ့ငယ်၏ ချီတုံချတုံ ဝေခွဲမရဖြစ်နေပုံကို “ပထမတွင် သစ်စေ့ငယ်၏ စိတ်သည် ချီတုံချတုံ။ သူ့ဝတ်ရုံကြီး ချွတ်လိုက်ရင် သိပ် ချမ်းမလား၊ သူ အအေးရိုက်ပြီး သေသွားမလား၊ ခရုတစ်ကောင်က သူ့ကို စားလိုက်မလား၊ စိတ်သည် မဝံ့မရဲ။ သူကြားဖူးသည့် သစ်စေ့တို့၏…

Read More

ရေအေးသည် “ဘွန်ဇိုင်း” ဝတ္ထုကို (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ဤဝတ္ထုတွင် ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်လာပုံကို သစ်စေ့ငယ်ဘဝမှ စတင်၍ သစ်ပင်လား မြောက်သည်အထိ တစ်ဆင့်ချင်း ရေးသားထားသည်။ သစ်စေ့ငယ်သည် မြေပြင်ထဲသို့ ထိုးနှစ်ကာ သစ်ပင်ဖြစ်ရန် ကြိုးစားပုံ၊ သစ်ပင်ငယ်အဖြစ် ပေါက်လာပြီးနောက် လူသားက မြေပြင်မှ နှုတ်ယူသွားကာ “ဘွန်ဇိုင်း” အဖြစ် ပုံသွင်းရန် ယူဆောင်သွားပုံ၊ သစ်ပင်ငယ်သည် မိမိကိုယ်တိုင်၏ ဆန္ဒမပါဘဲ ပုံသွင်းခံရပုံ၊ အသက်ဆက်ရှင်နိုင်ရေးအတွက် သစ်ပင်ငယ်၏ စိတ်အားတင်းပုံ၊ “ဘွန်ဇိုင်း” ဖြစ်လာပြီးနောက် လိပ်ပြာများ၏ ချီးမွမ်းခြင်းကို ခံရပုံ၊ ဝတ်ရည်နှင့်ပတ်သက်၍ လိပ်ပြာတစ်ကောင်၏ ကဲ့ရဲ့ခြင်းကို ခံရပုံနှင့် သစ်ပင်ငယ်၏ ခံစားချက်တို့ကို တင်ပြထား၏။ ဤတွင် ရေအေးသည် ဘေးက ရှုမြင်သူအနေနှင့် ကန့်သတ်သိရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးမှု အတတ်ပညာကို အသုံးပြုကာ လူ့လောက၊ လူ့သဘာဝအကြောင်း တင်ပြထားသည်။ တစ်ချက် လေ့လာဆန်းစစ်ကြည့်ပါမည်။သစ်စေ့ငယ်သည် သစ်ပင်ဘဝသို့ ကူးပြောင်းရန် သူ၏ အခွံမာကို ခွဲထုတ်ကာ မြေကြီးထဲတွင် သူ၏ အမြစ်များကို နှစ်မြှုပ်၍ စတင်ရှင်သန်ရန် ကြိုးပမ်းသည့် ပုံကို ရေးသားရာတွင် သစ်စေ့ငယ်၏ ချီတုံချတုံ ဝေခွဲမရဖြစ်နေပုံကို “ပထမတွင် သစ်စေ့ငယ်၏ စိတ်သည် ချီတုံချတုံ။ သူ့ဝတ်ရုံကြီး ချွတ်လိုက်ရင် သိပ် ချမ်းမလား၊ သူ အအေးရိုက်ပြီး သေသွားမလား၊ ခရုတစ်ကောင်က သူ့ကို စားလိုက်မလား၊ စိတ်သည် မဝံ့မရဲ။ သူကြားဖူးသည့် သစ်စေ့တို့၏ ဘဝအကြောင်းပုံပြင်များက…

Read More

“နိမိတ်ပုံ၏ အနက်နှင့် သဘောသဘာဝ” – ဖတ်ရန်နှိပ်ပါ။ ====နိမိတ်ပုံဖန်တီးရာတွင် အသုံးပြုသော သရုပ်ဖော်နည်းသည် ဝတ္ထုများတွင် ထည့်သွင်းရေးသား လေ့ရှိသော သာမန်သရုပ်ဖော်နည်းများနှင့် မတူဘဲ စာရေးဆရာ၏ စေတနာနှင့် အတွေးခံစားမှုအသိ တို့ထိပါ ထင်ဟပ်နိုင်သော နည်းစနစ်ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်၍ “နိမိတ်ပုံ /Image/ မှတ်စု နှင့် မှတ်ချက်အချို့” တွင် မောင်ဇော်က “နိမိတ်ပုံဆိုတာ သာမန်သရုပ်ဖော်ပုံထက် အဆင့်မြင့်တယ်။ သာမန်သရုပ်ဖော်ပုံက အာရုံခံစားမှုအသိမှာ ရပ်တန့်တယ်။ နိမိတ်ပုံက ဉာဏ်အသိထိ ဆက်သွားတယ်။ နိမိတ်ပုံ စာပေနိမိတ်ပုံဆိုတာ အမြင်သစ်၊ အသိသစ်တစ်ခုကို ပေးတဲ့ ဘာသာစကား အဖွဲ့ (ဝါ) တင်စားချက် (ဝါ) အထူးတင်စားချက်တစ်ခု ဖြစ်တယ်” ဟူ၍ ဆိုထားသည်။ ထိုကြောင့် တင်ပြလိုသော အတွေးအမြင်နှင့် အသိသညာတို့ကို စာဖတ်သူတို့က နိမိတ်ပုံများကို ဖတ်ရှုခြင်းမှတစ်ဆင့် သိနိုင်အောင် သရုပ်ဖော်ရေးသားခြင်းဖြစ်သည် ဟု ဆိုနိုင်သည်။သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံများကို ဖန်တီးနိုင်သော နည်းနာများနှင့် ပတ်သက်၍ “တိုက်ရိုက်ဖွဲ့အမြင်နိမိတ်ပုံ” တွင် မျိုးသန့်၏ ရေးသားဖော်ပြချက်အရ -“(၁) ဘေးက ရှုမြင်သူအနေနှင့် အားလုံးသိရှုထောင့်က ဝင်စားပြီး သရုပ်ဖော်မှု(၂) အာရုံရုပ်နိမိတ်ပုံတစ်ခုချင်းစီထဲ ဝင်စားပြီး သရုပ်ဖော်မှု(၃) ဇာတ်ဆောင်ပါဝင်ပါက ထိုဇာတ်ဆောင်နေရာက ဝင်စားပြီး သရုပ်ဖော်မှု”ဟူ၍ သုံးမျိုးရှိကြောင်း တွေ့ရသည်။ယခုနောက်ပိုင်းတွင် ဝတ္ထုတိုများ ဖန်တီးရာတွင် စာရေးဆရာများသည် အားလုံးသိရှုထောင့်ကို သုံးမည့်အစား ကန့်သတ်သိရှုထောင့်ကို ပို၍ အသုံးများလာကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ဤနည်းစနစ် ၃ မျိုးမှ ဘေးက ရှုမြင်သူအနေနှင့်…

Read More

နိမိတ်ပုံဟူသော ဝေါဟာရသည် “image” ဟူသော အင်္ဂလိပ်ဝေါဟာရကို မြန်မာမှုပြုထားသော မွေးစားစကားလုံးတစ်ခု ဖြစ်သည်။ ထိုဝေါဟာရအသုံးကို ၁၉၆၂ ခုနှစ်တွင် “အလွမ်း၊ အဆွေး၊ အသောနှင့် စာရေးဆရာ” ဟူသော ဆောင်းပါး၌ ဆရာဇော်ဂျီက ဘာသာပြန်ကာ စတင်သုံးစွဲခဲ့ရာမှ ယနေ့ခေတ်အထိ အသုံးတွင်ကျယ်လာခဲ့သည်။နိမိတ်ပုံ ဟူသော ဝေါဟာရနှင့် ပတ်သက်၍ “ကဗျာ့နရီနှင့် နိမိတ်ပုံ” တွင် မြဇင်က “နိမိတ်ပုံဆိုတာ စာဖြင့် ဖွဲ့စည်းထားသော ရုပ်ပုံကလေးတစ်ခုဖြစ်သည်” ဟူ၍လည်းကောင်း၊ “ရသစာပေအဖွင့်နှင့် နိဒါန်း” တွင် ဇော်ဂျီက “ဒိဋ္ဌလောကနှင့် ကြုံသော အကြောင်းကြောင့် သူ၌ စိတ်လှုပ်ရှားမှုတစ်ခုခု ဖြစ်လာပြီးသည့်နောက် ထိုစိတ်လှုပ်ရှားမှုတစ်ခုခုဖြင့် မြင်သော သိသော စိတ်မြင်စိတ်သိ ပုံသဏ္ဌာန်”ဟူ၍လည်းကောင်း၊ “ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း” တွင် တက္ကသိုလ်ဘုန်းနိုင်က “နိမိတ္တဆိုသည်မှာ မူလများ၏ အရိပ်များဖြစ်သည်။ … လောက၌ တွေ့ရသော လူ သည် မူလသဘောဖြစ်ပြီး အိပ်မက်တွင်းက လူကား နိမိတ္တဖြစ်သည်” ဟူ၍လည်းကောင်း၊ “နိမိတ္တများကား မူလများမဟုတ်သော်လည်း မူလများနှင့်တူသော အရာများ (ဝါ) မူလများကို တူအောင် တုထားသော အရာများဖြစ်လေသည်” ဟူ၍လည်းကောင်း အသီးသီး ဆိုခဲ့ကြ၏။ ထို့ကြောင့် နိမိတ်ပုံ ဟူသည် ဒိဋ္ဌလောကတွင် နေထိုင်လျက်ရှိသော လူသားများနှင့် ဆက်စပ်နေသည့် အကြောင်းအရာများနှင့် အဖြစ်အပျက်များကို ထင်ဟပ်ကာ စာရေးဆရာက မိမိ ခံစားရသည့်အတိုင်း ဝတ္ထုတွင် တုပဖန်တီးထားသော စိတ်ကူးပုံရိပ်များ သို့မဟုတ် စာပုံရိပ်များဖြစ်သည်ဟု ဆိုနိုင်ပေသည်။နိမိတ်ပုံ၏ သဘောသဘာဝနှင့် ပတ်သက်၍ စာရေးဆရာများ၏…

