Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ရေမှာ မှတ်ဉာဏ်ရှိလား။ ရေမှတ်ဉာဏ်ဆိုတာ အချက်အလက်မှားလား။
    Uncategorized

    ရေမှာ မှတ်ဉာဏ်ရှိလား။ ရေမှတ်ဉာဏ်ဆိုတာ အချက်အလက်မှားလား။

    Zwe Thukha MinBy Zwe Thukha MinJuly 29, 2023Updated:January 19, 2024No Comments4 Mins Read
    ရေမှာ မှတ်ဉာဏ်ရှိလား။ ရေမှတ်ဉာဏ်ဆိုတာ အချက်အလက်မှားလား။
    Share
    Facebook Email Telegram

    Water Memory လို့ခေါ်တဲ့ ရေမှာ မှတ်ဉာဏ်ရှိတယ်ဆိုတဲ့ ယုံတမ်းသိပ္ပံတုသီအိုရီတစ်ခုကို တော်တော်များများ သိကြပါတယ်။ အဲ့ဒီသီအိုရီရဲ့ အဆိုပြုချက်က ရေရဲ့မော်လီကျူးတွေဟာ ဖြတ်သန်းလာရတဲ့ ပုံရိပ်တွေကို မှတ်မိနိုင်စွမ်းရှိတယ်ဆိုတာပါ။ မြန်မာနိုင်ငံထဲမှာလည်း ဒီရက်ပိုင်းအတွင်း အဲ့ဒီရေမှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ တစ်ကျော့ပြန်ခေတ်စားလာလို့ Fact Hub ကနေပြီး အချက်အလက်စစ်ဆေးတဲ့ဆောင်းပါး ရေးသားမျှဝေလိုက်ရပါတယ်။

