Author: Fact Hub Editor Team

ငလျင်ဟာ မိနစ်ပိုင်းလေးအတွင်းမှာတင် လူအများကြီးရဲ့ ဘဝတွေကို အကြီးအကျယ် ပြောင်းလဲစေနိုင်ခဲ့တာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပြီးပါပြီ။ အားကောင်းတဲ့ ငလျင်ဒဏ်ကို ခံခဲ့ရပြီးတဲ့နောက် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသူတွေ၊ အသက်ဘေးကနေ လွတ်မြောက်လာသူတွေကြားမှာ Survivor Guilt (ရှင်ကျန်ရစ်ရတဲ့အတွက် အပြစ်ရှိသလို ခံစားရတာ) တွေ ဖြစ်ကြမှာ အနည်းနဲ့အများပါပဲ။ ဒီငလျင်ဒဏ်ကနေ လွတ်မြောက်ပြီး ရှင်သန်ကျန်ရစ်ရတဲ့အခါ —“ငါတို့အိမ်ကပဲ ပြိုမသွားခဲ့ဘူး . . . ဒါပေမဲ့ အနားက အိမ်တွေ ပြိုသွားတယ်”“ငါတို့ ဘာမှ မကူညီနိုင်ခဲ့ဘူး . . . သူတို့အော်သံတွေ ကြားခဲ့ရတယ် . . .”“ငါ ပြည်ပကို ရောက်နေတာ၊ ငွေအားလဲ ကူဖို့ ခက်၊ လူအားလဲ မကူနိုင်နဲ့”“ငါ ဒီတိုင်းပဲ ရှင်သန်နေရစ်ရတာ စိတ်ပင်ပန်းချက်ပဲ၊ ငါ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလား”“ငါက ဘာလို့ ဒီလို ကံမျက်နှာသာပေးခံရတာလဲ”စတဲ့ အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေ အသက်ဆုံးရှုံးလိုက်ရချိန်၊ ဒုက္ခရောက်နေချိန်မှာ ကိုယ်က ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ခံစားချက်တွေ မြင့်လာတတ်ပြီး လောလောလတ်လတ်လဲ လူပမာဏတစ်ခုထိ ခံစားနေကြရပါတယ်။ Survivor Guilt ရဲ့ လက္ခဏာရပ်တွေကတော့— ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်ပြီး အပြစ်တင်တွေးတောတတ်လာခြင်း— ငလျင်ဘေးသင့်သူတွေရဲ့ နာကျင်မှုဝေဒနာအတွက် အလွန်အမင်း စိတ်ပင်ပန်းပူပန်ရခြင်း— စိတ်ခံစားချက်တွေ ရောထွေးလာခြင်း (ဝမ်းနည်းမှု၊ စိုးရိမ်မှု၊ ပူပန်မှု၊ ဒေါသ၊ အပြစ်ရှိစိတ်)— ပုံမှန် လုပ်နေတဲ့ အလုပ်တွေမှာ စိတ်ဝင်စားမှု လျော့နည်းပျောက်ဆုံးလာခြင်း— အိပ်ပျော်ရခက်ခြင်း/…

Read More

ငလျင်ကို ခန့်မှန်းနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေက နည်းလမ်းမျိုးစုံ၊ သုတေသနမျိုးစုံနဲ့ ခန့်မှန်းမော်ဒယ်မျိုးစုံကို ပြုစုလေ့လာခဲ့ကြပါတယ်။ ၁၉၇၀ ခုနှစ် ကာလတွေဟာ မြေငလျင်ခန့်မှန်းမှုအပေါ် ပညာရပ်ပိုင်းဆိုင်ရာ အပြုသဘောဆောင်တဲ့အမြင်တွေ လွှမ်းမိုးခဲ့တဲ့ အချိန်ပါ။ ငလျင်ဟာ ကျောက်လွှာရွေ့လျားမှုကြောင့် ဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပြီး ဒီကျောက်လွှာတွေရဲ့ ဘူမိအခြေအနေတွေကို လေ့လာပြီး ငလျင်ကို ကြိုတင်ခန့်မှန်းလို့ ရမယ်ဆိုပြီး ယူဆခဲ့ကြတယ်။ ဒါပေမဲ့ ပညာရှင်တွေ ထုတ်ပြန်ခဲ့သမျှ သုတေသနစာတမ်းတွေ၊ သီအိုရီမော်ဒယ်တွေအားလုံး ငလျင်ခန့်မှန်းမှုမှာ ကျရှုံးခဲ့ကြပြီး အဲဒီအချိန်ကာလက ခန့်မှန်းမှုမှန်သမျှ တစ်ခုမှ အလုပ်မဖြစ်ခဲ့ကြပါဘူး။ ၁၉၉၀ ခုနှစ်ပတ်လည်ကို ရောက်တော့မှသာ ပညာရှင်တချို့က မဝန်ခံချင်ဘဲ ဝန်ခံလာရတာပါ — “ငလျင်ဟာ ကြိုတင်ခန့်မှန်းလို့ မရဘူး” ဆိုတာကိုပေါ့။ ငလျင်ခန့်မှန်းဖို့အတွက် အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတွေကို အောက်မှာ တစ်ခုချင်းစီ ရှင်းပြပေးသွားပါမယ်။ ၁) ငလျင်လှုပ်ရှားပုံ ပြောင်းလဲခြင်း ဒီနည်းလမ်းဟာ ငလျင်အကြောင်း ဗဟုသုတအနည်းငယ် ရှိပြီးသား လူတွေအတွက် အထူးအဆန်း မဟုတ်ပါဘူး။ တည်နေရာတစ်ခုရဲ့ ငလျင်လှုပ်ခတ်ပုံစက်ဝန်းကို ကြည့်ရှုပြီး ခန့်မှန်းမော်ဒယ်တစ်ခု တည်ဆောက်လိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အများဆုံး အသုံးပြုတဲ့ နည်းလမ်းကတော့ ရှေ့ပြေးငလျင်တွေကို လေ့လာပြီး အဲဒီငလျင်တွေရဲ့ ဗဟိုချက်အနီးမှာ ငလျင်ကြီးတစ်ခု ထပ်မံလှုပ်ခတ်လာနိုင်တယ်လို့ ခန့်မှန်းကြတဲ့ ပုံစံပါ။ ဒီနည်းလမ်းရဲ့ အားနည်းချက်က ငလျင်တစ်ခုဟာ ရှေ့ပြေးငလျင် ဖြစ်တယ်လို့ ပုံသေပြောနိုင်တဲ့ နိယာမ မရှိ‌သေးတာပါ။ ငလျင်တွေဟာ ရှေ့ပြေးငလျင် ဖြစ်နိုင်သလို ပုံမှန်ဘူမိလှုပ်ရှားမှုတစ်ခုလဲ ဖြစ်နိုင်ပါတယ် (ငလျင်ကြီးမလှုပ်ခင် ဖြစ်ပေါ်တဲ့ ငလျင်တိုင်းကို ရှေ့ပြေးငလျင်လို့ အဓိပ္ပာယ်သတ်မှတ်ထားတာပါ)။…

Read More

လတ်တလော မန္တလေးကျုံးမှာ ပေါလာပေါ်နေတဲ့ ဖော့ဘူးခွံတွေဟာ လာရောက်လှူဒါန်းသူတွေအတွက် စိတ်မချမ်းမြေ့စရာဖြစ်သလို ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံစားထားရတဲ့ မန္တလေးအတွက်လဲ ရတက်မအေးစရာ ဖြစ်လာပါတယ်။ သဘာ၀ဘေးအန္တရာယ်တွေရဲ့ နောက်မှာ ၀မ်းပျက်၀မ်းလျှောလိုမျိုး ကူးစက်ရောဂါတွေ ကပ်ပါလေ့ရှိတာမို့ အခုလိုအချိန်မှာ ရေရင်းမြစ်၊ မိလ္လာစနစ်နဲ့၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်သင့်ပါတယ်။ အမှိုက်တွေကို စနစ်တကျမစွန့်ပစ်တာ၊ ရှိတဲ့ ရေရင်းမြစ်တွေကို ညစ်ညမ်းအောင်ပြုလုပ်နေတာက ကိုယ့်ကိုယ်ကိုယ်တင်မဟုတ်ဘဲ အများကိုပါ ဒုက္ခပေးရာ ရောက်ပါတယ်။ ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးတွေကနေ ထွက်လာတဲ့ ဓာတုအမှုန်အမွှားတွေ၊ အနည်ထိုင်ပြီးသားကနေ ပြန်တိုးလာမဲ့ ရေအောက်ခြေက အနည်တွေဟာ ရှိနေပြီးသား သောက်သုံးရေရင်းမြစ်တွေကို ညစ်ညမ်းစေတာပါ။ ဒီလိုအခြေနေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်လို့ ရောဂါသယ်ဆောင်တဲ့ ကြွက်တွေကနေ ပိုဆိုးလာမဲ့ အရေပြားရောဂါ၊ ၀မ်းရောဂါတွေပါ ဖြစ်လာနိုင်တာပေါ့။ ကြွက်တွေ ပေါများလာတာနဲ့အတူ ဒီလို မဆင်မခြင် လုပ်လိုက်တာက မြွေတွေကိုပါ ဖိတ်ခေါ်ရာရောက်ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ ၀င်ထွက်နေချိန်မှာ စည်းကမ်းမဲ့ လုပ်ရပ်တွေက အတော်ကို ရုပ်ဆိုးအကျည်းတန်စေပါတယ်။ ဒါကြောင့် အစားမစားမီနဲ့ စားပြီးချိန်မှာ လက်ကို လက်သန့်ဆေးရည်၊ ဒါမှမဟုတ် ဆပ်ပြာနဲ့ သေချာဆေးကြော၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပြီး ပြည်သူလူ‌ထုရဲ့ ကျန်းမာရေးကို ကိုယ်စီ တာ၀န်ယူစောင့်ရှောက်ကြတာက အကောင်းဆုံးအဖြေတစ်ခုပါပဲ။ ။ Written by NoonYukiReleased from Fact Hub Go: Content Writer Desk, Earthquake Response©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 |…

Read More

အင်တာနက်ပေါ် ပျံ့နှံ့နေတဲ့ မြစ်ရေခမ်းတယ်၊ မြေကျွံကျတယ် ဆိုတဲ့ ပုံတွေကို စစ်ဆေးကြည့်တဲ့အခါ ဒီဖြစ်ရပ်ဟာ မြေကျွံကျလို့ဆိုတဲ့ အကြောင်းရင်းထက် မြေအရည်ပျော်လို့ ဆိုတဲ့ အကြောင်းရင်းက ပိုပြီး ဖြစ်နိုင်ခြေရှိတာ တွေ့ရပါတယ်။ ဒီလို ယူဆရတဲ့ အကြောင်းရင်းတွေကတော့ — ၁။ မြေကျွံကျင်း (Sinkhole) ဆိုတာ နေရာတစ်ခုရဲ့ အောက်ဘက်မှာ မြေအောက်ရေပြင် နိမ့်ကျသွားလို့ ဖြစ်လာတာပါ။ မြေအောက်ရေ နိမ့်လာတဲ့အခါ သူနဲ့အတူ ‌သတ္ထုဓါတ်တွေကိုပါ ပျော်ဝင်သွားစေပြီး မြေအောက်ထဲမှာ အခေါင်းပွတစ်ခု ဖြစ်လာစေပါတယ်။ ဒီလို အခေါင်းပွနေရာဟာ အပေါ်ဘက်မြေသားရဲ့ အလေးချိန်ကို မခံနိုင်တဲ့အတွက် အောက်ကို ကျွံကျသွားပြီး မြေကျွံကျင်းတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပုံထဲက ဖြစ်ရပ်မှာတော့ မြေကျွံကျင်းတွေရဲ့ လက္ခဏာကို မတွေ့ရပါဘူး။ မြေကျွံကျင်းဖြစ်မယ်ဆိုရင် ကျွံကျတဲ့နေရာတစ်နေရာကပဲ မြေသားပျော့ပြောင်းရမှာဖြစ်ပြီး အခုပုံမှာတော့ ဧရိယာတစ်ခုလုံးမှာ မြေသားပျော့ပြောင်းနေတာကို မြင်တွေ့ရမှာပါ။ ၂။ ပုံထဲက ကျင်းဘေးနား မြေဆီလွှာတွေဟာ မြေအရည်ပျော်ခြင်းရဲ့ လက္ခဏာတွေနဲ့ ဆင်တူနေပါတယ်။ ဧရိယာတစ်ခုလုံးနီးပါးဟာ ရေပြည့်ဝတဲ့ မြေဆီလွှာ ဖြစ်နေပြီး မြေအရည်ပျော်ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် ယူဆလို့ရပါတယ်။ ၃။ မြေအရည်ပျော်တဲ့အခါ မြေအောက်က ရေတွေက ငလျင်ဒဏ်ဖိအားကြောင့် အပေါ်ကို တိုးထွက်လာပြီး မြေလွှာထဲက သဲတွေကိုပါ အပေါ်ကို တွန်းတင်ပေးထားပါတယ်။ ဒါကြောင့် မြေအရည်ပျော်ခြင်း ဖြစ်ပေါ်တဲ့နေရာမှာ သဲပွင့်တောင် (Sand Volcano) လေးတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဒီပုံဟာ သဲပွင့်တောင်တစ်ခုသာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အဝါရောင်ကတော့ သဲတွေ အပေါ်ကို တွန်းတင်ခံရရင်း…

Read More

ငှက်တွေ အုပ်စုဖွဲ့ပျံသန်းတယ်ဆိုတာ ဆင့်ကဲပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ပုံမှန်အပြုအမူတွေပါ။ ဒီကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရလဲဆိုရင် . . . — အမဲလိုက် သားရဲတိရစ္ဆာန်တွေကို ဝေခွဲမရ ဖြစ်စေတယ် (အုပ်စုဖွဲ့ပြီး ပျံသန်းနေကြတာ ဖြစ်လို့ ဘယ်ငှက်ကို ပစ်မှတ်ထားရမလဲ ဆိုတာက သားရဲတစ်ကောင်ရဲ့ စိတ်ကို ဝေဝါးစေပါတယ်)။ — အစာရင်းမြစ်တည်ရှိရာကို အချင်းချင်း လမ်းညွှန်ကြတယ်။ — ခရီးဝေးပြန်သန်းတဲ့ နေရာမှာ စွမ်းအင်ကုန်ဆုံးမှုကို သက်သာစေတယ် (အင်္ဂလိပ်အက္ခရာ ဗွီ – V ပုံသဏ္ဌာန်နဲ့ ပျံသန်းတဲ့အခါ ရှေ့ဆုံးငှက် တောင်ပံခတ်ရာကနေ ဖြစ်ပေါ်လာတဲ့ လေဝဲအသေးစားတွေက နောက်မှာ ပါလာတဲ့ ငှက်တွေကို ပင့်ပေးလိုက်သလို ဖြစ်စေတယ်။ ‌ဒါကြောင့်ပဲ ဥပမာပြရရင် ကြိုးကြာငှက်တွေ ဆောင်းခိုချိန် ရက်ရှည်ခရီးနှင်တဲ့အခါ စွမ်းအင်သုံးစွဲမှုကို သက်သာစေတာပါ)။ — မိတ်လိုက်ဖက် ရှာဖွေမှုနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ထိရောက်စေတယ်။ ငှက်တွေဟာ သားရဲနဲ့ ကြုံတွေ့ရတဲ့အခါ၊ အစာရှာတဲ့အခါနဲ့ အိပ်တန်းတက်ဖို့ ပြင်တဲ့အခါ အလားတူ အုပ်စုဖွဲ့ပျံသန်းလေ့ရှိကြပြီး ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာပါ။ ဒါကြောင့် ပုံထဲမှာ မြင်တွေ့နေရတဲ့ အုပ်စုဖွဲ့ပျံသန်းမှုက မုန်တိုင်း၀င်လာနိုင်ခြေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အထောက်အထားတစ်ခု မဟုတ်ပါဘူး။ ထပ်ပြီး အသိပေးလိုတာက အခုလို ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ စိတ်နှလုံး မအေးချမ်းနေချိန်ဖြစ်တဲ့အတွက် အလန့်တကြားဖြစ်စေမဲ့ သတင်းအကြောင်းအရာတွေကို မစိစစ်ပါဘဲ လူမှုကွန်ယက်မှာ မဖြန့်ဝေဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို သတင်းမှားတွေဟာ ပြည်သူတွေရဲ့ အကျိုးကို တိုက်ရိုက် ထိခိုက်သက်ရောက်တာမျိုး မရှိခဲ့ရင်တောင် စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှု…