Read More

ဒီအချိန်မှာ ဖတ်တော့ ဒီဝတ္ထုက ကိုယ်နဲ့ ပိုပြီး နီးကပ်မှုကို ခံစားရစေတယ် လို့ ပြောရမယ်။ ဝတ္ထုနောက်ခံကာလက ၁၉၀၅ ခုနှစ် ရုရှား-ဂျပန်စစ်ပွဲကာလဆိုပေမဲ့ မူရင်းရေးသူရဲ့ ဇာတ်အိမ်ဖွဲ့မှုကြောင့်လို့ ဆိုရမလား၊ မြသန်းတင့်ရဲ့ ဘာသာပြန်လက်စွမ်းကြောင့်လို့ ပြောရမလား ကိုယ်တိုင်က ဝတ္ထုရဲ့ ပင်မဇာတ်ဆောင် ကလင်းကော့နဲ့အတူ အဲဒီခေတ်ထဲ လိုက်ပြီး ကြည့်နေရသလိုပဲ။ကောင်းခြင်းနဲ့ပဲဖြစ်ဖြစ် ဆိုးခြင်းနဲ့ပဲဖြစ်ဖြစ် မကောင်းမဆိုးခြင်းနဲ့ပဲဖြစ်ဖြစ် လှုပ်ရှားသက်ဝင်နေကြတဲ့ လောကကြီးမှာ အသက်ရှင်နေပေမဲ့ လူသေကောင်တစ်ကောင်လို နေနေတဲ့ အမြဲလိုလို ကြောက်တတ်တဲ့ စိတ်၊ အမြဲလိုလို မဝံ့မရဲဖြစ်တဲ့၊ အမြဲလိုလို တွေဝေတတ်တဲ့၊ အမြဲလိုလို ဦးတည်ချက်မရှိတဲ့ လူတစ်ယောက်အကြောင်းကို ကလင်းကော့ ဇာတ်ဆောင်ကတစ်ဆင့် သေသေသပ်သပ် လွတ်လွတ်လပ်လပ် ပွင့်ပွင့်ပွင့်လင်းလင်း ရှင်းရှင်းထင်းထင်း ပြသွားတာက တကယ်လက်ဖျားခါချင်စရာပါ။ဝတ္ထုတွေမှာ အဆုံးသတ်ရောက်တဲ့အခါ ပရိသတ်ကို မထင်မှတ်ထားတဲ့ အဆုံးသတ်၊ ထူးခြားတဲ့ အဆုံးသတ်၊ ကျေနပ်စရာ အဆုံးသတ်၊ မတင်မကျဖြစ်စေတဲ့ အဆုံးသတ်တတ်ကြပေမဲ့ မက္ကဇင်ဂေါ်ကီကတော့ ကလင်းကော့ရဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးဇာတ်သိမ်းပေးခဲ့တယ်လို့ ဆိုချင်တယ်။အလကားလူ . . . အလကားလူ . . . အလကားလူ . . . ။ ဘာက အလကားလူလဲ။ ကလင်းကော့လား။ အပေါ်မှာ ရေးထားတဲ့ ကလင်းကော့ကနေတစ်ဆင့် အလကားလူ ဆိုတာ ဘာလဲ လို့ ပြသွားတယ် ဆိုတဲ့ အချက်။ တကယ်တော့ ဒီဝတ္ထုထဲမှာ ပါတဲ့ ဇာတ်ဆောင်အားလုံးနီးပါးဟာ အလကားလူတွေပါကွာ လို့ ဂေါ်ကီက ပြောနေသလို ခံစားလိုက်ရတာတော့…

Read More

  လူအများစု ဒီစကားလုံးနဲ့ မစိမ်းကြဘူး ထင်ပါရဲ့။ ကိုယ်တိုင်က အိမ်ပြေးကလေး ဖြစ်ဖူးရင် ဖြစ်၊ မဟုတ်ရင် အခြားအိမ်ပြေးကလေးတွေအကြောင်း တစ်နည်းတစ်ဖုံ တစ်မျိုးတစ်ကဏ္ဍ ကြားဖူးကြမှာပါ။ အိမ်ကနေ ဘာကြောင့် ပြေးကြသလဲ။ အိမ်မှာ နေရတာ မပျော်လို့ စိတ်ကျဉ်းကျပ်လို့၊ မိသားစုနဲ့ ဆက်ဆံရေးအဆင်မပြေလို့၊ အသစ်အဆန်းရှာချင်လို့၊ လောကကြီးထဲ ဒါမှမဟုတ် ဘဝထဲကို တစ်ယောက်တည်း ကိုယ့်ဘာသာခြေဆန့်ရှင်သန်ချင်လို့ စတဲ့ အကြောင်းအချက်တွေအပြင် အကြောင်းအရင်းများစွာထဲက တစ်ခုမဟုတ် တစ်ခုကြောင့် အိမ်ပြေး ဆိုတဲ့ စကားနဲ့ ရင်းနှီးနေမိ၊ ကြားဖူးနေမိ၊ အိမ်ပြေးကလေးတွေကို တွေ့ဖူး၊ မြင်ဖူးမိတာတွေ ရှိပါမယ်။ ဂန္ထဝင် (၃) မှာ တင်ပြခဲ့တဲ့ မာဂရက်ဝှိုက်စ်ဘရောင်းန် က ၁၉၄၂ ခုနှစ်မှာ ဒီလို အိမ်ပြေးလေးတစ်ယောက်အကြောင်း ရုပ်ပြဇာတ်လမ်းတစ်ပုဒ် ရေးသားခဲ့ဖူးပြီး သရုပ်ဖော်ပုံတွေကိုတော့ စလီမန့်ဟာ့ဒ်က ဖန်တီးပေးခဲ့ပါတယ်။ ဇာတ်ဆောင် ဘန်နီ (ယုန်ကလေး) က သူ့မေမေကို ကျွန်တော် ထွက်ပြေးတော့မယ် လို့ ပြောတော့ မေမေက မင်း အိမ်က ထွက်ပြေးရင် ငါ မင်းရဲ့ နောက်က ပြေးလိုက်မှာပေါ့ လို့ ပြောခဲ့တယ်။ ဘန်နီ လေးက ငါးပုံစံ ပြောင်းသွားရင် မေမေက ငါးဖမ်းသမား ဖြစ်သွားတယ်။ ဘန်နီ လေးက တောင်တန်းပေါ်က ကျောက်တုံးပုံစံပြောင်းသွားရင် မေမေက တောင်တက်သမား ဖြစ်သွားတယ်။ ဘန်နီ လေးက ဥယျာဉ်ထဲက ကုံကုမံပန်းပုံစံ ပြောင်းသွားရင် မေမေက ဥယျာဉ်မှူး ဖြစ်သွားတယ်။ ဘန်နီ…