    ဒီသီအိုရီက ယူဆချက်က ဒီလိုပါ။ ရေတွေရဲ့ မော်လီကျူးတွေက သူတို့စိမ့်ဝင်/ပျော်ဝင်သွားတာတွေကို ပုံရိပ်အဖြစ်နဲ့ မှတ်မိနိုင်ပါတယ်။ ရေထဲကို ပျော်ဝင်လာတဲ့အရာတွေ၊ ပျော်ဝင်ဖူးတာတွေကို ရေရဲ့မော်လီကျူးတွေက မှတ်မိနိုင်စွမ်းရှိပါတယ်လို့ အကြမ်းဖျင်းဆိုတာပါ။ ဒီသီအိုရီက ဟိုမီယိုပက်သစ် ; Homeopathic လို့ခေါ်တဲ့ ဆေးဝါးအစားထိုး ကုသနည်းတစ်ခုနဲ့လည်း တိုက်ရိုက်ချိတ်ဆက်နေပြီး ရေထဲကို ပျော်ဝင်လာတဲ့ ဒြပ်သတ္ထုတွေကို ရေရောပြီး အာနိသင်ဖျော့လိုက်ရင်တောင် ရေမော်လီကျူးတွေက အဲ့ဒီဒြပ်တွေကို မှတ်ဉာဏ်ထဲ သိမ်းဆည်းထားနိုင်တယ်လို့ ဆိုတာပါ၊ ပိုဆိုးတာက အဲ့ဒီရေထဲမှာ ပျော်ဝင်နေတဲ့ ဒြပ်နှောတွေကို ပြန်စစ်ထုတ်လိုက်တာမျိုး၊ ရေ ဒါမှမဟုတ် တခြား fluid (အရည်) တွေနဲ့ အာနိသင်လျော့အောင် ရောစပ်လိုက်လို့ မူလဒြပ်တွေ မကျန်တော့ရင်တောင် ရေက အဲ့ဒီဒြပ်တွေကို  မှတ်မိနိုင်တယ်လို့ ဆိုတာပါ။ ဟိုမီယိုပက်သစ်ဆိုတာကလည်း လက်ရှိကျင့်သုံးနေတဲ့ ဆေးပညာတွေရဲ့ ဆန့်ကျင်ဘက် ပုံစံနဲ့ တည်ရှိတဲ့ ကုသနည်းတစ်ခုပါပဲ။ သူ့ရဲ့အလုပ်လုပ်ပုံက ရောဂါဖြစ်ရင် အဲ့ဒီရောဂါဖြစ်စေတဲ့ အရာက ရောဂါကို ပြန်ကုစားနိုင်တယ်ဆိုတဲ့ သဘောပါ။ “Like cures like” လို့ လူသိများပါတယ်။ သဘောက အခု စာဖတ်သူက ခေါင်းကိုက်နေတယ်၊ ကိုယ်က ဟိုမီယိုပက်သစ်နည်းနဲ့ ကုမယ်ဆိုရင် ကုထုံးဆရာကနေပြီး စာဖတ်သူကို ခေါင်းကိုက်မှုကို ဖြစ်စေနိုင်တဲ့ အပင်၊ ဒါမှမဟုတ် တခြား တွင်းထွက်ပစ္စည်းတစ်ခုခု … သဘာဝအရာဝတ္ထုတစ်ခုခုကို ရေမှာပျော်ဝင်စေပါတယ်။ အပင်ဆိုရင် အဲ့အပင်ကို ကြိတ်ပြီး အဲ့ကနေ အရည်တစ်ခုထွက်လာအောင်လုပ်ပြီး ရေနဲ့ရောပါတယ်။ ဟိုမီယိုပက်သစ်အယူအဆအရ ရေများများရောလေ ဆေးအာနိသင်တိုးလေဖြစ်လို့ ရောဂါအတိမ်အနက် အပြင်းအထန်ပေါ်မူတည်ပြီး ရောပါတယ်၊ ရေမှာမှတ်ဉာဏ်ရှိတယ်လို့ ယုံတာကြောင့် ဘယ်လောက်ရောရော နဂိုအာနိသင်မရှိတော့ပေမယ့်လည်း ရေကမှတ်ထားနိုင်တာဖြစ်လို့ အာနိသင်ဆထက်တိုးလာတယ်ဆိုတာပါ။ ပြီးရင် အဲ့တာကို တိုက်ပါတယ်၊ သူတို့ရဲ့ ကုသနည်းက လက်ရှိဆေးသိပ္ပံအယူအဆတွေနဲ့ ဆန့်ကျင်နေပြီးတော့ ထူးထူးခြားခြား အခြေအနေအကြောင်းသင့်လို့ အံကိုက်သွားတဲ့ တချို့တလေက လွဲရင် ဆေးက အာနိသင်မရှိတတ်ပါဘူး။

    ကြားရတဲ့ ပုံစံအရတော့ အတော်ထူးဆန်းပြီး လက်ရှိကျင့်သုံးနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဆေးသိပ္ပံ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီနေတဲ့ နည်းစနစ်တွေပါ။ ဒါကိုတချို့ကလည်း ကာကွယ်ဆေးတွေမှာဆိုရင်တောင် ကာကွယ်ချင်တဲ့ ရောဂါရဲ့ ပိုးကို ဆေးထဲနည်းနည်းထည့်ပြီး ခန္ဓာကိုယ်ထဲသွင်း၊ ကိုယ်တွင်း ကိုယ်ခံအားစနစ်နဲ့ ယဉ်ပါးအောင်လုပ်ပြီး ထပ်ဝင်လာမယ့်ရောဂါပိုးတွေကို ခံနိုင်အောင် လုပ်ကြတယ်မလားဆိုတဲ့ ယူဆချက်မျိုး ထွက်ပေါ်လာပါသေးတယ်။ သူတို့ဆီမှာလည်းပဲ ခေါင်းကိုက်တယ်ဆိုရင် ခေါင်းကိုက်စေတဲ့ဟာကို ခန္ဓာကိုယ်ထဲ ထည့်ပြီး ဓာတ်တည့်စေမယ်ဆိုတဲ့ သဘောမျိုးပါ။ ဘယ်လိုပြောပြော သာမန်တွေးကြည့်မယ်ဆိုရင်တောင် ဟိုက်ဒြိုဂျင်နှစ်ဆ၊ အောက်စီဂျင်တစ်ဆ ရောစပ်ထားတဲ့ ရေမော်လီကျူးက လက်ရှိသိပ္ပံစည်းမျဉ်းတွေနဲ့ လွန်ဆန်နေတာမျိုးက လက်မခံချင်စရာပါ။

