Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»အလင်းပြန်ခြင်းနှင့် အလင်းယိုင်ခြင်း
    Uncategorized

    အလင်းပြန်ခြင်းနှင့် အလင်းယိုင်ခြင်း

    Aung Bhone Myint HtooBy Aung Bhone Myint HtooDecember 1, 2023Updated:March 3, 2024No Comments2 Mins Read
    အလင်းပြန်ခြင်းနှင့် အလင်းယိုင်ခြင်း
    Share
    Facebook Email Telegram

    အလင်းပြန်ခြင်းနှင့် အလင်းယိုင်ခြင်း
    အလင်းဆိုတာက အလွန်ဆန်းကြယ်တဲ့ အရာတစ်ခုပါ။ အလင်းဆိုတာ ဘာမှန်း အသေအချာ မသိခင်တည်းကစလို့ လူသားတွေဟာ အလင်းကို စတင်ပြီး အသုံးပြု လာခဲ့ကြပါတယ်။ ဒီလိုအသုံးပြုရာမှာ အလင်းရဲ့ အဓိကဂုဏ်နှစ်ခုကို အသုံးချပါတယ်။ ဒီနှစ်ခုကတော့ အလင်းပြန့်ခြင်းနဲ့ အလင်းယိုင်ခြင်းပါ။
    အလင်းဆိုတာ လှိုင်း-အမှုန် ဒွိဟသဘောဆောင်တဲ့ အရာတစ်ခုပါ။ ဒီလို ဒွိဟသဘောများမှ အလင်းပြန်ခြင်းနဲ့ အလင်းယိုင်ခြင်းတို့ကတော့ အလင်းလှိုင်းသဘောနဲ့ အတော်များများ သက်ဆိုင်ပါတယ်။ အလင်းရဲ့ လှိုင်းဟာ လျှပ်ဓာတ်နဲ့ သံလိုက်ဓာတ်တို့ အချင်းချင်း အပြန်အလှန် တုံ့ပြန်မှုကနေ ပေါ်ထွက်လာရပါတယ်။ ဒီလိုမျိုး ပေါ်ထွက်လာမှုမှာ လှိုင်းအလျားပေါ် မူတည်ပြီး အမျိုးအစား အမျိုးမျိုးရှိနေပေမဲ့လဲ ဒီမှာတော့ အဆင်ပြေအောင် အလင်းလို့ပဲ သုံးနှုန်းသွားပါမယ်။
    အလင်းပြန်ခြင်း ဆိုတာကတော့ အလင်းလှိုင်းတွေဟာ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ပေါ် ရောက်တဲ့အခါ မျက်နှာပြင်မှာရှိတဲ့ အက်တမ်တွေအတွင်းရှိ အီလက်ထရွန်တွေက အလင်းလှိုင်းကို စုပ်ယူလိုက်ပြီး တစ်ပုံစံတည်း ထပ်တူညီတဲ့ အလင်းလှိုင်းကို ပြန်လည်ထုတ်လွှတ်တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်စဉ်ဟာ အက်တမ်ရဲ့ အရွယ်အစားပေါ်ကို လိုက်ပြီး စုပ်ယူမလား၊ ဖြတ်သန်းသွားမလား ဆုံးဖြတ်တဲ့ ဖြစ်စဉ်မို့ တစ်ခါတလေမှာ အလင်းပြန်နိုင်တဲ့ လှိုင်းအလျားက ကန့်သတ်ချက် ရှိနေပါတယ်။ ဒါကြောင့်လဲ အချို့အရာတွေက အရောင်တစ်မျိုးဆို တစ်မျိုးတည်း ဖြစ်နေတာပါ။
    အလင်းယိုင်ခြင်းမှာတော့ အလင်းဟာ မျက်နှာပြင်မှာတင် ရပ်မသွားဘဲ အတွင်းအထိ ရောက်ရှိသွားပါတယ်။ ပြီးနောက်မှာတော့ အတွင်းထဲက အက်တမ်တွေရဲ့  စုပ်ယူခြင်းကို ခံရပြီး ပြန်လည်ထုတ်လွှတ်ပါတယ်။ ထုတ်လွှတ်ခြင်းခံရတဲ့ လှိုင်းတွေဟာလဲ တစ်ဖန် စုပ်ယူခြင်းကို ခံရပြီး ပြန်လည်ထုတ်လွှတ် ပြန်ပါတယ်။ ဒီလိုနည်းနဲ့ အလင်းလမ်းကြောင်းဟာ ပြောင်းသလို ဖြစ်သွားပြီး အလင်းရဲ့ အလျင်ဟာလဲ နှေးသွားသလို ဖြစ်သွားပါတယ်။