Read More

ကလေးတွေရဲ့ ညအိပ်ရာဝင်ချိန်မှာ လမင်းကြီးဟာ အဓိကဇာတ်ဆောင်တွေထဲမှာ အကြားရဆုံး၊ အသိရဆုံး၊ အပြောပြရဆုံးဇာတ်ဆောင်တစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ စာလေးတွေ၊ ကဗျာလေးတွေတောင် ရှိပါရဲ့။ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွတ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို၊ ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ်၊ ဖိုးလနတ်သား”။ “ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလား”။ လွန်ခဲ့ပြီးသော ကာလတွေမှာ လသာသာ ညတွေမှာ ကလေးတွေ အစုလိုက် ကစားကြ၊ အဘိုးအဘွားနဲ့ လူကြီးတွေ ပြောတဲ့ ပုံပြင်တွေ၊ ဇာတ်လမ်းတွေ နားထောင်ကြနဲ့ လရောင်ကို အဖော်လုပ်၊ အမှတ်ရစရာတွေ ရှိခဲ့ကြရပါတယ်။ ဒီတော့ ညခင်းနဲ့ လမင်းဟာ အတွဲအဖက် အချိတ်အဆက် ညီတဲ့ သင်္ကေတလေးတွေပေါ့။ “ကောင်းသော ညပါ” လို့ နှုတ်ဆက်စကားနောက်မှာ လမင်းကြီးကို ကပ်လိုက်ပြီး “Goodnight Moon” အမည်ရ ရုပ်ပြဇာတ်လမ်းတစ်ပုဒ်ကို မာဂရက်ဝှိုက်စ်ဘရောင်းန်က ၁၉၄၇ ခုနှစ်မှာ ရေးသားခဲ့ပြီး သရုပ်ဖော်ပုံတွေကိုတော့ စလီမန့်ဟာ့ဒ်က ဖန်တီးခဲ့ပါတယ်။ ဇာတ်လမ်းကတော့ နတ်သမီးပုံပြင်တွေ၊ စွန့်စားခန်းတွေ၊ သူရဲကောင်းတွေ၊ တောတွင်းက တိရစ္ဆာန်လေးတွေအကြောင်း ပုံပြင်တွေ မဟုတ်ဘဲ ကလေးတစ်ယောက် နေထိုင်ရတဲ့ ဘဝထဲက အသံတွေနဲ့ မြင်ကွင်းတွေကို အဓိကထားဖန်တီးထားတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဘန်နီလေးရဲ့ အစိမ်းရောင်နံရံနဲ့ အိပ်ခန်းထဲက ပစ္စည်းပစ္စယတွေနဲ့ အကောင်ပလောင်လေးတွေကို ပြောပြတယ်။ ဒုတိယပိုင်းမှာ အဲဒီအရာလေးတွေကို ကောင်းသောညပါ လို့ နှုတ်ဆက်လိုက်တယ်။ ညအမှောင် တိုးလာ၊ အခန်းတွင်းမီးအလင်းရောင် မှိန်ပျလာတာနဲ့အမျှ…

Read More

နှင်းနဲ့ ပတ်သက်ရင် လူတွေမှာ အတွေးတစ်ခု ရှိတတ်ကြတယ်။ နှင်းကျတဲ့ အရပ်မှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းသိပ်မကျတဲ့ ဒေသမှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းလုံးဝမကျတဲ့ နေရာမှာ နေရင်ပဲဖြစ်ဖြစ် ပထမဆုံးနှင်းကျတာကို မြင်ရကြည့်ရရင် ကြည်နူးစရာကောင်းပြီး မျှော်လင့်ချက်တစ်ခု ဖြည့်ဆည်းပေးခံလိုက်ရသလိုပဲ ဆိုတဲ့ အတွေးလေးပေါ့။ ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေထဲက ဒါမှမဟုတ် နှင်းကျတဲ့ အရပ်ဒေသက လူအချို့ရဲ့ ပြောစကားအရ လူကြီးတွေအတွက်တော့ နှင်းကျတဲ့၊ နှင်းထူတဲ့ နေ့တွေဟာ စိတ်ဖိစီးစရာ၊ နှင်းရှင်းတာကို တကူးတက လုပ်ရမှာ၊ စိတ်ရှုပ်ရတယ် ဆိုပေမဲ့ လွတ်လပ်ပေါ့ပါးပြီး ရွှင်မြူးနေတတ်တဲ့ ကလေးလေးတွေအတွက်ကတော့ ဒီလိုနေ့တွေဟာ အပြင်ထွက်ပြီး နှင်းတွေကြား ဆော့ကစားလို့ ကောင်းတဲ့ နေ့တွေပဲပေါ့။ အဲဒီလို ဆော့တတ်တဲ့ ကလေးတွေထဲမှာ ပီတာ (Peter) တစ်ယောက်လဲ အပါအဝင် ဖြစ်ပါတယ်။ ပီတာက နှင်းထူထူကျထားတဲ့ တောင်ပူစာလေးတွေပေါ်မှာ ဆောင်းဝတ်အနီရောင်ဝတ်စုံပြည့်လေးနဲ့ ကစားတတ်တဲ့ ကလေးလေးပါ။ ဆောင်းရာသီရဲ့ နှင်းကျတဲ့ ရက်တစ်ရက်မှာ ပီတာ နိုးလာခဲ့တယ်။ အိမ်ပြင်ထွက်ပြီး နှင်းပြင်ပေါ်မှာ ခြေရာလေးတွေ ချန်ခဲ့လိုက်တယ်။ ပီတာက အသက်ငယ်သေးတော့ သူ့ထက် အသက်ကြီးသူတွေနဲ့ နှင်းဘောလုံးပစ်တမ်းကစားဖို့ အရွယ်မမျှတာမို့ သူတစ်ယောက်တည်းပဲ နှင်းလူရုပ်တစ်ခုနဲ့ နှင်းနတ်သားနတ်သမီးရုပ်တွေ လုပ်ခဲ့တာပေါ့။ အဲဒီနောက်တော့ တောင်ပူစာလေးပေါ်ကနေ လျှောဆင်းလာခဲ့တယ်။ ပီတာဟာ သူ့အိတ်ကပ်လေးထဲမှာတော့ နှင်းလုံးလေးတစ်လုံး ထည့်သိမ်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ အိပ်ရာမဝင်ခင်မှာပဲ နှင်းလုံးလေး အရည်ပျော်သွားတာကို မြင်လိုက်ရတော့ ပီတာခမျာ အတော်လေး ဝမ်းနည်းခဲ့ရတယ်။ ဒါပေမဲ့လဲ နောက်ရက်မှာတော့ နှင်းတွေက အရင်နေ့ကထက် ပိုကျလာခဲ့တယ်။…