Read More

မုန်တိုင်းကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူကြားမှာ လတ်တလော ပြန့်နှံ့နေတဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒီအင်တာဗျူးကို ပြီးခဲ့တဲ့ရက်က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး လက်ရှိ ဦးဝင်းနိုင်ဘက် ထပ်တိုးပြောကြားချက်အရ ဧပြီ ၆ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျော့ကျသွားပါပြီ။ ဒါ့အပြင် လာမဲ့ ဧပြီပထမအပတ်ထဲမှာလဲ ငလျင်လှုပ်ခတ်ထားတဲ့ အထက်ဒေသတွေမှာ မိုးရွာနိုင်ခြေ အင်မတန်နည်းနိုင်တယ်လို့ သူက ပြောပါတယ်။ လေဖိအားနည်းရပ်ဝန်းတောင် ဖြစ်ပေါ်လာဖို့ မသေချာတဲ့ အခြေအနေမို့ အစိုးရိမ်လွန်တာထက် ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက မိုးလေဝသခန့်မှန်းချက်တွေကိုပဲ နားစွင့်ထားသင့်တာပါ။ Released from Fact Hub Go: Earthquake Response©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 Fact_Hub #Earthquake_Response_12

Read More

မြေငလျင်တစ်ခု လှုပ်ခတ်ပြီးသွားရင် မြေသားအတွင်းပိုင်းမှာ ရှိတဲ့ အမှုန်လေးတွေက တုန်ခါမှုကြောင့် မြေသားရဲ့ တည်ဆောက်ပုံကို ပြောင်းလဲသွားစေပါတယ်။ ဒါက မြေသားရဲ့ ကြံ့ခိုင်မှုလို့ ခေါ်တဲ့ Shear-Strength ကို အတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေပါတယ် (Shear-Strength ဆိုတာက မြေသားကို ဘေးတိုက် ရွေ့လျားစေတဲ့ အားတွေကို ပြန်ခုခံခြင်းလို့ အကြမ်းဖျင်း မှတ်လို့ရပြီး ဒီ S-S မြင့်ရင် မြင့်သလောက် မြေသားကြံ့ခိုင်မှု ကောင်းတဲ့အတွက် မြေပြိုနိုင်မှုလဲ နည်းစေပါတယ်)။ တစ်နည်းပြောရရင် ပုံစံတကျရှိပြီးသား မြေမှုန်တွေက ငလျင်ကြောင့် ပရမ်းပတာဖြစ်ကုန်တာမျိုးပေါ့။ ရေပါ၀င်မှုများတဲ့ မြေသားမှာဆိုရင် ဒီဖြစ်စဉ်ကြောင့် မြေသားဖွဲ့စည်းမှု လုံး၀ ပျက်ယွင်းသွားပြီး မြေအရည်ပျော်ခြင်း (Liquefaction) ကို ဖြစ်ပေါ်စေပါတယ်။ လက်ရှိ Fact Hub Myanmar က စာရင်းပြုစုထားရသလောက် ငလျင်လှုပ်ခတ်မှုကြောင့် မြေအရည်ပျော်ခြင်း ဖြစ်ပွားတဲ့ နေရာတွေက — အင်း၀တံတား (ငလျင်ပြီးနောက် မြစ်အောက်ကြမ်းပြင် မြေအရည်ပျော်မှု‌ကြောင့် အောက်ခြေတိုင် ဖောင်ဒေးရှင်းတွေ ပြိုလဲသွားတယ်လို့ ယူဆရတယ်) — မန္တလေးနဲ့ စစ်ကိုင်းအနီးတစ်ဝိုက် (ဒီနေရာတွေရဲ့ မြေအရည်ပျော်တာကို အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း (ISRO) ရဲ့ CARTOSAT-3 ဂြိုဟ်တု ပုံရိပ်တွေကနေ အတည်ပြုထားပါတယ်) — မြစ်သားမြို့နယ် (Facebook မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ သိရပါတယ်) တွေပဲ ဖြစ်ပါတယ်။ လက်ရှိ မိုးလေ၀သခန့်မှန်းမော်ဒယ်တွေအရ ဧပြီလ လဆန်းပိုင်း ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ မိုးထစ်ချုန်းရွာမယ်လို့…

Read More

အခုအချိန်မှာ ကယ်ဆယ်ရေးပိုင်း မလုံလောက်တာကနေ စလို့ လူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်မဲ့ အခြေအအနေကနေ အသက်မပါပဲ DB ကို ဆွဲထုတ်ရတဲ့ အနေအထားတွေ ဖြစ်နေသလို ဆွဲမထုတ်နိုင်တဲ့ DB တွေလဲ များစွာ ရရှိနေပါတယ်။ ဒီ DB တွေက အချိန်ကြာလာတာနဲ့ ယိုယွင်းပျက်စီးလာပြီး အနံ့ဆိုးအပါအဝင် အခြားသော အန္တရာယ်ရှိ ဓာတ်ငွေ့တချို့နဲ့ ဘက်တီးရီးယားတွေ ထွက်လာပါတယ်။ ဒါကြောင့်မို့ မဖယ်ရှားနိုင်သေးတဲ့ အခြေအနေမှာ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေအနေနဲ့ ဘယ်လိုမျိုး အန္တရာယ်ကင်းအောင် ဘယ်လိုနေရမလဲ ဆိုတာကို ပြောပြသွားပါမယ်။ ၁။ Mask တပ်ပါ / Mask မရှိပါက အဝတ်သန့်သန့်ဖြင့် နှာခေါင်းကို အုပ်စည်းပါ — အသက်ရှင်ဖို့၊ အသက်ရှူဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ထုတ်မရတဲ့ DB တွေကြောင့် အနံ့ဆိုးတွေကို ရှူနေရပြီဆိုရင် Mask တပ်ဖို့ လိုအပ်ပါတယ်။ ပမာဏ အတော်များများကို ရှူမိလိုက်တာမျိုးက လူကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရှူမိလိုက်တဲ့ လူက ဘာရောဂါအခံမှ ရှိမနေရင်တော့ လူကို ပျို့အန်စေတာလောက်က လွဲပြီး အန္တရာယ်မပေးနိုင်သလို ရောဂါအခံရှိရင်လဲ မူးဝေတာ၊ အန်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အနံ့ဆိုးတွေ ရနေတယ်ဆိုရင် Mask ရတာ (ရှိတာ) နဲ့ Mask တပ်ပါ။ အဲဒီလိုမှ မလွယ်ကူရင်တော့ အဝတ်သန့်သန့်တစ်ခုကို အုပ်စည်းလိုက်ပါ။ စည်းတဲ့နေရာမှာ နှာခေါင်းရော ပါးစပ်ကိုရော ပါအောင်စည်းဖို့လဲ အကြံပြုချင်ပါတယ်။ ၂။…

Read More

မြန်မာကုန်းတွင်းပိုင်းထဲကို လာမဲ့ ဧပြီ ပထမပတ်ဝန်းကျင်မှာ မုန်တိုင်းဝင်မယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါင်းစုံကနေ မျှဝေနေကြပါတယ်။ ဒီမျှဝေချက်က အပြည့်အဝ မမှန်ကန်တဲ့အပြင် မိုးလေဝသခန့်မှန်းချက်တွေကို မှားယွင်းကောက်ချက်ချရင်း အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်နေတာပါ။ လက်ရှိအချိန်ထိ လေဖိအားနည်းရပ်ဝန်းတောင် ပေါ်ပေါက်နိုင်ခြေ မြင့်တယ်လို့ပဲ ခန့်မှန်းနေကြဆဲ ဖြစ်ပြီး မုန်တိုင်းတစ်ရပ်အသွင်ပြောင်းသွားဖို့၊ မုန်တိုင်းဖြစ်ပေါ်ရင်တောင် အင်အားပြင်းဖို့၊ မြန်မာကုန်းတွင်းပိုင်းထဲကို ဝင်ဖို့ ဆိုတာက တပ်အပ်ပြောမရသေးတဲ့ အခြေအနေပါ။ ဒါပေမဲ့ မိုးရွာနိုင်ခြေတော့ ရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ Fact Hub က ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ရင်း အချက်အလက် စစ်ဆေးနိုင်ဖို့ မိုးလေဝသသတင်းတွေ အချိန်နဲ့တပြေးညီ အစီရင်ခံတင်ပြနေတဲ့ MMWeather ရဲ့ မိုးဇလပညာရှင် ဦးဝင်းနိုင်ကို FH Fact-check ရဲ့ ကိုမင်းဇက်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဆက်သွယ်မေးမြန်းချက်ကို အောက်မှာ တင်ပြထားပါတယ်။ ပိုစ့်ရဲ့ အဆုံးမှာတော့ ဖတ်ရှုသူတွေ လက်ရှိအချိန်မှာ အမှန်ယူနိုင်မဲ့ ကောက်ချက်တစ်ရပ်ကို ဖော်ပြပေးထားမှာပါ။ မင်း။ ။ ဆရာ၊ လက်ရှိအခြေအနေလေး ရှင်းပြပေးပါ။ ဝင်း။ ။ ဆရာတို့ဆီမှာ ၂ ပတ်ကနေ ၄ ပတ်ထိ ကြိုပြီး မိုးလေဝသခန့်မှန်းချက်တွေ ကြည့်လို့ရတဲ့ မော်ဒယ်တွေ ရှိတယ်။ တကယ်တမ်း ဖြစ်လာနိုင်တဲ့ အနေအထားကတော့ ဧပြီ ၂ ရက်လောက်ကျမှ ထိုင်းပင်လယ်ကွေ့ ဖူးခက်အောက်ဘက်ကနေ ကပ္ပလီပင်လယ်တောင်ပိုင်းကို လေဖိအားနည်းရပ်ဝန်း စ,ဝင်လာနိုင်ဖို့ ရှိတယ်။ ဒီဘက် ကပ္ပလီပင်လယ်ပြင်ဘက်ကို ရောက်လာပြီးတော့မှ မလက္ကာရေလက်ကြားကြီးရဲ့ လေဝဲတွေနဲ့ ဆုံပြီးတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်မှာ။…

Read More

မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားမှာ အလွန်ဆိုးရွားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မိမိဆွေမျိုးမိတ်ဆွေနဲ့ မိသားစုဝင် ပျောက်ဆုံးနေသူတွေ ရှာတဲ့ပို့စ်တွေ၊ အဆောက်အဦးပြိုကျလို့ အထဲမှာ ပိတ်မိနေသူတွေကို ရှာတဲ့ပိုစ့်တွေ၊ တစ်ဖက်မှာ ကူညီကယ်ဆယ်နေသူတွေ ဖုန်းအားသွင်းတာနဲ့ ဘေလ်က စလို့ သောက်ရေ၊ အစားအစာ၊ ဆေးဝါး ကူညီတဲ့ ပို့စ်တွေ လူမှုကွန်ယက်စာမျက်နှာ (Social Media) မှာ များစွာရှိလာပေမဲ့ အကူအညီပေးသူတွေနဲ့ အကူအညီလိုအပ်နေသူကြားမှာ အချက်အလက်စီးဆင်းမှု နှေးကွေးနေပါသေးတယ်။ ဒါကြောင့် Social Media တွေရဲ့ အလွန်အသုံးဝင်တဲ့ Hashtag Feature ကို မျှဝေပေးချင်ပါတယ်။ Hashtag ဆိုတာ . . . လွယ်လွယ်ပြောရရင် အဘိဓာန်တွေ၊ လမ်းညွှန်စာအုပ်တွေမှာ ကိုယ်အလိုရှိရာ စကားလုံးကို မြန်မြန်ရှာနိုင်အောင် စီစဉ်ထားတဲ့ ထိပ်ဆုံးအက္ခရာတွေလိုပါပဲ။ Social Media လိုမျိုး တစ်စက္ကန့်မှာ တစ်သောင်းနီးနီးတက်နေတဲ့ ပို့စ်တွေကြားမှာ အကြောင်းအရာတူတွေကို ဒီ # လေးတစ်ခုက စုစည်းပေးမှာ ဖြစ်ပါတယ်။ # နဲ့တွဲပြီး သက်ဆိုင်ရာ Keyword ကို ထည့်ပေးလိုက်ရုံနဲ့ # သုံးတဲ့ နေရာမှာ သတိပြုဖို့တွေ ရှိပါတယ်။ Facebook မှာ အထိရောက်ဆုံး # အရေအတွက်က ပို့စ်တစ်ခုမှာ ၃ ခု ကနေ ၄ ခု အထိ ဖြစ်ပါတယ်။ # ရဲ့နောက်က စာလုံးတွေမှာ Space မခြားမိဖို့လဲ…

Read More

ပြီးခဲ့တဲ့ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၆၀၀ ထက်ကို ကျော်လွန်သွားပြီး ဒဏ်ရာရရှိသူဟာလဲ ၄၀၀၀ အထက်မှာ ရှိနေပါတယ်။ ကယ်ဆယ်ရေး မလုံလောက်တာ၊ လျှပ်စစ်မီးမရရှိတာနဲ့ လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ မလုံလောက်တာ‌တွေကြောင့် အခြေအနေက ထင်ထားတာထက်ကို အများကြီး ပိုဆိုးနေပါတယ်။ ဒီလိုမျိုး သေဆုံးသူဦးရေ များလာတာနဲ့ အမျှ Deadbody (DB) တွေကို ထိန်းသိမ်းဖို့၊ မိသားစု၀င်တွေဆီကို ပြန်ပေးဖို့၊ သင်္ဂြိုလ်ဖို့အတွက် DB ထည့်တဲ့ အိတ်တွေ လိုအပ်လာပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေအနေနဲ့ အဓိက သောက်သုံးရေ၊ စားစရာတွေကို အားထားနေကြပေမဲ့ ဒီ DB ထည့်တဲ့ အိတ်တွေကိုတော့ ထင်သလောက် မရရှိကြသေးပါဘူး။ ဒါဟာ တစ်ပူပေါ် နှစ်ပူဆင့်သလို ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေ အများကြီး ရှိလာနိုင်ပါတယ်။ သေဆုံးသွားပြီး ကျန်ခဲ့တဲ့ DB တွေက လူတွေကို ဘာအန္တရယ်ဖြစ်စေနိုင်လဲ . . . ? လူတွေသေဆုံးသွားတဲ့အခါမှာ အချိန်အားဖြင့် ၁၂ နာရီကနေ ၂၄ နာရီအတွင်း ပုံမှန်ရာသီဥတုမှာ စတင်ပုပ်သိုးပါတယ်။ ရာသီဥတု အအေးဘက်ပါရင်တောင် အပြင် အခန်းအပူချိန်မှာ ၄၈ နာရီထက် ပိုပြီး ထားလို့ မရပါဘူး။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ရာသီဥတုအရဆိုရင် ၁၅ နာရီဝန်းကျင်လောက်မှာ ပုပ်သိုးနိုင်ပါတယ်။ ဒီလို ပုပ်သိုးခြင်းကပဲ ဘေးပတ်ဝန်းကျင်ကို အန္တရာယ်ရှိစေနိုင်ပါတယ်။ DB တွေဟာ ပုပ်သိုးတဲ့ဖြစ်စဉ်ကြောင့် အန္တရာယ်ရှိတဲ့…

