Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ဂေါ်ကီ၊ မြသန်းတင့်နဲ့ အလကားလူ
    Uncategorized

    ဂေါ်ကီ၊ မြသန်းတင့်နဲ့ အလကားလူ

    Htet Phone SheinBy Htet Phone SheinDecember 4, 2023Updated:March 3, 2024No Comments2 Mins Read
    ဂေါ်ကီ၊ မြသန်းတင့်နဲ့ အလကားလူ
    Share
    Facebook Email Telegram


    ဒီအချိန်မှာ ဖတ်တော့ ဒီဝတ္ထုက ကိုယ်နဲ့ ပိုပြီး နီးကပ်မှုကို ခံစားရစေတယ် လို့ ပြောရမယ်။ ဝတ္ထုနောက်ခံကာလက ၁၉၀၅ ခုနှစ် ရုရှား-ဂျပန်စစ်ပွဲကာလဆိုပေမဲ့ မူရင်းရေးသူရဲ့ ဇာတ်အိမ်ဖွဲ့မှုကြောင့်လို့ ဆိုရမလား၊ မြသန်းတင့်ရဲ့ ဘာသာပြန်လက်စွမ်းကြောင့်လို့ ပြောရမလား ကိုယ်တိုင်က ဝတ္ထုရဲ့ ပင်မဇာတ်ဆောင် ကလင်းကော့နဲ့အတူ အဲဒီခေတ်ထဲ လိုက်ပြီး ကြည့်နေရသလိုပဲ။

    ကောင်းခြင်းနဲ့ပဲဖြစ်ဖြစ် ဆိုးခြင်းနဲ့ပဲဖြစ်ဖြစ် မကောင်းမဆိုးခြင်းနဲ့ပဲဖြစ်ဖြစ် လှုပ်ရှားသက်ဝင်နေကြတဲ့ လောကကြီးမှာ အသက်ရှင်နေပေမဲ့ လူသေကောင်တစ်ကောင်လို နေနေတဲ့ အမြဲလိုလို ကြောက်တတ်တဲ့ စိတ်၊ အမြဲလိုလို မဝံ့မရဲဖြစ်တဲ့၊ အမြဲလိုလို တွေဝေတတ်တဲ့၊ အမြဲလိုလို ဦးတည်ချက်မရှိတဲ့ လူတစ်ယောက်အကြောင်းကို ကလင်းကော့ ဇာတ်ဆောင်ကတစ်ဆင့် သေသေသပ်သပ် လွတ်လွတ်လပ်လပ် ပွင့်ပွင့်ပွင့်လင်းလင်း ရှင်းရှင်းထင်းထင်း ပြသွားတာက တကယ်လက်ဖျားခါချင်စရာပါ။

    ဝတ္ထုတွေမှာ အဆုံးသတ်ရောက်တဲ့အခါ ပရိသတ်ကို မထင်မှတ်ထားတဲ့ အဆုံးသတ်၊ ထူးခြားတဲ့ အဆုံးသတ်၊ ကျေနပ်စရာ အဆုံးသတ်၊ မတင်မကျဖြစ်စေတဲ့ အဆုံးသတ်တတ်ကြပေမဲ့ မက္ကဇင်ဂေါ်ကီကတော့ ကလင်းကော့ရဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးဇာတ်သိမ်းပေးခဲ့တယ်လို့ ဆိုချင်တယ်။

    အလကားလူ . . . အလကားလူ . . . အလကားလူ . . . ။ ဘာက အလကားလူလဲ။ ကလင်းကော့လား။ အပေါ်မှာ ရေးထားတဲ့ ကလင်းကော့ကနေတစ်ဆင့် အလကားလူ ဆိုတာ ဘာလဲ လို့ ပြသွားတယ် ဆိုတဲ့ အချက်။ တကယ်တော့ ဒီဝတ္ထုထဲမှာ ပါတဲ့ ဇာတ်ဆောင်အားလုံးနီးပါးဟာ အလကားလူတွေပါကွာ လို့ ဂေါ်ကီက ပြောနေသလို ခံစားလိုက်ရတာတော့ အမှန်ပဲ။ ဝတ္ထုထဲမှာပဲလား။ ပြည်သူ့စာရေးဆရာလို့ ဆိုလို့ ရမဲ့ ဂေါ်ကီဟာ ပြင်ပလက်တွေ့လောကက အလကားလူ (အလကားလူလေး၊ အလကားလူကြီး) တွေအကြောင်းကိုပါ တစ်ဖက်လက်နဲ့ ပြောပြတင်ပြသွားတယ်လို့ ယူဆမိတယ်။

    ရုရှားကတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးက သက်ရှိအလကားလူတွေအကြောင်း ပြလိုက်တဲ့ ဝတ္ထုမို့ ထင်ပါရဲ့။ မူရင်းရေးသူ ဂေါ်ကီရဲ့ မူရင်းစာအုပ်ကိုလဲ သူ့အစိုးရက ထုတ်ခွင့်မပြုခဲ့ဘူး။ ၁၉၁၇ တော်လှန်ရေးလွန်မှ ထုတ်ခွင့်ရခဲ့တယ်။ မြသန်းတင့်က ၁၉၇၈ မှာ ဘာသာပြန်ခဲ့တယ်။ ဒါပေမဲ့ ထုတ်ခွင့်မရခဲ့ဘူး။ ဘယ်ထုတ်ခွင့်ရမလဲ လို့ ခပ်ပြုံးပြုံး တွေးမိသေးတယ်။ အားလုံးလဲ အဲဒီခေတ်ရဲ့ အခြေအနေကို သိကြပြီးဖြစ်မယ် ယူဆတာမို့ ဘာကြောင့်လို့တော့ ထည့်မပြောတော့ဘူး။ ဂေါ်ကီက မူရင်းစာအုပ်ကို ရေးအပြီး ၇၁ နှစ်ကျော်အကြာမှာ မြသန်းတင့်က မြန်မာဘာသာပြန်ခဲ့တယ်။ ဘာသာပြန်အပြီး နှစ် ၄၀ ကျော်အကြာ၊ မူရင်းစာအုပ်ထွက်အပြီး နှစ်ပေါင်း ၁၀၀ ကျော်မှ မြန်မာလို ဘာသာပြန်မူကို ထုတ်ဝေခဲ့လို့ မြန်မာစာဖတ်သူတို့ ဖတ်ခွင့်ရခဲ့တယ်။

    နောက်ဆုံးတစ်ချက် ရေးချင်တာကတော့ ဒီဝတ္ထုမှာ ဇာတ်အိမ်ဖွဲ့ပုံနဲ့ ဇာတ်ဆောင်ဖန်တီးပုံတွေက လွတ်လပ်နေတာပါပဲ။ အစက ပြိုရ်တာနှစ်ယောက်တောင် ပါနေပါလား ဆိုပြီး နည်းနည်းအံ့ဩသွားခဲ့တယ်။ ဒါပေမဲ့ ဒီပြိုရ်တာနှစ်ယောက်က ထပ်နေတာ မဟုတ်ဘဲ ဂေါ်ကီက သူ့စိတ်စေရာ ဖန်တီးချင်ရာအတိုင်း လုံးလုံးလျားလျား လွတ်လပ်စွာ ဖန်တီးလိုက်တာလို့ ပြန်တွေးမိခဲ့တယ်။ ဒီလို တွေးမိအောင်လဲ ဝတ္ထုတစ်အုပ်လုံးမှာ ဂေါ်ကီ ထည့်သွင်းထားတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ ထောက်ချင့်စရာတွေကလဲ တကယ့်ကို လွတ်လပ်နေအောင် ပြထားတာပါပဲ။ ဒါတွေကို မြန်မာစာဖတ်ပရိတ်လဲ သေချာထိတွေ့ခံစားမိအောင် မြသန်းတင့်ကလဲ သွက်လက်ပြေပြစ်ပြီး ဒိုးခနဲ ဒေါက်ခနဲ ထိစေတဲ့ ဟန်နဲ့ ဘာသာပြန်ပေးခဲ့ပါတယ်။

    ဒဿနတွေကို ဇာတ်ဆောင်ပြောစကားကနေပဲဖြစ်ဖြစ်၊ ဇာတ်လမ်းကနေပဲဖြစ်ဖြစ် လှိုင်လှိုင်ကြီး ထည့်သွင်းထားတဲ့ ဝတ္ထုတွေဆိုရင် ဓာတ်ကျတတ်တဲ့ သူတွေအဖို့တော့ ဂေါ်ကီနဲ့ မြသန်းတင့်ကို ကျေးဇူးတင်မိမှာပါ။ ဖတ်ပြီးသွားတော့ ကလင်းကော့ကို အားမလို အားမရ ဖြစ်တယ် ဆိုတာထက် ကိုယ်ကိုယ်တိုင်က ဒီဝတ္ထု၊ ဒီဇာတ်ဆောင်တွေနဲ့ ပတ်သက်ပြီး ဘာပြောလို့ ပြောရမယ်မှန်း မသိလောက်စေမဲ့၊ တွေးရင်း တွေးရင်း ဆက်တွေးလို့ ကောင်းနေတဲ့ စဉ်းစားစရာ ဝတ္ထုတစ်ပုဒ် လို့ ဆိုနိုင်ကောင်းပါရဲ့။

    (Maxim Gorky ရေးသားခဲ့တဲ့ The Life Of A Useless Man ကို မြသန်းတင့်က အလကားလူ အမည်နဲ့ ဘာသာပြန်ခဲ့တဲ့ စာအုပ်နဲ့ ဆက်စပ်ရာအကြောင်း ဖြစ်ပါတယ်။)

    Written by – Htet Phone Shein

    Edited by -Aww Myat Khin Khin

    𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Editorial #Maxi_Gorky #The_Life_Of_A_Useless_Man #Mya_Than_Tint


    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleအက်တမ်ကနေ နျူထရွန် ဖယ်ထုတ်ရင် ဘာဖြစ်မလဲ
    Next Article ရေပြင်တွေ တိမ်ကောပြီး ကုန်းမြေထုကြီးအဖြစ် ပြောင်းလဲသွားခဲ့ရင်
    Htet Phone Shein

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.