Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»ကွာ့ခ် (Quark) ဆိုတာဘာလဲ။
    Uncategorized

    ကွာ့ခ် (Quark) ဆိုတာဘာလဲ။

    Zwe Thukha MinBy Zwe Thukha MinNovember 20, 2023Updated:March 3, 2024No Comments5 Mins Read
    ကွာ့ခ် (Quark) ဆိုတာဘာလဲ။
    Share
    Facebook Email Telegram
    ကွာ့ခ် (Quark) ဆိုတာဘာလဲ။

     

     

    ကျွန်တော်တို့ အားလုံး နေထိုင်ရာ ပတ်ဝန်းကျင်၊ ရှင်သန်ရာ ကမ္ဘာ၊ တည်ရှိရာ စကြာဝဠာကြီး တစ်ခုလုံးမှာ အသေးဆုံးဆိုတဲ့ အရာက ဘာလဲဆိုတာ စဉ်းစားမိကြဖူးလား။ 

    အကယ်၍ တစ်ယောက်ယောက်ကရော ကိုယ့်ကို ဖြစ်နိုင်သမျှ အသေးတကာ့အသေးဆုံးအရာက ဘာလဲလို့ မေးလာရင် ဘယ်လို ပြန်ဖြေမလဲ။ သဲတစ်ပွင့်လို့ ဖြေတဲ့ သူ ရှိရင် ရှိမယ်၊ ခဲတစ်မှုန်လို့ ပြောတဲ့ သူ ရှိချင်ရှိမယ်၊ မော်လီကျူးတွေ၊ အက်တမ်တွေ .. ဒီအဆင့်ထိ ဆင်းပြီး သူတို့က အသေးဆုံးပါလို့ ဖြေမဲ့သူလဲ အများကြီး ရှိတယ်။ အဲ့ဒီအဆင့်ကနေ ထပ်ဆင်းရင်း .. ခွဲရင်း ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန်ဆိုပြီး ဖြေတဲ့သူတွေလဲ ရှိကြလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါတွေကို ဖွဲ့စည်းပေးထားတဲ့ အသေးတကာ့ အသေးဆုံး ယူနစ် ရှိသေးတယ်၊ အဲ့ဒါ ကွာ့ခ် (Quark) လို့ ဖြေမဲ့သူကတော့ ပမာဏအားဖြင့် နည်းပါလိမ့်မယ်။ 

    ကျွန်တော်တို့ လူသားတွေဟာ အသိပညာရယ်လို့ ကောင်းကောင်းမွန်မွန် မဖွံ့ဖြိုးကြသေးတဲ့အချိန်ကတည်းက ကျင်လည်ရာ ပတ်ဝန်းကျင်တစ်လျှောက်မှာ တည်ရှိသမျှ အရာတွေ အားလုံးကို နားလည်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒီအရာဝတ္ထုကို ဘာနဲ့ ဖွဲ့စည်းထားလဲ၊ ဒီဖြစ်စဉ်က ဘာကြောင့် ဖြစ်တာလဲ စသဖြင့်ပါ။ ဟိုးလွန်ခဲ့တဲ့ အချိန်တုန်းက လောကဓာတ်ပညာရှင်တွေဟာ ကမ္ဘာကြီးအပါအဝင် စကြာဝဠာတစ်ခုလုံးကို မီး၊ ရေ၊ လေ၊ မြေဆိုတဲ့ အခြေခံတရား၊ ဒြပ်လေးခုတည်းနဲ့ ဖွဲ့စည်းထားတယ်လို့ ယုံကြည်ထားကြတယ်။ ဆိုကရေးတီးတောင် လေထုကို အဲ့ထဲ ထပ်ထည့်လိုက်သေးတယ်။ 

    ဒါပေမဲ့ စနစ်တကျ စူးစမ်းလေ့လာမှုတွေ အားကောင်းလားတဲ့အခါကျတော့ ဒီအယူအဆတွေကို ပယ်ဖျက်လိုက်ကြတာပေါ့။ သဘာဝတရားကို နားလည်ဖို့၊ မသိတာကို အဖြေရှာဖို့ရာအတွက် စနစ်တကျစူးစမ်းလေ့လာခြင်းဆိုတဲ့ သိပ္ပံပညာနဲ့ အတူ ကျွန်တော်တို့ရဲ့ နားလည်နိုင်စွမ်းတွေလဲ ဆထက်တိုး မြင့်မားလာခဲ့ကြတာပဲ။ 