    ဒီယူဆချက်တွေရဲ့ နောက်ကြောင်းကို ပြန်လိုက်မယ်ဆိုရင် ပြင်သစ် immunologist တစ်ယောက်ဖြစ်တဲ့ Jacques Benveniste ကနေပြီး သူနဲ့ သူ့အဖွဲ့ ရေရဲ့မှတ်ဉာဏ်အကြောင်း ရေးသားထားတဲ့ အဆိုပြုချက်စာတမ်းကို ၁၉၈၈ ခုနှစ်မှာ နာမည်ကြီးသိပ္ပံဂျာနယ်ဖြစ်တဲ့ Nature မှာ publish လုပ်ခဲ့တာပါ။ သူတို့ရဲ့ အဆိုပြုချက်တွေက အဲ့ဒီခေတ်အခါက သိပ္ပံအဆင့်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် လက်ခံနိုင်စရာဖြစ်သလိုလို ထင်ရပေမယ့် သိပ္ပံအသိုင်းအဝိုင်းကတော့ အဲ့တာကို လက်သင့်မခံခဲ့ကြပါဘူး။ သံသယဝင်တဲ့အထဲမှာ Nature ရဲ့ တာဝန်ခံအယ်ဒီတာ ဂျွန်မက်ဒေါ့စ် (John Maddox) လည်း ပါတာကြောင့် အဲ့ဒီစာတမ်းမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ သက်သေနဲ့ တခြား ပညာရှင်တွေက အမှီအခိုကင်းကင်း စစ်ဆေးအတည်ပြုပြီး မှန်ကန်ကြောင်း အတည်မပြုနိုင်သေးတဲ့အချိန်ထိ ဒီအကြောင်းအရာကို အတည်မမှတ်ကြဖို့ အယ်ဒီတာအာဘော်တစ်ပုဒ်ပါ ပူးတွဲထည့်သွင်းခဲ့တာပါ။ သိပ္ပံအသိုင်းအဝိုင်းက သုတေသနပညာရှင်တော်တော်များများကလည်း သူ့ရဲ့ယူဆချက်ကို သံသယဖြစ်တာကြောင့် research work တွေကို သူတို့နည်း သူတို့ဟန်နဲ့ စစ်ဆေးခဲ့ကြပါတယ်၊ နောက်တော့ Jacques တို့လုပ်ခဲ့တဲ့ သုတေသနမှာ နည်းစနစ်ချို့ယွင်းမှုတွေနဲ့ ရလဒ်ဘက်ယိမ်းမှုတွေနဲ့ ဟာကွက်တွေနဲ့ တကွ ထောက်ပြနိုင်ခဲ့တာကြောင့် အဲ့ဒီသီအိုရီက လက်ရှိအချိန်ထိ သိပ္ပံတု၊ သိပ္ပံယောင်အနေနဲ့ပဲ တည်ရှိနေခဲ့တာပါ။ Nature ရဲ့ အယ်ဒီတာအဖွဲ့ကလည်း သူတို့ရဲ့ မူဝါဒအရ တင်ထားတဲ့ ထုတ်ဝေမှုတစ်ခုကို တော်ရုံပြန်ရုတ်သိမ်းလေ့မရှိတာကြောင့် အဲ့ဒီအဆိုပြုချက်ကို အထောက်အကူပြုနိုင်တဲ့ သုတေသနဖြည့်စွက်ချက်တွေ လိုအပ်ကြောင်း၊ ရှိနေတဲ့ သက်သေတွေကလည်း အထောက်အထားပိုင်း ယုံကြည်စိတ်ချနိုင်မှု မရှိကြောင်း သတ်မှတ်ပြီး သိပ္ပံနည်းကျရှု့ထောင့်တွေက ဆွေးနွေးစေနိုင်တဲ့ ခေါင်းစဉ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    Jacques တို့က ဒီသီအိုရီကို အခြားသိပ္ပံတု သီအိုရီတွေလို အခြေအမြစ်လုံးဝမရှိတဲ့ အကြောင်းအရာတွေ အခြေခံလို့ ဖော်ထုတ်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ကလည်း သိပ္ပံပညာရှင်တွေဖြစ်တာကြောင့် လူ့ခန္ဓာကိုယ်အတွင်းက ပဋိဇီဝပစ္စည်းတွေက အာနိသင်လျော့နည်းအောင် dilute ဖြစ်ခံရတာတောင် ဇီဝဆဲလ်တွေအပေါ် သက်ရောက်မှုရှိသေးတယ်ဆိုတဲ့ အချက်တစ်ခု အပေါ်အခြေခံပြီး ရေမှာလည်း မှတ်ဉာဏ်ရှိတယ်ဆိုတဲ့ ရွှေဉာဏ်တော်စူးရောက်မှုတစ်ခုကို စဉ်းစားမိသွားကြတာပါ။ အဲ့ဒီကိစ္စကြောင့်လည်း Ig နိုဘယ်ဆု ရခဲ့ပါတယ်။ Ig နိုဘယ်ဆိုတာက သာမန်နိုဘယ်ဆုရဲ့ ဆန့်ကျင်ဘက်.. သာမန်မဟုတ်ဘဲ နည်းနည်း ခပ်ဆန်းဆန်း ကြောင်တောင်တောင်နိုင်တဲ့ တွေ့ရှိမှုတွေကို ဟာသဆန်ဆန် ပေးကြတဲ့ ဆုတစ်ခုပါ။ အဲ့ဒီဆုရတဲ့ထဲမှာဆို ကော်ဖီခွက်ထဲကို ဘီစကစ်ပြုတ်မကျအောင် ဘယ်လိုစိမ်ရမလဲ .. နောက် ပိုးတောင်မာမျိုးစိတ်တစ်ခု ဩစတေးလျဘီယာပုလင်းကို မိတ်လိုက်ဖို့ ကြိုးစားတာကို မှတ်တမ်းတင်နိုင်ခဲ့တာမျိုး .. စသဖြင့် မူမမှန်ဘဲ ခပ်ကြောင်ကြောင်နိုင်တဲ့ သုတေသနတွေ ပါဝင်ပါတယ်။