Read More

ကလေးတွေ စကားပြောတတ်အောင် သင်ယူနေချိန်မှာ သူတို့အနီးဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေဆီက အသံတွေကို ဖမ်းယူပြီး ကြားရဖန်များလာတဲ့အခါ အဲဒီအသံတွေအတိုင်း လိုက်တုပပြီး အသံထွက်တတ်ကြပါတယ်။ အထိအတွေ့အများဆုံးက မိခင်ဖြစ်ရင် မိခင်ဆီက စကားပြောသံ၊ စကားပြောဟန်တွေကို စောင့်ကြည့်လေ့လာပြီး မိခင်ပြောတဲ့ စကားလုံးတွေထဲက သူတို့ ဖမ်းမိသလောက် စကားလုံးတွေ၊ အကြားရအများဆုံးစကားလုံးတွေကို အသံ၊ သို့မဟုတ် စကားသံအဖြစ် ပြန်ထုတ်တတ်ကြတာပေါ့။ ဥပမာ မိခင်ဖြစ်သူက သူ့ကိုယ်သူ “မေမေ” လို့ ရည်ညွှန်းပြီး ကလေးရှေ့မှာ ပြောဖန်များလာတဲ့အခါ ကလေးက မိခင်ကို မြင်တဲ့အခါ “မေမေ” လို့ အသံထွက်ညွှန်ပြတတ်လာတာမျိုး ဖြစ်ပါတယ်။ စကားလုံးတွေ၊စကားတွေကို သင်ယူနေချိန်မှာ ကလေးတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ တပြေးတညီတည်း သင်ယူနိုင်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ လုပ်တတ်တဲ့ အမှားလေးတွေလဲ ရှိနေပါတယ်။ မွေးဖွားပြီးအချိန်ကနေ ပထမဆုံး ထိတွေ့ရတဲ့ ပထမဘာသာစကားကို စူးစမ်းသင်ယူနေချိန်မှာ ကလေးတွေ လုပ်တတ်တဲ့အမှားတွေကို အောက်ပါအတိုင်း အဓိကအုပ်စု ၃ စု ခွဲထုတ်လိုက်လို့ ရပါတယ်။ အဲဒီအုပ်စု ၃ စုကတော့ – ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း) တို့ပဲ ဖြစ်ပါတယ်။ ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) အရွယ်ရောက်သူသုံးဘာသာစကားမှာ တိရစ္ဆာန်တွေ၊ ပစ္စည်းတွေ၊ အရာဝတ္ထုတွေ၊ အပင်တွေ စတဲ့ အရာရာကို အမျိုးအစားခွဲခြားပြီး ဘယ်အရာက ဘာရယ်လို့ သတ်သတ်မှတ်မှတ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ဥပမာ အမှောင်မှာ မြင်နိုင်စွမ်းရှိပြီး ကြွက်ခုပ်တတ်တဲ့ သားစားအိမ်မွေးတိရစ္ဆာန်ကို “ကြောင်”၊ အဝါရောင်မှာ အနက်စင်းတွေ ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျား”၊ ညိုဝါရောင်အခံမှာ အနက်ပြောက်ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျားသစ်” လို့ အရွယ်ရောက်ပြီးသူတွေက သတ်မှတ်ခေါ်ဆိုကြတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ “ကျား” ကိုလဲ “ကြောင်”၊ “ကျားသစ်” ကိုလဲ “ကြောင်” ဆိုပြီး သူတို့စိတ်ထဲ ကောက်ချက်ချထားတဲ့အတိုင်း ခေါ်တတ်ကြပါတယ်။သူတို့လေးတွေရဲ့ သင်ယူထားတာတွေထဲမှာ “ကျား” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့ မခေါ်ဘဲ “ကျား” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့၊ “ကျားသစ်” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့မခေါ်ဘဲ “ကျားသစ်” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့ မပါရှိနေသေးတာကြောင့် သိရင်းစွဲ ဝေါဟာရဖြစ်တဲ့ “ကြောင်” နဲ့ပဲ အခြားတိရစ္ဆာန်တွေကိုပါ ရည်ညွှန်းခေါ်ဆိုတတ်ကြတဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကို စူးစမ်းသင်ယူနေတဲ့ ကလေးတွေမှာ ဖြစ်တတ်တာ နောက်တစ်ခုက အများကိန်းနဲ့အတိတ်ကာလပြကြိယာတွေကို အသုံးပြုပုံမှားယွင်းနေကြတာတွေပါ။ ဥပမာပေးရရင် “mice” အစား “mouses” လို့ပြောတာတွေ၊ “teeth” အစား “tooths” လို့ ပြောတာတွေလိုမျိုး အနည်းကိန်းကနေ အများကိန်းပြောင်းတဲ့အခါမှာ “s” ထည့်လိုက်တာနဲ့ အများကိန်းဖြစ်သွားမယ် ဆိုပြီး ကောက်ချက်ချထားတာမျိုး၊ “brought” အစား “bringed” လို့ ပြောတာတွေ၊ “said” အစား “sayed” လို့ ပြောတာတွေလိုမျိုး ပစ္စုပ္ပန်ကာလပြကြိယာကနေ အတိတ်ကာလပြကြိယာအဖြစ်ပြောင်းတဲ့အခါ မူရင်းကြိယာမှာ “-ed” ထည့်လိုက်ရင် ရပြီ ဆိုပြီး ကောင်ချက်ချထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) လို့ ခေါ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်ကတော့ Undergeneralisation ပဲ ဖြစ်ပါတယ်။ ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) မိဘတွေက ကလေးကို ပွေ့ပြီး ညနေခင်းမှာ လမ်းလျှောက်ထွက်တယ် ဆိုပါစို့။ အဲဒီညနေခင်းမှာ ရာသီဥတုသာယာတဲ့အတွက် လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေနဲ့ ငှက်အမျိုးအစားအချို့ကို ကလေးက မြင်မိမယ်။ အဲဒီအခါမှာ ကလေးကလိပ်ပြာကို မြင်တော့လဲ “စာကလေး”၊ “ပုစဉ်းကို မြင်တော့လဲ “စာကလေး”၊ ဗျိုင်းတွေ လေးကောင်အတန်းလိုက် ပျံသွားတာကို ခပ်ဝေးဝေးဆီက မြင်တော့လဲ “စာကလေး”၊ စာကလေးကို မြင်တော့လဲ “စာကလေး” ဆိုပြီး အသံထွက်ရည်ညွှန်းပြမယ်။ ဒါ့အပြင် လေထဲမှာ မြင်ရသမျှ တွေ့ရသမျှ အကောင်လေးတွေကို “စာကလေး” လို့ပဲ ကလေးက ခေါ်နေမယ်။ကလေးဟာ “လေထဲမှာ ရှိနေခြင်း” ဆိုတဲ့ ဘုံတူညီချက်တစ်ခုတည်းကိုပဲ စွဲမှတ်ထားပြီး ရည်ညွှန်းပြနေတာဖြစ်ပါတယ်။ ဒီအခြေအနေဟာ တိကျသေချာတဲ့ သတ်မှတ်ချက် ရှိပြီးသား စကားလုံးကိုပဲ အသုံးပြုပြီး တိကျသေချာစွာ သတ်မှတ်ထားခြင်း မရှိဘဲ ယေဘုယျအချက်တစ်ချက်ကို မြင်တွေ့တာနဲ့ ရည်ညွှန်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကိုOverextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒီအခြေအနေမှာကလေးရဲ့ သတ်မှတ်နိုင်စွမ်းကနေ သိနိုင်တဲ့ အချက်တစ်ချက်ကတော့ ကလေးဟာ သူ့အနီးနားဝန်းကျင်မှာ ရှိနေတဲ့ အရာတွေထဲက တူညီတဲ့ ဘုံအချက်ကို သတိပြုနေမိတယ် ဆိုတာပါပဲ။ လေ့လာချက်တစ်ခုအရ ကလေးတွေဟာ သူတို့ ပထမဆုံး သင်ယူထားတဲ့ စကားလုံး ၇၅ လုံးထဲက သုံးပုံတစ်ပုံကို လွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာကို တွေ့ရှိထားပါတယ်။ အစောဆုံး သင်ယူထားတဲ့ အသုံးအများဆုံးစကားလုံးတွေကိုပဲလွန်ကဲစွာ တိုးချဲ့သတ်မှတ်တတ်ကြတာပါ။  Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ကို (က) categorical overinclusions (ခြွင်းချက်မရှိလွန်ကဲစွာ ဝေါဟာရထည့်သွင်းခြင်းများ)၊ (ခ) analogical overextensions (ညှိနှိုင်း၍ ရသည့် ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) နဲ့ (ဂ) predicate statements (ဝါစကအဆိုပြုချက်များ) ဆိုပြီး အုပ်စုထပ်မံခွဲခြားနိုင်တဲ့အပြင်စကားလုံးအသုံးပြုပုံအခြေခံအနေနဲ့ တာဝန်ထမ်းဆောင်တဲ့ အချက်အလက်တွေကို (က) perceptual (သိမြင်နိုင်သော)၊(ခ) action-functional (လက်တွေ့ကျလုပ်ဆောင်နိုင်စွမ်းသော)၊ (ဂ) affective (ထိခိုက်လှုပ်ရှားစေသော) နဲ့ (ဃ) contextual (စကားစပ်အရဖြစ်သော) ဆိုပြီး အမျိုးအစားခွဲထုတ်နိုင်ပါတယ်။ ၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း) ကလေးတစ်ယောက်ဟာ သူ့အိမ်မှာ အိမ်မွေးတိရစ္ဆာန်အနေနဲ့ ခွေးလေးတစ်ကောင် မွေးထားမယ်။ သူ နေထိုင်တဲ့ လမ်းထဲမှာလဲ အခြားကလေးအချို့က ခွေးလေးတွေ မွေးထားမယ်။ လမ်းထဲမှာ ခွေးလေခွေးလွင့်လေးတွေ ရှိမယ်။ ပန်းခြံထဲ သွားတဲ့အခါ၊ ခရီးသွားတဲ့အခါ၊ ဆွေမျိုးတွေရဲ့ အိမ်မှာ၊ မုန့်ဆိုင်မှာ စသဖြင့် နေရာအမျိုးမျိုးမှာ ခွေးလေးတွေ တွေ့မိမြင်မိမယ်။ ဒါပေမဲ့ ကလေးက သူ့အိမ်မှာ မွေးထားတဲ့ ခွေးလေးကိုပဲ “ခွေး” လို့ ခေါ်ပြီး အခြားနေရာတွေမှာ တွေ့ရတဲ့ ခွေးတွေကို “ခွေး” လို့ မခေါ်တတ်ဖြစ်နေမယ်။ နောက်ထပ်ဖြစ်ရပ်တစ်ခုက ကလေးတစ်ယောက်က သူ သောက်နေကျ ကြွေခွက်အဝိုင်းနှုတ်ခမ်းပဲ့လေးနဲ့ ထည့်ပေးလိုက်တဲ့ အရည်တစ်မျိုးကို “အချိုရည်” လို့ ခေါ်ပြီး အဲဲဒီအရည်ကိုပဲ အခြားထည့်သောက်စရာ တစ်မျိုးမျိုးနဲ့ ထည့်ပေးလိုက်တဲ့အခါ တူညီတဲ့ အရည်တစ်မျိုးတည်း ဆိုပေမဲ့ ပုံစံပြောင်းသွားတဲ့ ခွက်လေးထဲက အရည်ကိုတော့ “အချိုရည်” လို့ မခေါ်တတ်တော့ဘူး။ အဲဒီအချိုရည်ကိုပဲ အခြားအိမ်၊ အခြားနေရာက သောက်စရာ ခွက်တစ်ခုခုနဲ့ ထည့်ပေးရင်တောင် “အချိုရည်” လို့ မခေါ်ဘဲ မတူညီတဲ့ အရည်တွေပဲလို့ ကလေးက သတ်မှတ်မိမယ်။ ဒီဖြစ်ရပ်နှစ်ခုဟာ ကလေးတစ်ယောက်ရဲ့ ဝေါဟာရသတ်မှတ်ခြင်းစွမ်းရည်က လိုအပ်တာထက် ပိုပြီး လျော့နည်းနေတဲ့အခြေအနေကို ညွှန်ပြနေကြတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Under-extension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း) လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ကလေးတွေ လုပ်တတ်တဲ့ ဒီအမှားလေးတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက် တစ်ထပ်တည်းတော့ တူညီနေကြမှာမဟုတ်ပါဘူး။ ကလေး နေထိုင်ကြီးပြင်းရာ မိသားစုရဲ့ လူမှုရေးနောက်ခံ၊ ရေမြေနောက်ခံ၊ စီးပွါးရေးနောက်ခံ၊ ပညာရေးနောက်ခံ စတဲ့ အမျိုးမျိုးသော နောက်ခံအကြောင်းတရားတွေအပေါ်မှာလဲ မူတည်နေပါသေးတယ်။ အချုပ်အနေနဲ့ ဆိုရရင် ကလေးတွေဟာ အုပ်ထိန်းသူ၊ အနေနီးသူနဲ့ သူ့အနားဝန်းကျင်က လောကြီးဆီကနေ စကားလုံးတွေကို အချိန်နဲ့အမျှ သင်ယူနေကြတာဖြစ်ပါတယ်။ ဒီလိုသင်ယူနေချိန်မှာ မြင်တွေ့နေရတဲ့ အရာဝတ္ထုတွေကို လွန်ကဲပြီးပဲဖြစ်ဖြစ်၊ လျော့နည်းပြီးပဲဖြစ်ဖြစ် ဝေါဟာရတွေနဲ့ တွဲစပ်သတ်မှတ်ကြပါလိမ့်မယ်။ သူ ပြောချင်တဲ့ အရာကို ရည်ညွှန်းထုတ်ပြောလိုက်တဲ့ စကားလုံးက အရွယ်ရောက်သူသုံးဘာသာစကားက စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီနေတာတွေ ရှိကောင်းရှိနေပါလိမ့်မယ်။ အဲဒီအခါမှာ မိဘတွေ၊ အုပ်ထိန်းသူတွေက ကလေးတွေကို ဒီအရာကို ဒီလို ခေါ်ရမယ် ဆိုတဲ့အတင်းအကြပ်မှတ်ယူခိုင်းတာမျိုး မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ကပါ ကလေး မှတ်သားသက်ယူချင်လာအောင်၊ မှန်မှန်ကန်ကန် ရည်ညွှန်းသတ်မှတ်တတ်လာအောင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တတ်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။     ။ References – Boeree, C.G. (2003). Development of Language in Children, Shippensbug University. http://webspace.ship.edu/cgboer/langdev.html. Gershkoff-Stowe, L., Connell, B., & Smith, L. (2006). Priming overgeneralizations in two- and four-year-old children. Journal of child language, 33(3), 461–486. https://doi.org/10.1017/s0305000906007562. Go, T. (2020). Overextension and underextension. Medium. https://taleengo.medium.com/overextension-and-underextension-590c193160fe. Hopkins, B. (2019). Overgeneralization. Lancaster Glossary of Child Development. https://www.lancaster.ac.uk/fas/psych/glossary/overgeneralization/#:~:text=Use%20of%20a%20sound%20in,morphological%20rule%20for%20plural%2nouns. Rescorla,…