    ဆိုကရေးတီးတို့ ခေတ်က မီး၊ ရေ၊ လေ၊ မြေ ဆိုပေသိ ဒီကနေ့ခေတ်ရဲ့ သာမန်သိပ္ပံအသိရှိကြသူတိုင်းကတော့ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့၊ ထိသိရှိ နေတဲ့ အရာမှန်သမျှဟာ ဓာတုဗေဒရဲ့ ဒြပ်စင်အလှည့်ကျဇယားထဲမှာ ရှိတဲ့ ဒြပ်စင်တွေနဲ့ပဲ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ကြောင်း သိကြပါတယ်။ ဒီဒြပ်စင်တွေကို အက်တမ်လို့ ခေါ်တဲ့ အလွန့်အလွန့်သေးငယ်တဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတယ်။ အဲ့ဒီ အမှုန်လေးတွေကို သူတို့ထဲ ပါဝင်တဲ့ ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန် ပမာဏ အပေါ် မူတည်ပြီး အမျိုးအစားတွေ သတ်မှတ်ခွဲခြားကြတယ်။ အချိန်အကြာကြီးအထိ ဒီအက်တမ်တွင်း အမှုန် (Subatomic particle) လေးတွေကိုပဲ ဖြစ်နိုင်သမျှ အသေးဆုံး အရာ၊ အခြေခံအဆန်ဆုံး အမှုန်တွေ အဖြစ်နဲ့ ပညာရှင်တွေ သတ်မှတ်ယူဆထားခဲ့ကြတာပါ။ ဒီအမှုန်တွေကို ဒါ့ထက် သေးငယ်တဲ့ အခြားဘယ်လိုအရာအဖြစ်ကိုမှ ထပ်မံခွဲခြားလို့ မရနိုင်တော့ဘူးလို့ အတိအလင်း ယုံကြည်ထားကြတယ်။ ၁၉၆၄ ခုနှစ်မှာ ကွာ့ခ် (Quark) ဆိုတဲ့ အဓိက ဇာတ်လိုက်မင်းသားကို မတွေ့ခင်အချိန်အထိပေါ့။ 

    ဆိုတော့ .. အဲ့ဒီကွာခ့်ဆိုတာ ဘာပါလိမ့်။ 

    ကွာ့ခ်ဆိုတာ ပရိုတွန်တွေ၊ နျူထရွန်တွေကို ဖွဲ့စည်းပေးထားတဲ့ အသေးတကာ့ အသေးဆုံး အမှုန်လေးတွေ ဖြစ်ပါတယ်။ ဒီကောင်လေးတွေက Big Bang ပေါက်ကွဲမှု အပြီး ၁ တယ်ရာစက္ကန့် (10^-12 sec) ကတည်းက မွေးကင်းစ စကြာဝဠာထဲမှာ တည်ရှိနေတာ။ ကျွန်တော်တို့ကတော့ သူတို့ရှိနေတဲ့ အကြောင်း နောင်နှစ်ပေါင်း ၁၃.၇ ဘီလျံလောက်မှ သိတာပေါ့လေ။ အဲ့ဒီမတိုင်ခင်တော့ ပရိုတွန်၊ နျူထရွန်နဲ့ အီလက်ထရွန်ထက် သေးတဲ့ ကောင် မရှိတော့ဘူး၊ အမှုန်ရူပဗေဒလဲ ဆုံးခန်းတိုင်တော့မယ်ဆိုတဲ့ အခြေအနေအထိ ရောက်ခဲ့ဖူးကြတယ်။.

    အမှုန်အရှိန်မြှင့်စက်ဆိုတာကို ကြားဖူးကြတဲ့သူတွေ ရှိလိမ့်မယ်။ ဘာလဲ သေချာမသိသေးရင်လဲ ကိစ္စမရှိဘူး၊ နောက်ကျတော့ ပိုစ့်တစ်ခုအနေနဲ့ သီးသန့် ဖော်ပြပေးပါ့မယ်။ 