    နောက်ပြီး ရေမှတ်ဉာဏ်အဆိုပြုချက်ကို ဆန့်ကျင်နေတဲ့ သိပ္ပံဥပဒေသတွေထဲက တချို့က

    – Avogadro’s Number

    Avogadro’s Number ဟာဆိုရင် mole တစ်ခုမှာပါဝင်တဲ့ အက်တမ်တွေ၊ အိုင်းရွန်းတွေနဲ့ မော်လီကျူးတွေရဲ့ ဒြပ်ထုပမာဏကို ရည်ညွှန်းတဲ့ ဓာတုဗေဒကိန်းသေသတ်မှတ်ချက်ဖြစ်ပါတယ်။ ဟိုမီယိုပက်သီနဲ့ ရေမှတ်ဉာဏ်ကိစ္စမှာလည်း ဒြပ်နှောတစ်ခုကို dilute အင်မတန်လုပ်လိုက်ပြီဆိုရင် ကျန်ရှိနေသေးတဲ့ မော်လီကျူးပမာဏက အလွန်နည်းမှာဖြစ်လို့ အကယ်၍ ရေမှာ မှတ်ဉာဏ်ရှိခဲ့ရင်တောင် အဲ့ဒီမှတ်ဉာဏ်ကို သိုမှီးနိုင်လောက်တဲ့ အခြေအနေ မရှိတော့ပါဘူး။