    နေ့စဉ် အသုံးပြုနေတဲ့ အလင်းဆိုင်ရာ ကိရိယာတွေကို ထုတ်လုပ်တဲ့အခါမှာ Geometrical Optics လို့ခေါ်တဲ့ နည်းကို အသုံးပြုပြီး တွက်ချက်ကြပါတယ်။ အဲ့ဒီနည်းမှာတော့ အလင်းကို မျဉ်းဖြောင့်အနေနဲ့ မှတ်ယူပြီး ပုံဆွဲသားတဲ့နည်းနဲ့ တွက်ချက်ကြတာပါ။ Geometrical Optics အရ အလင်းပြန်ခြင်း လိုက်နာတဲ့ နည်းနှစ်နည်း ရှိပါတယ်။ ပထမတစ်ခုကတော့ အလင်းရင်းမြစ်က လာတဲ့ ရိုက်အလင်းတန်း၊ အလင်းပြန်မဲ့ မျက်နှာပြင်ကို ထောင့်မှန်ကျအောင် ဆွဲထားတဲ့ မတ်မျဉ်းနဲ့ အလင်းပြန်ထွက်သွားတဲ့ ပြန်အလင်းတန်းတို့ဟာ ပြင်ညီတစ်ခုတည်းအပေါ်ကို ကျရောက်တယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်ကတော့ ပုံဆွဲသားတဲ့ အချိန်မှာ ကန့်သတ်လိုက်တဲ့ ကန့်သတ်ချက်ပါ။ နောက်တစ်ချက်ကတော့ ရိုက်အလင်းတန်းနဲ့ မတ်မျဉ်းကြားက ထောင့်နဲ့ ပြန်အလင်းတန်းနဲ့ မတ်မျဉ်းကြားက ထောင့်က တူညီတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ အလင်းပြန်ခြင်းကို အသုံးပြုတဲ့ ကိရိယာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်ဖြစ်ပြီး အလင်းပြန်ခြင်း နယ်ပယ်တစ်ခုလုံးရဲ့ ထောက်တိုင်ကြီးလဲ ဖြစ်ပါတယ်။
    Geometrical Optics အရ အလင်းယိုင်ခြင်းကို တစ်ဖန်ကြည့်မယ် ဆိုရင်တော့ အလင်းတန်းဟာ Snell’s Law လို့ ခေါ်တဲ့ ဥပဒေသတစ်ခုကို လိုက်နာတာကို တွေ့ရပါတယ်။ ဒီဥပဒေသအဆိုအရ Equation တစ်ခု ရှိပါတယ်။ ထို Equation ကတော့ ဒီလိုပါ။
    n(1) sin(theta1) = n(2) sin(theta2)
    ဒီ Equation မှာ n(1) နဲ့ n(2) တို့ဟာ ကြားခံနယ်နဲ့ သက်ဆိုင်တဲ့ ယိုင်ညွှန်ကိန်းတွေ ဖြစ်ကြပြီး sin(theta) ကတော့ theta ဆိုတဲ့ ထောင့်ကို sine တန်ဖိုး တွက်ထားခြင်းပါ။ ဒီညီမျှခြင်းရဲ့ ဘယ်ဖက်အပိုင်း (1 တွေ ပါတဲ့ အပိုင်း) ဟာ အလင်းရဲ့ မူလသွားနေတဲ့ ကြားခံနယ်ကို ကိုယ်စားပြုပြီး ညာဖက်ပိုင်း (2 တွေ ပါတဲ့ အပိုင်း) ကတော့ အလင်း ဖြတ်သန်းသွားတဲ့ ဒုတိယကြားခံနယ်ကို ကိုယ်စားပြုပါတယ်။ ယိုင်ညွှန်ကိန်းတွေရဲ့ တန်ဖိုးကို လိုချင်ရင်တော့ လေဟာနယ်ထဲမှာ သွားတဲ့ အလင်းရဲ့ အလျင်ကို တည်ပြီး လိုချင်တဲ့ ကြားခံနယ်ထဲမှာ သွားတဲ့ အလင်းရဲ့ အလျင်နဲ့ စားပေးရမှာပါ။ လေဟာနယ်အတွက် ယိုင်ညွှန်ကိန်းကတော့ 