    အမှုန်အရှိန်မြှင့်စက်တွေဟာ ၂၀ ရာစုအလယ်လောက်ကတည်းက ရူပနဲ့ ဓာတုဗေဒ သုတေသနလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန်အသုံးပြုနေကြပြီ။ ပညာရှင်တွေအနေနဲ့ ဖြစ်တည်မှုတို့ရဲ့ အဆုံးစွန် အုတ်မြစ်ကို နားလည်နိုင်ဖို့ အမှုန်အရှိန်မြှင့်စက်တွေကိုပဲ အားကိုးအားထား ပြုနေကြရတာ။ အခြေခံအားဖြင့်တော့ အမှုန်အရှိန်မြှင့်စက်ဆိုတာ အမှုန်တွေကို အလင်းအလျင်နီးနီးအထိ အရှိန်မြှင့်တင်ပြီး တစ်ခုနဲ့ တစ်ခု ပစ်တိုက်စေတယ်၊ တိုက်မိလို့ ထွက်လာတဲ့ ပေါက်ကွဲမှုတွေနဲ့ ကွဲထွက်သွားတဲ့ အမှုန်တွေကို သုတေသနပညာရှင်တွေက လေ့လာပြီး အမှုန်တွေဟာ တစ်ခုနဲ့ တစ်ခု ဘယ်လို ဘယ်ဝါ ထိတွေ့ဓာတ်ပြုကြတယ်ဆိုတာမျိုး၊ Big Bang အပြီး စကြာဝဠာရဲ့ အခြေအနေက ဘယ်လိုပုံစံရှိနိုင်တယ်ဆိုတာမျိုး တွေးတောမှန်းဆကြည့်ကြတယ်။ 

    ၁၉၆၄ ခုနှစ်ကို ပြန်သွားရင် စတန်းဖို့ဒ်အမှုန်အရှိန်မြှင့်စက်မှာ ခါတိုင်းလိုပဲ အမှုန်တွေအချင်းချင်း ပစ်တိုက်စမ်းသပ်နေချိန်ပါ။ အက်တမ်ရဲ့ နျူကလိယပ်စ်ထဲက ပရိုတွန်ကို အီလက်ထရွန်နဲ့ ပစ်တိုက်တဲ့အချိန်မှာ ကွဲထွက်လာတဲ့ ဒြပ်တွေထဲ မူမမှန်တဲ့ ပုံစံနဲ့ ကကြိုးဆင် လှုပ်ရှားနေတာကို သတိထားမိခဲ့ကြပါတယ်။ အဲ့ဒါက ကွာ့ခ်တွေပါ။ ဒီစမ်းသပ်ချက်ကနေတဆင့် ကွာ့ခ်တွေ ရှိကြောင်း အတည်ပြုနိုင်ခဲ့တာပေါ့။ ကွာ့ခ်တွေကို ပညာရှင်တွေက အဲ့ဒီမတိုင်ခင် အချိန်တွေကတည်းက သူတို့တည်ရှိမှုကို ရိပ်စားမိကြတယ်။ ဒါပေမဲ့ သိပ္ပံရဲ့ သဘောသဘာဝအရတော့ လက်တွေ့ရှိကြောင်း စမ်းသပ်အတည်ပြုနိုင်မှပဲ ဒါကို မှန်ကန်ချက်အဖြစ် သတ်မှတ်တာ။ 

    အဲ့ဒီကွာ့ခ်သည် စကြာဝဠာထဲမှာ ဖြစ်နိုင်သမျှ အသေးဆုံး တည်ရှိမှုအရာအဖြစ် သူ့ကို သတ်မှတ်ထားကြတယ်။ ပရိုတွန်နဲ့ နျူထရွန်တွေကို ကွာ့ခ်တွေနဲ့ ဖွဲ့စည်းထားကြတယ်။ အီလက်ထရွန်ကတော့ သူ့ကို တခြား ဘာနဲ့မှ ထပ်ဖွဲ့စည်းထားခြင်း မရှိတော့ဘူးလို့ ယူဆကြတယ်။ အီလက်ထရွန်တွေဟာ အခြေခံအဆန်ဆုံး အမှုန် အဆင့်မှာ ရှိနေတဲ့ ကောင်ပဲ။ ကွာခ့်နဲ့ လယ်ဗယ်ချင်း တူတယ်။ 