Read More

လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။   စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . . ။ ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။   ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့) စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph Caldecott medal ဆုကို ရခဲ့တော့ ဒီစာအုပ်အတွက် “Where the Wild Things Are စာအုပ်က လူတိုင်းကို ကျေနပ်စေဖို့အတွက် မဟုတ်ဘူး – ကလေးတွေအတွက်ပဲ” လို့ ခနဲ့တဲ့တဲ့ မှတ်ချက်ပြုခံခဲ့ရတာမို့ တွေးဆစရာ ဖြစ်ခဲ့တယ်။ မှတ်ချက်ကတော့ ကလေးတွေအတွက်ပဲ လို့သာ ဆိုခဲ့ပေမဲ့ ဒီစာအုပ်ရဲ့ သက်ရောက်မှုက ကမ္ဘာလုံးအတိုင်းအတာထိ ပြန့်ထွက်ခဲ့တာကို သက်သေထူနေတာတွေ ရှိပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ အော်ပရာပြဇာတ်တွေနဲ့ အခြားစာအုပ်တွေအပေါ်မှာပါ လွှမ်းမိုးမှုတွေ ရှိလာခဲ့တဲ့အထိပါပဲ။ ဒါကြောင့် ဒီစာအုပ်ကို IBBY ရဲ့ ဥက္ကဌPam Dix က “တစ်ခါတစ်ခါ ဖတ်လိုက်တိုင်းမှာ မတူညီတဲ့ ရှုထောင့်တွေကနေ ထုတ်ဖော်ပြသမဲ့၊ အလွှာများစွာပါဝင်နေတဲ့၊ပြီးပြည့်စုံတဲ့ ရုပ်ပြစာအုပ်တစ်အုပ်ပါ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။   ဒီတော့ ဒီစာအုပ်ထဲမှာ ဘာတွေ ပါနေမလဲ။ တကယ်တော့ ဒီစာအုပ်မှာ ချစ်စရာ ကြည်နူးစရာတွေအကြောင်း သရုပ်ဖော်ထားတဲ့ပုံတွေ၊ စာတွေ မဟုတ်ဘဲ လူသားတစ်ဦးအဖြစ် နေထိုင်ရတဲ့ သက်တမ်းတစ်လျှောက်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရစဉ်မှာ အဲဒီအရွယ်ရဲ့ ပကတိစိတ်သဘောကို ပကတိအတိုင်း ထင်ထင်လင်းလင်း မြင်မြင်သာသာ ဖွင့်ချပြလိုက်တာပါပဲ။ ဒီအချက်က ဒီစာအုပ်ကို အထူးခြားဆုံးဖြစ်အောင်၊ ဂန္ထဝင်ကလေးစာပေစာရင်းတွေမှာ ထိပ်ဆုံးနေရာတွေကနေ မပါမဖြစ် ရွေးချယ်စေတဲ့ အချက် ဖြစ်နေခဲ့တာပဲပေါ့။  ၁၉၂၈ ခုနှစ်မှာ လူ့လောကထဲ ရောက်လာခဲ့တဲ့ Maurice Sendak ဟာဒီစာအုပ်ထဲ ဖော်ပြမဲ့ ဇာတ်လမ်းအတွက် သူ့ငယ်ဘဝက အဓိကဖြစ်နေခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ခပ်ဆိုးဆိုးလုပ်မိရင် သူ့အမေက သူ့ကို “သတ္တဝါဆိုး (vilde chaya)” လို့ ခေါ်ခဲ့တယ် လို့ Sendak က ဖြေခဲ့ဖူးတယ်။ ဇာတ်လမ်းထဲမှာဇာတ်ဆောင် Max က သူ့အမေက သူ့ကို “သတ္တဝါဆိုး” လို့ ခေါ်လိုက်လို့ “ငါ မင်းကို စားလိုက်မယ်” ဆိုပြီး ပြောလိုက်တယ်၊ ဒါကြောင့် သူ့အမေက သူ့ကို အိပ်ရာမဝင်ခင် ညစာမကျွေးဘဲ အိပ်ခိုင်းခဲ့တာဆိုတဲ့ ဇာတ်ကွက်နဲ့ သွယ်ဝိုက်ပြခဲ့တယ်။ ဇာတ်လမ်းထဲက Max လိုပဲ Maurice Sendak ဟာ အပြင်မှာလဲ အိပ်ရာမဝင်ခင် ညစာမစားဘဲ ခဏခဏ အိပ်ခဲ့ရတယ်လို့ ပြောခဲ့ဖူးပါတယ်။ အထူးသဖြင့် အမေဖြစ်သူ ချက်တာတွေကို မကြိုက်လို့ပါတဲ့။ နေ့လယ်စာစားချိန်မှာ အလည်ရောက်ရောက်လာတတ်တဲ့ သူ့အဆွေအမျိုးတွေက သူ့ကို “မင့် ကြည့်ရတာ ကိုက်စားလိုက်လို့ ကောင်းမဲ့ ပုံပဲ” လို့ ပြောတတ်ကြတယ်လို့လဲ ပြောခဲ့ဖူးပါတယ်။ ဒီအဆွေအမျိုးတွေအပေါ် အခြေခံပြီး အရိုင်းဆန်တဲ့ သတ္တဝါတွေက ဒီဇာတ်လမ်းထဲမှာ ကြွတက်နေတဲ့ ရုပ်ပုံတွေ ဖြစ်လာကြတယ်။ ဒါပေမဲ့လဲ ဘယ်လောက်ပဲ စွန့်စားခရီးတွေ ထွက်နေလျင်ပါစေ၊ ထွက်နေရပါစေ အဆုံးမှာတော့ ‘အိမ်’ ဆိုတဲ့ နေရာကို ပြန်လာရတဲ့ သဘောဟာ ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ပါပဲ။   ပြောင်းရွှေ့နေထိုင်သူ ပိုလန်-ဂျူးလူမျိုးတစ်ဦးဖြစ်တဲ့ Maurice Sendak ဟာ အိမ်ထဲမှာပဲ နေနေရပြီး အပြင်က ဆော့နေတဲ့ ကလေးတွေကို ငေးရင်းမျှော်ရင်း နေခဲ့ရတာကို ပြန်တွေးပြီး စာအုပ်ထဲက ရုပ်ပုံတွေ ဖြစ်လာခဲ့တယ်။တစ်ယောက်တည်း လှေတစ်စင်းနဲ့ ရွက်လွှင့်ပြီး တောရိုင်းသတ္တဝါ (သူ့အမေ ခေါ်တတ်တဲ့ ‘သတ္တဝါဆိုး’) တွေနေတဲ့ကျွန်းမှာ အချိန်တစ်ခုကြာ သွားနေခဲ့တဲ့ ဇာတ်လမ်းရဲ့ ဇာတ်ကွက်တစ်ခုစီကနေ အရိုင်းဆန်ခြင်း၊ ရုန်းထွက်ခြင်း၊ လွတ်မြောက်ခြင်း၊ အလိုမကျခြင်း၊ စိတ်တိုခြင်း၊ ဒေါသဖြစ်ခြင်း စတာတွေကို ပြသခဲ့တာပေါ့။ ကလေးတစ်ယောက်ရဲ့ စိတ်ကနေပေါက်ဖွားလာတဲ့ စိတ်ကူးယဉ်ရုပ်ပုံတွေ၊ အဖြစ်အပျက်တွေက အသက်ဝင်လာသလိုပဲ အရွယ်ရောက်ပြီးသူတွေမှာကွယ်ဝှက်ထားရတဲ့၊ မျှော်လင့်နေရတဲ့၊ လိုလားတောင့်တရှိနေရတဲ့ အရာတော ကိုယ်ပိုင်စိတ်ကူးတွေထဲ၊ စကြဝဠာတွေထဲ၊ကမ္ဘာတွေထဲမှာ ဖြစ်တည်နေခဲ့ကြတာပဲ မဟုတ်လား။ Maurice Sendak ကတော့ သူ့ငယ်ဘဝကို ဒီစာအုပ်ကနေသေသေသပ်သပ် ချပြသွားခဲ့တယ်။   Where the wild things are နဲ့ ပတ်သက်တဲ့ ရိုက်ကူးမှုတွေ၊ တင်ဆက်မှုတွေ၊ အခြေခံပြီး တစ်ဖန်ဖန်တီးမှုတွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။ ◾️ ၁၉၇၃ ခုနှစ်မှာ Peter Schickele က ဒီစာအုပ်ကို အခြေခံပြီး အန်နီမေးရှဲန်း ထုတ်ခဲ့တယ်။ ◾️Gene Deitch က ဒီစာအုပ်ကို အခြေခံပြီး ၅ နှစ်ကြာရိုက်ကူးခဲ့တဲ့ အန်နီမေးရှဲန်းအတိုတစ်ပုဒ် ၁၉၇၅ ခုနှစ်မှာ ထွက်လာခဲ့တယ်။ မပြီးပြတ်လိုက်တဲ့ ပြဇာတ်တင်ဆက်မှုကို ဘရက်ဆယ်လ်စ်မှာ တင်ဆက်ခဲ့တယ်။ ◾️ Maurice Sendak ဟာ ၁၉၈၀ ခုနှစ်တွေမှာ Oliver Knudsen နဲ့ တွဲပြီး ဒီစာအုပ်ကို အခြေခံထားတဲ့ ပြဇာတ်တစ်ပုဒ်ရေးခဲ့တယ်။ ◾️ ၁၉၈၃ ခုနှစ်မှာ Walt Disney က ဒီစာအုပ်ကို အသုံးပြုပြီး စီးရီးတစ်ခု ထုတ်ခဲ့တယ်။ ပထမဆုံးအပြည့်အစုံတင်ဆက်မှုကို ၁၉၈၄ ခုနှစ်မှာ လန်ဒန်က Glyndebourne Touring Opera မှာ တင်ဆက်ခဲ့ပါတယ်။ ◾️ အမေရိကန်ပြည်ထောင်စုမှာတော့ ပထမဆုံးပြဇာတ်ဖျော်ဖြေမှုအဖြစ် ၁၉၈၅ ခုနှစ်မှာ မီနီဆိုးတား၊ စိန့်ပေါမှာ တင်ဆက်ခဲ့တယ်။ ◾️ ၁၉၈၇ ခုနှစ်မှာ နယူးယောက်မြို့ပြဇာတ်ရုံမှာ premiere ပြသခဲ့တယ်။ ◾️ ၁၉၉၉ ခုနှစ်မှာ Isadar က သူ့ရဲ့ Active Imagination အယ်လ်ဘမ်မှာ “Where the Wild Things Are” နာမည်နဲ့တစ်ကိုယ်တော်သီချင်းတစ်ပုဒ် ထည့်သွင်းရေးဖွဲ့ခဲ့တယ်။ ◾️ ၂၀၀၂ ခုနှစ်မှာ လန်ဒန်က Royal Albert ခန်းမမှာ ပြဇာတ်တင်ဆက်ပြသခဲ့တယ်။ ◾️ ၂၀၀၅ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ The Simpsons စီးရဲ့ The Girl Who Slept Too Little မှာလဲ ဒီဟာအုပ်ကို မှီငြမ်းထားတာတွေ ပါခဲ့တယ်။ ◾️ ၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Spike Jonze က ဒီစာအုပ်ကို ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ ◾️ ၂၀၁၂ ခုနှစ်မှာ alt-J က ဒီစာအုပ်ကို အခြေခံပြီး “Breezeblocks” အမည်ရသီချင်းတစ်ပုဒ်ကို ထုတ်ခဲ့ပြီးဩစတြေးလျမှာ ARIA Gold ရခဲ့တယ်။ ◾️ ၂၀၁၆ ခုနှစ်မှာတော့ အဆိုတော် Alessia Cara က ဒီစာအုပ်ကို ဖတ်ပြီး ရေးခဲ့တဲ့ Wild Things ဆိုတဲ့ သီချင်းတစ်ပုဒ်ဖြန့်ချိခဲ့ပြီး အသိအမှတ်ပြုခြင်းတွေ ရခဲ့ပါတယ်။   ၁၉၉၇ ခုနှစ်မှာ အမရေိကန်သမ္မတ ကလင်တန် ချီးမြှင့်ခဲ့တဲ့ theNational Medal of Arts (၁၉၉၆) ဆုရခဲ့ပြီး သမ္မတအိုဘားမားရဲ့ အကြိုက်ဆုံးစာအုပ်တစ်အုပ် ဖြစ်ခဲ့တဲ့ Maurice Sendak ရဲ့ ဒီစာအုပ်ဟာ စာလုံးရေ အများကြီး ပါနေမှာမဟုတ်ပေမဲ့ လူတွေရဲ့ စိတ်၊ လူတွေရဲ့ သဘာဝကို သေသပ်လှပစွာ ပုံဖော်ပြသနိုင်ခဲ့တာတော့ အမှန်ပါပဲ။ Social media, Screen, Al တွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ခေတ်ကာလမှာ Where the wild things are က artificial connection တွေနဲ့မဟုတ်ဘဲ မိသားစုနဲ့၊ သဘာဝနဲ့၊ ချစ်ခြင်းမေတ္တာနဲ့အတူ ဆော့ကစားနိုင်ဖို့၊ ထိတွေ့နိုင်ဖို့၊ ခံစားနိုင်ဖို့ သတိပေးချက်လေးတစ်ခုဖြစ်နေပါလိမ့်မယ်။   အချို့သော အချိန်တွေမှာ ရောက်နေရာ အရပ်၊ ရှိနေရာ အချိန်တွေကနေ ထွက်သွားပြီး စွန့်စားလိုက်ချင်တာတွေ ဖြစ်ဖူးကြလိမ့်မယ်။ တကယ်လဲ စွန့်စားခဲ့မိကြလိမ့်မယ်။ ဒါပေမဲ့ စွန့်စားခန်းတွေ ပြီးသွားတဲ့အခါ ဘယ်ကို ပြန်လာမိကြသလဲ။ကောင်းခြင်း၊ ဆိုးခြင်း၊ သေသပ်ခြင်း၊ ပွရှုပ်ခြင်း၊ လူမှုသတ်မှတ်ချက်တွေနဲ့အညီ ကန့်သတ်နေထိုင်ခြင်း၊ အရိုင်းဆန်ခြင်း . . . ဘဝတစ်လျှောက်မှာ ဒါတွေနဲ့ အမြဲတစေ ထိတွေ့နေကြရမှာ လောကဓမ္မတာပါပဲ။ ဒီရှင်သန်ခြင်းကာလတွေမှာကျွန်တော်တို့ ဘာတွေ ကြုံတွေ့ခဲ့ကြလဲ၊ ဘာတွေ ထိတွေ့သိမြင်ခံစားနေရလဲ၊ ဘာတွေ ဆက်ပြီး ရင်ဆိုင်ကြရလိမ့်မလဲ . . . ။     ။…

