Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ငလျင်လှုပ်တဲ့အခါ အမှန်တကယ် လုပ်ဆောင်သင့်တဲ့ အနေအထား
    Uncategorized

    ငလျင်လှုပ်တဲ့အခါ အမှန်တကယ် လုပ်ဆောင်သင့်တဲ့ အနေအထား

    Fact Hub Editor TeamBy Fact Hub Editor TeamMarch 30, 2025Updated:March 30, 2025No Comments2 Mins Read
    ငလျင်လှုပ်တဲ့အခါ အမှန်တကယ် လုပ်ဆောင်သင့်တဲ့ အနေအထား
    Share
    Facebook Email Telegram

    လူသိများတဲ့ တြိဂံပုံအနေအထား (Triangle of Life) ဟာ ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေတဲ့ အနေအထားတစ်ခုလား . . . ? ဒီမေးခွန်းကို ဖြေဖို့ရာ ငလျင်လှုပ်ရာ နိုင်ငံ ဒါမှမဟုတ် နေရာဒေသအပေါ် မူတည်ပါတယ်။ ဘာကြောင့်ပါလဲ . . . TOL ဟာ ဖွံဖြိုးပြီး နိုင်ငံတွေရဲ့ အဆောက်အအုံအရည်အသွေးအာမခံချက်ကြောင့် ဒဏ်ကို အတိုင်းအတာတစ်ခုထိ ခံနိုင်စေနိုင်ပေမဲ့ အာမခံချက်ရှိတဲ့ ဒီလို ဒေသတွေမှာတောင့် ဒီအနေအထားက လူအများကို အရေအတွက်တစ်ခုအထိ ဘေးမကင်းစေခဲ့တာတော့ အမှန်ပါ။ ဒီတော့ TOL က ကိုယ့်ကို ငလျင်ဒဏ်ကနေ ဘေးကင်းစေမလား၊ မကင်းစေဘူးလား ဆိုတာ ကျပန်းဆန်လွန်းနေပါတယ်။ ဒါကြောင့် ငလျင်လှုပ်တဲ့အခါ ဘယ်လို အနေအထားနဲ့ ရှိနေတာက အကောင်းဆုံး ဖြစ်စေမလဲ ဆိုတာကို သိထားတာက အသက်အန္တရာယ်ကို ပိုပြီး ဘေးကင်းစေနိုင်ပါတယ်။

    ၁။ ထိုင်လိုက်ပါ
    — လက်နဲ့ ဒူးကို ကြမ်းပြင်ပေါ် ထောက်ချလိုက်ပြီး ချက်ချင်း လေးဘက်ထောက်ထိုင်လိုက်ပါ။
    — ဒီအနေအထားက လူကို လဲမကျသွားအောင် ကူညီပေးပြီး အနီးနားမှာ ခိုလှုံစရာတစ်ခုခု ရှိရင် လက်နဲ့ ပခုံးကို အားပြုပြီး ရွှေ့သွားစေနိုင်ပါတယ်။

    ၂။ အကာအကွယ်ယူပါ
    — လက်တစ်ဖက်ကို ဦးခေါင်းနဲ့ လည်ပင်းတစ်ဝိုက် ကာပေးထားပါ။
    — အနီးတစ်ဝိုက်မှာ ခိုင်ခံ့တဲ့ စားပွဲ ဒါမှမဟုတ် စာရေးခုံတစ်ခုခု ရှိရင် အဲဒီအောက်ကို ဝင်လိုက်ပါ။
    — ဒီလိုနေရာမျိုး မရှိရင် ပြတင်းပေါက်ဘက်နဲ့ ဝေးတဲ့ အိမ်တွင်းနံရံဘက်ကို ရွှေ့သွားပါ။
    — ဒူးထောက်ထားပြီး ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေကို အကာအကွယ်ပေးနိုင်ဖို့ ခန္ဓာကိုယ်ကို ကွေးညွှတ်ထားပါ။
    — Fetal position (သန္ဓေသားအနေအထား) ဆိုတာ ဒူးကွေးပြီး ခန္ဓာကိုယ်ကို ခြုံကိုင်ထားတဲ့ အနေအထား ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကွေးထိုင်ပါ။ ဦးခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီး ဒူးကြားထဲ ထည့်ထားပါ။ ခြေဖဝါးနဲ့ လက်ကို ကိုယ်နဲ့ ကပ်ထားပါ။
    — အပြင်ဘက်နံရံတွေက ပြိုကျနိုင်ခြေပိုများပြီး ဖန်ပြတင်းတွေ ဖြစ်နေတဲ့အခါ ဖန်ကွဲစတွေက အန္တရာယ် ဖြစ်စေပါတယ်။