    ခုနက ပရိုတွန်ဆီကို အီလက်ထရွန်တွေ ပစ်တိုက်တဲ့အခါ ပရိုတွန်ဒြပ်ကို ထိမိတဲ့ နေရာတချို့တချို့မှာ အီလက်ထရွန်တွေဟာ ပြန်ကန်ထွက်တယ်။ အီလက်ထရွန် ပြန်ကန်ထွက်တဲ့ နေရာ စုစုပေါင်း ၃ နေရာရှိတယ်၊ အဲ့ဒီနေရာတွေကို သုတေသနသမားတွေ တစ်ချက် မှတ်ထားလိုက်ကြတာပေါ့။ 

    သုတေသမားတွေက ပထမတစ်ချက် ကွာ့ခ်ဆိုတာ ပရိုတွန်ရဲ့ အတွင်းဘက် ဖွဲ့စည်းပုံအတွင်းမှာ တည်ရှိတာကို သိခဲ့ရပြီးပြီ။ ဒါပေမဲ့ ဒီလောက်နဲ့ မပြီးသွားသေးဘူး။ သူတို့ထပ်သိရတာဟာ ကွာ့ခ်တွေဟာ အညီအမျှ တည်ရှိတာ မဟုတ်ဘူး။ အစပိုင်းမှာ ကွာ့ခ်ကို Up နဲ့ Down ဆိုပြီး ပုံစံနှစ်မျိုးနဲ့ ရှိကြောင်း သိထားကြတယ်။ ဒါပေမဲ့ တကယ်တမ်းက Top, Bottom, Strange နဲ့ Charm ဆိုပြီး နောက်ထပ်လေးမျိုး ထပ်ရှိသေးတယ်။ 

    ဒြပ်ထုအားဖြင့် အနည်းဆုံး၊ အပေါ့ဆုံး ကွာ့ခ်နှစ်ခုက Up နဲ့ Down ပါ။ ဆက်ဆက်ပြီးလိုက်လာတာက Strange, Charm, Bottom နဲ့ Top ဆိုပြီး ဒြပ်ထု အသေးဆုံးကနေ အကြီးဆုံးပေါ့။ Top က ဒြပ်ထုအားဖြင့်လဲ အကြီးဆုံး ဖြစ်ရုံတင် မဟုတ်၊ ၁၉၉၅ မှာ ရှာတွေ့ခဲ့တဲ့ နောက်ဆုံးသော ကွာ့ခ်အမျိုးအစားပဲ။ 

    ဒီကွာ့ခ် ၆ မျိုးမှာ အဓိက ကွာတာက mass – ဒြပ်ထုပဲ။ တချို့ကွာ့ခ်တွေမှာတော့ လျှပ်စစ်ဓာတ် (Charge) ပါဝင်မှု ကွဲကြတယ်။ နမူနာအနေနဲ့ Up, Top နဲ့ Charm သုံးခုဆို charge အားဖြင့် +2/3 ရှိတယ်။ ကျန်သုံးခုဖြစ်တဲ့ Down, Bottom, Stange ဆိုရင် -1/3 ရှိကြတယ်။ 

    ကျွန်တော်တို့ အားလုံး သိထားကြသလိုပဲ ပရိုတွန်ဟာ အပေါင်းဓာတ်၊ လျှပ်ဖိုဓာတ်ဆောင်တယ်။ Positive charge +1 ရှိတယ်ပေါ့။ နျူထရွန်တွေကတော့ လျှပ်ဓာတ်မရှိ၊ လျှပ်ဓာတ်ပြယ်ဖြစ်ပြီး charge 0 ပါ။ ဒီအမှုန်တွေ အဲ့သလို မတူညီတဲ့ လျှပ်ဓာတ်တွေ ဆောင်နေရခြင်းရဲ့ အဓိက လက်သည်က ခုနက ပြောတဲ့ ကွာ့ခ်တွေပဲ။ မတူညီတဲ့ ကွာ့ခ်တွေ မတူတဲ့ အတွဲအစပ်နဲ့ စုပေါင်းမိရင်း ကျွန်တော်တို့သိတဲ့ ပရိုတွန်၊ နျူထရွန်တွေ ဖြစ်လာတာပေါ့။ နမူနာဆိုရင် ပရိုတွန်မှာ Up ကွာ့ခ် နှစ်ခု ရှိတယ်။ (+4/3) ပေါ့။ နောက် Down ကွာ့ခ်က တစ်ခုရှိတယ်။ (-1/3 ) ဖြစ်မယ်။ ဒါကို ကြည့်လိုက်ရင် +1 ဆိုတဲ့ အပေါင်း charge အသားတင်ကျန်မယ်ပေါ့။ နောက် နျူထရွန်ကို ကြည့်ရင်ကျတော့ သူ့မှာ Bottom ကွာ့ခ် နှစ်ခုနဲ့ Top ကွာ့ခ်တစ်ခု ရှိတယ်။ (-2/3) + (+2/3) ဆိုတော့ နှစ်ခုကျေပြီး 0 ပဲ ကျန်မယ်။ ဒီလိုနဲ့ နျူထရွန်က လျှပ်ဓာတ်ပြယ် ဖြစ်နေတယ်။ 