Read More

ငလျင်ဘေးဒဏ် ကြုံရတဲ့ အရေးပေါ်အခြေအနေတွေမှာ သောက်သုံးရေကတစ်ဆင့် ကျန်းမာရေးအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ များစွာ ဖြစ်စေနိုင်ပါတယ်။ ပိုက်ခေါင်းက လာတဲ့ ရေတွေ၊ ဘုံပိုင်ရေတွေ၊ စိတ်မချရတဲ့ အခြားအရင်းအမြစ်က လာတဲ့ ရေတွေဟာ တိုက်ရိုက်သောက်သုံးတာ၊ ချက်ပြုတ်ဖို့ သုံးတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် သုံးတာမျိုးတွေအတွက် မသင့်တော်ပါဘူး။ ဒါကြောင့် ယခုလို ဒီလိုကာလမှာ ရေကို ဘယ်လို သန့်စင်နိုင်ပါသလဲ . . . ? ၁။ ကျိုချက်ခြင်းဒီနည်းလမ်းက အကောင်းဆုံး ဖြစ်ပါတယ်။ ရေကို ကျိုချက်လိုက်တဲ့အခါ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးကောင်တွေလို ရောဂါပိုးမွှားတွေကို ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်ပါတယ်။ ကျိုချက်တဲ့အခါ— ရေက မကြည်မလင် ဖြစ်နေရင် အဝတ်သန့်သန့်တစ်ထည် ဒါမှဟုတ် မျက်နှာသုတ်ပုဝါသန့်သန့်တစ်ခုနဲ့ အရင်ဆုံးစစ်ထုတ်ပါ။— ထည့်စရာ တစ်ခုထဲ ရေကို အနည်ထိုင်စေပြီးမှ ကြည်လင်နေတဲ့ ရေကို ထုတ်ယူပါ။— ပြီးရင် ပွက်ပွက်ဆူတဲ့အထိ အနည်းဆုံး ၁ မိနစ်ခန့် ကျိုချက်ပါ။— ကျိုချက်ပြီးတဲ့ရေကို အအေးခံပြီး အသေအချာ ပိတ်ထားနိုင်တဲ့ ပုလင်းသန့်သန့်တွေထဲ သိုလှောင်ထားပါ။— ခပ်ပေါ့ပေါ့အရသာကို မကြိုက်သူတွေက ကျိုချက်ထားတဲ့ ရေထဲ ဆားအနည်းငယ် ထည့်ပြီး သောက်သုံးနိုင်ပါတယ်။ ၂။ ဓာတုနည်းဖြင့် သန့်စင်ခြင်းရေကို ကျိုချက်လို့ မရတဲ့အခါ ဒါမှမဟုတ် အခွင့်မရှိတဲ့အခါ အနံ့မပါတဲ့ အိမ်သုံးဘလိချ်၊ အိုင်အိုဒင်း ဒါမှမဟုတ် ကလိုရင်းဒိုင်အောက်ဆိုဒ်ဆေးပြားတွေ သုံးပြီး ရေကို သန့်စင်နိုင်ပါတယ်။ (ကျိုချက်တာလောက် ထိရောက်မှု မရှိနိုင်ပါ။) ဓာတုနည်းနဲ့ ရေကို သန့်စင်တာက ခရစ်ပ်ပ်တော့ပိုရီဒီယမ်…

Read More

Post-Earthquake Dizziness Syndrome (PEDS) ဟာ ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ ဖြစ်လေ့ရှိတဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ PEDS ရဲ့ အဓိက လက္ခဏာတွေထဲမှာ အသိသာဆုံးက ခေါင်းမူးတာပါ။ အထူးသဖြင့် ခေါင်းထဲ ထိုင်နေတဲ့၊ မတ်တပ်ရပ်နေတဲ့ နေရာက လှုပ်နေသလို ခံစားရတာ၊ ပတ်ဝန်းကျင်က လည်နေသလို ခံစားရတာနဲ့ ငလျင်လှုပ်နေသေးတယ်လို့ ခံစားမိတာတွေ ပါ၀င်ပါတယ်။ နောက်ထပ် လက္ခဏာတွေက ထလိုက်ရင် ယိုင်သွားတာ၊ ထိုင်လိုက်ရင် ပုံစံမဟန်ပဲ ပြုတ်ကျတာမျိုးပါ။ လက္ခဏာငယ်တွေ အနေနဲ့ – PEDS လက္ခဏာတွေက ငလျင်လှုပ်ပြီး ရက်အနည်းငယ်ကနေ လပေါင်းများစွာအထိ ကြာမြင့်စွာ ခံစားရတတ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် စိတ်ကျန်းမာရေးနဲ့ စိတ်ဒဏ်ရာ(Trauma) ဆေးပညာရှု့ထောင့်အရ နားအတွင်းမှာရှိတဲ့ မြေဆွဲအားကို တုံပြန်ပြီး ဟန်ချက်ထိန်းပေးနိုင်တဲ့ Calcium Carbonate Crystals, တစ်နည်း Otoconia လို့ ခေါ်တဲ့ အစိတ်ပိုင်းလေး အနည်းငယ်ထိခိုက်သွားတာကြောင့် ဖြစ်တယ်လို့ အကြမ်းဖျင်း မှတ်လို့ရပါတယ်။ PEDS လက္ခဏာတွေ ခံစားနေရရင် သက်သာစေဖို့ နိုင်ငံတကာက အတွေ့အကြုံရှိ ဆရာဝန်တွေက ဒီလိုတွေ ပြောပြထားပါတယ်။ ၁။ လုံလောက်စွာ အနားယူပါ — ခန္ဓာကိုယ်နဲ့ စိတ်ကို အပြည့်မဟုတ်ရင်တောင် အနည်းအငယ် အနားပေးလိုက်ပါ။ ထိုင်နေတဲ့ အချိန်တွေမှာ ခပ်လှမ်းလှမ်းကို အာရုံစိုက်ပြီး လှမ်းကြည့်ပေးပါ။ ၂။ ရေများများ သောက်ပါ — ရေဓာတ်ခမ်းခြောက်တာကလဲ မူးဝေတာတွေနဲ့ အားနည်းပြီး ယိုင်တိုင်တိုင် ဖြစ်‌စေတာမို့လို့ ရေသောက်ဖို့လဲ…

Read More

လူသိများတဲ့ တြိဂံပုံအနေအထား (Triangle of Life) ဟာ ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေတဲ့ အနေအထားတစ်ခုလား . . . ? ဒီမေးခွန်းကို ဖြေဖို့ရာ ငလျင်လှုပ်ရာ နိုင်ငံ ဒါမှမဟုတ် နေရာဒေသအပေါ် မူတည်ပါတယ်။ ဘာကြောင့်ပါလဲ . . . TOL ဟာ ဖွံဖြိုးပြီး နိုင်ငံတွေရဲ့ အဆောက်အအုံအရည်အသွေးအာမခံချက်ကြောင့် ဒဏ်ကို အတိုင်းအတာတစ်ခုထိ ခံနိုင်စေနိုင်ပေမဲ့ အာမခံချက်ရှိတဲ့ ဒီလို ဒေသတွေမှာတောင့် ဒီအနေအထားက လူအများကို အရေအတွက်တစ်ခုအထိ ဘေးမကင်းစေခဲ့တာတော့ အမှန်ပါ။ ဒီတော့ TOL က ကိုယ့်ကို ငလျင်ဒဏ်ကနေ ဘေးကင်းစေမလား၊ မကင်းစေဘူးလား ဆိုတာ ကျပန်းဆန်လွန်းနေပါတယ်။ ဒါကြောင့် ငလျင်လှုပ်တဲ့အခါ ဘယ်လို အနေအထားနဲ့ ရှိနေတာက အကောင်းဆုံး ဖြစ်စေမလဲ ဆိုတာကို သိထားတာက အသက်အန္တရာယ်ကို ပိုပြီး ဘေးကင်းစေနိုင်ပါတယ်။ ၁။ ထိုင်လိုက်ပါ— လက်နဲ့ ဒူးကို ကြမ်းပြင်ပေါ် ထောက်ချလိုက်ပြီး ချက်ချင်း လေးဘက်ထောက်ထိုင်လိုက်ပါ။— ဒီအနေအထားက လူကို လဲမကျသွားအောင် ကူညီပေးပြီး အနီးနားမှာ ခိုလှုံစရာတစ်ခုခု ရှိရင် လက်နဲ့ ပခုံးကို အားပြုပြီး ရွှေ့သွားစေနိုင်ပါတယ်။ ၂။ အကာအကွယ်ယူပါ— လက်တစ်ဖက်ကို ဦးခေါင်းနဲ့ လည်ပင်းတစ်ဝိုက် ကာပေးထားပါ။— အနီးတစ်ဝိုက်မှာ ခိုင်ခံ့တဲ့ စားပွဲ ဒါမှမဟုတ် စာရေးခုံတစ်ခုခု ရှိရင် အဲဒီအောက်ကို ဝင်လိုက်ပါ။— ဒီလိုနေရာမျိုး မရှိရင် ပြတင်းပေါက်ဘက်နဲ့ ဝေးတဲ့ အိမ်တွင်းနံရံဘက်ကို ရွှေ့သွားပါ။—…

Read More

ငလျင်တွေကို အမျိုးအစား သုံးမျိုးခွဲလေ့ရှိပါတယ်။ အဓိကငလျင်ကြီး မဖြစ်ခင် လှုပ်တတ်တဲ့ “ရှေ့ပြေးငလျင်” (foreshock)၊ အဖျက်အားအပြင်းဆုံး “အဓိကငလျင်” (mainshock)၊ နဲ့ အဲဒီနောက် ဆက်လှုပ်တတ်တဲ့ “နောက်ဆက်တွဲငလျင်” (aftershock) တို့ပါ။ ဒါပေမယ့် ငလျင်တစ်ခုက ဘယ်အမျိုးအစားဖြစ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ငလျင်ဘယ်အချိန် ဘယ်နေရာမှာ လှုပ်မယ်ဆိုတာကို တိတိကျကျ ကြိုခန့်မှန်းနိုင်တဲ့ နည်းပညာလဲ လက်ရှိမှာ မရှိသေးပါဘူး။ ၂၀၁၁ ခုနှစ်က ဂျပန်မှာဖြစ်ပွားခဲ့တဲ့ မဂ္ဂနီကျူ ၉.၁ ငလျင်ကြီး မလှုပ်ခင် သုံးရက်အလိုမှာ မဂ္ဂနီကျူ ၇.၁ ရှိတဲ့ ငလျင်တစ်ခု အရင်လှုပ်ခဲ့ပါတယ်။ အဲဒီအချိန်က ပညာရှင်တွေက ၇.၁ ငလျင်ကို အဓိကငလျင်လို့ ယူဆခဲ့ကြပေမယ့် နောက်ပိုင်းမှာ ပိုပြင်းတဲ့ ၉.၁ ငလျင်ကြီး ထပ်လှုပ်တဲ့အခါ သူတို့ရဲ့ ခန့်မှန်းချက်ကို ပြန်ပြင်ခဲ့ရတာပါ။ လက်ရှိသုတေသန ကိန်းဂဏန်းတွေအရတော့ ငလျင်ကြီးတစ်ခုအပြီး နောက်ထပ်ငလျင်ကြီးတစ်ခု ထပ်လာဖို့ ဖြစ်နိုင်ခြေက ၅% အောက်မှာပဲ ရှိပါတယ်။ ဖြစ်နိုင်ခြေနည်းပေမယ့် လုံးဝမဖြစ်နိုင်ဘူးလို့လဲ မဆိုနိုင်ပါဘူး။ လတ်တလော နေပြည်တော်မှာ မဂ္ဂနီကျူ ၅.၁ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဒေသခံတွေအဆိုအရ တော်တော်လေး သိသာခဲ့ပါတယ်။ ဒီငလျင်ဟာ မန္တလေးမှာ လှုပ်ခဲ့တဲ့ မဂ္ဂနီကျူ ၇.၇ အဓိကငလျင်ရဲ့ နောက်ဆက်တွဲလို့ ယူဆနိုင်ပြီး နောက်ထပ်လဲ ငလျင်ငယ်တွေ ဆက်လှုပ်နိုင်သေးတာပါ။ Fact Hub က လေ့လာလို့ ရသမျှ USGS (United States Geological Survey)…

Read More

မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ သောကြာနေ့ငလျင်ရဲ့ သက်ရောက်မှုကြောင့် မြေသားပျော့ပြောင်းမှု (Liquefaction) ကို ကြုံတွေ့ရနိုင်တယ်လို့ USGS က သတိပေးထားပါတယ်။ Liquefaction ဆိုတာကတော့ ရေပါဝင်တဲ့ မြေသားဟာ တုန်ခါမှုတစ်စုံတစ်ရာကြောင့် အရည်တစ်ပိုင်း အစိုင်အခဲတစ်ပိုင်း အခြေအနေ (ဥပမာ-ချော်ရည်/အင်္ဂတေအရည်) ကို ရောက်ရှိသွားတဲ့ အခြေအနေကို ဆိုလိုတာပါ။ ဖြစ်စဉ်အရ မြေဆီလွှာအတွင်းပိုင်း အမှုန်လေးတွေအကြားမှာ ရေတစ်စိတ်တစ်ပိုင်း ခိုအောင်းနေတတ်ပါတယ်။ ပြင်ပအားတစ်ခုခု သက်ရောက်မှုရှိတဲ့အခါ ဒီရေတွေဟာ အခြားတစ်နေရာကို စီး‌ဆင်းသွားပြီး မြေသားရဲ့တည်ဆောက်မှု ပုံသဏ္ဌာန်ကို တည်ငြိမ်စေပါတယ်။ ဒါပေမဲ့ မြေငလျင်လှုပ်ခတ်မှုလိုမျိုး လျင်လျင်မြန်မြန် ဖြစ်ပွားတဲ့ အခြေအနေမှာတော့ ဒီရေတွေဟာ အခြားတစ်နေရာကို မစီးဆင်းနိုင်တော့ပါဘူး။ ဒါကြောင့် မြေသားအတွင်းက ရေဖိအားဟာ သိသိသာသာမြင့်တက်လာပြီး မြေသားအတွင်းက အမှုန်တွေရဲ့ ဖွဲ့စည်းပုံကို ဖျက်စီးပစ်ပါတယ်။ ရလာဒ်ကတော့ မြေသားရဲ့ ကြံ့ခိုင်အားကောင်းမှု ယိုယွင်းသွားပြီး မြေပြင်အထက်က လမ်းတံတားတွေ၊ တာတမံတွေ၊ အဆောက်အဦးတွေဟာ မြေကြီးထဲကျွံဝင်သွားကြပါတယ်။ ဒီဖြစ်စဉ်ဟာ လူကြောင့်လဲ ဖြစ်ပေါ်နိုင်ပေမဲ့ ငလျင်လှုပ်ခတ်မှုဟာ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ အထင်ရှားဆုံးကြုံတွေ့ခဲ့ရတာကတော့ ၁၉၆၄ ခုနှစ် ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ နီဂါးတားငလျင်ပဲ ဖြစ်ပါတယ်။ မြေငလျင်လှုပ်ခတ်အပြီး မြေသားပျော့ပြောင်းမှုကြောင့် ရှီနာနိုမြစ် (Shinano) ရဲ့ ကမ်းပါးယံတွေဟာ ပြိုကျပျက်စီးသွားပြီး အနီားနားမှာရှိတဲ့ အဆောက်အဦးတွေလဲ ထိခိုက်ခဲ့ရပါတယ်။ USGS ဟာ မြေသားပျော့ပြောင်းမှု ဖြစ်ပွားနိုင်တဲ့ တည်နေရာဒေသတွေကို မြေပုံမှာ ဖော်ပြပေးထားပါတယ်။ (ဒီဖြစ်ရပ် တကယ်ဖြစ်ပွားနိုင်/မဖြစ်ပွားနိုင်ကိုတော့ ဆက်လက်လေ့လာလျက်ရှိပြီး ပြည်သူတွေအနေနဲ့ သတိထားကြဖို့ တိုက်တွန်းလိုပါတယ်။) Released from…

Read More

မနေ့က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာ (၁၀ မိုင်) အကွာကို ဗဟိုပြုပြီး ပြင်းအား ၇.၇ မက်ဂနီကျု (Magnitude) ရှိတဲ့ အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်သွားပါတယ်။ ငလျင်ဗဟိုချက်နဲ့နီးတဲ့ မန္တလေးနဲ့ မန္တလေးအနီးတဝိုက်က အထပ်မြင့်အဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ သမိုင်းဝင်မယ်နုအုတ်ကျောင်းအပြင် မန္တလေးကျုံးနဲ့ စစ်ကိုင်းတံတားဟောင်း၊ နောက် လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်က မြို့တွေအပြင် ထိုင်းနိုင်ငံမှာပါ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ်ဖြစ်ခဲ့တာပါ။ အင်အားပြင်း ငလျင်အများစု လှုပ်ခတ်ပြီးချိန်မှာ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ သဘာဝဘေးတွေ ရှိလာနိုင်ပါသေးတယ်။ ဒါကြောင့် ငလျင်အပြီး ထပ်ကြုံရနိုင်တဲ့ အန္တရာယ်တွေနဲ့ ဘေးကင်းလုံခြုံဖို့ရာ ပြင်ဆင်ထားသင့်တာတွေကို Fact Hub က မျှဝေပါရစေ။ အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်ပြီးရင် အဲဒီငလျင်နဲ့အတူ နောက်ဆက်တွဲငလျင်တွေလဲ လိုက်လာလေ့ ရှိပါတယ်။ နောက်ဆက်တွဲငလျင်တွေက ရှေ့မှာလှုပ်သွားတဲ့ ငလျင်လောက် အားမပြင်းရင်တောင် အားမပျော့တတ်တာမို့ မပေါ့ဆသင့်တဲ့ထဲ ပါပါတယ်။ မနေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ပြီးတော့ ပြင်းအား ၆.၄ ရှိတဲ့ ငလျင်အပါအဝင် တဖြည်းဖြည်းအားလျော့လာတဲ့ နောက်ဆက်တွဲ ငလျင်တွေလဲ ခန့်မှန်းအကြိမ်ရေ ရာဂဏန်းဝန်းကျင် လှုပ်ခတ်သွားတာကို အနီးစပ်ဆုံး တွေ့နိုင်ပါလိမ့်မယ်။ ဒါကြောင့် လတ်တလောမှာ ခိုင်ခံ့မှု ရှိ/မရှိ မသေချာသေးတဲ့၊ ငလျင်ဒဏ်မခံလိုက်ရဘူးလို့ ယူဆရပေမဲ့ အက်ကွဲရာ ကြီးကြီးမားမား ရှိနေတဲ့ အဆောက်အအုံတွေနဲ့ အထပ်မြင့်တိုက်တွေ၊ ပြိုကျပျက်စီးနိုင်ခြေမြင့်တဲ့ နေရာတွေနဲ့ ခပ်ဝေးဝေးမှာ…