1 ဖြစ်ပြီး လေဟာနယ်မဟုတ်တဲ့ နေရာတိုင်းကတော့ 1 ထက်ကြီးပါတယ်။ ဥပမာပြရရင် လေရဲ့ ယိုင်ညွှန်ကိန်းက 1.0003 ဖြစ်ပြီး ဖန်ထည်ကတော့ 1.5 ရှိပါတယ်။ အလင်းယိုင်ခြင်း ဖြစ်ပွားတဲ့အခါမှာ ယိုင်ပြီးနောက် အလင်းရဲ့  ဦးတည်ရာကို ခန့်မှန်းတဲ့ နေရာမှာ ကြားခံနယ်တွေရဲ့ သိပ်သည်းဆ အနည်းအများကို ကြည့်ပြီးလဲ ခန့်မှန်းလို့ရပါတယ်။ အကယ်၍ ဒုတိယကြားခံနယ်ဟာ ပထမကြားခံနယ်ထက် သိပ်သည်းဆ ပိုများရင် အလင်းတန်းဟာ မတ်မျဉ်းဆီ ဦးတည်သွားမှာ ဖြစ်ပြီး သိပ်သည်းဆ ပိုနည်းရင်တော့ အလင်းတန်းဟာ မတ်မျဉ်းရဲ့ အဝေးကို ဦးတည်သွားမှာပါ။ (ကိုယ်တိုင် ပုံကြမ်းဆွဲပြီး ကြည့်မယ်ဆိုရင် ပိုမို နားလည်လွယ်စေမှာပါ။)
    အလင်းပြန်ခြင်းနဲ့ အလင်းယိုင်ခြင်းတွေက လောကအတွက် မရှိမဖြစ် အရေးကြီးတဲ့ သဘောတရားတွေဖြစ်ပြီး သူတို့ရဲ့ အလုပ်လုပ်ပုံကို မတွေ့ရှိခဲ့ကြဘူးဆိုရင် ဒီနေ့ခေတ် ပစ္စည်းအတော်များများဟာ ပေါ်ထွက်လာနိုင်စရာ မရှိတော့ပါဘူး။ ဒါကြောင့် သိပ္ပံဆိုတာ အမြဲ လူသားကောင်းမှုအတွက် တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်အကျိုးပြုနေမယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလို သိပ္ပံပညာက ပေးတဲ့ ကောင်းကျိုးတွေကို ရရှိနိုင်ဖို့ အလင်းယိုင်ခြင်းက ပေးစွမ်းထားတဲ့ မျက်လုံးတွေကို ဖွင့်ပြီး အချက်လက်အမှန်တွေကို အမြဲစူးစမ်းနေဖို့ တိုက်တွန်းအပ်ပါတယ်။
    References – Difference Between Reflection and Refraction In Tabular Form – BYJU’S
    – Light – Reflection, Refraction, Physics | Britannica
    – Refraction – Definition, Causes, Laws, Refractive Index, Examples, Applications, Video, Solved Problems, and FAQs
    Written by – Aung Bhone Myint Htoo
    Edited by – Khant Wutyee Htet
    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
    #Fact_Hub #Science #Article #Difference_between_Reflection_and_Refraction #Reflection #Refraction #Light

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleအစား စားပြီးရေသောက်တာက ကောင်းတဲ့ အမူအကျင့်လား
    Next Article အက်တမ်ကနေ နျူထရွန် ဖယ်ထုတ်ရင် ဘာဖြစ်မလဲ
    Aung Bhone Myint Htoo

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.