    အဲ့ဒီလို ကွာ့ခ်လေးတွေကို အစုလိုက်၊ အစုလိုက် တွဲနေအောင် စုပေးထားတာက Strong Nuclear Force (နျူကလိယ အပြင်းအား) ဖြစ်တယ်။ ကျွန်တော်တို့က ပရိုတွန်နဲ့ နျူထရွန် နှစ်ခု တွဲစပ်နေတာကို နျူကလိယပ်စ်လို့ ခေါ်သလိုပဲ ဒီကွာ့ခ်အစုလေးတွေကိုလဲ ဟက်ဒ်ရွန် (Hadron) လို့ ခေါ်တယ်။ အဲ့ဒီ SNF ကို သယ်ဆောင်ပေးထားတာကကျတော့ ဂလူယွန် (Gluon) လို့ ခေါ်တဲ့ နောက်ထပ်အမှုန်တစ်မျိုးပေါ့။ အလုပ်လုပ်ပုံက ဖိုတွန်နဲ့ အလားသဏ္ဌာန်ဆင်တယ်။ ဖိုတွန်ကတော့ လျှပ်စစ်သံလိုက်စွမ်းအင်တွေကို သယ်ဆောင်တယ်၊ ဒီကောင်ကကျ လျှပ်စစ်သံလိုက်အပြင်းအားတွေ ဖြစ်တယ်။ ဂလူယွန်တွေကို ထပ်လေ့လာနိုင်ဖို့ကကျတော့ လုံးဝကို မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ သူတို့ကို ကွာ့ခ်တွေကနေ ပြန်ခွဲထုတ်နိုင်ဖို့က Big Bang ပေါက်ကွဲမှု အပြီး အချိန်ခဏအတွင်းမှာ ရှိနေတဲ့ စွမ်းအင်ပမာဏ၊ အပူချိန်၊ ဖိအား စသဖြင့် လိုအပ်ပါတယ်။

    ကျွန်တော်တို့ နောက်ထပ် ထပ်သိထားကြတဲ့ ကွာ့ခ်တွေအကြောင်းမှာဆိုရင် ကွာ့ခ်အမျိုးအစားတွေဟာ အမြဲတမ်း တစ်သတ်မှတ်တည်း မတည်ရှိနိုင်ဘူး ဆိုတာပါ။ နမူနာအနေနဲ့ Charm ကွာ့ခ်ဆိုရင် Strange Quark အသွင်ကို ပြောင်းသွားနိုင်သလို Down ကွာ့ခ်ကလဲ Up ကွာ့ခ်အဖြစ်ကို လယ်ဗယ်တက်ပြီး ရောက်သွားနိုင်မယ်။ နောက် ကွာ့ခ်နာမည်တွေ ခပ်ဆန်းဆန်း ဖြစ်နေရတာလဲ သူ့အကြောင်းနဲ့ သူရှိသေးတယ်။ Up, Down, Top, Bottom ကွာ့ခ်တွေကတော့ Vector Matrix နည်းအရ +1/2၊  -1/2 စသဖြင့် ဖော်ပြကြတယ်။ (ကွမ်တမ်မက္ကင်းနစ်မှာ အမှုန်တွေရဲ့ Spin အပေါ် အခြေခံပြီးပေါ့)။ နောက် Strange ကကျတော့ ကေအမှုန်အမျိုးအစားဝင်တဲ့ မေဇွန် (Mason) လို အမှုန်တွေကို ဖွဲ့စည်းပေးထားတဲ့ ကွာ့ခ်တွေ ဖြစ်တယ်လို့ (အကြမ်းဖျင်း) ဆိုလို့ ရတယ်။ မေဇွန်တွေက အများအားဖြင့် မတည်မငြိမ် အခြေအနေမှာ ရှိ၊ သက်တမ်းတိုပေမဲ့ Strange အမျိုးအစား ကွာ့ခ်တွေ ပါဝင်တဲ့ မေဇွန်တွေမှာတော့ ထူးထူးဆန်းဆန်း decay ဖြစ်တာမျိုး မရှိလို့ သူ့ကို အဲ့ဒီလို နာမည် ပေးထားတာပါ။ နောက်လုံးတစ်ခု Charm ကကျတော့ အဲ့ဒီအမှုန်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ သုတေသန ပညာရှင်တွေဟာ ဒီကောင်ကို မြင်မြင်ချင်းမှာတင် အတော်လေး နှစ်လိုဖွယ်ကောင်း၊ ညှိ့ဓာတ်ပြင်းပြီး ဆွဲဆောင်နိုင်တဲ့ သဘော ခံစားခဲ့ရလို့ ‘Charm’ လို့ ပေးခဲ့တာလို့ ဆိုပါတယ်။ 