    ၃။ မြဲမြဲ ကိုင်ထားပါ
    — ငလျင်ကြောင့် တုန်ခါနေတာတွေ ရပ်သွားတဲ့အထိ မြဲမြဲ ကိုင်ထားပါ။
    — အကာအကွယ်တစ်ခုခုအောက်မှာ ရှိနေရင် အဲဒီအကာအကွယ်ရဲ့ တစ်နေရာကို လွှတ်ထွက်မသွားအောင် လက်တစ်ဖက်နဲ့ သေချာ ကြိုးစားဆုပ်ကိုင်ထားပါ။
    — အကာအကွယ် ရွေ့သွားတဲ့အခါ လိုက်ရွေ့နိုင်အောင် အသင့်အနေအထား ရှိနေပါ။
    — အကာအကွယ် မရှိနေတဲ့အခါ ဦးခေါက်းနဲ့ လည်ပင်းကို လက်နှစ်ဖက်နဲ့ ကာပေးထားပါ။

    ၄။ အထူးအခြေအနေများ
    — အိပ်ရာထဲမှာ ရှိနေရင် ဦးခေါင်းကို ခေါင်းအုံးနဲ့ ကာထားပြီး အိပ်ရာထဲမှာပဲ ဆက်နေပါ။
    — အုတ်နံရံအဆောက်အဦးရှိတဲ့ အိမ်တွေမှာ၊ အထူးသဖြင့် အောက်ထပ်မှာ လေးလံထူထဲတဲ့ မျက်နှာကျက်မျိုး ရှိနေရင် အိမ်အပြင်ဘက်ကို အမြန်ဆုံး ပြေးထွက်ပါ။

    ၅။ ငလျင်လှုပ်နေချိန်မှာ မလုပ်သင့်တဲ့ အပြုအမူတွေ
    — အပြင်ဘက်နံရံတွေ ဒါမှမဟုတ် အခြားအခန်းတွေဘက်ကို ပြေးမသွား၊ ကူးမသွားသင့်ပါ။
    — တံခါးတွေ၊ လှေကားတွေ၊ လှေကားခုံတွေအောက်ကို ပြေးမသွားသင့်ပါ။ ပြုတ်ကျလာမဲ့ အရာတွေကနေ အခြားနေရာများနည်းတူ ထူးပြီး ကာကွယ်မပေးနိုင်ပါ။
    — တြိဂံအနေအထား (Triangle of Life) နည်းကို တတ်နိုင်သမျှ မသုံးသင့်ပါ။ အဆောက်အဦးအားလုံး ပြိုကျပြီး ရှိရှိသမျှ ပရိဘောဂပစ္စည်းအားလုံး ပျက်စီးသွားမယ် ဆိုတဲ့ အယူအဆအမှားအပေါ်မှာ အခြေခံထားတဲ့ ပုံစံပါ။ အထူးသဖြင့် အဆောက်အအုံအရည်အသွေးအာမခံချက်နည်းတဲ့ မြန်မာနိုင်ငံမှာ အသုံးတည့်ဖို့ဆိုတာ အတော်ကြီး ခဲယဉ်းပါတယ်။

    အသိအမှားတွေကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုတွေ မများရလေအောင် မိသားစုနဲ့ အသိမိတ်ဆွေတွေကို မျှဝေအသိပေးပြီး ပြင်ဆင်ထားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ။

    Written by Htet Phone Shein
    Released from Fact Hub Go: Content Writer Desk, Earthquake Response
    ©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    Fact_Hub #Earthquake_Response

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleငလျင်ကြီးတစ်ခုအပြီး နောက်ထပ်ငလျင်ကြီးတစ်ခု ထပ်လာနိုင်မလား . . .?
    Next Article ငလျင်ဖြစ်ပြီးကာစ မူးဝေခြင်းနှင့် လှုပ်နေသလို ခံစားရခြင်း
    Fact Hub Editor Team

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.