    – Molecular Interactions

    Molecular Interactions ခေါ် မော်လီကျူးတွေရဲ့ တုံ့ပြန်မှုတွေဆီက ချဉ်းကပ်မယ်ဆိုရင်လည်း ရေထဲပျော်ဝင်နေတဲ့ ဒြပ်ဝတ္ထုတွေဟာ ယာယီ အပြန်အလှန်တုံ့ပြန်မှုတွေ ရှိပြီး ရွေ့လျားမှုအားတချို့လည်း ရှိကြပါတယ်။ အဲ့ဒီပျော်ဝင်ဒြပ်ပေါင်းတွေကို ဖယ်ထုတ်လိုက်တာ၊ ဒါမှမဟုတ် အချိုးကွာခြားတဲ့ ရောစပ်မှုမျိုး လုပ်လိုက်တာဆိုရင် အဲ့ဒီတုံ့ပြန်မှုတွေ ဆက်တည်ရှိတော့မှာ မဟုတ်ဘဲ ရေအနေနဲ့လည်း ပျော်ဝင်နေတဲ့ အရာတွေရဲ့ မှတ်ဉာဏ်ကို ထိန်းသိမ်းနိုင်စွမ်းရှိမှာ မဟုတ်တော့ပါဘူး။

    – Thermodynamics

    ရေမှာ မှတ်ဉာဏ်ရှိတာကြောင့် ဝင်ရောက်လာတဲ့ ဓာတ်တွေရဲ့ အချက်အလက်ကို ရေရဲ့ဖွဲ့စည်းပုံအတွင်းမှာ သိမ်းဆည်းနိုင်တယ်ဆိုတဲ့ သူတို့အဆိုက စနစ်တစ်ခုတည်းမှာရှိတဲ့ စွမ်းအင်နဲ့ အင်ထရိုဖီခေါ် မတည်မြဲခြင်းအခြေအနေကို ချိုးဖောက်နေပါတယ်။

    ဒီ အတုအယောင်သီအိုရီက အခုနောက်ပိုင်း ဘာသာရေးလိုက်စားသူတွေရဲ့ ပါးစပ်ဖျားမှာလည်း ရေပန်းစားလာပါတယ်။ ဥပမာအနေနဲ့ ပရိတ်ရေ ဖြန်းတာ/သောက်တာ၊ ရေနှစ်ခြင်းမင်္ဂလာပေးတာ၊ ဆေးကြောသန့်စင်တာ၊ ရေကိုအရိုအသေပေးပြီး သောက်သုံးတာ စသဖြင့် ဘာသာရေးဓလေ့ထုံးတမ်းတွေရဲ့ အဆိုအရ ဒီသီအိုရီ မှန်ကန်တယ်လို့ ထင်ကြေးပေးကြတာမျိုးတွေလည်း ကျယ်ကျယ်လောင်လောင်ပါပဲ။ ဘာသာရေးသမားတွေရဲ့ ရိုးရာဓလေ့တွေက သိပ္ပံနဲ့ တန်းညီလာပြီ၊ သိပ္ပံနည်းကျ သက်သေပြနိုင်ပြီလို့ ဆိုကြတာလည်း မနည်းမနောပါ။

    သီအိုရီ တစ်ခေတ်ပြန်ထလာချိန်မှာလည်း အခြားယူဆချက်တွေ၊ အဆိုပြုချက်တွေ ထပ်တိုးလာပါသေးတယ်။ အဲ့ဒီထဲက ယုတ္တိမကျဘဲ ဓာတုဗေဒက နားလည်ထားတဲ့ ဒြပ်စင်တွေရဲ့ တည်ရှိမှုကို ချိုးဖောက်နေတဲ့ ယူဆချက်တွေကတော့