    အတော်များများ မသိကြတာသည် ကွာ့ခ်တွေထဲမှာ Up နဲ့ Down ကွာ့ခ်နှစ်ခုကပဲ စကြာဝဠာထဲမယ် သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ကွာ့ခ်တွေ ဖြစ်ကြတယ်။ တခြားအမျိုးအစားတွေကို အမှုန်အရှိန်မြှင့်စက်တွေထဲမှာပဲ စမ်းသပ်ချက်တွေ လုပ်ရင်း တွေ့နိုင်ကြသလို အများစုကလဲ အလွန့်အလွန်တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာပဲ ခဏတာ တည်ရှိနေနိုင်လို့ သူတို့ကို သေသေချာချာ သုတေသနလုပ်နိုင်ဖို့က ခဲယဉ်းပါတယ်။ ခန့်မှန်းချက်တွေ အရတော့ ကြယ်တွေရဲ့ အလယ်ဗဟိုဝတ်ဆံ ဖျူရှင်ဖြစ်ပွားရာ နေရာမှာတော့ တခြားကွာ့ခ်အမျိုးအစားတွေကို တွေ့ရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

    ပညာရှင်တွေ ကွာ့ခ်ကို ရှာဖွေတွေ့ရှိခဲ့တာ ကာလအားဖြင့် နှစ် ၅၀ ကျော်နေပြီ ဖြစ်ပေမဲ့လို့ ဒီကောင်လေးတွေရဲ့ အကြောင်းက လက်ရှိအချိန်ထိ အမှုန်ရူပဗေဒမှာ ဆန်းကျယ်လှတဲ့ ပဟေဠိပုစ္ဆာတစ်ရပ်အနေနဲ့ တည်ရှိနေပါသေးတယ်။ သိပ္ပံပညာဟာ ဖြစ်တည်မှုမှန်သမျှကို နားလည်ဖို့ ကြိုးစားနေတဲ့ ‘အမှန်တရား ရှာဖွေမှု’ တစ်ရပ်ဖြစ်လို့ ဆန်းကျယ်လှတဲ့ ကွာ့ခ်ပဟေဠိရဲ့ သော့ချက်ကိုလဲ သိရှိနားလည်နိုင်ဖို့ ကြိုးစားနေကြဆဲပါ။ စကြာဝဠာကြီးရဲ့ ခမ်းနားကြီးကျယ်လာတဲ့ ပဟေဠိတွေ၊ လျှို့ဝှက်ချက်တံခါးတွေကို ဖွင့်လှစ်နိုင်မဲ့ သော့တွေ ရှာဖွေတွေ့ရှိဖို့ကလဲ တဖြည်းဖြည်းနဲ့ နီးစပ်လာပါပြီ။

    Written by – Zwe Thukha Min

    Edited by – FH Team

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    References – Cooper, K. (2022, November 1). Quarks: What are they? Space.Com; Space.

    – Author, M. F. T. (2016, November 17). What Are Quarks? Science ABC.

    #Fact_Hub #Article #Physics #Particle_Physics #Quarks #Basic_Science #General_Science #How_things_work #Fundamental_Particle

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleလကမ္ဘာသို့ ပထမဆုံးခြေလှမ်း
    Next Article နေမုန်တိုင်း (Solar Storm) ဆိုတာ ဘာလဲ
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.