Read More

Culicidae ဆိုတဲ့ စကားလုံးကို သိပါသလား . . . ? ခြင် (Mosquito) လို့ အားလုံးရင်းနှီးထားကြပြီးဖြစ်တဲ့ ဒီ အင်းဆက်မျိုးစိတ်ကိုတော့ သိပ္ပံအခေါ်အဝေါ်မှာ ကော်လစ်စစ်ဒေး (Culicidae) ဆိုပြီး သတ်မှတ်သုံးနှုန်းပါတယ်။ ကော်လစ်စစ်ဒေးတွေကို အများအားဖြင့်တော့ ရောဂါပိုးသယ်ဆောင်သူတွေအဖြစ် အသိများပြီး အန္တရာယ်များတဲ့ မျိုးစိတ်တစ်ခုပါ။ ကမ္ဘာတစ်ဝှမ်းမှာ  ခြင်တွေကြောင့် နှစ်စဥ် အသက်ဆုံးရှုံးရတဲ့ လူဦးရေဟာလဲ တစ်သန်းအထက်မှာရှိနေပါတယ်။ ခြင်မျိုးစိတ်အားလုံးရဲ့ သိပ္ပံနာမည် (Culicidae) ကော်လစ်စစ်ဒေးတွေကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေဟာ အသက်ဆုံးရှုံးတဲ့အထိ မရောက်ရင်တောင် နောက်ဆက်တွဲ ထိခိုက်နိုင်တဲ့ ပြင်းထန်ရောဂါတွေ ဖြစ်နိုင်တာကြောင့် ခြင်အန္တရာယ်က ပေါ့ဆလို့မရပါဘူး။ ဥပမာဆိုရရင် ဗိုင်းရပ်စ် (Virus) သယ်ဆောင်ထားတဲ့ ခြင်မျိုးစိတ်အပေါ် မူတည်ပြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါ စတဲ့ လူတွေနဲ့ ရင်းနှီးပြီးသား ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ခြင်မျိုးစိတ်ပေါင်း ၃၅၀၀ ဝန်းကျင်ရှိတဲ့အထဲ မျိုးပွားဖို့ရာ အာဟာရအတွက် သွေးလိုအပ်တဲ့ ခြင်မျိုးစိတ်တချို့ရဲ့ ခြင်အမတွေကပဲ သတ္တဝါတွေဆီကနေ သွေးစုပ်ယူကြတာပါ။ ဒါ့အပြင် အရွယ်ရောက်ပြီးသား ခြင်တွေအပါအဝင် ခြင်သားလောင်း (ပိုးလောက်လန်း) တွေက ကုန်းနေရေနေသတ္တဝါတွေ၊ ငါးတွေ၊ ငှက်တွေနဲ့ အင်းဆက်အချို့ရဲ့ အစာရင်းမြစ်တစ်ခု ဖြစ်နေတာ မို့ အစာကွင်းဆက်ရဲ့ အရေးပါတဲ့ နေရာတစ်ခုမှာပါ ရပ်တည်နေကြပါသေးတယ်။ Writer Hnin Shwe Yee SanCopy-editorMoriAttribution Table Scientific Terms Explanation Program…

Read More

ဗီတာမင်စီ အလွန်အမင်း ချို့တဲ့ရောဂါ (Scurvy) စကာရ်ဗီ (Scurvy) ဆိုတာ ဗီတာမင်စီ (Ascorbic Acid) အလွန်အမင်း ချို့တဲ့,တဲ့အခါ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို လုံလုံလောက်လောက် မစားတဲ့အခါ အဓိက ဖြစ်လေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းက အစားအစာ ရှားပါးပြတ်လပ်တဲ့ နေရာတွေမှာတော့ ဒီစကာဗီရ်ရောဂါက ပိုပြီး အဖြစ်များပါတယ်။ ဗီတာမင်စီက အရိုး၊ အရေပြားနဲ့ တွယ်ဆက်တစ်သျှူးတွေ ကြီးထွားဖွံ့ဖြိုးဖို့၊ ထိခိုက်ရှနာဖြစ်တဲ့အခါ ပြန်လည်ကုစားဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ်တွင်းသွေးနီဥ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ သံဓာတ်ကို စုပ်ယူပေးဖို့လဲ ကူညီပါသေးတယ်။ ဒီတော့ စကာရ်ဗီရောဂါ ဖြစ်ပြီဆိုတာနဲ့ သွားဖုံးရောင်ရမ်းကိုက်ခဲလာပြီး သွေးထွက်လာကာ သွားဖုံးရဲ့ ခိုင်ခံ့မှုလဲ လျော့နည်းလာတာကြောင့် သွားတွေ ကျွတ်ထွက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ မျက်လုံးအောက်ဘက်နဲ့ နှုတ်ခမ်းနေရာတွေအပြင် ခန္ဓာကိုယ်အနှံ့က အပေါ်ယံ အရေပြားတွေပေါ်မှာပါ အနီရောင်၊ ခရမ်းရောင်နဲ့ အညိုရောင် အစက်အပြောက်၊ အကွက်တွေ ပေါ်လာနိုင်ပြီး အနာကျက်နှေးတာနဲ့ သွေးအားနည်းတာတွေအထိ ဖြစ်စေနိုငိပါတယ်။ ပုံမှန်ဆိုရင် အသက်အရွယ်အလိုက် ဗီတာမင်စီ (Ascorbic Acid) လိုအပ်မှုနှုန်း ကွဲပြားပေမဲ့ ကိုယ်၀န်ဆောင်မိခင်တွေနဲ့ ဆေးလိပ်သောက်သူတွေကတော့ လိုအပ်မှုနှုန်း ပိုများပါတယ်။ ဒါပေမဲ့ ဗီတာမင်စီ အလုံအလောက် မရရှိရုံနဲ့တော့ စကာရ်ဗီရောဂါ ဖြစ်တဲ့ အဆင့်ထိ မရောက်သွားနိုင်ဘဲ  ပြင်းပြင်းထန်ထန် ချို့တဲ့တဲ့ အခါမှသာ ဖြစ်နိုင်တာပါ။ ဒါကြောင့် ရောဂါ မပြင်းထန်ခင်မှာ အသီးအရွက်များများ စားတာနဲ့ ဗီတာမင်စီ ဖြည့်စွက်စာတွေ စားသောက်ရင်း (ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်အလိုက်)…

Read More

“ခဲဆိပ်သင့်တာက ခန္ဓာကိုယ်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ . . . ?” ခဲဆိပ်သင့်တာရဲ့ အပြင်းထန်ဆုံး ဘေးထွက်ဆိုးကျိုးကတော့ အသက်ဆုံးရှုံးခြင်းပါ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း World Health Organization (WHO) ရဲ့ ဖော်ပြချက်အရ ခဲဆိပ်သင့်ရာကနေ ဖြစ်ပေါ်လာတဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် ကမ္ဘာတစ်ဝှမ်း အသက်ဆုံးရှုံးမှု အရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ ၁.၅ သန်းကျော်အထိ ရှိနေပါတယ်။ ခဲဆိပ်သင့်ရတဲ့ အကြောင်းအရင်းကတော့ ခဲဓာတ်တွေ ခန္ဓာကိုယ်ထဲ တစ်နည်းနည်းနဲ့ ရောက်ရှိလာလို့ ဖြစ်ပါတယ်။ ဥပမာ – အစားအသောက်တွေထဲကတစ်ဆင့် ခန္ဓာကိုယ်ထဲ ရောက်ရှိလာတာ၊ ထိကိုင်မိတာတွေနဲ့ ရှူရှိုက်မိတာ စတဲ့အကြောင်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ခဲဆိပ်သင့်တာက အစောပိုင်းအဆင့်တွေမှာ ထူးခြားတဲ့လက္ခဏာ ပြလေ့မရှိပေမဲ့ စိတ်ဓာတ်ကျတာ၊ ဒေါသထွက်လွယ်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတာ၊ မှတ်ဉာဏ်ထိခိုက်တာ၊ ခြေချောင်း၊ လက်ချောင်းတွေထုံကျ ်ဥတာတွေနဲ့ ခေါင်းကိုက်တာလိုမျိုး အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လေ့ရှိပါတယ်။ တကယ်လို့ အစားအသောက်တွေကနေ ခဲဆိပ်သင့်ခဲ့တယ်ဆိုရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို အရင်ဆုံး ထိခိုက်စေမှာပါ။ ပြင်းထန်လာတဲ့ အဆင့်မှာတော့ ဦးနှောက်အပါအဝင် ကိုယ်တွင်းအင်္ဂါ ထိခိုက်တာတွေကြောင့် နာတာရှည်ရောဂါအမျိုးမျိုး ဖြစ်လာပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် အရွယ်ရောက်ပြီးသူတွေအနေနဲ့ မျိုးပွားခြင်းလုပ်ငန်းစ◌်ဥမှာလည်း ပြဿနာရှိလာနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် အချိန်မတိုင်ခင် မီးဖွားတာ၊ ကိုယ်ဝန်ပျက်ကျတာအပြင် မွေးလာတဲ့ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောကိုပါ ထိခိုက်စေနိုင်ပါတယ်။ ခဲဆိပ်သင့်တာကို အချိန်မီသတိထားမိရင် ကုသပျောက်ကင်းနိုင်တယ်ဆိုပေမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလဲ အများအပြား ရှိနေဆဲပါ။ ဒါကြောင့် ခဲဓာတ်တွေ အများအပြား…

Read More

“ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?” အိမ်စာထပ်ရမဲ့ အချိန်က နီးလာပြီ၊ ဒါပေမဲ့ အိမ်စာက အခုထိ မပြီးသေးဘူး၊ အရမ်းလဲ အိပ်ချင်နေပြီ။ ဒီလို အဖြစ်မျိုးကို စာဖတ်သူတို့အားလုံး ကြုံဖူးကြမှာပါ။ ပြီးတော့ ဒီလိုဖြစ်လာတိုင်း အားလုံးလိုလို လုပ်မိတာကလဲ အိပ်ချင်စိတ်ပြေသွားအောင် ကော်ဖီတစ်ခွက်လောက် ထဖျော်ပြီး သောက်လိုက်တာပါပဲ။ ကော်ဖီသောက်ပြီးမှသာ အိပ်ချင်စိတ်ပြေသွားသလို၊ စွမ်းအင်တွေ ပြည့်ဝသွားသလို ခံစားလိုက်ရပြီး အိမ်စာကိုလဲ သေချာအာရုံစိုက်နိုင်သွားတယ်ပေါ့။ ဒီတော့ ကော်ဖီက ခန္ဓာကိုယ်ထဲမှာ ဘယ်အရာတွေကို ဘယ်လို ပြောင်းလဲလိုက်လို့ ဒီလိုဖြစ်လာရတာလဲဆိုတာ ဆက်လက် လေ့လာကြည့်ကြရအောင်။  ကော်ဖီစသောက်လိုက်ပြီ ဆိုတာနဲ့ ကဖိန်းဓာတ်တွေက ခန္ဓာကိုယ်အနှံ့အပြားကို လျင်လျင်မြန်မြန် ချဉ်းနင်းဝင်ရောက်လာပါပြီ။ ဝင်ရောက်လာတာနဲ့ သူက Adenosine လို့ခေါ်တဲ့ ဓာတုဓာတ်ပေါင်းလေးရဲ့ နေရာကို လုယူလိုက်ပါတယ်။ ဒီနေရာမှာ Adenosine ဆိုတာကို ပြန်ရှင်းပြပါမယ်။ Adenosine ဆိုတာက အိပ်ချင်စိတ်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ Neurotransmitter တစ်မျိုးပါ (သူက ခန္ဓာကိုယ်ရဲ့ တစ်ခြားလုပ်ဆောင်ချက်တွေမှာလဲ ပါဝင်အားဖြည့်ပါသေးတယ်)။ အိပ်ရမဲ့အချိန် နီးလာလေလေ Adenosine ထုတ်လွှတ်မှုပမာဏက များလာလေလေ ဖြစ်ပြီး အလုပ်ကို အာရုံမစိုက်နိုင်တာမျိုး ဖြစ်လာစေပါတယ်။ စုပုံလာတဲ့ Adenosine တွေက သူတို့ကို လက်ခံရာနေရာဖြစ်တဲ့ Adenosine Receptor နဲ့ သွားရောက်ပေါင်းစည်းပြီး အိပ်ချင်စိတ်ကို ဖြစ်လာစေတာပါ။ ဒီနေရာမှာပဲ ကဖိန်းရဲ့ ဓာတုဖွဲ့စည်းတည်ဆောက်ပုံ (Chemical Structure) က Adenosine နဲ့ သွားတူနေပါတယ်။…

Read More

၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆုရရှိသူစာရင်းကို ပြီးခဲ့တဲ့အပတ် တနင်္လာနေ့ကတည်းက စကြေညာနေတာ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဗစ်တာ အမ်းဘရိုစ် (Victor Ambros) နဲ့ ဂယ်ရီ ရာ့ဗ်ကမ်း (Gary Ruvkun)၊ ရူပဗေဒနိုဘယ်ဆုကို ဂျွန်ဟော့ဖီးဒ် (John J. Hopfield) နဲ့ ဂျယ်ဖယ်ရီဟင်တန် (Geoffrey E. Hinton)၊ ဓာတုဗေဒနိုဘယ်ဆုကို ဒေးဗစ်ဘက်ခါ (David Baker)၊ ဒမ်းမစ် ဟက်ဆာဘီ (Demis Hassabis) နဲ့ ဂျွန်ဂျမ်ပါ (John Jumper)၊ ငြိမ်းချမ်းရေး နိုဘယ်ဆုကို နိဟွန်ဟီဒန်ကျို (Nihon Hidankyo) ခေါ် ဂျပန်နျူးကလီးယားနဲ့ ဟိုက်ဒြိုဂျင်ဗုံးဘေး ရှင်သန်ဒုက္ခသည်များအသင်းချုပ် (The Japan Confederation of A- and H- bomb sufferers organisation)၊ စာပေနိုဘယ်ဆုကို ဟန်ကန်း (Hang Kang) တို့က အသီးအသီး ရရှိခဲ့ပါတယ်။ ဒီတစ်ပတ် တနင်္လာနေ့၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ နောက်ဆုံးကျန်နေတဲ့ စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုကို ကြေညာခဲ့ပါပြီ။ ဒီနှစ်ရဲ့ စီးပွားရေးသိပ္ပံ နိုဘယ်ဆုကို လူမှုအဆောက်အအုံတွေ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုအပေါ် လူမှုအဆောက်အအုံတွေရဲ့ သက်ရောက်ပုံကို လေ့လာခဲ့မှုနဲ့ ပတ်သက်လို့ ဒယ်ရွန် အာစီမိုဂလူ (Daron Acemoglu)၊ ဆိုင်မွန် ဂျွန်ဆန် (Simon Johnson) နဲ့ ဂျိမ်းစ် ရောဘစ်ဆန် (James A. Robison) တို့က…

