
မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားမှာ အလွန်ဆိုးရွားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မိမိဆွေမျိုးမိတ်ဆွေနဲ့ မိသားစုဝင် ပျောက်ဆုံးနေသူတွေ ရှာတဲ့ပို့စ်တွေ၊ အဆောက်အဦးပြိုကျလို့ အထဲမှာ ပိတ်မိနေသူတွေကို ရှာတဲ့ပိုစ့်တွေ၊ တစ်ဖက်မှာ ကူညီကယ်ဆယ်နေသူတွေ ဖုန်းအားသွင်းတာနဲ့ ဘေလ်က စလို့ သောက်ရေ၊ အစားအစာ၊ ဆေးဝါး ကူညီတဲ့ ပို့စ်တွေ လူမှုကွန်ယက်စာမျက်နှာ (Social Media) မှာ များစွာရှိလာပေမဲ့ အကူအညီပေးသူတွေနဲ့ အကူအညီလိုအပ်နေသူကြားမှာ အချက်အလက်စီးဆင်းမှု နှေးကွေးနေပါသေးတယ်။ ဒါကြောင့် Social Media တွေရဲ့ အလွန်အသုံးဝင်တဲ့ Hashtag Feature ကို မျှဝေပေးချင်ပါတယ်။
Hashtag ဆိုတာ . . .
လွယ်လွယ်ပြောရရင် အဘိဓာန်တွေ၊ လမ်းညွှန်စာအုပ်တွေမှာ ကိုယ်အလိုရှိရာ စကားလုံးကို မြန်မြန်ရှာနိုင်အောင် စီစဉ်ထားတဲ့ ထိပ်ဆုံးအက္ခရာတွေလိုပါပဲ။ Social Media လိုမျိုး တစ်စက္ကန့်မှာ တစ်သောင်းနီးနီးတက်နေတဲ့ ပို့စ်တွေကြားမှာ အကြောင်းအရာတူတွေကို ဒီ # လေးတစ်ခုက စုစည်းပေးမှာ ဖြစ်ပါတယ်။
# နဲ့တွဲပြီး သက်ဆိုင်ရာ Keyword ကို ထည့်ပေးလိုက်ရုံနဲ့
- မိမိရဲ့ ပိုစ်ကို အချက်အလက် စုစည်းပေးနေသူတွေ၊ အကူအညီပေးနိုင်သူတွေက အလွယ်တကူ တွေ့ရှိနိုင်ပါတယ်
- ကြုံတွေ့နေရတဲ့ အခက်အခဲအတွက် တင်ထားသမျှ ပို့စ်တွေကို လွယ်လင့်တကူ ရှာဖွေနိုင်ပါတယ်
- လူအများ မြင်သာစေပါတယ် (Social Awareness And Engagement)
- အချက်အလက်စီးဆင်းမှု လျင်မြန်စေတယ်
- မြေပြင်က နောက်ဆုံးရ အခြေအနေတွေကို လိုအပ်သူတွေနဲ့ အများပြည်သူတွေ အချိန်ခဏနဲ့ သိနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။
# သုံးတဲ့ နေရာမှာ သတိပြုဖို့တွေ ရှိပါတယ်။ Facebook မှာ အထိရောက်ဆုံး # အရေအတွက်က ပို့စ်တစ်ခုမှာ ၃ ခု ကနေ ၄ ခု အထိ ဖြစ်ပါတယ်။ # ရဲ့နောက်က စာလုံးတွေမှာ Space မခြားမိဖို့လဲ လိုပါတယ်။ စကားလုံးနှစ်ခုဖြစ်နေရင် တွဲရိုက်တာ ဒါမှမဟုတ် Underscore “_” ခြားပြီး ရေးရပါတယ်။ # တစ်ခုနဲ့ တစ်ခုကြားမှာတော့ Space ခြားဖို့ လိုပါတယ်။
ဒါဆိုရင် # ကို ဘယ်မှာ ထည့်ကြမလဲ . . . ?
ပို့စ်ရဲ့ အဆုံးမှာ ထည့်တတ်ကြပါတယ်။ စနစ်တကျ အသုံးပြုနိုင်အောင် သုံးနည်းအချို့ကို အကြံပြုလိုက်ပါတယ်။
လတ်တလော ဖြစ်ခဲ့တဲ့ ငလျင်နဲ့ဆိုင်တဲ့ ပို့စ်တိုင်းအတွက် #Myanmarquake ကို သုံးနိုင်ပါတယ်။ ဒါက UN လိုမျိုးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ သတင်းမီဒီယာတွေပါ သုံးနေလို့ ငလျင်နဲ့ ဆိုင်တဲ့ ပို့စ်တိုင်းမှာ ထည့်သင့်ပြီး International Awareness ရယူနိုင်ပါတယ်။
လူပျောက်ရှာနေသူတွေအတွက် #Myanmarquake #missing_person #<မြို့အမည်> ဥပမာ – #Mandalay #လူရှာ စတဲ့ ပုံစံတွေကို တွဲသုံးလို့ရပါတယ်။ အကယ်၍ ရှာလို့ တွေ့သွားခဲ့ရင် #saved ဆိုပြီး ကိုယ့်ရဲ့ ပို့စ်ကို ပြန်ပြီး Edit လုပ်ပေးပါ။
အဆက်အသွယ်ပြတ်နေသူတွေ အကူအညီတောင်းခံဖို့အတွက် #Myanmarquake #lost_contact_help #<မြို့အမည်>
မြို့အလိုက် အကူအညီတောင်းခံပို့စ်တွေအတွက် #Myanmarquake #emergency_help_request #<မြို့အမည်>
အကူအညီပေးပို့စ်တွေအတွက် #Myanmarquake #<မြို့အမည်> #relief_<အကူအညီပေးမဲ့ ကိစ္စ> ဥပမာ – #relief_food #relief_water #relief_freecharging စသဖြင့်
ငလျင်ကြောင့် တိုက်ပြိုတာ၊ လူပိတ်မိနေတာ၊ ဓာတ်ကြိုးပေါက်တာနဲ့ လမ်းအခြေအနေ စတဲ့ သတင်းပေးပို့စ်တွေအတွက် #Myanmarquake #pubrep (public report အတိုကောက်) #<မြို့အမည်> #road_situation #travel_info
ငလျင်နဲ့ ဆိုင်တဲ့ ပညာပေးပို့စ်တွေအတွက် #myanmarquake #knowledge_share # ဥပမာ – #waste_management
#ကို စနစ်တကျ ထည့်ပေးပြီး သတင်းအချက်အလက် မြန်မြန်စီးဆင်းနိုင်အောင် ပါဝင်ကူညီပေးကြဖို့ Facthub က တိုက်တွန်းလိုက်ရပါတယ်။ ဒီပို့စ်လေးကိုလဲ လူအများသိအောင် ထပ်မံ ဝေမျှပေးကြပါ။
Ref:
Hashtag Standards For Emergencies by UN Office for the Coordination of Humanitarian AffairsWritten by NooNYuki
Released from Fact Hub Go: Fact-check Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_8
hashtag_for_emergency_response #Myanmarquake
knowledge_share
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
