ရေကို အချိန်တိုအတွင်း အများအပြားသောက်လိုက်မိတဲ့အခါ ကျောက်ကပ်ဟာ ပိုနေတဲ့ရေတွေကို စွန့်မထုတ်နိုင်တော့ပါဘူး။ အဲ့ကျရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ လျှပ်လိုက်ရည် (Electrolytes – ဥပမာ ဆိုဒီယမ်၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်ဓာတ်) တွေက ဟန်ချက်မညီတော့ဘဲနဲ့ ပြဿနာဖြစ်လာစေပါတယ်။ ဒီရေအဆိပ်သင့်တဲ့ဖြစ်စဉ်ဟာ ခန္ဓာကိုယ်အတွင်းက အရည်တွေကို ညီညွတ်မျှတစေတဲ့ဆိုဒီယမ် (Na) ကို ရေအများအပြားသောက်သုံးလိုက်တာကြောင့် မညီမျှမှုတွေဖြစ်ပေါ်လာစေပြီး သွေးတွင်းဖိအား မြင့်တက်တာ၊ နှလုံးခုန်နှုန်းနှေးကျလာတာ စလို့ မူးဝေတာ၊ ခေါင်းကိုက်တာ အပြင် အခြားပြင်းထန်တဲ့ လက္ခဏာတွေကိုပါ ဖြစ်ပေါ်စေနိုင်ပြီးတော့ ရှားရှားပါးပါး အခြေအနေတွေမှာဆိုရင် သေဆုံးတဲ့အထိပါဖြစ်သွားနိုင်တာပါ။ ဒါကြောင့်မလို့ ကျွန်တော်တို့တွေအနေနဲ့ ရေကို ကျန်းမာရေးနဲ့ ညီညွတ်စွာ သောက်သုံးဖို့အပြင် သင့်တော်တဲ့ ပမာဏအတွင်းမှာ သောက်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ဒီပိုစ့်က short fact အနေနဲ့ မျှဝေတာဖြစ်လို့ အသေးစိတ်ကို ထည့်သွင်းမဖော်ပြနိုင်ပါဘူးခင်ဗျာ။ စာဖတ်သူတွေအနေနဲ့ အသေးစိတ်ဖတ်ချင်တယ်ဆိုရင်တော့ နောက်ပိုင်းမှာ ကျန်းမာရေးဆောင်းပါးအနေနဲ့ ရေးပေးပါ့မယ်ခင်ဗျာ။
𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
