မုန်တိုင်းကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူကြားမှာ လတ်တလော ပြန့်နှံ့နေတဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒီအင်တာဗျူးကို ပြီးခဲ့တဲ့ရက်က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး လက်ရှိ ဦးဝင်းနိုင်ဘက် ထပ်တိုးပြောကြားချက်အရ ဧပြီ ၆ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျော့ကျသွားပါပြီ။ ဒါ့အပြင် လာမဲ့ ဧပြီပထမအပတ်ထဲမှာလဲ ငလျင်လှုပ်ခတ်ထားတဲ့ အထက်ဒေသတွေမှာ မိုးရွာနိုင်ခြေ အင်မတန်နည်းနိုင်တယ်လို့ သူက ပြောပါတယ်။ လေဖိအားနည်းရပ်ဝန်းတောင် ဖြစ်ပေါ်လာဖို့ မသေချာတဲ့ အခြေအနေမို့ အစိုးရိမ်လွန်တာထက် ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက မိုးလေဝသခန့်မှန်းချက်တွေကိုပဲ နားစွင့်ထားသင့်တာပါ။
Released from Fact Hub Go: Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
Fact_Hub #Earthquake_Response_12
Fact Hub Myanmar
Proudly powered by FH Editor Team
This content is licensed under CC BY-NC-ND 4.0