Read More

၂၀၂၄ ခုနှစ်ရဲ့ နိုဘယ်ဆုတွေကို နော်ဝေးနိုဘယ်ကော်မတီက အရင်အပတ် တနင်္လာနေ့၊ အောက်တိုဘာလ ၇ ရက်နေ့က စပြီး ကြေညာနေပါပြီ။ ဒီလို နှစ်စဉ် မပျက်မကွက် ပေးတဲ့ နိုဘယ်ဆုတွေထဲမှာ ဆေးဘက်ဆိုင်ရာ (သို့မဟုတ်) ဇီဝကမ္မဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနဲ့ ငြိမ်းချမ်းရေး . . . စတဲ့ နိုဘယ်ဆုအမျိုးအစားတွေကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက ထူးချွန်ပြောင်မြောက်သူတွေ၊ ဆန်းသစ်တီထွင်နိုင်သူတွေနဲ့ လူသားမျိုးနွယ်အတွက် သက်ရောက်မှုကြီးမားတာတွေကို ဆောင်ရွက်နိုင်ခဲ့သူဆီ ပေးအပ်နေခဲ့တာ အဲဖရက်နိုဘယ် ကွယ်လွန်တဲ့ ၁၉၀၁ ခုနှစ်ကနေ လက်ရှိအချိန် . . . ၂၀၂၄ ခုနှစ်ထိဆိုရင် နှစ်ပေါင်း ၁၂၃ နှစ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့၊ သောကြာနေ့မှာတော့ ၂၀၂၄ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကြေညာသွားခဲ့ပါတယ်။ ဒီနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၂၁ ရာစုမှာ အန္တရာယ်အကြီးဆုံးလို့ ပြောလို့ရတဲ့ နျူကလီးယားလက်နက်တွေ ကင်းစင်ရေးနဲ့ ပတ်သက်လို့ ပေးအပ်သွားခဲ့တာပါ။ ဒုတိယကမ္ဘာစစ် ဟီရိုရှီးမားနဲ့ နာဂါဆာကီ နျူကလီးယားကပ်ဘေးမှာ ရှင်ကျန်ခဲ့သူတွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ ဂျပန်အဖွဲ့အစည်း နစ်ဟွန်ဟီဒန်ကျို ခေါ် ဂျပန် အဏုမြူနဲ့ ဟိုက်ဒြိုဂျင်ဗုံးဘေး ရှင်သန်ကျန်ရစ်သူများ အသင်းချုပ် (The Japan Confederation of A- and H- Bomb Sufferers Organisation) ရဲ့ နျူလက်နက်ကင်းစင်တဲ့ ကမ္ဘာတစ်ခု ဖန်တီးဖို့ အားထုတ်ဆောင်ရွက်တာတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေပေါ် အခြေပြုပြီး…

Read More

အောက်တိုဘာလထဲ ဝင်လာတာနဲ့အမျှ နှစ်တစ်နှစ်ရဲ့ နိုဘယ်ဆုရရှိသူစာရင်း ထုတ်ပြန်ကြေညာတဲ့ အချိန်ကိုလဲ ရောက်ရှိလာပြန်ပါပြီ။ ဒီနှစ်၊ ၂၀၂၄ ခုနှစ်ရဲ့ ဆုပေးပွဲကိုလဲ ခါတိုင်းနှစ်တွေမှာလို နိုဘယ်ဆုတို့ရဲ့ ဖခင် အဲဖရက်နိုဘယ် (Alfred Nobel) သေဆုံးမှု နှစ်ပတ်လည်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဆုရရှိသူစာရင်းကိုတော့ အောက်တိုဘာလ ၇ ရက်နေ့က စလို့ တစ်ရက်ကို ခေါင်းစဉ်တစ်မျိုးစီနဲ့ စတင်ကြေညာနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာတော့ စာပေဆိုင်ရာနိုဘယ်ဆုအတွက် ဆုရရှိသူ အမည်စာရင်း ထွက်ရှိလာပါပြီ။ဒီတစ်ခေါက် စာပေနိုဘယ်ဆုကို ဆွတ်ခူးရရှိသွားသူက တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်း (Hang Kang) ဖြစ်ပါတယ်။ စာပေနိုဘယ်ဆုရှင်ကို ရွေးချယ်ရာမှာ များသောအားဖြင့်က ဥရောပနဲ့ အမေရိကမြောက်ပိုင်းက စာရေးဆရာတွေရဲ့ ရေးဟန်တွေကိုပဲ အထူးအာရုံစိုက်ပြီး ရွေးချယ်လေ့ရှိတာပါ။ ဒါပေမဲ့ အခုရရှိသွားတဲ့ ဟန်ကန်းကတော့ စာပေနိုဘယ်ဆုကို ရတဲ့ ၁၈ ယောက်မြောက် အမျိုးသမီးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး စာပေနိုဘယ်ဆုရှင်လဲ ဖြစ်ပါတယ်။ သူ့အကြောင်း နည်းနည်းလောက် ပြောပြရရင် ဟန်ကန်းကို ၁၉၇၀ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး နိုဘယ်ဆုကို ရချိန်မှာ အသက် ၅၃ နှစ် ရှိနေပါပြီ။ ဟန်ကန်က သူ(မ)ရဲ့ စာရေးဆရာလမ်းကြောင်းကို “문학과사회 (Literature and Society)” အမည်ရ မဂ္ဂဇင်းမှာ ကဗျာတွေ စရေးရင်းနဲ့ အစပျိုးခဲ့ပါတယ်။ နောက်ပိုင်း၊ ၁၉၉၅ ခုနှစ်ရောက်တော့ “여수의 사랑…

Read More

အောက်တိုဘာလထဲ ဝင်လာတာနဲ့အမျှ နှစ်တစ်နှစ်ရဲ့ နိုဘယ်ဆုရရှိသူစာရင်း ထုတ်ပြန်ကြေညာတဲ့ အချိန်ကိုလဲ ရောက်ရှိလာပြန်ပါပြီ။ ဒီနှစ်၊ ၂၀၂၄ ခုနှစ်ရဲ့ ဆုပေးပွဲကိုလဲ ခါတိုင်းနှစ်တွေမှာလို နိုဘယ်ဆုတို့ရဲ့ ဖခင် အဲဖရက်နိုဘယ် (Alfred Nobel) သေဆုံးမှု နှစ်ပတ်လည်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဆုရရှိသူစာရင်းကိုတော့ အောက်တိုဘာလ ၇ ရက်နေ့က စလို့ တစ်ရက်ကို ခေါင်းစဉ်တစ်မျိုးစီနဲ့ စတင်ကြေညာနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာပဲ ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုအတွက် ဆုရရှိသူတွေ အမည်စာရင်း ထွက်ရှိလာပါပြီ။ ဒီနှစ်ရဲ့ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကတော့ ထူးထူးခြားခြားပဲ ခေါင်းစဉ်ကွဲနှစ်ခုကနေ သုံးယောက်က ခွဲဝေရရှိသွားပါတယ်။ ဆုတစ်ဝက်ကို ပရိုတိန်းအမျိုးအစားသစ် ဖန်တီးနိုင်ခဲ့လို့ ဒေးဗစ်ဘေခါ (David Baker) ဆိုသူက ရရှိသွားပြီး ကျန်တစ်ဝက်ကိုတော့ ဉာဏ်ရည်တုအသုံးချ ပရိုတိန်းတွေရဲ့ သုံးဘက်မြင်ဒီဇို င်းတည်ဆောက်ပုံနဲ့ ပတ်သက်လို့ ဒမ်းမစ်ဟက်ဆာဘီ (Demis Hassabis) နဲ့  ဂျွန်ဂျမ်ပါ (John Jumper) တို့ နှစ်ဦးက ခွဲ​ဝေရရှိသွားတာပါ။ နိုဘယ်ဆုခေါင်းစဉ်က နှစ်ခုကွဲနေပေမဲ့ နှစ်ခုစလုံးက သက်ရှိဖြစ်တည်မှုအတွက် အခြေခံကျတဲ့ ပရိုတိန်းနဲ့ ဆက်နွယ်နေတာမို့ ဓာတုဗေဒနယ်ပယ်ထဲမှာပဲ ချိတ်ဆက်ပေးအပ်လိုက်တဲ့ သဘောဖြစ်ပါတယ်။  ပရိုတိန်း (Protein) တွေဟာ ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေနဲ့ တစ်သျှူးတွေထဲမှာ ပါဝင်ဖွဲ့စည်းနေတဲ့ ဇီဝမော်လီကျူး အစိတ်အပိုင်းလေးတွေပါ။ သဘာဝပရိုတိန်းတွေကို မတူညီတဲ့ အမီနိုအက်စစ် (Amino Acid) အမျိုး ၂၀ နဲ့ တည်ဆောက်လေ့…

Read More

လက်ရှိ ၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆုတွေကို တစ်နေ့က အောက်တိုဘာလ ၇ ရက်နေ့မှာပဲ ဆွီဒင်နိုင်ငံ၊ အော်စလိုမြို့မှာ စတင်ပေးအပ်နေပါပြီ။ ဒီနှစ်အတွက် အဖွင့်ကိုတော့ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုနဲ့ စလိုက်ပါတယ်။ နိုဘယ်ဆုကြေညာတာကို အောက်တိုဘာလ ၇ ရက်ကနေ ၁၄ ရက်နေ့ထိ တစ်ပတ်တိတိ ပြုလုပ်သွားမှာပါ။ ဒီနှစ်ရဲ့ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကိုတော့ ဗစ်တာ အမ်းဘရို့စ် (Victor Ambros) နဲ့ ဂယ်ရီ ရာ့ဗ်ကမ်း (Gary Ruvkun) တို့က မျှဝေရရှိသွားပါတယ်။ ရရှိတဲ့ အကြောင်းက ဗီဇပိုင်းတွေမှာ DNA ကနေ မျိုးဗီဇကူးယူမှု လုပ်ပြီးချိန် microRNA တွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံကို လေ့လာတွေ့ရှိခဲ့လို့ပါ။ နားလည်ရလွယ်အောင် ခွဲထုတ် ပြောပြပါ့မယ်။လူသားတွေ အပါအဝင် သက်ရှိတိုင်းကို ဆဲလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ အဲဒီဆဲလ်တွေထဲမှာ ခရိုမိုဆုမ်းလို့ ခေါ်တဲ့ မိဘတွေဆီက လက်ဆင့်ကမ်းရရှိတဲ့ မျိုးရိုးဗီဇအချက်အလက်တွေ ပါဝင်ပါတယ်။ နမူနာ၊ လူသားမျိုးစိတ်မှာဆိုရင် ဖခင်ဘက်က ခရိုမိုဆုမ်း ၂၃ ခုနဲ့ မိခင်ဘက်က ၂၃ ခု၊ ပေါင်း ခရိုမိုဆုမ်း ၄၆ ခု ရှိပါတယ်။ ဖိုသုတ်ဆဲလ်နဲ့ မမျိုးဥဆဲလ်က လွဲလို့ ခန္ဓာကိုယ်မှာ ရှိသမျှ ဆဲလ်တိုင်းရဲ့ ခရိုမိုဆုမ်းအရေအတွက်က အတူတူပါပဲ။ ခရိုမိုဆုမ်းအရေအတွက် တူညီတာမို့ ဒီခရိုမိုဆုမ်းထဲမှာ ပါဝင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေဟာလဲ တစ်ထပ်တည်းပဲ ဖြစ်ကြပါတယ်။ မျက်လုံးမှာ ရှိတဲ့ ဆဲလ်ထဲက ဗီဇနဲ့ ကျောက်ကပ်ဆဲလ်က ဗီဇ၊…

Read More

တိရစ္ဆာန်တွေရဲ့ ဘာသာစကားတွေကို လေ့လာခြင်း ပညာရပ် (Zoosemiotics)လူသားတွေအချင်းချင်း ကိုယ့်ရဲ့ ခံစားချက်တွေ၊ လိုအင်တွေ၊ သတင်းအချက်အလက်တွေနဲ့ ဖြစ်ရပ်တွေကို နားလည်စေဖို့ ဘာသာစကားနဲ့ ဖြစ်ဖြစ်၊ ခြေဟန်လက်ဟန်၊ အမူအရာနဲ့ ဖြစ်ဖြစ် ဆက်သွယ်ပြောဆိုကြသလို တိရစ္ဆာန်တွေမှာလဲ အချင်းချင်း နားလည်နိုင်ဖို့ ပြောဆိုဆက်သွယ်ကြတဲ့ ဘာသာစကားတွေ ရှိကြပါတယ်။ အဲ့လို ဘာသာစကားတွေကို လေ့လာတဲ့ ပညာရပ်ကို Zoosemiotics လို့ ခေါ်ပါတယ်။ Zoosemiotics ဆိုတာ ဂရိစကားလုံးတွေဖြစ်တဲ့ Zoo – Animal နဲ့ Semiotics – The Study of Signs and Symbols (သင်္ကေတ အမှတ်သညာများကို လေ့လာခြင်း) တို့ကနေ ဆင်းသက်လာတာပါ။ တိရစ္ဆာန်တွေကြားမှာ မြောက်မြားလှတဲ့ သင်္ကေတတွေ၊ လက်ဟန်ခြေဟန်တွေ၊ အသံနဲ့ အပြုအမူတွေကို သုံးပြီး သတင်းအချက်အလက်တွေကို ဘယ်လို ပေးပို့ကြသလဲ၊ ခံစားချက်တွေကို ဘယ်လို ထုတ်ဖော်ပြသကြသလဲ၊ ဆက်ဆံရေးနှောင်ကြိုးတွေကို အောင်မြင်အောင် ဘယ်လိုချည်နှောင်ကြသလဲဆိုတာကို လေ့လာတဲ့ ပညာရပ်ပါ။ တိရစ္ဆာန်တွေဟာ အစာအတွက်၊ မိတ်လိုက်ဖို့အတွက်၊ ပိုင်နက်ကို ကာကွယ်ဖို့နဲ့ သားရဲတွေရဲ့ အန္တရာယ်ကို သတိပေးဖို့အတွက် အသံ၊ အမူအရာနဲ့ အနံ့ တစ်နည်းနည်းနဲ့ အချင်းချင်း ဆက်သွယ်တတ်ကြပါတယ်။ ဥပမာဆိုရရင် အနံ့ထုတ်လွှတ်ပြီး ပိုင်နက်နယ်မြေ သတ်မှတ်တတ်တဲ့ ဝံပုလွေနဲ့ ခွေးတွေ၊ ဖယ်ရိုမုန်း (Pheromone) လို ဓာတုပစ္စည်းတွေ ထုတ်ပြီး အချင်းချင်းဆက်သွယ်တဲ့ ပျားတွေ၊ ပုရွက်ဆိတ်တွေ၊ ပဲ့တင်သံ သုံးတဲ့ ငှက်တွေ၊ ပုရစ်အော်သံတွေ၊…