    (၁)  အဆိုးဆုံးတွေကို ဖြတ်သန်းပြီး မှတ်တမ်းတင်ထားခဲ့တဲ့ရေကို သောက်မိရင် ကမ္မဇီဝရုပ်ကို ထိခိုက်စေကြောင်း

    (၂) မော်လီကျူးတည်ဆောက်ပုံ သေးငယ်သစ်လွင်တဲ့ရေတွေဟာအသက်ရှည်အနာမဲ့စေ၊ ဟိမဝန္တာရေခဲမြစ်တွေက ကျလာတဲ့ရေတွေဟာ အသက်ရှည်စေ၊ အေးမြစိမ်းစိုပြီး သန့်စင်တဲ့ ရေပေါတဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံက လူတွေအသက်ရှည်ကြ၊ ပြင်သစ်နိုင်ငံ vian တောင်တန်းပေါ်ကစီးဆင်းတဲ့ ချောင်းရေသောက်သူတွေဟာ အသက်ရှည်ကြ၊ အီဗီယန်ရေဟာ အရည်အသွေးကောင်းလွန်းလို့ စျေးအလွန်ကြီးကြောင်း

    (၃) ရေကို ကျေးဇူးတင်စကား ပြောပြီးမှ သောက်ရင် ရေထဲက မော်လီကျူးတည်ဆောက်ပုံပြောင်းသွားပြီး ရေဟာ သူဖြတ်သန်းခဲ့သမျှ အကောင်းအဆိုး အခြေအနေတွေကို မှတ်ထားတတ်ကြောင်း၊ ပိုမိုကောင်းမွန်တဲ့ ဖွဲ့စည်းပုံကို ရလာကြောင်း၊ အကျိုးအာနိသင်တိုးပွားလာနိုင်ကြောင်း

    (၄) ရေရဲ့ Memory ဆိုတာ လူရဲ့ အမှတ်သညာလိုပြောတာမဟုတ်ဘဲ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး မော်လီကျူးတည်ဆောက်ပုံ ပြောင်းတာဖြစ်ကြောင်း

    (၅) တောင်တန်းသာသနာပြုဆရာတော်ကြီး ပရိတ်ရွတ်ရင် ရေထပွက်တယ်ဆိုတာ သူ့စင်ကြယ်မှုတွေ အာနိသင်တွေ ရေထဲကိုပျော်ဝင်စီးဆင်းတာဖြစ်၊ ရေမန်းနဲ့တင်ရောဂါပျောက်တယ်ဆိုတာလည်း ရေကို မန်းမှုတ်ပြီး သန့်စင်တဲ့စွမ်းအင်ထည့် ကုသနည်းတစ်ခုဖြစ်ကြောင်း

    (၆) ရေကို ညပိုင်းမှာ ပန်းလေးတစ်ပွင့်ထည့်ထားပြီး မနက်မိုးလင်းမှ သောက်ရင် သန့်စင်ပြီး အားပြည့်တဲ့ရေရကြောင်း

    (၇) သိုဘင် မိုးဇက်ရဲ့သီချင်းတွေဖွင့်ပေးထားတဲ့ ရေနဲ့ ဆိုကြိမ်းမောင်းထားတဲ့ရေတွေ မော်လီကျူး ပုံစံတခုနဲ့တစ်ခု မတူတာကို သိပ္ပံဓာတ်ခွဲခန်းထဲ ဖော်ထုတ်နိုင်ခဲ့ကြောင်း