Read More

လူသားတွေက လူမှုအသိုက်အဝန်းထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အရွယ်က စလို့ ‘စကား’ တွေကို စပြီး ကြားကြရပါတယ်။အမျိုးအမည်မခွဲတတ်သေးပေမဲ့ ‘စကား’ ဆိုတဲ့ ဒီအသံတွေနဲ့ ရင်းနှီးခဲ့ကြပြီးသားပါ။ ဒီတော့ သင်ကြားပေးသူတွေထံကစည်းမျဉ်း၊ စနစ်တွေနဲ့ နည်းလမ်းတကျ မသင်ယူခင်အရွယ်မှာ ကလေးတွေက စကားပြောတတ်လာအောင် ဘယ်လိုသင်ယူကြပါသလဲ။ မိခင်ဘာသာစကားဖြစ်တဲ့ ပထမဘာသာစကားကို ကလေးတွေ ဘယ်လို တတ်မြောက်လာကြပါသလဲ။   ဒီသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်ကို ဘာသာဗေဒပညာရှင်တွေက သိပ္ပံနည်းကျ လေ့လာခဲ့ကြတယ်။ ကလေးတွေစကားပြောတတ်ဖို့ သင်ယူရာမှာ – ၁။ အသံ (Sounds) – မွေးကင်းစမှ ၆ လအရွယ် ၂။ စကားလုံး (Words) – ၈ လမှ ၁ နှစ်ခွဲအရွယ် ၃။ ဝါကျ (Sentences) – ၂ နှစ် မှ ၃ နှစ်အထက်အရွယ် ဆိုတဲ့ အဆင့် ၃ ဆင့် ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။   အဆင့် ၁ – အသံများကို သင်ယူခြင်း။   ဒီအဆင့်မှာ ကလေးငယ်တွေက သူတို့ပတ်ဝန်းကျင်ကနေ ကြားနေရတဲ့ အသံတွေ (ဥပမာအားဖြင့် /က/၊ /ခ/၊ /ဒ/၊ /d/၊ /o/၊/t/) ကို စတင်သင်ယူကြတယ်။ ဒီအဆင့်က ကလေးတွေ စာဖတ်တတ်တဲ့ အရွယ်ရောက်လာတဲ့အခါမှာ သိပ်ကို အရေးပါတဲ့၊ အထောက်အကူကောင်းကောင်းပြုတဲ့ အခြေခံအဆင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုအသံတွေကို သတိပြုပြီး အသံပြန်ထွက်တဲ့ ဒီအဆင့်ကို Phonemic Awareness လို့ ခေါ်ပါတယ်။ အသံတွေကို သင်ယူကြရမှာ ကလေးတစ်ယောက်နဲ့တစ်ယောက် နှုန်းမတူကြပေမဲ့ မွေးဖွားချိန်၊ ၄ လ၊ ၆ လ ဆိုတဲ့ ယေဘုယျပုံစံတစ်ခုအနေနဲ့ ကလေးအများစုက သင်ယူကြတာကို တွေ့ရပါတယ်။ မွေးစအရွယ်မှာ အသံတွေရဲ့ အဖိ၊ အဖော့၊ အမြင့်၊ အနိမ့် စတဲ့ စည်းချက်တွေကို သင်ယူကြပါတယ်။ ၄လသားအရွယ်မှာတော့ အနားမှာရှိတဲ့ လူက ဘာသာစကားရဲ့ အသံတွေကို အသုံးပြုနေသလား၊ ဒါမှမဟုတ် ဘာသာစကားမဟုတ်တဲ့ ဆူညံသံတွေကို ထုတ်လုပ်နေတာလားဆိုတာ ခွဲခြားလာနိုင်ပြီး ၆ လသားအရွယ်မှာတော့ ကမ္ဘာ့ဘာသာစကားအသီးသီးရဲ့ အသံအားလုံးကို ထုတ်လာထွက်လာနိုင်ကြပါပြီ။ အသံတွေကို ပေါင်းစပ်ပြီး ရည်ညွှန်းဖော်ပြလိုတဲ့ အရာတွေကို ပြောနိုင်စွမ်း မရှိသေးတဲ့အတွက် ဘယ်နိုင်ငံက ဘယ်ဘာသာစကားမဆို ရှိနေတဲ့အသံတွေကို ကလေးတွေက ဒီအရွယ်မှာ သင်ယူပြီး အသံထွက်နိုင်ကြတာ ဖြစ်ပါတယ်။ စကားလုံးအဆင့်မရောက်မသေးတဲ့ အသံတွေ ဖြစ်တဲ့အတွက်အဓိပ္ပာယ်ကို တွဲမှတ်နားလည်နိုင်စွမ်းမရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။   အဆင့် ၂ – စကားလုံးများကို သင်ယူခြင်း။   အသံတွေကို သင်ယူပြီးတဲ့အရွယ်လွန်မြောက်လာချိန်မှာ ကလေးတွေက အဲဒီအသံတွေကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိတဲ့စကားလုံးတစ်လုံးဖြစ်လာအောင် တည်ဆောက်တဲ့ ပုံစံကို သင်ယူကြပါတယ်။ ဥပမာအနေနဲ့ သူတို့သောက်နေတဲ့၊ အမေဖြစ်သူ၊ အဖေဖြစ်သူက ပါးစပ်အတွင်းဆီကို ထည့်ပေးတဲ့ အရည်ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘ရေ’ ဆိုတဲ့ စကားလုံးတစ်လုံး ဖြစ်လာဖို့ ‘အေ’ နဲ့ ‘ရ’ ဆိုတဲ့ အသံတွေ ပေါင်းစပ်တာမျိုး၊ သူတို့အနားမှာ လာနေတတ်တဲ့ အမွေးပွပွ၊ အမြီးရှည်ရှည်၊ နှုတ်သီးရှည်ရှည် ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘dog’ ဆိုတဲ့ စကားလုံးဖြစ်လာဖို့ /d/၊ /ɔ/ နဲ့ /g/ ဆိုတဲ့ အသံတွေပေါင်းစပ်တာမျိုးတွေ ဖြစ်ပါတယ်။ စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်၊ နောက်စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်ဆိုတာ ဒီအဆင့်မှာ သေချာပေါက် တတ်မြောက်အောင် သင်ယူကြရတယ်။ ဒါတွေကို “Word Boundaries” လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် သင်ယူနေကြတာက ဘယ်အသံကိုဘယ်လိုထွက်ရမယ်ဆိုတာမျိုး စည်းစနစ်တွေနဲ့ မဟုတ်ဘဲ ရုပ်ရင်း (morpheme) တွေကို သင်ယူနေကြရုံသက်သက်ပါပဲ။အရွယ်နဲ့ ထပ်ပြီး ခွဲခြားပြရရင် ၈ လသားအရွယ်မှာ Word Boundaries တွေကို ခွဲခြားလာနိုင်တယ်။ အသံအုပ်စုတွေကိုသတိပြုမိလာတယ်။ ဒါပေမဲ့ အလုံးစုံ သိနားလည်နေတာမျိုးမဟုတ်ဘဲ စကားလုံးတွေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်တွေကိုစူးစမ်းသင်ယူနေဆဲအရွယ်ဖြစ်ပါတယ်။ နေ့စဉ်တွေ့နေရတဲ့ အရာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ စကားလုံးမျိုးတွေပါ။ ၁ နှစ်သားအရွယ်ရောက်လာရင်တော့ ဝေါဟာရစကားလုံးတစ်ခုရဲ့ အဓိပ္ပာယ်ကို တွဲစပ်နားလည်လာပြီး ဘယ်အရာကို ဘယ်လိုညွှန်းဆိုပြောရမလဲ ဆိုတာကို တတ်မြောက်လာကြပါတယ်။ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ စကားလုံးတွေကိုတောင် တုပပြောနိုင်တဲ့ အရွယ်ပါ။ ၁ နှစ်ခွဲအရွယ်ဖြစ်လာတဲ့အခါ သင်ယူနေရတဲ့ စကားလုံးတွေကို အသုံးချတတ်ဖို့ ကလေးတွေ သိနေကြပြီလို့ ဆိုရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ကလေးတွေက ဒီအဆင့်မှာ နာမ်တွေ၊ကြိယာတွေကို ခွဲခြားသိမှတ်နိုင်စွမ်းရှိနေကြပြီလို့ ဆိုထားကြပါတယ်။   အဆင့် ၃ – ဝါကျများကို သင်ယူခြင်း။   စကားလုံးတွေကို အဓိပ္ပာယ်နဲ့ တွဲသိပြီး အသုံးပြုလာနိုင်တဲ့အခါ ကလေးတွေက အဲဒီစကားလုံးတွေနဲ့ ဝါကျတည်ဆောက်တတ်ဖို့ အဆင့် ၃ မှာ သင်ယူကြပါပြီ။ ‘ဗိုက် တယ် ဆာ’၊ ‘ချင်တယ် စား ထမင်း’ လို အစီအစဉ်မကျတဲ့ ဝါကျမျိုးတွေမဟုတ်ဘဲ ‘ဗိုက်ဆာတယ်’၊ ‘ထမင်းစားချင်တယ်’ လို အစီအစဉ်တကျရှိတဲ့ ဝါကျတွေဖြစ်လာအောင် စကားလုံးတွေကိုသဒ္ဒါအရ နေရာတကျ စီတတ်လာတဲ့ အရွယ်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဝါကျတစ်ကြောင်းရဲ့ နာမ်နဲ့ ကြိယာအထားအသိုကို ကောင်းကောင်းသိနေကြတာပါ။ ၂ နှစ်သားအရွယ်မှာ အခြေခံဝါကျတည်ဆောက်ပုံတွေကို နားလည်လာကြတယ်။ ၂ နှစ်ခွဲနဲ့ ၃ နှစ်သားအရွယ်မှာတော့ ကလေးတွေ ပြောတဲ့ စကားတွေရဲ့ ၉၀% လောက်ထိ မှန်ကန်တာကိုစစ်တမ်းတွေအရ တွေ့ရှိထားပါတယ်။ အင်္ဂလိပ်ဘာသာစကားသုံးတဲ့ နိုင်ငံတွေက ကလေးတွေဟာ အတိတ်ကာလပြကြိယာတွေကို ဖော်ပြရမှာ ပုံသဏ္ဍာန်မမှန်တဲ့ ကြိယာတွေကို မှားသုံးတာလောက်ပဲရှိပြီး တော်တော်များများ မှန်မှန်ကန်ကန်သုံးနေနိုင်ကြတာပါ။ ၃ နှစ်နဲ့ ၄ နှစ်အရွယ်အတွင်းမှာ အများကိန်း၊ အနည်းကိန်းတွေကို သိလာကြတယ်။ ဘာကြောင့်၊ဘယ်လို၊ ဘယ်သူ၊ ဘယ်လောက် ဆိုတဲ့ မေးခွန်းမျိုးတွေကို နားလည်လာပါတယ်။ ဝါကျထဲမှာ စကားလုံး ၄/၅ လုံး ထည့်ပေါင်းသုံးလာနိုင်တယ်။ စကားဆက်လေးတွေလဲ ထည့်ပြောတတ်လာကြတယ်။ ၄ နှစ်နဲ့ ၅ နှစ်အရွယ်အတွင်းမှာသဘောတရားတွေက တူသလား၊ ကွဲပြားသလား နားလည်လာနိုင်ပြီး ပုံပြင်တွေ ပြန်ပြောပြတာ၊ တစ်ခုခုကို ပြန်ရှင်းပြတာမျိုးတွေ လုပ်လာနိုင်ကြတယ်။ ၅ နှစ်နဲ့ ၇ နှစ်အရွယ်အတွင်းမှာတော့ ဟာသတွေ နားလည်လာတယ်၊ တင်စားစကားလေးတွေ သုံးတတ်တာမျိုး ရှိလာပါတယ်။ လူကြီးတွေ ပြောတဲ့ ဘာသာစကားမှာလို တင်စားတာမျိုး မဟုတ်သေးဘဲ အဲဒီနီးနီးရှိတဲ့ စကားလုံးအချို့ကို သုံးတတ်လာတာမျိုးပါ။ ခြုံငုံပြောရရင် ၃ နှစ်အထက်အရွယ်မှာတော့ ဝေါဟာရစကားလုံးတွေကိုကျယ်ကျယ်ပြန့်ပြန့် သိလာကြတယ်။ အခြေခံဝါကျတည်ဆောက်ပုံတွေတင်မကဘဲ ပိုပြီး မြင့်တဲ့ ဝါကျတည်ဆောက်ပုံတွေကိုပါ အသုံးပြုလာနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာ ကလေးတွေ သုံးတဲ့ ဘာသာစကားက ဆယ်ကျော်သက်နဲ့လူကြီးတွေသုံးတဲ့ ဘာသာစကားနဲ့တော့ တူနေနိုင်မှာ မဟုတ်ပါဘူး။   ကလေးနဲ့ စကားပြောတတ်ခြင်းအကြောင်း ပြောရာမှာ ဆက်စပ်ပါဝင်လာတာကတော့ Speech Delay လို့ ခေါ်တဲ့စကားပြောနောက်ကျခြင်းကိစ္စပါပဲ။ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် စကားပြောတတ်ချိန်၊ စကားပြောတတ်နှုန်းမတူကြပါဘူး။ ယေဘုယျတွေ့ရှိချက်တွေကနေ သွေဖည်ပြီး speech delay ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ (၁) ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများ၊ (၂) လိင်ကွဲပြားခြင်း၊ (၃) မျိုးရိုးဗီဇတို့ပဲ ဖြစ်ပါတယ်။   (၁) မိသားစုရဲ့ လူမှုစီးပွားရေးအခြေအနေ (Socioeconomic Status – SES)၊ မိဘရဲ့ ပညာရေးအဆင့်အတန်း၊ကျန်းမာရေးအဆင့်အတန်း၊ ကလေးနဲ့ မိဘကြားက ထိတွေ့ဆက်ဆံမှုအဆင့် စတဲ့ မိသားစုဝန်းကျင်ဆိုင်ရာအကြောင်းတရားတွေက ကလေးရဲ့ ဘာသာစကားသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ SES မြင့်တဲ့ မိသားစုက ကလေးဟာ SES နိမ့်တဲ့ မိသားစုက ကလေးထက် စကားလုံးရေ သန်း ၃၀ ကျော်ပိုပြီး ထိတွေ့ခွင့်ရတာတွေ၊ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေက အခြားအခြားသော ကျန်းမာရေးချို့ယွင်းချက်တွေ၊ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေကြောင့် speech delay အဖြစ်များတာတွေ စတဲ့ ကိစ္စရပ်တွေလိုပါ။   (၂) ကျား/မ လိင်ကွဲပြားခြင်းက စကားပြောတတ်တဲ့ ဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှုရှိစေတာကတော့ SES မြင့်တဲ့မိသားစုတွေမှာမဟုတ်ဘဲ SES နိမ့်တဲ့ မိသားစုတွေမှာပဲ တွေ့ရတယ်လို့ သုတေသနစစ်တမ်းတွေက ဖော်ပြကြပါတယ်။အထူးသဖြင့် ယောက်ျားလေးတွေက မိန်းကလေးတွေထက် speech delay အဖြစ်များပြီး ဘာသာစကားတိုးတက်မှုဖြစ်စဉ်နှောင့်နှေးတာတွေကိုလဲ ယောက်ျားလေးတွေမှာ ပိုပြီးတွေ့ရပါတယ်။ ကိုယ်ခံအားတုံ့ပြန်မှု ဒါမှမဟုတ်testosterone လို ဟော်မုန်းတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ယောက်ျားလေးတွေမှာ ပိုပြီးအဖြစ်များနိုင်ခြေရှိတယ်လို့ ယူဆကြတာပါ။   (၃) မျိုးရိုးဗီဇကွဲပြားခြင်းက ကလေးတစ်ယောက်ရဲ့ သင်ယူတတ်မြောက်နိုင်စွမ်းနှုန်းအတွက် အတော်လေး အရေးကြီးတဲ့အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲရှိတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ကလေးက အခက်အခဲမရှိတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ ကလေးထက် ၃ ဆကျော် ပိုမြင့်တဲ့ အဟန့်အတားမျိုးတွေကြုံရတာကို ပညာရှင်တွေက လေ့လာတွေ့ရှိထားပြီးပါပြီ။ ဒါ့အပြင် မိသားစုတစ်စုမှာ reading disorder ရှိနေတာကကလေးတွေကို language disorder ဖြစ်ဖို့ အခွင့်ပိုများနေတာကိုလဲ တွေ့ရပါတယ်။   အထက်မှာ တင်ပြထားတဲ့ အချက်အလက်တွေက မြန်မာဘာသာစကားမဟုတ်တဲ့ အခြားသော ဘာသာစကားတွေကိုသိပ္ပံနည်းကျလေ့လာထားတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။ မြန်မာဘာသာစကားသုံးတဲ့ ကလေးငယ်တွေရဲ့ ပထမဘာသာစကားသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်ကိုတော့ ထပ်မံလေ့လာဖို့ လိုအပ်နေဆဲပါ။ မြန်မာဘာသာစကားနဲ့ ရေးသားထားတဲ့ ဆိုင်ရာနယ်ပယ်က စာအုပ်စာတမ်း (မရှိသလောက်) နည်းပါးခြင်းနဲ့ လေ့လာနိုင်ဖို့ အရင်းအမြစ်အထောက်အပံ့တွေ နည်းပါးနေတာတွေကြောင့် ဒီပညာရပ်နယ်ပယ်မှာ မြန်မာဘာသာစကားကို ပထမဘာသာစကားအဖြစ် သင်ယူတတ်မြောက်ခြင်းကို လေ့လာထားတဲ့ သုတေသနတွေ နည်းပါးနေခြင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကလေးငယ်တွေရှိနေတဲ့မိသားစုတွေက ကိုယ့်ရဲ့ သားသမီး၊ မြေး၊ တူ၊ တူမ၊ ညီ၊ မောင်၊ ညီမတွေရဲ့ စကားပြောတတ်လာပုံကို အထက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ချိန်ထိုးကြည့်ပြီး ဆန်းစစ်ကြည့်ရင်တော့ သိနားလည်နိုင်စရာ တစ်ခုခုရလာမှာတော့ အသေအချာပါပဲ။  ။   References – Bainbridge, C. (2022). How do babies and young children learn language?, Verywell Family. [online] https://www.verywellfamily.com/how-do-children-learn-language-1449116   Bergelson E, Swingley D. At 6-9 months, human infants know the meanings of many common nouns. Proc Natl Acad Sci USA. 2012;109(9):3253-8. https://doi.org/10.1073/pnas.1113380109   Feldman, H.M. (2019). How young children learn language and speech, Pediatrics in review. [online] Available…

Read More