Read More

စကြဝဠာကြီးထဲမှာ ‌ရေတွက်မဆုံးတဲ့ဂလက်ဆီတွေ၊ ကြယ်တွေ နဲ့ ဂြိုဟ်ပေါင်းမြောက်များစွာဟာ တည်ရှိနေပါတယ်။ အဲ့လိုများပြားလှတဲ့ဂလက်ဆီတွေထဲကမှ ကိုယ်တွေရဲ့ နေအဖွဲ့အစည်းတည်ရှိနေတဲ့ ဂလက်စ်ဆီကိုတော့ နဂါးငွေ့တန်းဂလက်စ်ဆီလို့ ခေါ်တွင်ကြပါတယ်။ နဂါးငွေ့တန်းဂလက်စ်ဆီထဲမှာဆိုရင် များပြားလှတဲ့ ကြယ်တွေနဲ့အတူ ဓာတ်ငွေတွေ၊ ဂြိုဟ်တွေနဲ့ အာကာသဖုန်မှုန့်တွေ အတူတကွရောယှက်လို့နေပါတယ်။ ဒီနေအဖွဲ့အစည်းမှာ ဘယ်လိုဂြိုဟ်တွေပါဝင်ပြီး ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာကိုတော့ အတူ‌လေ့လာကြည့်ကြပါမယ်။ နေအဖွဲ့အစည်းကို ရှာဖွေတွေ့ရှိခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၆ ဘီလီလျံခန့်ကပါ။ ဒီနေအဖွဲ့အစည်းရဲ့ အဓိကမဏ္ဍိုင်ကတော့ “နေ” လို့သိကြတဲ့ ကြယ်တစ်လုံးပါ။ နေက ကိုယ်တွေရဲ့နေအဖွဲ့အစည်းမှာတော့ အကြီးမားဆုံးကြယ်လို့ ပြောလို့ရပါတယ် သူ့ရဲ့ ပတ်ပတ်လည်မှာမှ ဂြိုဟ်ကြီး(၈)လုံးဖြစ်တဲ့ မာကျူရီ(Mercury)၊ ဗီးနပ်စ်(Venus)၊ ကမ္ဘာ(Earth)၊ မားစ်(Mars)၊ ဂျူပီတာ(Jupiter)၊ စေတန်(Saturn)၊ ယူရေးနပ်စ်(Uranus) နဲ့ နက်ပကျွန်း(Neptune)ဂြိုဟ် တို့က သူ့ပတ်လမ်းကြောင်းနဲ့သူ လှည့်ပတ်လို့နေပါတယ်။ ဒီလိုလမ်းကြောင်းမှန်လှည့်ပတ်နေနိုင်တာလည်း နေရဲ့ဆွဲအား (gravitational pull)ကြောင့်လို့ ပြောလို့ရပါတယ်။ နေဆိုတာက သက်ရှိတွေရှင်သန်ကြီးထွားဖို့အတွက် အ‌ရေးပါအရာရောက်တဲ့ ရင်းမြစ်တစ်ခုပါ။ ဒီရင်းမြစ်ကြီး ဘယ်လိုဖြစ်ပေါ်လာလဲဆိုရင်တော့ ဆိုလာ နပ်ဗျူလာ(Solar nebula) ပြိုကွဲသွားရာကနေ စတင်ဖြစ်တည်လာတာပါ။ ဒီပြိုကွဲမှုကနေပဲ ကြယ်တွေ၊ ဂြိုဟ်တွေ မွေးဖွားလာခဲ့ကြတာပါ။ နေကို အလွှာခြောက်ခုနဲ့ဖွဲ့စည်းထားပြီး အလယ်ဝတ်ဆံဖြစ်တဲ့ Core ကတော့ အပူဆုံးနေရာလို့ပြောလို့ရပါတယ်။ ဘယ်လောက်ထိပူလဲဆိုရင် ၂၇မီလီလျံ ဒီဂရီဖာရင်ဟိုက် ထက်တောင်ကျော်လွန်ပါတယ်။ မျက်နှာပြင်အပူချိန်ကတော့ ၁၀၃၄၀ ဒီဂရီဖာရင်ဟိုက် ‌လောက်ပဲရှိပါတယ်။ ဒီလိုတောင်များလှတဲ့အပူတွေကို ဘယ်ကနေရလာသလဲဆိုရင်တော့ သူ့ရဲ့ဝတ်ဆံကိုပဲညွှန်ပြရပါလိမ့်မယ်။ ဝတ်ဆံက အရမ်းကိုဖိအား‌များတဲ့အခါ နျူးကလီးယား ဖျူရှင်း(Nuclear fusion)ဖြစ်စဉ်ကိုဖြစ်ပေါ်လာစေပါတယ်။ ဟိုက်ဒြိုဂျင်တွေက ဖျူရှင်းဖြစ်စဉ်ကနေ ဟီလီယမ်ဒြပ်စင်သစ်ဖြစ်‌ပေါ်စေပြီး အပူစွမ်းအင်တွေထွက်ပေါ်လာတာပါ။ ကမ္ဘာကနေ…

Read More

“နေကို ရောင်စဉ် ၇ မျိုးလုံးကို ထုတ်လွှတ်ပေမဲ့ အနီ၊ လိမ္မော်၊ အဝါနဲ့ အဖြူရောင် အလုံးကြီး အနေနဲ့ပဲ မြင်ရလေ့ရှိတယ်။ ဒါပေမဲ့ အပြာ၊ ခရမ်း၊ မဲနယ်ရောင် အလုံးကြီးကိုတော့ ကမ္ဘာကနေ တစ်ကြိမ်တစ်ခါတောင် မြင်ရမှာ မဟုတ်ပါဘူး။” ကောင်းကင်တစ်ခုလုံး လှပစွဲမက်စရာ ထွန်းလင်းသွားပြီး လိမ္မော်နီရောင် အလုံးကြီးကို နှုတ်ဆက်ခွဲခွာတဲ့ နေ၀င်ချိန်တွေကို စာဖတ်သူတို့ ကြည့်ဖူး၊ မြင်ဖူးကြမှာပါ။ အဲဒီအချိန်လေးမှာ မျက်စိနဲ့ တိုက်ရိုက် သွားတောင် ကြည့်လို့မရတဲ့ လင်းချင်တိုင်းလင်းနေတဲ့ ဝါရောင်ဖြာ ကြယ်လုံးကို လှပတဲ့ လိမ္မော်၊ ဒါမှမဟုတ် အနီရောင်အနေနဲ့ မြင်ရလေ့ရှိပါတယ်။ ယေဘုယျအနေနဲ့ ကျွန်တော်တို့ မြင်ဖူးတဲ့ နေကနေ ထုတ်လွှတ်လိုက်တဲ့ အရောင်တွေက အများကြီး ရှိပါတယ်။ အရိုးရှင်းဆုံးကတော့ မျက်စိနဲ့ မြင်နိုင်တဲ့ ရောင်စဉ် ၇ သွယ်ပေါ့။ ပိုပြီး စိတ်၀င်စားဖို့ကောင်းတဲ့ အချက်က နေဟာ ဒီအရောင် ၇ မျိုးလုံးကို ထုတ်လွှတ်တယ်ဆိုတာပါ။ ဒီတော့ စာဖတ်သူတို့အတွက် မေးစရာတစ်ခု ပေါ်လာပါတယ်။ အခြေအနေ၊ အကျိုးအကြောင်း ကိုက်ညီတဲ့အခါ နေကို ဒီအရောင် ၇ မျိုးထဲက တစ်ရောင်ချင်းစီနဲ့ မြင်ရနိုင်သလား . . . ? ဒီမေးခွန်းကို အဖြေရှာတဲ့ နေရာမှာ နောက်မေးခွန်းတစ်ခုနဲ့ စတင်ရပါလိမ့်မယ်။ “နေရဲ့ မူလအရောင်က ဘာလဲ?” ဆိုတာပါ။ နေရဲ့ မူလအရောင်ကို မသိပါဘဲ မတူညီတဲ့ အချိန်မှာ မတူညီတဲ့ အရောင်တွေနဲ့ ဒီအလုံးကြီးကို…

Read More

အကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊ စိတ်ပါဝင်စားလို့ပဲဖြစ်ဖြစ် ဒြပ်မဲ့ပန်းချီပြပွဲတွေဆီ ရောက်တဲ့အခါ ပန်းချီကားတစ်ချပ်ရှေ့မှာ ရပ်ကြည့်ပြီး အနုပညာဇိမ် အပြည့်အဝ ခံစားဖူးပါသလား . . . ? ပါဝင်တဲ့ အရောင်အသွေးအနုအရင့်၊ အလင်းအမှောင်သဘော၊ မျက်နှာပြင်အထည်သားအနုအကြမ်း၊ မျဥ်းကွေးမျဥ်းဖြောင့်၊ အစက်အပြောက် စတာတွေကို ကြည့်ရင်း ပန်းချီဆရာက ဘာအဓိပ္ပာယ်ကို လက်ဆင့်ကမ်းချင်နေတာလဲ၊ ဘာတွေ ပြောပြနေသလဲ၊ ပန်းချီရေးနေချိန် သူ ဘာတွေ ခံစားနေရသလဲ၊ ကိုယ့်စိတ်ထဲမှာရော ဘယ်လိုခံစားချက်တွေ တဖွားဖွား ထိုးတက်လာလဲ တွေးတောသုံးသပ်ဖူးပါသလား . . . ? တစ်ဆက်တည်းမှာပဲ ဘယ်လိုအကြောင်းတရားတွေ၊ ဘယ်လိုသမိုင်းနောက်ခံတွေကြောင့် ဒြပ်မဲ့ပန်းချီတွေ ပေါက်ဖွားလာသလဲဆိုတာကိုရော သိချင်ခဲ့ဖူးပါသလား . . . ? ဒြပ်မဲ့ပန်းချီရဲ့ သမိုင်းကြောင်းကို မပြောခင် ဘာက ဒြပ်မဲ့အနုပညာလဲ၊ ဘာက သရုပ်ဖော်အနုပညာလဲ ဆိုတာကို ဦးစွာပထမ သိဖို့ လိုပါလိမ့်မယ်။ လူသားတွေ ဂူနံရံတွေမှာ ရေးခြစ်တဲ့ ခေတ်က စလို့ မျက်မှောက်ခေတ်အထိ ပန်းချီ၊ ပန်းပု၊ ဗိသုကာ စတဲ့ အနုပညာရပ်တွေဟာ ခေတ်တစ်​ခေတ်ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စားဝတ်နေရေး၊ ကိုးကွယ်ယုံကြည်မှု၊ ယဥ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ထင်ဟပ်ပြသပေးပါတယ်။ ဒြပ်မဲ့ပန်းချီရဲ့ သမိုင်းအစကို တူးဆွကြည့်ရင် ကလော့ဒ်မိုနေး (Claude Monet) အပါအဝင် ဖြစ်တဲ့ အင်ပရက်ရှင်းနစ်စ် (Impressionists) တို့ရဲ့ အလင်း၊ အရောင်ခြယ်သနည်းတွေ၊ ဝန်းကျင်အနေအထားကို အားပြုရေးဆွဲနည်းတွေ (Impressionism) အပြင် ပက်ဘလို ပီကာဆို (Pablo Picasso)…

Read More

နာမည်ကြီး ပန်းချီကားတွေထဲ တစ်ချပ်အပါအဝင်ဖြစ်တဲ့ “Starry Night” ကို တွေ့လိုက်တာနဲ့ ဗင်းစင့်ဗန်ဂိုး (Vincent Van Gogh) ကိုပါ တွဲမြင်ကြမှာပါ။ ဗန်ဂိုးက ဒတ်ခ်ျလူမျိုး ပန်းချီပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တစ်မူထူးခြားတဲ့ ရေးဆွဲပုံတွေ၊ အရောင်စပ်ပုံတွေကြောင့် ထင်ရှားကျော်ကြားလှပါတယ်။ ဒီလိုပါရမီထူးတဲ့ ဗန်ဂိုး ဇူလိုင်လ ၂၉ ရက်၊ ၁၈၉၀ ခုနှစ်၊ သူ့အသက် ၃၇ နှစ်မှာပဲ ကွယ်လွန်သွားရှာပါတယ်။ တစ်နည်း၊ ဗန်ဂိုးတစ်ယောက် ကမ္ဘာမြေပေါ်က ထွက်ခွာသွားတာ ဒီနေ့မှာပဲ နှစ်ပေါင်း ၁၃၄ နှစ် ပြည့်ပါပြီ။ ဗန်ဂိုးကို အများစုက သမရိုးကျ သေဆုံးခဲ့တာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဆိုကြပါတယ်။ တစ်ဖက်မှာလဲ ဗန်ဂိုးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ မဟုတ်ဘဲ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတာဆိုတဲ့ အဆိုပြုချက်ကလဲ ရှိနေပြန်တာပါ။ တကယ်လို့သာ ဗန်ဂိုးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ခဲ့ရင် . . . လုပ်ကြံခံခဲ့ရတာဆိုရင် . . . လက်ရှိ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ အယူအဆတွေ အားလုံးက ကပြောင်းကပြန် ဖြစ်ကုန်ပါလိမ့်မယ်။ ဒီနေ့တော့ Fact Hub နဲ့အတူ ဗန်ဂိုးသေဆုံးမှုရဲ့ တခြားတစ်ဖက်ခြမ်းက စကားသံတွေကို စူးစမ်းကြည့်ကြရအောင်ပါ။ ဗန်ဂိုးက သေ‌ဆုံးချိန်မှာ အသက် ၃၇ နှစ်ပဲ ရှိသေးတဲ့အပြင် ပြင်းထန်တဲ့ စိတ်ရောဂါ ဝေဒနာကိုပါ ခံစားနေခဲ့ရတယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်တုန်းက ဗန်ဂိုးက သူ့ရဲ့ နောက်ဆုံးပန်းချီကားဖြစ်တဲ့…

Read More

မိုနာလီဇာ (Mona Lisa) ဆိုတာနဲ့ ပြေးမြင်မှာက ပြုံးသယောင်ယောင် နှုတ်ခမ်းတင်းတင်းနဲ့ ခမ်းနားတဲ့ အမျိုးသမီးပုံ ပန်းချီကားတစ်ချပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီပန်ချီကားက ကမ္ဘာကျော် အီတလီပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci) ရဲ့ ကျော်ကြားတဲ့ လက်ရာတွေထဲက တစ်ခုပါ။ ဒါဗင်ချီကို ဖရန်ချက်စ်ကိုဒေဂျော်ကွန်ဒို အမည်ရ ကုန်သည်တစ်ဦးက သူ့ဇနီးသည် လီဇာအတွက် ပုံတူပန်းချီကို ရေးဆွဲပေးဖို့ တောင်းဆိုတာကြောင့် ရေးဆွဲခဲ့တယ်လို့ သိရပြီး ၁၅၀၃ ခုနှစ်နဲ့ ၁၅၁၉ ခုနှစ် အတောအတွင်းမှာ ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားကို ကြည့်လိုက်ရင် ရိုးရှင်းနေပြီး ထူးဆန်းတဲ့ အချက် မပါဘူးလို့ ထင်စရာပါပဲ။ ဒီလို ရိုးရိုးပုံတူပန်းချီကားလေးက ကမ္ဘာတစ်ဝှမ်းမှာ ထူးထူးခြားခြား နာမည်ကြီးနေတာကတော့ စဉ်းစားစရာပါ။ နာမည်ကြီးနေရတဲ့ ပထမဆုံးအချက်ကတော့ သူ(မ)ရဲ့ အပြုံးပါ။ သူ(မ)ရဲ့ အပြုံးကို တစိမ့်စိမ့်နဲ့ ဂရုစိုက်ပြီး ကြည့်ကြည့်မယ်ဆိုရင် ထူးခြားနေပါလိမ့်တယ်။ မိုနာလီဇာကို ကြည့်မိသူတိုင်း သူ(မ) ပြုံးနေလား၊ မပြုံးနေဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားလေ့ရှိကြပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရတော့ ဒီလိုဖြစ်ရတာက ဒါဗင်ချီရဲ့ ဆန်းသစ်တဲ့ ရေးဆွဲနည်းကြောင့်ပါတဲ့။ ဒါဗင်ချီ စပြီး မရေးဆွဲခင်ကတည်းက လူတွေရဲ့ မျက်လုံးကို စနစ်တကျလေ့လာပြီး ဘယ်ရှုထောင့်က ကြည့်ရင် ဘယ်ပုံရိပ်ယောင်ကို ဖြစ်စေနိုင်မလဲ၊ ပြုံးလိုက်မယ်ဆိုရင် မျက်နှာက ဘယ်လိုဖြစ်နေမလဲ၊ ထင်ယောင်ထင်မှားဖြစ်အောင်ဆိုရင် မျက်နှာမှာ ဘယ်လိုအရိပ်၊ ဘယ်လိုအရောင် ထည့်ရမလဲ စတဲ့ အသေးစိတ်အချက်တွေကို စနစ်တကျ လေ့လာခဲ့တဲ့အတွက်ကြောင့်လို့ သိရပါတယ်။ ဒါကြောင့်လဲ…