    စသဖြင့် အဆိုပြုချက်၊ ပြောဆိုချက်တွေ ပါဝင်ပါတယ်။ ဒါတွေကို Fact Hub ကနေပြီး အချိန်တစ်ပတ်ခန့် စောင့်ကြည့်ရယူထားတဲ့ ဒေတာတွေကတဆင့် ပြောကြားချက် မှတ်တမ်းတွေကို မူရင်းထည့်သွင်းထားတာပါ။ ရည်ညွှန်းရင်းမြစ်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

    ဘယ်လိုမျိုး ငြင်းခုန်မှုတွေ၊ လိုရာဆွဲ ပြောဆိုမှုတွေနဲ့ ယုတ္တိမကျ အချက်အလက်တွေ ပါဝင်နေပါစေ သိပ္ပံက သတ်မှတ်ထားတဲ့ သဘာဝအပေါ် နားလည်နိုင်မှု အမှန်တရားအရ ဒီသီအိုရီက သိပ္ပံတု၊ သိပ္ပံယောင်အဖြစ် သတ်မှတ်ခံထားရတာ အချိန်အတော်ကြာပါပြီ။ လက်ရှိအချိန်ထိလည်း ဒီသီအိုရီက သိပ္ပံနည်းကျ သီအိုရီအဖြစ် သတ်မှတ်ခံထားရခြင်း မရှိသေးတဲ့အပြင် သိပ္ပံအသိုင်းအဝိုင်းက အသိအမှတ်ပြုထားတဲ့ အဆိုပြုချက်လည်း မဟုတ်နေပါဘူး။ သီအိုရီမှာ သိပ္ပံနည်းကျသက်သေပြချက်မျိုး၊ Peer-review မျိုး မရှိခဲ့ဘဲ လူထုကြားပျံ့နှံ့လာခဲ့တာကြောင့် သိပ္ပံနည်းကျ သီအိုရီတစ်ခုအဖြစ် သတ်မှတ်ခံနိုင်ဖို့အတွက် လိုအပ်တဲ့ စံနှုန်းမပြည့်မီနေပါဘူး။ သိပ္ပံနည်းကျ သီအိုရီတစ်ခု ဖြစ်လာဖို့ကလည်း လုံးဝမဖြစ်နိုင်တော့တဲ့ ယုတ္တိမကျမှုအခြေအနေကို ရောက်နေပါပြီ။ အချက်အလက်မှားတွေကို အမြဲသိနိုင်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အချက်အလက်မှားအတွက် အသိပေးနိုင်ဖို့ ဒီပိုစ့်ကို ရှဲပေးဖို့ မေတ္တာရပ်ခံပါတယ်။

    Image – Research Gate

    References

    Wikipedia contributors. (2023, July 18). Water memory. Wikipedia, The Free Encyclopedia. https://en.wikipedia.org/w/index.php?title=Water_memory&oldid=1165911630

    Thomas, Y. (2007). The history of the Memory of water. Homeopathy: The Journal of the Faculty of Homeopathy, 96(3), 151–157. https://doi.org/10.1016/j.homp.2007.03.006

    Liu, L., Zhang, Y., Wu, S., Li, S., & Qin, D. (2018). Water memory effects and their impacts on global vegetation productivity and resilience. Scientific Reports, 8(1), 2962. https://doi.org/10.1038/s41598-018-21339-4

    ScienceDirect. (n.d.). Sciencedirect.Com. Retrieved July 29, 2023, from https://www.sciencedirect.com/science/article/abs/pii/S1475491607000574

    Fact Hub Myanmar page ကို ရီဗျူးလေး ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

    Written by – Zwe Thukha Min
    Edited by – Fact Hub Editor Team

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Water_memory #Myth #Pseudosicence #Misinformation #Fact_Check #Article

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleအမေရိကန် ကွန်ဂရက်ညီလာခံမှာ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတဲ့ အကြောင်း အတည်ပြုထားခြင်း မရှိပါဘူး။
    Next Article စိတ်နဲ့ အရောင်တွေကြားက ထူးခြားတဲ့ ဆက်နွယ်မှု
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.