Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»“ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?”
    Uncategorized

    “ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?”

    Fact Hub Editor TeamBy Fact Hub Editor TeamOctober 25, 2024No Comments2 Mins Read
    “ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?”
    Share
    Facebook Email Telegram

    “ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?”

    အိမ်စာထပ်ရမဲ့ အချိန်က နီးလာပြီ၊ ဒါပေမဲ့ အိမ်စာက အခုထိ မပြီးသေးဘူး၊ အရမ်းလဲ အိပ်ချင်နေပြီ။ ဒီလို အဖြစ်မျိုးကို စာဖတ်သူတို့အားလုံး ကြုံဖူးကြမှာပါ။ ပြီးတော့ ဒီလိုဖြစ်လာတိုင်း အားလုံးလိုလို လုပ်မိတာကလဲ အိပ်ချင်စိတ်ပြေသွားအောင် ကော်ဖီတစ်ခွက်လောက် ထဖျော်ပြီး သောက်လိုက်တာပါပဲ။ ကော်ဖီသောက်ပြီးမှသာ အိပ်ချင်စိတ်ပြေသွားသလို၊ စွမ်းအင်တွေ ပြည့်ဝသွားသလို ခံစားလိုက်ရပြီး အိမ်စာကိုလဲ သေချာအာရုံစိုက်နိုင်သွားတယ်ပေါ့။ ဒီတော့ ကော်ဖီက ခန္ဓာကိုယ်ထဲမှာ ဘယ်အရာတွေကို ဘယ်လို ပြောင်းလဲလိုက်လို့ ဒီလိုဖြစ်လာရတာလဲဆိုတာ ဆက်လက် လေ့လာကြည့်ကြရအောင်။ 

    ကော်ဖီစသောက်လိုက်ပြီ ဆိုတာနဲ့ ကဖိန်းဓာတ်တွေက ခန္ဓာကိုယ်အနှံ့အပြားကို လျင်လျင်မြန်မြန် ချဉ်းနင်းဝင်ရောက်လာပါပြီ။ ဝင်ရောက်လာတာနဲ့ သူက Adenosine လို့ခေါ်တဲ့ ဓာတုဓာတ်ပေါင်းလေးရဲ့ နေရာကို လုယူလိုက်ပါတယ်။ ဒီနေရာမှာ Adenosine ဆိုတာကို ပြန်ရှင်းပြပါမယ်။ Adenosine ဆိုတာက အိပ်ချင်စိတ်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ Neurotransmitter တစ်မျိုးပါ (သူက ခန္ဓာကိုယ်ရဲ့ တစ်ခြားလုပ်ဆောင်ချက်တွေမှာလဲ ပါဝင်အားဖြည့်ပါသေးတယ်)။ အိပ်ရမဲ့အချိန် နီးလာလေလေ Adenosine ထုတ်လွှတ်မှုပမာဏက များလာလေလေ ဖြစ်ပြီး အလုပ်ကို အာရုံမစိုက်နိုင်တာမျိုး ဖြစ်လာစေပါတယ်။ စုပုံလာတဲ့ Adenosine တွေက သူတို့ကို လက်ခံရာနေရာဖြစ်တဲ့ Adenosine Receptor နဲ့ သွားရောက်ပေါင်းစည်းပြီး အိပ်ချင်စိတ်ကို ဖြစ်လာစေတာပါ။ ဒီနေရာမှာပဲ ကဖိန်းရဲ့ ဓာတုဖွဲ့စည်းတည်ဆောက်ပုံ (Chemical Structure) က Adenosine နဲ့ သွားတူနေပါတယ်။ သွားတူတဲ့အခါကျတော့ Adenosine ဝင်ရမဲ့ လက်ခံရာနေရာ (Adenosine Receptor) ကို ကဖိန်းက နေရာဝင်ယူလိုက်ပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေတဲ့ Adenosine တွေကို ဖယ်ရှားပစ်ပါတော့တယ်။ ဒီလိုနည်းနဲ့ တစ်ဆထက်တစ်ဆ နေရာပိုပိုယူလာတဲ့ ကဖိန်းဓာတ်တွေက ဦးနှောက်ကို ပြန်လည်တက်ကြွလာစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကလဲ အမြင့်ဆုံးကို ပြန်လည်ရောက်ရှိလာပါတယ်။ ဒါတင်မကသေးဘဲ ကဖိန်းက ဟော်မုန်းတချို့ထုတ်လွှတ်မှု များလာအောင်လဲ လှုံ့ဆော်ပေးပါသေးတယ်။ ဥပမာ – ပျော်ရွှင်မှုဟော်မုန်းလို့ သိကြတဲ့ Dopamine ကိုထုတ်လွှတ်ပေးတဲ့အတွက် အလုပ်မှာ ပိုပြီးတက်တက်ကြွကြွနဲ့ အာရုံစိုက်နိုင်လာတာမျိုး၊ အန္တရာယ်တွေ ကြုံတွေ့ချိန်မှာ ထုတ်လွှတ်တတ်တဲ့ Epinephrine ဟော်မုန်းကြောင့် နှလုံးခုန်နှုန်း မြန်လာတာမျိုး၊ မျက်ဆန်က ကျယ်လာပြီး ခန္ဓာကိုယ်က စွမ်းအင်တွေ ပြည့်ဝနေသလိုမျိုးတွေပေါ့။ 

    အထက်မှာဖော်ပြခဲ့တဲ့ ကဖိန်းဓာတ်ရဲ့ လုပ်ဆောင်ပုံတွေ၊ ဟော်မုန်းကို ပိုမိုထုတ်လွှတ်လာအောင် လှုံ့ဆော်မှုတွေကြောင့်ပဲ စာဖတ်သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က အိပ်ချင်စိတ်ကို တော်လှန်လာနိုင်တာပါ။ ကော်ဖီမှာ ဒီလိုကောင်းကျိုးများစွာရှိပေမဲ့ အတိုင်းအတာ ကျော်လွန်တဲ့အထိ အလွန်အကျူးသောက်သုံးမယ်ဆိုရင်တော့ ရင်တုန်တာ၊ စိုးရိမ်စိတ် လွန်ကဲလာနိုင်တာမျိုးတွေနဲ့ တခြားသော ရောဂါတချို့ကိုပါ ဖြစ်လာစေနိုင်ကြောင်း သတိပေးလိုပါတယ်။ ဒီလောက်ဆိုရင်တော့ ကော်ဖီရဲ့ အလုပ်လုပ်ပုံကို နားလည်သွားကြမယ်လို့ မျှော်လင့်မိပါတယ်။ ။

    References

    – Caffeine & Sleep: How long does caffeine keep you awake? (October 11, 2021). Houston Methodist.

    – How Caffeine Affects Your Body. (Reviewed on September 14, 2023). WebMD.

    – How Does Caffeine Wake You Up? (February 1, 2023). ScienceAlert.

    WriterMoe Myint Phyu
    Copy-editor Khin Myat Noe Zaw
    Attribution Table

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous ArticleNucleosynthesis ဆိုတဲ့ စကားလုံးကို သိပါသလား. . .?
    Next Article Tachyon ဆိုတဲ့ စကားလုံးကို သိပါသလား . . . ?
    Fact Hub Editor Team

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.