Read More

ဒီစာကို မြင်တာနဲ့ လေကို ဝဝ ရှူသွင်းပြီး အသက်ကို အောင့်ထားပေးပါ။ ကျန်းမာတဲ့ လူတစ်ယောက်က တစ်မိနစ်ကို ပျမ်းမျှ ၁၂ ကြိမ်လောက် အသက်ရှူလေ့ရှိပါတယ်။ တစ်နာရီကို အကြိမ်ရေ ၇၀၀ ကျော်နဲ့ တစ်နေ့ကို အကြိမ် ၁၇၀၀၀၊ တစ်နှစ်လုံးဆို အသက်အရှူအသွင်းလုပ်တဲ့ အကြိမ်‌ရေက ၆၃ သိန်းကျော်တာပေါ့။ ဒီတော့ လူသားတွေ အသက်မရှူဘဲ တကယ် ရှင်သန်နိုင်ရဲ့လား လို့ လိုက်မေးကြည့်ရင် ‘အသက်သာ မရှူရင် သေလူနဲ့ ဘာမှ မထူးတော့ဘူး’ ဆိုတဲ့ အဖြေတစ်ခုတည်းပဲ ပြိုင်တူ ထွက်လာကြမှာပါ။ လူလို့ ဖြစ်လာကတည်းက အသက်မရှူချင်ရင်တောင် ရှူနေရတာပါပဲ။ အချို့ဆို “တစ်နေ့တစ်နေ့ အသက်ရှူနေရတာကိုက အလုပ်တစ်ခု၊ ထမင်းစားနေရတာကိုက အလုပ်တစ်ခု” ဆိုပြီး ညည်းတွားတတ်ပါသေးတယ်။ အသက်ရှူနေရတာက တကယ်တော့လဲ ဘဝကို ရှင်သန်ရုန်းကန်နေရတာပါပဲ။ လူ့ခန္ဓာကိုယ်ဟာလဲ ဒဏ်ရာအနာတရတွေ၊ အာဟာရပြတ်လပ်တာတွေကိုတော့ ခံနိုင်ရည်ရှိသေးပေမဲ့ အသက်ရှူမဝတဲ့ အခြေအနေကိုတော့ သူ မရှိတဲ့ နေ့ရက်တွေကို နေသားမကျသလို ခံနိုင်ရည်မရှိရှာပါဘူး။ ဒီလိုဆိုရင် ပတ်ဝန်းကျင်လေထုက လူသားတွေအပေါ် ဘယ်လောက်ထိ လွှမ်းမိုးနိုင်လဲ . . . ? ဘယ်လောက်ထိ အရေးပါလဲ . . . ? စတုတ္ထဈာန်လို ဘာသာရေးဆိုင်ရာ တရားကျင့်စဉ်တွေမှာဆိုရင် ၇ ရက် တစ်ပတ် အသက်မရှူဘဲ အသက်ရှင်နေနိုင်တယ် ဆိုတဲ့ ယူဆချက်တွေ တကယ်ရော မှန်ရဲ့လား . . . ?…

Read More

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကို သိပ္ပံနဲ့ နည်းပညာလောကမှာ သုတေသန အသစ်တွေ၊ ရှာဖွေတွေ့ရှိမှုတွေနဲ့ မှတ်ကျောက်တင်မှုတွေ ပြည့်နှက်နေတဲ့ နှစ်လို့တောင် ပြောနိုင်ပါတယ်။ မြန်မာလူမျိုး ဒေါက်တာ စောဝေလှဦးဆောင်တဲ့ အဖွဲ့ အက်တမ်ကို X-ray ရိုက်နိုင်ခဲ့တာက အစ၊ ရာသီဥတုအကြီးအကျယ်ပြောင်းလဲတာတွေ အလယ်၊ အိန္ဒိယတွေ လပေါ် ဆင်းနိုင်တာ အဆုံး တစ်နှစ်လုံးစာ ခြုံပြီး ပြောရမဲ့ အကြောင်းအရာတွေ အတော်လေး များတာပါ။ ဒီနေ့တော့ စာဖတ်သူတို့အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း သိပ္ပံနယ်ပယ်ထဲမှာ ဘယ်လို တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့လဲ၊ ရှာဖွေတွေ့ရှိမှုတွေ၊ သုတေသနတွေနဲ့ တခြား စိတ်ဝင်စားဖွယ် အကြောင်းအရာတွေရော ဘယ်လို အနေအထားမှာ ရှိလဲဆိုတာကို Fact Hub နဲ့ အတူ လိုက်လေ့လာကြည့်နိုင်မှာပါ။ပုံလေးတွေရဲ့ အောက်မှာ စာထည့်ပေးထားလို့ တစ်ပုံချင်းစီ ထောက်ပြီး ဖတ်နိုင်ပါတယ်။#Fact_Hub #Year_End_Brief_of_Scientific_Improvementsအဖွင့်ကိုတော့ နိုင်ငံတကာ သိပ္ပံမဂ္ဂဇင်းတွေရဲ့ စာရင်းထိပ်မှာပါ ဖော်ပြခံရတဲ့ မြန်မာလူမျိုး ဒေါက်တာ စောဝေလှတို့ အဖွဲ့ရဲ့ အံ့မခန်း သုတေသနနဲ့ စခွင့်ပြုပါ။အမေရိကန်နိုင်ငံ၊ အိုဟိုင်းရိုး တက္ကသိုလ်က မြန််မာလူမျိုး ရူပဗေဒပညာရှင် ပါမောက္ခ ဒေါက်တာစော၀ေလှ ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့က အက်တမ်တစ်လုံးချင်းစီကို ကမ္ဘာ့ပထမဆုံးအဖြစ် x ray ရိုက်ကူးနိုင်ခဲ့ပါတယ်။ အရင်က အက်တမ်အလုံးတစ်သောင်းနဲ့ တစ်သောင်းအထက် ပမာဏရှိတဲ့ ဒြပ်တွေကိုပဲ x ray ရိုက်နိုင်သေးတာဖြစ်ပြီး အက်တမ်တစ်လုံးတည်းကို x ray ရိုက်နိုင်ဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်။ ဒီလို အတော်ခက်ခဲတဲ့ လုပ်ငန်းစဉ်ကို အိုဟိုင်းရိုးတက္ကသိုလ်၊…

Read More

သဘာ၀ဘေးအန္တရာယ်တွေကဟာရှောင်လွှဲလို့မရတဲ့အတွက် ကျရောက်လာခဲ့ရင် အရံသင့်ရှိနေဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေကြီးနေစဥ်နဲ့ ရေကြီးပြီးတဲ့အခါ ဘေးကင်းအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာတွေကို Fact Hub က မျှဝေပေးချင်ပါတယ်။ မိမိနဲ့ အသိအကျွမ်းတွေထဲ ရေဘေးဒေသက သူတွေရှိမယ်ဆိုရင်လဲ ဒီအကြောင်းအရာလေးကို လက်ဆင့်ကမ်းမျှဝေပေးခဲ့ပါဦးရှင်။ Written by – Thae Nandar Su, Shin Mon Thant Edited by – Fact Hub Editor Team ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 #Fact_Hub #Flood_Education #Article #Environmental #Natural_Disaster ――――――― ကြိုတင်ပြင်ဆင်သင့်သည်များ     ဆေးဝါး၊ သောက်သုံးရေသန့်၊ စားနပ်ရိက္ခာ (အခြောက်)၊ မှတ်ပုံတင် အိမ်ထောင်စုဇယားလိုမျိုး အရေးကြီးပစ္စည်းတွေနဲ့ မိုးလေ၀သသတင်းနားစွင့်လို့ရအောင် ရေဒီယို (သို့) တယ်လီဖုန်းအပြင် လိုအပ်ပါက Power Bank/ ဓာတ်မီးတို့ကို ပြင်ဆင်ထားသင့်ပြီး မိမိနေထိုင်ရာဒေသရဲ့ကယ်ဆယ်ရေးအဖွဲ့ များရဲ့ဖုန်းနံပါတ်တွေကိုလဲ စုဆောင်းထားသင့်ပါတယ်။ ဒါ့အပြင် ရေကြီးပြီးနောက်မှာ ပြန်ဆုံကြမယ့် ဆုံမှတ်တစ်ခုသတ်မှတ်ထားပြီး မိသားစု၀င်တွေရဲ့ ကိုယ်ရေးအကျဥ်း၊ သွေးအမျိုးအစားတွေကို ကဒ်(သို့) စာရွက်နဲ့ရေးပြီး ရေစိုခံအိတ်များနဲ့ ဆောင်ထားသင့်ပါတယ်။ ―――――――   ရေကြီးနေစဥ်ဆောင်ရန်/ရှောင်ရန်များ     ရေကြီးပြီလို့ သတိထားမိတာနှင့်တစ်ပြိုင်နက် ကုန်းမြင့်ပိုင်း/ မြင့်တဲ့အဆောက်အဦးပေါ် အရင်​သွားပါ။ ရေကြီးချိန်မှာ သစ်ပင်ပေါ်ပြေးတက်တာမျိုးမပြုလုပ်သင့်ပါဘူး (ကံထူးရင် မြွေလိုမျိုးတိရစ္ဆာန်တွေနဲ့ တစ်ပင်တည်း အတူတူ…

Read More

U.S. Geological Survey (USGS) အရ ရေလိပ်တွေ၊ ဆယ်လ်မွန်တွေလို ရေနေသတ္တဝါတွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းကို အာရုံခံနိုင်စွမ်းရှိပြီး သူတို့သွားမဲ့ လမ်းကြောင်းကို ရှာဖွေဖို့အတွက် အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ရေနေသတ္တဝါတွေအပြင် မိုလက်စ်မျိုးပေါင်းစုထဲက သတ္တဝါတွေ၊ အာသရိုပေါ့ထ်တွေ၊ ကျောရိုးရှိသတ္တဝါတချို့၊ ကုန်းနေရေနေ သတ္တဝါတချို့နဲ့ ငှက်တချို့ကလဲ ဒီနည်းစနစ်ကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကို  magnetoreception လို့ ခေါ်ဝေါ်ပါ။ ဒီအချက်အလက်က မှန်ကန်ရဲ့လား။ အသုံးပြုထားတဲ့ ရင်းမြစ်တွေက ဒီမှာပါ။ – Wiltschko, R., & Wiltschko, W. (2019). Magnetoreception in birds. Journal of the Royal Society Interface, 16(158), 20190295. https://doi.org/10.1098/rsif.2019.0295 – Magnetoreception | The Lohmann Lab – University of North Carolina at Chapel Hill. (n.d.). https://lohmannlab.web.unc.edu/magnetoreception/ – Warrant, E. J. (2021). Unravelling the enigma of bird magnetoreception. Nature, 594(7864), 497–498. https://doi.org/10.1038/d41586-021-01596-6  

Read More

ရုတ်တရက်ဖတ်ကြည့်ရင်တော့ နည်းနည်းထူးဆန်းနိုင်ပေမဲ့ ငှက်ပျောသီးတွေက ရေဒီယိုသတ္တိကြွနိုင်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်ဓာတ် တော်တော်များများ ပါဝင်ပါတယ်။ အဲ့ဒီထဲမှာ ပိုတက်စီယမ်ထဲက ရေဒီသတ္တိကြွ အိုင်ဆိုတုပ် ပိုတက်စီယမ်-၄၀ က ပမာဏနည်းနည်းပါဝင်ပါတယ်။ ပိုတက်စီယမ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲက တစ်ခုအပါအဝင်ပါ။ သဘာဝအတိုင်း တည်ရှိနေတဲ့ ပိုတက်စီယမ်ဒြပ်စင်တွေထဲက ၀.၀၀၁ ရာခိုင်နှုန်းက ပိုတက်စီယမ်-၄၀ အိုင်ဆိုတုပ်တွေ ဖြစ်ပါတယ်။ အဲ့ဒီ ဒြပ်စင်တွေ Radioactive deacy (ရေဒီယိုသတ္တိကြွဒြပ်စင် ယိုယွင်းပျက်စီး – တိုက်ရိုက်ပြန်ဆိုမှု) ဖြစ်တဲ့ အခြေအနေကို ရောက်သွားရင်တော့ အင်မတန်နည်းပါးတဲ့ Beta အဆင့် အမှုန်လေးတွေရဲ့ Gamma ရောင်ခြည်တချို့ ဖြာထွက်စေပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးထဲက ဒီရေဒီယိုသတ္တိကြွတဲ့ ဖြစ်စဉ်က ပမာဏအားဖြင့် အလွန်နည်းပါးတာကြောင့် လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေမရှိပါဘူး။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာလဲ ကိုယ်စားတဲ့ အစာ၊ ရှုတဲ့လေနဲ့ လျှောက်တဲ့မြေတေွကနေ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည် ပမာဏ နည်းနည်းလေးကို တွေ့ကြုံခံစားရပါတယ်။ ငှက်ပျောသီးမှာရှိတဲ့ ရေဒီယိုသတ္တိကြွမှုကတော့ နေကလာတဲ့ အလင်းရောင်ခြည်တွေ၊ Cosmic ရောင်ခြည်တွေနဲ့ အခြား ပိုတက်စီယမ် ပါဝင်မှုများတဲ့ အစားအစာတွေကနေလဲ ရနိုင်ပါတယ်။ ဒီအကြောင်းအရာက ယုံကြည်ရနိုင်မှုရှိရဲ့လား။ အချက်အလက်ရယူခဲ့တဲ့နေရာတွေကို Citation ပြန်လည် ဖော်ပြပေးထားပါတယ်။ Villazon, L. (n.d.). How many bananas would I need to eat to become radioactive?…

Read More

  ❝ နှင်းဆီပွင့် ❞ ❝ လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ❞ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး လယ်တောကအပြန်မှာပဲ ခရေဖူးလေးတွေပန်ချင်လှပါတယ်လို့ မှာလိုက်လေသလား၊ ကောင်လေးကပဲ သူလယ်လုပ်ပြီး လယ်တောကအပြန်မှာ ခရေဖူးလေးတွေခူးပေးလေသလား ဆရာမင်းသုဝဏ်က ဘာကိုဆိုလိုခဲ့သလဲဆိုတာကိုတော့ ဆရာကိုယ်တိုင်ထက်အတိအကျ ဘယ်သူမှမသိနိုင်။ ကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်မကမ္ဘာထဲမှာတော့ လူရွယ်ကောင်လေးဟာ မနက်စောစောထ၊ လယ်ထွန်သွားဖို့ပြင်။ လယ်တောလေးရောက်ဖို့ လမ်းမှာ သူချစ်ခင်မြတ်နိုးရတဲ့ မိန်းမပျိုလေးနဲ့ဆုံ။ ကောင်လေးက အဲ့ဒီမိန်းမပျိုလေးကို ချစ်ရေးဆိုထားပုံပဲ။ အဲ့ဒီခေတ်အခါ ကျေးလက်က မိန်းမပျိုလေးပီပီ သူ့ကိုဘယ်လောက်ချစ်ကြောင်း ချစ်သက်သေယူချင်တော့ လယ်တောက အပြန်ကျရင် ခရေဖူးလေးတွေခူးခဲ့ပါ။ သူပန်ချင်ပါတယ်ပေါ့။ ဒီအခန်းမှာ ကာရိုက်တာနှစ်ဦးတင်မကဘဲ ဘေးကရှုခင်းလေးတွေကိုပါ အလိုလိုပုံဖော်လျက်မိသားဖြစ်နေတာ။ ရွာလမ်းလေးဆိုတော့ လမ်းဘေးတစ်လျှောက်မှာ လယ်ကွင်းလေးတွေရှိမယ်။ နွေဦးပေါက်ချိန်မှာ လေရူးသုန်သုန်ဖြန်းတဲ့အချိန်ဆိုတော့ လယ်ထဲက အရိုင်းပင်လေးတွေလည်း ဟိုယိမ်း၊ ဒိယိမ်း။ မိန်းမပျိုလေးက ကျေးရွာသူပီပီ ထဘီတိုတို၊ ရင်ဖုံးခါးတိလေးနဲ့ သနပ်ခါးလေးလည်း ခြယ်ချင်ခြယ်ထားဦးမယ်။ သူခါတိုင်းထုံးနေကျ မခို့တရို့ဆံထုံးလေးနဲ့ ပုခုံးပေါ်ကို မီရုံချထားတဲ့ ဆံပင်လေးတွေနဲ့။ ကောင်လေးက မိန်းမပျိုလေးရဲ့မှာသံကိုကြားတော့ ရင်‌ထဲတသိမ့်သိမ့်နဲ့ ဘီလူးဆိုင်းတွေတီးလို့။ သူချစ်မြတ်နိုးရတဲ့ မိန်းကလေးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးချင်စိတ်တွေ တဖွားဖွားနဲ့ကိုး။ အဲ့ဒီစိတ်နဲ့ပဲ လယ်တောကိုသွား၊ ဟိုရောက်‌လို့ လယ်ထွန် လယ်လုပ်တော့လည်း မိန်းမပျိုလေးရဲ့မှာသံကို တိုးတစ်ခါ၊ ကျယ်တစ်လှည့် တသဲ့သဲ့ကြား။ ညနေစောင်းတော့ လယ်တောက အပြန် လမ်းက ခရေပင်ကြီးပေါ်ကို မော့လို့ကြည့်လိုက်တယ်။…

Read More

သင်သိပါသလား ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံးရှိတဲ့ နိုင်ငံက ပြင်သစ်နိုင်ငံဖြစ်ပြီး အချိန်ဇုန် ၁၂ ခုတောင်ရှိတာပါ။ ပြင်သစ်ရဲ့ မက်ထရိုပိုလစ်တန်ဒေသမှာတော့ အလယ်ဥရောပအချိန်ဇုန်ဖြစ်တဲ့ CET ကိုပဲ အသုံးပြုပေမယ့် ပြင်သစ်ပိုင်တဲ့ အခြားပင်လယ်ရပ်ခြား ပိုင်နက်တွေအားလုံးကို ထည့်တွက်မယ်ဆိုရင်တော့ အချိန်ဇုန် စုစုပေါင်း ၁၂ ခုရှိတာပါ။ ဒီအရေအတွက်က နယ်မြေကြီးတဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင်တောင် အများဆုံးဖြစ်နေပါတယ်။  အချိန်ဇုန်တွေနဲ့ ပတ်သက်လို့ ဆက်စပ်ပိုစ့်ကို ဒီကဖတ်ပါ။  https://www.facebook.com/facthubofficialmyanmar/posts/pfbid02cGUvXZcfoirBqxGiT64rTRTx7YNMXrUAYckEgmgt6Ajt1acVjuvTQih2gbUBRz9Ml Image – Wikimedia   Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။   Telegram – t.me/facthub_mm #Fact_Hub #Short_Fact #France_Time_zones  

Read More

ရေကို အချိန်တိုအ‌တွင်း အများအပြားသောက်လိုက်မိတဲ့အခါ ကျောက်ကပ်ဟာ ပိုနေတဲ့ရေတွေကို စွန့်မထုတ်နိုင်တော့ပါဘူး။ အဲ့ကျရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ လျှပ်လိုက်ရည် (Electrolytes – ဥပမာ ဆိုဒီယမ်၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်ဓာတ်) တွေက ဟန်ချက်မညီတော့ဘဲနဲ့ ပြဿနာဖြစ်လာစေပါတယ်။ ဒီရေအဆိပ်သင့်တဲ့ဖြစ်စဉ်ဟာ ခန္ဓာကိုယ်အတွင်းက အရည်တွေကို ညီညွတ်မျှတစေတဲ့ဆိုဒီယမ် (Na) ကို ရေအများအပြားသောက်သုံးလိုက်တာကြောင့် မညီမျှမှုတွေဖြစ်ပေါ်လာစေပြီး သွေးတွင်းဖိအား မြင့်တက်တာ၊ နှလုံးခုန်နှုန်းနှေးကျလာတာ စလို့ မူးဝေတာ၊ ခေါင်းကိုက်တာ အပြင် အခြားပြင်းထန်တဲ့ လက္ခဏာတွေကိုပါ ဖြစ်ပေါ်စေနိုင်ပြီးတော့ ရှားရှားပါးပါး အခြေအနေတွေမှာဆိုရင် သေဆုံးတဲ့အထိပါဖြစ်သွားနိုင်တာပါ။ ဒါကြောင့်မလို့ ကျွန်တော်တို့တွေအနေနဲ့ ရေကို ကျန်းမာရေးနဲ့ ညီညွတ်စွာ သောက်သုံးဖို့အပြင် သင့်တော်တဲ့ ပမာဏအတွင်းမှာ သောက်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ဒီပိုစ့်က short fact အနေနဲ့ မျှဝေတာဖြစ်လို့ အသေးစိတ်ကို ထည့်သွင်းမဖော်ပြနိုင်ပါဘူးခင်ဗျာ။ စာဖတ်သူတွေအနေနဲ့ အသေးစိတ်ဖတ်ချင်တယ်ဆိုရင်တော့ နောက်ပိုင်းမှာ ကျန်းမာရေးဆောင်းပါးအနေနဲ့ ရေးပေးပါ့မယ်ခင်ဗျာ။ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

Read More

Stevia အပင်က သန့်စင်ထုတ်လုပ်ပြီးရလာတဲ့ အချိုဓာတ်ဟာ သာမန်သကြားတွေထက် အဆ‌ပေါင်း ၁၀၀ ကနေ ၃၀၀ ကျော်အထိ အချိုကဲပါတယ်။ ဒါ့အပြင် ကယ်လိုရီ ဇီးရိုး၊ ကာဗွန်ဟိုက်ဒရိတ် ဇီးရိုးနဲ့ တခြားသော မကောင်းတဲ့ ဓာတ်ပစ္စည်းတွေလည်း ပါဝင်မနေပါဘူး။ အချိုဓာတ်အများဆုံးပါဝင်ပြီး ကင်ဆာကို ကာကွယ်ပေးတဲ့ Antioxidants တွေ၊ ကိုယ်ခံအားကောင်းစေတဲ့ Vitamin C ၊ Fiber ၊ ပရိုတိန်း၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီဆမ်နဲ့ သံဓာတ်အနည်းငယ်စီ ပါဝင်ပါတယ်။ Stevia အပင်ဟာ နေရောင်ခြည်အရများတဲ့ ဒေသ‌တွေမှာ စိုက်ပျိုးဖြစ်ထွန်းပြီး နှစ်ရှည်ပင် အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ပါရာဂွေး၊ ကင်ညာ၊ တရုတ်နဲ့ အမေရိကန်တို့မှာ အဓိက စိုက်ပျိုးတာကို တွေ့ရပါလိမ့်မယ်။ Stevia ကောင်းကျိုးနဲ့ ဝယ်လိုအားတွေကြောင့် ဗီယက်နမ်၊ ဘရာဇီး၊ အိန္ဒိယ၊ အာဂျင်တီးနားနဲ့ အခြားနိုင်ငံတွေမှာလည်း ပိုမိုစိုက်ပျိုးလာကြပါပြီ။ မုန့်လုပ်တဲ့လုပ်ငန်းတွေမှာ အများဆုံးအသုံးပြုကြပြီး တောင်အ‌မေရိကနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကတော့ Stevia အရွက်ကို လက်ဖက်ရည်တို့၊ ရေနွေးကြမ်းတို့၊ ကော်ဖီတို့မှာ အချိုဓာတ်အနေနဲ့ ခပ်သောက်ကြလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ဆီးချိုသမားတွေ၊ Diet လုပ်နေသူ‌တွေအတွက် Stevia ကို ကော်ဖီတွေ၊ အချိုရည်တွေမှာ သကြားအစားထိုးအသုံးပြုပြီး ဈေးကွက်မှာ ရောင်းချလာကြတာကို တွေ့လာရပြီပဲဖြစ်ပါတယ်။ Source – Pure circle Stevia Institue, Lybrate Image – BBC Good Food Written by – Sandar Kyaw Edited…

Read More

Chemical compound တစ်ခုဖြစ်‌တဲ့ သလင်းကျောက်မှာ ဆီလီကွန်အက်တမ်တစ်လုံးနဲ့ အောက်ဆီဂျင်အက်တမ်နှစ်လုံးပါဝင်ပါတယ်။ သင်္ကေတနဲ့ဖော်ပြရမယ်ဆိုရင်တော့ SiO2 ဖြစ်ပါတယ်။ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ များများစားစား တွေ့ရှိရတတ်တဲ့ သတ္တုပစ္စည်းတစ်ခုဖြစ်တဲ့အပြင် တစ်မူထူးခြားတဲ့ အရည်အသွေးတွေ ဂုဏ်သတ္တိတွေကြောင့် အလွန် အသုံးဝင်တဲ့သဘာဝ တွင်းထွက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သလင်းကျောက်တွေကို လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ ပေါပေါများများတွေ့ရှိနိုင်ပါသေးတယ်။ ဘယ်လိုအပူချိန်မှာမဆို အသွင်အပြင်တွေ ဖြစ်ပေါ်နိုင်ပြီးတော့ မီးသင့်ကျောက်၊ အသွင်ပြောင်းကျောက်နဲ့ အနည်ကျကျောက်တွေအဖြစ် ပုံစံကွဲတွေအနေနဲ့လည်းဖွဲ့စည်းနိုင်ပါတယ်။ သဘာဝကြောင့်ဖြစ်ပေါ်လာတဲ့ ရာသီဥတုအခြေအနေတွေ၊ ဓာတုဗေဒနည်းပညာတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ကောင်းကောင်း ခံနိုင်ရည်ရှိပါတယ်။ ဒီလို ခံနိုင်ရည် ကောင်းတဲ့ သလင်းကျောက်တွေကိုတော့ မြင့်မားတဲ့တောင်ထိပ်တွေ၊ သဲကန္တာရတွေ၊ မြစ်တွေထဲနဲ့ ပင်လယ်‌ထဲကနေရာ‌ အချို့တွေမှာတွေ့ရှိနိုင်တဲ့အပြင် အခြားနေရာအနှံ့အပြားမှာတွေ့ရှိနိုင်ပါတယ်၊ အရေအတွက်ပေါများတယ်၊ နောက်ပြီးတော့ ကြာရှည်ခံနိုင်ကြပါတယ်။ သတ္တုတွင်းပေါင်းမြောက်မြားစွာကိုလည်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နေရာတော်တော်များများမှာတွေ့ရှိနိုင်ပါတယ်။ သလင်းကျောက်တွေဟာ အသုံးအဝင်ဆုံး သဘာဝတွင်းထွက် ကျောက်မျက်ရတနာတစ်ခုဆိုရင်လည်းမမှားပါဘူး။ သူ့ရဲ့အသုံးဝင်မှုဟာဆိုရင် ရုပ်ပိုင်းဆိုင်ရာမှာ အသုံးပြုနိုင်ရုံတင်မကဘဲ ဓာတုဗေဒနဲ့ ပတ်သက်တဲ့စမ်းသပ်ချက်တွေမှာလည်း ချိတ်ဆက်အသုံးပြုလို့ရပါတယ်။ မာကျောမှုအရည်အသွေးကိုတိုင်းတာမယ်ဆိုရင်တော့ ခုနစ်စကေး (7 Mohs Scale) ရှိပါတယ်။ အရာဝတ္ထုတော်တော်များများနဲ့ ဓာတ်ပြုနိုင်မှုစွမ်းရည် နည်းတဲ့အပြင် နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုကတော့ သလင်းကျောက်တွေဟာ လျှပ်စစ်ဂုဏ်သတ္တိ၊ တစ်ပိုင်းလျှပ်ကူးနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် အီလက်ထရွန်းနစ်ပစ္စည်းကိရိယာတွေမှာ အပူစီးကူးမှုကို ခုခံထိန်းညှိပေးတဲ့အရာအဖြစ်လည်း အသုံးပြုကြပါသေးတယ်။ တောက်ပ‌တဲ့ အရောင်အသွေးတွေ၊ ပါးလွှာချောမွေ့မှုတွေကြောင့် အလွန့်အလွန်လှပတဲ့ ကျောက်မျက်ရတနာအဖြစ် ဆင်မြန်းဝတ်ဆင်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ရဲ့အရည်အသွေးကိုလိုက်ပြီး ဖန်ထည်ပစ္စည်းအဖြစ်ရော အခြားပုံစံမျိုးစုံပြုလုပ်နိုင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင်တော့ ဘီလီယံနဲ့ချီတဲ့‌ သလင်းကျောက်တွေကို လျှပ်စစ်သုံးလက်ပတ်နာရီတွေ၊ ရိုးရိုးတိုင်ကပ်နာရီတွေ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အီလက်ထရွန်းနစ်ဂိမ်းပေါင်းများစွာ၊ ကွန်ပျူတာ၊ ဆဲလ်ဖုန်းတွေအပြင်…

Read More

မြန်မာနိုင်ငံမှာ လူငယ်တွေ ပွင့်လင်းမှုရှိလာတာနှင့်အမျှ HIV ရောဂါပြန့်ပွားနှုန်းတွေဟာလည်း တစ်ဟုန်ထိုးမြင့်မားလာပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ HIV ကူးစက်ခံရမှု ထုတ်ပြန်ချက်အသစ်ဟာ 1996 ခုနှစ်တုန်းကပျမ်းမျှလူသန်းပေါင်း 3.2 သန်းခန့် ရှိပြီး 2021 ခုနှစ်မှာတော့ 1.5 သန်းခန့်သာ ရှိတော့တာကြောင့် ပြန့်ပွားနှုန်းဟာ တဖြည်းဖြည်း လျော့နည်းလာတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် Sex Education အားနည်းတဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ HIV ပြန့်ပွားနှုန်းဟာ သိသိသာသာ အားကောင်းနေဆဲပဲ ဖြစ်ပါတယ်။ 2021 ခုနှစ် UNAIDS စစ်တမ်းတစ်ခုအရ ကမ္ဘာတစ်ဝှမ်း HIV ကူးစက်ခံထားရသူ 38.4 သန်း ရှိတဲ့အထဲမှာမှ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဖြစ်တဲ့ အရှေ့အာဖရိက နဲ့ တောင်အာဖရိကမှာ HIV ခံစားနေရသူ စုစုပေါင်း 20.6 သန်းဝန်းကျင် (50%) ရှိလာပြီး အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းနိုင်ငံတွေမှာ 5 သန်းဝန်းကျင် (13%) ရှိပါတယ်။ ပစိဖိတ်ကျွန်းစုနဲ့ အာရှနိုင်ငံတွေမှာတော့ 6 သန်းဝန်းကျင် (15%) ဟာ HIV ကူးစက်ခြင်းကို ခံထားရပါတယ်။ 2.3 သန်းနီးပါး (5%) ဟာဆိုရင်တော့ ဥရောပ အလယ်ပိုင်းနဲ့ အနောက်ပိုင်း၊ မြောက်အမေရိကနိုင်ငံတွေမှာ ကူးစက်နေတာကိုတွေ့ရပါတယ်။ ဒီနှုန်းထားကို ကြည့်ခြင်းအားဖြင့် HIV ကူးစက်ခံထားရသူ 95% ကျော်ဟာ ဆေးဝါး ကုသမှု အသိပညာ နဲ့ Sex Education အားနည်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ…

Read More

သင်သိပါသလား အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ သူတို့ကိုယ်ဝန်ဆောင်ချိန်မှာ ကျုံ့သွားလေ့ရှိကြပြီးတော့ မူလအရွယ်အစားကိုပြန်ရဖို့အတွက် ခြောက်လနီးပါးကြာမြင့်ပါတယ်။ Source – Healthline Image – Healthline 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 #Short_Facts #Fact_Hub #DidYouKnow

Read More

The Football War လို့သမုတ်ကြတဲ့ အဆိုပါ စစ်ပွဲဟာ၁၉၆၉ ခုနှစ်မှာ El Salvador နဲ့ Honduras တို့ကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲတိုလေးတစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံကြားမှာရှိတဲ့တင်းမာမှုတွေဟာ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက ပဋိပက္ခတွေနဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။ အဲ့ဒီ ပဋိပက္ခတွေကို ခေါင်းစဉ်တပ်ပြီး Salvadoran စစ်တပ်ဟာ Honduras ကို ၁၉၅၉ ခုနှစ်၊ ဇူလိုင် ၁၄ မှာ စတင်တိုက်ခိုက်ခဲ့ပြီးတဲ့‌နောက် နှစ်နိုင်ငံစစ်ဖြစ်ခဲ့ကြပါတယ်။ The Organization of American States (OAS) ဟာ ဇူလိုင်လ ၁၈ ရက်နေ့ညမှာ အပစ်အခတ်ရပ်စဲဖို့ ညှိုနှိုင်းခဲ့ပြီး အဲ့တာကြောင့်ပဲ နာရီ ၁၀၀ အကြာရှိတဲ့စစ်ပွဲဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ အပြည့်အဝအသက်ဝင်လာခဲ့ပါပြီ။ Salvadoran ရဲ့တပ်ဖွဲ့တွေကလည်း August လအစောပိုင်းမှာပဲ ဆုတ်ခွာခဲ့ပါတော့တယ်။ ဇူလိုင်လ (၁၈) ရက်နေ့ညမှာ The Organization of American States (OAS) ဟာ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲဖို့ ညှိနှိုင်းခဲ့တာကြောင့် နာရီ ၁၀၀ ကြာမြင့်တဲ့ အဆိုပါ စစ်ပွဲလေးဟာ ဇူလိုင်လ (၂၀) ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။ Salvadoran ရဲ့တပ်ဖွဲ့တွေကလည်း ဩဂုတ်လအစောပိုင်းမှာပဲ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် စစ်ပွဲကိုအပြီးသတ်ခဲ့ပါတယ်။ ဘောလုံးပွဲတစ်ပွဲနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုကို အကြောင်းပြပြီး ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဖြစ်တဲ့အတွက်ကြောင့်သာ “Football War” လို့ နာမည်ပြောင်ပေးခဲ့ရပေမဲ့ နောက်ကွယ်မှာတော့ စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဒီထက်ပိုပြီး နက်နဲစွာရှိနေပါတယ်။ မူလအစကတော့ Honduras ရဲ့ မြေယာပြုပြင်ပြောင်းလဲရေးကိစ္စတွေနဲ့…

Read More